ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, December 26, 2015

သားသမီးထုအေပၚမိဘမ်ား၏အနာဂါတ္ရင္းႏွီးျမွဳပ္ႏွံမႈ

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ျမန္မာႏုိင္ငံအေၾကာင္း အထူးသျဖင္႕ ကိုယ္႕ေမြးရပ္ေျမက မိတ္ေဆြေဟာင္းေတြသတင္းကိုၾကားမိတိုင္း ကြ်န္ေတာ္ဟာ ဝမ္းသာရသလုိ ဝမ္းလည္းနည္းရတယ္။ သူတို႕တစ္ေတြတိုးတက္ခ်မ္းသာေတာ႕ ကြ်န္ေတာ႕ရင္ထဲမွာ ၾကည္ႏူးမိတယ္။ သူတို႕သားသမီးေတြရဲ႕အနာဂါတ္အတြက္ အားတက္မိတယ္။ ဒါေပမယ္႕ ကုန္သည္တစ္ေယာက္အျဖစ္အသက္ေမြးခဲ႕တဲ႕ကြ်န္ေတာ္က အခုလုိ ေခတၱအေမရိကားမွာ ဝန္ထမ္းတစ္ေယာက္ျဖစ္ေနေတာ႕ သံုးေငြ နဲ႕ ရေငြကို ကုိယ္႕လုပ္အားနဲ႕အားလပ္ခ်ိန္တုိ႕ကို အလုပ္လုပ္တဲ႕ကုမၸဏီမွာ အေပါင္ထားရသလိုျဖစ္ေနတယ္။
.
ဒါေၾကာင္႕ သံုးေငြမ်ားသြားသလား? လကုန္မွဆပ္။ အေၾကြးမ်ားေနလား? ခရက္ဒစ္ကဒ္ထုတ္သံုး။ ျမန္မာႏုိင္ငံကလုိ ပုိက္ဆံပါမွသံုးရသလိုမဟုတ္ေတာ႕ ဘာဝယ္ဝယ္ ပလပ္စတစ္ကဒ္ျပားဆြဲ .. ဒီလို Paycheck to Paycheck ဘဝထဲ ၾကပ္တည္းစြာမေရာက္ရံုတစ္မယ္မုိ႕ သက္သာတယ္လို႕ဆုိရပါမယ္။ တစ္ခ်ိဳ႕မ်ားဆုိ ေဒၚလာ ( ၄ဝဝ ) ေလာက္ လွည္႕သံုးရဖို႕အေရး တစ္လ ( ၂ဝ% ) ေပးရတဲ႕ အျမတ္ၾကီးစားေငြတုိးကုမၸဏီကေန ေငြေခ်းၾက၊ ျပန္မဆပ္ႏုိင္ေတာ႕ ေငြေတာင္းစာေတြကုိလ်စ္လ်ဴရႈ၊ အေစာင္ေစာင္လာတဲ႕စာေတြကေနတစ္ဆင္႕ ေနာက္ဆံုးအေရးယူပါမယ္၊ နာမည္ပ်က္စာရင္းသြင္းပါမယ္ဆုိတဲ႕စာေတြဆက္တုိက္လာ စတဲ႕ မရွိစုရွိစုဘဝထဲကို ကြ်န္ေတာ္မသက္ဆင္းရတာ ေတာ္ေတာ္ကံေကာင္းတယ္လို႕ဆိုရမွာပါ။
.
.
ဒီဘက္ႏုိင္ငံကုိမလာခင္တုန္းက ကိုညီညီ ( ေတာင္ၾကီး ) ဆိုတာ ကုန္သည္ေလာကမွာ နာမည္တစ္လံုးနဲ႕ေပါ႕။ အခုအခိ်န္နဲ႕ေတာ႕ ဆီနဲ႕ေရ လို ကြာသြားျပီထင္ပါတယ္။ အဲဒီတုန္းက ကြ်န္ေတာ္နဲ႕ျပိဳင္ဘက္၊ လုပ္ေဖာ္ကိုင္ဘက္၊ အားကိုးေဖာ္ကုမၸဏီမ်ားဟာ အခုဆိုရင္ တိုက္ဆို ဘယ္ႏွစ္လံုး၊ ကုမၸဏီဆိုရင္ ဘယ္ကုမၸဏီကုိေမးတာလဲ၊ တိုက္ခန္းဆိုရင္လည္း ဘယ္ေနရာမွာေဆာက္ထားတဲ႕ဆုိင္ခန္းလဲလို႕ ခြဲခြဲျခားျခားေမးယူရေလာက္ေအာင္တိုးတက္ၾကီးပြားလာၾကတယ္။

.
.
တစ္ဖက္ကေနျပန္ေတြးၾကည္႕တဲ႕အခါ ..
.
.
သူတို႕ရဲ႕သားသမီးေတြ ေသးေသးေလး ကေန ေကာလိပ္ေက်ာင္းအထိ ႏိုင္ငံျခားေက်ာင္းထားၾကတယ္။ ဝင္ဒါမီယာထဲက အဂၤလိပ္ေက်ာင္းဆို တစ္ႏွစ္ကို ေဒၚလာ ( ၁၇ဝဝဝ ) ေပးရတယ္လို႕ဆုိေလတယ္။ အိမ္အတြက္ ကားသမားငွားထားတယ္။ ဘာျဖစ္လုိ႕လဲဆိုေတာ႕ ကိုယ္တိုင္ေက်ာင္းပုိ႕ရင္ ကားလမ္းပိတ္တာနဲ႕တင္ လမ္းမွာအခ်ိန္ကုန္ျပီး အလုပ္လုပ္လို႕မရလုိ႕ဆိုတာ သိရတယ္။ ကားသမားလခက ( ၂၅ဝဝဝဝ ) တဲ႕ေလ။ ဒါေတာင္ ေစ်းသက္သာျပီး ကိုယ္က်င္႕စာရိတၱေကာင္းလြန္းလို႕ လူေကာင္းရထားတယ္လို႕ေျပာတယ္။ တစ္ဖန္ ဒီကားသမားအလုပ္မဆင္းခဲ႕ရင္ အရန္အေနနဲ႕ လူငယ္ေလးတစ္ေယာက္ကို ထပ္ငွားထားရျပန္တယ္ .. တစ္လ ( ၁၅ဝဝဝဝ ) က်ပ္ေပးရတဲ႕ စာတတ္ေပတတ္ ေခတ္လူငယ္ေလးေပါ႕။
.
ဆိုင္အလုပ္ နဲ႕ အိမ္၊ အိမ္ နဲ႕ ကေလးေက်ာင္း၊ မနက္ နဲ႕ ည ၾကားမွာ ထမင္းဆိုတာ ဘယ္ခ်က္စားႏုိင္ပါ႕မလဲလုိ႕လည္း ညည္းသံၾကားရတယ္။ ဒါနဲ႕ ညပိုင္းထြက္စားျပန္ေတာ႕ လမ္းေတြက ကားမရွင္းေသးဘူး။ ဒါနဲ႕ ညပိုင္းမွာ ကုန္သည္ကုိယ္တုိင္ အခ်ိန္ထပ္ကုန္ရျပန္ေရာ။ ဒီတစ္ခါေတာ႕ ကားေပၚမွာကုန္ရတဲ႕အခ်ိန္ဟာ  မိတ္ေဆြတစ္ေယာက္တည္းမဟုတ္ေတာ႕ဘူး။ မိသားစုတစ္ခုလံုးရဲ႕အခ်ိန္ျဖစ္ေနပါျပီ။
.
ဒါနဲ႕ စားျပီးေသာက္ျပီး အိမ္ျပန္ေရာက္၊ ကိုယ္လက္သန္႕စင္၊ တီဗီၾကည္႕ဖုိ႕ဧည္႕ခန္းမွာထုိင္ရင္ ညအိပ္ခ်ိန္နဲ႕ကပ္လာေနျပီ။ ဒီလိုနဲ႕သူတုိ႕ျဖတ္သန္းရတာက ကြ်န္ေတာ္အေမရိကားမွာ တစ္ရက္ ( ၈ ) နာရီဝန္ထမ္းျဖစ္တဲ႕ဘဝကမွ အားလပ္ခ်ိန္ရွိဦးမယ္ .. သူတို႕ကအခ်ိန္ျပည္႕ ဥစၥာေစာင္႕အလုပ္သမား လို႕ ေျပာၾကတယ္။
.
.
ရန္ကုန္မွာ က်က်နနအိမ္တစ္လံုးပုိင္ဖို႕ဆိုရင္ သိန္းကုိ ေသာင္းနဲ႕ခ်ီမေပးရင္မရေတာ႕ ရင္းႏွီးလုပ္ကိုင္စားစရာ ေငြခ်န္ရေသးလို႕ မဝယ္ႏုိင္ေသးဘူးလို႕လည္း သိရတယ္။ ဒါနဲ႕ ေန႕စဥ္လုပ္ငန္းလုပ္ရင္း ေငြကိုရွာ၊ ကေလးရဲ႕ပညာေရးကုိရင္းႏွီးျမွဳပ္ႏွံ၊ သြားေရးလာေရး - Commute အရ ကားလမ္းေပၚမွာအခ်ိန္ကုန္ နဲ႕ ျမန္မာႏုိင္ငံကဘဝကို ျပန္လည္မတမ္းတစမ္းပါနဲ႕လို႕ ေျပာျပတဲ႕မိတ္ေဆြကို ကိုယ္ခ်င္းစာမိတယ္။ ခ်မ္းသာေပမယ္႕ ျမန္မာသားသမီးေတြကုိ ႏုိင္ငံတကာအျမင္ရရွိဖို႕ ေတာင္ပံတပ္ေပးေနရတဲ႕ သူတို႕ရဲ႕ဒုကၡ နဲ႕ ကုန္က်စားရိတ္ကုိ ရိပ္စားမိတယ္။
.
ဒါနဲ႕ ကြ်န္ေတာ္က “ မင္းတို႕ပုိက္ဆံရွိတာက ေၾကာက္စရာၾကီး .. ျမန္မာႏုိင္ငံကလူေတြခ်မ္းသာတာကမွ တစ္ကယ္ခ်မ္းသာတာ ” လို႕ ေျပာေတာ႕ သူက ဘဝင္မက်ဘူး။ “ မဟုတ္ဘူးေလ .. မင္းက အေမရိကားမွာဝန္ထမ္းျဖစ္ေနရေပမယ္႕ သားသမီးေတြကို ကမၻာ႕အဆင္႕ပညာေရးႏုိ႕ရည္ေသာက္စုိ႕ခြင္႕ေပးထားျပီးျပီ။ တစ္ခ်ိန္ခ်ိန္သူတို႕ေက်ာင္းျပီးတဲ႕အခ်ိန္ ငါတို႕က ျမန္မာႏုိင္ငံမွာ ရုန္းကန္ေနရတုန္း .. မင္းက ေအးေအးေဆးေဆးျဖစ္ေနျပီ ” လို႕ ရယ္သြမ္းျပီးေျပာပါေတာ႕တယ္။
.
.
ကြ်န္ေတာ္ နဲ႕ ကြ်န္ေတာ႕မိတ္ေဆြတို႕ရဲ႕ တစ္ေယာက္ကိုတစ္ေယာက္ ခ်ီးေျမွာက္ - Appreciate လုပ္ေနတာက ဘယ္သူမွန္သလဲဆိုတာ အခ်ိန္တစ္ခုေရာက္ရင္ အဆံုးအျဖတ္ေပးသြားမယ္ဆိုတာ ကြ်န္ေတာ္သိပါတယ္။ ဒါေပမယ္႕ လူဆိုတာ ကိုယ္မရတာကိုမွေကာင္းတယ္လုိ႕ထင္ေနတတ္တဲ႕ ေလာဘမသတ္ႏုိင္တဲ႕ ေမာဟသတၱဝါ မဟုတ္လား? ဒါေၾကာင္႕ ႏုိင္ငံ႕အျပင္ထြက္ခြင္႕မရသူက အေမရိကားေရာက္ေနသူကို သူတုိ႕ဘဝကေကာင္းလိုက္တာလို႕ထင္ျမင္ၾကတယ္။ ဒီဘက္ျခမ္းႏုိင္ငံမွာရုန္းကန္ေနရသူက ျမန္မာႏုိင္ငံျပန္ျပီးအလုပ္လုပ္ခ်င္တယ္္။ လူ႕အလုိနတ္မလုိက္ႏုိင္ေပမယ္႕ အခ်ိန္က ကုစားဖို႕ေစာင္႕ေနပါလိမ္႕မယ္။
.
တစ္ဆက္တည္း ကြ်န္ေတာ္ေတြးၾကည္႕တယ္။ ေတြးၾကည္႕တယ္ဆိုတာထက္ ကြ်န္ေတာ္မ်က္ျမင္ကိုယ္ေတြ႕ဆုိတာက ပိုမွန္ပါတယ္။ ကေလးငယ္တက္ရတဲ႕အဂၤလိပ္ေက်ာင္းက ေက်ာင္းေဆာင္သစ္ေဆာက္ဖို႕ မိဘေတြနားက ေဒၚလာ ( ၅ဝဝဝ ) ထပ္တိုးေကာက္ရဦးမွာတဲ႕ေလ။ ဒီေငြေတြက မ်ားလိုက္တာ။
.
ဆိုလိုတာက မိတ္ေဆြရဲ႕ကေလး အဂၤလိပ္ေက်ာင္းတစ္ႏွစ္ျပီးဖို႕ မိဘရဲ႕အစားအေသာက္၊ ေက်ာင္းပို႕၊ ကား၊ ဝန္ထမ္း၊ အခ်ိန္ စတဲ႕ အားထုတ္မႈေတြမပါေသးဘူး .. တစ္လကို ေဒၚလာ ( ၁၉ဝဝ ) ေလာက္ကုန္ေနတယ္။ အမွန္က ဒီလို အေျခခံပညာေရး - Government Education ဟာ အေမရိကားမွာ ( ၁၂ ) တန္းအထိ အခမဲ႕ေလ။ ဒါဆိုရင္ ဘယ္သူ႕အေျဖပိုမွန္ေနမလဲ?
.
.
တစ္ဆက္တည္းမွာ ကုန္သည္မိဘေတြကတတ္ႏုိင္လို႕ သားသမီးကို အေမရိကားေက်ာင္းပို႕၊ ဘြဲ႕ရ။ စကၤာပူပိုလီတက္ကနစ္ေက်ာင္းထား၊ ဘြဲ႕ရ။ ဘုရားလည္းဖူး လိပ္ဥလည္းတူးရင္း ေက်ာင္းျပီးလို႕အေမ႕အိမ္ျပန္တဲ႕အခါ အေမ႕အတြက္ ေခြ်းမ နဲ႕ သားမက္တို႕ကုိ အပါေခၚလာလက္ေဆာင္ေပးေသးတယ္။ ဒါနဲ႕ ေမြးရပ္ေျမျပန္ေရာက္ေတာ႕ တတ္ထားတဲ႕ ႏုိင္ငံတကာအဆင္႕မီပညာေရးနဲ႕လုပ္စားဖို႕၊ ထူေထာင္ဖို႕မျဖစ္လာပဲ မိဘလက္ငုတ္ရင္းအလုပ္ကိုပဲ ျပန္ဝင္လုပ္ၾကတယ္။
.
ဒါဆိုရင္ သားသမီးေတြကို ျပည္ပပို႕ပညာေတာ္သင္လႊတ္တာ တန္တယ္လို႕ယူဆရမလား မသိေတာ႕ပါဘူး။ အမွန္က မိဘက ဒီေလာက္အကုန္အက်ခံ၊ အနစ္နာခံျပီး ကမၻာ႕အျပင္ပို႕ျပီး အတန္းပညာေတြသင္ေပးခဲ႕ရတာ သူတို႕က အနည္းဆံုး မိဘထက္သာတဲ႕ လုပ္ငန္းေတြ၊ Startup ေတြ ထူေထာင္ႏုိင္ျပီး ပညာနဲ႕လုပ္စားႏုိင္တဲ႕ ႏုိင္ငံ႕အက်ိဳးျပဳလူငယ္ထုအေနနဲ႕ ရပ္တည္ရမွာ မဟုတ္လား?
.
ေနာက္တစ္ခ်က္ေတြးစရာက မိတ္ေဆြရဲ႕ကေလးက အဲဒီအဂၤလိပ္ေက်ာင္းျပီးရင္ ( ၁၂ တန္းျပီးရင္လို႕ေျပာတာျဖစ္လိမ္႕မယ္ ) အေနာက္ႏုိင္ငံကိုေက်ာင္းတက္ခ်င္တယ္ တဲ႕။ ဒါဆို မေဝးလွတဲ႕အခ်ိန္တစ္ခုမွာ ကြ်န္ေတာ္အခုရင္ဆိုင္ေနရတဲ႕ နယ္ေဝးေျမကြာရုန္းကန္ေနရတဲ႕ဘဝကို မိတ္ေဆြတုိ႕လင္မယားက တစ္ကျပန္စရေတာ႕မွာေပါ႕။ အဲဒီအခ်ိန္ဆို ကြ်န္ေတာ္သာက်န္းမာေရးေကာင္းေသးရင္ ကြ်န္ေတာ႕သား နဲ႕သမီးတို႕ ေက်ာင္းျပီးလို႕ အလုပ္ခြင္မွာ အဆင္ေျပေနေလာက္ျပီ။ သူ႕တုိ႕ဘဝ သူတို႕ေလွ်ာက္လွမ္းေနၾကေလာက္ျပီ။
.
.
ဒါဆုိ သူတုိ႕လို ျမန္မာႏုိင္ငံမွာ ၾကီးမယ္႕ ပြားမယ္႕အလုပ္အကိုင္ နဲ႕ ေငြကုန္ေၾကးက်မ်ားတဲ႕အဂၤလိပ္ေက်ာင္းမွာ သားသမီးအတြက္ရင္းႏွီးျမွဳပ္ႏွံတာနဲ႕  လုပ္လက္စအလုပ္ေတြကုိ ပစ္ထားခဲ႕ျပီး အေမရိကားမွာ က်ရာဝန္ထမ္းအလုပ္နဲ႕အသက္ဆက္ျပီး သားသမီးေတြကို အဆင္႕မီပညာေရးစံနစ္ေျပးလမ္းေပၚတင္ေပးေနတဲ႕ ေတာသားေလးကြ်န္ေတာ႕ဘဝက ဘယ္သူမွန္ႏုိင္ပါသလဲ? ဘယ္ဆံုးျဖတ္ခ်က္က မွန္ကန္တဲ႕ရင္းႏွီးျမွဳပ္ႏွံမႈျဖစ္ျပီး ဘယ္တစ္ေယာက္ကေတာ႕ျဖင္႕ လက္ေတြ႕မဆန္ပဲ ဘဝနဲ႕ရင္းျပီး အေလာင္းအစားျပဳမိေနသလဲဆိုတာ ၾကိမ္ဖန္မ်ားစြာစဥ္းစားမိတယ္။
.
လူဆိုတာ တစ္ေနရာတည္းမွာ အျမဲမေနရသလို ကိုယ္ပုိင္ဆိုင္ခ်င္တာကိုလည္း အားလံုးအျမဲအျမံ မပိုင္ႏုိင္ပါဘူး။ ဒါေၾကာင္႕ ေထာင္ျမင္တဲ႕အခါ ရာ ကို စြန္႕သင္႕စြန္႕ရလိမ္႕မယ္လို႕ ကြ်န္ေတာ္ယူဆတယ္။ ဒါေပမယ္႕ အနာဂါတ္မွာ ဘဝလွလွမ်ားကိုပိုင္ဆိုင္ရမယ္႕လူသားေတြထဲမွာ ကြ်န္ေတာ႕လုိ လူအုိေတြပါဖို႕ ေသခ်ာမယ္လုိ႕ေျပာလို႕မရဘူး။ မ်ိဳးဆက္သစ္လူငယ္ေတြနဲ႕သာ အရာရာကိုဦးေဆာင္တဲ႕ေခတ္ျဖစ္လာၾကေတာ႕မယ္။
.
ဒါေၾကာင္႕ ေခတၱအေမရိကားေရာက္ေတာသားေလးကြ်န္ေတာ္ဟာ ေဒၚလာေငြမ်ားမ်ားမရွာႏိုင္ေပမယ္႕ သူတို႕ေျပာသလို သားသမီးအတြက္ ကြ်န္ေတာ္ရင္းႏွီးျမွဳပ္ႏွံေနတယ္။ လူငယ္ေတြအတြက္ ကြ်န္ေတာ္အသိပညာျဖန္႕ေဝေနတယ္။ ေမြးေက်းဇူး အမိျမန္မာႏုိင္ငံေတာ္အတြက္ ကြ်န္ေတာ္မတတ္တစ္ေခါက္ ေဆာင္းပါးဆက္ေရးေနပါတယ္။
.
ခင္လ်က္
.
12-25-2015
.
.
.
Myanmar Unicode Version:
.
.
“ သားသမီးထုအပေါ်မိဘများ၏အနာဂါတ်ရင်းနှီးမြှုပ်နှံမှု ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
မြန်မာနိုင်ငံအကြောင်း အထူးသဖြင့် ကိုယ့်မွေးရပ်မြေက မိတ်ဆွေဟောင်းတွေသတင်းကိုကြားမိတိုင်း ကျွန်တော်ဟာ ဝမ်းသာရသလို ဝမ်းလည်းနည်းရတယ်။ သူတို့တစ်တွေတိုးတက်ချမ်းသာတော့ ကျွန်တော့ရင်ထဲမှာ ကြည်နူးမိတယ်။ သူတို့သားသမီးတွေရဲ့အနာဂါတ်အတွက် အားတက်မိတယ်။ ဒါပေမယ့် ကုန်သည်တစ်ယောက်အဖြစ်အသက်မွေးခဲ့တဲ့ကျွန်တော်က အခုလို ခေတ္တအမေရိကားမှာ ဝန်ထမ်းတစ်ယောက်ဖြစ်နေတော့ သုံးငွေ နဲ့ ရငွေကို ကိုယ့်လုပ်အားနဲ့အားလပ်ချိန်တို့ကို အလုပ်လုပ်တဲ့ကုမ္ပဏီမှာ အပေါင်ထားရသလိုဖြစ်နေတယ်။
.
ဒါကြောင့် သုံးငွေများသွားသလား? လကုန်မှဆပ်။ အကြွေးများနေလား? ခရက်ဒစ်ကဒ်ထုတ်သုံး။ မြန်မာနိုင်ငံကလို ပိုက်ဆံပါမှသုံးရသလိုမဟုတ်တော့ ဘာဝယ်ဝယ် ပလပ်စတစ်ကဒ်ပြားဆွဲ .. ဒီလို Paycheck to Paycheck ဘဝထဲ ကြပ်တည်းစွာမရောက်ရုံတစ်မယ်မို့ သက်သာတယ်လို့ဆိုရပါမယ်။ တစ်ချို့များဆို ဒေါ်လာ ( ၄ဝဝ ) လောက် လှည့်သုံးရဖို့အရေး တစ်လ ( ၂ဝ% ) ပေးရတဲ့ အမြတ်ကြီးစားငွေတိုးကုမ္ပဏီကနေ ငွေချေးကြ၊ ပြန်မဆပ်နိုင်တော့ ငွေတောင်းစာတွေကိုလျစ်လျူရှု၊ အစောင်စောင်လာတဲ့စာတွေကနေတစ်ဆင့် နောက်ဆုံးအရေးယူပါမယ်၊ နာမည်ပျက်စာရင်းသွင်းပါမယ်ဆိုတဲ့စာတွေဆက်တိုက်လာ စတဲ့ မရှိစုရှိစုဘဝထဲကို ကျွန်တော်မသက်ဆင်းရတာ တော်တော်ကံကောင်းတယ်လို့ဆိုရမှာပါ။
.
.
ဒီဘက်နိုင်ငံကိုမလာခင်တုန်းက ကိုညီညီ ( တောင်ကြီး ) ဆိုတာ ကုန်သည်လောကမှာ နာမည်တစ်လုံးနဲ့ပေါ့။ အခုအချိန်နဲ့တော့ ဆီနဲ့ရေ လို ကွာသွားပြီထင်ပါတယ်။ အဲဒီတုန်းက ကျွန်တော်နဲ့ပြိုင်ဘက်၊ လုပ်ဖော်ကိုင်ဘက်၊ အားကိုးဖော်ကုမ္ပဏီများဟာ အခုဆိုရင် တိုက်ဆို ဘယ်နှစ်လုံး၊ ကုမ္ပဏီဆိုရင် ဘယ်ကုမ္ပဏီကိုမေးတာလဲ၊ တိုက်ခန်းဆိုရင်လည်း ဘယ်နေရာမှာဆောက်ထားတဲ့ဆိုင်ခန်းလဲလို့ ခွဲခွဲခြားခြားမေးယူရလောက်အောင်တိုးတက်ကြီးပွားလာကြတယ်။
.
.
တစ်ဖက်ကနေပြန်တွေးကြည့်တဲ့အခါ ..
.
.
သူတို့ရဲ့သားသမီးတွေ သေးသေးလေး ကနေ ကောလိပ်ကျောင်းအထိ နိုင်ငံခြားကျောင်းထားကြတယ်။ ဝင်ဒါမီယာထဲက အင်္ဂလိပ်ကျောင်းဆို တစ်နှစ်ကို ဒေါ်လာ ( ၁၇ဝဝဝ ) ပေးရတယ်လို့ဆိုလေတယ်။ အိမ်အတွက် ကားသမားငှားထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်ကျောင်းပို့ရင် ကားလမ်းပိတ်တာနဲ့တင် လမ်းမှာအချိန်ကုန်ပြီး အလုပ်လုပ်လို့မရလို့ဆိုတာ သိရတယ်။ ကားသမားလခက ( ၂၅ဝဝဝဝ ) တဲ့လေ။ ဒါတောင် ဈေးသက်သာပြီး ကိုယ်ကျင့်စာရိတ္တကောင်းလွန်းလို့ လူကောင်းရထားတယ်လို့ပြောတယ်။ တစ်ဖန် ဒီကားသမားအလုပ်မဆင်းခဲ့ရင် အရန်အနေနဲ့ လူငယ်လေးတစ်ယောက်ကို ထပ်ငှားထားရပြန်တယ် .. တစ်လ ( ၁၅ဝဝဝဝ ) ကျပ်ပေးရတဲ့ စာတတ်ပေတတ် ခေတ်လူငယ်လေးပေါ့။
.
ဆိုင်အလုပ် နဲ့ အိမ်၊ အိမ် နဲ့ ကလေးကျောင်း၊ မနက် နဲ့ ည ကြားမှာ ထမင်းဆိုတာ ဘယ်ချက်စားနိုင်ပါ့မလဲလို့လည်း ညည်းသံကြားရတယ်။ ဒါနဲ့ ညပိုင်းထွက်စားပြန်တော့ လမ်းတွေက ကားမရှင်းသေးဘူး။ ဒါနဲ့ ညပိုင်းမှာ ကုန်သည်ကိုယ်တိုင် အချိန်ထပ်ကုန်ရပြန်ရော။ ဒီတစ်ခါတော့ ကားပေါ်မှာကုန်ရတဲ့အချိန်ဟာ  မိတ်ဆွေတစ်ယောက်တည်းမဟုတ်တော့ဘူး။ မိသားစုတစ်ခုလုံးရဲ့အချိန်ဖြစ်နေပါပြီ။
.
ဒါနဲ့ စားပြီးသောက်ပြီး အိမ်ပြန်ရောက်၊ ကိုယ်လက်သန့်စင်၊ တီဗီကြည့်ဖို့ဧည့်ခန်းမှာထိုင်ရင် ညအိပ်ချိန်နဲ့ကပ်လာနေပြီ။ ဒီလိုနဲ့သူတို့ဖြတ်သန်းရတာက ကျွန်တော်အမေရိကားမှာ တစ်ရက် ( ၈ ) နာရီဝန်ထမ်းဖြစ်တဲ့ဘဝကမှ အားလပ်ချိန်ရှိဦးမယ် .. သူတို့ကအချိန်ပြည့် ဥစ္စာစောင့်အလုပ်သမား လို့ ပြောကြတယ်။
.
.
ရန်ကုန်မှာ ကျကျနနအိမ်တစ်လုံးပိုင်ဖို့ဆိုရင် သိန်းကို သောင်းနဲ့ချီမပေးရင်မရတော့ ရင်းနှီးလုပ်ကိုင်စားစရာ ငွေချန်ရသေးလို့ မဝယ်နိုင်သေးဘူးလို့လည်း သိရတယ်။ ဒါနဲ့ နေ့စဉ်လုပ်ငန်းလုပ်ရင်း ငွေကိုရှာ၊ ကလေးရဲ့ပညာရေးကိုရင်းနှီးမြှုပ်နှံ၊ သွားရေးလာရေး - Commute အရ ကားလမ်းပေါ်မှာအချိန်ကုန် နဲ့ မြန်မာနိုင်ငံကဘဝကို ပြန်လည်မတမ်းတစမ်းပါနဲ့လို့ ပြောပြတဲ့မိတ်ဆွေကို ကိုယ်ချင်းစာမိတယ်။ ချမ်းသာပေမယ့် မြန်မာသားသမီးတွေကို နိုင်ငံတကာအမြင်ရရှိဖို့ တောင်ပံတပ်ပေးနေရတဲ့ သူတို့ရဲ့ဒုက္ခ နဲ့ ကုန်ကျစားရိတ်ကို ရိပ်စားမိတယ်။
.
ဒါနဲ့ ကျွန်တော်က “ မင်းတို့ပိုက်ဆံရှိတာက ကြောက်စရာကြီး .. မြန်မာနိုင်ငံကလူတွေချမ်းသာတာကမှ တစ်ကယ်ချမ်းသာတာ ” လို့ ပြောတော့ သူက ဘဝင်မကျဘူး။ “ မဟုတ်ဘူးလေ .. မင်းက အမေရိကားမှာဝန်ထမ်းဖြစ်နေရပေမယ့် သားသမီးတွေကို ကမ္ဘာ့အဆင့်ပညာရေးနို့ရည်သောက်စို့ခွင့်ပေးထားပြီးပြီ။ တစ်ချိန်ချိန်သူတို့ကျောင်းပြီးတဲ့အချိန် ငါတို့က မြန်မာနိုင်ငံမှာ ရုန်းကန်နေရတုန်း .. မင်းက အေးအေးဆေးဆေးဖြစ်နေပြီ ” လို့ ရယ်သွမ်းပြီးပြောပါတော့တယ်။
.
.
ကျွန်တော် နဲ့ ကျွန်တော့မိတ်ဆွေတို့ရဲ့ တစ်ယောက်ကိုတစ်ယောက် ချီးမြှောက် - Appreciate လုပ်နေတာက ဘယ်သူမှန်သလဲဆိုတာ အချိန်တစ်ခုရောက်ရင် အဆုံးအဖြတ်ပေးသွားမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် လူဆိုတာ ကိုယ်မရတာကိုမှကောင်းတယ်လို့ထင်နေတတ်တဲ့ လောဘမသတ်နိုင်တဲ့ မောဟသတ္တဝါ မဟုတ်လား? ဒါကြောင့် နိုင်ငံ့အပြင်ထွက်ခွင့်မရသူက အမေရိကားရောက်နေသူကို သူတို့ဘဝကကောင်းလိုက်တာလို့ထင်မြင်ကြတယ်။ ဒီဘက်ခြမ်းနိုင်ငံမှာရုန်းကန်နေရသူက မြန်မာနိုင်ငံပြန်ပြီးအလုပ်လုပ်ချင်တယ်။ လူ့အလိုနတ်မလိုက်နိုင်ပေမယ့် အချိန်က ကုစားဖို့စောင့်နေပါလိမ့်မယ်။
.
တစ်ဆက်တည်း ကျွန်တော်တွေးကြည့်တယ်။ တွေးကြည့်တယ်ဆိုတာထက် ကျွန်တော်မျက်မြင်ကိုယ်တွေ့ဆိုတာက ပိုမှန်ပါတယ်။ ကလေးငယ်တက်ရတဲ့အင်္ဂလိပ်ကျောင်းက ကျောင်းဆောင်သစ်ဆောက်ဖို့ မိဘတွေနားက ဒေါ်လာ ( ၅ဝဝဝ ) ထပ်တိုးကောက်ရဦးမှာတဲ့လေ။ ဒီငွေတွေက များလိုက်တာ။
.
ဆိုလိုတာက မိတ်ဆွေရဲ့ကလေး အင်္ဂလိပ်ကျောင်းတစ်နှစ်ပြီးဖို့ မိဘရဲ့အစားအသောက်၊ ကျောင်းပို့၊ ကား၊ ဝန်ထမ်း၊ အချိန် စတဲ့ အားထုတ်မှုတွေမပါသေးဘူး .. တစ်လကို ဒေါ်လာ ( ၁၉ဝဝ ) လောက်ကုန်နေတယ်။ အမှန်က ဒီလို အခြေခံပညာရေး - Government Education ဟာ အမေရိကားမှာ ( ၁၂ ) တန်းအထိ အခမဲ့လေ။ ဒါဆိုရင် ဘယ်သူ့အဖြေပိုမှန်နေမလဲ?
.
.
တစ်ဆက်တည်းမှာ ကုန်သည်မိဘတွေကတတ်နိုင်လို့ သားသမီးကို အမေရိကားကျောင်းပို့၊ ဘွဲ့ရ။ စင်္ကာပူပိုလီတက်ကနစ်ကျောင်းထား၊ ဘွဲ့ရ။ ဘုရားလည်းဖူး လိပ်ဥလည်းတူးရင်း ကျောင်းပြီးလို့အမေ့အိမ်ပြန်တဲ့အခါ အမေ့အတွက် ချွေးမ နဲ့ သားမက်တို့ကို အပါခေါ်လာလက်ဆောင်ပေးသေးတယ်။ ဒါနဲ့ မွေးရပ်မြေပြန်ရောက်တော့ တတ်ထားတဲ့ နိုင်ငံတကာအဆင့်မီပညာရေးနဲ့လုပ်စားဖို့၊ ထူထောင်ဖို့မဖြစ်လာပဲ မိဘလက်ငုတ်ရင်းအလုပ်ကိုပဲ ပြန်ဝင်လုပ်ကြတယ်။
.
ဒါဆိုရင် သားသမီးတွေကို ပြည်ပပို့ပညာတော်သင်လွှတ်တာ တန်တယ်လို့ယူဆရမလား မသိတော့ပါဘူး။ အမှန်က မိဘက ဒီလောက်အကုန်အကျခံ၊ အနစ်နာခံပြီး ကမ္ဘာ့အပြင်ပို့ပြီး အတန်းပညာတွေသင်ပေးခဲ့ရတာ သူတို့က အနည်းဆုံး မိဘထက်သာတဲ့ လုပ်ငန်းတွေ၊ Startup တွေ ထူထောင်နိုင်ပြီး ပညာနဲ့လုပ်စားနိုင်တဲ့ နိုင်ငံ့အကျိုးပြုလူငယ်ထုအနေနဲ့ ရပ်တည်ရမှာ မဟုတ်လား?
.
နောက်တစ်ချက်တွေးစရာက မိတ်ဆွေရဲ့ကလေးက အဲဒီအင်္ဂလိပ်ကျောင်းပြီးရင် ( ၁၂ တန်းပြီးရင်လို့ပြောတာဖြစ်လိမ့်မယ် ) အနောက်နိုင်ငံကိုကျောင်းတက်ချင်တယ် တဲ့။ ဒါဆို မဝေးလှတဲ့အချိန်တစ်ခုမှာ ကျွန်တော်အခုရင်ဆိုင်နေရတဲ့ နယ်ဝေးမြေကွာရုန်းကန်နေရတဲ့ဘဝကို မိတ်ဆွေတို့လင်မယားက တစ်ကပြန်စရတော့မှာပေါ့။ အဲဒီအချိန်ဆို ကျွန်တော်သာကျန်းမာရေးကောင်းသေးရင် ကျွန်တော့သား နဲ့သမီးတို့ ကျောင်းပြီးလို့ အလုပ်ခွင်မှာ အဆင်ပြေနေလောက်ပြီ။ သူ့တို့ဘဝ သူတို့လျှောက်လှမ်းနေကြလောက်ပြီ။
.
.
ဒါဆို သူတို့လို မြန်မာနိုင်ငံမှာ ကြီးမယ့် ပွားမယ့်အလုပ်အကိုင် နဲ့ ငွေကုန်ကြေးကျများတဲ့အင်္ဂလိပ်ကျောင်းမှာ သားသမီးအတွက်ရင်းနှီးမြှုပ်နှံတာနဲ့  လုပ်လက်စအလုပ်တွေကို ပစ်ထားခဲ့ပြီး အမေရိကားမှာ ကျရာဝန်ထမ်းအလုပ်နဲ့အသက်ဆက်ပြီး သားသမီးတွေကို အဆင့်မီပညာရေးစံနစ်ပြေးလမ်းပေါ်တင်ပေးနေတဲ့ တောသားလေးကျွန်တော့ဘဝက ဘယ်သူမှန်နိုင်ပါသလဲ? ဘယ်ဆုံးဖြတ်ချက်က မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ဘယ်တစ်ယောက်ကတော့ဖြင့် လက်တွေ့မဆန်ပဲ ဘဝနဲ့ရင်းပြီး အလောင်းအစားပြုမိနေသလဲဆိုတာ ကြိမ်ဖန်များစွာစဉ်းစားမိတယ်။
.
လူဆိုတာ တစ်နေရာတည်းမှာ အမြဲမနေရသလို ကိုယ်ပိုင်ဆိုင်ချင်တာကိုလည်း အားလုံးအမြဲအမြံ မပိုင်နိုင်ပါဘူး။ ဒါကြောင့် ထောင်မြင်တဲ့အခါ ရာ ကို စွန့်သင့်စွန့်ရလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်။ ဒါပေမယ့် အနာဂါတ်မှာ ဘဝလှလှများကိုပိုင်ဆိုင်ရမယ့်လူသားတွေထဲမှာ ကျွန်တော့လို လူအိုတွေပါဖို့ သေချာမယ်လို့ပြောလို့မရဘူး။ မျိုးဆက်သစ်လူငယ်တွေနဲ့သာ အရာရာကိုဦးဆောင်တဲ့ခေတ်ဖြစ်လာကြတော့မယ်။
.
ဒါကြောင့် ခေတ္တအမေရိကားရောက်တောသားလေးကျွန်တော်ဟာ ဒေါ်လာငွေများများမရှာနိုင်ပေမယ့် သူတို့ပြောသလို သားသမီးအတွက် ကျွန်တော်ရင်းနှီးမြှုပ်နှံနေတယ်။ လူငယ်တွေအတွက် ကျွန်တော်အသိပညာဖြန့်ဝေနေတယ်။ မွေးကျေးဇူး အမိမြန်မာနိုင်ငံတော်အတွက် ကျွန်တော်မတတ်တစ်ခေါက် ဆောင်းပါးဆက်ရေးနေပါတယ်။
.
ခင်လျက်
.
12-25-2015
.
“ သားသမီးထုအေပၚမိဘမ်ား၏အနာဂါတ္ရင္းႏွီးျမွဳပ္ႏွံမႈ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ဒီဇင္ဘာလ ( ၁ဝ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၆၄ ) ၊ စာမ်က္ႏွာ ( ၃၇ ) တြင္ ေဖာ္ျပပါရွိသည္။






No comments: