ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, May 19, 2016

ဘုရင္႕ေနာင္ေဖာင္ဖ်က္တာ မွားသြားျပီလား?

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
" ဒီမွာ ေမာင္သူရ "
" အန္တီက အန္တီ႕သမီးကို ႏိုင္ငံျခားမွာသြားေနမယ္႕သူမ်ိဳးနဲ႕မေပးစားခ်င္ဘူး။ အခုလည္း မင္းကို ျမန္မာႏုိင္ငံမွာ ရုိးသားၾကိဳးစားျပီး ၾကီးပြားခ်မ္းသာသူတစ္ေယာက္အေနနဲ႕ ၾကည္ျဖဴလက္ခံလိုက္တာ  "
အဲဒါ ကြ်န္ေတာ႕ေယာကၡမၾကီး သူ႕သမီးကုိ ကြ်န္ေတာ္နဲ႕မေပးစားခင္ကေျပာခဲ႕တဲ႕စကား ”
.
“ ဒါေပမယ္႕ဗ်ာ .. သူ႕စိတ္ကူးမျပည္႕ဘူးလို႕ေျပာရမလား .. အခုျပည္႕ျပီး ေနာက္ေတာ႕ျပန္ပ်က္သြားတယ္လို႕ေျပာရမလား မသိေတာ႕ဘူး။ ဘာျဖစ္လို႕လည္းဆိုေတာ႕ စီးပြားရွာ၊ အိမ္ေထာင္ျပဳ၊ ကေလးေတြ ဆည္းပြား၊ ဥစၥာေတြ ၾကီးထြားလို႕ အိမ္ေထာင္သက္ ( ၁ဝ ) ႏွစ္ေက်ာ္လာတဲ႕အခါက်ေတာ႕ အေမရိကားသြားဖို႕ DV ထီ ထေပါက္တယ္ေလ .. မဆန္းဘူးလား? ”
.
“ အေရြးခ်ယ္ခံရတယ္ဆိုတဲ႕စာရင္းထြက္လာေတာ႕ လူက ဘာလုပ္လို႕ဘာကိုင္ရမွန္းမသိဘူး။ အလုပ္ကလည္း ေကာင္း၊ ကေလးေတြက ( ၄ ) ေယာက္ေတာင္..။  ႏို႕စို႕အရြယ္လို ေသးေသးေလးေတြမပါေတာ႕လို႕ ေတာ္ေသးတာေပါ႕။ အားလံုးက ( ၁ဝ ) ႏွစ္ပတ္ခ်ာ အထက္ေအာက္ေလးေတြ..။ မၾကာခဏစဥ္းစားမိေနတာက အေမရိကားဆုိတာ ဘယ္လိုေနရာမ်ိဳးပါလဲ? အဲဒီမွာ ဘာေတြရွိျပီး ဘဝကို ဘယ္လုိရုန္းကန္ရမလဲ? ကြ်န္ေတာ္ေခါင္းရႈတ္လာတယ္ ”
.
“ ဒီအခ်ိန္မွာ ငယ္သူငယ္ခ်င္းတစ္ေယာက္ အေမရိကားေရာက္ေနတာကို ဖ်တ္ကနဲသတိရလိုက္ျပီး သူ႕ဆီကုိ ကြ်န္ေတာ္သိခ်င္တဲ႕အေၾကာင္းအရာေတြကို စာမ်က္ႏွာ ( ၈ ) မ်က္ႏွာစာေရးျပီး ေမးလိုက္ပါတယ္။ အဲဒီအခ်ိန္က အင္တာနက္က မရွိေသး၊ ဖုန္းလုိင္းကလည္း ႏုိင္ငံျခားေခၚဖို႕ခက္ေတာ႕ စာတိုက္ကေန ဆက္သြယ္ရတဲ႕အခ်ိန္အခါေပါ႕ ”
.
.
“ သူ႕ျပန္စာထဲမွာ အေမရိကားဆိုတာ ကြ်န္ေတာ္ထင္သလို နတ္ျပည္မဟုတ္ေၾကာင္း၊ ဘာမဆို ကိုယ္ထူကိုယ္ထလုပ္ၾကရျပီး သားသမီးလည္း သားသမီးအေလ်ာက္၊ မိန္းမကလည္း မိန္းမအေလ်ာက္ ကုိယ္႕တာဝန္နဲ႕ကိုယ္ ညီညာထၾကြမွရမယ္ဆုိတာကို အေၾကာင္းျပန္လာတယ္။ ဒါေၾကာင္႕ ကြ်န္ေတာ႕လို ျမန္မာႏုိင္ငံမွာ စီးပြားလက္ငုတ္ရွိသူ လုပ္ငန္းရွင္မိသားစုအေနနဲ႕ လာမယ္ဆိုတာကို ေသခ်ာစဥ္းစားေစခ်င္ျပီး ေပးဆပ္ရမယ္႕ကိစၥနဲ႕ ကိုယ္ျပန္ရမွာကို တန္မတန္မတြက္ခ်က္ဘူးဆိုရင္ အဆင္ေျပႏုိင္တယ္လုိ႕ေျပာပါတယ္ ”
.
“ တစ္ကယ္လို႕လာျဖစ္မယ္ဆုိရင္လည္း အေျခခ်စရာေနရာတစ္ခုခုမရခင္စပ္ၾကား သူ႕ဆီမွာ ခဏေနထုိင္လို႕ရတဲ႕အေၾကာင္း နဲ႕ ကူညီမယ္ဆိုတဲ႕အေၾကာင္းေျပာလာလို႕ ကြ်န္ေတာ္ဝမ္းသာရတယ္ ”

.
.
" မနက္ျဖန္ညေန ဗီဆာလာယူပါ "  သံရံုးက အရာရွိကေျပာတဲ႕အသံပါ။ 
.
" ခင္မ်ား ဒီေလာက္ဝင္ေငြေကာင္းတဲ႕အလုပ္ရွိရဲ႕သားနဲ႕ အေမရိကားကို ဘာအတြက္သြားခ်င္တာလဲ? "

ဆုိတာကို အင္တာဗ်ဴးမွာ အဓိကေမးတယ္။
.
" ကေလးေတြ ကမၻာ႕အဆင္႕မီပညာေရးရေအာင္ ကြ်န္ေတာ္တို႕ အေမရိကားသြားမယ္ " လို႕ ကြ်န္ေတာ္ တည္႕တည္႕ပဲ ေျဖခဲ႕တယ္။ ဒီအေျဖရျပီးတာနဲ႕ ေနာက္ေန႕ဗီဆာလာယူဖို႕ တန္းေျပာေတာ႕တာပဲ။ ဟုတ္တယ္ေလ .. သူတို႕က ကေလးေတြကို အဓိကထားတယ္။ ပညာေရးဆိုရင္ ကမၻာမွာ ထိပ္တန္း။ စီးပြားေရးမွာလည္း ဦးေဆာင္တယ္။ ဒါနဲ႕ ကြ်န္ေတာ႕လုပ္ငန္းေတြကို ဘုရင္႕ေနာင္ေဖာင္ဖ်က္ျပီး တစ္ဝမ္းကြဲညီမကို အျပီးအျပတ္လႊဲေပးလိုက္ျပီး အေနာက္ကမၻာကို ေျခခ်ျဖစ္လာပါေတာ႕တယ္ ”
.
.
ကိုသူရ က တစ္ခ်က္နားလိုက္ျပီး ..
.
" ေရာက္ခါစ ဘယ္လုိရုန္းကန္ရတယ္ဆုိတာကုိေတာ႕ စာတစ္တန္ ေပတစ္တန္ေျပာမေနေတာ႕ပါဘူး။ အခက္အခဲဆုိတာ လူတိုင္းရွိတာပဲေလ။ မိသားစု ( ၄ ) စုေလာက္ေနတဲ႕အိမ္မွာ အိမ္သာတစ္လံုးတည္းကို တန္းစီျပီးတက္ခဲ႕ရတာတို႕၊ ရရာအလုပ္လုပ္ျပီး ေအာက္ေျခသိမ္းရုန္းကန္ခဲ႕ရတာတို႕၊ ေနာက္ပိုင္း ပီဇာပို႕တဲ႕အလုပ္လုပ္ေတာ႕ မွာတဲ႕သူေတြစုျပီး ဝုိင္းရုိက္လႊတ္လိုက္လို႕ ေဆးရံုေရာက္ရတာတုိ႕ ဘာဆိုဘာမွ တစ္ပါးသူေတြလို မညည္းျပခ်င္ပါဘူး "
.
“ အဓိက ကြ်န္ေတာ႕ရည္ရြယ္ခ်က္က သားသမီးေတြ ပညာစံုျပီး အိမ္မွာ သိုက္သိုက္ဝန္းဝန္းေနရင္ ရျပီ။ ဒါေၾကာင္႕ အခက္အခဲေတြအားလံုးကိုေက်ာ္ျဖတ္ျပီး သံရံုးမွာအင္တာဗ်ဴးဝင္ခဲ႕သလို သူတုိ႕ကုိ ေက်ာင္းျပီးေအာင္ ထားေပးတယ္။ အျမင္႕ဆံုးဆိုတဲ႕ ပညာေတြသင္ႏုိင္ေအာင္ အေထာက္အကူေပးခဲ႕တယ္။ အိမ္ ဝယ္တယ္။ အားလံုးကို လြပ္လပ္ခြင္႕ေပးတယ္။ အဲဒီေနာက္မွ ျပသနာေတြက စတာ..။ "
.
.
အေဝးကုိေငးၾကည္႕ရင္းဆက္ေျပာေနတဲ႕ကုိသူရ က ..

" ကေလး ( ၄ ) ေယာက္လံုး အစီအရီဘြဲ႕ေတြရျပီးတဲ႕ေနာက္ အသိအျမင္ေတြက်ယ္လာတယ္။ အဂၤလိပ္အယူအဆ လက္ခံမႈေတြမ်ားလာတယ္။ တစ္ခ်ိဳ႕ဆုိရင္ ဗုဒၶဘာသာအစား သူတို႕ဘာသာကို ေျပာင္းကုိးကြယ္ဖို႕ စည္းရံုးၾကတယ္။ ဒါနဲ႕ ပညာေရးကုိဦးစားေပးရင္းနဲ႕ အေမရိကားေရာက္ ျမန္မာမိသားစုမွာ ဘယ္သူမွ ရွင္မျပဳလိုက္ရဘူးေလ။ ဒါေပမယ္႕ ကြ်န္ေတာ္တုိ႕အားလံုး အိမ္မွာ ျမန္မာလိုပဲ ေျပာၾကတယ္ "
.
" အခုက တစ္ခုခုအဆင္မေျပလို႕ေျပာျပေနတာ မဟုတ္ပါဘူး။ မိဘတစ္ေယာက္အေနနဲ႕ သားသမီးအေပၚမွာ ဘယ္လုိတန္ဖိုးထားတယ္၊ ဘာမွျပန္မရခ်င္ေပမယ္႕ သားသမီးေတြ မိဘဆိုတဲ႕ထီးတစ္ေခ်ာင္းမွာ ဘယ္လိုလံုေအာင္ မုိးေပးတယ္၊ ကာေပးတယ္၊ အရိပ္အာဝါသေပးတယ္ဆုိတာကို သိေစခ်င္တာေၾကာင္႕ပါ။ ဒါေၾကာင္႕ အခုဒီလိုေျပာေနလုိ႕ သားသမီးေတြဆုိးတယ္လို႕ ဆိုလိုတာမဟုတ္ဘူး။ အားလံုး လိမ္မာၾကပါတယ္ "
.
.
" ခက္တာက အၾကီးတစ္ေယာက္ဆို အိမ္ေထာင္က်တယ္ .. အိမ္ခြဲေနတယ္ .. ဒါက သဘာဝက်တယ္။ ဒုတိယတစ္ေယာက္ဆုိ ဘုိေတြနဲ႕အေပါင္းမ်ားလို႕ တစ္ခုခုဆုိရင္ ေျပာရဆုိရတာ လက္ဝင္တယ္။ ႏို႕ညွာတစ္ေယာက္ဆိုရင္ မိန္းကေလးျဖစ္ေပမယ္႕ သီးသန္႕ေနခ်င္တယ္။ မိဘအိမ္မွာ ဘာအိမ္လခမွေပးစရာမလိုဘူး၊ လြတ္လပ္သလိုသာေနလို႕ေျပာတာကို သူက မဟုတ္ဘူး .. တစ္လကို ေဒၚလာ ( ၂ဝဝဝ ) ေလာက္ေပးရတဲ႕ေနရာမွာ သူငယ္ခ်င္းနဲ႕သြားငွားေနတယ္တဲ႕ေလ..။ "
.
" ကြ်န္ေတာ္ေျပာတာက ကြ်န္ေတာ႕အိမ္မွာ တစ္ခန္းလြတ္ေနတယ္ .. ဘာလို႕ အိမ္ငွားခေပးျပီး ငွားေနစရာအေၾကာင္းရွိသလဲ? မဟုတ္ဘူးလား .. သြားငွားေနေတာ႕ ေငြယိုတာေပါ႕။ သူ႕လခပိုေကာင္းလာတဲ႕တစ္ေန႕က်မွ လက္ငင္းခ်ေငြကို ကြ်န္ေတာ္ကစိုက္ေပးျပီး ကုိယ္ပိုင္အိမ္ဝယ္လို႕ေျပာတာကုိ သူက မလုပ္ဘူး ”
.
“ ေနာက္တစ္ခုက ကား ..။ ကားဆိုလည္း လက္တင္ေမာင္းလို႕ရတဲ႕ကားကိုမစီးခ်င္လို႕ ေဒၚလာ ( ၄ဝဝဝဝ ) ေက်ာ္ေပးျပီး မာေဆးဒီးအသစ္ ဝယ္စီးတယ္ ဘယ္လုိလုပ္ျပီး ေငြစုႏုိင္ေတာ႕မွာလဲ။ ဒါေတြက သားသမီးေတြ အေမရိကားမွာ ပညာစံုျပီး  ၾကီးေကာင္ၾကီးမားေရာက္မွ မိဘစကားကိုနားမေထာင္ေတာ႕တဲ႕ အၾကပ္အတည္းေတြေပါ႕ဗ်ာ "
.
.
ဒါေပမယ္႕ ဒီကိုမလာခင္ ေရႊမင္းဝံဆရာေတာ္ရဲ႕ ..
-
" သင္ ယေန႕ ဘာရျပီးျပီလဲ?
ကုသိုလ္လား?
ပညာလား?
ဥစၥာလား?
တစ္ေန႕တစ္ခုေတာ႕ရေအာင္ၾကိဳးစားပါ "
-
ဆုိတဲ႕စကားေလးနဲ႕
ဒီေန႕အထိ ကြ်န္ေတာ္အသက္ရွင္ေနတယ္လုိ႕ေျပာလုိ႕ရပါတယ္။
.
" အခု ဒီကိုလာေတာ႕ ကြ်န္ေတာ႕ရဲ႕ေအာင္ျမင္ေနတဲ႕ ျမန္မာႏုိင္ငံကလုပ္ငန္းကို စြန္႕လႊတ္ခဲ႕ရတယ္။ ဟုိမွာ ကြ်န္ေတာ္က သူေ႒း .. ဒီမွာဆို အလုပ္သမား။ ဒီမွာက လင္ေရာ မယားေရာအလုပ္လုပ္မွ ကေလးအားလံုးကို ေကာင္းေကာင္းမြန္မြန္ ေစာင္႕ေရွာက္ႏုိင္တယ္။ ဟုိမွာဆို တစ္ေယာက္လုပ္ရင္ ရျပီ။ ေနာက္ ဒီမွာ အိမ္ကိုအေၾကြးစံနစ္နဲ႕ဝယ္ေနတဲ႕အခ်ိန္ ျမန္မာႏိုင္ငံမွာ ကြ်န္ေတာ္ခ်န္ခဲ႕တဲ႕လုပ္ငန္းက အၾကီးအက်ယ္ေအာင္ျမင္ေနတယ္ "
.

ဘယ္ေလာက္အထိလည္းဆို " မင္းတစ္ေယာက္ပဲ အေမရိကားမွာ ဆင္းရဲတယ္။ က်န္တဲ႕ မင္းေမာင္ႏွမေတြအားလံုး ျမန္မာႏုိင္ငံမွာ အကုန္ခ်မ္းသာကုန္ျပီ " လို႕ ကြ်န္ေတာ႕ေယာကၡမက ေျပာရတဲ႕အထိပဲ။ သူေျပာတာမွန္တယ္ေလ .. ျမန္မာႏုိင္ငံျပန္ခ်င္တယ္ဆုိရင္ ကြ်န္ေတာ္အလုပ္လုပ္ဖို႕ တစ္ကျပန္စရမွာ။ အခုလည္း ၾကည္႕ေလ .. သားသမီးေတြ ပညာစံုသြားေတာ႕ မိဘနား မေနခ်င္ေတာ႕ဘူး။ အိုၾကီးအုိမနဲ႕ မိဘေတြက ျမန္မာႏုိင္ငံျပန္လည္း သူတုိ႕မပါလို႕ ဘာမွအဓိပၸာယ္မရွိေတာ႕ဘူး " ဆုိျပီး ရွည္ရွည္ေဝးေဝးရင္ဖြင္႕လာတဲ႕ကုိသူရ က စကားကို ေလးေလးပင္ပင္အဆံုးသတ္လုိက္ပါတယ္။
.
.
မွန္ပါတယ္ ကုိသူရ ေရ..။
.
ဒီေန႕ ျမန္မာႏုိင္ငံကလူေတြ မသိေသးတာကို သိေအာင္ေျပာျပေပးတဲ႕အတြက္ " ကုသုိလ္ ရတယ္ "
.
ဒီေန႕အထိ သားသမီးေတြကို ကမ္းမျမင္ လမ္းမေသခ်ာတဲ႕ေနရာကေန ဒီေျမမွာေက်ာင္းျပီးေအာင္ထားေပးႏုိင္တဲ႕အတြက္ " ပညာရတယ္ "
.
ဒီေန႕အထိ အိမ္ဖိုးေက်ေလာက္နီးပါး လင္ေရာ မယားေရာ အလုပ္ၾကိဳးစားခဲ႕လို႕ ေလာကီ " ဥစၥာရတယ္ "
.
ဒါေၾကာင္႕ ဆရာေတာ္ဘုရားမွာၾကားတာအားလံုးနဲ႕ တစ္ေန႕ တစ္ရက္ ဆက္တိုက္ခ်ီတက္ရင္း အျမဲကိုက္ညီေနတယ္။
.
.
ဒါေၾကာင္႕ ကုိယ္မရႏုိင္တာကိုၾကီးမားစြာဆံုးရွံးတယ္လို႕မမွတ္ပဲ
သူတစ္ကာေတြမရႏုိင္ မလုပ္ႏုိင္တဲ႕အလုပ္တစ္ခုကို လက္ဝယ္ရရွိထားတယ္လို႕
ကံ ကံ၏အက်ိဳးကိုယံုၾကည္ျပီး ႏွလံုးသြင္းေစခ်င္ပါတယ္ လို႕
ကြ်န္ေတာ္က ေျပာလုိက္ျပီး ထျပန္သြားတဲ႕
ကိုသူရ ရဲ႕ ေနာက္ေက်ာျပင္ကို 
ေငးၾကည္႕ေနမိပါေတာ႕တယ္။
.
ခင္လ်က္
.
05-19-2016
.
.
.
Myanmar Unicode Version:
.
.
" ဘုရင့်နောင်ဖောင်ဖျက်တာ မှားသွားပြီလား? "
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
" ဒီမှာ မောင်သူရ "
" အန်တီက အန်တီ့သမီးကို နိုင်ငံခြားမှာသွားနေမယ့်သူမျိုးနဲ့မပေးစားချင်ဘူး။ အခုလည်း မင်းကို မြန်မာနိုင်ငံမှာ ရိုးသားကြိုးစားပြီး ကြီးပွားချမ်းသာသူတစ်ယောက်အနေနဲ့ ကြည်ဖြူလက်ခံလိုက်တာ  "
အဲဒါ ကျွန်တော့ယောက္ခမကြီး သူ့သမီးကို ကျွန်တော်နဲ့မပေးစားခင်ကပြောခဲ့တဲ့စကား ”
.
“ ဒါပေမယ့်ဗျာ .. သူ့စိတ်ကူးမပြည့်ဘူးလို့ပြောရမလား .. အခုပြည့်ပြီး နောက်တော့ပြန်ပျက်သွားတယ်လို့ပြောရမလား မသိတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ စီးပွားရှာ၊ အိမ်ထောင်ပြု၊ ကလေးတွေ ဆည်းပွား၊ ဥစ္စာတွေ ကြီးထွားလို့ အိမ်ထောင်သက် ( ၁ဝ ) နှစ်ကျော်လာတဲ့အခါကျတော့ အမေရိကားသွားဖို့ DV ထီ ထပေါက်တယ်လေ .. မဆန်းဘူးလား? ”
.
“ အရွေးချယ်ခံရတယ်ဆိုတဲ့စာရင်းထွက်လာတော့ လူက ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး။ အလုပ်ကလည်း ကောင်း၊ ကလေးတွေက ( ၄ ) ယောက်တောင်..။  နို့စို့အရွယ်လို သေးသေးလေးတွေမပါတော့လို့ တော်သေးတာပေါ့။ အားလုံးက ( ၁ဝ ) နှစ်ပတ်ချာ အထက်အောက်လေးတွေ..။ မကြာခဏစဉ်းစားမိနေတာက အမေရိကားဆိုတာ ဘယ်လိုနေရာမျိုးပါလဲ? အဲဒီမှာ ဘာတွေရှိပြီး ဘဝကို ဘယ်လိုရုန်းကန်ရမလဲ? ကျွန်တော်ခေါင်းရှုတ်လာတယ် ”
.
“ ဒီအချိန်မှာ ငယ်သူငယ်ချင်းတစ်ယောက် အမေရိကားရောက်နေတာကို ဖျတ်ကနဲသတိရလိုက်ပြီး သူ့ဆီကို ကျွန်တော်သိချင်တဲ့အကြောင်းအရာတွေကို စာမျက်နှာ ( ၈ ) မျက်နှာစာရေးပြီး မေးလိုက်ပါတယ်။ အဲဒီအချိန်က အင်တာနက်က မရှိသေး၊ ဖုန်းလိုင်းကလည်း နိုင်ငံခြားခေါ်ဖို့ခက်တော့ စာတိုက်ကနေ ဆက်သွယ်ရတဲ့အချိန်အခါပေါ့ ”
.
.
“ သူ့ပြန်စာထဲမှာ အမေရိကားဆိုတာ ကျွန်တော်ထင်သလို နတ်ပြည်မဟုတ်ကြောင်း၊ ဘာမဆို ကိုယ်ထူကိုယ်ထလုပ်ကြရပြီး သားသမီးလည်း သားသမီးအလျောက်၊ မိန်းမကလည်း မိန်းမအလျောက် ကိုယ့်တာဝန်နဲ့ကိုယ် ညီညာထကြွမှရမယ်ဆိုတာကို အကြောင်းပြန်လာတယ်။ ဒါကြောင့် ကျွန်တော့လို မြန်မာနိုင်ငံမှာ စီးပွားလက်ငုတ်ရှိသူ လုပ်ငန်းရှင်မိသားစုအနေနဲ့ လာမယ်ဆိုတာကို သေချာစဉ်းစားစေချင်ပြီး ပေးဆပ်ရမယ့်ကိစ္စနဲ့ ကိုယ်ပြန်ရမှာကို တန်မတန်မတွက်ချက်ဘူးဆိုရင် အဆင်ပြေနိုင်တယ်လို့ပြောပါတယ် ”
.
“ တစ်ကယ်လို့လာဖြစ်မယ်ဆိုရင်လည်း အခြေချစရာနေရာတစ်ခုခုမရခင်စပ်ကြား သူ့ဆီမှာ ခဏနေထိုင်လို့ရတဲ့အကြောင်း နဲ့ ကူညီမယ်ဆိုတဲ့အကြောင်းပြောလာလို့ ကျွန်တော်ဝမ်းသာရတယ် ”
.
.
" မနက်ဖြန်ညနေ ဗီဆာလာယူပါ "  သံရုံးက အရာရှိကပြောတဲ့အသံပါ။
.
" ခင်များ ဒီလောက်ဝင်ငွေကောင်းတဲ့အလုပ်ရှိရဲ့သားနဲ့ အမေရိကားကို ဘာအတွက်သွားချင်တာလဲ? "

ဆိုတာကို အင်တာဗျူးမှာ အဓိကမေးတယ်။
.
" ကလေးတွေ ကမ္ဘာ့အဆင့်မီပညာရေးရအောင် ကျွန်တော်တို့ အမေရိကားသွားမယ် " လို့ ကျွန်တော် တည့်တည့်ပဲ ဖြေခဲ့တယ်။ ဒီအဖြေရပြီးတာနဲ့ နောက်နေ့ဗီဆာလာယူဖို့ တန်းပြောတော့တာပဲ။ ဟုတ်တယ်လေ .. သူတို့က ကလေးတွေကို အဓိကထားတယ်။ ပညာရေးဆိုရင် ကမ္ဘာမှာ ထိပ်တန်း။ စီးပွားရေးမှာလည်း ဦးဆောင်တယ်။ ဒါနဲ့ ကျွန်တော့လုပ်ငန်းတွေကို ဘုရင့်နောင်ဖောင်ဖျက်ပြီး တစ်ဝမ်းကွဲညီမကို အပြီးအပြတ်လွှဲပေးလိုက်ပြီး အနောက်ကမ္ဘာကို ခြေချဖြစ်လာပါတော့တယ် ”
.
.
ကိုသူရ က တစ်ချက်နားလိုက်ပြီး ..
.
" ရောက်ခါစ ဘယ်လိုရုန်းကန်ရတယ်ဆိုတာကိုတော့ စာတစ်တန် ပေတစ်တန်ပြောမနေတော့ပါဘူး။ အခက်အခဲဆိုတာ လူတိုင်းရှိတာပဲလေ။ မိသားစု ( ၄ ) စုလောက်နေတဲ့အိမ်မှာ အိမ်သာတစ်လုံးတည်းကို တန်းစီပြီးတက်ခဲ့ရတာတို့၊ ရရာအလုပ်လုပ်ပြီး အောက်ခြေသိမ်းရုန်းကန်ခဲ့ရတာတို့၊ နောက်ပိုင်း ပီဇာပို့တဲ့အလုပ်လုပ်တော့ မှာတဲ့သူတွေစုပြီး ဝိုင်းရိုက်လွှတ်လိုက်လို့ ဆေးရုံရောက်ရတာတို့ ဘာဆိုဘာမှ တစ်ပါးသူတွေလို မညည်းပြချင်ပါဘူး "
.
“ အဓိက ကျွန်တော့ရည်ရွယ်ချက်က သားသမီးတွေ ပညာစုံပြီး အိမ်မှာ သိုက်သိုက်ဝန်းဝန်းနေရင် ရပြီ။ ဒါကြောင့် အခက်အခဲတွေအားလုံးကိုကျော်ဖြတ်ပြီး သံရုံးမှာအင်တာဗျူးဝင်ခဲ့သလို သူတို့ကို ကျောင်းပြီးအောင် ထားပေးတယ်။ အမြင့်ဆုံးဆိုတဲ့ ပညာတွေသင်နိုင်အောင် အထောက်အကူပေးခဲ့တယ်။ အိမ် ဝယ်တယ်။ အားလုံးကို လွပ်လပ်ခွင့်ပေးတယ်။ အဲဒီနောက်မှ ပြသနာတွေက စတာ..။ "
.
.
အဝေးကိုငေးကြည့်ရင်းဆက်ပြောနေတဲ့ကိုသူရ က ..

" ကလေး ( ၄ ) ယောက်လုံး အစီအရီဘွဲ့တွေရပြီးတဲ့နောက် အသိအမြင်တွေကျယ်လာတယ်။ အင်္ဂလိပ်အယူအဆ လက်ခံမှုတွေများလာတယ်။ တစ်ချို့ဆိုရင် ဗုဒ္ဓဘာသာအစား သူတို့ဘာသာကို ပြောင်းကိုးကွယ်ဖို့ စည်းရုံးကြတယ်။ ဒါနဲ့ ပညာရေးကိုဦးစားပေးရင်းနဲ့ အမေရိကားရောက် မြန်မာမိသားစုမှာ ဘယ်သူမှ ရှင်မပြုလိုက်ရဘူးလေ။ ဒါပေမယ့် ကျွန်တော်တို့အားလုံး အိမ်မှာ မြန်မာလိုပဲ ပြောကြတယ် "
.
" အခုက တစ်ခုခုအဆင်မပြေလို့ပြောပြနေတာ မဟုတ်ပါဘူး။ မိဘတစ်ယောက်အနေနဲ့ သားသမီးအပေါ်မှာ ဘယ်လိုတန်ဖိုးထားတယ်၊ ဘာမှပြန်မရချင်ပေမယ့် သားသမီးတွေ မိဘဆိုတဲ့ထီးတစ်ချောင်းမှာ ဘယ်လိုလုံအောင် မိုးပေးတယ်၊ ကာပေးတယ်၊ အရိပ်အာဝါသပေးတယ်ဆိုတာကို သိစေချင်တာကြောင့်ပါ။ ဒါကြောင့် အခုဒီလိုပြောနေလို့ သားသမီးတွေဆိုးတယ်လို့ ဆိုလိုတာမဟုတ်ဘူး။ အားလုံး လိမ်မာကြပါတယ် "
.
.
" ခက်တာက အကြီးတစ်ယောက်ဆို အိမ်ထောင်ကျတယ် .. အိမ်ခွဲနေတယ် .. ဒါက သဘာဝကျတယ်။ ဒုတိယတစ်ယောက်ဆို ဘိုတွေနဲ့အပေါင်းများလို့ တစ်ခုခုဆိုရင် ပြောရဆိုရတာ လက်ဝင်တယ်။ နို့ညှာတစ်ယောက်ဆိုရင် မိန်းကလေးဖြစ်ပေမယ့် သီးသန့်နေချင်တယ်။ မိဘအိမ်မှာ ဘာအိမ်လခမှပေးစရာမလိုဘူး၊ လွတ်လပ်သလိုသာနေလို့ပြောတာကို သူက မဟုတ်ဘူး .. တစ်လကို ဒေါ်လာ ( ၂ဝဝဝ ) လောက်ပေးရတဲ့နေရာမှာ သူငယ်ချင်းနဲ့သွားငှားနေတယ်တဲ့လေ..။ "
.
" ကျွန်တော်ပြောတာက ကျွန်တော့အိမ်မှာ တစ်ခန်းလွတ်နေတယ် .. ဘာလို့ အိမ်ငှားခပေးပြီး ငှားနေစရာအကြောင်းရှိသလဲ? မဟုတ်ဘူးလား .. သွားငှားနေတော့ ငွေယိုတာပေါ့။ သူ့လခပိုကောင်းလာတဲ့တစ်နေ့ကျမှ လက်ငင်းချငွေကို ကျွန်တော်ကစိုက်ပေးပြီး ကိုယ်ပိုင်အိမ်ဝယ်လို့ပြောတာကို သူက မလုပ်ဘူး ”
.
“ နောက်တစ်ခုက ကား ..။ ကားဆိုလည်း လက်တင်မောင်းလို့ရတဲ့ကားကိုမစီးချင်လို့ ဒေါ်လာ ( ၄ဝဝဝဝ ) ကျော်ပေးပြီး မာဆေးဒီးအသစ် ဝယ်စီးတယ် ဘယ်လိုလုပ်ပြီး ငွေစုနိုင်တော့မှာလဲ။ ဒါတွေက သားသမီးတွေ အမေရိကားမှာ ပညာစုံပြီး  ကြီးကောင်ကြီးမားရောက်မှ မိဘစကားကိုနားမထောင်တော့တဲ့ အကြပ်အတည်းတွေပေါ့ဗျာ "
.
.
ဒါပေမယ့် ဒီကိုမလာခင် ရွှေမင်းဝံဆရာတော်ရဲ့ ..
-
" သင် ယနေ့ ဘာရပြီးပြီလဲ?
ကုသိုလ်လား?
ပညာလား?
ဥစ္စာလား?
တစ်နေ့တစ်ခုတော့ရအောင်ကြိုးစားပါ "
-
ဆိုတဲ့စကားလေးနဲ့
ဒီနေ့အထိ ကျွန်တော်အသက်ရှင်နေတယ်လို့ပြောလို့ရပါတယ်။
.
" အခု ဒီကိုလာတော့ ကျွန်တော့ရဲ့အောင်မြင်နေတဲ့ မြန်မာနိုင်ငံကလုပ်ငန်းကို စွန့်လွှတ်ခဲ့ရတယ်။ ဟိုမှာ ကျွန်တော်က သူဋ္ဌေး .. ဒီမှာဆို အလုပ်သမား။ ဒီမှာက လင်ရော မယားရောအလုပ်လုပ်မှ ကလေးအားလုံးကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်နိုင်တယ်။ ဟိုမှာဆို တစ်ယောက်လုပ်ရင် ရပြီ။ နောက် ဒီမှာ အိမ်ကိုအကြွေးစံနစ်နဲ့ဝယ်နေတဲ့အချိန် မြန်မာနိုင်ငံမှာ ကျွန်တော်ချန်ခဲ့တဲ့လုပ်ငန်းက အကြီးအကျယ်အောင်မြင်နေတယ် "
.

ဘယ်လောက်အထိလည်းဆို " မင်းတစ်ယောက်ပဲ အမေရိကားမှာ ဆင်းရဲတယ်။ ကျန်တဲ့ မင်းမောင်နှမတွေအားလုံး မြန်မာနိုင်ငံမှာ အကုန်ချမ်းသာကုန်ပြီ " လို့ ကျွန်တော့ယောက္ခမက ပြောရတဲ့အထိပဲ။ သူပြောတာမှန်တယ်လေ .. မြန်မာနိုင်ငံပြန်ချင်တယ်ဆိုရင် ကျွန်တော်အလုပ်လုပ်ဖို့ တစ်ကပြန်စရမှာ။ အခုလည်း ကြည့်လေ .. သားသမီးတွေ ပညာစုံသွားတော့ မိဘနား မနေချင်တော့ဘူး။ အိုကြီးအိုမနဲ့ မိဘတွေက မြန်မာနိုင်ငံပြန်လည်း သူတို့မပါလို့ ဘာမှအဓိပ္ပာယ်မရှိတော့ဘူး " ဆိုပြီး ရှည်ရှည်ဝေးဝေးရင်ဖွင့်လာတဲ့ကိုသူရ က စကားကို လေးလေးပင်ပင်အဆုံးသတ်လိုက်ပါတယ်။
.
.
မှန်ပါတယ် ကိုသူရ ရေ..။
.
ဒီနေ့ မြန်မာနိုင်ငံကလူတွေ မသိသေးတာကို သိအောင်ပြောပြပေးတဲ့အတွက် " ကုသိုလ် ရတယ် "
.
ဒီနေ့အထိ သားသမီးတွေကို ကမ်းမမြင် လမ်းမသေချာတဲ့နေရာကနေ ဒီမြေမှာကျောင်းပြီးအောင်ထားပေးနိုင်တဲ့အတွက် " ပညာရတယ် "
.
ဒီနေ့အထိ အိမ်ဖိုးကျေလောက်နီးပါး လင်ရော မယားရော အလုပ်ကြိုးစားခဲ့လို့ လောကီ " ဥစ္စာရတယ် "
.
ဒါကြောင့် ဆရာတော်ဘုရားမှာကြားတာအားလုံးနဲ့ တစ်နေ့ တစ်ရက် ဆက်တိုက်ချီတက်ရင်း အမြဲကိုက်ညီနေတယ်။
.
.
ဒါကြောင့် ကိုယ်မရနိုင်တာကိုကြီးမားစွာဆုံးရှံးတယ်လို့မမှတ်ပဲ
သူတစ်ကာတွေမရနိုင် မလုပ်နိုင်တဲ့အလုပ်တစ်ခုကို လက်ဝယ်ရရှိထားတယ်လို့
ကံ ကံ၏အကျိုးကိုယုံကြည်ပြီး နှလုံးသွင်းစေချင်ပါတယ် လို့
ကျွန်တော်က ပြောလိုက်ပြီး ထပြန်သွားတဲ့
ကိုသူရ ရဲ့ နောက်ကျောပြင်ကို
ငေးကြည့်နေမိပါတော့တယ်။
.
ခင်လျက်
.
05-19-2016




No comments: