ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, May 3, 2015

စာပို႕လုပ္ငန္းအေၾကာင္းစံုစံုလင္လင္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီၤး )
.
.
စာတိုက္ကေန စာေပး စာပို႕အမ်ားဆံုးတုိင္းျပည္ကိုျပပါဆိုရင္ အေမရိကန္ႏိုင္ငံကိုသာ လက္ညိႈးထုိးျပခ်င္ပါတယ္။ အိမ္တိုင္းမွာ စာတိုက္ပံုးတစ္ပံုးစီရွိသလို အလုပ္ကအျပန္ အိမ္ေရာက္တာနဲ႕ အိမ္ထဲမဝင္ခင္ စစ္ေဆးၾကတာကေတာ႕ ဒီေန႕ ငါ႕အိမ္ကုိ ဘာစာေတြေရာက္သလဲ ဆုိတာပါပဲ။
.
စာတိုက္ကေန စာေတြပို႕ၾကတယ္ စာျပန္ၾကတယ္။ ျမန္မာႏုိင္ငံလို A4 နဲ႕ Legal စာရြက္ဆုိဒ္ေတြ ဒီမွာ မသံုးပါဘူး။ ကြ်န္ေတာ္ ျမန္မာႏိုင္ငံကေန တစ္ေပြ႕ၾကီးသယ္လာတဲ႕ ႏိုထရီျပန္ျပီးသား စာရြက္စာတမ္းေတြ ဒီက အမ်ားသံုး စာအိတ္ထဲထည္႕တဲ႕အခါ တစ္ခ်ိဳ႕စာရြက္ေတြဆုိ မဆန္္႕ပါဘူး၊ ေခါက္ထည္႕ရတယ္။
.
အေၾကာင္းရင္းက A4 (8.27"x11.69") က အေမရိကားမွာသံုးတဲ႕ စာအိတ္ထည္႕စာ Letter(8.5"x11") ထက္ အနည္းငယ္ ရွည္ေနလို႕ပါ။ မိတၱဴဆိုင္ေတြက ကူးေပးလိုက္တဲ႕တစ္္ခ်ိဳဳ႕စာရြက္ေတြဆုိ Legal(8.5"x14") ဆိုေတာ႕ အနံကဝင္ျပီး အလ်ားေတြက ရွည္ေနပါေတာ႕တယ္။
.
.
စာအိတ္ေတြမွာ လိပ္စာေရးတာက အလယ္မွာဆိုရင္ ေပးပို႕သူရဲ႕လိပ္စာကို ဘယ္ဘက္ေထာင္႕မွာ ( အနည္းငယ္ေသးေအာင္ ) ေရးေပးရပါတယ္။ စာပို႕လုလင္က စာကိုလက္ခံသူမရွိရင္ ေနာက္ဆံုး ကိုယ္႕ဆီျပန္ေရာက္လာမွာျဖစ္လုိ႕ မွန္ေအာင္ေရးသြင္းရပါမယ္။
.
တံဆိပ္ေခါင္းေတြက အမ်ားအားျဖင္႕ ညာဖက္ေထာင္႕က " Place Stamp Here " ဆိုတဲ႕ ေလးေထာင္႕ကြက္ေလးမွာ ကပ္ေလ႕ရွိျပီး အေျခခံေစ်းႏႈန္းက တစ္ခုကို ( ၄၅ ) ဆင္႕ ျဖစ္ပါတယ္။ တစ္ခ်ိဳဳ႕စာအိတ္ေတြမွွာ " Save A Stamp. Pay Online " လို႕ေရးထားျပီး အြန္လိုင္းကေနေငြၾကိဳရွင္းထားရင္ တံဆိပ္ေခါင္းကပ္ဖုိ႕မလိုတာကို ရွင္းျပထားတာပါ။
.
" Please put stamp here. The Post Office will not deliver mail without postage " ဆိုတာက်ေတာ႕ တစ္မ်ိဳးျဖစ္သြားပါျပီ။ တံဆိပ္ေခါင္းမကပ္ထားရင္ ( ဒါမွမဟုတ္ ) ကပ္ဖို႕ေမ႕သြားရင္ စာေရာက္မွာ မဟုတ္ပါဘူး။

.
.
ကြ်န္ေတာ္ ျမန္မာႏို္င္ငံမွာတုန္းက စာတစ္ေစာင္ပို႕ခ်င္ရင္ ေရးျပီးသားစာကို စာအိပ္ထဲထည္႕၊ တံေတြးဆြတ္၊ လက္နဲ႕ဖိ၊ ျပီးရင္ ပို႕ခ်င္သူလိပ္စာကို အေရွ႕မ်က္ႏွာျပင္မွာ နာမည္ထပ္ေရး .. စတာေတြ လုပ္ခဲ႕ရပါတယ္။ ဒီဖက္ႏိုင္ငံက ကြ်န္ေတာ္႕ဆီေရာက္လာတဲ႕စာေတြက အေပၚမွာလိပ္စာေရးထားတဲ႕စာအိပ္ေတြ ခပ္ရွားရွားပါ။ အထဲက နာမည္ပါတဲ႕ေနရာကိုျမင္ရေအာင္ စာအိပ္မွာ အေပါက္ေလးေဖာက္ထားျပီး တစ္ခ်ိဳ႕က ပလပ္စတစ္အၾကည္ေလးနဲ႕ ျမင္သာေအာင္ ကပ္ထားေပးပါတယ္။
.
ရံုးအသီးသီးမွာ သူတုိ႕ရဲ႕ စာပို႕ပံုစံ - Format ကိုယ္စီ ရွိၾကတယ္။ လိပ္စာရွင္နာမည္ကို ဘယ္ဘက္မွာ၊ ညာဘက္မွာ၊ အလယ္တည္႕တည္႕မွာအေပါက္ငယ္ေလးေတြပါတဲ႕ စာအိပ္ပံုစံအမ်ိဳးမ်ိဳး သံုးၾကတယ္။ ပုိ႕လိုက္ကတည္းက ျပန္စာလိုတဲ႕စာမ်ိဳး နဲ႕ အေၾကြးေတာင္းစာ - Bill ဆုိရင္ အျပန္စာအိပ္ ပါျပီးသား ျဖစ္ၾကတယ္။ ကုိယ္႕နာမည္နဲ႕ေဘလ္ရဲ႕ေအာက္ပိုင္းမွာရွိတဲက ေငြပမာဏပါတဲ႕အပိုင္း - Portion ကို ျဖဲထုတ္၊ ခ်က္လက္မွတ္ထည္႕ျပီး ျပန္ပို႕လိုက္ရံုပါပဲ။ အျပန္စာပို႕ခ သူတို႕ေပးျပီးသား မ်ားပါတယ္။
.
စာအိပ္ေတြဟာ စာရြက္ေတြကိုသာ သယ္ေဆာင္ၾကတာမဟုတ္ပဲ DVD အခ်ပ္လိုအျပားေတြ၊ အေၾကြးဝယ္ကဒ္၊ လက္ေဆာင္ကဒ္၊ ေစ်းဝယ္ကဒ္ စတာေတြကေန သက္တမ္းတိုးဖုိ႕ သံရံံံုးကိုပို႕တဲ႕ ႏို္င္ငံကူးလက္မွတ္အထိ ပါဝင္ၾကတယ္။
.
.
နာမည္ၾကီးရုပ္ရွင္ၾကည္႕အင္တာနက္ဝက္ဆိုဒ္ၾကီး - Netflix က ၾကည္႕ရႈသူေဖာက္သည္မ်ားဆီကုိ DVD ေခြေတြကို စာတုိက္ကေနပဲ ပို႕ပါတယ္။ ပံုစံအားျဖင္႕ - ကိုယ္႕ဆီေရာက္လာတဲ႕စာအိပ္ ( အနီေရာင္ ) ကို ေဖာက္ျပီး DVD ရုပ္ရွင္ ၾကည္႕လိုက္ပါ။ ျပီးသြားတာနဲ႕ အသင္႕ပါလာတဲ႕ ျပန္ပို႕ရန္စာအိပ္ထဲထည္႕ျပီး မိမိအိမ္ေရွ႕က စာတုိက္ပံုးထဲကို သြားထည္႕ထားလိုက္ရံုပါပဲ။ တကူးတက စာတုိက္ပံုးထဲ သြားထည္႕ခ်င္တယ္ဆုိရင္ေတာ႕ သေဘာပါ။
.
ေန႕စဥ္စာလာပို႕တဲ႕ စာပို႕လုလင္က ဒီေန႕ပါလာတဲ႕ စာေတြကို စာတုိက္ပံုးထဲမွာ ထားခဲ႕မယ္။ ျပန္ထည္႕ထားတဲ႕ Netflix DVDေခြအိပ္ကို ျပန္ယူသြားျပီး ကုမၸဏီကို ျပန္ပို႕ေပးပါလိမ္႕မယ္။
.
ကုမၸဏီကုိ မိမိပို႕လို္က္တဲ႕ေခြေရာက္ျပီဆိုတာနဲ႕ Netflix က ကုိယ္မွာထားတဲ႕ ေနာက္တစ္ေခြကို ထပ္ပို႕လာပါလိမ္႕မယ္။ ဒီနည္းလမ္းနဲ႕ အခ်ိန္မွန္မွန္ျကည္႕ျပီးတုိင္း မွန္မွန္ျပန္ပို႕ရင္ တစ္လကို ( ၈ ) ေဒၚလာေပးရံုနဲ႕ ( ၁၃ ) ေခြခန္႕ ၾကည္႕ရႈႏိုင္ပါလိမ္႕မယ္။
.
.
အြန္လိုင္းကေနဝယ္ယူတဲ႕ပစၥည္းေတြကုိလည္း ဒီနည္းႏွင္ႏွင္ပဲ အိမ္ေတြအေရာက္ ပို႕ေဆာင္ၾကတယ္။ အထုတ္ေတြ၊ ကဒ္ပံုးေတြ၊ ဂ်ပ္ဖါၾကီး၊ ဂ်ပ္ဖါငယ္ ဆိုဒ္အလိုက္ အမ်ိဳးအမည္စံုစြာ ပို႕ေဆာင္ရင္း စာတုိက္ပို႕ေဆာင္ေရးက အေမရိကန္စီးပြားေရးကို နည္းစံနစ္က်စြာ လည္ပတ္ေစပါတယ္။
.
ေစ်းသည္ကုမၸဏီၾကီးေတြမွာဝယ္တဲ႕အခါ " S&H " ဒါမွမဟုတ္ " Shipping and Handling " ဆိုတာ စာပို႕ခ ကို ေျပာတာျဖစ္ပါတယ္။ " Processing Time " က်ေတာ႕ ဝယ္ယူထားတဲ႕ပစၥည္းကို စာတုိက္ေရာက္ေအာင္ပို႕ႏိုင္မယ္႕အခ်ိန္ကိုဆိုလိုတာျဖစ္ျပီး " Usually Ships 1-2 Business Days " က ထုတ္ပုိးျပင္ဆင္ဖို႕ ( ၁ ) ရက္ ( ၂ ) ရက္ အခ်ိန္ယူရမယ္လိုု႕ ဆိုလုိတာျဖစ္ပါတယ္။
.
.
အဓိက ပို႕ေဆာင္မႈ - Carrier က အစိုးရစာတိုက္လုပ္ငန္း - USPS ( United States Postal Services ) ျဖစ္ျပီး ပုဂၢလိက ကုမၸဏီ ( ၂ ) ခုက ေနာက္က ကပ္လ်က္လိုက္ပါတယ္။
.
ကားအျဖဴလို႕ လူသိမ်ားတဲ႕ FedEx ကုမၸဏီ ရဲ႕ အရွည္ဖြင္႕က Federal Express ပါ။
.
ေခ်ာ႕ကလက္ေရာင္ကားေတြအသံုးျပဳျပီး ပုိ႕ေဆာင္သူက UPS - United Parcel Services ျဖစ္ပါတယ္။ ျပိဳင္ဘက္ေတြၾကားမွာ ေလ႕ေထာင္႕ပံုး စာပို႕ကားေလးေတြက ႏိုင္ငံအႏွံ႕မွာ ျပည္သူေတြကုိ ဝန္ေဆာင္မႈအျပည္႕ေပးေနတာကေတာ႕ သိန္းငွက္ပံုသေကၤတ နဲ႕ အေမရိကန္အစိုးရယႏၱရားပိုင္ USPS စာတုိက္လုပ္ငန္းပဲ ျဖစ္ပါတယ္။
.
.
အစိုးရစာတုိက္မွာအလုပ္ရရင္ အက်ိဳးခံစားခြင္႕ - Benefit ေကာင္းတာမုိ႕လို႕ လူေတြက အလုပ္လိုခ်င္ၾကတယ္။ ဒါေပမယ္႕လည္း ရဖို႕ခက္ခဲပါတယ္။ ရျပီးသားမ်ားကလည္း တစ္ျခားကုမၸဏီေတြ ဘယ္လို လူေလွ်ာ႕ - Lay Off လုပ္လုပ္ သူတို႕က မျပဳတ္ဘူးေလ။ ဒါေၾကာင္႕မုိ႕ ပင္ပန္းေပမယ္႕ လုပ္ခ်င္ၾကတယ္။
.
USPS ဟာ တနဂၤေႏြေန႕ကလြဲရင္ တစ္ပတ္ ( ၆ ) ရက္ အလုပ္ဖြင္႕တယ္။ တစ္ပတ္နာရီ ( ၄ဝ ) လုပ္ျပီးသူအဖို႕ ( ၁ ) ရက္ ပိုလုပ္ရတဲ႕အခါ အခ်ိန္ပို ( ၈ ) နာရီ ရတဲ႕သေဘာေပါ႕။
.
ပံုမွန္အတိုင္း နာရီ ( ၄ဝ ) ပဲ လုပ္ရတဲ႕အခါ ( ၇ ) ရက္သီတင္းတစ္ပတ္မွာ စာပို႕လုလင္တစ္ေယာက္စီ အလွည္႕က်  ၾကားရက္ပိတ္ၾကတယ္။ ဒီတစ္ပတ္ တနလာၤေန႕နားတဲ႕သူဟာ ေနာက္တစ္ပတ္က်ေတာ႕ မတူတဲ႕ ေနာက္တစ္ေန႕နားရျပန္တဲ႕ ပံုစံမ်ိဳးနဲ႕သြားတယ္။
.
.
ပုဂၢလိက ကုမၸဏီ ( ၂ ) ခုစလံုးက မိတၱဴကူးတဲ႕အလုပ္ေတြပိုပါ တြဲလုပ္တယ္။ ကိုယ္႕ကူးခ်င္တဲ႕စာရြက္ေတြကို သူတုိ႕ရံုးခြဲတစ္ခုခုဆီ ယူသြားကူးျပီး က်သေလာက္ေပးလိုက္ရံုပဲ။ ဒီမွာက ျမန္မာႏိုင္ငံလို လူေစာင္႕ျပီး မိတၱဴကူးေပးတဲ႕ဆုိင္ေတြ ရွိတာမဟုတ္ဘူး။
.
UPS မွာက ႏိုင္ငံျခားသံရံုးေတြနဲ႕ဆက္သြယ္တဲ႕အခါ ဘာသာျပန္တဲ႕ ႏိုထရီပတ္ဘလစ္ျပန္တာေတြပါ လက္ခံေဆာင္ရြက္ေပးတယ္။ ရန္ကုန္က ဘားလမ္းမွာလို တစ္ေစာင္ျပန္ရင္ UPS မွာ " စည္းတံုး - Engrave " ရုိက္အျပီး တစ္မ်က္ႏွာကို ( ၁ဝ ) ေဒၚလာနဲ႕ ျပီးတယ္။
.
အစိုးရစာပို႕လုပ္ငန္းက ကြန္ယက္က်ယ္ျပန္႕ျပီး ေနရာတုိင္းမွာရွိသလို FedEx  နဲ႕ UPS တို႕က ကိုယ္ပုိင္ေလယာဥ္ေတြ ရွိၾကတယ္။ သူတို႕ရဲ႕ေလေၾကာင္းအေျခစုိက္ရံုးေတြကုိ ေလဆိပ္ေတြရဲ႕ေဘးမွာေတြ႕ရေလ႕ရွိျပီး အဲဒီေနရာနဲ႕ မနီးမေဝးမွာ ကုန္ပစၥည္းပို႕ေဆာင္ေရးစီမံခန္႕ခြဲရံုး - Facility ေတြ ရွိျပန္တယ္။
.
.
အေမရိန္ကန္မွာ လူေတြဟာ ကုန္စံုဆိုင္မွာ၊ ကုန္တုိက္ေတြမွာ တံဆိပ္ေခါင္းကို မျဖစ္မေနဝယ္ၾကသလို ခ်က္လက္မွတ္လို ေငြေပးေခ်မႈမ်ားအတြက္ စာတိုက္ကို အားကုိးသံုးစြဲၾကတယ္။ ေျပာခ်င္တာကေတာ႕ စာတုိက္နဲ႕ပို႕လိုက္တဲ႕ မိမိတုိ႕ပစၥည္းမေပ်ာက္ဘူးဆိုတာကို အျမဲယုံၾကည္ၾကတယ္။
.
ပုိ႕လိုက္တဲ႕ပစၥည္းတန္ဖိုးကိုေၾကျငာျပီး အာမခံ ထားႏိုင္သလို စ,ပို႕လိုက္တဲ႕စာတိုက္ကေန ဘယ္ေနရာအထိ ေရာက္ေနျပီဆိုတာကို အြန္လိုင္းကေနလုိက္ၾကည္႕ႏိုင္တဲ႕ Tracking Number ဝန္ေဆာင္မႈေတြ ႒ာနတိုင္းမွာ ရွိတယ္။ ဒါေၾကာင္႕လည္း ယံုၾကည္မႈရွိသလုိ စာပို႕ခေပးရတာကိုလည္း မတြန္႕တိုၾကဘူး။
.
ကုိယ္ပို႕လိုက္တာကို တစ္ဖက္လက္ခံသူက လက္မွတ္ထုိးျပီး ယူထားေစခ်င္သလား ေသခ်ာေအာင္လုပ္လုိ႕ ရေသးတယ္။ ေငြအနည္းငယ္ထပ္ေပးလုိက္ရံုနဲ႕ လက္မွတ္ထုိးျပီး၊ ကုန္ပစၥည္းလက္ခံျပီး၊ အားလံုးပို႕ေဆာင္ျပီးေၾကာင္း ေန႕ရက္၊ အခ်ိ္န္၊ နာရီေတြပါတဲ႕ ျဖစ္စဥ္အားလံုးကို ကုမၸဏီေတြရဲ႕ အင္တာနက္စာမ်က္ႏွာေတြမွာ ဝင္ၾကည္႕လို႕ရတယ္။
.
.
ျမန္မာႏို္င္ငံမွာလည္း ဒီလိုေအာင္ျမင္ေစခ်င္ပါတယ္။ ထစ္ကနဲဆို ကားဂိတ္ကေနပို႕ရ၊ သြားေရြးရ၊ မေရရာ မတိက်မႈေတြကေန ခ်စ္လွစြာေသာ ေရြျမန္မာမိတ္ေဆြေတြကုိ လြန္ေျမာက္ေစခ်င္တယ္။
.
အခုေနာက္ပိုင္းမွာ ဂ်ပန္ကုမၸဏီေတြနဲ႕ေပါင္းျပီး စာပို႕ႏွင္႕ေၾကးနန္း၊ အျမန္ေခ်ာပုိ႕ေတြကို အဆင္႕မီျပန္လုပ္မယ္လို႕သိရလို႕ ဝမ္းသာလွပါတယ္။ ကြ်န္ေတာ္ ဒီကေန ရန္ကုန္ကအမ်ိဳးေတြဆီ ျမန္မာ႕ဆက္သြယ္ေရးလုပ္ငန္းကိုသံုးျပီး စာပို႕ခ်င္လွပါျပီ။ အြန္လိုင္းက ပစၥည္းဝယ္ျပီး ရန္ကုန္ကုိ ပုိ႕ခ်င္လွုျပီ..။
.

koko2yeye@gmail.com
.
.
Myanmar Unicode Version
.
.
“ စာပို့လုပ်ငန်းအကြောင်းစုံစုံလင်လင် ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
စာတိုက်ကနေ စာပေး စာပို့အများဆုံးတိုင်းပြည်ကိုပြပါဆိုရင် အမေရိကန်နိုင်ငံကိုသာ လက်ညှိုးထိုးပြချင်ပါတယ်။ အိမ်တိုင်းမှာ စာတိုက်ပုံးတစ်ပုံးစီရှိသလို အလုပ်ကအပြန် အိမ်ရောက်တာနဲ့ အိမ်ထဲမဝင်ခင် စစ်ဆေးကြတာကတော့ ဒီနေ့ ငါ့အိမ်ကို ဘာစာတွေရောက်သလဲ ဆိုတာပါပဲ။
.
စာတိုက်ကနေ စာတွေပို့ကြတယ် စာပြန်ကြတယ်။ မြန်မာနိုင်ငံလို A4 နဲ့ Legal စာရွက်ဆိုဒ်တွေ ဒီမှာ မသုံးပါဘူး။ ကျွန်တော် မြန်မာနိုင်ငံကနေ တစ်ပွေ့ကြီးသယ်လာတဲ့ နိုထရီပြန်ပြီးသား စာရွက်စာတမ်းတွေ ဒီက အများသုံး စာအိတ်ထဲထည့်တဲ့အခါ တစ်ချို့စာရွက်တွေဆို မဆန့်ပါဘူး၊ ခေါက်ထည့်ရတယ်။
.
အကြောင်းရင်းက A4 (8.27"x11.69") က အမေရိကားမှာသုံးတဲ့ စာအိတ်ထည့်စာ Letter(8.5"x11") ထက် အနည်းငယ် ရှည်နေလို့ပါ။ မိတ္တူဆိုင်တွေက ကူးပေးလိုက်တဲ့တစ်ချို့စာရွက်တွေဆို Legal(8.5"x14") ဆိုတော့ အနံကဝင်ပြီး အလျားတွေက ရှည်နေပါတော့တယ်။
.
.
စာအိတ်တွေမှာ လိပ်စာရေးတာက အလယ်မှာဆိုရင် ပေးပို့သူရဲ့လိပ်စာကို ဘယ်ဘက်ထောင့်မှာ ( အနည်းငယ်သေးအောင် ) ရေးပေးရပါတယ်။ စာပို့လုလင်က စာကိုလက်ခံသူမရှိရင် နောက်ဆုံး ကိုယ့်ဆီပြန်ရောက်လာမှာဖြစ်လို့ မှန်အောင်ရေးသွင်းရပါမယ်။
.
တံဆိပ်ခေါင်းတွေက အများအားဖြင့် ညာဖက်ထောင့်က " Place Stamp Here " ဆိုတဲ့ လေးထောင့်ကွက်လေးမှာ ကပ်လေ့ရှိပြီး အခြေခံဈေးနှုန်းက တစ်ခုကို ( ၄၅ ) ဆင့် ဖြစ်ပါတယ်။ တစ်ချို့စာအိတ်တွေမှာ " Save A Stamp. Pay Online " လို့ရေးထားပြီး အွန်လိုင်းကနေငွေကြိုရှင်းထားရင် တံဆိပ်ခေါင်းကပ်ဖို့မလိုတာကို ရှင်းပြထားတာပါ။
.
" Please put stamp here. The Post Office will not deliver mail without postage " ဆိုတာကျတော့ တစ်မျိုးဖြစ်သွားပါပြီ။ တံဆိပ်ခေါင်းမကပ်ထားရင် ( ဒါမှမဟုတ် ) ကပ်ဖို့မေ့သွားရင် စာရောက်မှာ မဟုတ်ပါဘူး။
.
.
ကျွန်တော် မြန်မာန်ိုင်ငံမှာတုန်းက စာတစ်စောင်ပို့ချင်ရင် ရေးပြီးသားစာကို စာအိပ်ထဲထည့်၊ တံတွေးဆွတ်၊ လက်နဲ့ဖိ၊ ပြီးရင် ပို့ချင်သူလိပ်စာကို အရှေ့မျက်နှာပြင်မှာ နာမည်ထပ်ရေး .. စတာတွေ လုပ်ခဲ့ရပါတယ်။ ဒီဖက်နိုင်ငံက ကျွန်တော့်ဆီရောက်လာတဲ့စာတွေက အပေါ်မှာလိပ်စာရေးထားတဲ့စာအိပ်တွေ ခပ်ရှားရှားပါ။ အထဲက နာမည်ပါတဲ့နေရာကိုမြင်ရအောင် စာအိပ်မှာ အပေါက်လေးဖောက်ထားပြီး တစ်ချို့က ပလပ်စတစ်အကြည်လေးနဲ့ မြင်သာအောင် ကပ်ထားပေးပါတယ်။
.
ရုံးအသီးသီးမှာ သူတို့ရဲ့ စာပို့ပုံစံ - Format ကိုယ်စီ ရှိကြတယ်။ လိပ်စာရှင်နာမည်ကို ဘယ်ဘက်မှာ၊ ညာဘက်မှာ၊ အလယ်တည့်တည့်မှာအပေါက်ငယ်လေးတွေပါတဲ့ စာအိပ်ပုံစံအမျိုးမျိုး သုံးကြတယ်။ ပို့လိုက်ကတည်းက ပြန်စာလိုတဲ့စာမျိုး နဲ့ အကြွေးတောင်းစာ - Bill ဆိုရင် အပြန်စာအိပ် ပါပြီးသား ဖြစ်ကြတယ်။ ကိုယ့်နာမည်နဲ့ဘေလ်ရဲ့အောက်ပိုင်းမှာရှိတဲက ငွေပမာဏပါတဲ့အပိုင်း - Portion ကို ဖြဲထုတ်၊ ချက်လက်မှတ်ထည့်ပြီး ပြန်ပို့လိုက်ရုံပါပဲ။ အပြန်စာပို့ခ သူတို့ပေးပြီးသား များပါတယ်။
.
စာအိပ်တွေဟာ စာရွက်တွေကိုသာ သယ်ဆောင်ကြတာမဟုတ်ပဲ DVD အချပ်လိုအပြားတွေ၊ အကြွေးဝယ်ကဒ်၊ လက်ဆောင်ကဒ်၊ ဈေးဝယ်ကဒ် စတာတွေကနေ သက်တမ်းတိုးဖို့ သံရံံုးကိုပို့တဲ့ န်ိုင်ငံကူးလက်မှတ်အထိ ပါဝင်ကြတယ်။
.
.
နာမည်ကြီးရုပ်ရှင်ကြည့်အင်တာနက်ဝက်ဆိုဒ်ကြီး - Netflix က ကြည့်ရှုသူဖောက်သည်များဆီကို DVD ခွေတွေကို စာတိုက်ကနေပဲ ပို့ပါတယ်။ ပုံစံအားဖြင့် - ကိုယ့်ဆီရောက်လာတဲ့စာအိပ် ( အနီရောင် ) ကို ဖောက်ပြီး DVD ရုပ်ရှင် ကြည့်လိုက်ပါ။ ပြီးသွားတာနဲ့ အသင့်ပါလာတဲ့ ပြန်ပို့ရန်စာအိပ်ထဲထည့်ပြီး မိမိအိမ်ရှေ့က စာတိုက်ပုံးထဲကို သွားထည့်ထားလိုက်ရုံပါပဲ။ တကူးတက စာတိုက်ပုံးထဲ သွားထည့်ချင်တယ်ဆိုရင်တော့ သဘောပါ။
.
နေ့စဉ်စာလာပို့တဲ့ စာပို့လုလင်က ဒီနေ့ပါလာတဲ့ စာတွေကို စာတိုက်ပုံးထဲမှာ ထားခဲ့မယ်။ ပြန်ထည့်ထားတဲ့ Netflix DVDခွေအိပ်ကို ပြန်ယူသွားပြီး ကုမ္ပဏီကို ပြန်ပို့ပေးပါလိမ့်မယ်။
.
ကုမ္ပဏီကို မိမိပို့လ်ိုက်တဲ့ခွေရောက်ပြီဆိုတာနဲ့ Netflix က ကိုယ်မှာထားတဲ့ နောက်တစ်ခွေကို ထပ်ပို့လာပါလိမ့်မယ်။ ဒီနည်းလမ်းနဲ့ အချိန်မှန်မှန်ကြည့်ပြီးတိုင်း မှန်မှန်ပြန်ပို့ရင် တစ်လကို ( ၈ ) ဒေါ်လာပေးရုံနဲ့ ( ၁၃ ) ခွေခန့် ကြည့်ရှုနိုင်ပါလိမ့်မယ်။
.
.
အွန်လိုင်းကနေဝယ်ယူတဲ့ပစ္စည်းတွေကိုလည်း ဒီနည်းနှင်နှင်ပဲ အိမ်တွေအရောက် ပို့ဆောင်ကြတယ်။ အထုတ်တွေ၊ ကဒ်ပုံးတွေ၊ ဂျပ်ဖါကြီး၊ ဂျပ်ဖါငယ် ဆိုဒ်အလိုက် အမျိုးအမည်စုံစွာ ပို့ဆောင်ရင်း စာတိုက်ပို့ဆောင်ရေးက အမေရိကန်စီးပွားရေးကို နည်းစံနစ်ကျစွာ လည်ပတ်စေပါတယ်။
.
ဈေးသည်ကုမ္ပဏီကြီးတွေမှာဝယ်တဲ့အခါ " S&H " ဒါမှမဟုတ် " Shipping and Handling " ဆိုတာ စာပို့ခ ကို ပြောတာဖြစ်ပါတယ်။ " Processing Time " ကျတော့ ဝယ်ယူထားတဲ့ပစ္စည်းကို စာတိုက်ရောက်အောင်ပို့နိုင်မယ့်အချိန်ကိုဆိုလိုတာဖြစ်ပြီး " Usually Ships 1-2 Business Days " က ထုတ်ပိုးပြင်ဆင်ဖို့ ( ၁ ) ရက် ( ၂ ) ရက် အချိန်ယူရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
.
.
အဓိက ပို့ဆောင်မှု - Carrier က အစိုးရစာတိုက်လုပ်ငန်း - USPS ( United States Postal Services ) ဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီ ( ၂ ) ခုက နောက်က ကပ်လျက်လိုက်ပါတယ်။
.
ကားအဖြူလို့ လူသိများတဲ့ FedEx ကုမ္ပဏီ ရဲ့ အရှည်ဖွင့်က Federal Express ပါ။
.
ချော့ကလက်ရောင်ကားတွေအသုံးပြုပြီး ပို့ဆောင်သူက UPS - United Parcel Services ဖြစ်ပါတယ်။ ပြိုင်ဘက်တွေကြားမှာ လေ့ထောင့်ပုံး စာပို့ကားလေးတွေက နိုင်ငံအနှံ့မှာ ပြည်သူတွေကို ဝန်ဆောင်မှုအပြည့်ပေးနေတာကတော့ သိန်းငှက်ပုံသင်္ကေတ နဲ့ အမေရိကန်အစိုးရယန္တရားပိုင် USPS စာတိုက်လုပ်ငန်းပဲ ဖြစ်ပါတယ်။
.
.
အစိုးရစာတိုက်မှာအလုပ်ရရင် အကျိုးခံစားခွင့် - Benefit ကောင်းတာမို့လို့ လူတွေက အလုပ်လိုချင်ကြတယ်။ ဒါပေမယ့်လည်း ရဖို့ခက်ခဲပါတယ်။ ရပြီးသားများကလည်း တစ်ခြားကုမ္ပဏီတွေ ဘယ်လို လူလျှော့ - Lay Off လုပ်လုပ် သူတို့က မပြုတ်ဘူးလေ။ ဒါကြောင့်မို့ ပင်ပန်းပေမယ့် လုပ်ချင်ကြတယ်။
.
USPS ဟာ တနင်္ဂနွေနေ့ကလွဲရင် တစ်ပတ် ( ၆ ) ရက် အလုပ်ဖွင့်တယ်။ တစ်ပတ်နာရီ ( ၄ဝ ) လုပ်ပြီးသူအဖို့ ( ၁ ) ရက် ပိုလုပ်ရတဲ့အခါ အချိန်ပို ( ၈ ) နာရီ ရတဲ့သဘောပေါ့။
.
ပုံမှန်အတိုင်း နာရီ ( ၄ဝ ) ပဲ လုပ်ရတဲ့အခါ ( ၇ ) ရက်သီတင်းတစ်ပတ်မှာ စာပို့လုလင်တစ်ယောက်စီ အလှည့်ကျ  ကြားရက်ပိတ်ကြတယ်။ ဒီတစ်ပတ် တနလာၤနေ့နားတဲ့သူဟာ နောက်တစ်ပတ်ကျတော့ မတူတဲ့ နောက်တစ်နေ့နားရပြန်တဲ့ ပုံစံမျိုးနဲ့သွားတယ်။
.
.
ပုဂ္ဂလိက ကုမ္ပဏီ ( ၂ ) ခုစလုံးက မိတ္တူကူးတဲ့အလုပ်တွေပိုပါ တွဲလုပ်တယ်။ ကိုယ့်ကူးချင်တဲ့စာရွက်တွေကို သူတို့ရုံးခွဲတစ်ခုခုဆီ ယူသွားကူးပြီး ကျသလောက်ပေးလိုက်ရုံပဲ။ ဒီမှာက မြန်မာနိုင်ငံလို လူစောင့်ပြီး မိတ္တူကူးပေးတဲ့ဆိုင်တွေ ရှိတာမဟုတ်ဘူး။
.
UPS မှာက နိုင်ငံခြားသံရုံးတွေနဲ့ဆက်သွယ်တဲ့အခါ ဘာသာပြန်တဲ့ နိုထရီပတ်ဘလစ်ပြန်တာတွေပါ လက်ခံဆောင်ရွက်ပေးတယ်။ ရန်ကုန်က ဘားလမ်းမှာလို တစ်စောင်ပြန်ရင် UPS မှာ " စည်းတုံး - Engrave " ရိုက်အပြီး တစ်မျက်နှာကို ( ၁ဝ ) ဒေါ်လာနဲ့ ပြီးတယ်။
.
အစိုးရစာပို့လုပ်ငန်းက ကွန်ယက်ကျယ်ပြန့်ပြီး နေရာတိုင်းမှာရှိသလို FedEx  နဲ့ UPS တို့က ကိုယ်ပိုင်လေယာဉ်တွေ ရှိကြတယ်။ သူတို့ရဲ့လေကြောင်းအခြေစိုက်ရုံးတွေကို လေဆိပ်တွေရဲ့ဘေးမှာတွေ့ရလေ့ရှိပြီး အဲဒီနေရာနဲ့ မနီးမဝေးမှာ ကုန်ပစ္စည်းပို့ဆောင်ရေးစီမံခန့်ခွဲရုံး - Facility တွေ ရှိပြန်တယ်။
.
.
အမေရိန်ကန်မှာ လူတွေဟာ ကုန်စုံဆိုင်မှာ၊ ကုန်တိုက်တွေမှာ တံဆိပ်ခေါင်းကို မဖြစ်မနေဝယ်ကြသလို ချက်လက်မှတ်လို ငွေပေးချေမှုများအတွက် စာတိုက်ကို အားကိုးသုံးစွဲကြတယ်။ ပြောချင်တာကတော့ စာတိုက်နဲ့ပို့လိုက်တဲ့ မိမိတို့ပစ္စည်းမပျောက်ဘူးဆိုတာကို အမြဲယုံကြည်ကြတယ်။
.
ပို့လိုက်တဲ့ပစ္စည်းတန်ဖိုးကိုကြေငြာပြီး အာမခံ ထားနိုင်သလို စ,ပို့လိုက်တဲ့စာတိုက်ကနေ ဘယ်နေရာအထိ ရောက်နေပြီဆိုတာကို အွန်လိုင်းကနေလိုက်ကြည့်နိုင်တဲ့ Tracking Number ဝန်ဆောင်မှုတွေ ဋ္ဌာနတိုင်းမှာ ရှိတယ်။ ဒါကြောင့်လည်း ယုံကြည်မှုရှိသလို စာပို့ခပေးရတာကိုလည်း မတွန့်တိုကြဘူး။
.
ကိုယ်ပို့လိုက်တာကို တစ်ဖက်လက်ခံသူက လက်မှတ်ထိုးပြီး ယူထားစေချင်သလား သေချာအောင်လုပ်လို့ ရသေးတယ်။ ငွေအနည်းငယ်ထပ်ပေးလိုက်ရုံနဲ့ လက်မှတ်ထိုးပြီး၊ ကုန်ပစ္စည်းလက်ခံပြီး၊ အားလုံးပို့ဆောင်ပြီးကြောင်း နေ့ရက်၊ အခ်ျိန်၊ နာရီတွေပါတဲ့ ဖြစ်စဉ်အားလုံးကို ကုမ္ပဏီတွေရဲ့ အင်တာနက်စာမျက်နှာတွေမှာ ဝင်ကြည့်လို့ရတယ်။
.
.
မြန်မာန်ိုင်ငံမှာလည်း ဒီလိုအောင်မြင်စေချင်ပါတယ်။ ထစ်ကနဲဆို ကားဂိတ်ကနေပို့ရ၊ သွားရွေးရ၊ မရေရာ မတိကျမှုတွေကနေ ချစ်လှစွာသော ရွေမြန်မာမိတ်ဆွေတွေကို လွန်မြောက်စေချင်တယ်။
.
အခုနောက်ပိုင်းမှာ ဂျပန်ကုမ္ပဏီတွေနဲ့ပေါင်းပြီး စာပို့နှင့်ကြေးနန်း၊ အမြန်ချောပို့တွေကို အဆင့်မီပြန်လုပ်မယ်လို့သိရလို့ ဝမ်းသာလှပါတယ်။ ကျွန်တော် ဒီကနေ ရန်ကုန်ကအမျိုးတွေဆီ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကိုသုံးပြီး စာပို့ချင်လှပါပြီ။ အွန်လိုင်းက ပစ္စည်းဝယ်ပြီး ရန်ကုန်ကို ပို့ချင်လှုပြီ..။
.

koko2yeye@gmail.com
.
“ စာပို႕လုပ္ငန္းအေၾကာင္းစံုစံုလင္လင္ ” စာမူသည္ ၂ဝ၁၅ ခုႏွစ္၊ ႏိုဝင္ဘာလ ( ၁၄ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၁ဝ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link : http://www.mediafire.com/download/a4h315oi3qf3c3b/NetGuide+Vol.4%2C+No.10.pdf




No comments: