ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, May 7, 2016

ေျပာင္းလဲလာသမွ် တရုတ္ျပည္က

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
အေမရိကားေက်ာင္းေတြမွာလာတက္တဲ႕ မ်ားျပားလွတဲ႕တရုတ္လူငယ္ေတြေၾကာင္႕ ဒီႏိုင္ငံက ပညာေရးယႏၱရားရဲ႕ဘ႑ာေရးက႑ဟာ အေတာ္ေခ်ာင္လည္ရပါတယ္။ “ လူမေျပာင္းေပမယ္႕ မူေျပာင္းမွျဖစ္မယ္ ” ဆုိတဲ႕ သမၼတတိန္႕ေရွာင္ဖိန္ရဲ႕ ကမၻာကိုတံခါးရြက္ဖြင္႕ခဲ႕ၾကည္႕မႈေၾကာင္႕ ဝမ္းမဝခဲ႕တဲ႕ တရုတ္ျပည္သူေတြကို ဆန္ကြဲျပဳတ္ နဲ႕ ကန္စြန္းဥ အစား ထမင္းစစ္စစ္ကိုေကြ်းႏုိင္ခဲ႕တယ္။
.
အဲဒီကေနတစ္ဆင္႕ စီးကရက္ျဖဴလက္ၾကားကမခ်ႏုိင္တဲ႕ တရုတ္လူငယ္၊ လူလတ္ပုိင္းေတြကို စက္ရံုေတြတည္ေဆာက္တဲ႕လုပ္ငန္းခြင္ေတြမွာ အလုပ္ေပးႏုိင္လာတယ္။ ေအာက္ထစ္ဝင္ေငြေလးရလာတဲ႕ တရုတ္မိသားစုဟာ မျဖဳန္းတီးပါဘူး။ တစ္ခ်ိန္ခ်ိန္ု ဝါဒမတူတဲ႕ျပည္တြင္းစစ္၊ မတူညီတဲ႕ယဥ္ေက်းမႈအျမစ္ျဖတ္တုိက္ထုတ္ပဲြေတြအတြင္းမွာ ေနာက္တစ္ခါမက်ဆံုးရ မငတ္မြတ္ရေအာင္ ခ်စ္တီးနည္းနဲ႕ေငြစုျပီး တရုတ္နည္းတရုတ္ဟန္နဲ႕ အလုပ္လုပ္ပါတယ္။
.
.
လူၾကီးေတြက မိသားစုလိုအပ္ခ်က္ေတြျဖည္႕ဆည္းေနရင္း သားသမီးေတြရဲ႕အသက္ေတြက ရပ္တန္႕ေနတာ မဟုတ္ပါဘူး။ အခ်ိန္တန္လို႕ “ ေပါ၊ ေဖာ၊ ေမာ၊ ေလာ ” ဆုိတာတတ္ရံု ကေလးေတြကို မူလတန္းကအစ အဆင္႕ျမင္႕တင္ဖုိ႕ ေတြးေတာလာၾကတယ္။ “ ငါတို႕သာ စာမတတ္ အစာငတ္ရင္သာရွိမယ္ .. ငါတုိ႕သားသမီးက်ရင္ ပညာတတ္ၾကီးျဖစ္ေစရမယ္ ” ဆိုတဲ႕ မခံခ်င္စိတ္နဲ႕ ကေလးေတြကို ေက်ာင္းေကာင္းေကာင္းတက္ခိုင္းပါတယ္။
.
ဒါေၾကာင္႕ အခုလို ႏွစ္ ( ၃ဝ ) ေက်ာ္လာတဲ႕အခါမွာ ဒုကၡခံခဲ႕တဲ႕တရုတ္လူၾကီးေတြရဲ႕သားသမီးေတြဟာ အေမရိကားမွာ၊ အဂၤလန္မွာ၊ ၾသစေတးလ်မွာ AA ဘြဲ႕ေတြ၊ AS ဘြဲ႕ေတြ၊ BA, BSc ေတြကုိ ဖ်င္ၾကမ္းဂ်ပ္ဖါၾကားေလးနဲ႕ထုတ္ပိုးျပီး ျပည္ေတာ္ျပန္ဖို႕အဆင္သင္႕ျဖစ္ေနပါျပီ။ အားလံုးကိုေမ႕၊ မ်က္စိေရွ႕အကြာအေဝးကိုသာအာရံုျပဳျပီး မပီကလာ ပီကလာနဲ႕ ကမၻာ႕အျပင္ထြက္ပညာေတာ္သင္တရုတ္လူငယ္မ်ား စာၾကိဳးစားေနတဲ႕အခ်ိန္မွာ သူတုိ႕ရဲ႕ဖခင္ မိခင္ေတြ၊ ဦးေလးေတြက နည္းပညာေကာင္းမြန္တဲ႕ ဂ်ာမဏီလို၊ အဂၤလန္လို၊ အေမရိကန္ဆီလီကြန္ေတာင္ၾကားက ေကာင္းေပ႕ဆုိတဲ႕နည္းပညာေတြကို မူပြားျပီး “ အတု ( သို႕မဟုတ္ ) အစစ္ကုိယ္ပြား -  Clone ” နည္းစံနစ္ေတြနဲ႕ တရုတ္ျပည္တြင္းမွာ အင္မတန္ခ်မ္းသာလာၾကပါတယ္။

.
.
အခုလို ႏွစ္ဆယ္႕တစ္ရာစု ( ၂ဝ၁၅ ) ခုႏွစ္ ဝန္းက်င္မွာ မိခင္ႏုိင္ငံကိုျပန္မယ္႕တရုတ္လူငယ္၊ လူလတ္ပိုင္းေတြအတြက္ အေျခခံအေဆာက္အဦကအစ ေခတ္မီနည္းပညာအဆံုး အားလံုးအဆင္သင္႕ျဖစ္ေနၾကျပီ။ ဒီၾကားထဲ ပညာေတာ္သင္ထြက္ျပီး ႏုိင္ငံျခားမွာခုိလွံဳခြင္႕ေတာင္းခံကာ အလုပ္သင္ေနခဲ႕တဲ႕ ျပည္ေဝးပညာတတ္မ်ားဟာလည္း အေနာက္တိုင္းစီးပြားေရးယႏၱရားနဲ႕ ေတာ္ေတာ္ေလး အံဝင္ခြင္က်ျဖစ္ေနတာ ေတြ႕ရပါတယ္။
.
ဒါေၾကာင္႕ သက္တမ္း ( ၈၇ ) ႏွစ္ရွိျပီျဖစ္တဲ႕ တယ္လီေကာ္ျမဴနီေကးရွင္းကုမၸဏီၾကီး ေမာ္တိုရုိလာ - Motorola ဟာ အေမရိကန္ေျမမွာနာမည္ဘယ္ေလာက္ၾကီးၾကီး လီႏုိဗို - Lenovo ကြန္ပ်ဴတာကုမၸဏီက ဝယ္ပစ္လိုက္တယ္။ ဒါေပမယ္႕ နာမည္ၾကီးရွာေဖြအင္ဂ်င္ၾကီး Google က ပုိင္ဆိုင္မႈအားလံုးကိုလက္မလႊတ္ဘူး .. ဆက္ကိုင္ထားတယ္။
.
တစ္ဆက္တည္း Lenovo က တရုတ္အင္ဂ်င္နီယာေတြဟာ နည္းပညာမွာ ကမၻာၾကည္႕ၾကည္႕ႏုိင္ရံုတင္မကဘူး .. အေနာက္တိုင္းစီးပြားေရးရဲ႕အဓိကေက်ာရိုး - Backbone  ျဖစ္တဲ႕ သုေတသနနဲ႕တုိးတက္မႈရွာေဖြျခင္း R&D – Research and Development မွာ အတူလိုက္ပါ ပညာယူႏုိင္တယ္။ ဒါက နမူနာတစ္ခုသာျဖစ္ျပီး ဒီလိုမသိမသာ တရုတ္နည္းတရုတ္ဟန္အတတ္ပညာေသြးစုတ္ယူတဲ႕သာဓကေတြ အမ်ားၾကီးရွိပါေသးတယ္။
.
.
ဒီလို အဖက္ဖက္ကေန တုိးတက္ျပည္႕စံုလာေပမယ္႕ ဆုတ္ယုတ္မႈေတြကလည္း တစ္ပံုတစ္ပင္ပါ။ ဒီအထဲက ထင္သာျမင္သာအရွိဆံုးကိစၥဆုိရင္ “ သန္႕ရွင္းလတ္ဆတ္တဲ႕ေလကိုရွဴရဖို႕က တရုတ္ျပည္သူေတြရဲ႕ ေနာက္ဆံုးထြက္သက္ဆႏၵပါပဲ ” လို႕ကုိ ေျပာရတဲ႕အထိပါ။ ျမိဳ႕ျပတရုတ္ေကာင္းကင္ရဲ႕ေလထုညစ္ညမ္းမႈဟာ လူတစ္ေယာက္ စီးကရက္ ( ၂၁ ) လိပ္ ထုိင္ေသာက္ေနတာနဲ႕ ထိခုိက္မႈအတူတူပဲ လုိ႕ တြက္ျပၾကတယ္။ ဒါ႕အျပင္ ပဖိစိတ္ပင္လယ္ထိပ္ဝ ခရီးသြားနဲ႕စက္မႈျမိဳ႕ေတာ္ ဆန္ဖရန္စစၥကို - San Francisco ျမိဳ႕ေလထုညစ္ညမ္းမႈရဲ႕ ( ၂၉% ) ဟာ တရုတ္ျပည္ကလာတယ္လို႕ အေမရိကန္ဘက္က အစြပ္စြဲခံရတဲ႕အထိပါပဲ။
.
တစ္ျခားတစ္ဖက္မွာလည္း လူမသိတဲ႕ကိစၥက ရွိေနျပန္တယ္။ ကမၻာေပၚမွာ ကိုယ္ဝန္ဖ်က္ခ်မႈအမ်ားဆံုးက တရုတ္ လို႕ သိလာရတဲ႕အခါမွာေပါ႕..။ လူဦးေရသန္းေထာင္ခ်ီရွိတဲ႕တရုတ္ျပည္မွာ အမ်ိဳးသမီး ( ၁၃ ) သန္းဟာ ႏွစ္စဥ္ကိုယ္ဝန္ဖ်က္ခ်ေနပါသတဲ႕..။ ဒါကလည္း တင္းၾကပ္တဲ႕ သားသမီးစီမံကိန္း ကြန္ျမဴနစ္ဥပေဒေၾကာင္႕လို႕ အျပစ္တင္ခံေနရတယ္။ တြက္ၾကည္႕ရင္ တစ္ေန႕ .. တစ္ရက္ကို မိခင္ေလာင္း ( ၅၃ဝဝဝ ) ဦး ဟာ ကမၻာေလာကထဲမေရာက္ေအာင္ ေမြးလာမယ္႕ကေလးကုိ ရက္ရက္စက္စက္သတ္ပစ္ေနၾကတာပါ။
.
.
တရုတ္ျပည္ရဲ႕ေတာ ျမိဳ႕ မက်န္ ေနရာတကာမွာ ပိုလွ်ံလာတဲ႕ယြမ္ေငြေတြကုိ ျဖဳန္းတီးပစ္ေနတာလည္း ရွိပါေသးတယ္။ ဆင္းရဲလို႕  လုပ္အားေရာင္းစားတယ္။ အလုပ္လုပ္ဖို႕ စက္ရံုတည္တယ္။ ေငြလိုလို႕ ျပည္ပရင္းႏွီးျမွဳပ္ႏွံမႈေတြ ဖိတ္ေခၚတယ္။ အလုပ္ခန္႕ေတာ႕ ဝင္ေငြေကာင္းတယ္။ ေငြပိုေတာ႕ ကားဝယ္တယ္။ လူတိုင္းကားနဲ႕အလုပ္တက္ေတာ႕ လမ္းၾကပ္တယ္။ ကားလမ္းပိတ္ေတာ႕ ဓါတ္ဆီဖိုးပိုကုန္တယ္။
.
ဒီအေနအထားကေန တရုတ္ေတြဟာ ကားလမ္း၊ ယာဥ္ေၾကာပိတ္ဆို႕မႈ၊ မေတာ္တဆထိခိုက္ဒဏ္ရာရမႈ၊ လမ္းနဲ႕တံတား စံခ်ိန္စံညႊန္းမညီလို႕ပ်က္စီးမႈေတြကေနဆက္ႏြယ္ျပီး တစ္ႏွစ္ကုိ ေဒၚလာ ( ၁၁၃ဝဝ ) သန္း သံုးျဖဳန္းပစ္ပါတယ္။
.
.
ဒါက ကုန္သြားတဲ႕ဓါတ္ဆီဖိုးေၾကာင္႕ ေရနံအရင္းအျမစ္ဆံုးရံႈးမႈ နဲ႕ သဘာဝပတ္ဝန္းက်င္ဆံုးရွံဴးမႈကို စစ္တမ္းကအေျခခံတြက္ယူထားတာျဖစ္တယ္။ ဒါေတာင္ ကားလမ္းပိတ္လို႕ တရုတ္ျပည္သူျပည္သားေတြရဲ႕ ကုန္ထုတ္ႏုိင္တဲ႕စြမ္းအင္ေတြ၊ ေတြးေခၚတီထြင္ႏိုင္မႈစြမ္းအားေတြအျပင္ အစားျပန္ထုိးလို႕မရတဲ႕ လူငယ္ေတြရဲ႕အခ်ိန္ေတြ မပါေသးပါဘူး။
.
ဒီလုိတုိးတက္ေတြရဲ႕ရလာဒ္အေနနဲ႕ တရုတ္ျပည္မွာ လမ္းသြားရင္းလက္ကိုင္ဖုန္းသံုးလို႕ ယာဥ္တုိက္၊ ရထားတိုက္ခံရျပီး အသက္ဆံုးပါးရတဲ႕ လူငယ္သားေကာင္ သမီးေကာင္ေတြ မ်ားလာတယ္။ ဒါေၾကာင္႕ တစ္ခ်ိဳ႕တရုတ္ျပည္ရဲ႕လမ္းမေတြေပၚမွာ “ လူ႕ကံ ဝကံ ဆဲလ္ဖုန္းသံုးတဲ႕လမ္း - Cellphones Walk In This Lane At Your Own Risk ” ဆုိတဲ႕ မ်ဥ္းေၾကာင္းဆြဲထားတဲ႕အုတ္ခင္းလမ္းေတြ ေပၚလာတယ္။
.
.
ကမၻာေပၚမွာ ဆဲလ္ဖုန္းေစ်းကြက္အၾကီးဆံုး နဲ႕ ထုတ္လုပ္မႈအမ်ားဆံုးဟာ တရုတ္ျပည္ပါ။ သူတုိ႕ထုတ္လိုက္တဲ႕ထြက္ကုန္ပစၥည္းကို လူတုိင္းမပ်က္မကြက္သံုးေနတာ “ ဆဲလ္ဖုန္း ” လို႕ ေျပာလို႕ရပါတယ္။ ဒါေပမယ္႕ ျမင္သာျမင္ မၾကင္ရ ဆုိတဲ႕ ဥပမာကလည္း ရွိျပန္ေသးတယ္။ ေရွးတရုတ္လူမ်ိဳးေတြရဲ႕ “ စကၠဴ ” ကုိ ေပ်ာ႕ဖတ္ကေန ေတြ႕ရွိမႈဟာ အခု ကြ်န္ေတာ္တုိ႕ ေက်းဇူးတင္ေနရတာပါ။
.
ဒီကေန တစ္ဆင္႕ထက္တစ္ဆင္႕တုိးတက္ျပီး ေခတ္သစ္ကမၻာၾကီးကိုတည္ေဆာက္ေနေပမယ္႕ တရုတ္ျပည္ရဲ႕အိမ္သာတုိင္းမွာ အခမဲ႕စကၠဴလိပ္ မရႏုိင္ပါဘူး။ ဒါေပမယ္႕ အေနာက္တုိင္းနည္းပညာႏုိင္ငံအေမရိကားမွာေတာ႕ ေကာ္စကို - Costco ဆုိတဲ႕ လကၠားဆိုင္ၾကီးကေန တစ္ႏွစ္စာ ထုတ္လုပ္ျဖန္႕ခ်ိေရာင္းခ်တဲ႕ ေရအိမ္သံုးစကၠဴေတြကိုျဖန္႕ဆက္လိုက္ရင္ ကမၻာၾကီးကို ( ၆ ) ပတ္ ပတ္ႏုိင္ပါတယ္ တဲ႕ဗ်ား..။
.
.
ဒါေၾကာင္႕ “ ေျပာင္းလဲရမယ္ ” ဆုိတဲ႕အသိနဲ႕ေရွ႕ဆက္ခဲ႕တဲ႕ ကြန္ျမဴနစ္ၾကီးတုိ႕ရဲ႕လမ္းစဥ္က ေကာင္းပါတယ္။ တရုတ္ကြန္ျမဴနစ္ပါတီအလံမွာပါတဲ႕  စပါးႏွံရိတ္ဖို႕ “ တံစဥ္ ” က ဆင္းရဲမႈမြဲေတမႈဆုိတဲ႕အျမစ္ကို ေအာက္ေျခကေန ရိတ္ျဖတ္ပစ္ႏုိင္ေပမယ္႕ ပတ္ဝန္းက်င္ထိန္းသိမ္းဖို႕ နဲ႕ လူသားအရင္းအျမစ္ကိုတန္ဖိုးထားဖို႕ ေလာကပါလတရားရဲ႕အေျခခံစည္းမ်ဥ္းေတြကို လ်စ္လ်ဴရႈခဲ႕တာေၾကာင္႕ တစ္တိုင္းျပည္လံုးဟာ  အလုပ္သမား  “ တူ ” ရဲ႕ အထုအေထာင္းကို မရႈမလွခံေနၾကရတယ္။
.
ကြ်န္ေတာ္တုိ႕ ျမန္မာႏုိင္ငံဟာလည္း “ ေျပာင္းလဲခ်ိန္တန္ျပီ ” ဆိုတဲ႕ ေရြးေကာက္ပြဲေတးသီခ်င္းသံနဲ႕ဒီမိုကေရစီတာလႊတ္ပြဲကေန ခရီးစတင္ခဲ႕ပါျပီ။ အခုအခ်ိန္မွာ ေရွးရိုးစြဲ အရာရွိ အရာခံ ျဗဴရုိကေရစီစံနစ္ကုိ ဖက္တြယ္ေနဖို႕မသင္႕ေတာ္သလို နည္းပညာေခတ္မီလြန္းျပီး လူလူခ်င္းစာနာမႈပ်က္ယြင္းစျပဳေနတဲ႕ ေရွ႕ေျပးတုိင္းျပည္မ်ားက “ ေဆာင္ရန္ - Do ” နဲ႕ “ ေရွာင္ရန္ - Don’t ” ေတြကို သင္ၾကားျပသေပးေနပါတယ္။
.
.
ဒါေၾကာင္႕ ဘယ္အရာမဆို ဦးေႏွာက္ကိုလႊာသံုးရင္း “ သတိ နဲ႕ ပညာ ” နဲ႕ယွဥ္တဲ႕ ႏုိင္ငံေရးအမႈကိစၥမ်ိဳး၊ “ အသိ နဲ႕ အတတ္ပညာ ” နဲ႕ ထုတ္ပိုးထားတဲ႕စီးပြားေရးထြက္ကုန္မ်ိဳးကို စားသံုးႏုိင္ရန္ အရွိန္အဟုန္ျမွင္႕အျမန္ဆံုးလုပ္ေဆာင္ၾကဖို႕ ျပည္ပေရာက္ ျပည္ခ်စ္ျမန္ျပည္သားတစ္ေယာက္အေနနဲ႕ တုိက္တြန္းလိုက္ပါရေစ..။
.
ခင္လ်က္
.
05-07-2016
.

Ref: Ten Surprisingly Hidden Facts about China 

.

.

.

Myanmar Unicode Version:

.

.

“ ပြောင်းလဲလာသမျှ တရုတ်ပြည်က ”

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )

.

အမေရိကားကျောင်းတွေမှာလာတက်တဲ့ များပြားလှတဲ့တရုတ်လူငယ်တွေကြောင့် ဒီနိုင်ငံက ပညာရေးယန္တရားရဲ့ဘဏ္ဍာရေးကဏ္ဍဟာ အတော်ချောင်လည်ရပါတယ်။ “ လူမပြောင်းပေမယ့် မူပြောင်းမှဖြစ်မယ် ” ဆိုတဲ့ သမ္မတတိန့်ရှောင်ဖိန်ရဲ့ ကမ္ဘာကိုတံခါးရွက်ဖွင့်ကြည့်ခဲ႕မှုကြောင့် ဝမ်းမဝခဲ့တဲ့ တရုတ်ပြည်သူတွေကို ဆန်ကွဲပြုတ် နဲ့ ကန်စွန်းဥ အစား ထမင်းစစ်စစ်ကိုကျွေးနိုင်ခဲ့တယ်။

.

အဲဒီကနေတစ်ဆင့် စီးကရက်ဖြူလက်ကြားကမချနိုင်တဲ့ တရုတ်လူငယ်၊ လူလတ်ပိုင်းတွေကို စက်ရုံတွေတည်ဆောက်တဲ့လုပ်ငန်းခွင်တွေမှာ အလုပ်ပေးနိုင်လာတယ်။ အောက်ထစ်ဝင်ငွေလေးရလာတဲ့ တရုတ်မိသားစုဟာ မဖြုန်းတီးပါဘူး။ တစ်ချိန်ချိန်ု ဝါဒမတူတဲ့ပြည်တွင်းစစ်၊ မတူညီတဲ့ယဉ်ကျေးမှုအမြစ်ဖြတ်တိုက်ထုတ်ပွဲတွေအတွင်းမှာ နောက်တစ်ခါမကျဆုံးရ မငတ်မွတ်ရအောင် ချစ်တီးနည်းနဲ့ငွေစုပြီး တရုတ်နည်းတရုတ်ဟန်နဲ့ အလုပ်လုပ်ပါတယ်။

.

.

လူကြီးတွေက မိသားစုလိုအပ်ချက်တွေဖြည့်ဆည်းနေရင်း သားသမီးတွေရဲ့အသက်တွေက ရပ်တန့်နေတာ မဟုတ်ပါဘူး။ အချိန်တန်လို့ “ ပေါ၊ ဖော၊ မော၊ လော ” ဆိုတာတတ်ရုံ ကလေးတွေကို မူလတန်းကအစ အဆင့်မြင့်တင်ဖို့ တွေးတောလာကြတယ်။ “ ငါတို့သာ စာမတတ် အစာငတ်ရင်သာရှိမယ် .. ငါတို့သားသမီးကျရင် ပညာတတ်ကြီးဖြစ်စေရမယ် ” ဆိုတဲ့ မခံချင်စိတ်နဲ့ ကလေးတွေကို ကျောင်းကောင်းကောင်းတက်ခိုင်းပါတယ်။

.

ဒါကြောင့် အခုလို နှစ် ( ၃ဝ ) ကျော်လာတဲ့အခါမှာ ဒုက္ခခံခဲ့တဲ့တရုတ်လူကြီးတွေရဲ့သားသမီးတွေဟာ အမေရိကားမှာ၊ အင်္ဂလန်မှာ၊ ဩစတေးလျမှာ AA ဘွဲ့တွေ၊ AS ဘွဲ့တွေ၊ BA, BSc တွေကို ဖျင်ကြမ်းဂျပ်ဖါကြားလေးနဲ့ထုတ်ပိုးပြီး ပြည်တော်ပြန်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ အားလုံးကိုမေ့၊ မျက်စိရှေ့အကွာအဝေးကိုသာအာရုံပြုပြီး မပီကလာ ပီကလာနဲ့ ကမ္ဘာ့အပြင်ထွက်ပညာတော်သင်တရုတ်လူငယ်များ စာကြိုးစားနေတဲ့အချိန်မှာ သူတို့ရဲ့ဖခင် မိခင်တွေ၊ ဦးလေးတွေက နည်းပညာကောင်းမွန်တဲ့ ဂျာမဏီလို၊ အင်္ဂလန်လို၊ အမေရိကန်ဆီလီကွန်တောင်ကြားက ကောင်းပေ့ဆိုတဲ့နည်းပညာတွေကို မူပွားပြီး “ အတု ( သို့မဟုတ် ) အစစ်ကိုယ်ပွား -  Clone ” နည်းစံနစ်တွေနဲ့ တရုတ်ပြည်တွင်းမှာ အင်မတန်ချမ်းသာလာကြပါတယ်။

.

.

အခုလို နှစ်ဆယ့်တစ်ရာစု ( ၂ဝ၁၅ ) ခုနှစ် ဝန်းကျင်မှာ မိခင်နိုင်ငံကိုပြန်မယ့်တရုတ်လူငယ်၊ လူလတ်ပိုင်းတွေအတွက် အခြေခံအဆောက်အဦကအစ ခေတ်မီနည်းပညာအဆုံး အားလုံးအဆင်သင့်ဖြစ်နေကြပြီ။ ဒီကြားထဲ ပညာတော်သင်ထွက်ပြီး နိုင်ငံခြားမှာခိုလှုံခွင့်တောင်းခံကာ အလုပ်သင်နေခဲ့တဲ့ ပြည်ဝေးပညာတတ်များဟာလည်း အနောက်တိုင်းစီးပွားရေးယန္တရားနဲ့ တော်တော်လေး အံဝင်ခွင်ကျဖြစ်နေတာ တွေ့ရပါတယ်။

.

ဒါကြောင့် သက်တမ်း ( ၈၇ ) နှစ်ရှိပြီဖြစ်တဲ့ တယ်လီကော်မြူနီကေးရှင်းကုမ္ပဏီကြီး မော်တိုရိုလာ - Motorola ဟာ အမေရိကန်မြေမှာနာမည်ဘယ်လောက်ကြီးကြီး လီနိုဗို - Lenovo ကွန်ပျူတာကုမ္ပဏီက ဝယ်ပစ်လိုက်တယ်။ ဒါပေမယ့် နာမည်ကြီးရှာဖွေအင်ဂျင်ကြီး Google က ပိုင်ဆိုင်မှုအားလုံးကိုလက်မလွှတ်ဘူး .. ဆက်ကိုင်ထားတယ်။

.

တည္ဆက္တည္း Lenovo က တရုတ်အင်ဂျင်နီယာတွေဟာ နည်းပညာမှာ ကမ္ဘာကြည့်ကြည့်နိုင်ရုံတင်မကဘူး .. အနောက်တိုင်းစီးပွားရေးရဲ့အဓိကကျောရိုး - Backbone  ဖြစ်တဲ့ သုတေသနနဲ့တိုးတက်မှုရှာဖွေခြင်း R&D – Research and Development မှာ အတူလိုက်ပါ ပညာယူနိုင်တယ်။ ဒါက နမူနာတစ်ခုသာဖြစ်ပြီး ဒီလိုမသိမသာ တရုတ်နည်းတရုတ်ဟန်အတတ်ပညာသွေးစုတ်ယူတဲ့သာဓကတွေ အများကြီးရှိပါသေးတယ်။

.

.

ဒီလို အဖက်ဖက်ကနေ တိုးတက်ပြည့်စုံလာပေမယ့် ဆုတ်ယုတ်မှုတွေကလည်း တစ်ပုံတစ်ပင်ပါ။ ဒီအထဲက ထင်သာမြင်သာအရှိဆုံးကိစ္စဆိုရင် “ သန့်ရှင်းလတ်ဆတ်တဲ့လေကိုရှူရဖို့က တရုတ်ပြည်သူတွေရဲ့ နောက်ဆုံးထွက်သက်ဆန္ဒပါပဲ ” လို့ကို ပြောရတဲ့အထိပါ။ မြို့ပြတရုတ်ကောင်းကင်ရဲ့လေထုညစ်ညမ်းမှုဟာ လူတစ်ယောက် စီးကရက် ( ၂၁ ) လိပ် ထိုင်သောက်နေတာနဲ့ ထိခိုက်မှုအတူတူပဲ လို့ တွက်ပြကြတယ်။ ဒါ့အပြင် ပဖိစိတ်ပင်လယ်ထိပ်ဝ ခရီးသွားနဲ့စက်မှုမြို့တော် ဆန်ဖရန်စစ္စကို - San Francisco မြို့လေထုညစ်ညမ်းမှုရဲ့ ( ၂၉% ) ဟာ တရုတ်ပြည်ကလာတယ်လို့ အမေရိကန်ဘက်က အစွပ်စွဲခံရတဲ့အထိပါပဲ။

.

တစ်ခြားတစ်ဖက်မှာလည်း လူမသိတဲ့ကိစ္စက ရှိနေပြန်တယ်။ ကမ္ဘာပေါ်မှာ ကိုယ်ဝန်ဖျက်ချမှုအများဆုံးက တရုတ် လို့ သိလာရတဲ့အခါမှာပေါ့..။ လူဦးရေသန်းထောင်ချီရှိတဲ့တရုတ်ပြည်မှာ အမျိုးသမီး ( ၁၃ ) သန်းဟာ နှစ်စဉ်ကိုယ်ဝန်ဖျက်ချနေပါသတဲ့..။ ဒါကလည်း တင်းကြပ်တဲ့ သားသမီးစီမံကိန်း ကွန်မြူနစ်ဥပဒေကြောင့်လို့ အပြစ်တင်ခံနေရတယ်။ တွက်ကြည့်ရင် တစ်နေ့ .. တစ်ရက်ကို မိခင်လောင်း ( ၅၃ဝဝဝ ) ဦး ဟာ ကမ္ဘာလောကထဲမရောက်အောင် မွေးလာမယ့်ကလေးကို ရက်ရက်စက်စက်သတ်ပစ်နေကြတာပါ။

.

.

တရုတ်ပြည်ရဲ့တော မြို့ မကျန် နေရာတကာမှာ ပိုလျှံလာတဲ့ယွမ်ငွေတွေကို ဖြုန်းတီးပစ်နေတာလည်း ရှိပါသေးတယ်။ ဆင်းရဲလို့  လုပ်အားရောင်းစားတယ်။ အလုပ်လုပ်ဖို့ စက်ရုံတည်တယ်။ ငွေလိုလို့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်တယ်။ အလုပ်ခန့်တော့ ဝင်ငွေကောင်းတယ်။ ငွေပိုတော့ ကားဝယ်တယ်။ လူတိုင်းကားနဲ့အလုပ်တက်တော့ လမ်းကြပ်တယ်။ ကားလမ်းပိတ်တော့ ဓါတ်ဆီဖိုးပိုကုန်တယ်။

.

ဒီအနေအထားကနေ တရုတ်တွေဟာ ကားလမ်း၊ ယာဉ်ကြောပိတ်ဆို့မှု၊ မတော်တဆထိခိုက်ဒဏ်ရာရမှု၊ လမ်းနဲ့တံတား စံချိန်စံညွှန်းမညီလို့ပျက်စီးမှုတွေကနေဆက်နွယ်ပြီး တစ်နှစ်ကို ဒေါ်လာ ( ၁၁၃ဝဝ ) သန်း သုံးဖြုန်းပစ်ပါတယ်။

.

.

ဒါက ကုန်သွားတဲ့ဓါတ်ဆီဖိုးကြောင့် ရေနံအရင်းအမြစ်ဆုံးရှုံးမှု နဲ့ သဘာဝပတ်ဝန်းကျင်ဆုံးရှူံးမှုကို စစ်တမ်းကအခြေခံတွက်ယူထားတာဖြစ်တယ်။ ဒါတောင် ကားလမ်းပိတ်လို့ တရုတ်ပြည်သူပြည်သားတွေရဲ့ ကုန်ထုတ်နိုင်တဲ့စွမ်းအင်တွေ၊ တွေးခေါ်တီထွင်နိုင်မှုစွမ်းအားတွေအပြင် အစားပြန်ထိုးလို့မရတဲ့ လူငယ်တွေရဲ့အချိန်တွေ မပါသေးပါဘူး။

.

ဒီလိုတိုးတက်တွေရဲ့ရလာဒ်အနေနဲ့ တရုတ်ပြည်မှာ လမ်းသွားရင်းလက်ကိုင်ဖုန်းသုံးလို့ ယာဉ်တိုက်၊ ရထားတိုက်ခံရပြီး အသက်ဆုံးပါးရတဲ့ လူငယ်သားကောင် သမီးကောင်တွေ များလာတယ်။ ဒါကြောင့် တစ်ချို့တရုတ်ပြည်ရဲ့လမ်းမတွေပေါ်မှာ “ လူ့ကံ ဝကံ ဆဲလ်ဖုန်းသုံးတဲ့လမ်း - Cellphones Walk In This Lane At Your Own Risk ” ဆိုတဲ့ မျဉ်းကြောင်းဆွဲထားတဲ့အုတ်ခင်းလမ်းတွေ ပေါ်လာတယ်။

.

.

ကမ္ဘာပေါ်မှာ ဆဲလ်ဖုန်းဈေးကွက်အကြီးဆုံး နဲ့ ထုတ်လုပ်မှုအများဆုံးဟာ တရုတ်ပြည်ပါ။ သူတို့ထုတ်လိုက်တဲ့ထွက်ကုန်ပစ္စည်းကို လူတိုင်းမပျက်မကွက်သုံးနေတာ “ ဆဲလ်ဖုန်း ” လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် မြင်သာမြင် မကြင်ရ ဆိုတဲ့ ဥပမာကလည်း ရှိပြန်သေးတယ်။ ရှေးတရုတ်လူမျိုးတွေရဲ့ “ စက္ကူ ” ကို ပျော့ဖတ်ကနေ တွေ့ရှိမှုဟာ အခု ကျွန်တော်တို့ ကျေးဇူးတင်နေရတာပါ။

.

ဒီကနေ တစ်ဆင့်ထက်တစ်ဆင့်တိုးတက်ပြီး ခေတ်သစ်ကမ္ဘာကြီးကိုတည်ဆောက်နေပေမယ့် တရုတ်ပြည်ရဲ့အိမ်သာတိုင်းမှာ အခမဲ့စက္ကူလိပ် မရနိုင်ပါဘူး။ ဒါပေမယ့် အနောက်တိုင်းနည်းပညာနိုင်ငံအမေရိကားမှာတော့ ကော်စကို - Costco ဆိုတဲ့ လက္ကားဆိုင်ကြီးကနေ တစ်နှစ်စာ ထုတ်လုပ်ဖြန့်ချိရောင်းချတဲ့ ရေအိမ်သုံးစက္ကူတွေကိုဖြန့်ဆက်လိုက်ရင် ကမ္ဘာကြီးကို ( ၆ ) ပတ် ပတ်နိုင်ပါတယ် တဲ့ဗျား..။

.

.

ဒါကြောင့် “ ပြောင်းလဲရမယ် ” ဆိုတဲ့အသိနဲ့ရှေ့ဆက်ခဲ့တဲ့ ကွန်မြူနစ်ကြီးတို့ရဲ့လမ်းစဉ်က ကောင်းပါတယ်။ တရုတ်ကွန်မြူနစ်ပါတီအလံမှာပါတဲ့  စပါးနှံရိတ်ဖို့ “ တံစဉ် ” က ဆင်းရဲမှုမွဲတေမှုဆိုတဲ့အမြစ်ကို အောက်ခြေကနေ ရိတ်ဖြတ်ပစ်နိုင်ပေမယ့် ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ နဲ့ လူသားအရင်းအမြစ်ကိုတန်ဖိုးထားဖို့ လောကပါလတရားရဲ့အခြေခံစည်းမျဉ်းတွေကို လျစ်လျူရှုခဲ့တာကြောင့် တစ်တိုင်းပြည်လုံးဟာ  အလုပ်သမား  “ တူ ” ရဲ့ အထုအထောင်းကို မရှုမလှခံနေကြရတယ်။

.

ကျွန်တော်တို့ မြန်မာနိုင်ငံဟာလည်း “ ပြောင်းလဲချိန်တန်ပြီ ” ဆိုတဲ့ ရွေးကောက်ပွဲတေးသီချင်းသံနဲ့ဒီမိုကရေစီတာလွှတ်ပွဲကနေ ခရီးစတင်ခဲ့ပါပြီ။ အခုအချိန်မှာ ရှေးရိုးစွဲ အရာရှိ အရာခံ ဗြူရိုကရေစီစံနစ်ကို ဖက်တွယ်နေဖို့မသင့်တော်သလို နည်းပညာခေတ်မီလွန်းပြီး လူလူချင်းစာနာမှုပျက်ယွင်းစပြုနေတဲ့ ရှေ့ပြေးတိုင်းပြည်များက “ ဆောင်ရန် - Do ” နဲ့ “ ရှောင်ရန် - Don’t ” တွေကို သင်ကြားပြသပေးနေပါတယ်။

.

.

ဒါကြောင့် ဘယ်အရာမဆို ဦးနှောက်ကိုလွှာသုံးရင်း “ သတိ နဲ့ ပညာ ” နဲ့ယှဉ်တဲ့ နိုင်ငံရေးအမှုကိစ္စမျိုး၊ “ အသိ နဲ့ အတတ်ပညာ ” နဲ့ ထုတ်ပိုးထားတဲ့စီးပွားရေးထွက်ကုန်မျိုးကို စားသုံးနိုင်ရန် အရှိန်အဟုန်မြှင့်အမြန်ဆုံးလုပ်ဆောင်ကြဖို့ ပြည်ပရောက် ပြည်ချစ်မြန်ပြည်သားတစ်ယောက်အနေနဲ့ တိုက်တွန်းလိုက်ပါရစေ..။

.

ခင်လျက်

.

05-07-2016

.

Ref: Ten Surprisingly Hidden Facts about China




No comments: