ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, May 18, 2020

"စလုံးလုံးကြီးတင်တဝမ်းပူသတ် "စိတ်"

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
ကျွန်တော်တစ်သက်လုံးအထင်မှားခဲ့တာတစ်ခုရှိတယ်။ အမှန်ကိုမြင်ရမယ်လို့သိအောင်ဘယ်သူမှပြောပြခဲ့တာမရှိသလို ကိုယ်ကိုယ်တိုင်လည်း ဘယ်ဟာမှန်မှန်အရေးမကြီးဘူးလို့ထင်ခဲ့တယ်။

အဲဒါက အခု နယ်မြေသစ်မှာအခြေကျလာတဲ့နောက်ပိုင်းနှစ်တွေမှာမှ အကောင်းအဆိုး အကြောင်းအကျိုးကိုဆက်စပ်မြင်လာပြီးမှသိလာတာ နှစ်ပေါင်း (၃ဝ) ကျော်ဆိုတော့ တော်တော်နောက်ကျခဲ့တယ်လို့ပြောလို့ရတယ်။

အဲဒီအမြင်မှားကတော့ စိတ်ပညာသင်ယူတဲ့သူတွေကို “အရူးတွေယူတဲ့မေဂျာ” ကိုတက်နေတာလို့ပြောလိုပြော၊ ဒဿနဗေဒသင်ယူနေသူတွေကို “စိတ်မနှံ့" လို့ ဆိုလိုဆို၊ နောက်ဆိုရင် ဒီလူ ကြောင်တောင်တောင်ဖြစ်သွားမယ်လို့ ဝေဖန်လိုဝေဖန် ပတ်ဝန်းကျင်ကပြောခဲ့ကြတယ်။

လူတွေဟာနေ့စဉ်လှုပ်ရှား‌နေသမျှ လိုက်ပါရတဲ့ရုပ်ခန္ဓာရွှေ့လျားမှုမပြုခင် "စိတ်" ကသာ အရင်ကြံဆရတယ်။ စိတ်ကူးကြောင့်သာ ရဲတိုက်ကြီးတွေကို လူတွေတည်ဆောက်နိုင်ကြတယ်။ စိတ်ရဲ့အရင်ကြံဆမှုကိုလုပ်ရပ်လိုက်ပါနိုင်လို့သာလူတွေဟာ လေယာဉ်ပျံတွေတီထွင်ကြတယ်။ ဒီလောက်အရေးကြီးတဲ့ "စိတ်ပညာ" ကို ကျွန်တော်ကြီးပြင်းခဲ့တဲ့မြန်ပြည်ကြီးမှာ အထက်ကရေးပြခဲ့သလို အပြောခံရတယ်။

ဒါကြောင့်လည်းကျွန်တော်ဟာ "စိတ်ကိုမပြင်ဘဲ" ရုပ်ဝတ္တုကိုသာတိုးတက်အောင်လုပ်တတ်တဲ့လူတစ်ယောက်ဖြစ်လာခဲ့တယ်။

စကားကောင်းကောင်းမပြောလည်း ပိုက်ဆံရရင်ပြီးရော၊ သမာမလား မသမာဘူးလားမသေချာဘူး ကိုယ်အမြတ်ရရင်ပြီးရော၊ အမှန်ပြောသလား စေတနာပါသလားမစဉ်းစားဘူး ကိုယ့်အတွက်တွက်ခြေကိုက်ရင်ပြီးရော စတဲ့အချက်တွေနဲ့ကိုက်ညီတဲ့ ဘူဇွာစိတ်ဓါတ်ရှိသူလူတန်းစားတွေ မြန်မာနိုင်ငံမှာသိပ်များခဲ့တယ်။

အခု ဒီဘက်မြေမှာ လူကိုအခြေမခံ၊ "စိတ်" ကိုအခြေခံတဲ့လူတန်းစားကြားမှာ စိတ်ဓာတ်ရေးရာနဲ့ပတ်သက်လာရင် ကျွန်တော်ဟာ အစကနေပြန်သင်ရတယ်။ အမေရိကန်ပညာ‌ရေးမှာ အလယ်တန်းမှာကတည်းက ပထဝီနိုင်ငံရေးကိုသင်တယ်။
အဲဒါက လူသားတိုင်းမိမိမှီတင်းနေထိုင်တဲ့နိုင်ငံတိုးတက်ရေးကိုစဉ်းစားရမယ်ဆိုတာ ဦးနှောက်ထဲ ပန္နက်ရိုက်ပေးလိုက်တာပါပဲ။