ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, September 9, 2017

လူမုန်း နတ်မုန်း အင်တာနက်အမုန်း

.
.
အရှေ့ဖျားကတိုက်တဲ့မုန်တိုင်းဟာ
အနောက်ဘက်ကမ်းကို မိုးတိမ်တွေနဲ့မှောင်မည်းစေတယ်
အဆင့် (၅) ထက်ပြင်းတာ ရာစုနှစ်မှာမတွေ့ခဲ့ရ
.
လူဦးရေ (၁၆ဝဝ) သာသာရှိတဲ့ ဘာမြူဒါကျွန်း
(၉၅%) ကုန်သွားပြီးသကာလ
သဘာဝက အင်တာနက်ထက် ရက်စက်လေသလား?
.
.
.
မုန်တိုင်းတိုက်က လေဖိအားမမျှတာကြောင့်
အမုန်းတရားပွားတာက Facebook ကြောင့်
သတင်းအမှားကားတာ လေလှိုင်းတွေကြောင့်
လူတကာဆီက လက်ကိုင်ဖုန်းတွေကြောင့်
.
ဒီနေရာမှာတော့
အင်တာနက်က သဘာဝထက်ရက်စက်လေရော့သလား?
.
.
.
အမည်းက အဖြူဖြစ်
အဖြူက အမည်းဖြစ်
.
လူမည်းက သမ္မတဖြစ်
လူဖြူက သမ္မတပြန်ဖြစ်
.
လက်လေးသစ်ဆံပင်နဲ့လူက နူကလီးယားပစ်တော့
အမုန်းအစစ်တွေထက် ခြိမ်းခြောက်တဲ့မိုးကြိုးပြန်ပစ်
.
လူတွေ စက်တွေ သတင်းတွေ စုန်းစုန်းနစ်
အင်တာနက်က သဘာဝအစစ်ထက် ရေထဲနစ်လေရော့သလား?
.
.
.
မုန်းလိုက်ဟ မုန်းလိုက်ကြ
မုန်တိုင်းအမုန်းတွေတိုက်လိုက်ကြ
နလံမထူတဲ့ အကြံတူတွေ တိုက်ခိုက်ကြ
အမုန်းတရား နဲ့ အင်တာနက်က သွေးတွေ ကြွ
.
အရှေ့ဘက်ကတိုက်တဲ့လေလှိုင်းက အနောက်ဘက် ခဏခဏကြွ
နယ်နိမိတ်မှာပြန့်နေရတဲ့ သွေး အစစ
ခံလိုက်ဦးပေါ့ မြန်မာတွေရဲ့ခေတ်အဆက်ဆက်က ဒုက္ခ
ပြောလို့မဝ ပြောလို့ကိုမဝ
အော် . . အကုသိုလ်အမြင်တွေနဲ့
ကတယ်ပြောလို့တကယ်ကို မဝ . .။
.
.
. ကိုညီညီ (တောင်ကြီး)
. 09-09-2017

No comments: