ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, May 30, 2020

စိတ်ဖိစီးမှုနဲ့ဝေးရာဝေးကြောင်းနည်းလမ်းကောင်း ၂ ခု

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
အခုလို ကပ်ရောဂါကာလမှာရောဂါအကြောင်းတွေရော၊ လူမျိုးရေးမုန်းတီးမှု နဲ့ တရားမမျှတမှုကိုတန်ပြန်တဲ့အကြမ်းဖက်မှုတွေအားလုံးကိုရော သတိကြီးကြီးနဲ့လေ့လာဖို့လိုတယ်။

စိတ်ဖိစီးမှုဆိုတာ ကိုယ်ကသွားရှာမှရောက်လာတာမဟုတ်ဘူး။ ကိုယ်မြင်တာ ကိုယ်ကြားတာ ကိုယ်ဖတ်တာ စတာတွေဟာ ဦးနှောက်ရဲ့မသိစိတ်ထဲမှာ စိုးရိမ်စိတ်ကိုတိုးစေတယ်။ ဒီလိုတိုးလာတာကို ကာယကံရှင်ကမသိဘူး။ သိရင်လည်း ခဏပဲ။ အကြာကြီးသတိမထားမိဘူး။

ဒါကြောင့် ဒီလိုစိတ်ဖိစီးမှုဖြစ်နေတဲ့သူတစ်ယောက်ဟာ အဆင်မပြေချင်ရင် ဘတ်စ်ကားစီးလို့ စပယ်ရာက တစ်ခုခုများ ကတောက်ကဆပြောကြည့် ပြာဖုံးနေတဲ့မီးမဟုတ်တော့ဘူး ဟင်းချက်တဲ့ Gas အိုးကို မီးနဲ့ထိုးလိုက်သလို တန်းပြီးဒေါသက နားထင်ထိပ်တက်သွားတော့တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီစိုးရိမ်စိတ်၊ ဖိစီးတဲ့စိတ်ရဲ့ဆရာဟာ "ဒေါသ" ဖြစ်နေတာကြောင့်ပဲ။

ဒါတွေထားလိုက်ပါတော့။ ၂ဝ၂ဝ မကုန်ခင်အထိ အသက်လည်းဆက်ရှင်၊ ဒီအတိုင်းဆက်မြင်၊ ဆက်ကြား၊ ဆက်ဖတ်နေရရင် လူ့သက်တမ်းအနည်းဆုံး ၂ နှစ်လောက်တိုသွားနိုင်တယ်။ ဒါကြောင့် အဆိုးထဲကအကောင်းတစ်ခုကိုပြပါဆိုရင် ဒီစိတ်ဖိစီးမှုအများဖြစ်တဲ့နေရာတွေကနေ ဝေးရာဝေးကြောင်း အေးရာအေးကြောင်းနေရာ ၂ ခု ကို လမ်းညွှန်ပြချင်ပါတယ်။

၁. စာအုပ်တစ်အုပ်ကောက်ကိုင်ဖတ်လိုက်ပါ။
မြန်မာစာအုပ်ဖြစ်ဖြစ်၊ အင်္ဂလိပ်စာအုပ်ဖြစ်ဖြစ် ကိုယ်နှစ်သက်ရာ အထူးသဖြင့် စာဖတ်ပြီးဆက်တွေးနိုင်မယ့်အမျိုးအစားကိုရွေးပါ။ စာအုပ်ဆိုတာက အချိန်ယူပြီးရေးရတာဖြစ်လို့ ဒီလို စိတ်ဖိစီးမှုများတဲ့ခံစားမှုမျိုး ပေးတာ အင်မတန်နည်းပါးပါတယ်။

၂. နားကြပ်တစ်ခုတပ်ပြီး အသံကိုသာနားထောင်ပါ။
ရုပ်သံအင်တာဗျူး၊ လူတွေ့အင်တာဗျူး၊ စာပေဟောပြောပွဲ၊ ဟောပြောပွဲမျိုးစုံ နဲ့ အသံထွက်စာအုပ်တွေကိုနားထောင်ပါ။ သတင်းအတွက် စာမဖတ်ပါနဲ့။ သတင်းအတွက် ရုပ်သံမကြည့်ပါနဲ့။ သတင်းအတွက် အင်တာနက်မသုံးပါနဲ့။

ဒါတွေကတော့ ဒီတလောမှာ "သတင်းလောက" နဲ့ "စိတ်ဖိစီးမှု" တွေကနေကျွန်တော်ခပ်ခွာခွာနေတဲ့ Social Distancing from NEWS-North+East+West+South ဖြစ်ပါတယ်။

အသုံးတည့်သူများ စိတ်ဖိစီးမှုကနေ ခပ်ခွာခွာနေနိုင်ကြပါစေ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-30-2020

<Zawgyi>

"စိတ္ဖိစီးမႈနဲ႔ေဝးရာေဝးေၾကာင္းနည္းလမ္းေကာင္း ၂ ခု"
   အခုလို ကပ္ေရာဂါကာလမွာေရာဂါအေၾကာင္းေတြေရာ၊ လူမ်ိဳးေရးမုန္းတီးမႈ နဲ႔ တရားမမၽွတမႈကိုတန္ျပန္တဲ့အၾကမ္းဖက္မႈေတြအားလုံးကိုေရာ သတိႀကီးႀကီးနဲ႔ေလ့လာဖို႔လိုတယ္။

          စိတ္ဖိစီးမႈဆိုတာ ကိုယ္ကသြားရွာမွေရာက္လာတာမဟုတ္ဘူး။ ကိုယ္ျမင္တာ ကိုယ္ၾကားတာ ကိုယ္ဖတ္တာ စတာေတြဟာ ဦးေႏွာက္ရဲ့မသိစိတ္ထဲမွာ စိုးရိမ္စိတ္ကိုတိုးေစတယ္။ ဒီလိုတိုးလာတာကို ကာယကံရွင္ကမသိဘူး။ သိရင္လည္း ခဏပဲ။ အၾကာႀကီးသတိမထားမိဘူး။

          ဒါေၾကာင့္ ဒီလိုစိတ္ဖိစီးမႈျဖစ္ေနတဲ့သူတစ္ေယာက္ဟာ အဆင္မေျပခ်င္ရင္ ဘတ္စ္ကားစီးလို႔ စပယ္ရာက တစ္ခုခုမ်ား ကေတာက္ကဆေျပာၾကည့္ ျပာဖုံးေနတဲ့မီးမဟုတ္ေတာ့ဘူး ဟင္းခ်က္တဲ့ Gas အိုးကို မီးနဲ႔ထိုးလိုက္သလို တန္းၿပီးေဒါသက နားထင္ထိပ္တက္သြားေတာ့တယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီစိုးရိမ္စိတ္၊ ဖိစီးတဲ့စိတ္ရဲ့ဆရာဟာ "ေဒါသ" ျဖစ္ေနတာေၾကာင့္ပဲ။

          ဒါေတြထားလိုက္ပါေတာ့။ ၂ဝ၂ဝ မကုန္ခင္အထိ အသက္လည္းဆက္ရွင္၊ ဒီအတိုင္းဆက္ျမင္၊ ဆက္ၾကား၊ ဆက္ဖတ္ေနရရင္ လူ႔သက္တမ္းအနည္းဆုံး ၂ ႏွစ္ေလာက္တိုသြားနိုင္တယ္။ ဒါေၾကာင့္ အဆိုးထဲကအေကာင္းတစ္ခုကိုျပပါဆိုရင္ ဒီစိတ္ဖိစီးမႈအမ်ားျဖစ္တဲ့ေနရာေတြကေန ေဝးရာေဝးေၾကာင္း ေအးရာေအးေၾကာင္းေနရာ ၂ ခု ကို လမ္းညႊန္ျပခ်င္ပါတယ္။

၁. စာအုပ္တစ္အုပ္ေကာက္ကိုင္ဖတ္လိုက္ပါ။ 
ျမန္မာစာအုပ္ျဖစ္ျဖစ္၊ အဂၤလိပ္စာအုပ္ျဖစ္ျဖစ္ ကိုယ္ႏွစ္သက္ရာ အထူးသျဖင့္ စာဖတ္ၿပီးဆက္ေတြးနိုင္မယ့္အမ်ိဳးအစားကိုေရြးပါ။ စာအုပ္ဆိုတာက အခ်ိန္ယူၿပီးေရးရတာျဖစ္လို႔ ဒီလို စိတ္ဖိစီးမႈမ်ားတဲ့ခံစားမႈမ်ိဳး ေပးတာ အင္မတန္နည္းပါးပါတယ္။

၂. နားၾကပ္တစ္ခုတပ္ၿပီး အသံကိုသာနားေထာင္ပါ။
႐ုပ္သံအင္တာဗ်ဴး၊ လူေတြ႕အင္တာဗ်ဴး၊ စာေပေဟာေျပာပြဲ၊ ေဟာေျပာပြဲမ်ိဳးစုံ နဲ႔ အသံထြက္စာအုပ္ေတြကိုနားေထာင္ပါ။ သတင္းအတြက္ စာမဖတ္ပါနဲ႔။ သတင္းအတြက္ ႐ုပ္သံမၾကည့္ပါနဲ႔။ သတင္းအတြက္ အင္တာနက္မသုံးပါနဲ႔။

ဒါေတြကေတာ့ ဒီတေလာမွာ "သတင္းေလာက" နဲ႔ "စိတ္ဖိစီးမႈ" ေတြကေနကၽြန္ေတာ္ခပ္ခြာခြာေနတဲ့ Social Distancing from NEWS-North+East+West+South ျဖစ္ပါတယ္။

အသုံးတည့္သူမ်ား စိတ္ဖိစီးမႈကေန ခပ္ခြာခြာေနနိုင္ၾကပါေစ။

ခင္လ်က္
ကိုညီညီ (ေတာင္ႀကီး) 
05-30-2020

No comments: