ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, April 22, 2015

Swing Shift မွာ ( ၉၅၁ ) ရက္ၾကာ

ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး )
.
.
မနက္ပိုင္း၊ မြန္းလြဲပိုင္း နဲ႕ ညသန္းေခါင္ပုိင္းအလုပ္ခြင္ေတြကို စက္မႈထြန္းကားတဲ႕ႏိုင္ငံေတြမွာ ကုန္ပစၥည္းပိုမုိထြက္ရွိဖို႕ အလုပ္ဆိုင္းေတြခြဲျပီး လုပ္ကုိင္ေလ႕ရွိၾကတယ္။ ေန႕ရက္တစ္ရက္ကုိ ( ၃ ) ပိုင္းခြဲျခားျပီး တစ္ပုိင္းကို ( ၈ ) နာရီ နဲ႕ ထမင္းစားခ်ိန္ မိနစ္ ( ၃ဝ ) အပါအဝင္ စက္ေတြကို မနားတမ္းလည္ပတ္ေစတယ္။
.
အလုပ္သမားေတြကုိခြဲျပီး တစ္ဖြဲ႕ကအဝင္ အရင္တစ္ဖြဲ႕ကအထြက္၊ လူခ်င္းေတြ႕ရံုေလးသာ ျခားနားျပီး တာဝန္ေတြ ခြဲေဝေပးၾကတယ္။ တစ္ခ်ိဳ႕စက္ရံုေတြက တစ္ရက္ကို ( ၂ ) ဆိုင္း သာလုပ္ကိုင္ေစျပီး ညသန္းေခါင္ပိုင္းကို နားခ်ိန္အျဖစ္ လႊတ္ထားၾကတယ္။
.
.
မနက္ပိုင္းအလုပ္ကို အမ်ားသိၾကတဲ႕အတုိင္း Day Shift လို႕ေခၚပါတယ္။ အစိုးရရံုး၊ လူမႈအဖြဲ႕အစည္းေတြနဲ႕ အမ်ားနဲ႕သက္ဆိုင္တဲ႕ စာရြက္စာတမ္းကိစၥဆိုင္ရာအဖြဲ႕အစည္းေတြက အစိုးရရံုးဖြင္႕ခ်ိန္ေတြကုိ မနက္ ( ၉ ) နာရီကေန ညေန ( ၅ ) နာရီအတြင္း ေဒသနဲ႕ကိုက္ညီသလို ဖြင္႕လွစ္လုပ္ကိုင္ၾကတယ္။ ဒါကို Traditional 9 to 5 လို႕ အမ်ားက ေခၚၾကပါတယ္။
.
ဘယ္လိုပင္ ကိုက္ညီေအာင္ အလုပ္စ, ေစကာမူ အခ်ိန္စက္ဝုိင္း - Time Zone ( ၉ ) ခု ရွိတဲ႕ အေမရိကန္ႏိုင္ငံမွာ  ရံုးဖြင္႕ခ်ိန္ေတြ မတူၾကပါဘူး။ တစ္ခ်ိဳ႕ရံုးေတြက ရံုးဆင္းရံုးတက္ ကားၾကပ္ခ်ိန္ - Traffic Hour ကို ေရွာင္ခ်င္ေတာ႕ ေစာေစာတက္ျပီး ေစာေစာရံုးဆင္းေစတာမ်ိဳးလည္း ရွိပါတယ္။
.
.
မြန္းလြဲပိုင္းအလုပ္ကို Evening Shift – Second Shift လို႕ အလြယ္တကူေခၚၾကေပမယ္႕ အမွန္တကယ္က Swing Shift လို႕ ေခၚရမွာပါ။ Swing Shift က ေန႕လည္ ( ၂ ) နာရီကေန ( ၄ ) နာရီၾကား အေရွ႕ Day Shift ရံုးဆင္းျပီးခ်ိန္မွာ စတက္ျပီး ညေန ( ၁၁ ) နာရီ ဒါမွမဟုတ္ ညသန္းေခါင္ေက်ာ္ ေနာက္တစ္ရက္မနက္ ( ၁ ) နာရီအထိ လုပ္ရတတ္ပါတယ္။

.
မနက္ပိုင္း နဲ႕ ေန႕႔လည္ပိုင္းဟာ အလုပ္တစ္ေနရာတည္းလုပ္ေနၾကေသာ္လည္း တစ္ခ်ိဳ႕ေတြဆုိ တစ္ေယာက္နဲ႕တစ္ေယာက္ မေတြ႕ဖူးၾကတာမ်ိဳးလည္း ရွိတယ္။ ဒါေၾကာင္႕ စက္တစ္လံုးတည္းကို ႏွစ္ဆိုင္းခြဲျပီးလုပ္ၾကတဲ႕အခါ လည္ပတ္ေနတဲ႕စက္ပစၥည္းေတြရဲ႕အေျခအေန နဲ႕ ကုန္ထြက္ရွိမႈအေနအထားကို တစ္ဖြဲ႕နဲ႕တစ္ဖြဲ႕ၾကား သတင္းပို႕ဖို႕လုိပါတယ္။ အဲဒါကို Pass Down လို႕ ေခၚေဝၚသံုးစြဲပါတယ္။
.
.
ေနာက္ဆံုးပိတ္အလုပ္ခ်ိန္ ကို မေျပာခင္ Day Shift နဲ႕႔ Swing Shift တို႕ရဲ႕ လုပ္ကိုင္ပံုခ်င္း နဲ႕ ကုန္ထြက္ႏႈန္း - Productivity မတူၾကတာကို ေျပာျပခ်င္တယ္။ ေနရာေဒသ၊ ထုတ္လုပ္တဲ႕ကုန္ပစၥည္း နဲ႕ စီမံခန္႕ခြဲမႈတို႕ ဘယ္လိုပင္ မတူညီေသာ္ျငားလည္း အင္ဂ်င္နီယာ၊ စက္အကူပညာရွင္၊ သုေတသနအဖြဲ႕ R&D – Research and Development တုိ႕ဟာ Day Shift မွာ အလုပ္ဝင္ၾကတယ္။
.
အေၾကာင္းရင္းကေတာ႕ သူတို႕အတြက္ ေန႕ခင္းအခ်ိန္ဟာ တစ္ျခားကုမၸဏီေတြနဲ႕ ဆက္သြယ္ရလြယ္ကူတယ္။ ပစၥည္းအသစ္ေတြ စမ္းသပ္ႏိုင္ဖို႕ အေထာက္အပံ႕မ်ိဳးစံု ရႏိုင္တယ္။ မိခင္ကုမၸဏီေတြထံက ကုန္ပစၥည္းထုတ္လုပ္တဲ႕ စက္အပိုပစၥည္းေတြ လွမ္းမွာႏိုင္တယ္။ ဧည္႕သည္ေတြ ဝင္ထြက္သြားလာရ လြယ္ကူတဲ႕အျပင္ တစ္ျခားအေရးအၾကီးဆံုးတစ္ခုကေတာ႕ အလုပ္ျပန္ခ်ိန္မွာ အိမ္က မိသားစုအတြက္ အခ်ိန္ေပးႏုိင္တာပါပဲ။ ဒီအားသာခ်က္ေတြေၾကာင္႕ သူတို႕ဟာ Day Shift မွာပဲ တြယ္ကပ္ေနၾကျပီး ေတာ္တန္ရံုအေၾကာင္းမရွိရင္ Swing Shift မေျပာင္းခ်င္ဘူးေလ။
.
.
Swing Shift မွာက်ေတာ႕ ကုန္ပိုထုတ္ႏိုင္တယ္။ ဒါေပမယ္႕ Day Shift ရဲ႕ ညႊန္ၾကားခ်က္အတိုင္း အလုပ္လုပ္ရတယ္။ ကိုယ္ပုိင္ဆံုးျဖတ္ခ်က္နဲ႕ သံုးသပ္ဆံုးျဖတ္ရတာ နည္းပါးတယ္။ ေအးေအးေဆးေဆးသမားဆိုရင္ Swing Shift နဲ႕ ပုိအဆင္ေျပႏိုင္တယ္။ ဒါေပမယ္႕ ေန႕ခင္းကေန ညေနကုိျဖတ္ေက်ာ္ျပီး ညနက္ပိုင္းအထိလုပ္ရတာျဖစ္လို႕ အပူခ်ိန္က တစ္ျဖည္းျဖည္းက်လာေတာ႕  ညနက္ပိုင္းေရာက္လာေလေလ ေအးလာေလေလပါ။
.
ဒါေၾကာင္႕ အေအးမိ ဖ်ားနာလြယ္သူမ်ားဆိုရင္ ခံရျပီသာမွတ္ေပေရာ႕။ ျပီးေတာ႕ သဘာဝရဲ႕ဆန္႕က်င္ဖက္အတုိင္းေနရတဲ႕အခါ ခႏၶာကုိယ္က ဇီဝျဖစ္စဥ္အရ နားေစခ်င္ေနျပီ .. ဒါေပမယ္႕ ကိုယ္က အလုပ္စလုပ္ဖို႕ျပင္ေနတုန္းတဲ႕အခါ တစ္နည္းအားျဖင္႕ အင္ဂ်င္ပူေနတဲ႕ကားကို လီဗာနင္းျပီး အတင္းေမာင္းေနသလို ျဖစ္ေနတယ္။
.
.
စက္ကဲ႕သုိ႕ ခႏၶာကုိယ္ကုိ ေမာင္းလို႕ရတယ္ပဲထား .. အစာေျခဖ်က္စံနစ္ နဲ႕ ဓါတုဇီဝအဆိပ္အေတာက္ေတြ ဖယ္ရွားတဲ႕အခ်ိန္ကို ကြန္ပ်ဴတာပရုိဂရမ္ နဲ႕ ေျပာင္းခိုင္းလို႕ရတာမဟုတ္ေတာ႕ အခ်ိတ္အဆက္မွန္မွန္ နဲ႕ စည္းဝါးညီခဲ႕တဲ႕ စိတ္ နဲ႕ ရုပ္ခႏၶာဟာ မသိမသာေလး တစ္ရက္နည္းနည္း လြဲလိုက္လာပါတယ္။
.
ျဖစ္လာတဲ႕အက်ိဳးဆက္ကေတာ႕ အိပ္ေရးပ်က္တယ္၊ အစားပိုစားတယ္၊ ညနက္ေလေလ မအိပ္ပဲ ပိုေနႏိုင္ေလေလ ျဖစ္လာတာပါပဲ။ မိသားစုခ်င္းလည္း တစ္ေယာက္နဲ႕တစ္ေယာက္ နာရီပိုင္း၊ မိနစ္ပုိင္းေလးပဲ ေတြ႕ရသလို သားသမီး နဲ႕ သူတို႕ရဲ႕ေက်ာင္းကိစၥေတြမွာလည္း ေလ်ာ႕တိေလ်ာ႕ရဲ ျဖစ္လာတယ္။ ကာလရွည္လာတာနဲ႕အမွ် အဆိုးဆံုးက လူကသာ ေနမေကာင္း၊ ဖ်ား၊ နာ မျဖစ္တာ .. အေသြးအသားျဒပ္ေပါင္းစုၾကီးမွာ အဆိပ္ေပ်ာ႕ေတြေၾကာင္႕ တစ္ေနရာရာရဲ႕ ကလီစာတစ္ခုခုမွာ မလိုအပ္တဲ႕ဓါတ္ေတြပံုလာသမွ် မဖယ္ရွားႏိုင္တာေၾကာင္႕ ဒုကၡေရာက္ဖို႕ အေၾကာင္းဖန္လာႏိုင္ပါတယ္။
.
.
ေရာဂါတစ္စံုတစ္ရာမျဖစ္ရင္ေတာင္ အစားစားခ်ိန္ရွည္ၾကာျပီး အစာေျခခ်ိန္နည္းလာလို႕ ကိုယ္အေလးခ်ိန္တိုးလာမွာကေတာ႕ ေသခ်ာသေလာက္ရွိပါတယ္။ ည ( ၉ ) နာရီ နဲ႕ ( ၁၁ ) နာရီၾကားမွာ ေသြးသန္႕စင္ဖို႕ၾကိဳးစားေနတဲ႕ ခႏၶာကိုယ္ကုိ အနားေပးႏိုင္သေလာက္ေပးျပီး ဂီတသံတစ္ခုခုနားေထာင္ေနတာက သက္ေတာင္႕သက္သာျဖစ္ျပီး စိတ္လက္ေပါ႕ပါးေစပါလိမ္႕မယ္။
.
ဒါေပမယ္႕ ညအလုပ္လုပ္သူေတြဟာ ေန႕ခင္းအလုပ္လုပ္သူေတြထက္ အိမ္ပိုျပန္ခ်င္တယ္ဆုိတာ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ ေျပာစကားေတြအရ သိရတယ္။ အလုပ္လုပ္တဲ႕အခါလည္း စိတ္မေျဖာင္႕ဘူးဆုိတာ သိသာတယ္။ ျပီးေတာ႕ တစ္မနက္ခင္းလံုးအိပ္ျပီး စိတ္မၾကည္စြာနဲ႕ ေန႕ခင္းေၾကာင္ေတာင္ အိပ္ရာထလာသူ Swing Shift သမားေတြဟာ စိတ္မရွည္ၾကေတာ႕ဘူး။ အလုပ္နားခ်ိန္ Break ေတြမွာလည္း အခ်ိန္ရရင္ ရသလို တစ္ေရးအိပ္တာမ်ိဳးေတြ မၾကာခဏေတြ႕ရတယ္။
.
.
 ညနက္ပိုင္းအလုပ္ခ်ိန္ကို Graveyard Shift လို႕ေခၚတယ္။ တစ္ခ်ိဳ႕လည္း လြယ္လြယ္ Night Shift လို႕ သံုးႏႈန္းၾကတယ္။ လူအိပ္ခ်ိန္မွာ အလုပ္လုပ္ရတာခ်င္းကေတာ႕ Swing Shift နဲ႕ သိပ္မကြာပါဘူး။ ကုမၸဏီေတြဟာ မတတ္သာေတာ႕မွ Graveyard Shift ဖြင္႕ၾကတယ္။ ဒီလုိအပုပ္ခ်ိန္မွာ စက္ျပင္တာ၊ ထိန္းသိမ္းမြမ္းမံေရး - Maintenance လုပ္တာ၊ စက္ပစၥည္းလဲတာ၊ ေနာက္တစ္ရက္မနက္အလုပ္ခ်ိန္အတြက္ ျပင္ဆင္ေပးတာေတြအတြက္ ဖြင္႕လွစ္လုပ္ကိုင္ၾကတယ္။ ပံုမွန္လုပ္ခထက္ ( ၂ဝ% ) ခန္႕႔ ပိုရတဲ႕အတြက္ သူ႕ေနရာနဲ႕သူ လုပ္ကိုင္သူေတြ ရွိပါတယ္။
.
.
ကြ်န္ေတာ္ဟာ Swing Shift မွာ ( ၂ ) ႏွစ္ခြဲေက်ာ္ အလုပ္သြားလုပ္ဖူးတယ္။ သူမ်ားက ေန႕၊ ကြ်န္ေတာ္က ည ေပါ႕။ တစ္ခ်ိဳ႕အေၾကာင္းသိမ်ားဆို “ မင္း က ရန္ကုန္စံေတာ္ခ်ိန္ နဲ႕ အလုပ္လုပ္တာလား ” လို႕ေတာင္ ေမးယူရတယ္။ ဟုတ္တယ္ေလ .. သူတို႕ Facebook ေပၚတက္ၾကည္႕လိုက္ရင္ ဒီဖက္က မီးစိမ္းေလးလင္းေနတာကို ေတြ႕ေနရတာကိုး..။
.
အေအးမိျပီး ႏွာေစးလြယ္လာသလို အေႏြးထည္ကုိ ကုိယ္ေပၚက ခြ်တ္လို႕ မရေအာင္ ျဖစ္လာတာက Swing Shift ကေပးတဲ႕ အခက္ခဲဆံုး နဲ႕ အခံရအခက္ဆံုး အေတြ႕အၾကံဳေတြလို႕ ဆိုႏိုင္ပါတယ္။ ဒါတင္မကေသးဘူး .. အေမရိကားေရာက္မွ ပန္းဝတ္မႈန္နဲ႕မတည္႕တဲ႕ အလာဂ်ီ - Allergy ဆိုတာမ်ိဳးက ရွိလိုက္ေသးတယ္။ ဒီဒဏ္ေတြကလည္း ညပိုင္းမွ ပိုခံရတာဆုိေတာ႕ လူတစ္ကုိယ္လံုးနဲ႕ေအာက္ပိုင္းက ေသးသြယ္သြယ္၊ ဝမ္းဗုိက္က ဆူေဖါင္းေဖါင္း နဲ႕ ေတာ္ေတာ္စိတ္ဓါတ္က်စရာပံုစံမ်ိဳး ျဖစ္လာတယ္။ ပုိရတဲ႕ အပိုလုပ္ခ ( ၁ဝ% ) ကုိ ဗုိက္ထဲမွာပဲ စုထားလိုက္သလို ျဖစ္သြားတာမ်ားလား .. မေတြးတတ္ေတာ႕ေအာင္ပါပဲ။
.
.
ျပန္တြက္ၾကည္႕တာ Swing Shift မွာ အလုပ္သြားလုပ္တာ ရက္ေပါင္း ( ၁ဝဝဝ ) ျပည္႕ဖို႕ သိပ္မလိုေပမယ္႕ ကုိယ္အေလးခ်ိန္က ေပါင္ ( ၂ဝ ) ေက်ာ္ တက္လာတယ္။ အမ်ိဳးသမီးက ေစတနာ ဂရုဏာ နဲ႕ သတိေပးတယ္။ မျဖစ္ေခ်ဘူး .. ျပန္တည္႕မွရမယ္။  ႏို႕မို႕ဆို ဘဝပါ ေျပာင္းျပန္ျဖစ္သြားမယ္ဆိုျပီး ရာထူးတိုးလူေတြ႕အင္တာဗ်ဴးေလးေျဖရင္း Day Shift ကုိ ျပန္ေရာက္လာတယ္။
.
အခုၾကည္႕ ..  ညေနခင္း ကေလးေက်ာင္းၾကိဳႏိုင္တယ္။ သူ႕ေက်ာင္းက အားကစားခ်ိန္ကို အသြား ပုိ႕ႏိုင္သလို အျပန္ၾကိဳႏိုင္တယ္။ အိမ္စာလုပ္ခ်ိန္ကိုေစာင္႕ၾကည္႕ႏိုင္သလို မိသားစုနဲ႕ေနဖို႕ အခ်ိန္ပိုရလာတယ္။ အိမ္သူသက္ထားနဲ႕လည္း အိပ္ရာအတူတူဝင္ႏိုင္တယ္ လို႕ ၾကည္ႏူးခြင္႕ရလိုက္တာ ၾကာၾကာ မခံလိုက္ဘူး ..  မေမွ်ာ္လင္႕ပဲ အမ်ိဳးသမီးက သူ႕အလုပ္မွာ Day Shift လုပ္ေနရာကေန Swing Shift ေျပာင္းဖို႕ အမိန္႕က်လာပါေတာ႕တယ္။ လာခ်င္ဦးဟဲ႕ .. အေမရိကား..။
.

koko2yeye@gmail.com
.
.
.
Myanmar Unicode Version:
.
.
“ Swing Shift မှာ ( ၉၅၁ ) ရက်ကြာ ”  
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
မနက်ပိုင်း၊ မွန်းလွဲပိုင်း နဲ့ ညသန်းခေါင်ပိုင်းအလုပ်ခွင်တွေကို စက်မှုထွန်းကားတဲ့နိုင်ငံတွေမှာ ကုန်ပစ္စည်းပိုမိုထွက်ရှိဖို့ အလုပ်ဆိုင်းတွေခွဲပြီး လုပ်ကိုင်လေ့ရှိကြတယ်။ နေ့ရက်တစ်ရက်ကို ( ၃ ) ပိုင်းခွဲခြားပြီး တစ်ပိုင်းကို ( ၈ ) နာရီ နဲ့ ထမင်းစားချိန် မိနစ် ( ၃ဝ ) အပါအဝင် စက်တွေကို မနားတမ်းလည်ပတ်စေတယ်။
.
အလုပ်သမားတွေကိုခွဲပြီး တစ်ဖွဲ့ကအဝင် အရင်တစ်ဖွဲ့ကအထွက်၊ လူချင်းတွေ့ရုံလေးသာ ခြားနားပြီး တာဝန်တွေ ခွဲဝေပေးကြတယ်။ တစ်ချို့စက်ရုံတွေက တစ်ရက်ကို ( ၂ ) ဆိုင်း သာလုပ်ကိုင်စေပြီး ညသန်းခေါင်ပိုင်းကို နားချိန်အဖြစ် လွှတ်ထားကြတယ်။
.
.
မနက်ပိုင်းအလုပ်ကို အများသိကြတဲ့အတိုင်း Day Shift လို့ခေါ်ပါတယ်။ အစိုးရရုံး၊ လူမှုအဖွဲ့အစည်းတွေနဲ့ အများနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းကိစ္စဆိုင်ရာအဖွဲ့အစည်းတွေက အစိုးရရုံးဖွင့်ချိန်တွေကို မနက် ( ၉ ) နာရီကနေ ညနေ ( ၅ ) နာရီအတွင်း ဒေသနဲ့ကိုက်ညီသလို ဖွင့်လှစ်လုပ်ကိုင်ကြတယ်။ ဒါကို Traditional 9 to 5 လို့ အများက ခေါ်ကြပါတယ်။
.
ဘယ်လိုပင် ကိုက်ညီအောင် အလုပ်စ, စေကာမူ အချိန်စက်ဝိုင်း - Time Zone ( ၉ ) ခု ရှိတဲ့ အမေရိကန်နိုင်ငံမှာ  ရုံးဖွင့်ချိန်တွေ မတူကြပါဘူး။ တစ်ချို့ရုံးတွေက ရုံးဆင်းရုံးတက် ကားကြပ်ချိန် - Traffic Hour ကို ရှောင်ချင်တော့ စောစောတက်ပြီး စောစောရုံးဆင်းစေတာမျိုးလည်း ရှိပါတယ်။
.
.
မွန်းလွဲပိုင်းအလုပ်ကို Evening Shift – Second Shift လို့ အလွယ်တကူခေါ်ကြပေမယ့် အမှန်တကယ်က Swing Shift လို့ ခေါ်ရမှာပါ။ Swing Shift က နေ့လည် ( ၂ ) နာရီကနေ ( ၄ ) နာရီကြား အရှေ့ Day Shift ရုံးဆင်းပြီးချိန်မှာ စတက်ပြီး ညနေ ( ၁၁ ) နာရီ ဒါမှမဟုတ် ညသန်းခေါင်ကျော် နောက်တစ်ရက်မနက် ( ၁ ) နာရီအထိ လုပ်ရတတ်ပါတယ်။

.
မနက်ပိုင်း နဲ့ နေ့လည်ပိုင်းဟာ အလုပ်တစ်နေရာတည်းလုပ်နေကြသော်လည်း တစ်ချို့တွေဆို တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖူးကြတာမျိုးလည်း ရှိတယ်။ ဒါကြောင့် စက်တစ်လုံးတည်းကို နှစ်ဆိုင်းခွဲပြီးလုပ်ကြတဲ့အခါ လည်ပတ်နေတဲ့စက်ပစ္စည်းတွေရဲ့အခြေအနေ နဲ့ ကုန်ထွက်ရှိမှုအနေအထားကို တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား သတင်းပို့ဖို့လိုပါတယ်။ အဲဒါကို Pass Down လို့ ခေါ်ဝေါ်သုံးစွဲပါတယ်။
.
.
နောက်ဆုံးပိတ်အလုပ်ချိန် ကို မပြောခင် Day Shift နဲ့ Swing Shift တို့ရဲ့ လုပ်ကိုင်ပုံချင်း နဲ့ ကုန်ထွက်နှုန်း - Productivity မတူကြတာကို ပြောပြချင်တယ်။ နေရာဒေသ၊ ထုတ်လုပ်တဲ့ကုန်ပစ္စည်း နဲ့ စီမံခန့်ခွဲမှုတို့ ဘယ်လိုပင် မတူညီသော်ငြားလည်း အင်ဂျင်နီယာ၊ စက်အကူပညာရှင်၊ သုတေသနအဖွဲ့ R&D – Research and Development တို့ဟာ Day Shift မှာ အလုပ်ဝင်ကြတယ်။
.
အကြောင်းရင်းကတော့ သူတို့အတွက် နေ့ခင်းအချိန်ဟာ တစ်ခြားကုမ္ပဏီတွေနဲ့ ဆက်သွယ်ရလွယ်ကူတယ်။ ပစ္စည်းအသစ်တွေ စမ်းသပ်နိုင်ဖို့ အထောက်အပံ့မျိုးစုံ ရနိုင်တယ်။ မိခင်ကုမ္ပဏီတွေထံက ကုန်ပစ္စည်းထုတ်လုပ်တဲ့ စက်အပိုပစ္စည်းတွေ လှမ်းမှာနိုင်တယ်။ ဧည့်သည်တွေ ဝင်ထွက်သွားလာရ လွယ်ကူတဲ့အပြင် တစ်ခြားအရေးအကြီးဆုံးတစ်ခုကတော့ အလုပ်ပြန်ချိန်မှာ အိမ်က မိသားစုအတွက် အချိန်ပေးနိုင်တာပါပဲ။ ဒီအားသာချက်တွေကြောင့် သူတို့ဟာ Day Shift မှာပဲ တွယ်ကပ်နေကြပြီး တော်တန်ရုံအကြောင်းမရှိရင် Swing Shift မပြောင်းချင်ဘူးလေ။
.
.
Swing Shift မှာကျတော့ ကုန်ပိုထုတ်နိုင်တယ်။ ဒါပေမယ့် Day Shift ရဲ့ ညွှန်ကြားချက်အတိုင်း အလုပ်လုပ်ရတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သုံးသပ်ဆုံးဖြတ်ရတာ နည်းပါးတယ်။ အေးအေးဆေးဆေးသမားဆိုရင် Swing Shift နဲ့ ပိုအဆင်ပြေနိုင်တယ်။ ဒါပေမယ့် နေ့ခင်းကနေ ညနေကိုဖြတ်ကျော်ပြီး ညနက်ပိုင်းအထိလုပ်ရတာဖြစ်လို့ အပူချိန်က တစ်ဖြည်းဖြည်းကျလာတော့  ညနက်ပိုင်းရောက်လာလေလေ အေးလာလေလေပါ။
.
ဒါကြောင့် အအေးမိ ဖျားနာလွယ်သူများဆိုရင် ခံရပြီသာမှတ်ပေရော့။ ပြီးတော့ သဘာဝရဲ့ဆန့်ကျင်ဖက်အတိုင်းနေရတဲ့အခါ ခန္ဓာကိုယ်က ဇီဝဖြစ်စဉ်အရ နားစေချင်နေပြီ .. ဒါပေမယ့် ကိုယ်က အလုပ်စလုပ်ဖို့ပြင်နေတုန်းတဲ့အခါ တစ်နည်းအားဖြင့် အင်ဂျင်ပူနေတဲ့ကားကို လီဗာနင်းပြီး အတင်းမောင်းနေသလို ဖြစ်နေတယ်။
.
.
စက်ကဲ့သို့ ခန္ဓာကိုယ်ကို မောင်းလို့ရတယ်ပဲထား .. အစာခြေဖျက်စံနစ် နဲ့ ဓါတုဇီဝအဆိပ်အတောက်တွေ ဖယ်ရှားတဲ့အချိန်ကို ကွန်ပျူတာပရိုဂရမ် နဲ့ ပြောင်းခိုင်းလို့ရတာမဟုတ်တော့ အချိတ်အဆက်မှန်မှန် နဲ့ စည်းဝါးညီခဲ့တဲ့ စိတ် နဲ့ ရုပ်ခန္ဓာဟာ မသိမသာလေး တစ်ရက်နည်းနည်း လွဲလိုက်လာပါတယ်။
.
ဖြစ်လာတဲ့အကျိုးဆက်ကတော့ အိပ်ရေးပျက်တယ်၊ အစားပိုစားတယ်၊ ညနက်လေလေ မအိပ်ပဲ ပိုနေနိုင်လေလေ ဖြစ်လာတာပါပဲ။ မိသားစုချင်းလည်း တစ်ယောက်နဲ့တစ်ယောက် နာရီပိုင်း၊ မိနစ်ပိုင်းလေးပဲ တွေ့ရသလို သားသမီး နဲ့ သူတို့ရဲ့ကျောင်းကိစ္စတွေမှာလည်း လျော့တိလျော့ရဲ ဖြစ်လာတယ်။ ကာလရှည်လာတာနဲ့အမျှ အဆိုးဆုံးက လူကသာ နေမကောင်း၊ ဖျား၊ နာ မဖြစ်တာ .. အသွေးအသားဒြပ်ပေါင်းစုကြီးမှာ အဆိပ်ပျော့တွေကြောင့် တစ်နေရာရာရဲ့ ကလီစာတစ်ခုခုမှာ မလိုအပ်တဲ့ဓါတ်တွေပုံလာသမျှ မဖယ်ရှားနိုင်တာကြောင့် ဒုက္ခရောက်ဖို့ အကြောင်းဖန်လာနိုင်ပါတယ်။
.
.
ရောဂါတစ်စုံတစ်ရာမဖြစ်ရင်တောင် အစားစားချိန်ရှည်ကြာပြီး အစာခြေချိန်နည်းလာလို့ ကိုယ်အလေးချိန်တိုးလာမှာကတော့ သေချာသလောက်ရှိပါတယ်။ ည ( ၉ ) နာရီ နဲ့ ( ၁၁ ) နာရီကြားမှာ သွေးသန့်စင်ဖို့ကြိုးစားနေတဲ့ ခန္ဓာကိုယ်ကို အနားပေးနိုင်သလောက်ပေးပြီး ဂီတသံတစ်ခုခုနားထောင်နေတာက သက်တောင့်သက်သာဖြစ်ပြီး စိတ်လက်ပေါ့ပါးစေပါလိမ့်မယ်။
.
ဒါပေမယ့် ညအလုပ်လုပ်သူတွေဟာ နေ့ခင်းအလုပ်လုပ်သူတွေထက် အိမ်ပိုပြန်ချင်တယ်ဆိုတာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပြောစကားတွေအရ သိရတယ်။ အလုပ်လုပ်တဲ့အခါလည်း စိတ်မဖြောင့်ဘူးဆိုတာ သိသာတယ်။ ပြီးတော့ တစ်မနက်ခင်းလုံးအိပ်ပြီး စိတ်မကြည်စွာနဲ့ နေ့ခင်းကြောင်တောင် အိပ်ရာထလာသူ Swing Shift သမားတွေဟာ စိတ်မရှည်ကြတော့ဘူး။ အလုပ်နားချိန် Break တွေမှာလည်း အချိန်ရရင် ရသလို တစ်ရေးအိပ်တာမျိုးတွေ မကြာခဏတွေ့ရတယ်။
.
.
 ညနက်ပိုင်းအလုပ်ချိန်ကို Graveyard Shift လို့ခေါ်တယ်။ တစ်ချို့လည်း လွယ်လွယ် Night Shift လို့ သုံးနှုန်းကြတယ်။ လူအိပ်ချိန်မှာ အလုပ်လုပ်ရတာချင်းကတော့ Swing Shift နဲ့ သိပ်မကွာပါဘူး။ ကုမ္ပဏီတွေဟာ မတတ်သာတော့မှ Graveyard Shift ဖွင့်ကြတယ်။ ဒီလိုအပုပ်ချိန်မှာ စက်ပြင်တာ၊ ထိန်းသိမ်းမွမ်းမံရေး - Maintenance လုပ်တာ၊ စက်ပစ္စည်းလဲတာ၊ နောက်တစ်ရက်မနက်အလုပ်ချိန်အတွက် ပြင်ဆင်ပေးတာတွေအတွက် ဖွင့်လှစ်လုပ်ကိုင်ကြတယ်။ ပုံမှန်လုပ်ခထက် ( ၂ဝ% ) ခန့် ပိုရတဲ့အတွက် သူ့နေရာနဲ့သူ လုပ်ကိုင်သူတွေ ရှိပါတယ်။
.
.
ကျွန်တော်ဟာ Swing Shift မှာ ( ၂ ) နှစ်ခွဲကျော် အလုပ်သွားလုပ်ဖူးတယ်။ သူများက နေ့၊ ကျွန်တော်က ည ပေါ့။ တစ်ချို့အကြောင်းသိများဆို “ မင်း က ရန်ကုန်စံတော်ချိန် နဲ့ အလုပ်လုပ်တာလား ” လို့တောင် မေးယူရတယ်။ ဟုတ်တယ်လေ .. သူတို့ Facebook ပေါ်တက်ကြည့်လိုက်ရင် ဒီဖက်က မီးစိမ်းလေးလင်းနေတာကို တွေ့နေရတာကိုး..။
.
အအေးမိပြီး နှာစေးလွယ်လာသလို အနွေးထည်ကို ကိုယ်ပေါ်က ချွတ်လို့ မရအောင် ဖြစ်လာတာက Swing Shift ကပေးတဲ့ အခက်ခဲဆုံး နဲ့ အခံရအခက်ဆုံး အတွေ့အကြုံတွေလို့ ဆိုနိုင်ပါတယ်။ ဒါတင်မကသေးဘူး .. အမေရိကားရောက်မှ ပန်းဝတ်မှုန်နဲ့မတည့်တဲ့ အလာဂျီ - Allergy ဆိုတာမျိုးက ရှိလိုက်သေးတယ်။ ဒီဒဏ်တွေကလည်း ညပိုင်းမှ ပိုခံရတာဆိုတော့ လူတစ်ကိုယ်လုံးနဲ့အောက်ပိုင်းက သေးသွယ်သွယ်၊ ဝမ်းဗိုက်က ဆူဖေါင်းဖေါင်း နဲ့ တော်တော်စိတ်ဓါတ်ကျစရာပုံစံမျိုး ဖြစ်လာတယ်။ ပိုရတဲ့ အပိုလုပ်ခ ( ၁ဝ% ) ကို ဗိုက်ထဲမှာပဲ စုထားလိုက်သလို ဖြစ်သွားတာများလား .. မတွေးတတ်တော့အောင်ပါပဲ။
.
.
ပြန်တွက်ကြည့်တာ Swing Shift မှာ အလုပ်သွားလုပ်တာ ရက်ပေါင်း ( ၁ဝဝဝ ) ပြည့်ဖို့ သိပ်မလိုပေမယ့် ကိုယ်အလေးချိန်က ပေါင် ( ၂ဝ ) ကျော် တက်လာတယ်။ အမျိုးသမီးက စေတနာ ဂရုဏာ နဲ့ သတိပေးတယ်။ မဖြစ်ချေဘူး .. ပြန်တည့်မှရမယ်။  နို့မို့ဆို ဘဝပါ ပြောင်းပြန်ဖြစ်သွားမယ်ဆိုပြီး ရာထူးတိုးလူတွေ့အင်တာဗျူးလေးဖြေရင်း Day Shift ကို ပြန်ရောက်လာတယ်။
.
အခုကြည့် ..  ညနေခင်း ကလေးကျောင်းကြိုနိုင်တယ်။ သူ့ကျောင်းက အားကစားချိန်ကို အသွား ပို့နိုင်သလို အပြန်ကြိုနိုင်တယ်။ အိမ်စာလုပ်ချိန်ကိုစောင့်ကြည့်နိုင်သလို မိသားစုနဲ့နေဖို့ အချိန်ပိုရလာတယ်။ အိမ်သူသက်ထားနဲ့လည်း အိပ်ရာအတူတူဝင်နိုင်တယ် လို့ ကြည်နူးခွင့်ရလိုက်တာ ကြာကြာ မခံလိုက်ဘူး ..  မမျှော်လင့်ပဲ အမျိုးသမီးက သူ့အလုပ်မှာ Day Shift လုပ်နေရာကနေ Swing Shift ပြောင်းဖို့ အမိန့်ကျလာပါတော့တယ်။ လာချင်ဦးဟဲ့ .. အမေရိကား..။
.

koko2yeye@gmail.com
.
“ Swing Shift မွာ ( ၉၅၁ ) ရက္ၾကာ ” စာမူသည္ ၂ဝ၁၅ ခုႏွစ္၊ ဒီဇင္ဘာလ ( ၅ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၁၃ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: http://www.mediafire.com/download/70hm3qy7bz6w8bt/NetGuide+Vol.4%2C+No.13%282%29.pdf




No comments: