ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, October 1, 2013

မွတ္တမ္းတင္အပ္ပါသည္




၂ဝ၁၃ စက္တင္ဘာ လကုန္အထိ Hot News Journal တြင္ေဖာ္ျပပါရွိခဲ႕ေသာ ေဆာင္းပါး ( ၁၄ ) ပုဒ္ အတြက္ စာမူခ ( ၉၄ဝဝဝ ) က်ပ္ 



ကို နာမႈကူညီေရးအသင္း - ရန္ကုန္






သို႕ သြားေရာက္လွဴဒါန္းေပးေသာ




ကိုေဂ်ာ္လီထြန္း ႏွင္႕ ဇနီး ၊ ေနရာေပးေဖာ္ျပေပးေသာ



Hot News Journal အယ္ဒီတာ ႏွင္႕ အဖြဲ႕သားမ်ား ၊ အားနာ ပါးနာ အခ်ိန္ေပးၾကေသာ


သူငယ္ခ်င္းအေပါင္း ႏွင္႕ စာဖတ္ပရိသတ္မ်ား အပါအဝင္ 



      ကူညီၾကသူမ်ားအားလံုးတို႕ကို  ဤစာမ်က္ႏွာငယ္ေလး မွတစ္ဆင္႕ ေက်းဇူးတင္ ကုသုိလ္ေဝမွ် မွတ္တမ္းတင္အပ္ပါသည္ ။




ကိုညီညီ - ေတာင္ၾကီး
.
.
“ ကုိေဂ်ာ္လီထြန္း ၏ စာေပအေပၚအျမင္အေတြး DVB Interview ”
တင္ျပသူ - ကုိညီညီ ( ေတာင္ၾကီး )
.
ကြ်န္ေတာ္ စာေရးခါစကေန ၂ဝ၁၃ စက္တင္ဘာ လကုန္အထိ The Hot News Journal တြင္ေဖာ္ျပပါရွိခဲ႕တဲ႕ ေဆာင္းပါး ( ၁၄ ) ပုဒ္ အတြက္ ဦးဦးဖ်ားဖ်ားရတဲ႕စာမူခ ( ၉၄ဝဝဝ ) က်ပ္ ကုိ ရန္ကုန္နာမႈကူညီေရးအသင္းကို ကုိယ္တိုင္ကိုယ္က်သြားေရာက္လွဴဒါန္းေပးခဲ႕တဲ႕ ႏုိင္ငံေရးအက်ဥ္းသားေဟာင္း ကိုေဂ်ာ္လီထြန္း တိမ္းပါးသြားတာကုိၾကားသိရတဲ႕အတြက္ လြန္စြာဝမ္းနည္းမိပါတယ္။
.
ျမန္မာႏုိင္ငံကဂ်ာနယ္ေတြကို အြန္လိုင္းကေနစဖတ္ေတာ႕ ကိုေဂ်ာ္လီထြန္း ေထာင္ကလြတ္ျပီး စာစေရးတာ ဖတ္ရတဲ႕ေနာက္ပိုင္း သူ႕ရဲ႕အနစ္နာခံမႈကို ေလးစားမိသလို အၾကီးတန္းအယ္ဒီတာရာထူးေပး အလုပ္ခန္႕ခဲ႕တဲ႕ The Hot News Journal ဂ်ာနယ္ကိုလည္း ေလးစားမိပါတယ္။ သူ႕ရဲ႕ေထာင္တြင္းအေတြ႕အၾကံဳေတြကို ေနေလာင္ခံ အညတရ အေရးအသား နဲ႕ အေမွာင္တိုက္ည မဟူရာဘဝေတြကို စာဖတ္သူေတြလက္ထဲကို စာအုပ္အျဖစ္ အေရာက္ပို႕ေပးခဲ႕သူပါ။
.
.
အလင္းကမၻာထဲကိုေရာက္ျပီးမွ စာအုပ္ထုတ္ျဖစ္ခဲ႕တဲ႕ ကိုေဂ်ာ္လီထြန္းရဲ႕စာေတြကို သူ႕အမ်ိဳးသမီးက ပံုႏွိပ္ေပၚမေရာက္ခင္ စာလံုးေပါင္း စစ္ေပးပါတယ္။ စာအုပ္မိတ္ဆက္ပြဲရဲ႕ေနာက္ပိုင္းမွာ ကားျဖဴေလးတစ္စီးဝယ္ျပီး စာေပေဟာေျပာပြဲရွိတဲ႕ေနရာေတြကုိ လိုက္လံေၾကာ္ျငာေပးရင္း သူ႕ကုိယ္ပိုင္စာအုပ္ကို ကားနဲ႕လိုက္ေရာင္းတာ စာေရးဆရာထဲမွာ ပထမဦးဆံုးလို႕ The Hot News Journal က မွတ္တမ္းတင္ထားပါတယ္။
.
သူနဲ႕ ဖုန္းစေျပာျဖစ္တဲ႕အခါ သူ နရသိန္ထဲမဝင္ျပီး သိပ္မၾကာခင္ ေပ်ာက္သြားတဲ႕သူ႕သားကို ရွာပံုေတာ္ဖြင္႕ေနတဲ႕အေၾကာင္း ကြ်န္ေတာ႕ကိုေျပာျပဖူးပါတယ္။ ဒါနဲ႕ ကြ်န္ေတာ္သိတဲ႕အေမရိကန္ႏိုင္ငံ၊ အင္ဒီယားနားျပည္နယ္က ဒုကၡသည္စခန္းကို စံုစမ္းေပးခဲ႕႔ဖူးေပမယ္႕ အရာမေရာက္ခဲ႕ပါဘူး။ အျဖစ္မွန္က သူ႕သားဟာ သူမရွိတုန္း ႏုိင္ငံျခားမွာအလုပ္ရမယ္ဆုိျပီး အသိမိတ္ေဆြတစ္ေယာက္ေခၚသြားလို႕ ထုိင္းႏုိင္ငံမွာ ႏွစ္ေပါင္းမ်ားစြာေသာင္တင္ျပီး အိမ္ေထာင္က်ကာ အေမရိကားကုိ မေရာက္လာပါဘူး။
.
.
ေနာက္ေတာ႕ သူဟာ Facebook ကေန ေတာက္ေလွ်ာက္ရွာတဲ႕အခါ လူငယ္တစ္ေယာက္ခ်ိတ္ဆက္ေပးလို႕ သား၊ ေခြ်းမတို႕နဲ႕ျပန္ေတြ႕ရံုမက ပညာေတာ္ျပီးေခ်ာေမာလွပတဲ႕ေျမးမေလးတို႕ကိုပါ ျပန္ဆံုဆည္းခဲ႕ပါတယ္။ ဒီလိုအခ်ိန္ဟာ ကုိေဂ်ာ္လီထြန္းအတြက္ “ ေနဝင္ညကိုကူးျဖတ္ရဲေတာ႕ ေရာင္နီသာတဲ႕ေန႕သစ္ကုိေရာက္ ” တာလို႕ေျပာရင္ မလြန္ကဲေတာ႕ပါဘူး။
.
ေနာက္ပိုင္းမွာ သူ စာအုပ္ ( ၂ ) အုပ္ ေရးသားႏုိင္ခဲ႕ပါတယ္။ ပထမစာအုပ္က “ ေထာင္အတြင္း ( ၂၃ ) ႏွစ္ျပည္႕ရန္ ႏွစ္ရက္အလုိ ႏွင္႕ ကိုယ္ေတြ႕မွတ္တမ္းမ်ား ” ျဖစ္ျပီး “ ေသဒဏ္ထက္ဆိုးတဲ႕ျပစ္ဒဏ္ ” က ဒုတိယထုတ္စာအုပ္ ျဖစ္ပါတယ္။ မကြယ္လြန္ခင္အထိ စာေပအေၾကာင္းဆိုရင္ အျမဲတက္ၾကြေနသူျဖစ္ျပီး စာေပေဟာေျပာပြဲရွိရင္ ကုိေဂ်ာ္လီထြန္းတုိ႕လင္မယားကို စာအုပ္အေရာင္းကားေလးနဲ႕ အျမဲေတြ႕ေနရတတ္ပါတယ္။
.
.
ကုိေက်ာ္သူဆီကိုေငြလွဴေပးျပီးတဲ႕ေနာက္ သူပို႕လာတဲ႕ပံုေတြကို သတိတရျပန္ရွာရင္း မွတ္ဥာဏ္ထဲမွာ တစ္ခ်ိန္တုန္းကကပ္တြယ္ေလးစားရတဲ႕ ကိုေဂ်ာ္လီထြန္းကို ေလးစားဂုဏ္ျပဳလိုက္ရပါတယ္။ ေက်ာင္းသားလူငယ္ နဲ႕ မတရားမႈတိုက္ဖ်က္ေရးကိုတုိက္ပြဲဝင္ခဲ႕တဲ႕ ကုိေဂ်ာ္လီထြန္း .. သူျမင္ခ်င္တဲ႕အစုိးရသစ္ကုိ မျမင္သြားရတာ စိတ္မေကာင္းလြန္းလို႕ပါ။
.
ကြ်န္ေတာ္စာေရးတာ သက္တမ္း ( ၂ ) ႏွစ္ ( ၃ ) ႏွစ္ ရွိပါျပီ။ ဒါဟာ ကိုေဂ်ာ္လီထြန္းေထာင္က်ခဲ႕တဲ႕ ( ၂၃ ) ႏွစ္ရဲ႕ ဆယ္ပံုတစ္ပံု အခ်ိန္ပမာဏပဲ ရွိပါတယ္ .. ဘယ္လိုမွ မယွဥ္သာပါဘူး။ အမွန္အတိုင္းဝန္ခံရရင္ ကိုေဂ်ာ္လီထြန္းစာေတြဖတ္ျပီးေတာ႕မွ စာေရးခ်င္တဲ႕စိတ္ေတြ ပိုအားေကာင္းခဲ႕တာပါ။
.
.
ရန္ကုန္မွာေနသူတစ္ေယာက္အေနနဲ႕ ဒီညေနစားမယ္႕ေၾကးအိုးတစ္ခြက္အစား ကုိေဂ်ာ္လီထြန္းရဲ႕စာအုပ္ ( ၂ ) အုပ္ထဲက တစ္အုပ္အုပ္ကို ရွာဝယ္ေပးလိုက္မယ္ဆိုရင္ သူ႕မိသားစုကို အတိုင္းအတာတစ္ခုအထိ အေထာက္အပံ႕ျဖစ္သြားႏုိင္မယ္ဆုိတာ ယံုမွားသံသယမရွိႏုိင္ပါဘူး။
.
ကြ်န္ေတာ္တုိ႕ ကုိေဂ်ာ္လီထြန္းရဲ႕ေနာက္ဆံုးခရီးကုိ လုိက္မပို႕ႏိုင္ေပမယ္႕ က်န္ရစ္ေသာ သူခ်စ္ရတဲ႕မိသားစုရဲ႕ လက္က်န္ဘဝေတြကို သူ႕စာအုပ္ဝယ္ယူအားေပးျခင္းျဖင္႕ ပါရမီျဖည္႕ေပးႏုိင္ပါတယ္ဆုိတာ ရဲရဲၾကီးယံုၾကည္ပါတယ္။
.
အခုလို အနစ္နာခံစိတ္ နဲ႕ မိသားစုကို ျပန္လည္ပ်ိဳးေထာင္ေပးျပီးမွ ဒီမိုကေရစီေလာကကေန အနားယူသြားတဲ႕ ကုိေဂ်ာ္လီထြန္း ေကာင္းရာသုဂတိေရာက္မယ္ဆိုတာ ပုိ၍ပုိ၍ ယံုၾကည္မိပါေတာ႕တယ္။
.
.
7 Day News Journal မွာေဖာ္ျပခဲ႕တဲ႕ ကုိေဂ်ာ္လီထြန္းအေၾကာင္း ။။။။။။။။။။ https://www.facebook.com/photo.php?fbid=339884662817517&set=a.170381926434459.40589.100003879574228&type=3&theater
.
အြန္လုိင္းမွာဝယ္ႏုိင္တဲ႕ ကုိေဂ်ာ္လီထြန္းရဲ႕စာအုပ္ ။။။။။။။။။။ http://www.myanmarbookshop.com/MyanmarBooks/BookDetails/28410
.
ေနရာသစ္မွသင္ယူျခင္းဘေလာ႕ဂ္ မွာ ကိုေဂ်ာ္လီထြန္းကို မွတ္တမ္းတင္ထားတဲ႕ပံု ။။။။။။။။။။ https://konyinyitaunggyi.blogspot.com/b/post-preview?token=cHlohFMBAAA.wpQfWRZeKs4zehGTAstidLEPKcDI1Tivnp25wcVeuVXLGshf7YuSN_qRaGOmy_JMt6Bg9bErvDJQn62pHxzP5Q.TUvkXUBLpyWTJmr5ZfPq-A&postId=2132239978563960713&type=POST
.
ကုိေဂ်ာ္လီထြန္း နဲ႕ DVB ေမးျမန္းခန္း အင္တာဗ်ဴး ဗီဒီယုိ ။။။။။။။။။။ https://www.youtube.com/watch?v=vpNlBtOgLWQ
.
ကိုေဂ်ာ္လီထြန္းရဲ႕ Facebook စာမ်က္ႏွာ ။။။။။။။။။။ https://www.facebook.com/jolly.htoon#
.
.
ဝမ္းနည္းလ်က္
.
ကုိညီညီ ( ေတာင္ၾကီး )
.
03-16-2016
.
.
.
Myanmar Unicode Version:
.
.
“ ကိုဂျော်လီထွန်း ၏ စာပေအပေါ်အမြင်အတွေး DVB Interview ”
တင်ပြသူ - ကိုညီညီ ( တောင်ကြီး )
.
ကျွန်တော် စာရေးခါစကနေ ၂ဝ၁၃ စက်တင်ဘာ လကုန်အထိ The Hot News Journal တွင်ဖော်ပြပါရှိခဲ့တဲ့ ဆောင်းပါး ( ၁၄ ) ပုဒ် အတွက် ဦးဦးဖျားဖျားရတဲ့စာမူခ ( ၉၄ဝဝဝ ) ကျပ် ကို ရန်ကုန်နာမှုကူညီရေးအသင်းကို ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဂျော်လီထွန်း တိမ်းပါးသွားတာကိုကြားသိရတဲ့အတွက် လွန်စွာဝမ်းနည်းမိပါတယ်။
.
မြန်မာနိုင်ငံကဂျာနယ်တွေကို အွန်လိုင်းကနေစဖတ်တော့ ကိုဂျော်လီထွန်း ထောင်ကလွတ်ပြီး စာစရေးတာ ဖတ်ရတဲ့နောက်ပိုင်း သူ့ရဲ့အနစ်နာခံမှုကို လေးစားမိသလို အကြီးတန်းအယ်ဒီတာရာထူးပေး အလုပ်ခန့်ခဲ့တဲ့ The Hot News Journal ဂျာနယ်ကိုလည်း လေးစားမိပါတယ်။ သူ့ရဲ့ထောင်တွင်းအတွေ့အကြုံတွေကို နေလောင်ခံ အညတရ အရေးအသား နဲ့ အမှောင်တိုက်ည မဟူရာဘဝတွေကို စာဖတ်သူတွေလက်ထဲကို စာအုပ်အဖြစ် အရောက်ပို့ပေးခဲ့သူပါ။
.
.
အလင်းကမ္ဘာထဲကိုရောက်ပြီးမှ စာအုပ်ထုတ်ဖြစ်ခဲ့တဲ့ ကိုဂျော်လီထွန်းရဲ့စာတွေကို သူ့အမျိုးသမီးက ပုံနှိပ်ပေါ်မရောက်ခင် စာလုံးပေါင်း စစ်ပေးပါတယ်။ စာအုပ်မိတ်ဆက်ပွဲရဲ့နောက်ပိုင်းမှာ ကားဖြူလေးတစ်စီးဝယ်ပြီး စာပေဟောပြောပွဲရှိတဲ့နေရာတွေကို လိုက်လံကြော်ငြာပေးရင်း သူ့ကိုယ်ပိုင်စာအုပ်ကို ကားနဲ့လိုက်ရောင်းတာ စာရေးဆရာထဲမှာ ပထမဦးဆုံးလို့ The Hot News Journal က မှတ်တမ်းတင်ထားပါတယ်။
.
သူနဲ့ ဖုန်းစပြောဖြစ်တဲ့အခါ သူ နရသိန်ထဲမဝင်ပြီး သိပ်မကြာခင် ပျောက်သွားတဲ့သူ့သားကို ရှာပုံတော်ဖွင့်နေတဲ့အကြောင်း ကျွန်တော့ကိုပြောပြဖူးပါတယ်။ ဒါနဲ့ ကျွန်တော်သိတဲ့အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်က ဒုက္ခသည်စခန်းကို စုံစမ်းပေးခဲ့ဖူးပေမယ့် အရာမရောက်ခဲ့ပါဘူး။ အဖြစ်မှန်က သူ့သားဟာ သူမရှိတုန်း နိုင်ငံခြားမှာအလုပ်ရမယ်ဆိုပြီး အသိမိတ်ဆွေတစ်ယောက်ခေါ်သွားလို့ ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာသောင်တင်ပြီး အိမ်ထောင်ကျကာ အမေရိကားကို မရောက်လာပါဘူး။
.
.
နောက်တော့ သူဟာ Facebook ကနေ တောက်လျှောက်ရှာတဲ့အခါ လူငယ်တစ်ယောက်ချိတ်ဆက်ပေးလို့ သား၊ ချွေးမတို့နဲ့ပြန်တွေ့ရုံမက ပညာတော်ပြီးချောမောလှပတဲ့မြေးမလေးတို့ကိုပါ ပြန်ဆုံဆည်းခဲ့ပါတယ်။ ဒီလိုအချိန်ဟာ ကိုဂျော်လီထွန်းအတွက် “ နေဝင်ညကိုကူးဖြတ်ရဲတော့ ရောင်နီသာတဲ့နေ့သစ်ကိုရောက် ” တာလို့ပြောရင် မလွန်ကဲတော့ပါဘူး။
.
နောက်ပိုင်းမှာ သူ စာအုပ် ( ၂ ) အုပ် ရေးသားနိုင်ခဲ့ပါတယ်။ ပထမစာအုပ်က “ ထောင်အတွင်း ( ၂၃ ) နှစ်ပြည့်ရန် နှစ်ရက်အလို နှင့် ကိုယ်တွေ့မှတ်တမ်းများ ” ဖြစ်ပြီး “ သေဒဏ်ထက်ဆိုးတဲ့ပြစ်ဒဏ် ” က ဒုတိယထုတ်စာအုပ် ဖြစ်ပါတယ်။ မကွယ်လွန်ခင်အထိ စာပေအကြောင်းဆိုရင် အမြဲတက်ကြွနေသူဖြစ်ပြီး စာပေဟောပြောပွဲရှိရင် ကိုဂျော်လီထွန်းတို့လင်မယားကို စာအုပ်အရောင်းကားလေးနဲ့ အမြဲတွေ့နေရတတ်ပါတယ်။
.
.
ကိုကျော်သူဆီကိုငွေလှူပေးပြီးတဲ့နောက် သူပို့လာတဲ့ပုံတွေကို သတိတရပြန်ရှာရင်း မှတ်ဥာဏ်ထဲမှာ တစ်ချိန်တုန်းကကပ်တွယ်လေးစားရတဲ့ ကိုဂျော်လီထွန်းကို လေးစားဂုဏ်ပြုလိုက်ရပါတယ်။ ကျောင်းသားလူငယ် နဲ့ မတရားမှုတိုက်ဖျက်ရေးကိုတိုက်ပွဲဝင်ခဲ့တဲ့ ကိုဂျော်လီထွန်း .. သူမြင်ချင်တဲ့အစိုးရသစ်ကို မမြင်သွားရတာ စိတ်မကောင်းလွန်းလို့ပါ။
.
ကျွန်တော်စာရေးတာ သက်တမ်း ( ၂ ) နှစ် ( ၃ ) နှစ် ရှိပါပြီ။ ဒါဟာ ကိုဂျော်လီထွန်းထောင်ကျခဲ့တဲ့ ( ၂၃ ) နှစ်ရဲ့ ဆယ်ပုံတစ်ပုံ အချိန်ပမာဏပဲ ရှိပါတယ် .. ဘယ်လိုမှ မယှဉ်သာပါဘူး။ အမှန်အတိုင်းဝန်ခံရရင် ကိုဂျော်လီထွန်းစာတွေဖတ်ပြီးတော့မှ စာရေးချင်တဲ့စိတ်တွေ ပိုအားကောင်းခဲ့တာပါ။
.
.
ရန်ကုန်မှာနေသူတစ်ယောက်အနေနဲ့ ဒီညနေစားမယ့်ကြေးအိုးတစ်ခွက်အစား ကိုဂျော်လီထွန်းရဲ့စာအုပ် ( ၂ ) အုပ်ထဲက တစ်အုပ်အုပ်ကို ရှာဝယ်ပေးလိုက်မယ်ဆိုရင် သူ့မိသားစုကို အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ဖြစ်သွားနိုင်မယ်ဆိုတာ ယုံမှားသံသယမရှိနိုင်ပါဘူး။
.
ကျွန်တော်တို့ ကိုဂျော်လီထွန်းရဲ့နောက်ဆုံးခရီးကို လိုက်မပို့နိုင်ပေမယ့် ကျန်ရစ်သော သူချစ်ရတဲ့မိသားစုရဲ့ လက်ကျန်ဘဝတွေကို သူ့စာအုပ်ဝယ်ယူအားပေးခြင်းဖြင့် ပါရမီဖြည့်ပေးနိုင်ပါတယ်ဆိုတာ ရဲရဲကြီးယုံကြည်ပါတယ်။
.
အခုလို အနစ်နာခံစိတ် နဲ့ မိသားစုကို ပြန်လည်ပျိုးထောင်ပေးပြီးမှ ဒီမိုကရေစီလောကကနေ အနားယူသွားတဲ့ ကိုဂျော်လီထွန်း ကောင်းရာသုဂတိရောက်မယ်ဆိုတာ ပို၍ပို၍ ယုံကြည်မိပါတော့တယ်။
.
.
7 Day News Journal မှာဖော်ပြခဲ့တဲ့ ကိုဂျော်လီထွန်းအကြောင်း ။။။။။။။။။။ https://www.facebook.com/photo.php?fbid=339884662817517&set=a.170381926434459.40589.100003879574228&type=3&theater
.
အွန်လိုင်းမှာဝယ်နိုင်တဲ့ ကိုဂျော်လီထွန်းရဲ့စာအုပ် ။။။။။။။။။။ http://www.myanmarbookshop.com/MyanmarBooks/BookDetails/28410
.
နေရာသစ်မှသင်ယူခြင်းဘလော့ဂ် မှာ ကိုဂျော်လီထွန်းကို မှတ်တမ်းတင်ထားတဲ့ပုံ ။။။။။။။။။။ https://konyinyitaunggyi.blogspot.com/b/post-preview?token=cHlohFMBAAA.wpQfWRZeKs4zehGTAstidLEPKcDI1Tivnp25wcVeuVXLGshf7YuSN_qRaGOmy_JMt6Bg9bErvDJQn62pHxzP5Q.TUvkXUBLpyWTJmr5ZfPq-A&postId=2132239978563960713&type=POST
.
ကိုဂျော်လီထွန်း နဲ့ DVB မေးမြန်းခန်း အင်တာဗျူး ဗီဒီယို ။။။။။။။။။။ https://www.youtube.com/watch?v=vpNlBtOgLWQ
.
ကိုဂျော်လီထွန်းရဲ့ Facebook စာမျက်နှာ ။။။။။။။။။။ https://www.facebook.com/jolly.htoon#
.
.
ဝမ်းနည်းလျက်
.
ကိုညီညီ ( တောင်ကြီး )
.
03-16-2016


No comments: