ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, October 7, 2015

DV Lottery တင္ကာလမွ ဆင္႕ပြားေမးခြန္းမ်ားႏွင္႕အေျဖမ်ား ( DV Q&A )

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ႏွစ္စဥ္ ေအာက္တုိဘာလေရာက္လာရင္ ျမန္မာႏုိင္ငံက လူၾကီး၊ လူငယ္ပါမက်န္ အေမရိကန္ကိုေျပာင္းေရႊ႕ေနထုိင္ခြင္႕ကံစမ္းမဲကို ရင္ခုန္ၾကပါတယ္။ သိသူမ်ားကေျပာတဲ႕အတိုင္း အင္တာနက္ကေဖးဆုိင္ေတြကေန အဆင္ေျပေျပ ေလွ်ာက္လႊာတင္ႏုိင္ၾကသူေတြရွိသလို အခက္အခဲအမ်ိဳးမ်ိဳးၾကံဳရျပီး မျပီးဆံုးသူမ်ားလည္း ရွိၾကပါတယ္။
.
အမွန္မွာက အင္တာနက္ကိုၾကားျဖတ္သံုးဖို႕အေကာင္းဆံုး လက္ကုိင္ဖုန္းေတြ ေပါမ်ားလာတဲ႕အခ်ိန္ အင္တာနက္ဆိုရင္ Facebook ေလာက္သာသိၾကတဲ႕အခါ အြန္လိုင္းရုန္းကန္ရတဲ႕အေတြ႕အၾကံဳမ်ားကို ကိုယ္ခ်င္းစာမိပါတယ္။
.
.
ေနာက္တစ္ခုက ေရးထားတဲ႕ျမန္မာစာကိုျပီးေအာင္မဖတ္ပဲ ျပီးခ်င္ေဇာနဲ႕လုပ္ခ်လိုက္တဲ႕အခါ ဟုိဟာက်န္ခဲ႕၊ ဒီဟာက်န္ခဲ႕ျဖစ္ျပီး https://www.dvlottery.state.gov/ မွာ ေပၚလာတဲ႕ညႊန္ၾကားခ်က္မ်ားကို မလိုက္ႏုိင္ေတာ႕ပဲ စိတ္ရႈတ္ကုန္ၾကပါတယ္။
.
တစ္ခ်ိဳ႕က်ျပန္ေတာ႕ အဂၤလိပ္စာဆိုရင္ မဖတ္ၾကေတာ႕ပဲ သူမ်ားကိုအားကိုးျပီးလုပ္ခိုင္းတဲ႕အခါ A,B,C,D စာလံုးေလာက္ကလႊဲရင္ က်န္တာကိုမဖတ္ခ်င္ေတာ႕ေလာက္ေအာင္ ခပ္ေဝးေဝးေနလာၾကတာကုိ ေတြ႕ျမင္လာရပါတယ္္။

.
.
အားလံုးအတြက္အေျဖမရွိေပမယ္႕ ကြ်န္ေတာ္တို႕မွာ ေမးခြန္းေတြရွိပါတယ္။ ဒါေၾကာင္႕ ကြ်န္ေတာ႕ဆီေရာက္လာတဲ႕ေမးခြန္းမ်ားကို အေမး-အေျဖ ( Q&A ) ပံုစံနဲ႕ ထပ္ဆင္႕တင္ဆက္လိုက္ပါတယ္။
.
.
Q1.. အခုတင္တဲ႕ DV ဟာ ဘယ္ႏွစ္ခုႏွစ္အတြက္ေလွ်ာက္တာလဲ?
A1.. ( ၂ဝ၁၇ ) ခုႏွစ္
.
Q2.. ( ၂ဝ၁၇ ) အတြက္တင္လိုက္တဲ႕ DV ေပါက္မေပါက္ ဘယ္ေတာ႕သိရမွာလဲ?
A2.. ( ၂ဝ၁၆ ) ေမလ ( ၃ ) ရက္ေန႕
.
.
Q3.. ( ၂ဝ၁၆ ) ေမလေရာက္လို႕စစ္ျပီးမေပါက္တဲ႕အခါ အဲဒီ Confirmation Number Letter က ဘာဆက္လုပ္ရမွာတုန္း?
A3.. မလႊင္႔ပစ္ပါနဲ႕ဦး။ စက္တင္ဘာလကုန္အထိ ဒုတိယအၾကိမ္စစ္ခြင္႕ရွိပါေသးတယ္
.
.
Q4..DV တင္တာကို အရင္က စာရြက္နဲ႕တင္္ရတယ္ၾကားဖူးတယ္။ ဟုတ္ပါသလား? ဘာနဲ႕တင္ရတာလဲ?
A4.. မဟုတ္ပါ။ အြန္လုိင္းမွာပဲ အျပီးတင္ရတာပါ။ ဓါတ္ပံုကိုလည္း စကင္ဖတ္ျပီးတင္ရပါမယ္။ ဒါမွမဟုတ္ jpeg file အေနနဲ႕တင္လို႕လည္း ရပါတယ္
.
.
Q5.. DV တင္တာ ပိုက္ဆံေပးရသလား?
A5.. မေပးရပါ။ ေငြေတာင္းယူျပီး DV တင္ေပးတယ္ဆုိတာ လိမ္ညာမႈျဖစ္ႏုိင္တာကို ဆင္ျခင္ရပါမယ္။ အင္တာနက္ဆိုင္မွာေငြေပးျပီးတင္ရတယ္ဆိုတာက အင္တာနက္သံုးစြဲခကုိနာရီနဲ႕တြက္ျပီးယူတာ ျဖစ္ႏုိင္ပါတယ္
.
.
Q6.. ႏွစ္တိုင္း ေအာက္တုိဘာလအတြင္းမွာ ေလွ်ာက္လို႕ရတယ္လုိ႕ၾကားရတယ္။ ဘယ္အခ်ိန္ေလွ်ာက္တာ အေကာင္းဆံုးလဲ?
A6.. အခ်က္အလက္စံုရင္ မွန္ကန္စြာေလွ်ာက္ဖို႕အေကာင္းဆံုးအခ်ိန္ဟာ “ အခု ” ပါပဲ
.
.
Q7.. ဆယ္တန္းေအာင္မွ DV ေလွ်ာက္ခြင္႕ရွိတယ္ဆုိတာ ဟုတ္ပါသလား?
A7.. ဆယ္တန္းေအာင္မွေလွ်ာက္ခြင္႕ရွိတယ္ရယ္လို႕ အတိအက်မေျပာထားပါ။ သုိ႔ေပမယ္႕ ဗီဆာေအာင္ဖို႕ ပညာအရည္အခ်င္းနဲ႕ျပသမယ္ဆိုရင္ အနည္းဆံုး ဆယ္တန္းေအာင္ရမယ္လုိ႕ ေရးထားပါတယ္
.
.
Q8.. ဆယ္တန္းမေအာင္ထားလည္း လုပ္ငန္းအေတြ႕အၾကံဳရွိရင္လာလို႕ရတယ္ဆုိတာဟုတ္ပါသလား?
A8.. အလုပ္နဲ႕ျပရင္ အင္တာဗ်ဴးေအာင္ႏုိင္ပါတယ္။ သူတို႕လက္ခံတဲ႕အလုပ္အမ်ိဳးအစားျဖစ္ဖို႕ လိုအပ္ပါတယ္။
.
လက္ခံတဲ႕အလုပ္ပံုစံေတြကေတာ႕ အလုပ္တစ္ခုမွာ လုပ္သက္အနည္းဆံုး ( ၂ ) ႏွစ္ရွိရပါမယ္။
.
အလုပ္ရာထူးဟာ Job Zone 4 နဲ႕ Job Zone 5 အထက္ရိွရပါမယ္။ အဲဒီအလုပ္ေတြကုိ ကြ်မ္းက်င္စြာလုပ္ကိုင္တတ္ေၾကာင္း သင္တန္း ( ၂ ) ႏွစ္ တက္ထားရပါမယ္။ ဒါေတြအားလံုးဟာ လက္ရွိအခ်ိန္ရဲ႕ေရွ႕ ( ၅ ) ႏွစ္အတြင္းမွာ ျဖစ္ရပါမယ္
.
.
Q9.. ဆယ္တန္းလည္းမေအာင္ထားဘူး။ အလုပ္လည္းမျပႏုိင္ဘူးဆိုရင္ ဘယ္လိုလုပ္ရမလဲ?
A9.. အဲဒီ ( ၂ ) ခု စလံုးမရွိဘူးဆိုရင္ အေကာင္းဆံုးအၾကံက “ မေလွ်ာက္ပါနဲ႕ ”
.
.
Q10.. ဓါတ္ပံုက ဘယ္ႏွစ္ပံုလုိတာပါလဲ? အျဖဴအမည္းလား .. ကာလာနဲ႕လား? ဘယ္ဆိုဒ္လဲ? ကားလိုင္စင္ပံုရလား? ဖုန္းနဲ႕ရိုက္လို႕ရလား? ေနာက္ခံအေရာင္ဘာခံရိုက္ရမလဲ?
A10.. ဓါတ္ပံု ( ၁ ) ပံု သာလုိပါတယ္။ ကာလာနဲ႕တင္ပါ။ ( ၂ ) လက္မပတ္လည္ပံု ျဖစ္ပါတယ္္။ ကြန္ပ်ဴတာနဲ႕ျပင္ရင္ေတာ႕ 600 X 600 Resolution ဝင္မွ လက္ခံပါတယ္။
.
ဖုန္းနဲ႕ရိုက္တာ Professional မဆန္ပါ။ ဆိုင္မွာရိုက္တာ အခ်ိဳးက်ရံုမက အမွားအယြင္းနည္းပါတယ္။ ေနာက္ခံက အညိဳေရာင္ နဲ႕ အေရာင္ေဖ်ာ႕ထည္႕ရိုက္ရပါမယ္
.
.
Q11.. တစ္ကုိယ္ရည္သမားပဲေလွ်ာက္လို႕ရသလား? မိသားစုရွိရင္ေလွ်ာက္လို႕ရသလား? ဘာေတြလိုအပ္ပါသလဲ?
A11.. တစ္ကုိယ္ရည္သမားေလွ်ာက္လုိ႕ရပါတယ္။ မိသားစုရွိရင္လည္းေလွ်ာက္လို႕ရပါတယ္။ ေယာက္်ားေလွ်ာက္ရင္ မိန္းမနဲ႕ကေလးေတြကိုတန္းစီျပီးထည္႕။ မိန္းမေနရာကေလွ်ာက္ရင္လည္း ေယာက်္ားနဲ႕ကေလးေတြကိုအစီအစဥ္အတိုင္းထည္႕ေလွ်ာက္ပါ။ တစ္ဦးခ်င္းဆီရဲ႕ကိုယ္ေရးအခ်က္အလက္ေတြ မမွားဖို႕လိုပါတယ္
.
.
Q12.. ေနရာလိပ္စာမတူရင္ ( ၂ ) ခါ ေလွ်ာက္လို႕ရမလား?
A12.. မေလွ်ာက္ပါနဲ႕။ ( ၂ ) ၾကိမ္ေလွ်ာက္မိတာနဲ႕ပယ္မဲျဖစ္သြားပါတယ္
.
.
Q13.. ဆယ္တန္းမေအာင္ပဲ High School Degree လို႕ ထည္႕ထားမိရင္ ( ေပါက္ခဲ႕ရင္ ) ဘယ္လုိုလုပ္မလဲ?
A13.. မိမိျဖည္႕ထားတာကို မိမိတာဝန္ယူရပါမယ္။ မရွိတာကိုမျဖည္႕သင္႕သလို ျဖည္႕ထားသမွ်ကိုမွတ္ထားရပါမယ္။ ေပါက္သြားလို႕ ( သံရံုးက ) ေတာင္းတဲ႕အခါ အမွန္အတိုင္းအကုန္ျပန္လည္ျပသႏုိင္ရပါမယ္။
.
ဒါေၾကာင္႕ ကိုယ္ျဖည္႕ထားတဲ႕စာမ်က္ႏွာ၊ အခ်က္အလက္၊ စာလံုးေပါင္းကအစမွတ္မိေအာင္ စာမ်က္ႏွာအားလံုးကို ပရင္႕ထုတ္ မွတ္တမ္းတင္ထားသင္႕ပါတယ္
.
.
Q14.. ေဖာင္တင္တဲ႕အခ်ိန္က အိမ္ေထာင္မက်ေသးဘူး။ ေနာက္တစ္ႏွစ္မွအိမ္ေထာင္က်တယ္။ ဒါဆို အိမ္ေထာင္ဖက္ကလုိက္ရမွာလား?
A14.. မရပါ။ ေဖာင္ျဖည္႕ထားတဲ႕အတိုင္း KCC ကုိ စာရင္းေရာက္ပါတယ္။ သူတုိ႕ဆီမွာရွိထားတဲ႕မွတ္တမ္းနဲ႕ ( တစ္ေသြမသိမ္းတူညီတဲ႕ ) စာေတြကို ျပန္ေတာင္းမွာကုိ ျပင္ဆင္ထားရပါမယ္။ စာရင္းမွာမပါသူလုိက္ခြင္႕မရွိသလို ေနာက္မွထပ္တိုးလို႕လည္းမရပါဘူး
.
.
Q15.. ေက်ာင္းအတန္းက တကၠသိုလ္၊ ေကာလိပ္မျပီးဘူး။ အဲဒါဘယ္လုိျဖည္႕ရမွာလဲ?
A15.. Some University Course ကုိ ယူသံုးႏုိင္ပါတယ္။ ႏွစ္အပိုင္းအျခားနဲ႕တက္ထားတဲ႕သက္ေသခံလက္မွတ္တစ္ခုခုမရွိဘူးဆိုရင္ High School Degree ကို ေလွ်ာ႕ဆင္းေရြးပါ။ ဆယ္တန္းေအာင္လက္မွတ္က မျဖစ္မေနျပရပါမယ္။
.
Primary School Only နဲ႕ High School No Degree ကို ဆင္းျဖည္႕ရျပီဆုိရင္ေတာ႕ သူတုိ႕ေတာင္းဆုိတဲ႕အလုပ္အကိုင္ျပဖို႕သာ ၾကိဳတင္ျပင္ဆင္ထားရပါမယ္
.
.
Q16.. အိမ္ေထာင္ဖက္နဲ႕ကေလးေတြကိုျဖည္႕ထားတယ္။ ေနာက္မွကေလးထပ္တိုးလာရင္ ဘယ္လိုလုပ္ရမလဲ?
A16.. ေပါက္တယ္ဆိုတာနဲ႕ KCC နဲ႕ အခ်ိတ္အဆက္လုပ္ရပါမယ္။ အဲဒီမွာလုိအပ္တဲ႕ ( သဘာဝက် ယုတိၱယုတၱန္ရွိတဲ႕ ) အခ်က္အလက္ေတြ ျပင္လို႕ရတယ္။ စာအသြားအျပန္နဲ႕လိုအပ္တာအားလံုးကုိ အင္တာဗ်ဴးမက်လာခင္မွာ အျပီးျပင္ပါ
.
.
Q17.. ေဖာင္ျဖည္႕အျပီးမွာ အိမ္ေထာင္ကြဲသြားတယ္။ ေယာက္်ား၊ ဇနီး၊ သားသမီးေသဆံုးသြားတယ္။ ဘယ္လုိလုပ္ရမလဲ?
A17.. လူတိုး လူေလွ်ာ႕အားလံုးကို KCC နဲ႕ ဆက္လုပ္ပါ
.
.
Q18.. ေမြးတာက ရန္ကုန္၊ အိမ္ေထာင္က်တာ မႏၱေလး၊ အေျခက်ေနတာက ကေလာ၊ ေရာက္ေနတာက မေလးရွား။ ဘယ္လုိျဖည္႕ရမွာပါလဲ?
A18.. City Where You Were Born မွာ Yangon ကို ထည္႕ပါ။
.
အိမ္ေထာင္ဘယ္မွက်သလဲဆုိတာ မျဖည္႕ခိုင္းပါ။
.
Mailing Address ကုိ Kalaw ျဖည္႕ပါ။
.
Country Where You Live Today က်ေတာ႕ Malaysia ကို ထည္႕ရပါမယ္
.
.
Q19.. ဗီဆာေၾကးေပးရမယ္လို႕သိရပါတယ္။ ဘယ္သူ႕ကိုေပးရမွာပါလဲ? တစ္ျခားကုန္က်စားရိတ္ဘာေတြရွိပါေသးလဲ?
A19.. အေမရိကန္သံရံုးတစ္ခုတည္းကိုသာ ဗီဆာေၾကးသြင္းရပါမယ္။ လိုက္လံေကာက္ခံခုိင္းတာမ်ိဳးလံုးဝမရွိတာ သတိထားရပါမယ္။ ( လူလိမ္ေတြရိွတယ္ )
.
ေဆးစစ္ဖုိ႕ သံရံုးကလႊဲအပ္ထားတဲ႕ Panel Physician ( ဥပမာ - အင္ယားကန္ဟိုတယ္ ) ဆီမွာ ေဆးစစ္ရပါမယ္။ ေဆးစစ္ခ မိမိကိုယ္တိုင္ကုန္ရပါမယ္။
.
စာရြက္စာတမ္းစံုလုိ႕ သံရံုးကအင္တာဗ်ဴးေခၚေတြ႕ျပီဆိုရင္ အင္တာဗ်ဴးေၾကးေပးရပါမယ္။ ဘာအေၾကာင္းေၾကာင္႕မွ ဒီေငြကုိ ျပန္အမ္းမွာမဟုတ္ပါ
.
.
Q20.. DV ေပါက္သူရဲ႕ေနာက္လုပ္ရမယ္႕အခ်က္ေတြကိုရွင္းျပပါဦး
A20.. အခ်ိန္ေရာက္လို႕ DV Entrant Status Check မွာ ဝင္စစ္လိုက္လို႕ေပါက္ရင္ ဝမ္းေျမွာက္ေၾကာင္းနဲ႕ညႊန္ၾကားခ်က္စာရြက္ရပါမယ္။ ေနာက္ပိုင္းညႊန္ၾကားခ်က္အေသးစိတ္က တစ္ဦးနဲ႕တစ္ဦးမတူတဲ႕အတြက္ နီးစပ္ရာၾကံဳဖူးသူမ်ားကိုေမးတာ ပိုမိုစံုလင္ႏုိင္ပါတယ္။
.
ေနာက္ပိုင္းမွာ DS-260 ေဖာင္ျဖည္႕ျပီးရင္ သံရံုးက အေရွ႕ပုိင္းအခ်က္အလက္နဲ႕ေနာက္ပိုင္းအခ်က္အလက္ေတြကို တုိက္ဆုိင္စစ္ေဆးမွာျဖစ္ပါတယ္
.
.
Q21.. Case Number က ဘာလို႕အေရးၾကီးတာလဲ?
A21.. Case Number က မိမိ DV ေပါက္ခ်ိန္ကေန အေမရိကန္ႏုိင္ငံေရာက္တဲ႕အထိ အမွတ္အသားျပဳသြားေပးမွာျဖစ္လို႕ အင္မတန္အေရးၾကီးပါတယ္။ DV နဲ႕ပတ္သက္တဲ႕ ဘယ္စာရြက္စာတမ္းမဆိုသိမ္းဆည္းထားသင္႕ပါတယ္္
.
.
Q22.. DV ေပါက္ရင္ ဘယ္သူကလာေျပာေပးမွာလဲ?
A22.. DV ေပါက္ရင္ ဘယ္သူမွလာမေျပာေပးပါ။ မိမိကိုယ္တုိင္ အြန္လိုင္းမွာဇြဲရွိရွိျပန္စစ္ရမွာျဖစ္ပါတယ္။ မိမိရဲ႕ lAST NAME နဲ႕ ေမြးဖြားတဲ႕ခုႏွစ္တုိ႕ကုိ ရုိက္ထည္႕ျပီး စစ္ရပါမယ္။
.
ကြ်န္ေတာ္ပြဲစားမဟုတ္ပါ။ ခ်စ္မိတ္ေဆြမ်ားကို ေမတၱာျဖင္႕သိစြမ္းသမွ်ကူညီျခင္းျဖစ္ပါတယ္။ အားလံုးေအာင္ျမင္ပါေစ
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
10-07-2015
.
.
.
mYANMAR UNICODE VERSION:
.
.
“ DV Lottery တင်ကာလမှ ဆင့်ပွားမေးခွန်းများနှင့်အဖြေများ ( DV Q&A ) ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
နှစ်စဉ် အောက်တိုဘာလရောက်လာရင် မြန်မာနိုင်ငံက လူကြီး၊ လူငယ်ပါမကျန် အမေရိကန်ကိုပြောင်းရွှေ့နေထိုင်ခွင့်ကံစမ်းမဲကို ရင်ခုန်ကြပါတယ်။ သိသူများကပြောတဲ့အတိုင်း အင်တာနက်ကဖေးဆိုင်တွေကနေ အဆင်ပြေပြေ လျှောက်လွှာတင်နိုင်ကြသူတွေရှိသလို အခက်အခဲအမျိုးမျိုးကြုံရပြီး မပြီးဆုံးသူများလည်း ရှိကြပါတယ်။
.
အမှန်မှာက အင်တာနက်ကိုကြားဖြတ်သုံးဖို့အကောင်းဆုံး လက်ကိုင်ဖုန်းတွေ ပေါများလာတဲ့အချိန် အင်တာနက်ဆိုရင် Facebook လောက်သာသိကြတဲ့အခါ အွန်လိုင်းရုန်းကန်ရတဲ့အတွေ့အကြုံများကို ကိုယ်ချင်းစာမိပါတယ်။
.
.
နောက်တစ်ခုက ရေးထားတဲ့မြန်မာစာကိုပြီးအောင်မဖတ်ပဲ ပြီးချင်ဇောနဲ့လုပ်ချလိုက်တဲ့အခါ ဟိုဟာကျန်ခဲ့၊ ဒီဟာကျန်ခဲ့ဖြစ်ပြီး https://www.dvlottery.state.gov/ မှာ ပေါ်လာတဲ့ညွှန်ကြားချက်များကို မလိုက်နိုင်တော့ပဲ စိတ်ရှုတ်ကုန်ကြပါတယ်။
.
တစ်ချို့ကျပြန်တော့ အင်္ဂလိပ်စာဆိုရင် မဖတ်ကြတော့ပဲ သူများကိုအားကိုးပြီးလုပ်ခိုင်းတဲ့အခါ A,B,C,D စာလုံးလောက်ကလွှဲရင် ကျန်တာကိုမဖတ်ချင်တော့လောက်အောင် ခပ်ဝေးဝေးနေလာကြတာကို တွေ့မြင်လာရပါတယ်။
.
.
အားလုံးအတွက်အဖြေမရှိပေမယ့် ကျွန်တော်တို့မှာ မေးခွန်းတွေရှိပါတယ်။ ဒါကြောင့် ကျွန်တော့ဆီရောက်လာတဲ့မေးခွန်းများကို အမေး-အဖြေ ( Q&A ) ပုံစံနဲ့ ထပ်ဆင့်တင်ဆက်လိုက်ပါတယ်။
.
.
Q1.. အခုတင်တဲ့ DV ဟာ ဘယ်နှစ်ခုနှစ်အတွက်လျှောက်တာလဲ?
A1.. ( ၂ဝ၁၇ ) ခုနှစ်
.
Q2.. ( ၂ဝ၁၇ ) အတွက်တင်လိုက်တဲ့ DV ပေါက်မပေါက် ဘယ်တော့သိရမှာလဲ?
A2.. ( ၂ဝ၁၆ ) မေလ ( ၃ ) ရက်နေ့
.
.
Q3.. ( ၂ဝ၁၆ ) မေလရောက်လို့စစ်ပြီးမပေါက်တဲ့အခါ အဲဒီ Confirmation Number Letter က ဘာဆက်လုပ်ရမှာတုန်း?
A3.. မလွှင့်ပစ်ပါနဲ့ဦး။ စက်တင်ဘာလကုန်အထိ ဒုတိယအကြိမ်စစ်ခွင့်ရှိပါသေးတယ်
.
.
Q4..DV တင်တာကို အရင်က စာရွက်နဲ့တင်ရတယ်ကြားဖူးတယ်။ ဟုတ်ပါသလား? ဘာနဲ့တင်ရတာလဲ?
A4.. မဟုတ်ပါ။ အွန်လိုင်းမှာပဲ အပြီးတင်ရတာပါ။ ဓါတ်ပုံကိုလည်း စကင်ဖတ်ပြီးတင်ရပါမယ်။ ဒါမှမဟုတ် jpeg file အနေနဲ့တင်လို့လည်း ရပါတယ်
.
.
Q5.. DV တင်တာ ပိုက်ဆံပေးရသလား?
A5.. မပေးရပါ။ ငွေတောင်းယူပြီး DV တင်ပေးတယ်ဆိုတာ လိမ်ညာမှုဖြစ်နိုင်တာကို ဆင်ခြင်ရပါမယ်။ အင်တာနက်ဆိုင်မှာငွေပေးပြီးတင်ရတယ်ဆိုတာက အင်တာနက်သုံးစွဲခကိုနာရီနဲ့တွက်ပြီးယူတာ ဖြစ်နိုင်ပါတယ်
.
.
Q6.. နှစ်တိုင်း အောက်တိုဘာလအတွင်းမှာ လျှောက်လို့ရတယ်လို့ကြားရတယ်။ ဘယ်အချိန်လျှောက်တာ အကောင်းဆုံးလဲ?
A6.. အချက်အလက်စုံရင် မှန်ကန်စွာလျှောက်ဖို့အကောင်းဆုံးအချိန်ဟာ “ အခု ” ပါပဲ
.
.
Q7.. ဆယ်တန်းအောင်မှ DV လျှောက်ခွင့်ရှိတယ်ဆိုတာ ဟုတ်ပါသလား?
A7.. ဆယ်တန်းအောင်မှလျှောက်ခွင့်ရှိတယ်ရယ်လို့ အတိအကျမပြောထားပါ။ သို့ပေမယ့် ဗီဆာအောင်ဖို့ ပညာအရည်အချင်းနဲ့ပြသမယ်ဆိုရင် အနည်းဆုံး ဆယ်တန်းအောင်ရမယ်လို့ ရေးထားပါတယ်
.
.
Q8.. ဆယ်တန်းမအောင်ထားလည်း လုပ်ငန်းအတွေ့အကြုံရှိရင်လာလို့ရတယ်ဆိုတာဟုတ်ပါသလား?
A8.. အလုပ်နဲ့ပြရင် အင်တာဗျူးအောင်နိုင်ပါတယ်။ သူတို့လက်ခံတဲ့အလုပ်အမျိုးအစားဖြစ်ဖို့ လိုအပ်ပါတယ်။
.
လက်ခံတဲ့အလုပ်ပုံစံတွေကတော့ အလုပ်တစ်ခုမှာ လုပ်သက်အနည်းဆုံး ( ၂ ) နှစ်ရှိရပါမယ်။
.
အလုပ်ရာထူးဟာ Job Zone 4 နဲ့ Job Zone 5 အထက်ရှိရပါမယ်။ အဲဒီအလုပ်တွေကို ကျွမ်းကျင်စွာလုပ်ကိုင်တတ်ကြောင်း သင်တန်း ( ၂ ) နှစ် တက်ထားရပါမယ်။ ဒါတွေအားလုံးဟာ လက်ရှိအချိန်ရဲ့ရှေ့ ( ၅ ) နှစ်အတွင်းမှာ ဖြစ်ရပါမယ်
.
.
Q9.. ဆယ်တန်းလည်းမအောင်ထားဘူး။ အလုပ်လည်းမပြနိုင်ဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ?
A9.. အဲဒီ ( ၂ ) ခု စလုံးမရှိဘူးဆိုရင် အကောင်းဆုံးအကြံက “ မလျှောက်ပါနဲ့ ”
.
.
Q10.. ဓါတ်ပုံက ဘယ်နှစ်ပုံလိုတာပါလဲ? အဖြူအမည်းလား .. ကာလာနဲ့လား? ဘယ်ဆိုဒ်လဲ? ကားလိုင်စင်ပုံရလား? ဖုန်းနဲ့ရိုက်လို့ရလား? နောက်ခံအရောင်ဘာခံရိုက်ရမလဲ?
A10.. ဓါတ်ပုံ ( ၁ ) ပုံ သာလိုပါတယ်။ ကာလာနဲ့တင်ပါ။ ( ၂ ) လက်မပတ်လည်ပုံ ဖြစ်ပါတယ်။ ကွန်ပျူတာနဲ့ပြင်ရင်တော့ 600 X 600 Resolution ဝင်မှ လက်ခံပါတယ်။
.
ဖုန်းနဲ့ရိုက်တာ Professional မဆန်ပါ။ ဆိုင်မှာရိုက်တာ အချိုးကျရုံမက အမှားအယွင်းနည်းပါတယ်။ နောက်ခံက အညိုရောင် နဲ့ အရောင်ဖျော့ထည့်ရိုက်ရပါမယ်
.
.
Q11.. တစ်ကိုယ်ရည်သမားပဲလျှောက်လို့ရသလား? မိသားစုရှိရင်လျှောက်လို့ရသလား? ဘာတွေလိုအပ်ပါသလဲ?
A11.. တစ်ကိုယ်ရည်သမားလျှောက်လို့ရပါတယ်။ မိသားစုရှိရင်လည်းလျှောက်လို့ရပါတယ်။ ယောက်ျားလျှောက်ရင် မိန်းမနဲ့ကလေးတွေကိုတန်းစီပြီးထည့်။ မိန်းမနေရာကလျှောက်ရင်လည်း ယောက်ျားနဲ့ကလေးတွေကိုအစီအစဉ်အတိုင်းထည့်လျှောက်ပါ။ တစ်ဦးချင်းဆီရဲ့ကိုယ်ရေးအချက်အလက်တွေ မမှားဖို့လိုပါတယ်
.
.
Q12.. နေရာလိပ်စာမတူရင် ( ၂ ) ခါ လျှောက်လို့ရမလား?
A12.. မလျှောက်ပါနဲ့။ ( ၂ ) ကြိမ်လျှောက်မိတာနဲ့ပယ်မဲဖြစ်သွားပါတယ်
.
.
Q13.. ဆယ်တန်းမအောင်ပဲ High School Degree လို့ ထည့်ထားမိရင် ( ပေါက်ခဲ့ရင် ) ဘယ်လိုလုပ်မလဲ?
A13.. မိမိဖြည့်ထားတာကို မိမိတာဝန်ယူရပါမယ်။ မရှိတာကိုမဖြည့်သင့်သလို ဖြည့်ထားသမျှကိုမှတ်ထားရပါမယ်။ ပေါက်သွားလို့ ( သံရုံးက ) တောင်းတဲ့အခါ အမှန်အတိုင်းအကုန်ပြန်လည်ပြသနိုင်ရပါမယ်။
.
ဒါကြောင့် ကိုယ်ဖြည့်ထားတဲ့စာမျက်နှာ၊ အချက်အလက်၊ စာလုံးပေါင်းကအစမှတ်မိအောင် စာမျက်နှာအားလုံးကို ပရင့်ထုတ် မှတ်တမ်းတင်ထားသင့်ပါတယ်
.
.
Q14.. ဖောင်တင်တဲ့အချိန်က အိမ်ထောင်မကျသေးဘူး။ နောက်တစ်နှစ်မှအိမ်ထောင်ကျတယ်။ ဒါဆို အိမ်ထောင်ဖက်ကလိုက်ရမှာလား?
A14.. မရပါ။ ဖောင်ဖြည့်ထားတဲ့အတိုင်း KCC ကို စာရင်းရောက်ပါတယ်။ သူတို့ဆီမှာရှိထားတဲ့မှတ်တမ်းနဲ့ ( တစ်သွေမသိမ်းတူညီတဲ့ ) စာတွေကို ပြန်တောင်းမှာကို ပြင်ဆင်ထားရပါမယ်။ စာရင်းမှာမပါသူလိုက်ခွင့်မရှိသလို နောက်မှထပ်တိုးလို့လည်းမရပါဘူး
.
.
Q15.. ကျောင်းအတန်းက တက္ကသိုလ်၊ ကောလိပ်မပြီးဘူး။ အဲဒါဘယ်လိုဖြည့်ရမှာလဲ?
A15.. Some University Course ကို ယူသုံးနိုင်ပါတယ်။ နှစ်အပိုင်းအခြားနဲ့တက်ထားတဲ့သက်သေခံလက်မှတ်တစ်ခုခုမရှိဘူးဆိုရင် High School Degree ကို လျှော့ဆင်းရွေးပါ။ ဆယ်တန်းအောင်လက်မှတ်က မဖြစ်မနေပြရပါမယ်။
.
Primary School Only နဲ့ High School No Degree ကို ဆင်းဖြည့်ရပြီဆိုရင်တော့ သူတို့တောင်းဆိုတဲ့အလုပ်အကိုင်ပြဖို့သာ ကြိုတင်ပြင်ဆင်ထားရပါမယ်
.
.
Q16.. အိမ်ထောင်ဖက်နဲ့ကလေးတွေကိုဖြည့်ထားတယ်။ နောက်မှကလေးထပ်တိုးလာရင် ဘယ်လိုလုပ်ရမလဲ?
A16.. ပေါက်တယ်ဆိုတာနဲ့ KCC နဲ့ အချိတ်အဆက်လုပ်ရပါမယ်။ အဲဒီမှာလိုအပ်တဲ့ ( သဘာဝကျ ယုတ္တိယုတ္တန်ရှိတဲ့ ) အချက်အလက်တွေ ပြင်လို့ရတယ်။ စာအသွားအပြန်နဲ့လိုအပ်တာအားလုံးကို အင်တာဗျူးမကျလာခင်မှာ အပြီးပြင်ပါ
.
.
Q17.. ဖောင်ဖြည့်အပြီးမှာ အိမ်ထောင်ကွဲသွားတယ်။ ယောက်ျား၊ ဇနီး၊ သားသမီးသေဆုံးသွားတယ်။ ဘယ်လိုလုပ်ရမလဲ?
A17.. လူတိုး လူလျှော့အားလုံးကို KCC နဲ့ ဆက်လုပ်ပါ
.
.
Q18.. မွေးတာက ရန်ကုန်၊ အိမ်ထောင်ကျတာ မန္တလေး၊ အခြေကျနေတာက ကလော၊ ရောက်နေတာက မလေးရှား။ ဘယ်လိုဖြည့်ရမှာပါလဲ?
A18.. City Where You Were Born မှာ Yangon ကို ထည့်ပါ။
.
အိမ်ထောင်ဘယ်မှကျသလဲဆိုတာ မဖြည့်ခိုင်းပါ။
.
Mailing Address ကို Kalaw ဖြည့်ပါ။
.
Country Where You Live Today ကျတော့ Malaysia ကို ထည့်ရပါမယ်
.
.
Q19.. ဗီဆာကြေးပေးရမယ်လို့သိရပါတယ်။ ဘယ်သူ့ကိုပေးရမှာပါလဲ? တစ်ခြားကုန်ကျစားရိတ်ဘာတွေရှိပါသေးလဲ?
A19.. အမေရိကန်သံရုံးတစ်ခုတည်းကိုသာ ဗီဆာကြေးသွင်းရပါမယ်။ လိုက်လံကောက်ခံခိုင်းတာမျိုးလုံးဝမရှိတာ သတိထားရပါမယ်။ ( လူလိမ်တွေရှိတယ် )
.
ဆေးစစ်ဖို့ သံရုံးကလွှဲအပ်ထားတဲ့ Panel Physician ( ဥပမာ - အင်ယားကန်ဟိုတယ် ) ဆီမှာ ဆေးစစ်ရပါမယ်။ ဆေးစစ်ခ မိမိကိုယ်တိုင်ကုန်ရပါမယ်။
.
စာရွက်စာတမ်းစုံလို့ သံရုံးကအင်တာဗျူးခေါ်တွေ့ပြီဆိုရင် အင်တာဗျူးကြေးပေးရပါမယ်။ ဘာအကြောင်းကြောင့်မှ ဒီငွေကို ပြန်အမ်းမှာမဟုတ်ပါ
.
.
Q20.. DV ပေါက်သူရဲ့နောက်လုပ်ရမယ့်အချက်တွေကိုရှင်းပြပါဦး
A20.. အချိန်ရောက်လို့ DV Entrant Status Check မှာ ဝင်စစ်လိုက်လို့ပေါက်ရင် ဝမ်းမြှောက်ကြောင်းနဲ့ညွှန်ကြားချက်စာရွက်ရပါမယ်။ နောက်ပိုင်းညွှန်ကြားချက်အသေးစိတ်က တစ်ဦးနဲ့တစ်ဦးမတူတဲ့အတွက် နီးစပ်ရာကြုံဖူးသူများကိုမေးတာ ပိုမိုစုံလင်နိုင်ပါတယ်။
.
နောက်ပိုင်းမှာ DS-260 ဖောင်ဖြည့်ပြီးရင် သံရုံးက အရှေ့ပိုင်းအချက်အလက်နဲ့နောက်ပိုင်းအချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးမှာဖြစ်ပါတယ်
.
.
Q21.. Case Number က ဘာလို့အရေးကြီးတာလဲ?
A21.. Case Number က မိမိ DV ပေါက်ချိန်ကနေ အမေရိကန်နိုင်ငံရောက်တဲ့အထိ အမှတ်အသားပြုသွားပေးမှာဖြစ်လို့ အင်မတန်အရေးကြီးပါတယ်။ DV နဲ့ပတ်သက်တဲ့ ဘယ်စာရွက်စာတမ်းမဆိုသိမ်းဆည်းထားသင့်ပါတယ်
.
.
Q22.. DV ပေါက်ရင် ဘယ်သူကလာပြောပေးမှာလဲ?
A22.. DV ပေါက်ရင် ဘယ်သူမှလာမပြောပေးပါ။ မိမိကိုယ်တိုင် အွန်လိုင်းမှာဇွဲရှိရှိပြန်စစ်ရမှာဖြစ်ပါတယ်။ မိမိရဲ့ LAST NAME နဲ့ မွေးဖွားတဲ့ခုနှစ်တို့ကို ရိုက်ထည့်ပြီး စစ်ရပါမယ်။
.
ကျွန်တော်ပွဲစားမဟုတ်ပါ။ ချစ်မိတ်ဆွေများကို မေတ္တာဖြင့်သိစွမ်းသမျှကူညီခြင်းဖြစ်ပါတယ်။ အားလုံးအောင်မြင်ပါစေ
.
ခင်မင်ခြင်းများစွာဖြင့်
.
10-07-2015



No comments: