ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, April 9, 2016

ကြ်န္ေတာ္တို႕တစ္ေတြ အမွန္ေျပာၾကမယ္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ကြ်န္ေတာ္ဒီေျမေပၚမွာျဖတ္သန္းခဲ႕တဲ႕ကာလတစ္ေလွ်ာက္မွာ မၾကာခဏအေမးခံခဲ႕ရတဲ႕ေမးခြန္းက “ ကိုညီ ဒီကုိဘယ္လုိနည္းနဲ႕ေရာက္လာတာလဲ “ ဆုိတာပါပဲ။ တစ္ျခားျမန္မာေတြအတြက္ ခက္ႏုိင္ေကာင္းေပမယ္႕ ကြ်န္ေတာ္အတြက္ ဒီေမးခြန္းကိုေျဖဖုိ႕အခက္အခဲမရွိပါဘူး။ လြန္ခဲ႕တဲ႕ အႏွစ္ အစိတ္ေလာက္က အမ်ိဳးသားရဲ႕မိဘေတြကေခၚလုိ႕ လာေရာက္ခဲ႕တဲ႕ အစ္မက သူ အေမရိကားေရာက္လုိ႕ ဒီႏိုင္ငံသားခံယူျပီး ျပန္ေခၚလုိ႕ ေမာင္ႏွမခ်င္းေခၚတဲ႕အစီအစဥ္ နဲ႕ ေရာက္လာခဲ႕ရျခင္းျဖစ္ပါတယ္။
.
ေျပာင္းေရႊ႕အေျခအေန - Immigrant Status ေတြထဲက အၾကာဆံုး နဲ႕ ႏွစ္အရွည္ၾကာဆုံုးေစာင္႕ရတဲ႕ (F4) အဆင္႕နဲ႕ ေက်းဇူးရွိတဲ႕ အစ္မတို႕ဇနီးေမာင္ႏွံက ကူညီလမ္းျပေခၚယူခဲ႕လို႕ ေျခခ်ခြင္႕ရခဲ႕တာျဖစ္ပါတယ္။ အေသးစိတ္ကို အေမရိကန္အစုိးရဝဘ္ဆိုဒ္ www.state.gov မွာ “ Family Fourth Preference (F4): Brothers and sisters of U.S. citizens, and their spouses and minor children, provided the U.S. citizens are at least 21 years of age “ ဆိုျပီး အက်ယ္တဝင္႕ေရးထားတာကို ေလ႕လာႏုိင္ပါတယ္။
.
.
တစ္ခ်ိဳ႕က ကြ်န္ေတာ္စာေရးတဲ႕အေကာင္႕ကေန ဒါကို ေမးခ်င္တယ္။ သူတုိ႕ေရာ ဘယ္လုိလာေရာက္ႏို္င္မလဲ ဆုိတာ သိခ်င္ၾကတယ္။ ဒီအေၾကာင္းကို ေနာက္ပိုင္းမွသိကြ်မ္းလာရတဲ႕စာဖတ္သူမ်ားကို https://www.facebook.com/photo.php?fbid=1507631116192023&set=pb.100008354461942.-2207520000.1447039794.&type=3&src=https%3A%2F%2Fscontent.fsnc1-1.fna.fbcdn.net%2Fhphotos-xpa1%2Fv%2Ft1.0-9%2F16809_1507631116192023_1964791009728047228_n.jpg%3Foh%3Da1e5219a297d61078d6c977ca22ed7a8%26oe%3D56F242A5&size=727%2C555 မွာ ျပန္ဖတ္ေစခ်င္ပါတယ္။

.
အဓိကေဆြးေႏြးခ်င္တာက အေမရိကားကိုဘယ္နည္းလမ္းနဲ႕ေရာက္ေရာက္ နိမ္႕က်တယ္၊ သိမ္ငယ္တယ္ဆုိတာ မရွိပါဘူး။ လူဟာ လူပါပဲ။ လူျဖစ္တာနဲ႕ လူ႕တန္ဖိုးပါလာစျမဲပါ။ ဒီေနရာမွာမွ လူကို ဘယ္လုိတန္ဖိုးထားတယ္ဆုိတဲ႕ အစုိးရက စကားေျပာပါတယ္။ ဒါဟာ ကြ်န္ေတာ္ေျပာခ်င္တဲ႕ လူသားတစ္ေယာက္ဆုိတဲ႕အဓိပၸာယ္ဖြင္႕ဆိုမႈထက္ျမင္႕တဲ႕ “ တန္ဖုိး - Value ” ဆိုရင္ မမွားပါဘူး။
.
.
တစ္ခ်ိဳ႕ေတြက မိဘက သားသမီး၊ သားသမီးက မိဘ၊ ႏုိင္ငံသားနဲ႕လက္ထပ္၊ ႏုိင္ငံသားနဲ႕ေစ႕စပ္၊ ေက်ာင္းတက္၊ ပညာေတာ္သင္၊ အတတ္ပညာရွင္၊ ေမာင္ႏွမခ်င္းေခၚ စတဲ႕ မိသားစုအေျခခံႏိုင္ငံကူးခြင္႕မ်ား - Family Based Immigrant Visas ေတြ နဲ႕ လာတာမဟုတ္တဲ႕အတြက္ လူၾကားထဲမွာ ကိုယ္႕အေၾကာင္းကိုယ္ေျပာရတာရွက္ၾကတယ္ထင္ပါတယ္။ ဒါေၾကာင္႕ “ ငါတုိ႕က ထီေပါက္လို႕ေရာက္လာတာ ” လို႕ လိမ္ေျပာၾကသူေတြကို ျမင္ဖူးပါတယ္။ ဒါကလည္း သူ႕အေၾကာင္းနဲ႕သူမို႕လို႕လိမ္ရတာပဲဆိုျပီး မသိက်ိဳးကြ်ံျပဳထားလိုက္ရင္ ျပီးသြားၾကပါတယ္။
.
တိတိက်က်စဥ္းစားၾကည္႕ရင္ အေမရိကားကိုဘယ္လိုေရာက္လာတာလဲ ဆုိတာထက္ အေမရိကားမွာဘယ္လိုေကာင္းမြန္ေအာင္ေနထုိင္ျပီး မိသားစုကိုဘယ္လုိဦးေဆာင္သလဲဆိုတာနဲ႕ ဘယ္ေလာက္အထိျပန္လည္သင္ယူေနသလဲဆိုတာက အေရးၾကီးမယ္ထင္ပါတယ္။
.
ပုိျပီးရွင္းေအာင္ေျပာရရင္ ျမန္မာစကားေျပာတဲ႕ႏိုင္ငံကေန အဂၤလိပ္ ( အဓိက ) စကား နဲ႕ စပိန္၊ တရုတ္ ( အနည္းငယ္ ) စကားေျပာႏိုင္ငံေရာက္တဲ႕အခါ နယ္ေျမသစ္မွာရင္ဆုိင္ရမွာက အခက္အခဲအမ်ားၾကီးပါ။ ဒီထဲကေန ကုိယ္ကဘယ္ေလာက္ ကိုယ္ပိုင္ျဖစ္ေအာင္လုပ္ - Adapt လုပ္ႏုိ္င္သလဲဆိုတာက ေမြးရာပါအရည္အခ်င္းတစ္ခုမဟုတ္ပါဘူး။ ေန႕စဥ္ရက္ဆက္ေလ႕က်င္႕ရာက တတ္ေျမာက္ေအာင္ျမင္ျခင္းကို ရရွိႏိုင္ပါတယ္။
.
.
တစ္ခ်ိဳ႕က DV ထီေပါက္လို႕ေရာက္လာတယ္။ အခ်ိန္တန္ေတာ႕ႏိုင္ငံသားေျဖတယ။ မိဘ က ေခၚတယ္။ ျမန္မာႏိုင္ငံက ၾကင္သူရွာျပီးလက္ထပ္တယ္ .. ေရာက္လာတယ္ .. ဘဝတည္ေဆာက္ဖို႕ၾကိဳးစားၾကတယ္ .. ဒါက ပံုမွန္ေပါ႕။
.
တစ္ခ်ိဳ႕ေသာသူမ်ားက ျမန္မာ႕နယ္စပ္ဒုကၡသည္စခန္းကလာတယ္ .. ( ၂ဝဝ၇ ) သံဃာ႕အေရးအခင္းကုိ ဇာတ္ေၾကာင္းစံုခင္းျပီး အေမရိကားေျမမွာ အမႈတည္ေဆာက္၊ တရားေအာင္ႏုိင္လို႕ အေမရိကန္မွာေနခြင္႕ရတယ္ .. Green Card ရတယ္ .. ဘဝအသစ္တည္ေထာင္တယ္ .. ဒါက တစ္ကယ္ဒုကၡေရာက္ခဲ႕တဲ႕လူမ်ိဳး။
.
တစ္ျခားၾကားဖူးတာေတြက အမ်ားၾကီးပါ။ အဲဒီထဲကလက္လွမ္းမွီသေလာက္ မေလးရွားမွာ ( ၅ ) ႏွစ္ ( ၁ဝ ) ႏွစ္ေလာက္ ရင္းႏွီးျမွဳပ္ႏွံ ဒုကၡခံတယ္ .. ကုိယ္ပုိင္နာမည္ နဲ႕ UN Card ေလွ်ာက္ျပီး လာခြင္႕ရတယ္။ အေပၚကေျပာခဲ႕သလိုပဲ ၾကိဳးစားရုန္းကန္လို႕ လူလံုးသူလံုးလွျပီး လူအမ်ားပူးေပါင္းေဆာင္ရြက္တဲ႕ ေျပာင္းေရႊ႕ျမန္မာေတြက်င္းပတဲ႕ပြဲေတြမွာ ေရွ႕ဆံုးကေနဦးေဆာင္တယ္ .. ဒါက ဘဝကိုတစ္ကယ္သိတဲ႕လူမ်ိဳး။
.
.
ေနာက္တစ္ခ်ိဳ႕မ်ားက်ေတာ႕ ဒုကၡသည္ခံယူထားတာ၊ အေမရိကန္အစုိးရဆီမွာႏုိင္ငံေရးခုိလွံဳခြင္႕ေတာင္းျပီး ေနထုိင္ခြင္႕ရခဲ႕တာ တုိ႕ကုိ လူေရွ႕သူေရွ႕မွာ ေျပာျပဖို႕ရွက္ၾကတယ္။ ဒါေၾကာင္႕ သူမ်ားေမးရင္ အေမကေခၚလို႕၊ အေဖကေခၚလို႕၊ ထီေပါက္လို႕ စသျဖင္႕ လွီးလႊဲေျပာၾကတယ္။ ဒါဟာ ဘာအတြက္လဲဆုိတာ မသိရေပမယ္႕ အေၾကာင္းသိသူမ်ားၾကားမွာ ေရရွည္ဆက္ဆံရခက္ေစပါတယ္။
.
ဒုကၡသည္အျဖစ္ခံယူျပီးေရာက္လာခဲ႕သည္႕တိုင္ ဒီအေျခအေနဟာ ရွက္စရာမဟုတ္ပါဘူး။ အေမရိကန္ေျမဆီလႊာနင္းျပီဆုိတာနဲ႕ ဒီတုိင္းျပည္ကခ်ထားတဲ႕ သက္တမ္း ႏွစ္ ( ၂ဝဝ ) ေက်ာ္ရွိျပီျဖစ္တဲ႕ ဖြဲ႕စည္းပံုအေျခခံဥပေဒအရ လူအားလံုးဟာ တန္းတူအခြင္႕အေရးရပါတယ္။ အသားအေရာင္၊ ကိုးကြယ္တဲ႕ဘာသာ၊ ေျပာဆုိတဲ႕ဘာသာစကား နဲ႕ မတူညီတဲ႕ယံုၾကည္မႈအေပၚမွာ ဘာအေၾကာင္းေၾကာင္႕မွ ခြဲျခားလို႕မရပါဘူး။
.
.
ျမန္မာအေနမ်ားတဲ႕ရပ္ကြက္ေတြမွာဆုိရင္ေတာ႕ ထူးျခားအေၾကာင္းရွိမလား မဆိုႏုိင္ဘူး။ လူမ်ိဳးျခားၾကားမွာေနသူ ဘယ္သူမဆို “ မင္းက ဘာျဖစ္ေနလို႕ .. သူက ဘာၾကီးျဖစ္ေနလို႕ ” ဆိုတာမ်ိဳးေျပာဆိုသံ ေတြ႕ရ ၾကားရခဲပါတယ္။ အထူးသျဖင္႕ လူမ်ိဳးျခားေတြစုေပါင္းတည္ထားတဲ႕ အေမရိကတိုက္က ဧရာမႏုိင္ငံၾကီးမွာ ဒီလို ဗ်ဟၼစုိရ္တရား ထြန္းကားတာ ျမတ္ႏို္းစရာပါ။
.
ဒါေၾကာင္႕ ဒုကၡသည္အေျခအေနနဲ႕ရပ္တည္ေနသူတစ္ေယာက္အဖုိ႕ အက်င္႕စာရိတၱေကာင္းမယ္၊ သူေနထုိင္တဲ႕ႏုိင္ငံအစုိးရကို အခြန္မွန္မွန္ေဆာင္မယ္၊ လူမႈပတ္ဝန္းက်င္ကို မေႏွာင္႕ယွက္ဘူး၊ လူသားမ်ိဳးႏြယ္ကုိထိခိုက္မယ္႕ရာဇဝတ္မႈေတြကို မက်ဴးလြန္ဘူးဆိုရင္ “ ေမာင္ျဖဴ နဲ႕ ေမာင္မည္းဟာ အရာရာမွာကြဲျပားေပမယ္႕ အတူတူပါပဲ ”
.
အေနာက္ႏုိင္ငံေရာက္လာတဲ႕ ေျပာင္းေရႊ႕ျမန္မာေတြဟာ မိဘ၊ ခင္ပြန္း၊ ဇနီး တုိ႕ရဲ႕အလုိကုိလိုက္ျပီး မူလကုိးကြယ္ခဲ႕တဲ႕ဘာသာကေန ဒီေျမေပၚမွာအမ်ားစုကိုးကြယ္တဲ႕ဘာသာကိုကူးေျပာင္းသြားသူေတြ ေတြ႕ဖူးတယ္။ အခုလို တစ္ျခားဘာသာေျပာင္းကုိးကြယ္ၾကေပမယ္႕ လူကိုလူခ်င္းတန္ဖိုးထားတဲ႕ေနရာမွာ တစ္ျပားသားမွမေလ်ာ႕သြားပါဘူး။ ပိုတိုးလုိ႕သာ တန္ဖိုးထားၾကတာေတြ႕ၾကတယ္။ အထူးသျဖင္႕ ဘာသာေရးအရ တနဂၤေႏြေန႕ ဘုရားရွိခိုးေက်ာင္းေတြမွာ တစ္ဦးကိုတစ္ဦး ကူညီေဖးမျပီး လိုအပ္တာေတြ ဝိုင္းကူၾကတယ္ .. အလုပ္ရွာေပးၾကတယ္ .. မသိတာ မတတ္တာကို သင္ေပးၾကတယ္ .. သိပ္ခ်စ္စရာေကာင္းပါတယ္။
.
.
ဒါကို ၾကည္႕မယ္ဆိုရင္ လူ႕တန္ဖိုးဟာ မိမိကုိယ္တိုင္တန္ဖိုးထားမႈအေပၚမွာပဲ မူတည္ပါတယ္။ ဘာသာေရးကိုလႊဲခ်ဖို႕ မလို၊ ေျပာတဲ႕စကားကိုရိုးမယ္ဖြဲ႕ဖုိ႕ မလို၊ အသားအေရာင္ဆုိရင္ ေရွာ႕ခ္ ရွိေတာ႕ ပိုလို႕ေတာင္ မေျပာရဲၾကပါဘူး။ တစ္ကယ္မသိသူေတြအတြက္ ကိုယ္႕ကိုအထင္ၾကီးေအာင္၊ မရွိတာကို အရွိလုပ္၊ မတတ္တာကို တတ္ေယာင္ေဆာင္၊ သိထားတာကို မသိခ်င္ဟန္ေဆာင္ၾကတာေတြကမွ လိမ္ညာမႈရဲ႕အက်ိဳးဆက္ကို ဘယ္သူမွဒဏ္မခတ္ပဲ ဝဋ္ခံရဖို႕အေၾကာင္းရွိပါတယ္။
.
တစ္ျခားမၾကည္႕ပါနဲ႕ ..။ ဒီလုိ အမွန္မေျပာထားသူတစ္ေယာက္ဟာ အေမရိကန္အစုိးရရဲ႕ ရံုးကိစၥ၊ ဘဏ္ကိစၥ၊ ျပည္္တြင္းအခြန္ - IRS ကိစၥေတြမွာ လိမ္ရဲသလားလို႕ .. စဥ္းစားၾကည္႕တာပါ။ ဒစ္ဂ်စ္တယ္ေဒတာသိမ္းစံနစ္နဲ႕ထိန္းထားတဲ႕ကိုယ္ေရးကိုယ္တာေတြကို ဘယ္သူမွ အမွန္မေျပာလို႕မရပါဘူး။ ဒါေၾကာင္႕မို႕ ျမန္မာႏိုင္ငံကေန ဘယ္လုိပဲ စီးပြားရွာလာလာ၊ ဘယ္လိုပင္ ဆင္းရဲလာလာ အေမရိကားေရာက္ရင္ ဘယ္သူမွ မႏွိမ္ပါဘူး။ ဒီေနရာမွာ ကုိယ္တတ္ထားတဲ႕ ဘာသာစကား၊ ကိုယ္ပ်ိဳးေထာင္ထားတဲ႕ ကိုယ္က်င္႕သီလ၊ ထိန္းသိမ္းထားတဲ႕သိကၡာေတြက လူ႕အသိုင္းအဝိုင္းထဲက လူ႕တန္ဖိုးကို ညႊန္းဆိုပါလိမ္႕မယ္။
.
.
လူအမ်ားစုဟာ သမုိင္းကို ေရးေတာ႕ေရးၾကတာပါပဲ။ ဒါေပမယ္႕ ငယ္ငယ္တုန္းက စက္ဘီးေမွာက္ခဲ႕တဲ႕ သမိုင္းကို အခု အေမရိကားေရာက္မွ ဘယ္လုိျပင္လုိ႕ရပါေတာ႕မလဲ? ထည္႕မေရးရင္လည္း သမိုင္းမမွန္၊ ထည္႕မေရးျပန္ေတာ႕ လိမ္တယ္ ညာတယ္ျဖစ္ ဆုိတာ႕ ဝိနည္းလြတ္ေအာင္ အမွန္အတိုင္းဝန္ခံတာက စိတ္ရွင္းပါတယ္။
.
ဒုကၡသည္အျဖစ္နဲ႕လာေတာ႕ေရာ ဘာျဖစ္လဲ? သမားရိုးက်လာနည္းလမ္းနဲ႕ေရာက္လာျပီး အေမရိကန္အစုိးရရဲ႕ အခမဲ႕ေပးတဲ႕ ဝန္ေဆာင္မႈ၊ တန္ဖိုးသင္႕က်န္းမာေရးေစာင္႕ေရွာက္မႈ၊ အခမဲ႕အစားအေသာက္အေထာက္အပံ႕ စတာေတြကို မယူဖူးတဲ႕သူ ရွိလို႕လား။ ဒါေၾကာင္႕ အတူတူလို႕ေျပာရတာ ျဖစ္ပါတယ္။ ဘယ္သူမဆို သက္သာခ်င္တယ္ .. မယူရင္သာရွိမယ္ အလကားရခ်င္တယ္ .. သက္ေတာင္႕သက္သာအလုပ္လုပ္ခ်င္ၾကတာပဲ မဟုတ္ပါလား?
.
.
ကြ်န္ေတာ္တို႕ဟာ ငယ္ငယ္ကတည္းက ( ၆ ) လပို္္င္းမွာဖြင္႕တဲ႕ေက်ာင္းတက္တဲ႕အသက္မမွီလို႕ ( ၇ ) လပိုင္းေမြးေန႕သကၠရာဇ္ကို ခုႏွစ္ဂဏန္းရဲ႕ေျခေထာက္ကိုဖ်က္၊ ေရႊထုိးထည္႕ျပီး ( ၅ ) လပိုင္းေမြးတာဆိုျပီး တက္ခဲ႕ရတဲ႕ ပညာေရးစံနစ္ရဲ႕ အလိမ္ဆိုးေမြ အညာဆိုးေမြ ကို ဒီဘက္ေျမေရာက္ျပီးမွ ဆက္ခံၾကမလားဆိုတာ ေတြးစရာျဖစ္ေစပါတယ္။ မတတ္သာလုိ႕ ညာရတယ္ဆုိတာမ်ိဳးေတြကအစ သတိထားဖို႕လိုပါတယ္။
.
ဒါေၾကာင္႕ အမွန္ေျပာတာဟာ ဘယ္အသားအေရ၊ ဘယ္လူမ်ိဳး၊ ဘယ္သာသာ၊ ဘယ္ယံုၾကည္မႈနဲ႕မဆို အံဝင္ခြင္က်ျဖစ္ရံုမက ဒီမိုကေရစီစံခ်ိန္စံညႊန္းနဲ႕ပါအေၾကာင္းညီညႊတ္ေၾကာင္း ေရးသားတင္ျပလိုက္ရပါတယ္။
.
ခင္လ်က္
.
04-09-2016
.
.
.
Myanmar Unicode Version:
.
.
“ ကျွန်တော်တို့တစ်တွေ အမှန်ပြောကြမယ် ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ကျွန်တော်ဒီမြေပေါ်မှာဖြတ်သန်းခဲ့တဲ့ကာလတစ်လျှောက်မှာ မကြာခဏအမေးခံခဲ့ရတဲ့မေးခွန်းက “ ကိုညီ ဒီကိုဘယ်လိုနည်းနဲ့ရောက်လာတာလဲ “ ဆိုတာပါပဲ။ တစ်ခြားမြန်မာတွေအတွက် ခက်နိုင်ကောင်းပေမယ့် ကျွန်တော်အတွက် ဒီမေးခွန်းကိုဖြေဖို့အခက်အခဲမရှိပါဘူး။ လွန်ခဲ့တဲ့ အနှစ် အစိတ်လောက်က အမျိုးသားရဲ့မိဘတွေကခေါ်လို့ လာရောက်ခဲ့တဲ့ အစ်မက သူ အမေရိကားရောက်လို့ ဒီနိုင်ငံသားခံယူပြီး ပြန်ခေါ်လို့ မောင်နှမချင်းခေါ်တဲ့အစီအစဉ် နဲ့ ရောက်လာခဲ့ရခြင်းဖြစ်ပါတယ်။
.
ပြောင်းရွှေ့အခြေအနေ - Immigrant Status တွေထဲက အကြာဆုံး နဲ့ နှစ်အရှည်ကြာဆုံးစောင့်ရတဲ့ (F4) အဆင့်နဲ့ ကျေးဇူးရှိတဲ့ အစ်မတို့ဇနီးမောင်နှံက ကူညီလမ်းပြခေါ်ယူခဲ့လို့ ခြေချခွင့်ရခဲ့တာဖြစ်ပါတယ်။ အသေးစိတ်ကို အမေရိကန်အစိုးရဝဘ်ဆိုဒ် www.state.gov မှာ “ Family Fourth Preference (F4): Brothers and sisters of U.S. citizens, and their spouses and minor children, provided the U.S. citizens are at least 21 years of age “ ဆိုပြီး အကျယ်တဝင့်ရေးထားတာကို လေ့လာနိုင်ပါတယ်။
.
.
တစ်ချို့က ကျွန်တော်စာရေးတဲ့အကောင့်ကနေ ဒါကို မေးချင်တယ်။ သူတို့ရော ဘယ်လိုလာရောက်န်ိုင်မလဲ ဆိုတာ သိချင်ကြတယ်။ ဒီအကြောင်းကို နောက်ပိုင်းမှသိကျွမ်းလာရတဲ့စာဖတ်သူများကို https://www.facebook.com/photo.php?fbid=1507631116192023&set=pb.100008354461942.-2207520000.1447039794.&type=3&src=https%3A%2F%2Fscontent.fsnc1-1.fna.fbcdn.net%2Fhphotos-xpa1%2Fv%2Ft1.0-9%2F16809_1507631116192023_1964791009728047228_n.jpg%3Foh%3Da1e5219a297d61078d6c977ca22ed7a8%26oe%3D56F242A5&size=727%2C555 မှာ ပြန်ဖတ်စေချင်ပါတယ်။
.
အဓိကဆွေးနွေးချင်တာက အမေရိကားကိုဘယ်နည်းလမ်းနဲ့ရောက်ရောက် နိမ့်ကျတယ်၊ သိမ်ငယ်တယ်ဆိုတာ မရှိပါဘူး။ လူဟာ လူပါပဲ။ လူဖြစ်တာနဲ့ လူ့တန်ဖိုးပါလာစမြဲပါ။ ဒီနေရာမှာမှ လူကို ဘယ်လိုတန်ဖိုးထားတယ်ဆိုတဲ့ အစိုးရက စကားပြောပါတယ်။ ဒါဟာ ကျွန်တော်ပြောချင်တဲ့ လူသားတစ်ယောက်ဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုထက်မြင့်တဲ့ “ တန်ဖိုး - Value ” ဆိုရင် မမှားပါဘူး။
.
.
တစ်ချို့တွေက မိဘက သားသမီး၊ သားသမီးက မိဘ၊ နိုင်ငံသားနဲ့လက်ထပ်၊ နိုင်ငံသားနဲ့စေ့စပ်၊ ကျောင်းတက်၊ ပညာတော်သင်၊ အတတ်ပညာရှင်၊ မောင်နှမချင်းခေါ် စတဲ့ မိသားစုအခြေခံနိုင်ငံကူးခွင့်များ - Family Based Immigrant Visas တွေ နဲ့ လာတာမဟုတ်တဲ့အတွက် လူကြားထဲမှာ ကိုယ့်အကြောင်းကိုယ်ပြောရတာရှက်ကြတယ်ထင်ပါတယ်။ ဒါကြောင့် “ ငါတို့က ထီပေါက်လို့ရောက်လာတာ ” လို့ လိမ်ပြောကြသူတွေကို မြင်ဖူးပါတယ်။ ဒါကလည်း သူ့အကြောင်းနဲ့သူမို့လို့လိမ်ရတာပဲဆိုပြီး မသိကျိုးကျွံပြုထားလိုက်ရင် ပြီးသွားကြပါတယ်။
.
တိတိကျကျစဉ်းစားကြည့်ရင် အမေရိကားကိုဘယ်လိုရောက်လာတာလဲ ဆိုတာထက် အမေရိကားမှာဘယ်လိုကောင်းမွန်အောင်နေထိုင်ပြီး မိသားစုကိုဘယ်လိုဦးဆောင်သလဲဆိုတာနဲ့ ဘယ်လောက်အထိပြန်လည်သင်ယူနေသလဲဆိုတာက အရေးကြီးမယ်ထင်ပါတယ်။
.
ပိုပြီးရှင်းအောင်ပြောရရင် မြန်မာစကားပြောတဲ့နိုင်ငံကနေ အင်္ဂလိပ် ( အဓိက ) စကား နဲ့ စပိန်၊ တရုတ် ( အနည်းငယ် ) စကားပြောနိုင်ငံရောက်တဲ့အခါ နယ်မြေသစ်မှာရင်ဆိုင်ရမှာက အခက်အခဲအများကြီးပါ။ ဒီထဲကနေ ကိုယ်ကဘယ်လောက် ကိုယ်ပိုင်ဖြစ်အောင်လုပ် - Adapt လုပ်န်ိုင်သလဲဆိုတာက မွေးရာပါအရည်အချင်းတစ်ခုမဟုတ်ပါဘူး။ နေ့စဉ်ရက်ဆက်လေ့ကျင့်ရာက တတ်မြောက်အောင်မြင်ခြင်းကို ရရှိနိုင်ပါတယ်။
.
.
တစ်ချို့က DV ထီပေါက်လို့ရောက်လာတယ်။ အချိန်တန်တော့နိုင်ငံသားဖြေတယ။ မိဘ က ခေါ်တယ်။ မြန်မာနိုင်ငံက ကြင်သူရှာပြီးလက်ထပ်တယ် .. ရောက်လာတယ် .. ဘဝတည်ဆောက်ဖို့ကြိုးစားကြတယ် .. ဒါက ပုံမှန်ပေါ့။
.
တစ်ချို့သောသူများက မြန်မာ့နယ်စပ်ဒုက္ခသည်စခန်းကလာတယ် .. ( ၂ဝဝ၇ ) သံဃာ့အရေးအခင်းကို ဇာတ်ကြောင်းစုံခင်းပြီး အမေရိကားမြေမှာ အမှုတည်ဆောက်၊ တရားအောင်နိုင်လို့ အမေရိကန်မှာနေခွင့်ရတယ် .. Green Card ရတယ် .. ဘဝအသစ်တည်ထောင်တယ် .. ဒါက တစ်ကယ်ဒုက္ခရောက်ခဲ့တဲ့လူမျိုး။
.
တစ်ခြားကြားဖူးတာတွေက အများကြီးပါ။ အဲဒီထဲကလက်လှမ်းမှီသလောက် မလေးရှားမှာ ( ၅ ) နှစ် ( ၁ဝ ) နှစ်လောက် ရင်းနှီးမြှုပ်နှံ ဒုက္ခခံတယ် .. ကိုယ်ပိုင်နာမည် နဲ့ UN Card လျှောက်ပြီး လာခွင့်ရတယ်။ အပေါ်ကပြောခဲ့သလိုပဲ ကြိုးစားရုန်းကန်လို့ လူလုံးသူလုံးလှပြီး လူအများပူးပေါင်းဆောင်ရွက်တဲ့ ပြောင်းရွှေ့မြန်မာတွေကျင်းပတဲ့ပွဲတွေမှာ ရှေ့ဆုံးကနေဦးဆောင်တယ် .. ဒါက ဘဝကိုတစ်ကယ်သိတဲ့လူမျိုး။
.
.
နောက်တစ်ချို့များကျတော့ ဒုက္ခသည်ခံယူထားတာ၊ အမေရိကန်အစိုးရဆီမှာနိုင်ငံရေးခိုလှုံခွင့်တောင်းပြီး နေထိုင်ခွင့်ရခဲ့တာ တို့ကို လူရှေ့သူရှေ့မှာ ပြောပြဖို့ရှက်ကြတယ်။ ဒါကြောင့် သူများမေးရင် အမေကခေါ်လို့၊ အဖေကခေါ်လို့၊ ထီပေါက်လို့ စသဖြင့် လှီးလွှဲပြောကြတယ်။ ဒါဟာ ဘာအတွက်လဲဆိုတာ မသိရပေမယ့် အကြောင်းသိသူများကြားမှာ ရေရှည်ဆက်ဆံရခက်စေပါတယ်။
.
ဒုက္ခသည်အဖြစ်ခံယူပြီးရောက်လာခဲ့သည့်တိုင် ဒီအခြေအနေဟာ ရှက်စရာမဟုတ်ပါဘူး။ အမေရိကန်မြေဆီလွှာနင်းပြီဆိုတာနဲ့ ဒီတိုင်းပြည်ကချထားတဲ့ သက်တမ်း နှစ် ( ၂ဝဝ ) ကျော်ရှိပြီဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူအားလုံးဟာ တန်းတူအခွင့်အရေးရပါတယ်။ အသားအရောင်၊ ကိုးကွယ်တဲ့ဘာသာ၊ ပြောဆိုတဲ့ဘာသာစကား နဲ့ မတူညီတဲ့ယုံကြည်မှုအပေါ်မှာ ဘာအကြောင်းကြောင့်မှ ခွဲခြားလို့မရပါဘူး။
.
.
မြန်မာအနေများတဲ့ရပ်ကွက်တွေမှာဆိုရင်တော့ ထူးခြားအကြောင်းရှိမလား မဆိုနိုင်ဘူး။ လူမျိုးခြားကြားမှာနေသူ ဘယ်သူမဆို “ မင်းက ဘာဖြစ်နေလို့ .. သူက ဘာကြီးဖြစ်နေလို့ ” ဆိုတာမျိုးပြောဆိုသံ တွေ့ရ ကြားရခဲပါတယ်။ အထူးသဖြင့် လူမျိုးခြားတွေစုပေါင်းတည်ထားတဲ့ အမေရိကတိုက်က ဧရာမနိုင်ငံကြီးမှာ ဒီလို ဗျဟ္မစိုရ်တရား ထွန်းကားတာ မြတ်န်ိုးစရာပါ။
.
ဒါကြောင့် ဒုက္ခသည်အခြေအနေနဲ့ရပ်တည်နေသူတစ်ယောက်အဖို့ အကျင့်စာရိတ္တကောင်းမယ်၊ သူနေထိုင်တဲ့နိုင်ငံအစိုးရကို အခွန်မှန်မှန်ဆောင်မယ်၊ လူမှုပတ်ဝန်းကျင်ကို မနှောင့်ယှက်ဘူး၊ လူသားမျိုးနွယ်ကိုထိခိုက်မယ့်ရာဇဝတ်မှုတွေကို မကျူးလွန်ဘူးဆိုရင် “ မောင်ဖြူ နဲ့ မောင်မည်းဟာ အရာရာမှာကွဲပြားပေမယ့် အတူတူပါပဲ ”
.
အနောက်နိုင်ငံရောက်လာတဲ့ ပြောင်းရွှေ့မြန်မာတွေဟာ မိဘ၊ ခင်ပွန်း၊ ဇနီး တို့ရဲ့အလိုကိုလိုက်ပြီး မူလကိုးကွယ်ခဲ့တဲ့ဘာသာကနေ ဒီမြေပေါ်မှာအများစုကိုးကွယ်တဲ့ဘာသာကိုကူးပြောင်းသွားသူတွေ တွေ့ဖူးတယ်။ အခုလို တစ်ခြားဘာသာပြောင်းကိုးကွယ်ကြပေမယ့် လူကိုလူချင်းတန်ဖိုးထားတဲ့နေရာမှာ တစ်ပြားသားမှမလျော့သွားပါဘူး။ ပိုတိုးလို့သာ တန်ဖိုးထားကြတာတွေ့ကြတယ်။ အထူးသဖြင့် ဘာသာရေးအရ တနင်္ဂနွေနေ့ ဘုရားရှိခိုးကျောင်းတွေမှာ တစ်ဦးကိုတစ်ဦး ကူညီဖေးမပြီး လိုအပ်တာတွေ ဝိုင်းကူကြတယ် .. အလုပ်ရှာပေးကြတယ် .. မသိတာ မတတ်တာကို သင်ပေးကြတယ် .. သိပ်ချစ်စရာကောင်းပါတယ်။
.
.
ဒါကို ကြည့်မယ်ဆိုရင် လူ့တန်ဖိုးဟာ မိမိကိုယ်တိုင်တန်ဖိုးထားမှုအပေါ်မှာပဲ မူတည်ပါတယ်။ ဘာသာရေးကိုလွှဲချဖို့ မလို၊ ပြောတဲ့စကားကိုရိုးမယ်ဖွဲ့ဖို့ မလို၊ အသားအရောင်ဆိုရင် ရှော့ခ် ရှိတော့ ပိုလို့တောင် မပြောရဲကြပါဘူး။ တစ်ကယ်မသိသူတွေအတွက် ကိုယ့်ကိုအထင်ကြီးအောင်၊ မရှိတာကို အရှိလုပ်၊ မတတ်တာကို တတ်ယောင်ဆောင်၊ သိထားတာကို မသိချင်ဟန်ဆောင်ကြတာတွေကမှ လိမ်ညာမှုရဲ့အကျိုးဆက်ကို ဘယ်သူမှဒဏ်မခတ်ပဲ ဝဋ်ခံရဖို့အကြောင်းရှိပါတယ်။
.
တစ်ခြားမကြည့်ပါနဲ့ ..။ ဒီလို အမှန်မပြောထားသူတစ်ယောက်ဟာ အမေရိကန်အစိုးရရဲ့ ရုံးကိစ္စ၊ ဘဏ်ကိစ္စ၊ ပြည်တွင်းအခွန် - IRS ကိစ္စတွေမှာ လိမ်ရဲသလားလို့ .. စဉ်းစားကြည့်တာပါ။ ဒစ်ဂျစ်တယ်ဒေတာသိမ်းစံနစ်နဲ့ထိန်းထားတဲ့ကိုယ်ရေးကိုယ်တာတွေကို ဘယ်သူမှ အမှန်မပြောလို့မရပါဘူး။ ဒါကြောင့်မို့ မြန်မာနိုင်ငံကနေ ဘယ်လိုပဲ စီးပွားရှာလာလာ၊ ဘယ်လိုပင် ဆင်းရဲလာလာ အမေရိကားရောက်ရင် ဘယ်သူမှ မနှိမ်ပါဘူး။ ဒီနေရာမှာ ကိုယ်တတ်ထားတဲ့ ဘာသာစကား၊ ကိုယ်ပျိုးထောင်ထားတဲ့ ကိုယ်ကျင့်သီလ၊ ထိန်းသိမ်းထားတဲ့သိက္ခာတွေက လူ့အသိုင်းအဝိုင်းထဲက လူ့တန်ဖိုးကို ညွှန်းဆိုပါလိမ့်မယ်။
.
.
လူအများစုဟာ သမိုင်းကို ရေးတော့ရေးကြတာပါပဲ။ ဒါပေမယ့် ငယ်ငယ်တုန်းက စက်ဘီးမှောက်ခဲ့တဲ့ သမိုင်းကို အခု အမေရိကားရောက်မှ ဘယ်လိုပြင်လို့ရပါတော့မလဲ? ထည့်မရေးရင်လည်း သမိုင်းမမှန်၊ ထည့်မရေးပြန်တော့ လိမ်တယ် ညာတယ်ဖြစ် ဆိုတာ့ ဝိနည်းလွတ်အောင် အမှန်အတိုင်းဝန်ခံတာက စိတ်ရှင်းပါတယ်။
.
ဒုက္ခသည်အဖြစ်နဲ့လာတော့ရော ဘာဖြစ်လဲ? သမားရိုးကျလာနည်းလမ်းနဲ့ရောက်လာပြီး အမေရိကန်အစိုးရရဲ့ အခမဲ့ပေးတဲ့ ဝန်ဆောင်မှု၊ တန်ဖိုးသင့်ကျန်းမာရေးစောင့်ရှောက်မှု၊ အခမဲ့အစားအသောက်အထောက်အပံ့ စတာတွေကို မယူဖူးတဲ့သူ ရှိလို့လား။ ဒါကြောင့် အတူတူလို့ပြောရတာ ဖြစ်ပါတယ်။ ဘယ်သူမဆို သက်သာချင်တယ် .. မယူရင်သာရှိမယ် အလကားရချင်တယ် .. သက်တောင့်သက်သာအလုပ်လုပ်ချင်ကြတာပဲ မဟုတ်ပါလား?
.
.
ကျွန်တော်တို့ဟာ ငယ်ငယ်ကတည်းက ( ၆ ) လပ်ို္င်းမှာဖွင့်တဲ့ကျောင်းတက်တဲ့အသက်မမှီလို့ ( ၇ ) လပိုင်းမွေးနေ့သက္ကရာဇ်ကို ခုနှစ်ဂဏန်းရဲ့ခြေထောက်ကိုဖျက်၊ ရွှေထိုးထည့်ပြီး ( ၅ ) လပိုင်းမွေးတာဆိုပြီး တက်ခဲ့ရတဲ့ ပညာရေးစံနစ်ရဲ့ အလိမ်ဆိုးမွေ အညာဆိုးမွေ ကို ဒီဘက်မြေရောက်ပြီးမှ ဆက်ခံကြမလားဆိုတာ တွေးစရာဖြစ်စေပါတယ်။ မတတ်သာလို့ ညာရတယ်ဆိုတာမျိုးတွေကအစ သတိထားဖို့လိုပါတယ်။
.
ဒါကြောင့် အမှန်ပြောတာဟာ ဘယ်အသားအရေ၊ ဘယ်လူမျိုး၊ ဘယ်သာသာ၊ ဘယ်ယုံကြည်မှုနဲ့မဆို အံဝင်ခွင်ကျဖြစ်ရုံမက ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ပါအကြောင်းညီညွှတ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
.
ခင်လျက်
.
04-09-2016


No comments: