ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, September 4, 2017

အေၾကာက္တရားကိုအသံုးခ်ျပီးလုပ္ငန္းခ်ဲ႕ပါ

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
.
. မိတ္ေဆြရဲ႕စီးပြားေရးလုပ္ငန္းက ထင္သေလာက္ဘာေၾကာင္႕မတုိးတက္ဘူးလို႕ ယူဆပါသလဲ?
ေစ်းကြက္ - Market ကို အျပစ္တင္မလား?
.
အေရာင္းထြက္အဖြဲ႕ - Sale Team ေတြကို ပံုခ်မလား?
.
ဒါမွမဟုတ္ အလုပ္အတူတူလုပ္တဲ႕ပါတနာေတြကို "ဒီေကာင္ေတြ အလုပ္ေသခ်ာမလုပ္ဘူး" လို႕ ယုိးမယ္ဖြဲ႕မလား?
.
တစ္ခုခုေတာ႕ တရားခံရွာမိမွာပဲမဟုတ္ဘူးလား? ဒါေပမယ္႕ မိတ္ေဆြကိုယ္တုိင္ေရာ ဘယ္ေနရာမွာလုိအပ္ေနတာလဲဆုိတာကိုသိခ်င္ရင္ေတာ႕ ဒီစာကုိဆံုးေအာင္ဆက္ဖတ္ႏုိင္ပါတယ္။
.
. ေမးခြန္းေတြမ်ားသေလာက္ ေတြးတတ္ရင္အေျဖဆုိတာ ရွိပါတယ္။ အလုပ္ကေနေပၚထြက္လာရတဲ႕ ဂတိ နဲ႕ အေပးအယူ - Deal ေတြက မိတ္ေဆြကို ေနာက္ျပန္ဆြဲေနတာမ်ားျဖစ္ေနမလားဆိုတာ ျပန္လွည္႕ၾကည္႕လိုက္ပါဦး။
.
.
. အခုလို အျပိဳင္အဆိုင္ေခတ္ၾကီးထဲမွာ စီးပြားေရးလုပ္သူေတြမွာ "အေၾကာက္တရား - Fear" ဆုိတာ ရွိၾကတယ္။ ဒါေပမယ္႕ အေၾကာက္တရားက နဖူးမွာစာပါတာ မဟုတ္ေတာ႕ ကိုယ္႕ဘက္က ရင္းႏွီးျမႈပ္ႏွံမႈမ်ားျပီး ေငြလံုးၾကီးၾကီးနဲ႕ဝင္လုပ္မွေအာင္ျမင္တယ္လို႕ ထင္တတ္ၾကတယ္။ ျပိဳင္ဘက္က ငါ႕ေလာက္ေငြမေတာင္႕ဘူးဆိုျပီး အထင္ေသးတတ္ၾကျပန္တယ္။ အဲဒါက ျပိဳင္ဘက္ရဲ႕တက္လာႏိုင္ေျခ - Potential ကို မသိစိတ္ကေၾကာက္ေနတာပါပဲ။
.
. ထိုနည္းတူစြာပဲ ျပိဳင္ဘက္က "ငါက ေငြနည္းလို႕ေပါ႕ကြာ . .။ ဒါေပမယ္႕ ငါ႕မွာ လူရွိတယ္။ ပညာေတာ္တဲ႕သူေတြ ရွိတယ္။ အဲဒါေတြနဲ႕ ျပိဳင္တုိက္မယ္" လို႕စဥ္းစားမိသြားျပီး မိတ္ေဆြရထားတဲ႕ ကန္ထရိုက္ထုိင္ခံုကိုေအာက္ေျခကေန ေဆာက္ကေလးနဲ႕ထြင္းဖို႕ၾကိဳးစားလာတာၾကံဳဖူးပါသလား? အဲဒီနည္းက ျပိဳင္ဘက္က သူ႕ေၾကာက္စိတ္ကုိ ေငြနည္းနည္းနဲ႕ နည္းပရိယာယ္သံုးျပီး သူ႕ျပိဳင္ဘက္ (မိတ္ေဆြ) ကို ယွဥ္ျပိဳင္ဖို႕ ရုပ္လံုးေဖာ္လာတာ ျဖစ္ပါတယ္။
.
.
. ဒါကို ျမင္ေအာင္ၾကည္႕ပါ . . ဒါဆို စီးပြားေရး ဆက္လုပ္လို႕ရျပီ။ ပုိျပီး လုပ္ငန္းတိုးခ်ဲ႕ႏိုင္ဖို႕ မိတ္ေဆြရဲ႕အမူအက်င္႕တစ္ခ်ိဳ႕ကုိ မွတ္သားထားဖို႕ လိုအပ္ပါလိမ္႕မယ္။
.
အခ်ိန္ဆြဲတတ္တဲ႕အက်င္႕ - Procrastinating
.
ေနာက္တစ္ဆင္႕တိုးခ်ဲ႕ဖို႕ေၾကာက္ေနတဲ႕အခ်ိန္ - Avoiding Taking That Next Scary Step
.
ေတြကို သိလာတဲ႕အခါ လက္ဆုပ္လက္ကိုင္ျပဳဖို႕အခြင္႕အလမ္း နဲ႕ မားကက္တင္းအခြင္႕အေရးေတြ မိတ္ေဆြေရွ႕ကျဖတ္ေလွ်ာက္သြားရံုနဲ႕ လြတ္သြားတဲ႕ငါးကၾကီးတယ္ဆုိတာမ်ိဳး မျဖစ္ေတာ႕ဘူးေပါ႕။
.
. ေနာက္တစ္ခုက်ေတာ႕ လုပ္ငန္းတစ္ခုကို မိတ္ေဆြျမင္ေနက်အျမင္ကို ေျပာင္းပစ္ၾကည္႕ပါ။ ဆိုလိုတာက ေန႕တုိင္းလုပ္ေနက်အလုပ္မွာ "ငါ ဘာကိုအေၾကာက္ဆံုးလဲ" ဆုိတာကို ရွာၾကည္႕ပါ။ ဥပမာ -
.
အေၾကြးလာဝယ္သူကိုေၾကာက္သလား?
.
ေငြေကာက္ရခက္တဲ႕သူကိုေရာင္းရမွာေၾကာက္သလား? ဒါမွမဟုတ္ . .
.
အင္မတန္ေစ်းဆစ္တတ္သူနဲ႕ ပက္ပင္းတိုးေစ်းေရာင္းရမွာေၾကာက္သလား?
.
ဒီဆိုင္မွာေစ်းေမးျပီးမဝယ္ပဲ ေနာက္တစ္ဆုိင္မွာသြားဝယ္မွာကိုေၾကာက္ေနသလား?
.
စတာေတြကိုသိေအာင္ ျမင္ေအာင္ၾကည္႕ပါ။ တကယ္႕အေၾကာက္တရားကိုျမင္ျပီဆိုရင္ အဲဒီလုိေစ်းဝယ္သူေတြကို ဆက္ဆံရတာ အျမင္ေျပာင္းသြားတာနဲ႕တစ္ခ်ိန္တည္းမွာ မိတ္ေဆြရဲ႕ေရာင္းအား - Sale Volume ဟာ တမုဟုတ္ခ်င္းတုိးတက္သြားမွာေသခ်ာပါတယ္။
.
.
. "အေၾကာက္တရားဟာ ျပသနာမဟုတ္ပါ။ အေၾကာက္တရားဟာ ပုစၦာတစ္ပုဒ္သာျဖစ္ပါတယ္" ေပးထားတဲ႕အခ်က္အလက္ေတြကိုထည္႕သြင္းတြက္ခ်က္ျပီး ပံုေသနည္းက်စရာမလိုတဲ႕ စီးပြားေရးလမ္းေၾကာင္းမွာ အခက္အခဲေလးေတြေၾကာင္႕ ေငြပိုရတတ္ပါတယ္။ လုပ္ငန္းတိုးခ်ဲ႕စရာမလုိပဲ ဝယ္လိုအား - Demand တက္လာမႈေၾကာင္႕ အျမတ္ေကာင္းလာႏုိင္ပါတယ္။
.
. ကိုယ္႕လုိ အခက္အခဲျဖစ္ေနသူေတြရဲ႕လုပ္ငန္းကေန ဘယ္အရင္းအျမစ္ - Resource တစ္ခုခုကို ဆုပ္ကိုင္ျပီး မည္ကဲ႕သုိ႕ေသာေစ်းကြက္၊ မည္ကဲ႕သုိ႕ေသာေစ်းဝယ္သူေတြကို အာရံုထား ဦးစားေပးဆက္ဆံရမယ္ဆုိတာသိလာတဲ႕အခါ မိတ္ေဆြရဲ႕အေၾကာက္တရားက တေရးအိပ္ေနပါျပီ။
.
.
. အဲဒါေတြနဲ႕တစ္ခ်ိန္တည္း လုပ္ငန္းသစ္ တစ္ဆင္႕တက္တိုင္းမွာ တီထြင္ဆန္းသစ္မႈထည္႕သြင္းရပါမယ္။ သူမ်ားလုပ္ငန္းနဲ႕မတူတဲ႕
.
ဝန္ေဆာင္မႈ - Service
.
ေပါင္းသင္းဆက္ဆံေရး - Communication
.
အရည္အေသြးေကာင္းမြန္မႈ - Quality
.
စတာေတြကို တန္ဖိုး - Value အေန နဲ႕ "ေစတနာအဆစ္ေလး" ကုိပါ ထည္႕သြင္းလုိက္တဲ႕လုပ္ငန္းသစ္ဟာ မေအာင္ျမင္ဘူးဆိုတာ မရွိပါဘူး။
.
. က်ရွံဳးမွာေၾကာက္ျပီး အတိတ္နမိတ္မေကာင္းတဲ႕အေၾကာင္းစဥ္းစားေနသူက ထမင္းလံုးတေစၦေျခာက္ခံေနရတဲ႕အခ်ိန္မွာ အထက္ကအတုိင္းစဥ္းစားမိတဲ႕လုပ္ငန္းရွင္ဟာ ႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္ေပ်ာ္ေနသူပါ။ ဒီလိုပဲ က်ရွံဳးရာက နလံမထူႏုိင္ပဲ အိပ္ေရးပ်က္ညေတြဆက္ေနသူက မနက္လင္းအားၾကီးမထႏုိင္ျဖစ္ေနတဲ႕အခ်ိန္မွာ အထက္ကအတုိင္းစဥ္းစားမိတဲ႕လုပ္ငန္းရွင္ဟာ လန္းဆန္းတက္ၾကြျပီး မနက္ခင္းသစ္ကုိ ဖြင္႕လွစ္ႏုိင္သူျဖစ္လာေနပါတယ္။
.
.
. ဒီလိုအေတြးအေခၚေတြရဲ႕ "ခံစစ္အား - Resistance" ကိုယူျပီး မိမိကိုယ္ကိုယံုၾကည္မႈစည္းဝုိင္းထဲကုိ ေျခတစ္ဘက္ၾကိဳခ်ထားႏိုင္သူက အသာရပါတယ္။ တစ္ကယ္လို႕ ေနာက္တစ္ၾကိမ္ "အေၾကာက္တရား" ဟာ မဖိတ္ေခၚပဲ စိတ္ထဲေရာက္လာခဲ႕ရင္ လုပ္ေနက်အလုပ္ကိုရပ္ျပီး စဥ္းစားပါ "ငါ ဘာကိုေၾကာက္ျပန္ျပီလဲ?" လို႕ ေပါ႕။ ဒါဆုိ ေသခ်ာတယ္ . . အေၾကာက္တရားက သူ႕ကုိျမင္သူ သူ႕ကုိသိသူနား ၾကာၾကာမေနႏုိင္ေတာ႕ပါဘူး။
.
. လူဆိုတာကလည္း အခက္သား . . တစ္ခ်ိဳ႕အေၾကာင္းအရာေတြဆုိ "ငယ္ေၾကာက္ၾကီး" ျဖစ္ေနျပီး ဘယ္ေတာ႕မွ တြန္းလွန္ဖို႕မၾကိဳးစားေတာ႕ဘူး။ သူလာေတာ႕မယ္ဆုိရင္ ၾကိဳျပီးေတာ႕ေတာင္ ေၾကာက္ျပီးေစာင္႕ၾကိဳေနၾကေသးတာ မွန္သလား မမွန္ဘူးလားဆိုတာ မိတ္ေဆြတို႕စဥ္းစားၾကည္႕ၾကေပါ႕။ အမွန္က အဲဒါက "အေၾကာက္တရား" မဟုတ္ပါဘူး . . "ေၾကာက္တတ္ေအာင္ေတြးေနတဲ႕စိတ္မ်ား - Thoughts About Fear" သာ ျဖစ္ပါတယ္။
.
.
. ကဲ အခုအခ်ိန္မွာ မိတ္ေဆြရဲ႕လုပ္ငန္းကိုစဖို႕လိုျပီဆိုပါစို႕ . . သိပ္ေၾကာက္ခဲ႕တဲ႕အရာတစ္ခုကို ျမင္ေတြ႕ေအာင္ၾကည္႕ျပီး အဲဒီေနရာကေန စတင္ပါ။ လုပ္ရင္းကိုင္ရင္း နဲ႕ မိတ္ေဆြသိပ္ေၾကာက္တတ္တဲ႕အရာဟာ မိတ္ေဆြသိပ္ေအာင္ျမင္ေနတဲ႕အရည္အခ်င္းေတြ ျဖစ္လာႏုိင္ပါတယ္။ အေလ႕အက်င္႕မ်ားလာတာနဲ႕အမွ် အေၾကာက္တရားကိုခုန္ပ်ံေက်ာ္လႊားျဖတ္သန္းသြားဖို႕နည္းလမ္းသစ္ေတြ ေတြ႕လာတာနဲ႕အမွ် မိတ္ေဆြရဲ႕အံဆြဲထဲမွာ ေငြစကၠဴေတြ အထပ္လုိက္တုိးလာကိုျမင္ရင္ မိတ္ေဆြဝမ္းသာေပ်ာ္ရႊင္လာမွာပါ။
.
. အဆိုပါေလွခါးထစ္ကေလးကေန တုိးတက္ခုိင္မာတဲ႕လုပ္ငန္းသစ္အတြက္ နည္းလမ္းက်က်အုတ္ျမစ္ခ်ႏိုင္တာကို မိတ္ေဆြတစ္ေယာက္သက္ေသျပႏုိင္ျပီးေဟ႕ဆုိျပီး စာေရးသူကြ်န္ေတာ္ၾကြားလိုလွတယ္။ မိတ္ေဆြရဲ႕ အသစ္ေပၚလာတဲ႕အၾကံဥာဏ္ကုိ အေၾကာက္တရားကိုဖယ္ရွားရာကေနရလာတဲ႕အသိတရားနဲ႕ေပါင္းစပ္ျပီး စိမ္ေခၚမႈအျပည္႕နဲ႕လုပ္ငန္းအသစ္ေတြအတြက္ ဗဟုသုတရွိရွိ ဘယ္လိုစီမံအုပ္ခ်ဳပ္ေနသလဲဆိုတာ ကြ်န္ေတာ္ျမင္လိုလွပါတယ္။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 09-04-2017
.
.
Unicode Version:
.
.
. "အကြောက်တရားကိုအသုံးချပြီးလုပ်ငန်းချဲ့ပါ"
.
. မိတ်ဆွေရဲ့စီးပွားရေးလုပ်ငန်းက ထင်သလောက်ဘာကြောင့်မတိုးတက်ဘူးလို့ ယူဆပါသလဲ?
စျေးကွက် - Market ကို အပြစ်တင်မလား?
.
အရောင်းထွက်အဖွဲ့ - Sale Team တွေကို ပုံချမလား?
.
ဒါမှမဟုတ် အလုပ်အတူတူလုပ်တဲ့ပါတနာတွေကို "ဒီကောင်တွေ အလုပ်သေချာမလုပ်ဘူး" လို့ ယိုးမယ်ဖွဲ့မလား?
.
တစ်ခုခုတော့ တရားခံရှာမိမှာပဲမဟုတ်ဘူးလား? ဒါပေမယ့် မိတ်ဆွေကိုယ်တိုင်ရော ဘယ်နေရာမှာလိုအပ်နေတာလဲဆိုတာကိုသိချင်ရင်တော့ ဒီစာကိုဆုံးအောင်ဆက်ဖတ်နိုင်ပါတယ်။
.
. မေးခွန်းတွေများသလောက် တွေးတတ်ရင်အဖြေဆိုတာ ရှိပါတယ်။ အလုပ်ကနေပေါ်ထွက်လာရတဲ့ ဂတိ နဲ့ အပေးအယူ - Deal တွေက မိတ်ဆွေကို နောက်ပြန်ဆွဲနေတာများဖြစ်နေမလားဆိုတာ ပြန်လှည့်ကြည့်လိုက်ပါဦး။
.
.
. အခုလို အပြိုင်အဆိုင်ခေတ်ကြီးထဲမှာ စီးပွားရေးလုပ်သူတွေမှာ "အကြောက်တရား - Fear" ဆိုတာ ရှိကြတယ်။ ဒါပေမယ့် အကြောက်တရားက နဖူးမှာစာပါတာ မဟုတ်တော့ ကိုယ့်ဘက်က ရင်းနှီးမြှုပ်နှံမှုများပြီး ငွေလုံးကြီးကြီးနဲ့ဝင်လုပ်မှအောင်မြင်တယ်လို့ ထင်တတ်ကြတယ်။ ပြိုင်ဘက်က ငါ့လောက်ငွေမတောင့်ဘူးဆိုပြီး အထင်သေးတတ်ကြပြန်တယ်။ အဲဒါက ပြိုင်ဘက်ရဲ့တက်လာနိုင်ခြေ - Potential ကို မသိစိတ်ကကြောက်နေတာပါပဲ။
.
. ထိုနည်းတူစွာပဲ ပြိုင်ဘက်က "ငါက ငွေနည်းလို့ပေါ့ကွာ . .။ ဒါပေမယ့် ငါ့မှာ လူရှိတယ်။ ပညာတော်တဲ့သူတွေ ရှိတယ်။ အဲဒါတွေနဲ့ ပြိုင်တိုက်မယ်" လို့စဉ်းစားမိသွားပြီး မိတ်ဆွေရထားတဲ့ ကန်ထရိုက်ထိုင်ခုံကိုအောက်ခြေကနေ ဆောက်ကလေးနဲ့ထွင်းဖို့ကြိုးစားလာတာကြုံဖူးပါသလား? အဲဒီနည်းက ပြိုင်ဘက်က သူ့ကြောက်စိတ်ကို ငွေနည်းနည်းနဲ့ နည်းပရိယာယ်သုံးပြီး သူ့ပြိုင်ဘက် (မိတ်ဆွေ) ကို ယှဉ်ပြိုင်ဖို့ ရုပ်လုံးဖော်လာတာ ဖြစ်ပါတယ်။
.
.
. ဒါကို မြင်အောင်ကြည့်ပါ . . ဒါဆို စီးပွားရေး ဆက်လုပ်လို့ရပြီ။ ပိုပြီး လုပ်ငန်းတိုးချဲ့နိုင်ဖို့ မိတ်ဆွေရဲ့အမူအကျင့်တစ်ချို့ကို မှတ်သားထားဖို့ လိုအပ်ပါလိမ့်မယ်။
.
အချိန်ဆွဲတတ်တဲ့အကျင့် - Procrastinating
.
နောက်တစ်ဆင့်တိုးချဲ့ဖို့ကြောက်နေတဲ့အချိန် - Avoiding Taking That Next Scary Step
.
တွေကို သိလာတဲ့အခါ လက်ဆုပ်လက်ကိုင်ပြုဖို့အခွင့်အလမ်း နဲ့ မားကက်တင်းအခွင့်အရေးတွေ မိတ်ဆွေရှေ့ကဖြတ်လျှောက်သွားရုံနဲ့ လွတ်သွားတဲ့ငါးကကြီးတယ်ဆိုတာမျိုး မဖြစ်တော့ဘူးပေါ့။
.
. နောက်တစ်ခုကျတော့ လုပ်ငန်းတစ်ခုကို မိတ်ဆွေမြင်နေကျအမြင်ကို ပြောင်းပစ်ကြည့်ပါ။ ဆိုလိုတာက နေ့တိုင်းလုပ်နေကျအလုပ်မှာ "ငါ ဘာကိုအကြောက်ဆုံးလဲ" ဆိုတာကို ရှာကြည့်ပါ။ ဥပမာ -
.
အကြွေးလာဝယ်သူကိုကြောက်သလား?
.
ငွေကောက်ရခက်တဲ့သူကိုရောင်းရမှာကြောက်သလား? ဒါမှမဟုတ် . .
.
အင်မတန်စျေးဆစ်တတ်သူနဲ့ ပက်ပင်းတိုးစျေးရောင်းရမှာကြောက်သလား?
.
ဒီဆိုင်မှာစျေးမေးပြီးမဝယ်ပဲ နောက်တစ်ဆိုင်မှာသွားဝယ်မှာကိုကြောက်နေသလား?
.
စတာတွေကိုသိအောင် မြင်အောင်ကြည့်ပါ။ တကယ့်အကြောက်တရားကိုမြင်ပြီဆိုရင် အဲဒီလိုစျေးဝယ်သူတွေကို ဆက်ဆံရတာ အမြင်ပြောင်းသွားတာနဲ့တစ်ချိန်တည်းမှာ မိတ်ဆွေရဲ့ရောင်းအား - Sale Volume ဟာ တမုဟုတ်ချင်းတိုးတက်သွားမှာသေချာပါတယ်။
.
.
. "အကြောက်တရားဟာ ပြသနာမဟုတ်ပါ။ အကြောက်တရားဟာ ပုစ္ဆာတစ်ပုဒ်သာဖြစ်ပါတယ်" ပေးထားတဲ့အချက်အလက်တွေကိုထည့်သွင်းတွက်ချက်ပြီး ပုံသေနည်းကျစရာမလိုတဲ့ စီးပွားရေးလမ်းကြောင်းမှာ အခက်အခဲလေးတွေကြောင့် ငွေပိုရတတ်ပါတယ်။ လုပ်ငန်းတိုးချဲ့စရာမလိုပဲ ဝယ်လိုအား - Demand တက်လာမှုကြောင့် အမြတ်ကောင်းလာနိုင်ပါတယ်။
.
. ကိုယ့်လို အခက်အခဲဖြစ်နေသူတွေရဲ့လုပ်ငန်းကနေ ဘယ်အရင်းအမြစ် - Resource တစ်ခုခုကို ဆုပ်ကိုင်ပြီး မည်ကဲ့သို့သောစျေးကွက်၊ မည်ကဲ့သို့သောစျေးဝယ်သူတွေကို အာရုံထား ဦးစားပေးဆက်ဆံရမယ်ဆိုတာသိလာတဲ့အခါ မိတ်ဆွေရဲ့အကြောက်တရားက တရေးအိပ်နေပါပြီ။
.
.
. အဲဒါတွေနဲ့တစ်ချိန်တည်း လုပ်ငန်းသစ် တစ်ဆင့်တက်တိုင်းမှာ တီထွင်ဆန်းသစ်မှုထည့်သွင်းရပါမယ်။ သူများလုပ်ငန်းနဲ့မတူတဲ့
.
ဝန်ဆောင်မှု - Service
.
ပေါင်းသင်းဆက်ဆံရေး - Communication
.
အရည်အသွေးကောင်းမွန်မှု - Quality
.
စတာတွေကို တန်ဖိုး - Value အနေ နဲ့ "စေတနာအဆစ်လေး" ကိုပါ ထည့်သွင်းလိုက်တဲ့လုပ်ငန်းသစ်ဟာ မအောင်မြင်ဘူးဆိုတာ မရှိပါဘူး။
.
. ကျရှံုးမှာကြောက်ပြီး အတိတ်နမိတ်မကောင်းတဲ့အကြောင်းစဉ်းစားနေသူက ထမင်းလုံးတစ္ဆေခြောက်ခံနေရတဲ့အချိန်မှာ အထက်ကအတိုင်းစဉ်းစားမိတဲ့လုပ်ငန်းရှင်ဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူပါ။ ဒီလိုပဲ ကျရှံုးရာက နလံမထူနိုင်ပဲ အိပ်ရေးပျက်ညတွေဆက်နေသူက မနက်လင်းအားကြီးမထနိုင်ဖြစ်နေတဲ့အချိန်မှာ အထက်ကအတိုင်းစဉ်းစားမိတဲ့လုပ်ငန်းရှင်ဟာ လန်းဆန်းတက်ကြွပြီး မနက်ခင်းသစ်ကို ဖွင့်လှစ်နိုင်သူဖြစ်လာနေပါတယ်။
.
.
. ဒီလိုအတွေးအခေါ်တွေရဲ့ "ခံစစ်အား - Resistance" ကိုယူပြီး မိမိကိုယ်ကိုယုံကြည်မှုစည်းဝိုင်းထဲကို ခြေတစ်ဘက်ကြိုချထားနိုင်သူက အသာရပါတယ်။ တစ်ကယ်လို့ နောက်တစ်ကြိမ် "အကြောက်တရား" ဟာ မဖိတ်ခေါ်ပဲ စိတ်ထဲရောက်လာခဲ့ရင် လုပ်နေကျအလုပ်ကိုရပ်ပြီး စဉ်းစားပါ "ငါ ဘာကိုကြောက်ပြန်ပြီလဲ?" လို့ ပေါ့။ ဒါဆို သေချာတယ် . . အကြောက်တရားက သူ့ကိုမြင်သူ သူ့ကိုသိသူနား ကြာကြာမနေနိုင်တော့ပါဘူး။
.
. လူဆိုတာကလည်း အခက်သား . . တစ်ချို့အကြောင်းအရာတွေဆို "ငယ်ကြောက်ကြီး" ဖြစ်နေပြီး ဘယ်တော့မှ တွန်းလှန်ဖို့မကြိုးစားတော့ဘူး။ သူလာတော့မယ်ဆိုရင် ကြိုပြီးတော့တောင် ကြောက်ပြီးစောင့်ကြိုနေကြသေးတာ မှန်သလား မမှန်ဘူးလားဆိုတာ မိတ်ဆွေတို့စဉ်းစားကြည့်ကြပေါ့။ အမှန်က အဲဒါက "အကြောက်တရား" မဟုတ်ပါဘူး . . "ကြောက်တတ်အောင်တွေးနေတဲ့စိတ်များ - Thoughts About Fear" သာ ဖြစ်ပါတယ်။
.
.
. ကဲ အခုအချိန်မှာ မိတ်ဆွေရဲ့လုပ်ငန်းကိုစဖို့လိုပြီဆိုပါစို့ . . သိပ်ကြောက်ခဲ့တဲ့အရာတစ်ခုကို မြင်တွေ့အောင်ကြည့်ပြီး အဲဒီနေရာကနေ စတင်ပါ။ လုပ်ရင်းကိုင်ရင်း နဲ့ မိတ်ဆွေသိပ်ကြောက်တတ်တဲ့အရာဟာ မိတ်ဆွေသိပ်အောင်မြင်နေတဲ့အရည်အချင်းတွေ ဖြစ်လာနိုင်ပါတယ်။ အလေ့အကျင့်များလာတာနဲ့အမျှ အကြောက်တရားကိုခုန်ပျံကျော်လွှားဖြတ်သန်းသွားဖို့နည်းလမ်းသစ်တွေ တွေ့လာတာနဲ့အမျှ မိတ်ဆွေရဲ့အံဆွဲထဲမှာ ငွေစက္ကူတွေ အထပ်လိုက်တိုးလာကိုမြင်ရင် မိတ်ဆွေဝမ်းသာပျော်ရွှင်လာမှာပါ။
.
. အဆိုပါလှေခါးထစ်ကလေးကနေ တိုးတက်ခိုင်မာတဲ့လုပ်ငန်းသစ်အတွက် နည်းလမ်းကျကျအုတ်မြစ်ချနိုင်တာကို မိတ်ဆွေတစ်ယောက်သက်သေပြနိုင်ပြီးဟေ့ဆိုပြီး စာရေးသူကျွန်တော်ကြွားလိုလှတယ်။ မိတ်ဆွေရဲ့ အသစ်ပေါ်လာတဲ့အကြံဉာဏ်ကို အကြောက်တရားကိုဖယ်ရှားရာကနေရလာတဲ့အသိတရားနဲ့ပေါင်းစပ်ပြီး စိမ်ခေါ်မှုအပြည့်နဲ့လုပ်ငန်းအသစ်တွေအတွက် ဗဟုသုတရှိရှိ ဘယ်လိုစီမံအုပ်ချုပ်နေသလဲဆိုတာ ကျွန်တော်မြင်လိုလှပါတယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 09-04-2017

No comments: