ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, August 23, 2017

လူငယ္ေလးတစ္ေယာက္ေျပာတဲ႕စကား (၃) ခြန္း

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

. မၾကာခဏေျပာဖူးသလို ကြ်န္ေတာဟာ တစ္ခုခုသင္ယူစရာရွိရင္ လူၾကီးသူမေတြထံကမက လူငယ္ေတြနားကပါ မရွက္တမ္း မေၾကာက္တမ္း သင္ယူတတ္သူပါ။ ဒီေနရာမွာ ဗုဒၶျမတ္စြာဘုရားေဟာၾကားခဲ႕တဲ႕ “ အမွန္ကုိမသိပဲတစ္သက္အသက္ရွင္ေနရျခင္းထက္ အသိတရားရွိျပီးေနထုိင္ရတဲ႕တစ္ရက္က ပိုတန္ဖိုးရွိတယ္ ” ဆုိတဲ႕ၾသဝါဒကို ျပန္လည္ႏွလံုးသြင္းမိေစတဲ႕အတြက္ အသိပညာေပးသူအားလံုးကို အထူးေက်းဇူးတင္ေၾကာင္းေျပာၾကားလုိပါတယ္။
.
. အျခားတစ္ဖက္မွာလည္း ကြ်န္ေတာ္ဟာ သမီး နဲ႕ သား အေၾကာင္းေတြေရးေလ႕ရွိတယ္ . . အထူးသျဖင္႕ သား “စြမ္း” အေၾကာင္းေပါ႕။ သမီးနဲ႕သားကုိ ခင္းႏွီးလဲတဲ႕အရြယ္ကတည္းကထိန္းခဲ႕ေတာ႕ ကြ်န္ေတာ္အေၾကာင္းသိတယ္။ သူတို႕ေမာင္ႏွမႏွစ္ေယာက္ဟာ အသက္လည္းကြာေတာ႕ အရာရာကုိေတြ႕ျမင္မႈသဘာဝက မတူညီၾကဘူး။ ေနာက္ထပ္ သူတို႕ဘယ္ေနရာမွာ ဘာကုိၾကည္လင္ေပ်ာ္ဝင္စ်ာန္ဝင္စားတယ္ဆုိတဲ႕ဝါသနာမတူၾကတာကို သတိထားမိတယ္။
.
.
. ေနာက္တစ္ခုအေနနဲ႕ သားသမီးအေၾကာင္းေတြကို လူသိရွင္ၾကားေျပာျပရတယ္ဆုိတာ အခုလို ဆိုရွယ္မီဒီယာမွာ ကိုယ္နဲ႕တူတဲ႕မိဘေတြ၊ ကိုယ္႕သမီး/ကိုယ္႕သားနဲ႕တူတဲ႕ သားသမီး၊ တူ/တူမ၊ တပည္႕တပန္းေတြ၊ ကိုယ္႕ခင္ပြန္း/ကိုယ္႕ဇနီးမယား နဲ႕ တူတဲ႕ ဖူးစာေပါင္းစံုလူတို႕ဘံုက အေၾကာင္းစံုေတြကို လူ႕အသိုက္အျမံဳေတြထဲ စုပံုမွ်ေဝျခင္းသာျဖစ္ပါတယ္။ ကုိယ္ရည္ကိုယ္ေသြး လိုရာေတြးဖို႕ ေဆြးေႏြးလိုရင္းမဟုတ္တာကို ၾကိဳတင္နားလည္မႈေတာင္းခံအပ္ပါတယ္။

.
. တစ္ေန႕မွာ “သူငယ္ခ်င္းေတြဘယ္လိုေနတယ္ ဘာလုပ္တယ္ဆုိတာ သားက အျမဲသိေနတယ္။ သူတုိ႕ေျခလွမ္းလိုက္တာနဲ႕ ေကာင္းတာလား ဆိုးတာလားဆုိတာ သိပ္ရွင္းျပေနစရာမလုိဘူး . . သူတို႕လႈပ္ရွားမႈေတြကိုၾကည္႕တာနဲ႕ သူတုိ႕ေကာင္းတာလုပ္တာလား မေကာင္းတာလုပ္ဖို႕ၾကံစည္ေနတာလား ဆိုတာ သားသိတယ္”
.
. “ဒါေၾကာင္႕ သူငယ္ခ်င္းတစ္ေယာက္ေယာက္က သားကုိ
မေကာင္းတာလုပ္ဖို႕တုိက္တြန္းတယ္ . . စိတ္ဓါတ္ပ်က္ျပားဖို႕စည္းရံုးတယ္ . . အခ်ိန္ေတြျဖဳန္းျပီးေက်ာင္းသားတစ္ေယာက္ရဲ႕အဓိကတာဝန္ေတြကို ေကာင္းမြန္စြာမလုပ္ဘူးဆိုရင္”
.
. “သူ႕ကို သားစိတ္ထဲမွာအဆင္႕တစ္ခုသတ္မွတ္လိုက္တယ္
သူဟာ သား သူငယ္ခ်င္းမဟုတ္ေတာ႕ဘူး” လုိ႕ . .။ ဒါေပမယ္႕ သူနဲ႕မေခၚတာ မေျပာတာမ်ိး သား မလုပ္ဘူး၊ ဆက္ဆံေရးျပတ္ေတာက္သြားတာမ်ိဳး ဦးမတည္ဘူး။ ပံုမွန္ဆက္ဆံတယ္” လို႕ စေျပာတယ္။
.
.
. “ေနာက္တစ္ခုက သူငယ္ခ်င္းတစ္ေယာက္ေယာက္က သားကုိစိတ္ဆိုးတဲ႕အခါ သာမန္လူတစ္ေယာက္ဆို စိတ္ျပန္ဆိုးျပီး ေဒါသနဲ႕တံု႕ျပန္မွာေပါ႕။ သားက အဲဒီလိုမလုပ္ဘူး။ ရန္စလာတဲ႕ေဒါသကို ေဒါသနဲ႕တံု႕ျပန္ရင္ ျပီးေတာ႕မွာမဟုတ္ဘူး”
.
. “အဲဒီလိုလုပ္မယ္႕အစား သူ႕ေဒါသကိုျပီးေအာင္ ေပးထြက္လိုက္တယ္။ ဒါဟာ ပူေလာင္ေနတဲ႕သူငယ္ခ်င္းကုိ အပူဒဏ္က်သြားေအာင္ ကူညီလိုက္တာလို႕ သား ခံယူတယ္။ တစ္ဆက္တည္း သူေျပာတာကို ဆံုးေအာင္နားေထာင္ေပးတယ္။ ျငိမ္က်သြားျပီ . . ေအးသြားျပီ . . ေဒါသေျပသြားျပီဆုိေတာ႕မွ သူ အနားရမယ္႕အားေပးစကားေတြကို နားလည္ေအာင္ရွင္းျပတယ္” လုိ႕ ထပ္ေျပာပါတယ္။
.
.
. စြမ္း ေျပာတဲ႕ေနာက္ဆံုးတစ္ခြန္းက ကြ်န္ေတာ္တို႕လို မိဘႏွစ္ပါးရဲ႕ႏွလံုးသည္းပြတ္ကုိ အရည္ေပ်ာ္က်ေစတယ္။
.
. “ ပါပါး နဲ႕ မာမားတုိ႕က သမီးတကၠသိုလ္တက္တုန္းက လုပ္ေပးခဲ႕ရတာေတြ၊ အခု သား ေက်ာင္းၾကီးတက္ႏိုင္တဲ႕အထိ ငယ္ငယ္ေလးကတည္းက ျပဳစုေစာင္႕ေရွာက္ခဲ႕ရတာေတြေၾကာင္႕ အေတာ္ပင္ပန္းခဲ႕ၾကမွာပဲ”
.
. “မိဘေတြရဲ႕အခ်ိန္ေတြ၊ ေငြေတြ၊ လုပ္အားေတြ၊ အင္အားေတြ၊ စီးပြားေရးအျခံအရံေတြအျပင္ အေရးအၾကီးဆံုး ငယ္ရြယ္ပ်ိဳမ်စ္မႈေတြကို ဆံုးရွံဴးခဲ႕ရတာ အမွန္ပါပဲ။ ဒါေၾကာင္႕ ပါပါး နဲ႕ မာမားတုိ႕ဟာ မလုပ္ခ်င္တဲ႕ဝန္ထမ္းအလုပ္ လုပ္၊ ေပ်ာ္ရာမွာေနတာထက္ ေတာ္ရာမွာေနရသလို သားတို႕နားမွာ ၾကက္မၾကီး ၾကက္ဥေတြကုိကုိယ္ေငြ႕ေပးသလို အျမဲအတူရွိေပးေနခဲ႕တယ္”
.
.
. “အခုဆို သားက အေဝးမွာ ေက်ာင္းသြားတက္တဲ႕အခါ ေငြေရး ေၾကးေရးကိစၥေတြေတာ႕ ကင္းလို႕မရေသးေပမယ္႕ ေတာ္ေတာ္ေလး လြတ္လပ္သြားလိမ္႕မယ္။ သားကုိလုပ္ေပးရတဲ႕တာဝန္ေတြ သက္သာသြားလိမ္႕မယ္”
.
. “အဲဒီအခ်ိန္က်ရင္ ပါပါး နဲ႕ မာမားတုိ႕ စိတ္ပါတဲ႕အရာေတြကုိ လုပ္ၾကပါ၊ ဝါသနာပါတဲ႕ကိစၥေတြကုိ ေပ်ာ္ေပ်ာ္ရႊင္ရႊင္လုပ္ၾကပါ။ ဘဝရဲ႕ေနေပ်ာ္တဲ႕အခ်ိန္ေတြကို ျပန္ရွာပါ။ စားစရာရွိ သြားစား . .၊ လည္စရာရွိ သြားလည္ . .၊ ေပ်ာ္စရာရွိ ေပ်ာ္ေပ်ာ္ၾကီးေနၾကေနာ္ . . ” တဲ႕ေလ . .။
.
.
. ဒါမ်ိဳးစကား သူ႕ကုိဘယ္သူသင္ေပးတာလဲ? ကြ်န္ေတာ႕အမ်ိဳးသမီးကိုေမးၾကည္႕ေတာ႕ သူမသင္ေပးဖူးဘူး တဲ႕။ ဒါဆုိ သူဘယ္ကေနတတ္တာလဲဆုိတာ ျပန္စဥ္းစားၾကည္႕တယ္။
စာအုပ္ဖတ္တာက ရတာလား ?
ေက်ာင္းစာသင္ခန္းက ရတာလား ?
ေပါင္းသင္းဆက္ဆံေရး
မိတ္သဂၤဟလူမႈအသိုင္းအဝိုင္းေနရာေတြက
အျမတ္ထုတ္စဥ္းစားရကေန ရတာလား?
ကြ်န္ေတာ္ဆက္အေျဖရွာေနမိတယ္။
.
. တကယ္ေတာ႕ အဲဒီေနရာအားလံုးကရတယ္လို႕ ဆိုရမွာပါ။ ဒါေၾကာင္႕ သူ႕ကုိမေမြးခင္က “အမွားနဲ႕အမွန္ကိုခြဲျခားသိႏိုင္တဲ႕ဘုရားရဲ႕သားေတာ္ေလးတစ္ပါးခ်ီးျမွင္႕ေပးသနားေတာ္မူပါ” လုိ႕ ရွင္ေတာ္ဘုရားထံ ကြ်န္ေတာ႕ဆုေတာင္း ေကာင္းခဲ႕တယ္လို႕ ေရးေရးေလး သိလာမိတယ္။
.
.
. ဒီေဆာင္းပါးကေပးတဲ႕အေၾကာင္းအရာေတြကုိ ဆင္ဆင္ျခင္ျခင္ႏွလံုးသြင္းမိရင္ လူငယ္ေတြကို မိဘေတြက ပိုနားလည္ႏုိင္မယ္။ တစ္ျပိဳင္တည္းမွာ မိဘေတြက သားသမီးရဲ႕တုိးတက္မႈ၊ ဆုတ္ယုတ္မႈအေျချပစိတ္ထားကို အျမဲသိႏုိင္လာမယ္။ ရလဒ္အေနနဲ႕ တစ္သက္လံုး မျဖစ္မေန အနည္းဆံုး (၁၅)ႏွစ္ေလာက္ ေက်ာင္းတက္ပညာသင္ရတဲ႕ ေက်ာင္းသားလူငယ္ ရင္ေသြးႏြယ္တစ္ေယာက္ရဲ႕ဘဝကို လွလွပပထုဆစ္ႏုိင္မယ္။
.
. အခုေတာင္ အသက္ (၁၈) ႏွစ္နား ကပ္လာလုိ႕ ေဝယာဝစၥကိစၥေတြကလြဲရင္ သူ႕ကုိ လူၾကီးတစ္ေယာက္လိုဆက္ဆံေတာ႕ သူက ၾကိဳက္တယ္။ လူတစ္ခ်ိဳ႕က “မင္းဘာမွမသိပါဘူးကြာ” ဆိုတဲ႕ပံုစံမ်ိဳး နဲ႕ ကေလးလိုဆက္ဆံတာကို သူမႏွစ္သက္ဘူး။ သူ႕ရဲ႕ကိုယ္ပိုင္ရပုိင္ခြင္႕ေတြကုိေလးစားေပးရမယ္။ သူ႕ရဲ႕လူရာဝင္လာတဲ႕အေတြးအေခၚေတြကုိ အသိအမွတ္ျပဳရမယ္ . . ေနရာေပးရပါမယ္။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 08-23-2017
.
.
Unicode Version:
.
.
. “လူငယ့်လေးတစ်ယောက်ပြောတဲ့စကား (၃) ခွန်း”
. မၾကာခဏေျပာဖူးသလို ကြ်န္ေတာဟာ ဲ တစ်ခုခုသင်ယူစရာရှိရင် လူကြီးသူမတွေထံကမက လူငယ်တွေနားကပါ မရှက်တမ်း မကြောက်တမ်း သင်ယူတတ်သူပါ။ ဒီနေရာမှာ ဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တဲ့ “ အမှန်ကိုမသိပဲတစ်သက်အသက်ရှင်နေရခြင်းထက် အသိတရားရှိပြီးနေထိုင်ရတဲ့တစ်ရက်က ပိုတန်ဖိုးရှိတယ် ” ဆိုတဲ့သြဝါဒကို ပြန်လည်နှလုံးသွင်းမိစေတဲ့အတွက် အသိပညာပေးသူအားလုံးကို အထူးကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။
.
. အခြားတစ်ဖက်မှာလည်း ကျွန်တော်ဟာ သမီး နဲ့ သား အကြောင်းတွေရေးလေ့ရှိတယ် . . အထူးသဖြင့် သား “စွမ်း” အကြောင်းပေါ့။ သမီးနဲ့သားကို ခင်းနှီးလဲတဲ့အရွယ်ကတည်းကထိန်းခဲ့တော့ ကျွန်တော်အကြောင်းသိတယ်။ သူတို့မောင်နှမနှစ်ယောက်ဟာ အသက်လည်းကွာတော့ အရာရာကိုတွေ့မြင်မှုသဘာဝက မတူညီကြဘူး။ နောက်ထပ် သူတို့ဘယ်နေရာမှာ ဘာကိုကြည်လင်ပျော်ဝင်စျာန်ဝင်စားတယ်ဆိုတဲ့ဝါသနာမတူကြတာကို သတိထားမိတယ်။
.
.
. နောက်တစ်ခုအနေနဲ့ သားသမီးအကြောင်းတွေကို လူသိရှင်ကြားပြောပြရတယ်ဆိုတာ အခုလို ဆိုရှယ်မီဒီယာမှာ ကိုယ်နဲ့တူတဲ့မိဘတွေ၊ ကိုယ့်သမီး/ကိုယ့်သားနဲ့တူတဲ့ သားသမီး၊ တူ/တူမ၊ တပည့်တပန်းတွေ၊ ကိုယ့်ခင်ပွန်း/ကိုယ့်ဇနီးမယား နဲ့ တူတဲ့ ဖူးစာပေါင်းစုံလူတို့ဘုံက အကြောင်းစုံတွေကို လူ့အသိုက်အမြုံတွေထဲ စုပုံမျှဝေခြင်းသာဖြစ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေး လိုရာတွေးဖို့ ဆွေးနွေးလိုရင်းမဟုတ်တာကို ကြိုတင်နားလည်မှုတောင်းခံအပ်ပါတယ်။
.
. တစ်နေ့မှာ “သူငယ်ချင်းတွေဘယ်လိုနေတယ် ဘာလုပ်တယ်ဆိုတာ သားက အမြဲသိနေတယ်။ သူတို့ခြေလှမ်းလိုက်တာနဲ့ ကောင်းတာလား ဆုိးတာလားဆိုတာ သိပ်ရှင်းပြနေစရာမလိုဘူး . . သူတို့လှုပ်ရှားမှုတွေကိုကြည့်တာနဲ့ သူတို့ကောင်းတာလုပ်တာလား မကောင်းတာလုပ်ဖို့ကြံစည်နေတာလား ဆိုတာ သားသိတယ်”
.
. “ဒါကြောင့် သူငယ်ချင်းတစ်ယောက်ယောက်က သားကို
မကောင်းတာလုပ်ဖို့တိုက်တွန်းတယ် . . စိတ်ဓါတ်ပျက်ပြားဖို့စည်းရုံးတယ် . . အချိန်တြျဖဳ္န်းပြီးကျောင်းသားတစ်ယောက်ရဲ့အဓိကတာဝန်တွေကို ကောင်းမွန်စွာမလုပ်ဘူးဆိုရင်”
.
. “သူ့ကို သားစိတ်ထဲမှာအဆင့်တစ်ခုသတ်မှတ်လိုက်တယ်
သူဟာ သား သူငယ်ချင်းမဟုတ်တော့ဘူး” လို့ . .။ ဒါပေမယ့် သူနဲ့မခေါ်တာ မပြောတာမျိး သားမလုပ်ဘူး၊ ဆက်ဆံရေးပြတ်တောက်သွားတာမျိုး ဦးမတည်ဘူး။ ပုံမှန်ဆက်ဆံတယ်” လို့ စပြောတယ်။
.
.
. “နောက်တစ်ခုက သူငယ်ချင်းတစ်ယောက်ယောက်က သားကိုစိတ်ဆိုးတဲ့အခါ သာမန်လူတစ်ယောက်ဆို စိတ်ပြန်ဆိုးပြီး ဒေါသနဲ့တုံ့ပြန်မှာပေါ့။ သားက အဲဒီလိုမလုပ်ဘူး။ ရန်စလာတဲ့ဒေါသကို ဒေါသနဲ့တုံ့ပြန်ရင် ပြီးတော့မှာမဟုတ်ဘူး”
.
. “အဲဒီလိုလုပ်မယ့်အစား သူ့ဒေါသကိုပြီးအောင် ပေးထွက်လိုက်တယ်။ ဒါဟာ ပူလောင်နေတဲ့သူငယ်ချင်းကို အပူဒဏ်ကျသွားအောင် ကူညီလိုက်တာလို့ သား ခံယူတယ်။ တစ်ဆက်တည်း သူပြောတာကို ဆုံးအောင်နားထောင်ပေးတယ်။ ငြိမ်ကျသွားပြီ . . အေးသွားပြီ . . ဒေါသပြေသွားပြီဆိုတော့မှ သူ အနားရမယ့်အားပေးစကားတွေကို နားလည်အောင်ရှင်းပြတယ်” လို့ ထပ်ပြောပါတယ်။
.
.
. စွမ်း ပြောတဲ့နောက်ဆုံးတစ်ခွန်းက ကျွန်တော်တို့လို မိဘနှစ်ပါးရဲ့နှလုံးသည်းပွတ်ကို အရည်ပျော်ကျစေတယ်။
.
. “ ပါပါး နဲ့ မာမားတို့က သမီးတက္ကသိုလ်တက်တုန်းက လုပ်ပေးခဲ့ရတာတွေ၊ အခု သား ကျောင်းကြီးတက်နိုင်တဲ့အထိ ငယ်ငယ်လေးကတည်းက ပြုစုစောင့်ရှောက်ခဲ့ရတာတွေကြောင့် အတော်ပင်ပန်းခဲ့ကြမှာပဲ”
.
. “မိဘတွေရဲ့အချိန်တွေ၊ ငွေတွေ၊ လုပ်အားတွေ၊ အင်အားတွေ၊ စီးပွားရေးအခြံအရံတွေအပြင် အရေးအကြီးဆုံး ငယ်ရွယ်ပျိုမျစ်မှုတွေကို ဆုံးရှံူးခဲ့ရတာ အမှန်ပါပဲ။ ဒါကြောင့် ပါပါး နဲ့ မာမားတို့ဟာ မလုပ်ချင်တဲ့ဝန်ထမ်းအလုပ် လုပ်၊ ပျော်ရာမှာနေတာထက် တော်ရာမှာနေရသလို သားတို့နားမှာ ကြက်မကြီး ကြက်ဥတွေကိုကိုယ်ငွေ့ပေးသလို အမြဲအတူရှိပေးနေခဲ့တယ်”
.
.
. “အခုဆို သားက အဝေးမှာ ကျောင်းသွားတက်တဲ့အခါ ငွေရေး ကြေးရေးကိစ္စတွေတော့ ကင်းလို့မရသေးပေမယ့် တော်တော်လေး လတ္်လပ်သွားလိမ့်မယ်။ သားကိုလုပ်ပေးရတဲ့တာဝန်တွေ သက်သာသွားလိမ့်မယ်”
.
. “အဲဒီအချိန်ကျရင် ပါပါး နဲ့ မာမားတို့ စိတ်ပါတဲ့အရာတွေကို လုပ်ကြပါ၊ ဝါသနာပါတဲ့ကိစ္စတွေကို ပျော်ပျော်ရွှင်ရွှင်လုပ်ကြပါ။ ဘဝရဲ့နေပျော်တဲ့အချိန်တွေကို ပြန်ရှာပါ။ စားစရာရှိ သွားစား . .၊ လည်စရာရှိ သွားလည် . .၊ ပျော်စရာရှိ ပျော်ပျော်ကြီးနေကြနော် . . ” တဲ့လေ . .။
.
.
. ဒါမျိုးစကား သူ့ကိုဘယ်သူသင်ပေးတာလဲ? ကျွန်တော့အမျိုးသမီးကိုမေးကြည့်တော့ သူမသင်ပေးဖူးဘူး တဲ့။ ဒါဆို သူဘယ်ကနေတတ်တာလဲဆိုတာ ပြန်စဉ်းစားကြည့်တယ်။
စာအုပ်ဖတ်တာက ရတာလား ?
ကျောင်းစာသင်ခန်းက ရတာလား ?
ပေါင်းသင်းဆက်ဆံရေး
မိတ်သင်္ဂဟလူမှုအသိုင်းအဝိုင်းနေရာတွေက
အမြတ်ထုတ်စဉ်းစားရကနေ ရတာလား?
ကျွန်တော်ဆက်အဖြေရှာနေမိတယ်။
.
. တကယ်တော့ အဲဒီေနရာအားလံုးကရတယ္လို႕ ဆိုရမှာပါ။ ဒါကြောင့် သူ့ကိုမမွေးခင်က “အမှားနဲ့အမှန်ကိုခွဲခြားသိနိုင်တဲ့ဘုရားရဲ့သားတော်လေးတစ်ပါးချီးမြှင့်ပေးသနားတော်မူပါ” လို့ ရှင်တော်ဘုရားထံ ကျွန်တော့ဆုတောင်း ကောင်းခဲ့တယ်လို့ ရေးရေးလေး သိလာမိတယ်။
.
.
. ဒီဆောင်းပါးကပေးတဲ့အကြောင်းအရာတွေကို ဆင်ဆင်ခြင်ခြင်နှလုံးသွင်းမိရင် လူငယ်တွေကို မိဘတွေက ပိုနားလည်နိုင်မယ်။ တစ်ပြိုင်တည်းမှာ မိဘတွေက သားသမီးရဲ့တိုးတက်မှု၊ ဆုတ်ယုတ်မှုအခြေပြစိတ်ထားကို အမြဲသိနိုင်လာမယ်။ ရလဒ်အနေနဲ့ တစ်သက်လုံး မဖြစ်မနေ အနည်းဆုံး (၁၅)နှစ်လောက် ကျောင်းတက်ပညာသင်ရတဲ့ ကျောင်းသားလူငယ် ရင်သွေးနွယ်တစ်ယောက်ရဲ့ဘဝကို လှလှပပထုဆစ်နိုင်မယ်။
.
. အခုတောင် အသက် (၁၈) နှစ်နား ကပ်လာလို့ ဝေယာဝစ္စကိစ္စတွေကလွဲရင် သူ့ကို လူကြီးတစ်ယောက်လိုဆက်ဆံတော့ သူက ကြိုက်တယ်။ လူတစ်ချို့က “မင်းဘာမှမသိပါဘူးကွာ” ဆိုတဲ့ပုံစံမျိုး နဲ့ ကလေးလိုဆက်ဆံတာကို သူမနှစ်သက်ဘူး။ သူ့ရဲ့ကိုယ်ပိုင်ရပိုင်ခွင့်တွေကိုလေးစားပေးရမယ်။ သူ့ရဲ့လူရာဝင်လာတဲ့အတွေးအခေါ်တွေကို အသိအမှတ်ပြုရမယ် . . နေရာပေးရပါမယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 08-23-2017

No comments: