ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, July 17, 2019

ကြ်န္ေတာ႕ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးခဲ႕စဥ္က


ဒီအျဖစ္အပ်က္ကထူးဆန္းတာမဟုတ္ေပမဲ႕ ကြ်န္ေတာ္ေရးျပခ်င္ေနတာၾကာပါျပီ။ အြန္လိုင္းေပၚကုိတက္လာတဲ႕သတင္းေတြကိုဖတ္ၾကည္႕ျပီး ျမန္မာႏိုင္ငံျပန္တဲ႕အခါ ႏုိင္ငံကူးလက္မွတ္သက္တမ္းတိုးဖုိ႕ တစ္ရက္တာခံရမယ္႕ဒုကၡကိုတြက္ဆၾကည္႕ရင္း ေတာ္ေတာ္ခ်င္႕ခ်ိန္ေနမိတယ္။

ႏိုင္ငံရပ္ျခားမွာေနသူေတြ ျမန္မာႏိုင္ငံျပန္ေရာက္လို႕ ပြဲစားနဲ႕သက္တမ္းတုိးခဲ႕ရတဲ႕ဇာတ္လမ္းေတြဟာ အခုေနာက္ပိုင္းအၾကားရနည္းသြားေပမယ္႕ အျမစ္ျပတ္သြားတာေတာ႕မဟုတ္ေသးဘူး။ ေသခ်ာေအာင္ေျပာႏုိင္တာတစ္ခုကေတာ႕ ႏိုင္ငံျခားထြက္အလုပ္လုပ္သူေတြတိုးပြားလာတာေၾကာင္႕ လက္မလည္တဲ႕ရံုးေတြထဲမွာ ဒီ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးရံုးကလည္း တစ္ရံုးအပါအဝင္ဆုိတာပါပဲ။

ဒီဘက္ေျမကုိေရာက္တဲ႕ႏွစ္ေတြအတြင္း ကြ်န္ေတာ႕ရဲ႕ျမန္မာႏုိင္ငံသားႏုိင္ငံကူးလက္မွတ္ဟာ သက္တမ္း (၂) ၾကိမ္ကုန္ခဲ႕တယ္။ ပထမတစ္ၾကိမ္တုန္းက အစုိးရကမူဝါဒေလွ်ာ႕ေပါ႕မႈမရွိေသးေတာ႕ အခြန္ေဆာင္ရတာ လွိမ္႕ပိန္႕ျပီးေပးလိုက္ရတယ္။ ဒီလိုမေက်နပ္ရင္ ရန္ကုန္ျပန္ျပီးသက္တမ္းတုိးဆိုေတာ႕လည္း ေလယာဥ္ခက မစားသာဘူးေလ။



ဒီတေလာမွာ ကိစၥတစ္ခုနဲ႕တိုက္ဆိုင္လို႕ျပန္ၾကည္႕လုိက္ေတာ႕ ကြ်န္ေတာ႕ႏိုင္ငံကူးလက္မွတ္သက္တမ္းကုန္ေနတာေတြ႕ရေတာ႕လန္႕သြားတယ္။ တကယ္အေရးအၾကာင္းဆုိရင္ခက္ရခ်ည္ရဲ႕ဆုိျပီး အင္တာနက္မွာျပန္ေလ႕လာလိုက္ေတာ႕ တုိက္တုိက္ဆုိင္ဆုိင္ပဲ ဒီဘက္ကယ္လီဖိုးနီးယားဘက္မွာထပ္တိုးဖြင္႕လာတဲ႕ျမန္မာေကာင္စစ္ဝန္ရံုး (ေလာ႕အိမ္႕ဂ်လိစ္ျမိဳ႕) ရဲ႕ ရုိက္ႏွိပ္စက္ပ်က္လို႕ လက္မခံေသးတာနဲ႕သြားၾကံဳေနတယ္။
ဒါေၾကာင္႕ အရင္သက္တမ္းတိုးဖူးတဲ႕ ေဝါ႕ရွင္တန္ဒီစီျမန္မာသံရံုးစာမ်က္ႏွာမွာဝင္ၾကည္႕ျပီး လိုအပ္တဲ႕စာရြက္စာတမ္းေတြျပင္ဆင္ဖို႕ကြ်န္ေတာ္စလုပ္ပါတယ္။ သူ႕ရဲ႕လိုအပ္ခ်က္ေတြဟာ အရင္ (၆) ႏွစ္ခန္႕ကလုပ္ဖူးတာနဲ႕မတူတာေတြဟာ ျပည္ပေရာက္ျမန္မာႏုိင္ငံသားေတြအတြက္ေက်နပ္အားတက္ဖြယ္ရာအျဖစ္ေတြ႕ရတယ္။ အဲဒါေတြထဲမွာ

^^။ ျမန္မာႏိုင္ငံကူးလက္မွတ္အသစ္ခ (၂၅) ေဒၚလာ

^^။ ေနာက္က်ကာလ (၂) ႏွစ္အထိသက္တမ္းအထိေနာက္က်ဒဏ္ေၾကးေကာက္ခံျခင္းမရွိပဲ (၂) ႏွစ္အတြက္ေက်ာ္လြန္ေသာကာလမ်ားအတြက္ (၁) ႏွစ္လွ်င္ (၁၅) ေဒၚလာႏႈန္းေပးေဆာင္ရပါမည္။ ဆုိတာေတြက စိတ္သက္သာရအေတာ္ေလးရေစတယ္။ (ေတာ္ေသးတယ္ (၂ဝ၁၃) ခုႏွစ္သက္တမ္းတုိးတုန္းကအခြန္စာရြက္ကုိသိမ္းထားမိလို႕)



သို႕ေပမယ္႕

၂(ဃ)။ (၂ဝ၁၁) ကာလအထိအခြန္ေပးေဆာင္ထားေသာေျပစာ (ယင္းကာလအထိဝင္ေငြခြန္မေပးေဆာင္ရေသးပါကေပးေဆာင္ရန္ႏွင္႕ ေပးေဆာင္ေငြကို Money Order ျဖင္႕ ပို႕ေပးပါရန္)

၁၉။ ျမန္မာႏုိင္ငံသုိ႕ျပန္ပို႕ျခင္း ရွိ/မရွိ

၂၇။ ႏိုင္ငံျခားသားႏွင္႕အိမ္ေထာင္ျပဳျခင္း ရွိ/မရွိ

၂၉။ မည္သည္႕လူမ်ိဳးႏွင္႕အိမ္ေထာင္ျပဳသည္

၃၁။ ႏိုင္ငံျခားသားအျဖစ္ခံယူရန္ရည္ရြယ္ျခင္း ရွိ/မရွိ ဆုိတဲ႕ေမးခြန္းေတြအေပၚမွာေတာ႕ ကြ်န္ေတာ႕အေတြးေတြကိုဆင္႕ပြားသြားေစပါတယ္။

ဒါေပမဲ႕ လုပ္ေဆာင္လိုက္မွသာျပီးေျမွာက္သြားမယ္႕ရံုးကိစၥေတြကုိ ကြ်န္ေတာ္ၾကာၾကာစိတ္မညစ္တတ္ပါ။ ဒါေၾကာင္႕ လုိအပ္တဲ႕အခ်က္အလက္ေတြကိုရွာ၊ မိတၱဴကူးသင္႕တာကူး၊ မူရင္းထည္႕သင္႕တာထည္႕၊ ရိုက္သင္႕တဲ႕ဓါတ္ပံုရုိက္၊ ျပင္ဆင္သင္႕တဲ႕အထုတ္အပုိးေတြကိုအဆင္သင္႕လုပ္ရင္း Money Order ရဖို႕ ဘဏ္ကုိသြားပါတယ္။ အေမရိကားမွာ ဘဏ္ေပၚမူတည္ျပီး Money Order ကုိ အခမဲ႕ရတတ္တာေပ်ာ္စရာေကာင္းပါတယ္။

တစ္ခ်ိဳ႕ဝန္ေဆာင္မႈေတြက Cashier's Check ကိုလက္ခံတဲ႕အခါ မိမိက ဘဏ္ရဲ႕ဝန္ေဆာင္မႈကိုသံုးေနသူတစ္ေယာက္ျဖစ္ေနလုိ႕ အခမဲ႕ရဖူးပါတယ္။ ဘဏ္က ေပးသြင္းရမယ္႕လက္ခံသူကိုေဘာပင္နဲ႕ေရးေပးရင္ (၅) ေဒၚလာ နဲ႕ ေနာက္တစ္မ်ိဳးက စက္နဲ႕လိပ္စာကိုတစ္ပါတည္းရိုက္ႏွိပ္ေပးရင္ (၈) ေဒၚလာ ဝန္ေဆာင္ခဆုိျပီး (၂) မ်ိဳးရွိတဲ႕အထဲက ေစ်းၾကီးတာနဲ႕ယူလိုက္ပါတယ္။

ေငြကိစၥျပီးျပီဆုိေတာ႕ စာတိုက္ကိုခရီးဆက္ပါတယ္။ ဝယ္ရမွာက သံရံုးဆီကုိအသြားစာအိပ္ နဲ႕ ကြ်န္ေတာ႕အိမ္အတြက္အျပန္စာအိပ္ (၂) မ်ိဳးကုိ အထူးေခ်ာပို႕-Priority Mail နဲ႕ႏႈန္းက (၇.၃၅) ေဒၚလာကို (၂) ၾကိမ္ဆိုေတာ႕ (၁၄.၇ဝ) ေဒၚလာက်တယ္။ ဒီထက္သက္သာခ်င္ရင္ ေစ်းခ်ိဳတဲ႕ပုိ႕နည္းေတြရွိေပမယ္႕ အျပန္စာအိပ္ကုိ (အခုစာအိပ္) ထဲထည္႕သြင္းလုိက္ဖုိ႕က အရြယ္အစားကအဆင္မေျပပါဘူး။




ဒီ႕အျပင္ Priority Mail က ကဒ္ထူစာအိပ္ (၂) ခုအခမဲ႕ပါရံုမက (၂) ရက္အတြင္းေရာက္မယ္ဆုိတဲ႕အာမခံခ်က္ေၾကာင္႕ ထည္႕လိုက္ပါတယ္။ စာတုိက္ကျပန္ေပးတဲ႕လက္ခံစာထဲမွာ အသြားစာ နဲ႕ ထပ္ပို႕လာမယ္႕အျပန္စာတို႕ရဲ႕ေျခရာခံသေကၤတ-Tracking Number ပါျပီးသားပါ။

ဒီလိုနဲ႕ (၂) ရက္အၾကာမွာ Tracking Number နဲ႕ စစ္ၾကည္႕ေတာ႕ အေမရိကန္လြတ္လပ္ေရးေန႕နဲ႕တုိက္ဆုိင္ေနတာေၾကာင္႕ တစ္ရက္ေနာက္က်မွေရာက္ပါတယ္(ဒါကစာတုိက္ရဲ႕ျပႆနာ)။ ဒီေနရာမွာတစ္ခုေျပာခ်င္တာက ျမန္မာႏုိင္ငံကလာသူပီပီ ဖုန္းေျပာျပီး စာေရာက္သလားဆိုတာကိုေမးခ်င္ေနတာပါ။ ဒါေပမဲ႕ ညဘက္ေရာက္ေနေတာ႕ ေနာက္တစ္ရက္ဖုန္းဆက္ေမးမယ္လို႕ၾကံေနတုန္း မနက္ပိုင္းမွာ ဒင္ကနဲ အီးေမးလ္ဝင္လာပါတယ္။

ေတာင္းဆိုထားတာက ကြ်န္ေတာ္ပို႕လုိက္တဲ႕အေမရိကန္အျမဲတမ္းေနထုိင္ခြင္႕ကဒ္ျပားမိတၱဴဟာရက္လြန္ေနလို႕ သက္တမ္းတိုးထားရင္တိုးထားတဲ႕လက္ခံနဲ႕ ကဒ္ျပားအသစ္ရထားရင္ စကင္ဖတ္ထားတာကုိ ဒီအခုပို႕လာတဲ႕အီးေမးလ္ထဲျပန္တြဲ-Attach လုပ္ေပးလိုက္ပါဆုိေတာ႕ ဘယ္ေလာက္အဆင္ေျပလိုက္သလဲ? မိတၱဴထပ္ကူးစရာမလိုေတာ႕ဘူး။ စာတိုက္ထပ္သြားစရာမလိုေတာ႕ဘူး။ ဖုန္းထုတ္ ဓါတ္ပံုရုိက္ျပီး ခ်က္ခ်င္းပို႕ေပးလုိက္တာ စာရတဲ႕အေၾကာင္းနဲ႕ေက်းဇူးတင္ေၾကာင္းကုိ (၉) မိနစ္အတြင္းအီးေမးလ္ျပန္လာတယ္။




ဒီသံရံုးကတကယ္အလုပ္လုပ္တာ အင္မတန္ခ်ီးက်ဴးဖို႕ေကာင္းတယ္။ ဒီေန႕ စာေရာက္တယ္။ မနက္ျဖန္မနက္ေဖာက္ဖတ္တယ္။ ဖတ္ျပီးလိုအပ္တဲ႕အခ်က္အလက္စစ္တယ္။ မစံုလင္လို႕ (သို႕) မွားယြင္းေနတာကို နာရီပုိင္းအတြင္းျပင္ျပီးပို႕ေပးဖို႕အီးေမးလ္ပို႕တယ္။ ျပန္ပို႕လာတဲ႕အီးေမးလ္ကို မိနစ္ပုိင္းအတြင္းအေၾကာင္းျပန္တယ္။ မိမိအိမ္ကုိသက္တမ္းတိုးျပီးသားပါ႕စပို႕အသစ္က (၉) ရက္အတြင္း အျပီးေရာက္လာတယ္။

ဒီေလာက္ေကာင္းတဲ႕ဝန္ေဆာင္မႈရမယ္လို႕မေမွ်ာ္လင္႕ထားမိတာဝန္ခံပါရေစ။ ဒီလုိလုပ္ေပးဖို႕လည္း ဘာအပိုေငြေၾကးမွမေပးရဘူး။ လူတစ္ကိုယ္လံုးေခြ်းေတြရႊဲနစ္ေနေအာင္ တန္းမစီရဘူး။ ဘယ္ေန႕မွာ စာအုပ္ျပန္ရမယ္၊ ဘယ္ေတာ႕သိရမယ္ဆိုတာကုိသိရဖို႕ လာဘ္ထုိးရတာမရွိဘူး။ လူတကာဝတ္ထားတဲ႕ကုတ္အက်ီၤအစုတ္ နဲ႕ ဟန္ျပနက္ကတိုင္တပ္ျပီး ပါ႕စပို႕အရြယ္ဓါတ္ပံုရုိက္စရာမလိုေတာ႕ဘူး (၂ဝဝ၇ ခုႏွစ္တုန္းက အဲဒီလုိလုပ္ခဲ႕ရတာ)။

အခုၾကည္႕ . .။ စလုပ္တာနဲ႕ ျပန္ေရာက္တဲ႕ရက္နဲ႕တြက္ၾကည္႕ရင္ အားလံုး (၁၄) ရက္ပဲၾကာတယ္။ ဘယ္ေနရာမွသြားေရြးစရာမလိုဘူး အိမ္ေရွ႕စာတိုက္ပံုးတည္႕တည္႕ကုိေရာက္လာတယ္။ ဘယ္သူ႕ကုိမွလည္းမ်က္ႏွာခ်ိဳေသြးစရာမလိုဘူး။ သိပ္ေကာင္းတယ္။ ျမန္မာႏိုင္ငံေတာ္ကိုေပးရတဲ႕ (၂၅) ေဒၚလာက ေလ်ာ႕ေပါ႕ေပးထားတာသိသာတယ္။ အေမရိကန္ေျမေပၚမွာေပးရတဲ႕ဝန္ေဆာင္မႈ (၂၂.၇ဝ) ေဒၚလာက ထိုက္သင္႕တဲ႕ေပးေခ်မႈအျဖစ္ခံစားလို႕ရတယ္။

တကယ္အေၾကာင္းတစ္ခုခုေပၚလို႕ အေမရိကန္ေျမေပၚကမျပန္ႏုိင္ပဲ ႏုိင္ငံသားလက္မွတ္ဆက္ကိုင္ထားရင္ (၂၃) လအထိ သက္တမ္းလြန္ခကိုမေပးရဘူး။ လိုတဲ႕အခါျပန္သက္တမ္းတုိးရင္ ကြ်န္ေတာ္လုပ္သလို အဆင္႕ဆင္႕လုပ္ေဆာင္ရံုပဲ။ အဆင္မေျပမႈနည္းပါးစြာနဲ႕စိတ္ခ်မ္းသာမႈ ရရွိတယ္။

ဒါက စံနစ္ေကာင္းလုိ႕လူေကာင္းလာတာလား? ျမန္မာႏုိင္ငံကေရြးလုိက္တဲ႕လူေတြေကာင္းတာကို အေမရိကားရဲ႕ အခ်ိန္မွန္တဲ႕စာပို႕စံနစ္နဲ႕ေပါင္းစပ္လုိက္လို႕ လူေတြေနပူထဲေခြ်းမပ်ံရတာလား? တစ္ခုခုပဲ။ ဒါေၾကာင္႕ မိတ္ေဆြဟာ အေမရိကန္ေျမေပၚေရာက္လို႕ ႏုိင္ငံကူးလက္မွတ္သက္တမ္းတိုးဖို႕လုိရင္ ကြ်န္ေတာ္ေရးထားတဲ႕ေဆာင္းပါးကိုသတိရလိုက္ပါ။

အေသးစိတ္ဖတ္ခ်င္ရင္ေတာ႕ ဒီ လင္႕ http://www.mewashingtondc.org/sites/default/files/pdf/Myan-Dept-Passport-Renewal-Form.PDF မွာ မွန္ကန္တဲ႕ေဖာင္ကိုေရြးေပး၊ ပရင္တာတစ္လံုးနဲ႕ခ်ိတ္ဆက္၊ ေဒါင္းေလာ႕ခ်ျပီးျဖည္႕သြင္းသက္တမ္းတိုးႏုိင္ပါတယ္ဆုိတဲ႕အေၾကာင္း အေမရိကန္ကျမန္မာသံရံုးေတြရဲ႕အလုပ္လုပ္ပံုကိုခ်ီးက်ဴးလိုက္ရပါတယ္ခင္ဗ်ား။

ခင္လ်က္
ကုိညီညီ (ေတာင္ၾကီး)
07-17-2019

Unicode Version:

"ကျွန်တော့နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခဲ့စဉ်က"

ဒီအဖြစ်အပျက်ကထူးဆန်းတာမဟုတ်ပေမဲ့ ကျွန်တော်ရေးပြချင်နေတာကြာပါပြီ။ အွန်လိုင်းပေါ်ကိုတက်လာတဲ့သတင်းတွေကိုဖတ်ကြည့်ပြီး မြန်မာနိုင်ငံပြန်တဲ့အခါ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့ တစ်ရက်တာခံရမယ့်ဒုက္ခကိုတွက်ဆကြည့်ရင်း တော်တော်ချင့်ချိန်နေမိတယ်။ နိုင်ငံရပ်ခြားမှာနေသူတွေ မြန်မာနိုင်ငံပြန်ရောက်လို့ ပွဲစားနဲ့သက်တမ်းတိုးခဲ့ရတဲ့ဇာတ်လမ်းတွေဟာ အခုနောက်ပိုင်းအကြားရနည်းသွားပေမယ့် အမြစ်ပြတ်သွားတာတော့မဟုတ်သေးဘူး။ သေချာအောင်ပြောနိုင်တာတစ်ခုကတော့ နိုင်ငံခြားထွက်အလုပ်လုပ်သူတွေတိုးပွားလာတာကြောင့် လက်မလည်တဲ့ရုံးတွေထဲမှာ ဒီ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကလည်း တစ်ရုံးအပါအဝင်ဆိုတာပါပဲ။ ဒီဘက်မြေကိုရောက်တဲ့နှစ်တွေအတွင်း ကျွန်တော့ရဲ့မြန်မာနိုင်ငံသားနိုင်ငံကူးလက်မှတ်ဟာ သက်တမ်း (၂) ကြိမ်ကုန်ခဲ့တယ်။ ပထမတစ်ကြိမ်တုန်းက အစိုးရကမူဝါဒလျှော့ပေါ့မှုမရှိသေးတော့ အခွန်ဆောင်ရတာ လှိမ့်ပိန့်ပြီးပေးလိုက်ရတယ်။ ဒီလိုမကျေနပ်ရင် ရန်ကုန်ပြန်ပြီးသက်တမ်းတိုးဆိုတော့လည်း လေယာဉ်ခက မစားသာဘူးလေ။ ဒီတလောမှာ ကိစ္စတစ်ခုနဲ့တိုက်ဆိုင်လို့ပြန်ကြည့်လိုက်တော့ ကျွန်တော့နိုင်ငံကူးလက်မှတ်သက်တမ်းကုန်နေတာတွေ့ရတော့လန့်သွားတယ်။ တကယ်အရေးအကြာင်းဆိုရင်ခက်ရချည်ရဲ့ဆိုပြီး အင်တာနက်မှာပြန်လေ့လာလိုက်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီဘက်ကယ်လီဖိုးနီးယားဘက်မှာထပ်တိုးဖွင့်လာတဲ့မြန်မာကောင်စစ်ဝန်ရုံး (လော့အိမ့်ဂျလိစ်မြို့) ရဲ့ ရိုက်နှိပ်စက်ပျက်လို့ လက်မခံသေးတာနဲ့သွားကြုံနေတယ်။ ဒါကြောင့် အရင်သက်တမ်းတိုးဖူးတဲ့ ဝေါ့ရှင်တန်ဒီစီမြန်မာသံရုံးစာမျက်နှာမှာဝင်ကြည့်ပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေပြင်ဆင်ဖို့ကျွန်တော်စလုပ်ပါတယ်။ သူ့ရဲ့လိုအပ်ချက်တွေဟာ အရင် (၆) နှစ်ခန့်ကလုပ်ဖူးတာနဲ့မတူတာတွေဟာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေအတွက်ကျေနပ်အားတက်ဖွယ်ရာအဖြစ်တွေ့ရတယ်။ အဲဒါတွေထဲမှာ ^^။ မြန်မာနိုင်ငံကူးလက်မှတ်အသစ်ခ (၂၅) ဒေါ်လာ ^^။ နောက်ကျကာလ (၂) နှစ်အထိသက်တမ်းအထိနောက်ကျဒဏ်ကြေးကောက်ခံခြင်းမရှိပဲ (၂) နှစ်အတွက်ကျော်လွန်သောကာလများအတွက် (၁) နှစ်လျှင် (၁၅) ဒေါ်လာနှုန်းပေးဆောင်ရပါမည်။ ဆိုတာတွေက စိတ်သက်သာရအတော်လေးရစေတယ်။ (တော်သေးတယ် (၂ဝ၁၃) ခုနှစ်သက်တမ်းတိုးတုန်းကအခွန်စာရွက်ကိုသိမ်းထားမိလို့) သို့ပေမယ့် ၂(ဃ)။ (၂ဝ၁၁) ကာလအထိအခွန်ပေးဆောင်ထားသောပြေစာ (ယင်းကာလအထိဝင်ငွေခွန်မပေးဆောင်ရသေးပါကပေးဆောင်ရန်နှင့် ပေးဆောင်ငွေကို Money Order ဖြင့် ပို့ပေးပါရန်) ၁၉။ မြန်မာနိုင်ငံသို့ပြန်ပို့ခြင်း ရှိ/မရှိ ၂၇။ နိုင်ငံခြားသားနှင့်အိမ်ထောင်ပြုခြင်း ရှိ/မရှိ ၂၉။ မည်သည့်လူမျိုးနှင့်အိမ်ထောင်ပြုသည် ၃၁။ နိုင်ငံခြားသားအဖြစ်ခံယူရန်ရည်ရွယ်ခြင်း ရှိ/မရှိ ဆိုတဲ့မေးခွန်းတွေအပေါ်မှာတော့ ကျွန်တော့အတွေးတွေကိုဆင့်ပွားသွားစေပါတယ်။ ဒါပေမဲ့ လုပ်ဆောင်လိုက်မှသာပြီးမြှောက်သွားမယ့်ရုံးကိစ္စတွေကို ကျွန်တော်ကြာကြာစိတ်မညစ်တတ်ပါ။ ဒါကြောင့် လိုအပ်တဲ့အချက်အလက်တွေကိုရှာ၊ မိတ္တူကူးသင့်တာကူး၊ မူရင်းထည့်သင့်တာထည့်၊ ရိုက်သင့်တဲ့ဓါတ်ပုံရိုက်၊ ပြင်ဆင်သင့်တဲ့အထုတ်အပိုးတွေကိုအဆင်သင့်လုပ်ရင်း Money Order ရဖို့ ဘဏ်ကိုသွားပါတယ်။ အမေရိကားမှာ ဘဏ်ပေါ်မူတည်ပြီး Money Order ကို အခမဲ့ရတတ်တာပျော်စရာကောင်းပါတယ်။ တစ်ချို့ဝန်ဆောင်မှုတွေက Cashier Check ကိုလက်ခံတဲ့အခါ မိမိက ဘဏ်ရဲ့ဝန်ဆောင်မှုကိုသုံးနေသူတစ်ယောက်ဖြစ်နေလို့ အခမဲ့ရဖူးပါတယ်။ ဘဏ်က ပေးသွင်းရမယ့်လက်ခံသူကိုဘောပင်နဲ့ရေးပေးရင် (၅) ဒေါ်လာ နဲ့ နောက်တစ်မျိုးက စက်နဲ့လိပ်စာကိုတစ်ပါတည်းရိုက်နှိပ်ပေးရင် (၈) ဒေါ်လာ ဝန်ဆောင်ခဆိုပြီး (၂) မျိုးရှိတဲ့အထဲက စျေးကြီးတာနဲ့ယူလိုက်ပါတယ်။ ငွေကိစ္စပြီးပြီဆိုတော့ စာတိုက်ကိုခရီးဆက်ပါတယ်။ ဝယ်ရမှာက သံရုံးဆီကိုအသွားစာအိပ် နဲ့ ကျွန်တော့အိမ်အတွက်အပြန်စာအိပ် (၂) မျိုးကို အထူးချောပို့-Priority Mail နဲ့နှုန်းက (၇.၃၅) ဒေါ်လာကို (၂) ကြိမ်ဆိုတော့ (၁၄.ရဝ) ဒေါ်လာကျတယ်။ ဒီထက်သက်သာချင်ရင် စျေးချိုတဲ့ပို့နည်းတွေရှိပေမယ့် အပြန်စာအိပ်ကို (အခုစာအိပ်) ထဲထည့်သွင်းလိုက်ဖို့က အရွယ်အစားကအဆင်မပြေပါဘူး။ ဒီ့အပြင် Priority Mail က ကဒ်ထူစာအိပ် (၂) ခုအခမဲ့ပါရုံမက (၂) ရက်အတွင်းရောက်မယ်ဆိုတဲ့အာမခံချက်ကြောင့် ထည့်လိုက်ပါတယ်။ စာတိုက်ကပြန်ပေးတဲ့လက်ခံစာထဲမှာ အသွားစာ နဲ့ ထပ်ပို့လာမယ့်အပြန်စာတို့ရဲ့ခြေရာခံသင်္ကေတ-Tracking Number ပါပြီးသားပါ။ ဒီလိုနဲ့ (၂) ရက်အကြာမှာ Tracking Number နဲ့ စစ်ကြည့်တော့ အမေရိကန်လွတ်လပ်ရေးနေ့နဲ့တိုက်ဆိုင်နေတာကြောင့် တစ်ရက်နောက်ကျမှရောက်ပါတယ်(ဒါကစာတိုက်ရဲ့ပြဿနာ)။ ဒီနေရာမှာတစ်ခုပြောချင်တာက မြန်မာနိုင်ငံကလာသူပီပီ ဖုန်းပြောပြီး စာရောက်သလားဆိုတာကိုမေးချင်နေတာပါ။ ဒါပေမဲ့ ညဘက်ရောက်နေတော့ နောက်တစ်ရက်ဖုန်းဆက်မေးမယ်လို့ကြံနေတုန်း မနက်ပိုင်းမှာ ဒင်ကနဲ အီးမေးလ်ဝင်လာပါတယ်။ တောင်းဆိုထားတာက ကျွန်တော်ပို့လိုက်တဲ့အမေရိကန်အမြဲတမ်းနေထိုင်ခွင့်ကဒ်ပြားမိတ္တူဟာရက်လွန်နေလို့ သက်တမ်းတိုးထားရင်တိုးထားတဲ့လက်ခံနဲ့ ကဒ်ပြားအသစ်ရထားရင် စကင်ဖတ်ထားတာကို ဒီအခုပို့လာတဲ့အီးမေးလ်ထဲပြန်တွဲ-Attach လုပ်ပေးလိုက်ပါဆိုတော့ ဘယ်လောက်အဆင်ပြေလိုက်သလဲ? မိတ္တူထပ်ကူးစရာမလိုတော့ဘူး။ စာတိုက်ထပ်သွားစရာမလိုတော့ဘူး။ ဖုန်းထုတ် ဓါတ်ပုံရိုက်ပြီး ချက်ချင်းပို့ပေးလိုက်တာ စာရတဲ့အကြောင်းနဲ့ကျေးဇူးတင်ကြောင်းကို (၉) မိနစ်အတွင်းအီးမေးလ်ပြန်လာတယ်။ ဒီသံရုံးကတကယ်အလုပ်လုပ်တာ အင်မတန်ချီးကျူးဖို့ကောင်းတယ်။ ဒီနေ့ စာရောက်တယ်။ မနက်ဖြန်မနက်ဖောက်ဖတ်တယ်။ ဖတ်ပြီးလိုအပ်တဲ့အချက်အလက်စစ်တယ်။ မစုံလင်လို့ (သို့) မှားယွင်းနေတာကို နာရီပိုင်းအတွင်းပြင်ပြီးပို့ပေးဖို့အီးမေးလ်ပို့တယ်။ ပြန်ပို့လာတဲ့အီးမေးလ်ကို မိနစ်ပိုင်းအတွင်းအကြောင်းပြန်တယ်။ မိမိအိမ်ကိုသက်တမ်းတိုးပြီးသားပါ့စပို့အသစ်က (၉) ရက်အတွင်း အပြီးရောက်လာတယ်။ ဒီလောက်ကောင်းတဲ့ဝန်ဆောင်မှုရမယ်လို့မမျှော်လင့်ထားမိတာဝန်ခံပါရစေ။ ဒီလိုလုပ်ပေးဖို့လည်း ဘာအပိုငွေကြေးမှမပေးရဘူး။ လူတစ်ကိုယ်လုံးချွေးတွေရွှဲနစ်နေအောင် တန်းမစီရဘူး။ ဘယ်နေ့မှာ စာအုပ်ပြန်ရမယ်၊ ဘယ်တော့သိရမယ်ဆိုတာကိုသိရဖို့ လာဘ်ထိုးရတာမရှိဘူး။ လူတကာဝတ်ထားတဲ့ကုတ်အကျီင်္အစုတ် နဲ့ ဟန်ပြနက်ကတိုင်တပ်ပြီး ပါ့စပို့အရွယ်ဓါတ်ပုံရိုက်စရာမလိုတော့ဘူး (၂ဝဝရ ခုနှစ်တုန်းက အဲဒီလိုလုပ်ခဲ့ရတာ)။ အခုကြည့် . .။ စလုပ်တာနဲ့ ပြန်ရောက်တဲ့ရက်နဲ့တွက်ကြည့်ရင် အားလုံး (၁၄) ရက်ပဲကြာတယ်။ ဘယ်နေရာမှသွားရွေးစရာမလိုဘူး အိမ်ရှေ့စာတိုက်ပုံးတည့်တည့်ကိုရောက်လာတယ်။ ဘယ်သူ့ကိုမှလည်းမျက်နှာချိုသွေးစရာမလိုဘူး။ သိပ်ကောင်းတယ်။ မြန်မာနိုင်ငံတော်ကိုပေးရတဲ့ (၂၅) ဒေါ်လာက လျော့ပေါ့ပေးထားတာသိသာတယ်။ အမေရိကန်မြေပေါ်မှာပေးရတဲ့ဝန်ဆောင်မှု (၂၂.ရဝ) ဒေါ်လာက ထိုက်သင့်တဲ့ပေးချေမှုအဖြစ်ခံစားလို့ရတယ်။ တကယ်အကြောင်းတစ်ခုခုပေါ်လို့ အမေရိကန်မြေပေါ်ကမပြန်နိုင်ပဲ နိုင်ငံသားလက်မှတ်ဆက်ကိုင်ထားရင် (၂၃) လအထိ သက်တမ်းလွန်ခကိုမပေးရဘူး။ လိုတဲ့အခါပြန်သက်တမ်းတိုးရင် ကျွန်တော်လုပ်သလို အဆင့်ဆင့်လုပ်ဆောင်ရုံပဲ။ အဆင်မပြေမှုနည်းပါးစွာနဲ့စိတ်ချမ်းသာမှု ရရှိတယ်။ ဒါက စံနစ်ကောင်းလို့လူကောင်းလာတာလား? မြန်မာနိုင်ငံကရွေးလိုက်တဲ့လူတွေကောင်းတာကို အမေရိကားရဲ့ အချိန်မှန်တဲ့စာပို့စံနစ်နဲ့ပေါင်းစပ်လိုက်လို့ လူတွေနေပူထဲချွေးမပျံရတာလား? တစ်ခုခုပဲ။ ဒါကြောင့် မိတ်ဆွေဟာ အမေရိကန်မြေပေါ်ရောက်လို့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့လိုရင် ကျွန်တော်ရေးထားတဲ့ဆောင်းပါးကိုသတိရလိုက်ပါ။ အသေးစိတ်ဖတ်ချင်ရင်တော့ ဒီ လင့် http://www.mewashingtondc.org/sites/default/files/pdf/Myan-Dept-Passport-Renewal-Form.PDF မှာ မှန်ကန်တဲ့ဖောင်ကိုရွေးပေး၊ ပရင်တာတစ်လုံးနဲ့ချိတ်ဆက်၊ ဒေါင်းလော့ချပြီးဖြည့်သွင်းသက်တမ်းတိုးနိုင်ပါတယ်ဆိုတဲ့အကြောင်း အမေရိကန်ကမြန်မာသံရုံးတွေရဲ့အလုပ်လုပ်ပုံကိုချီးကျူးလိုက်ရပါတယ်ခင်ဗျား။ ခင်လျက် ကိုညီညီ (တောင်ကြီး) 07-17-2019

No comments: