ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, February 7, 2016

လူငယ္ဘဝျပန္ရေအာင္ ကြ်န္ေတာ္တုိ႕ဘယ္လုိလုပ္ႏုိင္မလဲ?

ခရီးသြားေနသူ - ကိုညီညီ ( ေတာင္ၾကီး )
.
“ ငါတုိ႕ကအသက္ၾကီးျပီ။ ဒါမ်ိဳးေတြမလုပ္တတ္ဘူး။ ငါ႕ကေလးေတြလုပ္ေပးလိမ္႕မယ္ ” လို႕ ေျပာတဲ႕ သူငယ္ခ်င္းေဟာင္းေတြဆီကအသံကိုျပန္ၾကားရေတာ႕ ကြ်န္ေတာ္အေမရိကားေရာက္ခါစက လူငယ္ေလးတစ္ေယာက္ရဲ႕ သူ႕ဘဝျဖစ္စဥ္ေျပာျပပံုေလးကို ျပန္အမွတ္ရမိတယ္။
.
မလည္မဝယ္ျဖစ္ေနျပီး ေရာက္ခါစတစ္လႏွစ္လ ဘာမွလုပ္စရာမရွိတဲ႕ကြ်န္ေတာ႕ကို သူက “ သူ႕ရဲ႕လူငယ္ဘဝ ( ၇ ) ႏွစ္ေလာက္ကုိ ျဖဳန္းတီးလိုက္ရျပီ ” လို႕ မဆိုင္းမတြ ေျပာျပတယ္။ ေက်ာင္းသားျပည္ဝင္ခြင္႕နဲ႕ေရာက္လာတဲ႕လူငယ္ေလးဟာ အသိတစ္ေယာက္အိမ္မွာေနထုိင္ရင္း ေက်ာင္းတက္တယ္။ ေက်ာင္းသြားေက်ာင္းျပန္အျပင္ ေက်ာင္းစားရိတ္သက္သာေအာင္ အခ်ိန္ပိုင္းအလုပ္လုပ္တယ္။ ႏွစ္အပိုင္းအျခားတစ္ခုေရာက္လာတဲ႕အခါ ေက်ာင္းနဲ႕အိမ္၊ အိမ္နဲ႕ေက်ာင္းမဟုတ္ေတာ႕ပဲ အလုပ္နဲ႕ေက်ာင္း၊ ေက်ာင္းနဲ႕အလုပ္ျဖစ္လာတယ္။
.
ရႈတ္သြားရင္ ေတာင္းပန္ပါတယ္။ အလုပ္နဲ႕ေက်ာင္းဆုိတာက အခ်ိန္ပိုင္းအလုပ္ျပီးတာနဲ႕ ေက်ာင္းကိုသြားတဲ႕ရထားေပၚမွာ စာက်က္တယ္။ ေက်ာင္းေရာက္ရင္ အိမ္စာထပ္လုပ္တယ္။ ေက်ာင္းျပီးသြားရင္ အလုပ္ကိုျပန္သြားတယ္။ ဒီလုိနဲ႕ လမ္းမွာအခ်ိန္ကုန္လာတဲ႕ လူငယ္ေလးဟာ ညဆိုရင္ အသိအိမ္ျပန္မအိပ္ႏုိင္ေတာ႕ပဲ ေက်ာင္းစာသင္ခန္းခုံတန္းေလးေပၚမွာ အိမ္စာလုပ္ရင္း မနက္လင္းေအာင္ ေမွာက္အိပ္ေနလိုက္ေတာ႕တယ္။ ဒါေၾကာင္႕ သူ႕အတြက္ အလုပ္ခြင္နားခ်ိန္ဟာ အိမ္စာလုပ္တဲ႕အခ်ိန္၊ ရထားစီးခ်ိန္ဟာ စာက်က္ခ်ိန္၊ လူမရွိေတာ႕တဲ႕စာသင္ခန္းဟာ သူ႕အိပ္ခန္းျဖစ္လာခဲ႕ပါေတာ႕တယ္။
.
.
ဒီလိုနဲ႕စာသင္ႏွစ္ တစ္ႏွစ္ျပီးတစ္ႏွစ္ျဖတ္သန္းရင္း ျမန္မာႏုိင္ငံမျပန္လို႕မျဖစ္ေတာ႕တဲ႕ ေနာက္ဆံုးႏွစ္လိုမ်ိဳး ေရာက္လာတယ္။ ဒီေတာ႕ တစ္ခုခုကိုသူဆံုးျဖတ္မွျဖစ္ေတာ႕မယ္..။ ျပန္မလား .. ဆက္ေနဖို႕ တစ္စံုတစ္ခုေသာအမႈတြဲကို တည္ေဆာက္ယူမလား .. လမ္းႏွစ္သြယ္မွာ တစ္လမ္းေတာ႕ေရြးရေတာ႕မယ္။ သူဟာ အိုဗာစေတးအျဖစ္ခံျပီး ဒုကၡသည္စာရင္းအသြင္းခံတယ္။ ေရွ႕ေနငွားျပီး တရားရံုးမွာ ေလွ်ာက္ထားတယ္။ ေနာက္ဆံုးမွာ သူနဲ႕လက္တြဲမယ္႕ ျမန္မာမိန္းကေလးတစ္ေယာက္ေပၚလာတယ္ .. အခ်ိန္တစ္ခုေရာက္တဲ႕အခ်ိန္မွာ အင္ဂ်င္နီယာနဲ႕ဘြဲ႕ရတယ္။

.
အေျခက်သြားေတာ႕ သမီးေလးတစ္ေယာက္ေမြးတယ္။ အေဖကပဲ ကေလးကုိအထိန္းမ်ားတယ္။ ေစလိုရာေစ မိဘုရားရတဲ႕အေနအထားမဟုတ္ပဲ ထားရာေန ေစရာသြား ဘုရင္မကို ေပါင္းဘက္ရတဲ႕အခါ ဖခင္တစ္ျဖစ္လည္း လူငယ္ေလးမွာ ေက်ာင္းစတက္ကတည္းကဆံုးရွံဴးခဲ႕တဲ႕ “ လူငယ္ဘဝ ” ရွံဴးျပီးရင္းရွံဴးေနရတယ္လို႕ ဆုိလုိဟန္တူပါတယ္။ ဒါက သူ႕ဇာတ္လမ္းထဲက အပိုင္းအစတစ္ခ်ိဳ႕ပါ..။
.
.
အခု ျမန္မာႏိုင္ငံကို ကြ်န္ေတာ္ေခတၱျပန္ေရာက္တဲ႕အခါ လူငယ္စိတ္မဝင္တဲ႕လူၾကီး ( ကြ်န္ေတာ႕အရြယ္ ) ေတာ္ေတာ္မ်ားမ်ားကိုေတြ႕ရတယ္။ စာဖတ္သူမ်ားကေတာ႕ ေျပာၾကမွာေပါ႕ .. “ လူၾကီးပဲေလ .. လူငယ္စိတ္ဝင္စရာလား? ” လို႕ေပါ႕..။ ဟုတ္ပါတယ္ .. ကြ်န္ေတာ္ေျပာခ်င္တဲ႕ဆိုလိုရင္း မလြဲေသးပါဘူး။
.
လူၾကီးဟာ လူၾကီးစိတ္ရွိေနသင္႕တာမွန္ေပမယ္႕ လူငယ္ေတြကို အတင္းအၾကပ္လႊမ္းမိုးေနတယ္။ လိုရင္းကို တိုတိုေျပာရရင္ “ ငါက လူၾကီး .. ငါက အေဖ .. ငါက အေမ ” စသျဖင္႕ စိတ္ကုိတင္းထားလြန္းျပီး “ ငါ႕သားသမီးပညာေရးေကာင္းဖို႕ အဂၤလိပ္ေက်ာင္းထားေပးတယ္။ ေကာင္းေစခ်င္လြန္းလို႕ ျမန္မာေက်ာင္းေတာင္ မထားဘူး .. သူတုိ႕ၾကီးလာရင္လည္း ႏို္င္ငံျခားကို လႊတ္ဦးမွာ ” ဆိုတဲ႕ရည္ရြယ္ခ်က္ရွိတာ မွန္ေပမယ္႕ “ ေငြရွိရင္ အရာရာျပည္႕စံုတယ္ ” လို႕ ထင္ေနတဲ႕စိတ္က မဟာျပသနာ..။
.
သားသမီးေတြက တစ္ရက္တာစာသင္ခ်ိန္ရွည္တဲ႕ ျမန္မာႏုိင္ငံရဲ႕ပညာေရးစံနစ္ေၾကာင္႕ အရွင္လတ္လတ္အေမရိကားေရာက္ရသလို အားလပ္ခ်ိန္ဆိုတာ လုံးဝမရွိတဲ႕ၾကားထဲ မိဘနဲ႕အဆင္မေျပျဖစ္ရတဲ႕အၾကပ္အတည္းေၾကာင္႕စိတ္ဖိစီးရတယ္။ ဒါကို မိဘကသိရင္ အေၾကာင္းမဟုတ္ဘူး .. အေဖကတင္း အေမကေလ်ာ႕၊ အေမကခပ္မာမာ နဲ႕ အေဖကေခ်ာ႕ေမာ႕ေျပာဆုိ .. လမ္းမွန္ျပရင္ ေတာ္ေသးတယ္။ ဆိုလိုတာက “ ကိုယ္႕သားသမီးဘာလုပ္ေနတယ္ဆုိတာ သိရင္ ” အခ်ိန္မွီပါေသးတယ္။ အခုဟာက လူၾကီးဆိုသူေတြက ကိုယ္႕အလုပ္နဲ႕ကိုယ္ရႈတ္ေန၊ ကေလးကိုေစ်းၾကီးျပီးအခ်ိန္မ်ားမ်ားသင္တဲ႕ ေနဝင္ခ်ိန္က်ဴရွင္ေတြၾကားမွာ ညနက္ၾကီးက်မွအိမ္ျပန္ေစတယ္။
.
.
ပိုဆိုးတာက မိမိသားသမီးတုိ႕ရဲ႕ တိုးတက္မႈ - Progress ကို ျဖစ္ေနခ်ိန္၊ ျဖစ္ေနစဥ္အတြင္းမသိပဲ စာေမးပြဲက်မွ .. တုိ႕၊ ေရာဂါဘယရမွ .. တုိ႕၊ ခ်စ္သူနဲ႕လိုက္ေျပးမွ .. တို႕ သိရတဲ႕အခါ အလာေကာင္းေပမယ္႕ အခါေႏွာင္းသြားပါျပီ။ ဒီအခါမွာ ဘယ္သူကဘယ္သူ႕ဘဝကို ေပးလိုက္ရတာပါလဲ? လူၾကီးဆိုျပီး ကိုယ္႕ဟာကိုယ္မာန္တင္းေနတဲ႕လူၾကီးေရာ၊ အရွင္လတ္လတ္လူငယ္ဘဝကို မအားမလပ္စြာ စေတးပစ္ေနရတဲ႕သားသမီးတို႕ရဲ႕ပ်ိဳမ်စ္အခါသမယ ႏုႏုယြယြေလးေတြကုိပါ ေရာသမေမႊ ပစ္ထုတ္ေနရတာပါ။ ေသခ်ာမစဥ္းစားလို႕သာ “ ငါ႕ကေလးက စာမလုပ္ဘူး။ ငါ႕စကားနားမေထာင္ဘူး ” လို႕ အသိတရားကင္းမဲ႕စြာ ေျပာထြက္ေနၾကတာကို ကြ်န္ေတာ္ေတာ႕ျဖင္႕ သင္ခန္းစာအၾကီးၾကီး ယူမိတယ္။
.
ဒီၾကားထဲ ေငြကရွိျပန္ေတာ႕ ငါ႕သားသမီး ႏိုင္ငံျခားလႊတ္ဦးမယ္႕သူေတြက တုိင္းတစ္ပါးမွာ လူငယ္ေတြကုိ အၾကပ္္အတည္းထဲ ထပ္ပုိ႕ခ်င္ေနျပန္တယ္။ ျမန္မာႏုိင္ငံဆယ္တန္းဝန္းတံခါးမွာ ေခါင္းညွပ္လို႕နာက်င္ရရံုမက အထပ္ျမင္႕အုတ္တံတိုင္းကို အေမာအပန္းခံ ထပ္မံေက်ာ္တက္ခိုင္းေနတာနဲ႕တူေနတယ္။ ဒီေတာ႕ တစ္ခုခုေတာ႕မွားေနတာေသခ်ာေနပါျပီ။ ဒီေနရာမွာ လူမ်ားစုလုပ္ၾကတာက လက္ရိွအစုိးရကို အပစ္ပံုခ်တာပါပဲ။ ေရွ႕အဆက္ဆက္အစိုးရအသြယ္သြယ္ကခ်ေပးတဲ႕ မေကာင္းတဲ႕ပညာေရးရဲ႕အရိပ္ဆိုးၾကီးကို လက္ညိွဳးထုိးလို႕ ဝပဲမဝႏုိင္ၾကဘူးေလ။ ဒီလုိနဲ႕ ျပီးသြားမလား? ဆက္စဥ္းစားၾကည္႕ရေအာင္..။
.
.
လူငယ္ေတြကုိ ဆံုးမလုိ႕မရဘူးလိုေျပာေျပာေနတဲ႕ သူငယ္ခ်င္းမိဘေတြက ..
.
ပိုက္ဆံရွိလို႕ဝယ္သံုးတဲ႕ အေနာက္ႏုိင္ငံကထြင္တဲ႕ iPhone တစ္လံုးကုိ ေကာင္းေကာင္းသံုးတတ္ပါသလား?
.
သားသမီးေတြတက္မယ္႕ ႏုိင္ငံျခားကတကၠသိုလ္ေတြက ဘယ္လိုပညာသင္စံနစ္မ်ိဳးနဲ႕ လူငယ္ေတြကိုေလ႕က်င္႕ေပးသလဲဆိုတာ သိပါသလား?
.
သားသမီးတက္ခ်င္တဲ႕ ေမဂ်ာ၊ သူတုိ႕စိတ္ဝင္စားတဲ႕ဘာသာဟာ သူတုိ႕သြားေနထုိင္သင္ယူမယ္႕ႏုိင္ငံ နဲ႕ ျမန္မာႏိုင္ငံအတြက္ ဘယ္ေလာက္အက်ိဳးျပဳပါသလဲ?
.
ႏိုင္ငံရပ္ျခားမွာ စတင္ရမယ္႕ လူငယ္ဘဝရဲ႕ တုိးတက္မယ္႕အညြန္႕အဖူးအတြက္ “ ပြဲမဝင္ခင္ အျပင္ကက်င္းပ ” ဆိုသလို ဘယ္လိုေလ႕က်င္႕ေပးလိုက္ပါသလဲ?
.
ေငြေပးလိုက္လို႕ ကုိယ္႕သားသမီးဟာ ကမၻာ႕ပညာေရးရသြားႏုိင္ေပမယ္႕ ကမၻာ႕အဆိုးဆံုး မူးယစ္ညႊန္႕တံုးလူ႕ဘဝဆံုးသြားႏုိင္တယ္ဆိုတာကိုေရာ ထည္႕တြက္ထားပါသလား?
.
.
ဒီေမးခြန္းေတြဟာနည္းနည္းၾကမ္းတယ္ဆိုတာ ဝန္ခံပါတယ္။ ဒါေတြကို ကြ်န္ေတာ႕ရဲ႕မိတ္ေဆြသူငယ္ခ်င္းမ်ား ဆင္ေျခမေပးပဲ တစ္ဝက္ေက်ာ္ေျဖႏုိင္တယ္ဆုိရင္ အိမ္စာေက်တယ္ - You did your homework  လို႕ ခ်ီးက်ဴးခ်င္ပါတယ္။ ဒါမွမဟုတ္ ေျဖႏိုင္တဲ႕အခ်က္နည္းတယ္ဆိုရင္ လူၾကီးျဖစ္ျပီး မအားမလပ္ တစ္ခန္းရပ္ျပဇာတ္ နဲ႕ လူငယ္ဘဝဆံုးရွံဴးေနရတယ္လုိ႕ သတိေပးပါရေစ။
.
.
ဒါေတြကုိ အျမီးအေမာက္တည္႕ေအာင္ လူငယ္ေတြနားက ျပန္သင္ဖို႕လုိအပ္ပါတယ္ ..
.
လူငယ္ေတြလို သိခ်င္စိတ္ ရွိႏုိင္ပါတယ္။
.
လူငယ္ေတြလို ေမးခြန္းေမးခ်င္စိတ္ ရွိႏို္င္ပါတယ္။
.
လူငယ္ေတြလို အသစ္ကုိဆန္းသစ္လိုစိတ္ ရွိႏိုင္ပါတယ္။
.
လူငယ္ေတြလို မိတ္ေဆြသစ္ေတြအေပၚမွာ အာဃာတကင္းကင္းဆက္ဆံႏုိင္ပါတယ္။
.
လူငယ္ေတြကို လူငယ္စိတ္ေမြးျပီး ( အတူစား၊ အတူသြား၊ အတူအပန္းေျဖ ) ကုိယ္လက္စိတ္ပါ ႏွိမ္႕ခ်ေပါင္းသင္း ဆက္ဆံႏိုင္ပါတယ္။ အခ်ိန္ေပးႏိုင္ပါတယ္။
.
.
ဒါေၾကာင္႕ မိဘျဖစ္လာၾကတဲ႕ သူငယ္ခ်င္းေတြ လူငယ္ျပန္ျဖစ္ေအာင္ “ စိတ္ ” က အေရးၾကီးတယ္လို႕ ေျပာျပခ်င္တယ္။ “ ဘယ္လုိလုပ္ရမွာလဲ ”  လို႕ ကြ်န္ေတာ႕ထံ နည္းလမ္းေတာင္းရင္ေတာ႕ သူတုိ႕ရဲ႕သားသမီးေတြဆီ ျပန္လႊတ္ေပးရလိမ္႕မယ္။
.
လူငယ္ေတြက ေစတနာရွိတယ္။
.
လူငယ္ေတြက နားလည္မႈရွိတယ္။
.
လူငယ္ေတြက ဟန္ေဆာင္မႈကင္းတယ္။
.
လူငယ္ေတြက အကဲဆတ္ေပမယ္႕ ခ်စ္ျခင္းေမတၱာနဲ႕ကုိင္တြယ္လုိ႕ရတယ္။
.
လူငယ္ေတြက ႏူးညံ႕တယ္ .. သိမ္ေမြ႕တယ္ .. ေပ်ာ္တတ္တယ္။ အထူးသျဖင္႕ မိဘေတြကုိျပန္သင္ေပးတဲ႕ေနရာမွာ ေတာ္ပါတယ္။
.
ခင္လ်က္
.
02-08-2016 ( ေတာင္ၾကီးျမိဳ႕ )
.
.
.
Myanmar Unicode Version:
.
.
“ လူငယ်ဘဝပြန်ရအောင် ကျွန်တော်တို့ဘယ်လိုလုပ်နိုင်မလဲ? ”
ခရီးသွားနေသူ - ကိုညီညီ ( တောင်ကြီး )
.
ငါတို့ကအသက်ကြီးပြီ။ ဒါမျိုးတွေမလုပ်တတ်ဘူး။ ငါ့ကလေးတွေလုပ်ပေးလိမ့်မယ် ” လို့ ပြောတဲ့ သူငယ်ချင်းဟောင်းတွေဆီကအသံကိုပြန်ကြားရတော့ ကျွန်တော်အမေရိကားရောက်ခါစက လူငယ်လေးတစ်ယောက်ရဲ့ သူ့ဘဝဖြစ်စဉ်ပြောပြပုံလေးကို ပြန်အမှတ်ရမိတယ်။
.
မလည်မဝယ်ဖြစ်နေပြီး ရောက်ခါစတစ်လနှစ်လ ဘာမှလုပ်စရာမရှိတဲ့ကျွန်တော့ကို သူက “ သူ့ရဲ့လူငယ်ဘဝ ( ၇ ) နှစ်လောက်ကို ဖြုန်းတီးလိုက်ရပြီ ” လို့ မဆိုင်းမတွ ပြောပြတယ်။ ကျောင်းသားပြည်ဝင်ခွင့်နဲ့ရောက်လာတဲ့လူငယ်လေးဟာ အသိတစ်ယောက်အိမ်မှာနေထိုင်ရင်း ကျောင်းတက်တယ်။ ကျောင်းသွားကျောင်းပြန်အပြင် ကျောင်းစားရိတ်သက်သာအောင် အချိန်ပိုင်းအလုပ်လုပ်တယ်။ နှစ်အပိုင်းအခြားတစ်ခုရောက်လာတဲ့အခါ ကျောင်းနဲ့အိမ်၊ အိမ်နဲ့ကျောင်းမဟုတ်တော့ပဲ အလုပ်နဲ့ကျောင်း၊ ကျောင်းနဲ့အလုပ်ဖြစ်လာတယ်။
.
ရှုတ်သွားရင် တောင်းပန်ပါတယ်။ အလုပ်နဲ့ကျောင်းဆိုတာက အချိန်ပိုင်းအလုပ်ပြီးတာနဲ့ ကျောင်းကိုသွားတဲ့ရထားပေါ်မှာ စာကျက်တယ်။ ကျောင်းရောက်ရင် အိမ်စာထပ်လုပ်တယ်။ ကျောင်းပြီးသွားရင် အလုပ်ကိုပြန်သွားတယ်။ ဒီလိုနဲ့ လမ်းမှာအချိန်ကုန်လာတဲ့ လူငယ်လေးဟာ ညဆိုရင် အသိအိမ်ပြန်မအိပ်နိုင်တော့ပဲ ကျောင်းစာသင်ခန်းခုံတန်းလေးပေါ်မှာ အိမ်စာလုပ်ရင်း မနက်လင်းအောင် မှောက်အိပ်နေလိုက်တော့တယ်။ ဒါကြောင့် သူ့အတွက် အလုပ်ခွင်နားချိန်ဟာ အိမ်စာလုပ်တဲ့အချိန်၊ ရထားစီးချိန်ဟာ စာကျက်ချိန်၊ လူမရှိတော့တဲ့စာသင်ခန်းဟာ သူ့အိပ်ခန်းဖြစ်လာခဲ့ပါတော့တယ်။
.
.
ဒီလိုနဲ့စာသင်နှစ် တစ်နှစ်ပြီးတစ်နှစ်ဖြတ်သန်းရင်း မြန်မာနိုင်ငံမပြန်လို့မဖြစ်တော့တဲ့ နောက်ဆုံးနှစ်လိုမျိုး ရောက်လာတယ်။ ဒီတော့ တစ်ခုခုကိုသူဆုံးဖြတ်မှဖြစ်တော့မယ်..။ ပြန်မလား .. ဆက်နေဖို့ တစ်စုံတစ်ခုသောအမှုတွဲကို တည်ဆောက်ယူမလား .. လမ်းနှစ်သွယ်မှာ တစ်လမ်းတော့ရွေးရတော့မယ်။ သူဟာ အိုဗာစတေးအဖြစ်ခံပြီး ဒုက္ခသည်စာရင်းအသွင်းခံတယ်။ ရှေ့နေငှားပြီး တရားရုံးမှာ လျှောက်ထားတယ်။ နောက်ဆုံးမှာ သူနဲ့လက်တွဲမယ့် မြန်မာမိန်းကလေးတစ်ယောက်ပေါ်လာတယ် .. အချိန်တစ်ခုရောက်တဲ့အချိန်မှာ အင်ဂျင်နီယာနဲ့ဘွဲ့ရတယ်။
.
အခြေကျသွားတော့ သမီးလေးတစ်ယောက်မွေးတယ်။ အဖေကပဲ ကလေးကိုအထိန်းများတယ်။ စေလိုရာစေ မိဘုရားရတဲ့အနေအထားမဟုတ်ပဲ ထားရာနေ စေရာသွား ဘုရင်မကို ပေါင်းဘက်ရတဲ့အခါ ဖခင်တစ်ဖြစ်လည်း လူငယ်လေးမှာ ကျောင်းစတက်ကတည်းကဆုံးရှူံးခဲ့တဲ့ “ လူငယ်ဘဝ ” ရှူံးပြီးရင်းရှူံးနေရတယ်လို့ ဆိုလိုဟန်တူပါတယ်။ ဒါက သူ့ဇာတ်လမ်းထဲက အပိုင်းအစတစ်ချို့ပါ..။
.
.
အခု မြန်မာနိုင်ငံကို ကျွန်တော်ခေတ္တပြန်ရောက်တဲ့အခါ လူငယ်စိတ်မဝင်တဲ့လူကြီး ( ကျွန်တော့အရွယ် ) တော်တော်များများကိုတွေ့ရတယ်။ စာဖတ်သူများကတော့ ပြောကြမှာပေါ့ .. “ လူကြီးပဲလေ .. လူငယ်စိတ်ဝင်စရာလား? ” လို့ပေါ့..။ ဟုတ်ပါတယ် .. ကျွန်တော်ပြောချင်တဲ့ဆိုလိုရင်း မလွဲသေးပါဘူး။
.
လူကြီးဟာ လူကြီးစိတ်ရှိနေသင့်တာမှန်ပေမယ့် လူငယ်တွေကို အတင်းအကြပ်လွှမ်းမိုးနေတယ်။ လိုရင်းကို တိုတိုပြောရရင် “ ငါက လူကြီး .. ငါက အဖေ .. ငါက အမေ ” စသဖြင့် စိတ်ကိုတင်းထားလွန်းပြီး “ ငါ့သားသမီးပညာရေးကောင်းဖို့ အင်္ဂလိပ်ကျောင်းထားပေးတယ်။ ကောင်းစေချင်လွန်းလို့ မြန်မာကျောင်းတောင် မထားဘူး .. သူတို့ကြီးလာရင်လည်း န်ိုင်ငံခြားကို လွှတ်ဦးမှာ ” ဆိုတဲ့ရည်ရွယ်ချက်ရှိတာ မှန်ပေမယ့် “ ငွေရှိရင် အရာရာပြည့်စုံတယ် ” လို့ ထင်နေတဲ့စိတ်က မဟာပြသနာ..။
.
သားသမီးတွေက တစ်ရက်တာစာသင်ချိန်ရှည်တဲ့ မြန်မာနိုင်ငံရဲ့ပညာရေးစံနစ်ကြောင့် အရှင်လတ်လတ်အမေရိကားရောက်ရသလို အားလပ်ချိန်ဆိုတာ လုံးဝမရှိတဲ့ကြားထဲ မိဘနဲ့အဆင်မပြေဖြစ်ရတဲ့အကြပ်အတည်းကြောင့်စိတ်ဖိစီးရတယ်။ ဒါကို မိဘကသိရင် အကြောင်းမဟုတ်ဘူး .. အဖေကတင်း အမေကလျော့၊ အမေကခပ်မာမာ နဲ့ အဖေကချော့မော့ပြောဆို .. လမ်းမှန်ပြရင် တော်သေးတယ်။ ဆိုလိုတာက “ ကိုယ့်သားသမီးဘာလုပ်နေတယ်ဆိုတာ သိရင် ” အချိန်မှီပါသေးတယ်။ အခုဟာက လူကြီးဆိုသူတွေက ကိုယ့်အလုပ်နဲ့ကိုယ်ရှုတ်နေ၊ ကလေးကိုဈေးကြီးပြီးအချိန်များများသင်တဲ့ နေဝင်ချိန်ကျူရှင်တွေကြားမှာ ညနက်ကြီးကျမှအိမ်ပြန်စေတယ်။
.
.
ပိုဆိုးတာက မိမိသားသမီးတို့ရဲ့ တိုးတက်မှု - Progress ကို ဖြစ်နေချိန်၊ ဖြစ်နေစဉ်အတွင်းမသိပဲ စာမေးပွဲကျမှ .. တို့၊ ရောဂါဘယရမှ .. တို့၊ ချစ်သူနဲ့လိုက်ပြေးမှ .. တို့ သိရတဲ့အခါ အလာကောင်းပေမယ့် အခါနှောင်းသွားပါပြီ။ ဒီအခါမှာ ဘယ်သူကဘယ်သူ့ဘဝကို ပေးလိုက်ရတာပါလဲ? လူကြီးဆိုပြီး ကိုယ့်ဟာကိုယ်မာန်တင်းနေတဲ့လူကြီးရော၊ အရှင်လတ်လတ်လူငယ်ဘဝကို မအားမလပ်စွာ စတေးပစ်နေရတဲ့သားသမီးတို့ရဲ့ပျိုမျစ်အခါသမယ နုနုယွယွလေးတွေကိုပါ ရောသမမွှေ ပစ်ထုတ်နေရတာပါ။ သေချာမစဉ်းစားလို့သာ “ ငါ့ကလေးက စာမလုပ်ဘူး။ ငါ့စကားနားမထောင်ဘူး ” လို့ အသိတရားကင်းမဲ့စွာ ပြောထွက်နေကြတာကို ကျွန်တော်တော့ဖြင့် သင်ခန်းစာအကြီးကြီး ယူမိတယ်။
.
ဒီကြားထဲ ငွေကရှိပြန်တော့ ငါ့သားသမီး နိုင်ငံခြားလွှတ်ဦးမယ့်သူတွေက တိုင်းတစ်ပါးမှာ လူငယ်တွေကို အကြပ်အတည်းထဲ ထပ်ပို့ချင်နေပြန်တယ်။ မြန်မာနိုင်ငံဆယ်တန်းဝန်းတံခါးမှာ ခေါင်းညှပ်လို့နာကျင်ရရုံမက အထပ်မြင့်အုတ်တံတိုင်းကို အမောအပန်းခံ ထပ်မံကျော်တက်ခိုင်းနေတာနဲ့တူနေတယ်။ ဒီတော့ တစ်ခုခုတော့မှားနေတာသေချာနေပါပြီ။ ဒီနေရာမှာ လူများစုလုပ်ကြတာက လက်ရှိအစိုးရကို အပစ်ပုံချတာပါပဲ။ ရှေ့အဆက်ဆက်အစိုးရအသွယ်သွယ်ကချပေးတဲ့ မကောင်းတဲ့ပညာရေးရဲ့အရိပ်ဆိုးကြီးကို လက်ညှိုးထိုးလို့ ဝပဲမဝနိုင်ကြဘူးလေ။ ဒီလိုနဲ့ ပြီးသွားမလား? ဆက်စဉ်းစားကြည့်ရအောင်..။
.
.
လူငယ်တွေကို ဆုံးမလို့မရဘူးလိုပြောပြောနေတဲ့ သူငယ်ချင်းမိဘတွေက ..
.
ပိုက်ဆံရှိလို့ဝယ်သုံးတဲ့ အနောက်နိုင်ငံကထွင်တဲ့ iPhone တစ်လုံးကို ကောင်းကောင်းသုံးတတ်ပါသလား?
.
သားသမီးတွေတက်မယ့် နိုင်ငံခြားကတက္ကသိုလ်တွေက ဘယ်လိုပညာသင်စံနစ်မျိုးနဲ့ လူငယ်တွေကိုလေ့ကျင့်ပေးသလဲဆိုတာ သိပါသလား?
.
သားသမီးတက်ချင်တဲ့ မေဂျာ၊ သူတို့စိတ်ဝင်စားတဲ့ဘာသာဟာ သူတို့သွားနေထိုင်သင်ယူမယ့်နိုင်ငံ နဲ့ မြန်မာနိုင်ငံအတွက် ဘယ်လောက်အကျိုးပြုပါသလဲ?
.
နိုင်ငံရပ်ခြားမှာ စတင်ရမယ့် လူငယ်ဘဝရဲ့ တိုးတက်မယ့်အညွန့်အဖူးအတွက် “ ပွဲမဝင်ခင် အပြင်ကကျင်းပ ” ဆိုသလို ဘယ်လိုလေ့ကျင့်ပေးလိုက်ပါသလဲ?
.
ငွေပေးလိုက်လို့ ကိုယ့်သားသမီးဟာ ကမ္ဘာ့ပညာရေးရသွားနိုင်ပေမယ့် ကမ္ဘာ့အဆိုးဆုံး မူးယစ်ညွှန့်တုံးလူ့ဘဝဆုံးသွားနိုင်တယ်ဆိုတာကိုရော ထည့်တွက်ထားပါသလား?
.
.
ဒီမေးခွန်းတွေဟာနည်းနည်းကြမ်းတယ်ဆိုတာ ဝန်ခံပါတယ်။ ဒါတွေကို ကျွန်တော့ရဲ့မိတ်ဆွေသူငယ်ချင်းများ ဆင်ခြေမပေးပဲ တစ်ဝက်ကျော်ဖြေနိုင်တယ်ဆိုရင် အိမ်စာကျေတယ် - You did your homework  လို့ ချီးကျူးချင်ပါတယ်။ ဒါမှမဟုတ် ဖြေနိုင်တဲ့အချက်နည်းတယ်ဆိုရင် လူကြီးဖြစ်ပြီး မအားမလပ် တစ်ခန်းရပ်ပြဇာတ် နဲ့ လူငယ်ဘဝဆုံးရှူံးနေရတယ်လို့ သတိပေးပါရစေ။
.
.
ဒါတွေကို အမြီးအမောက်တည့်အောင် လူငယ်တွေနားက ပြန်သင်ဖို့လိုအပ်ပါတယ် ..
.
လူငယ်တွေလို သိချင်စိတ် ရှိနိုင်ပါတယ်။
.
လူငယ်တွေလို မေးခွန်းမေးချင်စိတ် ရှိန်ိုင်ပါတယ်။
.
လူငယ်တွေလို အသစ်ကိုဆန်းသစ်လိုစိတ် ရှိနိုင်ပါတယ်။
.
လူငယ်တွေလို မိတ်ဆွေသစ်တွေအပေါ်မှာ အာဃာတကင်းကင်းဆက်ဆံနိုင်ပါတယ်။
.
လူငယ်တွေကို လူငယ်စိတ်မွေးပြီး ( အတူစား၊ အတူသွား၊ အတူအပန်းဖြေ ) ကိုယ်လက်စိတ်ပါ နှိမ့်ချပေါင်းသင်း ဆက်ဆံနိုင်ပါတယ်။ အချိန်ပေးနိုင်ပါတယ်။
.
.
ဒါကြောင့် မိဘဖြစ်လာကြတဲ့ သူငယ်ချင်းတွေ လူငယ်ပြန်ဖြစ်အောင် “ စိတ် ” က အရေးကြီးတယ်လို့ ပြောပြချင်တယ်။ “ ဘယ်လိုလုပ်ရမှာလဲ ”  လို့ ကျွန်တော့ထံ နည်းလမ်းတောင်းရင်တော့ သူတို့ရဲ့သားသမီးတွေဆီ ပြန်လွှတ်ပေးရလိမ့်မယ်။
.
လူငယ်တွေက စေတနာရှိတယ်။
.
လူငယ်တွေက နားလည်မှုရှိတယ်။
.
လူငယ်တွေက ဟန်ဆောင်မှုကင်းတယ်။
.
လူငယ်တွေက အကဲဆတ်ပေမယ့် ချစ်ခြင်းမေတ္တာနဲ့ကိုင်တွယ်လို့ရတယ်။
.
လူငယ်တွေက နူးညံ့တယ် .. သိမ်မွေ့တယ် .. ပျော်တတ်တယ်။ အထူးသဖြင့် မိဘတွေကိုပြန်သင်ပေးတဲ့နေရာမှာ တော်ပါတယ်။
.
ခင်လျက်
.
02-08-2016 ( တောင်ကြီးမြို့ )


No comments: