ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, August 28, 2016

ဖရန္ရီကန္ ေဒၚလာသန္း ( ၂၅ဝ )

“ ဖရန္ရီကန္ ေဒၚလာသန္း ( ၂၅ဝ ) [ ျဖစ္ရပ္မွန္ ] အပုိင္း။ ၁ ”
.
Open the door..!
ဒံုး … ဒံုး … ဒံုး
အခ်ိန္က မနက္ ( ၅ ) နာရီ။ အတိအက်ဆုိရင္ ( ၂ဝ၁၂ ) ခုႏွစ္ ေမလ ( ၂၃ ) ရက္ေန႕..။
ကြ်န္ေတာ္တံခါးကိုဖြင္႔ေပးလိုက္ေတာ႕ အေမရိကန္ေထာက္လွမ္းေရး ( ၂ ) ေယာက္နဲ႕အတူ ကေနဒါရဲ - RCMP ေတြ ဝင္လာတယ္။ ကြ်န္ေတာ႕ကို လက္ထိပ္ခတ္တယ္။ ကားနား သြားတယ္။ ေသနတ္၊ ေဆးေျခာက္၊ မက္တာဖက္တာမင္း အျပင္ ေဒၚလာအတု ( ၉၄၉ဝဝဝ ) ေတြ႕သြားတယ္။
.
ရဲေတြရဲ႕မ်က္ႏွာမွာ အျပံဳးပန္းေတြေဝလို႕..။ သူတို႕ေတြ႕တဲ႕ေငြက အစြန္းထြက္ပဲရွိတာ မသိၾကရွာဘူး။ အမွန္က ဒီ စီမံကိန္းၾကီးကိုမစခင္ကတည္းက “ ကယ္ေပါက္ - Escape ” ကို ကြ်န္ေတာ္ရွာထားျပီးသား..။ အမွန္က ဒီလိုေငြမ်ိဳး ေနာက္ထပ္ သန္း ( ၂ဝဝ ) ရွိေသးတယ္။
.
.
ကြ်န္ေတာ႕မွာ သူငယ္ခ်င္းတစ္ေယာက္ရွိတယ္။ သူက အခုဒီကိစၥနဲ႕ လံုးဝမသက္ဆိုင္ဘူး။ ကြ်န္ေတာ္ဘာလုပ္ေနသလဲဆုိတာေတာင္ သူမသိဘူး။ ျပီးေတာ႕ ကြ်န္ေတာ႕နဲ႕တြဲေနတဲ႕ ရည္းစား။ သူက ေက်ာင္းဆရာမ။ သူလည္း လြတ္တယ္။ ဘာဆုိဘာမွ မသိဘူး။
.
ဒါေပမယ္႕ ဆိပ္ကမ္းကို မွာထားတဲ႕ စကၠဴထုပ္ေတြေရာက္လာကတည္းက ဒီကိစၥေအာင္ျမင္မယ္ဆုိတာ ကြ်န္ေတာ္ တပ္အပ္ေျပာႏုိင္ျပီ။ ဒါ အပိုင္ပဲ။ ဒီတစ္ခါ အပီအျပင္ရမွာေသခ်ာတယ္။ ဒီအခ်ိန္ကို ကြ်န္ေတာ္ေစာင္႕စားခဲ႕ရတာ ( ၂ ) ႏွစ္ရွိျပီ။ အခုမွ လမ္းစေပၚတာ။
.
.
ဂ်ာမဏီကေရာက္လာတဲ႕စာရြက္မွာ ပုိလန္ကလုပ္တဲ႕ ေရစာ - Watermark ရိုက္တဲ႕စက္နဲ႕ဖိလုိက္တဲ႕အခါ သမၼတအင္ဒရူးဂ်က္ဆန္ရဲ႕ပံုပါတဲ႕ ပံုၾကမ္းကိုရျပီေလ။ အဲဒီလို ေအာက္ခံအလုပ္ေတြျပီးသြားတဲ႕အခါ ေစ်းအရမ္းၾကီးတဲ႕ Heidelberg Offset ပံုႏွိပ္စက္ေပၚတင္လိုက္ေတာ႕ ဒီတစ္သက္လုပ္စားစရာမလုိေတာ႕တဲ႕ ပိုက္ဆံေတြ ကြ်န္ေတာ္ရလာေတာ႕မွာ..။

.
.
အထက္ပါအတုိင္းေျပာသြားသူကေတာ႕ ကေနဒီယမ္တစ္ဦးျဖစ္သူ ဖရင္႕ဘုိရစ္ဆာ - Frank Bourassa ျဖစ္ပါတယ္။ သူဟာ ငယ္စဥ္ဘဝက ေကာင္းမြန္တဲ႕ေက်ာင္းသားဘဝကိုမျဖတ္သန္းခဲ႕ရဘူး။ အလယ္တန္းေက်ာင္းမွာ သူခုိးလက္ခံပစၥည္းေတြကုိ အေရာင္းအဝယ္လုပ္တတ္လာတယ္။ ကေလးေတြက သူတုိ႕ပတ္ဝန္းက်င္ နဲ႕ စတိုးဆုိင္ေတြကအလစ္သုတ္လာတဲ႕ပစၥည္းေတြနဲ႕ ဖရင္႕ အလုပ္ျဖစ္လာတယ္။
.
အဲဒီပတ္ဝန္းက်င္ရဲ႕ေဆာင္မမႈေၾကာင္႕ အသက္ ( ၁၅ ) ႏွစ္မွာ ေက်ာင္းထုတ္ခံရတယ္။ ဒါလည္း သူမမႈဘူး။ ကားသူခိုးေတြနဲ႕ အလုပ္ဆက္လုပ္တယ္။ ကားစက္ျပင္ဝပ္ေရွာ႕ဆရာတစ္ေယာက္အေနနဲ႕ ေကာင္းေရာင္းေကာင္းဝယ္လုပ္ဖို႕ၾကိဳးစားေသးတယ္။ အဆင္မေျပဘူး။ စိတ္ပ်က္လာတယ္။
.
.
ကုိယ္ပိုင္အလုပ္ရံုေလးေထာင္ျပီး ဘရိတ္ရွဴးထုတ္ေရာင္းေသးတယ္။ ေနာက္ပိုင္းက်န္းမာေရးအရ ဆရာဝန္ျပၾကည္႕တဲ႕အခါ သူသိပ္ပင္ပန္းျပီး လက္တုန္တဲ႕ေရာဂါရလာတယ္။ ဒါနဲ႕ရွိတာေလးအကုန္ေရာင္းစားျပီး ဥေရာပတစ္ခြင္ကို ခရီးထြက္တယ္။ အဲဒီမွာ ကေလးရွိတဲ႕သူ႕ရည္းစား နဲ႕ ဆံုခဲ႕တယ္။
.
ခရီးျပန္လာျပီး သူမေကာင္းတာ လုပ္ျပန္တယ္။ သူ႕စိတ္ထဲမွာ ေကာင္းေရာင္းေကာင္းဝယ္လုပ္ရင္ မတိုးတက္ဘူးဆိုတာ မေကာင္းတဲ႕ေက်ာင္းကသူငယ္ခ်င္းေတြက ငယ္ငယ္ေလးကတည္းက  ဦးေႏွာက္ထဲရိုက္သြင္းေပးလုိက္ၾကတယ္။ ဒါနဲ႕ မူးယစ္ေဆးဝါးေဖာက္ကားမႈနဲ႕ ေထာင္ ( ၃ ) လက်ျပန္တယ္။ ဒီတစ္ခါေတာ႕ အခ်ီၾကီးခ်ဖို႕ ဖရင္႕ ဆံုးျဖတ္လိုက္တယ္။
.
.
သူေလ႕လာခဲ႕သမွ် ဥေရာပႏုိင္ငံေတြမွာ အေမရိကန္ေဒၚလာသံုးစြဲမႈမ်ားတာကို သိလာတယ္။ ခက္တာက အရြက္ၾကီးေတြဆို လူေတြက မီးေရာင္ထဲေထာင္ၾကည္႕ရတာနဲ႕၊ အကဲျဖတ္ေဘာပင္နဲ႕စမ္းၾကည္႕ရတာနဲ႕၊ ေလဆာေရာင္ျခည္စက္နဲ႕စမ္းၾကည္႕ရတာနဲ႕ ရႈတ္ေနတာပဲ။ အဲဒီစက္ေတြအားလံုးကိုလြတ္တာ ( ၂ဝ ) တန္ ေဒၚလာ..။
.
ဒါနဲ႕ တယ္လီဖုန္းအၾကိမ္ ( ၁ဝဝ ) ေက်ာ္ဆက္ျပီး စကၠဴရွာခန္းဖြင္႕တယ္။ ဥေရာပတစ္ခြင္ျပဲျပဲစင္ရွာတဲ႕အခါ သူေျပာသလို ခ်ည္သား ( ၇၅% ) နဲ႕ လီနင္ ( ၂၅% ) ပါဝင္တဲ႕ “ အေရာစပ္စကၠဴ ” လို႕ေမးလိုက္ရင္ စက္ရံုေတြက ဖုန္းခ်ခ်သြားတယ္။
.
ဒီစကၠဴက ကြ်န္ေတာ္တုိ႕ျမန္မာႏုိင္ငံမွာဆို ဝါဇီစက္ရံုမွာသံုးတဲ႕စကၠဴမ်ိဳး ကိုး..။ သူ႕ရဲ႕အမည္ခံေထာင္ထားတဲ႕ကုမၸဏီအတုနာမယ္နဲ႕ စာခ်ဳပ္စာတမ္းထုတ္လုပ္တဲ႕စက္ရံုအတြက္ဆုိျပီး ဂ်ာမဏီက စကၠဴစက္ရံုက သူမွာတဲ႕စကၠဴေတြရမယ္လို႕အေၾကာင္းျပန္တယ္။
.
.
“ ေငြစကၠဴတစ္ခုရဲ႕အသက္က စကၠဴ ပဲဗ်။ အဓိက သူ႕ရဲ႕ ၾကြပ္ဆတ္မႈ - Crispiness ပဲ။ လိုခ်င္တဲ႕စကၠဴရရင္ ဇာတ္လမ္းက ျပီးျပီ။ အေမရိကန္အစုိးရစာမ်က္ႏွာမွာ ေဒၚလာ ( ၂ဝ ) တန္ မွာ ပါရွိတဲ႕လ်ိဳ႕ဝွက္ခ်က္ကို ( ၃ ) ခုပဲျပထားတယ္။ ဒါေပမယ္႕ ( ၇ ) ခ်က္ ျပည္႕မွ အစစ္နဲ႕တူမယ္ေလ ” အင္တာဗ်ဴးတစ္ခုမွာ ဖရင္႕ေျပာသြားတာ ျဖစ္ပါတယ္။
.
.
သူေျပာတဲ႕ ( ၇ ) ခ်က္က
.

.
1.. ကိုင္လိုက္ရင္ ေငြစကၠဴအစစ္မွန္းသိသာတယ္ ( ေဖာင္းၾကြစာလံုးေတြ ပါတယ္။ လိႈင္းတြန္႕စာတန္းေတြလည္း ပါမယ္။ ဒါနဲ႕တူဖို႕ ဖရင္႕ဟာ စကၠဴေပၚမွာဖန္တီးႏုိင္ခဲ႕တယ္ )
.
2.. ေငြစကၠဴနံပါတ္က ယုတိၱရွိရမယ္ ( ဖရင္႕ဟာ ကြန္ပ်ဴတာ နဲ႕ ေစ်းၾကီးၾကီးေပးရတဲ႕ေဆာ႕ဝဲလ္အကူအညီ နဲ႕ မွင္အစိမ္းရင္႕နဲ႕အေရာင္တင္လိုက္တယ္ )
.
3.. လံုျခံဳေရးၾကိဳး မွန္ရမယ္ ( စက္ရံုကမထြက္ခင္ အေမရိကန္အလံငယ္ပုံ နဲ႕  USA TWENTY စာတမ္းေသးေသးေလးရိုက္ထားတဲ႕ လံုျခံဳေရးၾကိဳးကို ဖရင္႕က အသားတံဆိပ္လိုမ်ိဳး တစ္ခါတည္းရိုက္ခုိင္းပါတယ္ )
.
4.. စာလံုးေသးေသးေလးေတြ မွန္ရမယ္ ( အင္မတန္ေသးငယ္တဲ႕ ပံုႏွိပ္စက္ နဲ႕ UNITED STATES OF AMERICA 20 USA 20 USA ဆိုျပီးပါရမယ္ )
.
5.. ေရစာ ပါရမယ္ ( သမၼတပံုေရစာကို တံဆိပ္တုံုးနဲ႕ထုပါတယ္။ ကံေကာင္းခ်င္ေတာ႕ ပံုႏွိပ္တုိက္က သမၼတဂ်က္ဆင္ပံုကို အေမရိကန္ေဒၚလာ ၂ဝ တန္ကသမၼတမွန္း မသိရွာဘူး )
.
6.. မွင္အေကာင္းစားသံုးရမယ္ ( ေငြစကၠဴတစ္ေနရာမွာ အေရာင္လြင္႕ေနတဲ႕စာလံုးမွာ မွင္စာလံုးစိမ္းဟာ ေၾကးနီေရာင္ကိုေျပာင္းသြားေစပါတယ္ )
.
7.. မွန္ကန္တဲ႕စကၠဴ ( ခ်ည္သားနဲ႕လီနင္ေရာထားတဲ႕စကၠဴကို စက္ရံုေတြက ေငြစကၠဴအတုလုပ္တဲ႕စကၠဴမွန္းသိၾကတယ္။ အဲဒီလိုအေရာစပ္စကၠဴကိုလိုခ်င္တယ္လုိ႕ေမးတာနဲ႕ အိမ္ေရွ႕မွာရဲက တံခါးလာေခါက္ျပီပဲ )
.
.
ဖရင္႕ ဟာ ပထမဦးဆံုး ေဒၚလာ ( ၂ဝ ) တန္ အထုပ္လိုက္ၾကီးကို ေစ်းဦးေပါက္ဖို႕ ဒုစရိုက္သားေတြ နဲ႕ အျပည္ျပည္ဆုိင္ရာမူးယစ္ရာဇာေတြကို ဆက္သြယ္တယ္။ ဒါေပမယ္႕ သူတို႕က မဝယ္ရဲဘူး။ ေနာက္ပိုင္း နမူနာျပရင္း ဖရင္႕ရဲ႕ ( ၂ဝ ) တန္ ဟာ အေမရိကန္ေဒၚလာ ( ၂ဝ ) နဲ႕ လံုးဝခြ်တ္စြတ္တူတာကိုသိလာေတာ႕ ေငြစကၠဴတန္ဖိုးရဲ႕ ( ၃ဝ% ) ေစ်း နဲ႕ အေရာင္းအဝယ္ျဖစ္လာတယ္။
.
ပထမေတာ႕ တစ္သိန္း၊ ေနာက္ေတာ႕ ႏွစ္သိန္းခြဲ၊ ေနာက္ပိုင္း ငါးသိန္း နဲ႕ ေနာက္ဆံုးမွာ တစ္ခါယူရင္ ေဒၚလာ ( ၁ ) သန္းအထိ ျဖစ္လာတယ္။ ဒါနဲ႕ သူရင္းထားတဲ႕ ေဒၚလာ ( ၃ ) သိန္း အရင္းေက်တဲ႕အခါ သိပ္မၾကာဘူး .. လည္လြန္းတဲ႕ဘီး ေ - ် း နင္း ဆုိသလုိ ဝယ္သူေယာင္ေဆာင္ထားတဲ႕ရဲနဲ႕ေတြ႕ျပီး မနက္ေစာၾကီး ဖရင္႕ကို ဝင္ဖမ္းတာပါပဲ။
.
.
အပိုင္း ( ၂ ) ဆက္ဖတ္ေပးပါ။
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
.
08-28-2016
.
.
.
Unicode Version:
.
.
“ ဖရန်ရီကန် ဒေါ်လာသန်း ( ၂၅ဝ ) [ ဖြစ်ရပ်မှန် ] ၁ ။ ”
.
Open the door..!
ဒုံး … ဒုံး … ဒုံး
အချိန်က မနက် ( ၅ ) နာရီ။ အတိအကျဆိုရင် ( ၂ဝ၁၂ ) ခုနှစ် မေလ ( ၂၃ ) ရက်နေ့..။
ကျွန်တော်တံခါးကိုဖွင့်ပေးလိုက်တော့ အမေရိကန်ထောက်လှမ်းရေး ( ၂ ) ယောက်နဲ့အတူ ကနေဒါရဲ - RCMP တွေ ဝင်လာတယ်။ ကျွန်တော့ကို လက်ထိပ်ခတ်တယ်။ ကားနား သွားတယ်။ သေနတ်၊ ဆေးခြောက်၊ မက်တာဖက်တာမင်း အပြင် ဒေါ်လာအတု ( ၉၄၉ဝဝဝ ) တွေ့သွားတယ်။
.
ရဲတွေရဲ့မျက်နှာမှာ အပြုံးပန်းတွေဝေလို့..။ သူတို့တွေ့တဲ့ငွေက အစွန်းထွက်ပဲရှိတာ မသိကြရှာဘူး။ အမှန်က ဒီ စီမံကိန်းကြီးကိုမစခင်ကတည်းက “ ကယ်ပေါက် - Escape ” ကို ကျွန်တော်ရှာထားပြီးသား..။ အမှန်က ဒီလိုငွေမျိုး နောက်ထပ် သန်း ( ၂ဝဝ ) ရှိသေးတယ်။
.
.
ကျွန်တော့မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက အခုဒီကိစ္စနဲ့ လုံးဝမသက်ဆိုင်ဘူး။ ကျွန်တော်ဘာလုပ်နေသလဲဆိုတာတောင် သူမသိဘူး။ ပြီးတော့ ကျွန်တော့နဲ့တွဲနေတဲ့ ရည်းစား။ သူက ကျောင်းဆရာမ။ သူလည်း လွတ်တယ်။ ဘာဆိုဘာမှ မသိဘူး။
.
ဒါပေမယ့် ဆိပ်ကမ်းကို မှာထားတဲ့ စက္ကူထုပ်တွေရောက်လာကတည်းက ဒီကိစ္စအောင်မြင်မယ်ဆိုတာ ကျွန်တော် တပ်အပ်ပြောနိုင်ပြီ။ ဒါ အပိုင်ပဲ။ ဒီတစ်ခါ အပီအပြင်ရမှာသေချာတယ်။ ဒီအချိန်ကို ကျွန်တော်စောင့်စားခဲ့ရတာ ( ၂ ) နှစ်ရှိပြီ။ အခုမှ လမ်းစပေါ်တာ။
.
.
ဂျာမဏီကရောက်လာတဲ့စာရွက်မှာ ပိုလန်ကလုပ်တဲ့ ရေစာ - Watermark ရိုက်တဲ့စက်နဲ့ဖိလိုက်တဲ့အခါ သမ္မတအင်ဒရူးဂျက်ဆန်ရဲ့ပုံပါတဲ့ ပုံကြမ်းကိုရပြီလေ။ အဲဒီလို အောက်ခံအလုပ်တွေပြီးသွားတဲ့အခါ ဈေးအရမ်းကြီးတဲ့ Heidelberg Offset ပုံနှိပ်စက်ပေါ်တင်လိုက်တော့ ဒီတစ်သက်လုပ်စားစရာမလိုတော့တဲ့ ပိုက်ဆံတွေ ကျွန်တော်ရလာတော့မှာ..။
.
.
အထက်ပါအတိုင်းပြောသွားသူကတော့ ကနေဒီယမ်တစ်ဦးဖြစ်သူ ဖရင့်ဘိုရစ်ဆာ - Frank Bourassa ဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ဘဝက ကောင်းမွန်တဲ့ကျောင်းသားဘဝကိုမဖြတ်သန်းခဲ့ရဘူး။ အလယ်တန်းကျောင်းမှာ သူခိုးလက်ခံပစ္စည်းတွေကို အရောင်းအဝယ်လုပ်တတ်လာတယ်။ ကလေးတွေက သူတို့ပတ်ဝန်းကျင် နဲ့ စတိုးဆိုင်တွေကအလစ်သုတ်လာတဲ့ပစ္စည်းတွေနဲ့ ဖရင့် အလုပ်ဖြစ်လာတယ်။
.
အဲဒီပတ်ဝန်းကျင်ရဲ့ဆောင်မမှုကြောင့် အသက် ( ၁၅ ) နှစ်မှာ ကျောင်းထုတ်ခံရတယ်။ ဒါလည်း သူမမှုဘူး။ ကားသူခိုးတွေနဲ့ အလုပ်ဆက်လုပ်တယ်။ ကားစက်ပြင်ဝပ်ရှော့ဆရာတစ်ယောက်အနေနဲ့ ကောင်းရောင်းကောင်းဝယ်လုပ်ဖို့ကြိုးစားသေးတယ်။ အဆင်မပြေဘူး။ စိတ်ပျက်လာတယ်။
.
.
ကိုယ်ပိုင်အလုပ်ရုံလေးထောင်ပြီး ဘရိတ်ရှူးထုတ်ရောင်းသေးတယ်။ နောက်ပိုင်းကျန်းမာရေးအရ ဆရာဝန်ပြကြည့်တဲ့အခါ သူသိပ်ပင်ပန်းပြီး လက်တုန်တဲ့ရောဂါရလာတယ်။ ဒါနဲ့ရှိတာလေးအကုန်ရောင်းစားပြီး ဥရောပတစ်ခွင်ကို ခရီးထွက်တယ်။ အဲဒီမှာ ကလေးရှိတဲ့သူ့ရည်းစား နဲ့ ဆုံခဲ့တယ်။
.
ခရီးပြန်လာပြီး သူမကောင်းတာ လုပ်ပြန်တယ်။ သူ့စိတ်ထဲမှာ ကောင်းရောင်းကောင်းဝယ်လုပ်ရင် မတိုးတက်ဘူးဆိုတာ မကောင်းတဲ့ကျောင်းကသူငယ်ချင်းတွေက ငယ်ငယ်လေးကတည်းက  ဦးနှောက်ထဲရိုက်သွင်းပေးလိုက်ကြတယ်။ ဒါနဲ့ မူးယစ်ဆေးဝါးဖောက်ကားမှုနဲ့ ထောင် ( ၃ ) လကျပြန်တယ်။ ဒီတစ်ခါတော့ အချီကြီးချဖို့ ဖရင့် ဆုံးဖြတ်လိုက်တယ်။
.
.
သူလေ့လာခဲ့သမျှ ဥရောပနိုင်ငံတွေမှာ အမေရိကန်ဒေါ်လာသုံးစွဲမှုများတာကို သိလာတယ်။ ခက်တာက အရွက်ကြီးတွေဆို လူတွေက မီးရောင်ထဲထောင်ကြည့်ရတာနဲ့၊ အကဲဖြတ်ဘောပင်နဲ့စမ်းကြည့်ရတာနဲ့၊ လေဆာရောင်ခြည်စက်နဲ့စမ်းကြည့်ရတာနဲ့ ရှုတ်နေတာပဲ။ အဲဒီစက်တွေအားလုံးကိုလွတ်တာ ( ၂ဝ ) တန် ဒေါ်လာ..။
.
ဒါနဲ့ တယ်လီဖုန်းအကြိမ် ( ၁ဝဝ ) ကျော်ဆက်ပြီး စက္ကူရှာခန်းဖွင့်တယ်။ ဥရောပတစ်ခွင်ပြဲပြဲစင်ရှာတဲ့အခါ သူပြောသလို ချည်သား ( ၇၅% ) နဲ့ လီနင် ( ၂၅% ) ပါဝင်တဲ့ “ အရောစပ်စက္ကူ ” လို့မေးလိုက်ရင် စက်ရုံတွေက ဖုန်းချချသွားတယ်။
.
ဒီစက္ကူက ကျွန်တော်တို့မြန်မာနိုင်ငံမှာဆို ဝါဇီစက်ရုံမှာသုံးတဲ့စက္ကူမျိုး ကိုး..။ သူ့ရဲ့အမည်ခံထောင်ထားတဲ့ကုမ္ပဏီအတုနာမယ်နဲ့ စာချုပ်စာတမ်းထုတ်လုပ်တဲ့စက်ရုံအတွက်ဆိုပြီး ဂျာမဏီက စက္ကူစက်ရုံက သူမှာတဲ့စက္ကူတွေရမယ်လို့အကြောင်းပြန်တယ်။
.
.
ငွေစက္ကူတစ်ခုရဲ့အသက်က စက္ကူ ပဲဗျ။ အဓိက သူ့ရဲ့ ကြွပ်ဆတ်မှု - Crispiness ပဲ။ လိုချင်တဲ့စက္ကူရရင် ဇာတ်လမ်းက ပြီးပြီ။ အမေရိကန်အစိုးရစာမျက်နှာမှာ ဒေါ်လာ ( ၂ဝ ) တန် မှာ ပါရှိတဲ့လျို့ဝှက်ချက်ကို ( ၃ ) ခုပဲပြထားတယ်။ ဒါပေမယ့် ( ၇ ) ချက် ပြည့်မှ အစစ်နဲ့တူမယ်လေ ” အင်တာဗျူးတစ်ခုမှာ ဖရင့်ပြောသွားတာ ဖြစ်ပါတယ်။
.
သူပြောတဲ့ ( ၇ ) ချက်က
.
1.. ကိုင်လိုက်ရင် ငွေစက္ကူအစစ်မှန်းသိသာတယ် ( ဖောင်းကြွစာလုံးတွေ ပါတယ်။ လှိုင်းတွန့်စာတန်းတွေလည်း ပါမယ်။ ဒါနဲ့တူဖို့ ဖရင့်ဟာ စက္ကူပေါ်မှာဖန်တီးနိုင်ခဲ့တယ် )
.
2.. ငွေစက္ကူနံပါတ်က ယုတ္တိရှိရမယ် ( ဖရင့်ဟာ ကွန်ပျူတာ နဲ့ ဈေးကြီးကြီးပေးရတဲ့ဆော့ဝဲလ်အကူအညီ နဲ့ မှင်အစိမ်းရင့်နဲ့အရောင်တင်လိုက်တယ် )
.
3.. လုံခြုံရေးကြိုး မှန်ရမယ် ( စက်ရုံကမထွက်ခင် အမေရိကန်အလံငယ်ပုံ နဲ့  USA TWENTY စာတမ်းသေးသေးလေးရိုက်ထားတဲ့ လုံခြုံရေးကြိုးကို ဖရင့်က အသားတံဆိပ်လိုမျိုး တစ်ခါတည်းရိုက်ခိုင်းပါတယ် )
.
4.. စာလုံးသေးသေးလေးတွေ မှန်ရမယ် ( အင်မတန်သေးငယ်တဲ့ ပုံနှိပ်စက် နဲ့ UNITED STATES OF AMERICA 20 USA 20 USA ဆိုပြီးပါရမယ် )
.
5.. ရေစာ ပါရမယ် ( သမ္မတပုံရေစာကို တံဆိပ်တုံးနဲ့ထုပါတယ်။ ကံကောင်းချင်တော့ ပုံနှိပ်တိုက်က သမ္မတဂျက်ဆင်ပုံကို အမေရိကန်ဒေါ်လာ ၂ဝ တန်ကသမ္မတမှန်း မသိရှာဘူး )
.
6.. မှင်အကောင်းစားသုံးရမယ် ( ငွေစက္ကူတစ်နေရာမှာ အရောင်လွင့်နေတဲ့စာလုံးမှာ မှင်စာလုံးစိမ်းဟာ ကြေးနီရောင်ကိုပြောင်းသွားစေပါတယ် )
.
7.. မှန်ကန်တဲ့စက္ကူ ( ချည်သားနဲ့လီနင်ရောထားတဲ့စက္ကူကို စက်ရုံတွေက ငွေစက္ကူအတုလုပ်တဲ့စက္ကူမှန်းသိကြတယ်။ အဲဒီလိုအရောစပ်စက္ကူကိုလိုချင်တယ်လို့မေးတာနဲ့ အိမ်ရှေ့မှာရဲက တံခါးလာခေါက်ပြီပဲ )
.
.
ဖရင့် ဟာ ပထမဦးဆုံး ဒေါ်လာ ( ၂ဝ ) တန် အထုပ်လိုက်ကြီးကို ဈေးဦးပေါက်ဖို့ ဒုစရိုက်သားတွေ နဲ့ အပြည်ပြည်ဆိုင်ရာမူးယစ်ရာဇာတွေကို ဆက်သွယ်တယ်။ ဒါပေမယ့် သူတို့က မဝယ်ရဲဘူး။ နောက်ပိုင်း နမူနာပြရင်း ဖရင့်ရဲ့ ( ၂ဝ ) တန် ဟာ အမေရိကန်ဒေါ်လာ ( ၂ဝ ) နဲ့ လုံးဝချွတ်စွတ်တူတာကိုသိလာတော့ ငွေစက္ကူတန်ဖိုးရဲ့ ( ၃ဝ% ) ဈေး နဲ့ အရောင်းအဝယ်ဖြစ်လာတယ်။
.
ပထမတော့ တစ်သိန်း၊ နောက်တော့ နှစ်သိန်းခွဲ၊ နောက်ပိုင်း ငါးသိန်း နဲ့ နောက်ဆုံးမှာ တစ်ခါယူရင် ဒေါ်လာ ( ၁ ) သန်းအထိ ဖြစ်လာတယ်။ ဒါနဲ့ သူရင်းထားတဲ့ ဒေါ်လာ ( ၃ ) သိန်း အရင်းကျေတဲ့အခါ သိပ်မကြာဘူး .. လည်လွန်းတဲ့ဘီး ေ - ် း နင်း ဆိုသလို ဝယ်သူယောင်ဆောင်ထားတဲ့ရဲနဲ့တွေ့ပြီး မနက်စောကြီး ဖရင့်ကို ဝင်ဖမ်းတာပါပဲ။
.
.
အပိုင်း ( ၂ ) ဆက်ဖတ်ပေးပါ။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.

08-28-2016
.
.
“ ဖရန္ရီကန္ ေဒၚလာသန္း ( ၂၅ဝ ) [ ျဖစ္ရပ္မွန္ ] အျပီးသတ္ အပုိင္း။ ၂”
.
အမွန္က ဖရင္႕ က လူပါး..။ ဘယ္ေလာက္အထိအတြက္အခ်က္ေကာင္းသလဲဆိုရင္ ..
.
.
ေငြစကၠဴအတုအစစ္ စစ္တဲ႕စက္ေတြလြတ္ဖို႕ ( ၂ဝ ) တန္ ေဒၚလာကိုေရြးခဲ႕တယ္။
.
တစ္ကယ္ျဖစ္လာရင္ ျပစ္မႈမၾကီးေအာင္ ဒီကိစၥကို အေမရိကန္ႏုိင္ငံအတြင္းမွာ မလုပ္ဘူး။
.
သူလုပ္ထားတဲ႕ အစစ္နဲ႕ခြဲမရတဲ႕ ေဒၚလာ ( ၂ဝ ) တန္ေတြကို အေမရိကန္ႏုိင္ငံျပင္ပမွာသာ ေရာင္းတယ္။
.
ေရာင္းတဲ႕ေစ်းက သူခိုးေစ်းထက္ ေပါတယ္။ ( အစစ္ ၃ဝ ကို ဖရင္ရီကန္ ၁ဝဝ ရမယ္ )
.
ထုတ္ျပီးသားေငြစကၠဴေတြကုိ ေနရာခြဲထားတယ္။
.
.
အမႈရင္ဆိုင္ရျပီလည္းဆိုေရာ ဖရင္႕ကို သူ႕ေရွ႕ေနက ဒီအတိုင္းသာအမႈဆြဲတင္ခံရရင္ အႏွစ္ ( ၆ဝ ) ေလာက္ ေထာင္က်မယ္လုိ႕ တြက္ျပတယ္။ တစ္ဖက္မွာလည္း ရွာေဖြပံုစံနဲ႕သိမ္းထားတဲ႕ေငြစကၠဴအတုေတြကို ကေနဒါရဲေတြ နဲ႕ အေမရိကန္ေထာက္လွမ္းေရးေတြက ဘယ္စက္အကူအညီနဲ႕မွ အစစ္နဲ႕အတု မခြဲျခားႏုိင္ဘူး ျဖစ္ေနတယ္။ ကြ်မ္းလွပါတယ္ဆုိတဲ႕ ကေနဒါေငြစကၠဴအတုကာကြယ္ေရးအရာရွိေတြကိုယ္တိုင္ မ်က္စိလည္သြားေလာက္ေအာင္ ဖရင္႕ ရဲ႕ ေဒၚလာ ( ၂ဝ ) တန္ က သိပ္ေကာင္းလြန္းေနတယ္။
.
ျပီးေတာ႕ ဖရင္႕ က ကေနဒါ ရဲ႕ ဥပေဒဟာ အေမရိကန္ထက္ေပ်ာ႕ေျပာင္းတယ္ဆုိတာ သိထားတယ္။ တစ္ကယ္က်မယ္႕က်ရင္ အေမရိကန္ထက္ ကေနဒါမွာက်တာက ( ၁ဝ ) ပံုမွာ ( ၉ ) ပံုေလာက္ သက္သာတာကို သူ အေသအခ်ာတြက္ခ်က္ထားတယ္။
.
ေနာက္ဆံုးမွာ သူ႕ေရွ႕ေနကိုယ္တိုင္အံ႕ၾသရေလာက္ေအာင္ အစုိးရေရွ႕ေနကို စကားတစ္ခြန္းေျပာခုိင္းလိုက္တယ္ “ ေငြစကၠဴေတြက ဒီေလာက္မကဘူး။ ရိုက္ျပီးသား ေနာက္ထပ္ သန္း ( ၂ဝဝ ) ရွိေသးတယ္ လို႕ ေျပာလိုက္ ” ဆိုပဲ..။
.
.
ေနာက္ပိုင္း အၾကိမ္ၾကိမ္ညိွႏုိင္းမႈေတြအျပီးမွာ လက္ဝယ္မူးယစ္ေဆးဝါးပိုင္ဆိုင္မႈအတြက္ ကေနဒီယမ္ေဒၚလာ ( ၁၃၅ဝ ) ေဆာင္ရတယ္။ တစ္ျခား ဘာျပစ္မႈမွ အစြဲမခံရေတာ႕ဘူး။ ကြင္းလံုးကြ်တ္လြတ္သြားတယ္။ စုစုေပါင္း ဖရင္႕အခ်ဳပ္က်ခဲ႕တာ သီတင္း ( ၆ ) ပတ္..။
.
ဒီလိုျဖစ္ဖို႕ ဖရန္႕ဘက္ကျပန္လုပ္ေပးရမွာက သူဖြက္ထားတဲ႕ အသင္႕သံုးရန္ ရိုက္ျပီးသား ေငြစကၠဴအတု အေမရိကန္ေဒၚလာ သန္း ( ၂ဝဝ ) ကို အပ္ေပးဖို႕ ပါတယ္ ( စုစုေပါင္း သန္း ၂၅ဝ ရုိက္ခဲ႕တာပါ )။ ဒါ႕အျပင္ အဆင္႕ျမင္႕ ပံုႏွိပ္စက္ နဲ႕ ဆက္စပ္ပစၥည္းေတြသာမက ေငြစကၠဴအတုထုတ္ရာမွာသံုးတဲ႕ ပလိပ္ျပားေတြ၊ မွင္ေတြ နဲ႕ ကုန္ၾကမ္းပစၥည္းေတြ အကုန္အပ္ရမယ္။ အစုိးရနဲ႕ေတာင္အေပးအယူလုပ္ရဲတဲ႕ ဖရန္႕..။ သိပ္ေၾကာက္ဖို႕ေကာင္းတဲ႕ ဖရန္႕..။ မေကာင္းမႈက်ဴးလြန္ရာမွာ အရမ္းေတာ္တဲ႕ ဖရန္႕..။ ဆင္ၾကံၾကံတဲ႕ ဖရန္႕..။
.

.
ေနာက္ဆံုးမွာ ဒီလိုေငြစကၠဴအတုထပ္မလုပ္ဖို႕ ကေနဒါအစိုးရကို ဖရန္႕ လက္မွတ္ထိုးေပးရသလို ဒီလိုကိစၥေတြကေန ေဝးေဝးေနဖုိ႕ သူ ကတိျပဳရတယ္။ လြတ္လပ္သြားတဲ႕ဖရန္႕သြားေလရာ ေပ ( ၁ဝဝ ) အတြင္း ေနာက္ေယာင္ခံရဲတစ္ေယာက္ အျမဲရွိေနတယ္။ သူလုပ္သမွ်ကို ေထာက္လွမ္းေရး႒ာနကို အျမဲသတင္းပို႕တာကိုခံေနရတယ္။
.
ေနာက္ပိုင္းမွာ Google က ဟက္ကာတစ္ေယာက္ကုိအလုပ္ခန္႕တဲ႕နမူနာကိုယူျပီး ဖရန္႕ ဟာ ေငြစကၠဴအတုကာကြယ္ေရးအၾကံေပးကုမၸဏီကို ထူေထာင္ပါတယ္။ ဒီလုပ္ငန္းကေန ဖရန္႕ဟာ အခု လူလို သူလိုေနႏုိင္ျပီး သန္းၾကြယ္သူေ႒းျဖစ္ေနပါျပီ။ လူတစ္ကာႏွာေခါင္းရွံ႕ခံရတဲ႕ဘဝ၊ အမွားတစ္ခုခုက်ဴးလြန္ဖို႕ေစာင္႕ေနတဲ႕ မ်က္ေစ႕ေဒါက္ေထာက္အၾကည္႕ခံရတဲ႕ဘဝကေန ဖရန္႕ လြတ္ပါျပီ။
.
.
အခုဆိုရင္ ထုတ္ေဝသူတစ္ဦးကေန ဖရင္႕ ကို ဆက္သြယ္ျပီး စာအုပ္ထုတ္ဖို႕လုပ္ေနသလို ( ၂ဝ၁၆ ) ႏွစ္ကုန္ပုိင္းမွာ ထုတ္ေဝႏုိင္ဖို႕စီစဥ္ထားတယ္လုိ႕လည္း သိရတယ္။ ဖရင္႕ ကို အင္တာဗ်ဴးခ်င္သူမ်ားသလို ေဟာလီဝုဒ္က ရုပ္ရွင္အျဖစ္အသက္သြင္းဖို႕ ၾကံစည္ေနသူေတြလည္း ရွိေနပါျပီ။ အဲဒီစာအုပ္ကိုဖတ္၊ ေနာက္ရုိက္မယ္႕ ရုပ္ရွင္ကိုၾကည္႕ျပီးမွသာ ပိုပီျပင္တဲ႕ ဖရန္႕ ရဲ႕ ဇာတ္ေၾကာင္းကို သိရမွာ ျဖစ္ပါတယ္။
.
အင္တာဗ်ဴးတစ္ခုမွာ “ ခင္မ်ားရိုက္ခဲ႕တာ ေဒၚလာ သန္း ( ၂၅ဝ ) ။ အပ္တာက ေဒၚလာ ( ၁ ) သန္း မျပည္႕႔တျပည္႕႔။ က်န္္တဲ႕ သန္း ( ၄ဝ ) ေက်ာ္ ဘယ္ေရာက္သြားသလဲ? ” ဆုိတဲ႕ ေမးခြန္းကို ဖရန္႕ ေျဖပံုက ၾကည္႕ဦးေလ..။
.
“ ဘယ္ေလာက္လုိေနသလဲဆိုတာ ခင္မ်ားတုိ႕ဖာသာ တြက္ၾကည္႕ၾကေပါ႕။ အဲဒီ ( ၂ဝ ) တန္ေတြကို ကြ်န္ေတာ္ေရာင္းစားခ်င္လဲေရာင္းစားခဲ႕မယ္။ ေရာင္းခ်င္မွလည္း ေရာင္းခဲ႕မိလိမ္႕မယ္။ မေသခ်ာဘူး ” တဲ႕ေလ..။
.
.
ကမၻာေပၚမွာအမ်ားဆံုး ဖရန္ရီကန္ ေဒၚလာ သန္း ( ၂၅ဝ ) အမႈ ဖတ္ၾကည္႕ျပီး ကြ်န္ေတာ္ရဲ႕ခ်စ္မိတ္ေဆြစာဖတ္ပရိသတ္ေတြ ဘာသင္္ခန္းစာရယူႏုိင္ပါသလဲ?
.
ေငြစကၠဴစစ္ဖို႕ မ်က္လံုးနဲ႕ၾကည္႕ရံုနဲ႕မရသလို စက္ေတြလည္း မတိုးႏုိင္ေတာ႕ပါဘူး။ ဒါ႕အျပင္ ကမၻာ႕အျပင္ထြက္မယ္႕ ျမန္မာေတြကိုင္တဲ႕ ေဒၚလာ ( ၂ဝ ) တန္ေတြၾကားမွာ အစစ္နဲ႕ခြ်တ္စြပ္တူတဲ႕ ဖရန္႕ရီကန္ ( ၂ဝ ) တန္ ေတြ ေတြ႕ႏုိင္တယ္ဆိုတဲ႕အခ်က္ပါထည္႕စဥ္းစားရပါေတာ႕မယ္။
.
.
ဖရန္႕ေျပာျပတဲ႕ဇာတ္လမ္းထဲမွာ သူ႕မိဘအေၾကာင္းမပါေပမယ္႕ မွန္းဆၾကည္႕ႏုိင္ပါတယ္။
.
တစ္ကယ္ဆုိ ဖရန္႕ဟာ ငယ္ငယ္တုန္းက ေကာင္းမြန္စြာၾကီးျပင္းခဲ႕တဲ႕ေက်ာင္းသားလူငယ္တစ္ဦးျဖစ္ခဲ႕ဖို႕ေကာင္းတယ္။ ဆယ္ႏွစ္ေက်ာ္တက္ခဲ႕တဲ႕ေက်ာင္းဟာ လူငယ္တစ္ေယာက္ရဲ႕အနာဂါတ္ေကာင္းမေကာင္းဆုိတာ အတပ္မေျပာႏုိင္ေပမယ္႕ လမ္းမွန္ေပၚေရာက္ေအာင္ “ ေက်ာင္း ” ေပးႏုိင္ပါတယ္။
.
ဒါေၾကာင္႕ ကြ်န္ေတာ႕စာကိုဖတ္ရႈၾကတဲ႕ ခ်စ္မိတ္ေဆြစာဖတ္ပရိသတ္ေတြကိုလည္း အလုပ္မ်ားတယ္ .. မအားဘူး .. အခ်ိန္မရွိဘူး လုိ႕ လူအထင္ၾကီး ယံုၾကည္ေလာက္ေအာင္ ဆင္ေျခေတြမေပးၾကပဲ မိမိသားသမီးေတြနဲ႕ ရင္ဘတ္ခ်င္း နီးေစခ်င္ပါတယ္။
.
.
ငယ္ရြယ္တုန္း ေငြကိုတစ္လြဲရွာတတ္ရင္ ၾကီးလာရင္ မိမိသားသမီးဟာ လမ္းမွန္ေပၚေရာက္ဖို႕ မၾကိမ္းေသေတာ႕ပါဘူး။ လြယ္လြယ္ရေလ ရွာေကာင္းေလမို႕ စည္းကမ္းနဲ႕လမ္းမွန္ကို မိမိကေလးေတြ “ ျမင္ဖို႕ ” ၊  “ သိဖို႕ ” ၊  “ ၾကားဖို႕ ” လူၾကီးမိဘေတြကိုယ္တိုင္က သင္ၾကားေပးဖို႕လုိပါတယ္။
.
အေၾကာင္းရင္းကေတာ႕ “ သားသမီးေတြဘာျဖစ္ျဖစ္ မိဘေတြက အရင္သိတာျဖစ္လို႕ပါပဲ ”
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
.
08-28-2016
.
ရည္ညြန္းကိုးကား : Business Insider, GQ.com, frankbourssa.com , uscurrency.gov
.
.
.
Unicode Version:
.
.
“ ဖရန်ရီကန် ဒေါ်လာသန်း ( ၂၅ဝ ) [ ဖြစ်ရပ်မှန် ] အျပီးသတ္ အပိုင္း။ ၂”
.
အမှန်က ဖရင့် က လူပါး..။ ဘယ်လောက်အထိအတွက်အချက်ကောင်းသလဲဆိုရင် ..
.
.
ငွေစက္ကူအတုအစစ် စစ်တဲ့စက်တွေလွတ်ဖို့ ( ၂ဝ ) တန် ဒေါ်လာကိုရွေးခဲ့တယ်။
.
တစ်ကယ်ဖြစ်လာရင် ပြစ်မှုမကြီးအောင် ဒီကိစ္စကို အမေရိကန်နိုင်ငံအတွင်းမှာ မလုပ်ဘူး။
.
သူလုပ်ထားတဲ့ အစစ်နဲ့ခွဲမရတဲ့ ဒေါ်လာ ( ၂ဝ ) တန်တွေကို အမေရိကန်နိုင်ငံပြင်ပမှာသာ ရောင်းတယ်။
.
ရောင်းတဲ့ဈေးက သူခိုးဈေးထက် ပေါတယ်။ ( အစစ် ၃ဝ ကို ဖရင်ရီကန် ၁ဝဝ ရမယ် )
.
ထုတ်ပြီးသားငွေစက္ကူတွေကို နေရာခွဲထားတယ်။
.
.
အမှုရင်ဆိုင်ရပြီလည်းဆိုရော ဖရင့်ကို သူ့ရှေ့နေက ဒီအတိုင်းသာအမှုဆွဲတင်ခံရရင် အနှစ် ( ၆ဝ ) လောက် ထောင်ကျမယ်လို့ တွက်ပြတယ်။ တစ်ဖက်မှာလည်း ရှာဖွေပုံစံနဲ့သိမ်းထားတဲ့ငွေစက္ကူအတုတွေကို ကနေဒါရဲတွေ နဲ့ အမေရိကန်ထောက်လှမ်းရေးတွေက ဘယ်စက်အကူအညီနဲ့မှ အစစ်နဲ့အတု မခွဲခြားနိုင်ဘူး ဖြစ်နေတယ်။ ကျွမ်းလှပါတယ်ဆိုတဲ့ ကနေဒါငွေစက္ကူအတုကာကွယ်ရေးအရာရှိတွေကိုယ်တိုင် မျက်စိလည်သွားလောက်အောင် ဖရင့် ရဲ့ ဒေါ်လာ ( ၂ဝ ) တန် က သိပ်ကောင်းလွန်းနေတယ်။
.
ပြီးတော့ ဖရင့် က ကနေဒါ ရဲ့ ဥပဒေဟာ အမေရိကန်ထက်ပျော့ပြောင်းတယ်ဆိုတာ သိထားတယ်။ တစ်ကယ်ကျမယ့်ကျရင် အမေရိကန်ထက် ကနေဒါမှာကျတာက ( ၁ဝ ) ပုံမှာ ( ၉ ) ပုံလောက် သက်သာတာကို သူ အသေအချာတွက်ချက်ထားတယ်။
.
နောက်ဆုံးမှာ သူ့ရှေ့နေကိုယ်တိုင်အံ့ဩရလောက်အောင် အစိုးရရှေ့နေကို စကားတစ်ခွန်းပြောခိုင်းလိုက်တယ် “ ငွေစက္ကူတွေက ဒီလောက်မကဘူး။ ရိုက်ပြီးသား နောက်ထပ် သန်း ( ၂ဝဝ ) ရှိသေးတယ် လို့ ပြောလိုက် ” ဆိုပဲ..။
.
.
နောက်ပိုင်း အကြိမ်ကြိမ်ညှိနိုင်းမှုတွေအပြီးမှာ လက်ဝယ်မူးယစ်ဆေးဝါးပိုင်ဆိုင်မှုအတွက် ကနေဒီယမ်ဒေါ်လာ ( ၁၃၅ဝ ) ဆောင်ရတယ်။ တစ်ခြား ဘာပြစ်မှုမှ အစွဲမခံရတော့ဘူး။ ကွင်းလုံးကျွတ်လွတ်သွားတယ်။ စုစုပေါင်း ဖရင့်အချုပ်ကျခဲ့တာ သီတင်း ( ၆ ) ပတ်..။
.
ဒီလိုဖြစ်ဖို့ ဖရန့်ဘက်ကပြန်လုပ်ပေးရမှာက သူဖွက်ထားတဲ့ အသင့်သုံးရန် ရိုက်ပြီးသား ငွေစက္ကူအတု အမေရိကန်ဒေါ်လာ သန်း ( ၂ဝဝ ) ကို အပ်ပေးဖို့ ပါတယ် ( စုစုပေါင်း သန်း ၂၅ဝ ရိုက်ခဲ့တာပါ )။ ဒါ့အပြင် အဆင့်မြင့် ပုံနှိပ်စက် နဲ့ ဆက်စပ်ပစ္စည်းတွေသာမက ငွေစက္ကူအတုထုတ်ရာမှာသုံးတဲ့ ပလိပ်ပြားတွေ၊ မှင်တွေ နဲ့ ကုန်ကြမ်းပစ္စည်းတွေ အကုန်အပ်ရမယ်။ အစိုးရနဲ့တောင်အပေးအယူလုပ်ရဲတဲ့ ဖရန့်..။ သိပ်ကြောက်ဖို့ကောင်းတဲ့ ဖရန့်..။ မကောင်းမှုကျူးလွန်ရာမှာ အရမ်းတော်တဲ့ ဖရန့်..။ ဆင်ကြံကြံတဲ့ ဖရန့်..။
.
.
နောက်ဆုံးမှာ ဒီလိုငွေစက္ကူအတုထပ်မလုပ်ဖို့ ကနေဒါအစိုးရကို ဖရန့် လက်မှတ်ထိုးပေးရသလို ဒီလိုကိစ္စတွေကနေ ဝေးဝေးနေဖို့ သူ ကတိပြုရတယ်။ လွတ်လပ်သွားတဲ့ဖရန့်သွားလေရာ ပေ ( ၁ဝဝ ) အတွင်း နောက်ယောင်ခံရဲတစ်ယောက် အမြဲရှိနေတယ်။ သူလုပ်သမျှကို ထောက်လှမ်းရေးဋ္ဌာနကို အမြဲသတင်းပို့တာကိုခံနေရတယ်။
.
နောက်ပိုင်းမှာ Google က ဟက်ကာတစ်ယောက်ကိုအလုပ်ခန့်တဲ့နမူနာကိုယူပြီး ဖရန့် ဟာ ငွေစက္ကူအတုကာကွယ်ရေးအကြံပေးကုမ္ပဏီကို ထူထောင်ပါတယ်။ ဒီလုပ်ငန်းကနေ ဖရန့်ဟာ အခု လူလို သူလိုနေနိုင်ပြီး သန်းကြွယ်သူဋ္ဌေးဖြစ်နေပါပြီ။ လူတစ်ကာနှာခေါင်းရှံ့ခံရတဲ့ဘဝ၊ အမှားတစ်ခုခုကျူးလွန်ဖို့စောင့်နေတဲ့ မျက်စေ့ဒေါက်ထောက်အကြည့်ခံရတဲ့ဘဝကနေ ဖရန့် လွတ်ပါပြီ။
.
.
အခုဆိုရင် ထုတ်ဝေသူတစ်ဦးကနေ ဖရင့် ကို ဆက်သွယ်ပြီး စာအုပ်ထုတ်ဖို့လုပ်နေသလို ( ၂ဝ၁၆ ) နှစ်ကုန်ပိုင်းမှာ ထုတ်ဝေနိုင်ဖို့စီစဉ်ထားတယ်လို့လည်း သိရတယ်။ ဖရင့် ကို အင်တာဗျူးချင်သူများသလို ဟောလီဝုဒ်က ရုပ်ရှင်အဖြစ်အသက်သွင်းဖို့ ကြံစည်နေသူတွေလည်း ရှိနေပါပြီ။ အဲဒီစာအုပ်ကိုဖတ်၊ နောက်ရိုက်မယ့် ရုပ်ရှင်ကိုကြည့်ပြီးမှသာ ပိုပီပြင်တဲ့ ဖရန့် ရဲ့ ဇာတ်ကြောင်းကို သိရမှာ ဖြစ်ပါတယ်။
.
အင်တာဗျူးတစ်ခုမှာ “ ခင်များရိုက်ခဲ့တာ ဒေါ်လာ သန်း ( ၂၅ဝ ) ။ အပ်တာက ဒေါ်လာ ( ၁ ) သန်း မပြည့်တပြည့်။ ကျန်တဲ့ သန်း ( ၄ဝ ) ကျော် ဘယ်ရောက်သွားသလဲ? ” ဆိုတဲ့ မေးခွန်းကို ဖရန့် ဖြေပုံက ကြည့်ဦးလေ..။
.
ဘယ်လောက်လိုနေသလဲဆိုတာ ခင်များတို့ဖာသာ တွက်ကြည့်ကြပေါ့။ အဲဒီ ( ၂ဝ ) တန်တွေကို ကျွန်တော်ရောင်းစားချင်လဲရောင်းစားခဲ့မယ်။ ရောင်းချင်မှလည်း ရောင်းခဲ့မိလိမ့်မယ်။ မသေချာဘူး ” တဲ့လေ..။
.
.
ကမ္ဘာပေါ်မှာအများဆုံး ဖရန်ရီကန် ဒေါ်လာ သန်း ( ၂၅ဝ ) အမှု ဖတ်ကြည့်ပြီး ကျွန်တော်ရဲ့ချစ်မိတ်ဆွေစာဖတ်ပရိသတ်တွေ ဘာသင်ခန်းစာရယူနိုင်ပါသလဲ?
.
ငွေစက္ကူစစ်ဖို့ မျက်လုံးနဲ့ကြည့်ရုံနဲ့မရသလို စက်တွေလည်း မတိုးနိုင်တော့ပါဘူး။ ဒါ့အပြင် ကမ္ဘာ့အပြင်ထွက်မယ့် မြန်မာတွေကိုင်တဲ့ ဒေါ်လာ ( ၂ဝ ) တန်တွေကြားမှာ အစစ်နဲ့ချွတ်စွပ်တူတဲ့ ဖရန့်ရီကန် ( ၂ဝ ) တန် တွေ တွေ့နိုင်တယ်ဆိုတဲ့အချက်ပါထည့်စဉ်းစားရပါတော့မယ်။
.
.
ဖရန့်ပြောပြတဲ့ဇာတ်လမ်းထဲမှာ သူ့မိဘအကြောင်းမပါပေမယ့် မှန်းဆကြည့်နိုင်ပါတယ်။
.
တစ်ကယ်ဆို ဖရန့်ဟာ ငယ်ငယ်တုန်းက ကောင်းမွန်စွာကြီးပြင်းခဲ့တဲ့ကျောင်းသားလူငယ်တစ်ဦးဖြစ်ခဲ့ဖို့ကောင်းတယ်။ ဆယ်နှစ်ကျော်တက်ခဲ့တဲ့ကျောင်းဟာ လူငယ်တစ်ယောက်ရဲ့အနာဂါတ်ကောင်းမကောင်းဆိုတာ အတပ်မပြောနိုင်ပေမယ့် လမ်းမှန်ပေါ်ရောက်အောင် “ ကျောင်း ” ပေးနိုင်ပါတယ်။
.
ဒါကြောင့် ကျွန်တော့စာကိုဖတ်ရှုကြတဲ့ ချစ်မိတ်ဆွေစာဖတ်ပရိသတ်တွေကိုလည်း အလုပ်များတယ် .. မအားဘူး .. အချိန်မရှိဘူး လို့ လူအထင်ကြီး ယုံကြည်လောက်အောင် ဆင်ခြေတွေမပေးကြပဲ မိမိသားသမီးတွေနဲ့ ရင်ဘတ်ချင်း နီးစေချင်ပါတယ်။
.
.
ငယ်ရွယ်တုန်း ငွေကိုတစ်လွဲရှာတတ်ရင် ကြီးလာရင် မိမိသားသမီးဟာ လမ်းမှန်ပေါ်ရောက်ဖို့ မကြိမ်းသေတော့ပါဘူး။ လွယ်လွယ်ရလေ ရှာကောင်းလေမို့ စည်းကမ်းနဲ့လမ်းမှန်ကို မိမိကလေးတွေ “ မြင်ဖို့ ” ၊  “ သိဖို့ ” ၊  “ ကြားဖို့ ” လူကြီးမိဘတွေကိုယ်တိုင်က သင်ကြားပေးဖို့လိုပါတယ်။
.
အကြောင်းရင်းကတော့ “ သားသမီးတွေဘာဖြစ်ဖြစ် မိဘတွေက အရင်သိတာဖြစ်လို့ပါပဲ ”
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
08-28-2016
.
ရည်ညွန်းကိုးကား : Business Insider, GQ.com, frankbourssa.com , uscurrency.gov


No comments: