ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, August 3, 2019

ကမၻာၾကီးႏွစ္ျခမ္းကြဲသြားရင္ အမ္မဇြန္ရွိတဲ႕အျခမ္းမွာေနပါရေစ

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

ဖုန္းထဲမွာႏိုတီဝင္လာတယ္ "သင္မွာထားတဲ႕ UBER Luxury ေရာက္ေတာ႕မယ္။ အဆင္သင္႕လုပ္ထားပါ"

ေနာက္ထပ္ (၁) မိနစ္အၾကာ ဖုန္းႏိုတီထဲမွာ "Your package with 360 ံ Camera will arrive today" ေအာ္ . . ေအး ေအး။ ေရာက္တာနဲ႕ အိမ္ေရွ႕ကထုိင္ခံုေအာက္မွာ ပို႕တဲ႕သူက ဖြက္ခဲ႕မွာေပါ႕။

ကားကေရာက္ေတာ႕မယ္။ လူကအိမ္ေရွ႕ထြက္ေစာင္႕ေတာ႕စဥ္းစားမိတာ အိမ္ထဲကဧည္႕ခန္းမီးပိတ္ခဲ႕လားမသိဘူး။ ကဲ လာေလေရာ႕ "Alexa, turn off the living room light."

ဒင္ . . "Alright, the living room light has been turned off."

ဖုန္းကုိေဘာင္းဘီအိတ္ထဲထည္႕ေတာ႕မယ္ၾကံတုန္း App ကုိ လက္နဲ႕ေတာက္မိသြားေတာ႕ "The weather for today is 65 ံFahrenheit" လို႕ထေအာ္လို႕ လန္႕သြားေသးတယ္။ အဲဒါနဲ႕လက္ထဲက စာဖတ္တဲ႕ Kindle ေလးကို လက္ေတာ႕အိပ္ထဲထည္႕၊ အသစ္ဝယ္ထားတဲ႕ iPhone အားသြင္းၾကိဳးေလးကိုပါသလား ေသခ်ာစစ္၊ ျပီးေတာ႕ အားသြင္းတဲ႕ Portable Charger ဒါေတြက အသက္။

အားလံုးစံုေတာ႕ UBER တံဆိပ္ကပ္ထားတဲ႕ ေနာက္ဆံုးေပၚဇိမ္ခံကားအဆင္႕အတန္းျမင္႕ကား Tesla X တစ္စီးေရာက္လာတယ္။ ကားက အသစ္၊ အေရာင္က အနီ၊ တံခါးဖြင္႕မယ္လုပ္ေတာ႕ တံခါးလက္ကိုင္ကမရွိ။ ဟား . . ဘယ္လိုျဖစ္တာတုန္း? အဲဒီအခ်ိန္မွာ UBER ေမာင္းတဲဲ႕သပ္သပ္ရပ္ရပ္ကားပိုင္ရွင္က "Alexa ကေနတစ္ဆင္႕ငွားတဲ႕အတြက္ အခုစီးနင္းသူကုိ အစစအရာရာသတိထားကူညီေပးဖို႕မွာထားပါတယ္။ လုိအပ္တာရွိရင္ ၾကိဳေျပာႏုိင္ပါတယ္။ UBER ကေန ၾကိဳဆိုပါတယ္" အယ္လယ္႕ . . ဘယ္ဆုိးလို႕လဲ . .။
ဆက္ေျပာျပန္ရင္လည္း ဇက္ေၾကာေသျပီး ဇာတ္ေၾကာေတြရွည္သြားလိ္မ္႕မယ္ ထင္ပါတယ္။ ဒီလိုကမၻာမ်ိဳးမွာဘယ္သူမေနခ်င္ ရွိပါ႕မလဲ။ ကားေမာင္းရင္ ကားလမ္းပိတ္တဲ႕ဒဏ္နဲ႕ စိတ္ဖိစီးတာကို ဒီ CEO မခံစားႏုိင္ဘူး။ ကားငွားတာ Luxury တစ္ေခါက္စာ (၈၅) ေဒၚလာက တစ္ႏွစ္ကိုေဒၚလာသိန္းခ်ီရသူရဲ႕တန္ဖိုးရွိတဲ႕ မိနစ္ (၃ဝ) နဲ႕ မလဲႏုိင္ဘူး။

ဝတ္ထားတာက Amazon Essentials Men's Regular-Fit Cotton Pique Polo Shirt နဲ႕ ေအာက္က Amazon Essentials Men's Slim-Fit Wrinkle-Resistant Flat-Front Chino Pant ။ လက္ထဲကအိပ္က AmazonBasics 15.6-Inch Laptop Computer and Tablet Shoulder Bag Carrying Case အားလံုး အားလံုး အမ္မဇြန္ခ်ည္းပဲ။

ကားေခၚေတာ႕ ကိုယ္တုိင္ UBER App ကေနမွာရင္ အကုန္စစ္ျပီး လက္နဲဲ႕စာရုိက္သြင္းေနရဦးမယ္။ Alexa နဲ႕ဆုိေတာ႕ သြားခ်င္တဲ႕ေနရာ-Location ကို ပါးစပ္နဲ႕ေျပာရင္း ကိုယ္ဘာကားအမ်ိဳးအစားစီးခ်င္တယ္ဆုိတာ ေနရာတကာသိပ္လွ်ာရွည္တဲ႕ Alexa ကုိ ေျပာလိုက္ရံုပဲ။ သူသိရင္ အကုန္အလုပ္ျဖစ္ျပီ။ သူ႕ကိုခုိင္းတတ္ရင္ အကုန္အေျဖထြက္ျပီ။

တခါတေလျဖစ္တတ္ေသးတယ္။ အိမ္သာထဲေရာက္မွ စကၠဴလိပ္က ေနာက္ဆံုးတစ္လိပ္ျဖစ္ေနတယ္။ အဲဒါနဲ႕ ဘိုထိုင္ေပၚမွာဖုန္းထုိင္ပြတ္ရင္း-ျမန္ျမန္ Alexa ကုိေခၚ၊ အမ္မဇြန္မွာ ေနာက္ဆံုးမွာထားခဲ႕တဲ႕စကၠဴလိပ္အမ်ိဳးအစားတူတာ (၁) ပါကင္ပို႕ခိုင္းလိုက္ရတယ္။ အသံလက္ေထာက္-Voice Assistance ဆိုေတာ႕ - ်ီးကံုးဖို႕စကၠဴကုန္သြားလို႕ အျပင္ကေန တံခါးဖြင္႕ျပီးလာမပို႕ႏုိင္ဘူးေပါ႕။ စက္ရုပ္မွမဟုတ္တာ။ သိပ္အေရးၾကီးလို႕လုိေနရင္ အလုပ္ကအျပန္ လိုခ်င္တာယူျပီးဖုန္းထဲက App ကုိ ေငြအလိုလိုတြက္ေပးတဲ႕ လူေစာင္႕ေငြရွင္းေကာင္တာမထားတဲ႕ Amazon Go မွာ ဝင္ဝယ္လိုက္ရံုေပါ႕ ဘာခက္တာမွတ္လို႕ . .။

ကေလးေတြကစားတဲ႕ ဗီဒီယုိဂိမ္းေတြဟာ သူတုိ႕အကုန္မကစားတတ္ဘူး။ အြန္လိုင္းဂိမ္းေတြေခတ္စားတဲ႕ ဒီဘက္ စမတ္ဖုန္းေခတ္ေရာက္ေတာ႕ ကစားတာေတာ္သူေတြေျပာျပထားတဲ႕ဗီဒီယုိေတြအျမဲတင္လို႕နာမည္ၾကီးေနတဲ႕ Twitch ကိုလည္း Alexa နဲ႕ ပဲ ဖြင္႕ခုိင္းရတယ္။ အဲဒီမွာ နာမည္ၾကီးတဲ႕ Twitch Streamer (ေခၚ) Famous Gamer ေတြအမ်ားၾကီးပဲ။

ကဲ ဂိမ္းမကစားဘူးေနာ္ စာဖတ္မယ္ ပ်င္းတယ္ မဖတ္ခ်င္ဘူး နားေထာင္ခ်င္တယ္ ဝတၱဳတစ္ပုဒ္ေလာက္ဝယ္ဖတ္ရေအာင္။ စာအုပ္က လက္နဲ႕ကိုင္ဖတ္ရတာေညာင္းတယ္။ ကားေမာင္းေတာ႕ စာအုပ္ကဘယ္လိုလုပ္လက္နဲ႕ကိုင္ဖတ္မလဲ။ "Alexa, play the sample of the latest audio book on Audible" ဒါဆိုရင္ ေနာက္ဆံုး Best Seller ေတြကိုယ္တုိင္ဖတ္ထားတဲ႕ အသံထြက္ဝတၱဳကို နမူနာျမည္းၾကည္႕။ ၾကိဳက္တယ္ဆုိရင္ ဝယ္-လြယ္သမွ သိပ္လြယ္။

ဒီလိုဘဝမ်ိဳးမွာေနတာ ဘယ္မ်က္ႏွာျပင္-Touch Screen နဲ႕မွ လြတ္ေအာင္မေျပးႏုိင္ဘူး။ ရုပ္ရွင္သြားရေအာင္လည္း ကားကေမာင္းရဦးမယ္။ တစ္ရက္လံုးအလုပ္လုပ္ ညက်အျပင္ထြက္ ဒီလိုေတာ႕ဘယ္ျဖစ္ဦးမလဲ။ အိမ္ကမိသားစုကို အခ်ိန္ေပးရမယ္ေလ။

တီဗီမွာလာေနတာကိုၾကည္႕ခ်င္ရင္ Fire TV Cube, hands-free ကို ေအာ္လိုက္။ အရင္လာတုန္းကလြတ္သြားလို႕ ျပန္ၾကည္႕ခ်င္ရင္ အတုံးပုိပုတဲ႕ Fire TV Recast, over-the-air DVR ကို ျပန္ Play ခိုင္း။

ဒါမွမဟုတ္ေသးဘူး အေမရိကန္ရုပ္သံစီးရီးၾကည္႕ခ်င္တယ္ဆိုရင္ေတာ႕ 'Alaxa, play Tom Clancy's Jack Ryan" ေပါ႕။ ဒီအခါမွာ ၾကည္႕ေနတဲ႕ Jack Ryan က အပိုင္းၾကီး (၂)-Season 2 ေရာက္ေနျပီဆိုျပီး ေျပာျပလိမ္႕မယ္။ သူက Prime Video မွာ အျမဲ Update လာေနက်။

ဘယ္ေလာက္ခ်မ္းသာေနပါေစ၊ အလုပ္မွာဘယ္ေလာက္ရာထူးၾကီးေနပါေစ အေမရိကားမွာက ေယာက္်ားသားေတြက အိမ္သူကုိကူေနက်ဆုိေတာ႕ သီခ်င္းေလး ဘာေလး နားေထာင္ဦးမွ။ မီးဖိုေခ်ာင္ထဲမွာဆုိေတာ႕ Echo Plus smart home hub စပီကာနဲ႕ Amazon Music မွာဖြင္႕ထားတဲ႕ ကိုယ္ပိုင္စေတရွင္မွာ စိတ္ၾကိဳက္နားေထာင္။ ဧည္႕ခန္းထဲေရာက္သြားရင္ နားေထာင္လက္စသီခ်င္းကုိ Echo Show 10.1” HD screen ေပၚ အလုိက္သင္႕ေျပာင္းဖို႕က Alexa ရဲ႕ ကိစၥ။

ပိုက္ဆံရွာတာ ျပန္သံုးဖို႕။ မေသခင္ထိေအာင္ ေခတ္မီေအာင္ေနခ်င္ေသးတယ္ အိမ္မွာခုိင္းဖို႕စက္ရုပ္လုိခ်င္တယ္ဆုိရင္ Jeff Bozos-ဂ်က္ဖ္ေဘးဇုိး ရဲ႕ကုမၸဏီခြဲေတြကေနထြက္လာမယ္႕ လက္ကားကားစက္ရုပ္ကို ၾကိဳမွာထားလို႕ရေသးတယ္။

ဒီထက္အဆင္႕ျမင္႕ခ်င္ေသးတယ္ေနာ္ ျဖစ္ပါေသးသဗ်။ Blue Origin ကေန လႊတ္တင္မယ္႕အာကာသယာဥ္မွာ စာရင္းၾကိဳေပးထား။ အခ်ိန္တန္လို႕ကုိယ္အေရြးခံရရင္ လိုက္ဖုိ႕အဆင္သင္႕လုပ္ထား။ ကမၻာ႕အခ်မ္းသာဆံုးသူေ႒းၾကီးရဲ႕အေျပာအရ အဂၤါျဂိဳဟ္ ကုိ ဘာလို႕သြားမွာလဲ။ ဧဝရက္ေတာင္ထိပ္မွာ (၁) လ ေလာက္ေနတာထက္ကို ပိုျပီး ေနရထုိင္ရခက္ေသးတယ္။ သူပို႕ေပးမယ္႕ေနရာက ဘယ္လိုစိတ္ကူးယဥ္သိပၸံကားမွပံုမေဖာ္ႏုိင္ေသးတဲ႕ Free-Floating Space Pod Colonies ဆုိတဲ႕ လူေတြေနဖို႕သီးသန္႕အိမ္ယာအုပ္စုေလး။

ကဲ ကဲ ကဲ . .။ ျမန္မာႏိုင္ငံမွာေနလို႕ အေပၚကေျပာတဲ႕ဟာေတြမသိဘူးပဲဆုိပါေတာ႕။ အမ်ိဳးေတြကေခၚလို႕၊ DV Lottery ေအာင္ျမင္ထားလို႕၊ ေရာက္ခါစအခက္အခဲမရွိေအာင္ အေမရိကားသြားဖို႕အေျခခ်ဖို႕အေၾကာင္းေပၚလာရင္ ဟုိမွာရွိတဲ႕အမ်ိဳးေတြ၊ သူငယ္ခ်င္းေတြကုိ ေသခ်ာေျပာထား။ ေရာက္ခါစေနရာခ်ေပးဖို႕၊ အလုပ္ရွာေပးဖို႕ ဒါေတြက သိပ္အေရးၾကီးတာေပါ႕။

ဟုိေရာက္မွ ဘာကဒ္ရ၊ ညာကဒ္ရျပီးမွ အလုပ္က မရ ျဖစ္ေနဦးမယ္။ ဟုိမွာရွိတဲ႕ကူညီမယ္႕သူကုိ Amazon - Warehouse Team Member အတြက္ အလုပ္ေလွ်ာက္ေပးဖို႕ေလ႕လာထားခုိင္းမွေသခ်ာမယ္။ အဂၤလိပ္စကားသိပ္မေျပာရပဲ တစ္နာရီကုိ (၁၇.၅ဝ) ေဒၚလာေပးတာ။ ဒါေၾကာင္႕ ကမၻာမျပိဳ ျပိဳတယ္ျဖစ္ခဲ႕ရင္ေတာင္၊ မေျပာေကာင္း မဆိုေကာင္း ကမၻာၾကီးႏွစ္ျခမ္းကြဲသြားရင္ေတာင္ ဒီေလာက္ A ကေန Z အထိစံုျပီး ဝယ္ျပီးပစၥည္းမၾကိဳက္ရင္ ရက္ေပါင္း (၃ဝ) အတြင္းျပန္ေပးလို႕ရတဲ႕ အမ္မဇြန္ရွိတဲ႕အျခမ္းမွာ Alexa နဲ႕ အတူေနခဲ႕လိုက္ပါရေစ။


မွတ္ခ်က္။။။။။။။။။။ကြ်န္ေတာ္ေျပာတဲ႕အဂၤလိပ္အသံထြက္ကို Alexa နားမလည္ပါ။

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
08-03-2019

Unicode Version:

"ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင် အမ်မဇွန်ရှိတဲ့အခြမ်းမှာနေပါရစေ"
          ဖုန်းထဲမှာနိုတီဝင်လာတယ် "သင်မှာထားတဲ့ UBER Luxury ရောက်တော့မယ်။ အဆင်သင့်လုပ်ထားပါ"

          နောက်ထပ် (၁) မိနစ်အကြာ ဖုန်းနိုတီထဲမှာ "Your package with 360  ံ Camera will arrive today" အော် . . အေး အေး။ ရောက်တာနဲ့ အိမ်ရှေ့ကထိုင်ခုံအောက်မှာ ပို့တဲ့သူက ဖွက်ခဲ့မှာပေါ့။

          ကားကရောက်တော့မယ်။ လူကအိမ်ရှေ့ထွက်စောင့်တော့စဉ်းစားမိတာ အိမ်ထဲကဧည့်ခန်းမီးပိတ်ခဲ့လားမသိဘူး။ ကဲ လာလေရော့ "Alexa, turn off the living room light."

          ဒင် . . "Alright, the living room light has been turned off."

          ဖုန်းကိုဘောင်းဘီအိတ်ထဲထည့်တော့မယ်ကြံတုန်း App ကို လက်နဲ့တောက်မိသွားတော့ "The weather for today is 65  ံFahrenheit" လို့ထအော်လို့ လန့်သွားသေးတယ်။ အဲဒါနဲ့လက်ထဲက စာဖတ်တဲ့ Kindle လေးကို လက်တော့အိပ်ထဲထည့်၊ အသစ်ဝယ်ထားတဲ့ iPhone အားသွင်းကြိုးလေးကိုပါသလား သေချာစစ်၊ ပြီးတော့ အားသွင်းတဲ့ Portable Charger ဒါတွေက အသက်။

          အားလုံးစုံတော့  UBER တံဆိပ်ကပ်ထားတဲ့ နောက်ဆုံးပေါ်ဇိမ်ခံကားအဆင့်အတန်းမြင့်ကား Tesla X တစ်စီးရောက်လာတယ်။ ကားက အသစ်၊ အရောင်က အနီ၊ တံခါးဖွင့်မယ်လုပ်တော့ တံခါးလက်ကိုင်ကမရှိ။ ဟား . . ဘယ်လိုဖြစ်တာတုန်း? အဲဒီအချိန်မှာ UBER မောင်းတဲဲ့သပ်သပ်ရပ်ရပ်ကားပိုင်ရှင်က "Alexa ကနေတစ်ဆင့်ငှားတဲ့အတွက် အခုစီးနင်းသူကို အစစအရာရာသတိထားကူညီပေးဖို့မှာထားပါတယ်။ လိုအပ်တာရှိရင် ကြိုပြောနိုင်ပါတယ်။ UBER ကနေ ကြိုဆိုပါတယ်" အယ်လယ့် . . ဘယ်ဆိုးလို့လဲ . .။

          ဆက်ပြောပြန်ရင်လည်း ဇက်ကြောသေပြီး ဇာတ်ကြောတွေရှည်သွားလိ်မ့်မယ် ထင်ပါတယ်။ ဒီလိုကမ္ဘာမျိုးမှာဘယ်သူမနေချင် ရှိပါ့မလဲ။ ကားမောင်းရင် ကားလမ်းပိတ်တဲ့ဒဏ်နဲ့ စိတ်ဖိစီးတာကို ဒီ CEO မခံစားနိုင်ဘူး။ ကားငှားတာ Luxury တစ်ခေါက်စာ (၈၅) ဒေါ်လာက တစ်နှစ်ကိုဒေါ်လာသိန်းချီရသူရဲ့တန်ဖိုးရှိတဲ့ မိနစ် (၃ဝ) နဲ့ မလဲနိုင်ဘူး။

          ဝတ်ထားတာက Amazon Essentials Men's Regular-Fit Cotton Pique Polo Shirt နဲ့ အောက်က Amazon Essentials Men's Slim-Fit Wrinkle-Resistant Flat-Front Chino Pant ။ လက်ထဲကအိပ်က AmazonBasics 15.6-Inch Laptop Computer and Tablet Shoulder Bag Carrying Case အားလုံး အားလုံး အမ်မဇွန်ချည်းပဲ။

          ကားခေါ်တော့ ကိုယ်တိုင် UBER App ကနေမှာရင် အကုန်စစ်ပြီး လက်နဲဲ့စာရိုက်သွင်းနေရဦးမယ်။ Alexa နဲ့ဆိုတော့ သွားချင်တဲ့နေရာ-Location ကို ပါးစပ်နဲ့ပြောရင်း ကိုယ်ဘာကားအမျိုးအစားစီးချင်တယ်ဆိုတာ နေရာတကာသိပ်လျှာရှည်တဲ့ Alexa ကို ပြောလိုက်ရုံပဲ။ သူသိရင် အကုန်အလုပ်ဖြစ်ပြီ။ သူ့ကိုခိုင်းတတ်ရင် အကုန်အဖြေထွက်ပြီ။

          တခါတလေဖြစ်တတ်သေးတယ်။ အိမ်သာထဲရောက်မှ စက္ကူလိပ်က နောက်ဆုံးတစ်လိပ်ဖြစ်နေတယ်။ အဲဒါနဲ့ ဘိုထိုင်ပေါ်မှာဖုန်းထိုင်ပွတ်ရင်း-မြန်မြန် Alexa ကိုခေါ်၊ အမ်မဇွန်မှာ နောက်ဆုံးမှာထားခဲ့တဲ့စက္ကူလိပ်အမျိုးအစားတူတာ (၁) ပါကင်ပို့ခိုင်းလိုက်ရတယ်။ အသံလက်ထောက်-Voice Assistance ဆိုတော့ -  ျီးကုံးဖို့စက္ကူကုန်သွားလို့ အပြင်ကနေ တံခါးဖွင့်ပြီးလာမပို့နိုင်ဘူးပေါ့။ စက်ရုပ်မှမဟုတ်တာ။ သိပ်အရေးကြီးလို့လိုနေရင် အလုပ်ကအပြန် လိုချင်တာယူပြီးဖုန်းထဲက App ကို ငွေအလိုလိုတွက်ပေးတဲ့ လူစောင့်ငွေရှင်းကောင်တာမထားတဲ့ Amazon Go မှာ ဝင်ဝယ်လိုက်ရုံပေါ့ ဘာခက်တာမှတ်လို့ . .။

          ကလေးတွေကစားတဲ့ ဗီဒီယိုဂိမ်းတွေဟာ သူတို့အကုန်မကစားတတ်ဘူး။ အွန်လိုင်းဂိမ်းတွေခေတ်စားတဲ့ ဒီဘက် စမတ်ဖုန်းခေတ်ရောက်တော့ ကစားတာတော်သူတွေပြောပြထားတဲ့ဗီဒီယိုတွေအမြဲတင်လို့နာမည်ကြီးနေတဲ့ Twitch ကိုလည်း Alexa နဲ့ ပဲ ဖွင့်ခိုင်းရတယ်။ အဲဒီမှာ နာမည်ကြီးတဲ့ Twitch Streamer (ခေါ်) Famous Gamer တွေအများကြီးပဲ။

          ကဲ ဂိမ်းမကစားဘူးနော် စာဖတ်မယ် ပျင်းတယ် မဖတ်ချင်ဘူး နားထောင်ချင်တယ် ဝတ္တုတစ်ပုဒ်လောက်ဝယ်ဖတ်ရအောင်။ စာအုပ်က လက်နဲ့ကိုင်ဖတ်ရတာညောင်းတယ်။ ကားမောင်းတော့ စာအုပ်ကဘယ်လိုလုပ်လက်နဲ့ကိုင်ဖတ်မလဲ။ "Alexa, play the sample of the latest audio book on Audible" ဒါဆိုရင် နောက်ဆုံး Best Seller တွေကိုယ်တိုင်ဖတ်ထားတဲ့ အသံထွက်ဝတ္တုကို နမူနာမြည်းကြည့်။ ကြိုက်တယ်ဆိုရင် ဝယ်-လွယ်သမှ သိပ်လွယ်။

          ဒီလိုဘဝမျိုးမှာနေတာ ဘယ်မျက်နှာပြင်-Touch Screen နဲ့မှ လွတ်အောင်မပြေးနိုင်ဘူး။ ရုပ်ရှင်သွားရအောင်လည်း ကားကမောင်းရဦးမယ်။ တစ်ရက်လုံးအလုပ်လုပ် ညကျအပြင်ထွက် ဒီလိုတော့ဘယ်ဖြစ်ဦးမလဲ။ အိမ်ကမိသားစုကို အချိန်ပေးရမယ်လေ။

          တီဗီမှာလာနေတာကိုကြည့်ချင်ရင် Fire TV Cube, hands-free ကို အော်လိုက်။ အရင်လာတုန်းကလွတ်သွားလို့ ပြန်ကြည့်ချင်ရင် အတုံးပိုပုတဲ့ Fire TV Recast, over-the-air DVR ကို ပြန် Play ခိုင်း။

          ဒါမှမဟုတ်သေးဘူး အမေရိကန်ရုပ်သံစီးရီးကြည့်ချင်တယ်ဆိုရင်တော့ 'Alaxa, play Tom Clancy's Jack Ryan" ပေါ့။ ဒီအခါမှာ ကြည့်နေတဲ့ Jack Ryan က အပိုင်းကြီး (၂)-Season 2 ရောက်နေပြီဆိုပြီး ပြောပြလိမ့်မယ်။ သူက Prime Video မှာ အမြဲ Update လာနေကျ။

        ဘယ်လောက်ချမ်းသာနေပါစေ၊ အလုပ်မှာဘယ်လောက်ရာထူးကြီးနေပါစေ အမေရိကားမှာက ယောက်ျားသားတွေက အိမ်သူကိုကူနေကျဆိုတော့ သီချင်းလေး ဘာလေး နားထောင်ဦးမှ။ မီးဖိုချောင်ထဲမှာဆိုတော့ Echo Plus smart home hub စပီကာနဲ့ Amazon Music မှာဖွင့်ထားတဲ့ ကိုယ်ပိုင်စတေရှင်မှာ စိတ်ကြိုက်နားထောင်။ ဧည့်ခန်းထဲရောက်သွားရင် နားထောင်လက်စသီချင်းကို Echo Show 10.1” HD screen ပေါ် အလိုက်သင့်ပြောင်းဖို့က Alexa ရဲ့ ကိစ္စ။

          ပိုက်ဆံရှာတာ ပြန်သုံးဖို့။ မသေခင်ထိအောင် ခေတ်မီအောင်နေချင်သေးတယ် အိမ်မှာခိုင်းဖို့စက်ရုပ်လိုချင်တယ်ဆိုရင် Jeff Bozos-ဂျက်ဖ်ဘေးဇိုး ရဲ့ကုမ္ပဏီခွဲတွေကနေထွက်လာမယ့် လက်ကားကားစက်ရုပ်ကို ကြိုမှာထားလို့ရသေးတယ်။

        ဒီထက်အဆင့်မြင့်ချင်သေးတယ်နော် ဖြစ်ပါသေးသဗျ။ Blue Origin ကနေ လွှတ်တင်မယ့်အာကာသယာဉ်မှာ စာရင်းကြိုပေးထား။ အချိန်တန်လို့ကိုယ်အရွေးခံရရင် လိုက်ဖို့အဆင်သင့်လုပ်ထား။ ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေးကြီးရဲ့အပြောအရ အင်္ဂါဂြိုဟ် ကို ဘာလို့သွားမှာလဲ။ ဧဝရက်တောင်ထိပ်မှာ (၁) လ လောက်နေတာထက်ကို ပိုပြီး နေရထိုင်ရခက်သေးတယ်။ သူပို့ပေးမယ့်နေရာက ဘယ်လိုစိတ်ကူးယဉ်သိပ္ပံကားမှပုံမဖော်နိုင်သေးတဲ့ Free-Floating Space Pod Colonies ဆိုတဲ့ လူတွေနေဖို့သီးသန့်အိမ်ယာအုပ်စုလေး။

          ကဲ ကဲ ကဲ . .။ မြန်မာနိုင်ငံမှာနေလို့ အပေါ်ကပြောတဲ့ဟာတွေမသိဘူးပဲဆိုပါတော့။ အမျိုးတွေကခေါ်လို့၊ DV Lottery အောင်မြင်ထားလို့၊ ရောက်ခါစအခက်အခဲမရှိအောင် အမေရိကားသွားဖို့အခြေချဖို့အကြောင်းပေါ်လာရင် ဟိုမှာရှိတဲ့အမျိုးတွေ၊ သူငယ်ချင်းတွေကို သေချာပြောထား။ ရောက်ခါစနေရာချပေးဖို့၊ အလုပ်ရှာပေးဖို့ ဒါတွေက သိပ်အရေးကြီးတာပေါ့။

          ဟိုရောက်မှ ဘာကဒ်ရ၊ ညာကဒ်ရပြီးမှ အလုပ်က မရ ဖြစ်နေဦးမယ်။ ဟိုမှာရှိတဲ့ကူညီမယ့်သူကို Amazon - Warehouse Team Member အတွက် အလုပ်လျှောက်ပေးဖို့လေ့လာထားခိုင်းမှသေချာမယ်။ အင်္ဂလိပ်စကားသိပ်မပြောရပဲ တစ်နာရီကို (၁၇.၅ဝ) ဒေါ်လာပေးတာ။ ဒါကြောင့် ကမ္ဘာမပြို ပြိုတယ်ဖြစ်ခဲ့ရင်တောင်၊ မပြောကောင်း မဆိုကောင်း ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင်တောင် ဒီလောက် A ကနေ Z အထိစုံပြီး ဝယ်ပြီးပစ္စည်းမကြိုက်ရင် ရက်ပေါင်း (၃ဝ) အတွင်းပြန်ပေးလို့ရတဲ့ အမ်မဇွန်ရှိတဲ့အခြမ်းမှာ Alexa နဲ့ အတူနေခဲ့လိုက်ပါရစေ။


မှတ်ချက်။။။။။။။။။။ကျွန်တော်ပြောတဲ့အင်္ဂလိပ်အသံထွက်ကို Alexa နားမလည်ပါ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
08-03-2019




         




No comments: