ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, August 30, 2018

အေဖနဲ႕သားၾကားက စကား (၅) ခြန္း

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
 ေက်ာင္းျပန္သြားေတာ႕မယ္႕သားကို ဒီေႏြရာသီမွာအနားရေအာင္ ျမန္မာႏုိင္ငံေခၚျပန္ခဲ႕တယ္။ သူေမြးတဲ႕ေျမ၊ ၾကီးခဲ႕တဲ႕အိမ္၊ တက္ခဲ႕တဲ႕ေက်ာင္း၊ ေပါင္းခဲ႕တဲ႕သူငယ္ခ်င္းတစ္ခ်ိဳ႕ နဲ႕ စားခဲ႕တဲ႕အစားအေသာက္ေတြက သူ႕ကုိေႏြးေထြးစြာၾကိဳဆိုခဲ႕ၾကတယ္။ သူ႕အဖြားကိုလည္း မ်က္ႏွာဝင္ျပခြင္႕ရခဲ႕တယ္။ ေမြးရပ္ေျမနဲ႕ (၉) ႏွစ္ေလာက္ ေဝးခဲ႕ေပမယ္႕ အခုေတာ႕ ျမန္မာႏိုင္ငံဟာ သူ႕ဘဝမွာ ဘယ္ေလာက္အထိအေရးပါျပီး ခ်က္ျမွဳပ္ဇာတိေရႊနယ္ေျမလို႕ ခံစားရတဲ႕အေၾကာင္း သားအဖေတြ စကားေကာင္းေနခဲ႕တယ္။
.
. တစ္ဆက္တည္း ငယ္ဘဝႏွစ္မ်ားစြာ အေမရိကားရဲ႕အေျခခံပညာေရးနဲ႕ၾကီးခဲ႕သူတစ္ေယာက္ျဖစ္တာနဲ႕အညီ ကိစၥတစ္ခုကုိ သူ႕ေခါင္းထဲထည္႕ေတြးလုိက္ျပီဆိုတာနဲ႕ ၾကည္ၾကည္လင္လင္ျဖစ္ဖို႕နဲ႕ ဆံုးျဖတ္ခ်က္မွန္ကန္ဖို႕ တခါတရံဆံုးမခ်င္ေသးတယ္။ သုိ႕ေသာ္လည္း တစ္ေန႕ထက္တစ္ေန႕ၾကီးထြားလာတဲ႕ အေသြးအသားဆဲလ္ယူနစ္ေတြၾကား တုိးပြားလာတယ္လို႕အျမဲယူဆထားတဲ႕ အသိဥာဏ္ျပည္႕ေနတဲ႕ဦးေႏွာက္က အမွားမေတြ႕ႏုိင္ဘူးလုိ႕ ကံေသကံမ မေျပာႏုိင္ပါဘူး။
.
.
. ေအးေအးလူလူေနေပမယ္႕ ရမၼက္ေသြးဆူတတ္တဲ႕ ဆယ္ေက်ာ္သက္အရြယ္၊ အနာဂါတ္အလင္းေရာင္ေတာက္ပေနေသာ္ျငားလည္း ငယ္ေသြးၾကြေသးတဲ႕အရြယ္ဆုိေတာ႕ သတိထားရတယ္။ သတိမထားရင္ မသိပဲေရာက္လာတဲ႕အမွားက အရိပ္လိုေျခဖြျပီးလိုက္လာရင္း "အေမွာင္ နဲ႕ အနက္ေရာင္" ဟာမကြဲႏုိင္သလုိ "အမွား နဲ႕ ဟန္ေဆာင္ျခင္း" တုိ႕ကုိခြဲျခားဖို႕ခက္ခဲေစႏုိင္တာေၾကာင္႕ အနားယူေနတဲ႕ အေဝးေက်ာင္းသြားေတာ႕မယ္႕ သားကို စကား (၄) ခြန္း ေျပာျပမိပါတယ္။
.
.
၁.. ပညာအင္မတန္ေတာ္တဲ႕အခါ
_______________________
လူငယ္တစ္ေယာက္ဟာ ပညာအင္မတန္ေတာ္တဲ႕အခါမွာ လူၾကီး လူငယ္မေရြး လူရာသြင္းတာကိုခံရလိမ္႕မယ္။ ဘာလုပ္လုပ္ေအာင္ျမင္လာသလို ထင္ေပၚေက်ာ္ၾကားမႈ နဲ႕ ဂုဏ္သတင္းေက်ာ္ေစာမႈတုိ႕အျပင္ ဘယ္သူ႕ကုိမွလူမထင္ေလာက္ေအာင္ ေအာင္ျမင္မႈကေၾကာက္စရာေကာင္းတာ သူသိရမယ္။ ဒီ႕ေနာက္မွာ ဘယ္သူေတြဘာေျပာေျပာ ေကာင္းေပ႕ဆုိတဲ႕အၾကံဥာဏ္ေတြကို မလိုခ်င္ေတာ႕ဘူးဆုိတဲ႕ မာန္အေၾကာင္းကုိ သားက ျပန္ေဆြးေႏြးတယ္။

.
.
၂.. ေငြအဆမတန္ရွိလာတဲ႕အခါ
______________________
ေက်ာင္းျပီးေတာ႕အလုပ္ဝင္၊ အလုပ္လုပ္ရင္းေငြရွာ၊ ေသခ်ာတဲ႕စီးပြားေရးေၾကာင္႕ စာၾကိဳးစားတဲ႕လူငယ္ဟာ တစ္ေန႕ေတာ႕ေငြေၾကးခ်မ္းသာလာမွာ မလြဲပါ။ ဒီေငြေၾကးေၾကာင္႕ သူ႕ဘဝမွာအရာရာျပည္႕စံုလာႏုိင္သလို ဘယ္ကိစၥမ်ိဳးကိုမဆို အမ်ားအားျဖင္႕ ေငြနဲ႕ဝယ္ယူလာႏုိင္ဖို႕အေၾကာင္းရွိပါတယ္။ ဒီလိုလြယ္ကူလာတဲ႕အေျခအေနမွာ ဘယ္သူေတြဘာေျပာေျပာ ေကာင္းေပ႕ဆုိတဲ႕အၾကံဥာဏ္ေတြကုိ မလိုခ်င္ေတာ႕ဘူးဆုိတဲ႕ ေငြကေပးတဲ႕ ဒဏ္အေၾကာင္းကုိ သားက ျပန္ေဆြးေႏြးတယ္။
.
.
၃.. အားလပ္ခ်ိန္အဆမတန္ပိုလာတဲ႕အခါ
____________________________
လုပ္စရာမရွိတာ (ဒါမွမဟုတ္) တစ္ျခားတစ္ေယာက္က ကိုယ္႕အလုပ္ေတြကိုလုပ္ေပးတဲ႕အခါ ထိုကဲ႕သို႕ေသာသူေတြမွာ အခ်ိန္ေတြပိုလာတတ္တယ္။ ဒီလိုအခ်ိန္ပိုေတြကို အက်ိဳးရွိရွိအသံုးခ်မယ္႕အစား (ေငြေၾကးျပည္႕စံုသူေတြမွာ) ဘယ္အရာကိုမွအေလးမထားေတာ႕ပဲ ဘဝကုိေပါ႕ေပါ႕တန္တန္သေဘာထားတတ္ၾကတယ္။
.
ဘယ္ကိစၥကိုမွ ထိထိေရာက္ေရာက္မလုပ္ၾကေတာ႕သူတစ္ေယာက္ဟာ ရည္မွန္းခ်က္ေပ်ာက္ရံုမက အနာဂါတ္ဟာ ေဝဝါးဝါးနဲ႕ ဟုိစမ္းစမ္း ဒီစမ္းစမ္း သူငယ္ခ်င္းဆုိးေတြေၾကာင္႕ လမ္းမွားေရာက္တတ္တယ္။ ဒီ႕ေနာက္မွာ ဘယ္သူေတြဘာေျပာေျပာ ေကာင္းေပ႕ဆုိတဲ႕အၾကံဥာဏ္ေတြကုိ မလိုခ်င္ေတာ႕ဘူးဆုိတဲ႕ အားလပ္ခ်ိန္မ်ားျပီးလုပ္စရာမရွိတဲ႕ဘဝေတြအေၾကာင္းကုိ သားက ျပန္ေဆြးေႏြးလာပါတယ္။
.
ဒီေနရာမွာ ကြ်န္ေတာ္က ထပ္ျဖည္႕လိုက္တာက အခ်ိန္ပိုေနသူေတြထဲမွာ ေငြေၾကးခ်မ္းသာသူေတြခ်ည္းရွိတာမဟုတ္ဘူး . . ဆင္းရဲႏြမ္းပါးသူေတြလည္းပါတယ္၊ ပ်င္းရိသူေတြလည္းပါတယ္၊ ဘာဆို ဘာမွ မသင္ယူခ်င္ေတာ႕သူေတြလည္းပါတယ္။ သူတုိ႕ထဲက အမ်ားစုဟာ "ငါေတာ႕ ဘာမွျဖစ္ျဖစ္ေျမာက္ေျမာက္လုပ္ႏုိင္မွာမဟုတ္ဘူး" လို႕ေတြးျပီး ဘယ္သူကေပးတဲ႕အၾကံဥာဏ္ကိုမွ လက္မခံၾကေတာ႕ဘူးဆုိတာ ကြ်န္ေတာ္ထပ္ေဆြးေႏြးတယ္။
.
.
၄.. အင္မတန္အလုပ္မ်ားတဲ႕အခါ
______________________
ဒီသတိေပးစကားက တစ္ျခားကိစၥေတြထက္သိသာထင္ရွားသလို ေန႕စဥ္အေတြ႕ရအမ်ားဆံုးအျပဳအမူေတြျဖစ္တာနဲ႕အညီ သားအဖႏွစ္ေယာက္လံုး သေဘာတူၾကတယ္။ ေျပာရင္းေျပာရင္း နဲ႕ မ်က္ရည္လည္လာတဲ႕သားကုိၾကည္႕ျပီး အေဖလုပ္တဲ႕သူက ေၾကြကြဲျခင္းတစ္လွည္႕ ၾကည္ႏူးျခင္းတစ္လွည္႕ မ်က္လႊာျပန္ျပန္ခ်ခဲ႕ရတယ္။ သူ႕အေဖ အလုပ္မ်ားတဲ႕နမူနာ နဲ႕ အားမနာတမ္းေထာက္ျပတတ္တဲ႕သားကိုလည္း ၾကိတ္ျပီးခ်ီးက်ဴးမိတယ္။
.
သူ႕အေဖအလုပ္မ်ားတာ သားသမီးေတြအတြက္၊ အနာဂါတ္ပညာေရးအတြက္၊ နယ္ေျမသစ္မွာ ေရခံေျမခံေကာင္းတဲ႕ပင္ပ်ိဳသစ္တို႕ ထြန္းလင္းဖြံ႕ထြားဖို႕အတြက္ . . ဒါေတြ သူအကုန္သိတယ္။
.
ဒီလို အလုပ္တစ္ခုနဲ႕တစ္ခုၾကားမွာ ဘယ္လုိမွမအားလပ္တဲ႕သူဟာ ဘယ္သူေတြဘာေျပာေျပာ ေကာင္းေပ႕ဆုိတဲ႕အၾကံဥာဏ္ေတြကုိ မလိုခ်င္ေတာ႕ဘူးဆုိတဲ႕ အားလပ္ခ်ိန္မရွိတဲ႕ဘဝေတြအေၾကာင္းကုိ သားက ျပန္ေဆြးေႏြးရင္း စကားဝုိင္းဟာ အခ်က္အလက္ေတြပိုစံုလင္လာပါတယ္။
.
.
. ဒါလိုနဲ႕ မိသားစုစကားဝုိင္းက မျပီးဆံုးသြားပဲ သားက "တစ္ခြန္းျဖည္႕စြက္မယ္" လို႕ေျပာလာေတာ႕ ခ်ဲ႕ထြင္ဆင္ျခင္ထုိးထြင္းျမင္တဲ႕ သူ႕ရဲ႕ဆင္႕ပြားေတြးေတာျခင္း - Critical Thinking ကိုျမင္လိုက္ရေတာ႕ ကြ်န္ေတာ္က အားတက္သေရာေမးလုိက္တယ္။ သူေျပာတာက လူေတြဟာ . .
.
.
၅.. အသက္အရြယ္ရလာတဲ႕အခါ
_______________________
သား အျမဲစဥ္းစားမိတယ္၊ မ်က္စိေရွ႕မွာ မၾကာခဏျမင္ရတယ္၊ သူမ်ားေျပာတာ တခါတခါၾကားရတယ္ . . ကိစၥတစ္ခုခုဆုိရင္ နယ္ပယ္ေတာ္ေတာ္မ်ားမ်ားမွာ လူၾကီးေတြဟာ သူမ်ားေျပာတာ သိပ္လက္မခံခ်င္ဘူး။ အထူးသျဖင္႕ အသက္အရြယ္ၾကီးသူေတြက သူတုိ႕ေျပာတာကုိသာအတင္းလက္ခံေစခ်င္ျပီး တစ္ျခားသူေျပာတာကို ေတာ္ေတာ္နဲ႕လက္မခံတတ္တာကုိ ျမန္မာႏိုင္ငံျပန္တုန္းက သူေတြ႕ခဲ႕ သူသိခဲ႕တာေတြနဲ႕ ႏိႈင္းယွဥ္ျပီးေျပာျပတယ္။
.
ဒီကေန ကြ်န္ေတာ္တို႕ဆက္ေဆြးေႏြးတာေတြရွိေပမယ္႕ ေဆာင္းပါးေခါင္းစဥ္ကိုေသြဖယ္မသြားေစခ်င္လုိ႕ ထပ္မေဖာ္ျပေတာ႕ပါဘူး။ အရင္သူ တကၠသုိလ္မသြားခ်င္တုန္းက ကြ်န္ေတာ္တုိ႕သားအဖၾကားမွာ ဒီလိုမ်ိဳးစကားဝုိင္းကုိ တစ္ႏွစ္ကုိ (၁ဝ) ေခါက္ေလာက္လုပ္ျဖစ္ခဲ႕တယ္။
.
အခု ေက်ာင္းနားလို႕ျပန္တဲ႕ခဏတာေလးထဲမွာ သူအားတဲ႕အခ်ိန္၊ ေဆြးေႏြးလို႕ေကာင္းမယ္႕အခ်ိန္၊ ဘယ္သူက ဘာကုိေျပာလုိက္ ေျပာလိုက္ တစ္ေယာက္ခ်င္းစီက လက္ခံႏိုင္တဲ႕အခ်ိန္ကုိေစာင္႕ျပီး ေျပာျဖစ္ေနပါတယ္။ ဒါေပမယ္႕ ေက်ာင္းက တစ္ႏွစ္လံုးမွာ (၃) ေခါက္ေလာက္ပိတ္တာဆုိေတာ႕ ဒီစကားဝုိင္းေလးကိုမွတ္တမ္းတင္ရင္း ေရႊဥ ဥသလို တယုတယသိမ္းထားတဲ႕စကားလံုးေတြ ကြ်န္ေတာ္ကသူ႕ကုိ (၄) ခြန္း နဲ႕ သူက ကြ်န္ေတာ႕ကုိ (၁) ခြန္း မွာၾကားလိုက္ႏုိင္ခဲ႕ျပီး အေဖနဲ႕သားစကားဝုိင္းကေန မိသားစုစိတ္ေက်နပ္မႈ - Peace of Mind ကို ရွာေဖြႏုိင္ခဲ႕ပါတယ္။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 08-30-2018
.
.
Unicode Version:
.
.
. "အဖေနဲ့သားကြားက စကား (၅) ခွန်း"
. ကျောင်းပြန်သွားတော့မယ့်သားကို ဒီနွေရာသီမ
ှာအနားရအောင် မြန်မာနိုင်ငံခေါ်ပြန်ခဲ့တယ်။ သူမွေးတဲ့မြေ၊ ကြီးခဲ့တဲ့အိမ်၊ တက်ခဲ့တဲ့ကျောင်း၊ ပေါင်းခဲ့တဲ့သူငယ်ချင်းတစ်ချို့ နဲ့ စားခဲ့တဲ့အစားအသောက်တွေက သူ့ကိုနွေးထွေးစွာကြိုဆိုခဲ့ကြတယ်။ သူ့အဖွားကိုလည်း မျက်နှာဝင်ပြခွင့်ရခဲ့တယ်။ မွေးရပ်မြေနဲ့ (၉) နှစ်လောက် ဝေးခဲ့ပေမယ့် အခုတော့ မြန်မာနိုင်ငံဟာ သူ့ဘဝမှာ ဘယ်လောက်အထိအရေးပါပြီး ချက်မြှုပ်ဇာတိရွှေနယ်မြေလို့ ခံစားရတဲ့အကြောင်း သားအဖတွေ စကားကောင်းနေခဲ့တယ်။
.
. တစ်ဆက်တည်း ငယ်ဘဝန
ှစ်များစွာ အမေရိကားရဲ့အခြေခံပညာရေးနဲ့ကြီးခဲ့သူတစ်ယောက်ဖြစ်တာနဲ့အညီ ကိစ္စတစ်ခုကို သူ့ခေါင်းထဲထည့်တွေးလိုက်ပြီဆိုတာနဲ့ ကြည်ကြည်လင်လင်ဖြစ်ဖို့နဲ့ ဆုံးဖြတ်ချက်မှန်ကန်ဖို့ တခါတရံဆုံးမချင်သေးတယ်။ သို့သော်လည်း တစ်နေ့ထက်တစ်နေ့ကြီးထွားလာတဲ့ အသွေးအသားဆဲလ်ယူနစ်တွေကြား တိုးပွားလာတယ်လို့အမြဲယူဆထားတဲ့ အသိဉာဏ်ပြည့်နေတဲ့ဦးနှောက်က အမှားမတွေ့နိုင်ဘူးလို့ ကံသေကံမ မပြောနိုင်ပါဘူး။
.
.
. အေးအေးလူလူနေပေမယ့် ရမ္မက်သွေးဆူတတ်တဲ့ ဆယ်ကျော်သက်အရွယ်၊ အနာဂါတ်အလင်းရောင်တောက်ပနေသော်ငြားလည်း ငယ်သွေးကြွသေးတဲ့အရွယ်ဆိုတော့ သတိထားရတယ်။ သတိမထားရင် မသိပဲရောက်လာတဲ့အမ
ှားက အရိပ်လိုခြေဖွပြီးလိုက်လာရင်း "အမှောင် နဲ့ အနက်ရောင်" ဟာမကွဲနိုင်သလို "အမှား နဲ့ ဟန်ဆောင်ခြင်း" တို့ကိုခွဲခြားဖို့ခက်ခဲစေနိုင်တာကြောင့် အနားယူနေတဲ့ အဝေးကျောင်းသွားတော့မယ့် သားကို စကား (၄) ခွန်း ပြောပြမိပါတယ်။
.
.
၁.. ပညာအင်မတန်တော်တဲ့အခါ
_______________________
လူငယ်တစ်ယောက်ဟာ ပညာအင်မတန်တော်တဲ့အခါမ
ှာ လူကြီး လူငယ်မရွေး လူရာသွင်းတာကိုခံရလိမ့်မယ်။ ဘာလုပ်လုပ်အောင်မြင်လာသလို ထင်ပေါ်ကျော်ကြားမှု နဲ့ ဂုဏ်သတင်းကျော်စောမှုတို့အပြင် ဘယ်သူ့ကိုမှလူမထင်လောက်အောင် အောင်မြင်မှုကကြောက်စရာကောင်းတာ သူသိရမယ်။ ဒီ့နောက်မှာ ဘယ်သူတွေဘာပြောပြော ကောင်းပေ့ဆိုတဲ့အကြံဉာဏ်တွေကို မလိုချင်တော့ဘူးဆိုတဲ့ မာန်အကြောင်းကို သားက ပြန်ဆွေးနွေးတယ်။
.
.
၂.. ငွေအဆမတန်ရ
ှိလာတဲ့အခ
______________________
ကျောင်းပြီးတော့အလုပ်ဝင်၊ အလုပ်လုပ်ရင်းငွေရ
ှာ၊ သေချာတဲ့စီးပွားရေးကြောင့် စာကြိုးစားတဲ့လူငယ်ဟာ တစ်နေ့တော့ငွေကြေးချမ်းသာလာမှာ မလွဲပါ။ ဒီငွေကြေးကြောင့် သူ့ဘဝမှာအရာရာပြည့်စုံလာနိုင်သလို ဘယ်ကိစ္စမျိုးကိုမဆို အများအားဖြင့် ငွေနဲ့ဝယ်ယူလာနိုင်ဖို့အကြောင်းရှိပါတယ်။ ဒီလိုလွယ်ကူလာတဲ့အခြေအနေမှာ ဘယ်သူတွေဘာပြောပြော ကောင်းပေ့ဆိုတဲ့အကြံဉာဏ်တွေကို မလိုချင်တော့ဘူးဆိုတဲ့ ငွေကပေးတဲ့ ဒဏ်အကြောင်းကို သားက ပြန်ဆွေးနွေးတယ်။
.
.
၃.. အားလပ်ချိန်အဆမတန်ပိုလာတဲ့အခါ
____________________________
လုပ်စရာမရ
ှိတာ (ဒါမှမဟုတ်) တစ်ခြားတစ်ယောက်က ကိုယ့်အလုပ်တွေကိုလုပ်ပေးတဲ့အခါ ထိုကဲ့သို့သောသူတွေမှာ အချိန်တွေပိုလာတတ်တယ်။ ဒီလိုအချိန်ပိုတွေကို အကျိုးရှိရှိအသုံးချမယ့်အစား (ငွေကြေးပြည့်စုံသူတွေမှာ) ဘယ်အရာကိုမှအလေးမထားတော့ပဲ ဘဝကိုပေါ့ပေါ့တန်တန်သဘောထားတတ်ကြတယ်။
.
ဘယ်ကိစ္စကိုမ
ထိထိရောက်ရောက်မလုပ်ကြတော့သူတစ်ယောက်ဟာ ရည်မှန်းချက်ပျောက်ရုံမက အနာဂါတ်ဟာ ဝေဝါးဝါးနဲ့ ဟိုစမ်းစမ်း ဒီစမ်းစမ်း သူငယ်ချင်းဆိုးတွေကြောင့် လမ်းမှားရောက်တတ်တယ်။ ဒီ့နောက်မှာ ဘယ်သူတွေဘာပြောပြော ကောင်းပေ့ဆိုတဲ့အကြံဉာဏ်တွေကို မလိုချင်တော့ဘူးဆိုတဲ့ အားလပ်ချိန်များပြီးလုပ်စရာမရှိတဲ့ဘဝတွေအကြောင်းကို သားက ပြန်ဆွေးနွေးလာပါတယ်။
.
ဒီနေရာမ
ှာ ကျွန်တော်က ထပ်ဖြည့်လိုက်တာက အချိန်ပိုနေသူတွေထဲမှာ ငွေကြေးချမ်းသာသူတွေချည်းရှိတာမဟုတ်ဘူး . . ဆင်းရဲနွမ်းပါးသူတွေလည်းပါတယ်၊ ပျင်းရိသူတွေလည်းပါတယ်၊ ဘာဆို ဘာမ မသင်ယူချင်တော့သူတွေလည်းပါတယ်။ သူတို့ထဲက အများစုဟာ "ငါတော့ ဘာမှဖြစ်ဖြစ်မြောက်မြောက်လုပ်နိုင်မှာမဟုတ်ဘူး" လို့တွေးပြီး ဘယ်သူကပေးတဲ့အကြံဉာဏ်ကိုမ လက်မခံကြတော့ဘူးဆိုတာ ကျွန်တော်ထပ်ဆွေးနွေးတယ်။
.
.
၄.. အင်မတန်အလုပ်များတဲ့အခါ
______________________
ဒီသတိပေးစကားက တစ်ခြားကိစ္စတွေထက်သိသာထင်ရ
ှားသလို နေ့စဉ်အတွေ့ရအများဆုံးအပြုအမူတွေဖြစ်တာနဲ့အညီ သားအဖနှစ်ယောက်လုံး သဘောတူကြတယ်။ ပြောရင်းပြောရင်း နဲ့ မျက်ရည်လည်လာတဲ့သားကိုကြည့်ပြီး အဖေလုပ်တဲ့သူက ကြွေကွဲခြင်းတစ်လှည့် ကြည်နူးခြင်းတစ်လှည့် မျက်လွှာပြန်ပြန်ချခဲ့ရတယ်။ သူ့အဖေ အလုပ်များတဲ့နမူနာ နဲ့ အားမနာတမ်းထောက်ပြတတ်တဲ့သားကိုလည်း ကြိတ်ပြီးချီးကျူးမိတယ်။
.
သူ့အဖေအလုပ်များတာ သားသမီးတွေအတွက်၊ အနာဂါတ်ပညာရေးအတွက်၊ နယ်မြေသစ်မ
ှာ ရေခံမြေခံကောင်းတဲ့ပင်ပျိုသစ်တို့ ထွန်းလင်းဖွံ့ထွားဖို့အတွက် . . ဒါတွေ သူအကုန်သိတယ်။
.
ဒီလို အလုပ်တစ်ခုနဲ့တစ်ခုကြားမ
ှာ ဘယ်လိုမှမအားလပ်တဲ့သူဟာ ဘယ်သူတွေဘာပြောပြော ကောင်းပေ့ဆိုတဲ့အကြံဉာဏ်တွေကို မလိုချင်တော့ဘူးဆိုတဲ့ အားလပ်ချိန်မရှိတဲ့ဘဝတွေအကြောင်းကို သားက ပြန်ဆွေးနွေးရင်း စကားဝိုင်းဟာ အချက်အလက်တွေပိုစုံလင်လာပါတယ်။
.
.
. ဒါလိုနဲ့ မိသားစုစကားဝိုင်းက မပြီးဆုံးသွားပဲ သားက "တစ်ခွန်းဖြည့်စွက်မယ်" လို့ပြောလာတော့ ချဲ့ထွင်ဆင်ခြင်ထိုးထွင်းမြင်တဲ့ သူ့ရဲ့ဆင့်ပွားတွေးတောခြင်း - Critical Thinking ကိုမြင်လိုက်ရတော့ ကျွန်တော်က အားတက်သရောမေးလိုက်တယ်။ သူပြောတာက လူတွေဟာ . .
.
.
၅.. အသက်အရွယ်ရလာတဲ့အခါ
_______________________
သား အမြဲစဉ်းစားမိတယ်၊ မျက်စိရ
ှေ့မှာ မကြာခဏမြင်ရတယ်၊ သူများပြောတာ တခါတခါကြားရတယ် . . ကိစ္စတစ်ခုခုဆိုရင် နယ်ပယ်တော်တော်များများမှာ လူကြီးတွေဟာ သူများပြောတာ သိပ်လက်မခံချင်ဘူး။ အထူးသဖြင့် အသက်အရွယ်ကြီးသူတွေက သူတို့ပြောတာကိုသာအတင်းလက်ခံစေချင်ပြီး တစ်ခြားသူပြောတာကို တော်တော်နဲ့လက်မခံတတ်တာကို မြန်မာနိုင်ငံပြန်တုန်းက သူတွေ့ခဲ့ သူသိခဲ့တာတွေနဲ့ နှိုင်းယှဉ်ပြီးပြောပြတယ်
.
ဒီကနေ ကျွန်တော်တို့ဆက်ဆွေးနွေးတာတွေရ
ှိပေမယ့် ဆောင်းပါးခေါင်းစဉ်ကိုသွေဖယ်မသွားစေချင်လို့ ထပ်မဖော်ပြတော့ပါဘူး။ အရင်သူ တက္ကသိုလ်မသွားချင်တုန်းက ကျွန်တော်တို့သားအဖကြားမှာ ဒီလိုမျိုးစကားဝိုင်းကို တစ်နှစ်ကို (၁ဝ) ခေါက်လောက်လုပ်ဖြစ်ခဲ့တယ်။
.
အခု ကျောင်းနားလို့ပြန်တဲ့ခဏတာလေးထဲမ
ှာ သူအားတဲ့အချိန်၊ ဆွေးနွေးလို့ကောင်းမယ့်အချိန်၊ ဘယ်သူက ဘာကိုပြောလိုက် ပြောလိုက် တစ်ယောက်ချင်းစီက လက်ခံနိုင်တဲ့အချိန်ကိုစောင့်ပြီး ပြောဖြစ်နေပါတယ်။ ဒါပေမယ့် ကျောင်းက တစ်နှစ်လုံးမှာ (၃) ခေါက်လောက်ပိတ်တာဆိုတော့ ဒီစကားဝိုင်းလေးကိုမှတ်တမ်းတင်ရင်း ရွှေဥ ဥသလို တယုတယသိမ်းထားတဲ့စကားလုံးတွေ ကျွန်တော်ကသူ့ကို (၄) ခွန်း နဲ့ သူက ကျွန်တော့ကို (၁) ခွန်း မှာကြားလိုက်နိုင်ခဲ့ပြီး အဖေနဲ့သားစကားဝိုင်းကနေ မိသားစုစိတ်ကျေနပ်မှု - Peace of Mind ကို ရှာဖွေနိုင်ခဲ့ပါတယ်
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 08-30-2018

No comments: