ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
.
.
အလယ်တန်း၊
အထက်တန်းကျောင်းရောက်လာတဲ့ သားသမီးတွေကို ထိန်းကျောင်းဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သားသမီးရှိတဲ့မိဘတိုင်း
သိရှိ ခံစားမိကြပါလိမ့်မယ်။ ကိုယ့်မြေ ကိုယ့်ဒေသမှာ အကျွမ်းဝင်ပတ်ဝန်းကျင် နဲ့ စိတ်ပူစရာမလိုတဲ့
စီးပွားရေးတို့သာရှိမယ်ဆိုရင် သားသမီးတွေကို ရင်အုပ်မကွာစောင့်ရှောက်နိုင်ဖို့ အခွင့်အလမ်းပိုများနိုင်ပါတယ်။
ဒါက အချိန်ပေးနိုင်တဲ့ မိသားစုဆက်ဆံရေးမျိုးပါ။
.
သီတင်းတစ်ပတ်မှာ
( ၅ ) ရက်လုံးလုံး အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ် ပြေးချီသန်းချီ ဖြစ်နေတဲ့ အလုပ် နဲ့
ဘဝမျှခြေ - Work-Life Balance တစ်ခြမ်းစောင်းနင်းဖြစ်တဲ့ မိဘတွေဆို သားသမီးတွေကို ဘယ်လိုများ
ကိုင်တွယ်ကြမလဲလို့ တွေးကြည့်မိတယ်။ အဲဒီအုပ်စုထဲမှာ နိုင်ငံခြားရောက် မြန်မာပြောင်းရွှေ့မိသားစုများကိုလည်း
ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါလိမ့်မယ်။
.
ဒီမှာကျတော့
သားသမီး နဲ့ အင်တာနက်၊ အင်တာနက် နဲ့ အပေါင်းအသင်း ခွဲခြားထားလို့ မရပြန်ပါဘူး။ ဒီအထဲမှာ
ဆွဲဆောင်မှုရှိတဲ့ ဆန့်ကျင်ဖက်ယောက်ျားလေး၊ မိန်းကလေးတွေလည်း အပါအဝင်ပါ။ မိန်းကလေးဖြစ်လို့
အားကစားမလုပ်ရဘူး၊ ညဖက်အပြင်မထွက်ရဘူး၊ ဂိမ်းမကစားရဘူးဆိုတာမျိုး မရှိသလို ယောက်ျားလေးများတန်းတူ
ရင်ပေါင်တန်းနေတဲ့ လူငယ်ဘဘာဝတွေကို ကြီးကြပ်ကွပ်ကွဲတတ်မှ စိတ်ချရမှာပါ။