ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, July 1, 2018

ပင္လယ္ေတြျဖတ္သန္း ခရီးသြားေနတဲ႕ေမြးေန႕

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
. ဒီတစ္ၾကိမ္ေမြးရပ္ေျမကုိျပန္တဲ႕ခရီးဟာ ပင္လယ္ေပါင္းမ်ားစြာကိုျဖတ္သန္းသြားေပမယ္႕ အာရံုတစ္ခုဆီကုိ ကြ်န္ေတာ႕စိတ္ကေရာက္ေနပါတယ္။ (၉) ႏွစ္ၾကာအျမစ္တြယ္ခဲ႕တဲ႕ေနရာသစ္ကေန ခ်ဳပ္ျမဳပ္နယ္ေျမေမြး႒ာေနကုိ အေမွာင္ထဲက အလင္းကိုခြင္းျပီး မာန္ဟီးဟီး ခရီးႏွင္ေနတဲ႕ လူ (၄ဝဝ) စီး ေလယာဥ္ၾကီးတစ္စီးေပၚကေန အေမ႕ကုိတမ္းတမိတယ္။
.
. ဟုိႏွစ္ေပါင္းမ်ားစြာက ဒီလိုေန႕မွာ အေမေမြးလို႕ လူျဖစ္လာတဲ႕လူသားကြ်န္ေတာ္ဟာ အိမ္အိုေဟာင္းေလးတစ္ေနရာမွာ အုိမင္းမစြမ္းက်န္ရစ္လာတဲ႕အေမ႕အနားမွာ မေနအားတာ သူမ်ားတကာနဲ႕ယွဥ္လုိက္ရင္ စိတ္အားေတြငယ္ရပါတယ္။
.
.
. ကြ်န္ေတာ႕ကိုေမြးတဲ႕အခ်ိန္ အေမခံစားရတဲ႕ဒုကၡေတြဟာ အခု ေလယာဥ္ထုိင္ခံုေအာက္က ပစိဖိတ္သမုဒၵရာလိႈင္းလံုးေတြက ေက်ာက္ေဆာင္ေက်ာက္သားေတြကုိ စံုးစံုးျမဳပ္ လႈပ္လႈပ္ခါေအာင္ လုပ္ခ်င္ခဲ႕တာထက္ ဆိုးရြားမွာပါ။ အေမ ကြ်န္ေတာ႕ကုိဝမ္းထဲလြယ္ထားခဲ႕တဲ႕ သေႏၶခရီးလမ္းဟာ အခု ေလယာဥ္ၾကီးကုိထမ္းထားတဲ႕ ကမၻာပတ္လမ္းေပၚက ရမ္းကားတဲ႕ ေလၾကမ္းၾကီးေတြထက္ ၾကမ္းတမ္းခဲ႕မွာ အမွန္ပါပဲ။
.
.
. "သားသမီးေတြဟာ အေတာင္ပံပါရင္ သဘာဝအတိုင္း ပ်ံၾကစျမဲ" ဆုိတာ အေမသိတယ္။ လူ႕ဘဝဆုိတာ ေလွ်ာက္လွမ္းရင္း ေန႕ရက္ေတြေျခာက္ခမ္းလာတာ အေမသိတယ္။ ပ်ိဳရြယ္မႈရဲ႕ေနာက္ဆက္တြဲက အတူယွဥ္တြဲမေနရပဲ ဇရာကခြဲျခားထားမယ္ဆုိတာ အေမသိပါတယ္။ အခုလို ေလယာဥ္တံခါးေဘာင္နားက အဲယားကြန္းေလတုိးလုိက္တဲ႕အခါ အေမ႕ငိုသံလားလို႕ေတြးထင္ေနမိတယ္။
.
. ဒါေတြကုိမရိပ္မိတာက သားပါ အေမ။ အေမက သတိရေနရင္ သားက ဖုန္းမေခၚမိဘူး။ အေမက စကားေျပာခ်င္ရင္ သားက အလုပ္ဝင္ေနတယ္။ စိတ္ညစ္လို႕ အေမရင္ဖြင္႕ခ်င္ရင္ ကြ်န္ေတာ္က အလုိက္မသိအိပ္စက္ေနတယ္။ အေမ က ေန႕ . . သား က ည . . ထုိထိုဘဝဟာ မလွမပ နဲ႕ သိပ္စိမ္းကားလွတယ္ အေမ။
.
.
. သားမွာလည္း ေနာက္မ်ိဳးဆက္ေတြရွိလာေတာ႕ ဘယ္သူမွမသင္ေပးရပဲ အေမ နဲ႕ အေဖ႕ရဲ႕ စြန္႕လႊတ္အနစ္နာခံမႈေတြကုိ ျပန္လည္သိရွိလာခဲ႕ျပီ။ ဒါေပမယ္႕ ေပ်ာ္ရာမွာမေနရ ေတာ္ရာမွာေနရတဲ႕ ကံတရားေပးအေျခအေနအတုိင္း ပညာေရးအနာဂါတ္ရွိရာကိုအေရာက္သြားခဲ႕တဲ႕ သားကုိ အေမေျပာတာက "ငါ႕ကို လာမေတြ႕နဲ႕။ မိသားစု နဲ႕ အလုပ္က အေရးၾကီးတယ္" တဲ႕။
.
. ဒီ ခရီးသြားေနတဲ႕ေမြးေန႕ မွာ ေတာင္တန္းေတြမ်ားျပား ပင္လယ္ၾကီးေတြျခားေပမယ္႕ ေလယာဥ္ပ်ံၾကီးေပၚကေန လက္စံုမိုးထား အေမ႕ကိုဝပ္တြား ကန္ေတာ႕လိုက္ပါရေစ။ သားရဲ႕မေက်လည္ေသးတဲ႕ "အတၱ" နဲ႕ အေမေပးတဲ႕ "ခႏၶ" တုိ႕ရဲ႕ကိုေပါင္းစုျပီး အေဝးမွာေနမိတဲ႕ အေမ႕သား "ခဏ" ျပန္လာေနရပါေစ။
.
. အေဝးက လာေနတဲ႕အေမ႕သား
. ကုိညီညီ (ေတာင္ၾကီး)
. 07-03-2018

Unicode Version:


ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
. "ပင်လယ်တွေဖြတ်သန်း ခရီးသွားနေတဲ့မွေးနေ့"
. ဒီတစ်ကြိမ်မွေးရပ်မြေကိုပြန်တဲ့ခရီးဟာ ပင်လယ်ပေါင်းများစွာကိုဖြတ်သန်းသွားပေမယ့် အာရုံတစ်ခုဆီကို ကျွန်တော့စိတ်ကရောက်နေပါတယ်။ (၉) နှစ်ကြာအမြစ်တွယ်ခဲ့တဲ့နေရာသစ်ကနေ ချုပ်မြုပ်နယ်မြေမွေးဋ္ဌာနေကို အမှောင်ထဲက အလင်းကိုခွင်းပြီး မာန်ဟီးဟီး ခရီးနှင်နေတဲ့ လူ (၄ဝဝ) စီး လေယာဉ်ကြီးတစ်စီးပေါ်ကနေ အမေ့ကိုတမ်းတမိတယ်။
.
. ဟိုနှစ်ပေါင်းများစွာက ဒီလိုနေ့မှာ အမေမွေးလို့ လူဖြစ်လာတဲ့လူသားကျွန်တော်ဟာ အိမ်အိုဟောင်းလေးတစ်နေရာမှာ အိုမင်းမစွမ်းကျန်ရစ်လာတဲ့အမေ့အနားမှာ မနေအားတာ သူများတကာနဲ့ယှဉ်လိုက်ရင် စိတ်အားတွေငယ်ရပါတယ်။
.
.
. ကျွန်တော့ကိုမွေးတဲ့အချိန် အမေခံစားရတဲ့ဒုက္ခတွေဟာ အခု လေယာဉ်ထိုင်ခုံအောက်က ပစိဖိတ်သမုဒ္ဒရာလှိုင်းလုံးတွေက ကျောက်ဆောင်ကျောက်သားတွေကို စုံးစုံးမြုပ် လှုပ်လှုပ်ခါအောင် လုပ်ချင်ခဲ့တာထက် ဆိုးရွားမှာပါ။ အမေ ကျွန်တော့ကိုဝမ်းထဲလွယ်ထားခဲ့တဲ့ သန္ဓေခရီးလမ်းဟာ အခု လေယာဉ်ကြီးကိုထမ်းထားတဲ့ ကမ္ဘာပတ်လမ်းပေါ်က ရမ်းကားတဲ့ လေကြမ်းကြီးတွေထက် ကြမ်းတမ်းခဲ့မှာ အမှန်ပါပဲ။
.
.
. "သားသမီးတွေဟာ အတောင်ပံပါရင် သဘာဝအတိုင်း ပျံကြစမြဲ" ဆိုတာ အမေသိတယ်။ လူ့ဘဝဆိုတာ လျှောက်လှမ်းရင်း နေ့ရက်တွေခြောက်ခမ်းလာတာ အမေသိတယ်။ ပျိုရွယ်မှုရဲ့နောက်ဆက်တွဲက အတူယှဉ်တွဲမနေရပဲ ဇရာကခွဲခြားထားမယ်ဆိုတာ အမေသိပါတယ်။ အခုလို လေယာဉ်တံခါးဘောင်နားက အဲယားကွန်းလေတိုးလိုက်တဲ့အခါ အမေ့ငိုသံလားလို့တွေးထင်နေမိတယ်။
.
. ဒါတွေကိုမရိပ်မိတာက သားပါ အမေ။ အမေက သတိရနေရင် သားက ဖုန်းမခေါ်မိဘူး။ အမေက စကားပြောချင်ရင် သားက အလုပ်ဝင်နေတယ်။ စိတ်ညစ်လို့ အမေရင်ဖွင့်ချင်ရင် ကျွန်တော်က အလိုက်မသိအိပ်စက်နေတယ်။ အမေ က နေ့ . . သား က ည . . ထိုထိုဘဝဟာ မလှမပ နဲ့ သိပ်စိမ်းကားလှတယ် အမေ။
.
.
. သားမှာလည်း နောက်မျိုးဆက်တွေရှိလာတော့ ဘယ်သူမှမသင်ပေးရပဲ အမေ နဲ့ အဖေ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ပြန်လည်သိရှိလာခဲ့ပြီ။ ဒါပေမယ့် ပျော်ရာမှာမနေရ တော်ရာမှာနေရတဲ့ ကံတရားပေးအခြေအနေအတိုင်း ပညာရေးအနာဂါတ်ရှိရာကိုအရောက်သွားခဲ့တဲ့ သားကို အမေပြောတာက "ငါ့ကို လာမတွေ့နဲ့။ မိသားစု နဲ့ အလုပ်က အရေးကြီးတယ်" တဲ့။
.
. ဒီ ခရီးသွားနေတဲ့မွေးနေ့ မှာ တောင်တန်းတွေများပြား ပင်လယ်ကြီးတွေခြားပေမယ့် လေယာဉ်ပျံကြီးပေါ်ကနေ လက်စုံမိုးထား အမေ့ကိုဝပ်တွား ကန်တော့လိုက်ပါရစေ။ သားရဲ့မကျေလည်သေးတဲ့ "အတ္တ" နဲ့ အမေပေးတဲ့ "ခန္ဓ" တို့ရဲ့ကိုပေါင်းစုပြီး အဝေးမှာနေမိတဲ့ အမေ့သား "ခဏ" ပြန်လာနေရပါစေ။
.
. အဝေးက လာနေတဲ့အမေ့သား
. ကိုညီညီ (တောင်ကြီး)
. 07-03-2018

No comments: