ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, July 21, 2019

စကားလံုးေတြမွာအေလးခ်ိန္ရွိတယ္

ကုိညီညီ (ေတာင္ၾကီး)
စကားလံုးေတြမွာ တကယ္အေလးခ်ိန္ရွိပါသလား? ရွိတယ္ဆိုသူေတြ စကားလံုးကိုဘယ္လိုခ်ိန္တြယ္ပါသလဲ? မရွိဘူးဆိုသူေတြေရာ ဘာနဲ႕ခ်ိန္လို႕ စကားလံုးေတြမွာအေလးခ်ိန္မရွိဘူးဆိုတာေျပာႏုိင္တာပါလဲ?

ဒီဘက္ႏုိင္ငံရဲ႕ဘာသာစကားနဲ႕ေရးထားတဲ႕စာအုပ္ေတြကုိဖတ္မိလာေတာ႕ သူတုိ႕ေျပာတဲ႕စကားလံုးေတြမွာအေလးခ်ိန္ရွိတာကိုသတိထားမိလာတယ္။ ေန႕စဥ္ေျပာတဲ႕တစ္ခ်ိဳ႕စကားေတြမွာေတာ႕ အေလးခ်ိန္မရွိပဲ ေပါ႕ပါးသြက္လက္ေနတာကိုပါသတိျပဳမိျပန္တယ္။

ဥပမာ "လူေတြကိုလူလိုျမင္ရမယ္။ လူတိုင္းမွာသူ႕တန္ဖိုးနဲ႕သူ Value ရွိတယ္" ဆိုတဲ႕စကားကေျပာလုိက္ေတာ႕တုိတုိေလးေပမဲ႕ ပိႆေလးနဲ႕ပစ္လုိက္သလို အေလးခ်ိန္စီးတယ္။ လူေတြကုိလူလို႕မျမင္သူေတြကိုမ်က္စိထဲတန္းျမင္လာေစတယ္။ လူေတြရဲ႕တန္ဖိုးကုိမသိပဲ အေပၚယံေရႊမႈန္အၾကဲလြန္ျပီး ဆားနဲ႕ဓါးလဲၾကလုိက္တဲ႕ တန္ဖိုးမဲ႕ဆက္ဆံျခင္းေတြေၾကာင္႕ အတိတ္တံခါးမွာေျခဖ်ားေထာက္ခိုနားရသလို အသိတရားရလာေစတယ္။

ဒီလိုမ်ိဳးေလးေလးပင္ပင္စကားေတြပဲေန႕တုိင္းေျပာၾကသလားဆိုေတာ႕ အေမရိကားမွာအျမဲဒီလိုမဟုတ္ပါဘူး။
"မင္းေနေကာင္းလား?-How're you doing?" - "အေျခအေနဘယ္လုိရွိသလဲ?-How's it going?" လို႕ လမ္းမွာေတြ႕သူကိုေမးျပီး ဒီကျပန္ေျဖမယ္လည္းလုပ္ေရာ ေမးတဲ႕သူက (၆) ေပအကြာေလာက္ေရာက္ေနျပီ။ အဲဒီေလာက္ေဝးမွေတာ႕ ေနေကာင္းပါတယ္/မေကာင္းပါဘူးလို႕ျပန္ေျဖေနလည္း သိပ္ထူးျခားေတာ႕မွာမဟုတ္ဘူးေလ။ ဒါေတြက အေလးခ်ိန္မရွိေပမဲ႕ အလုိက္သင္႕ေျပာရတဲ႕ႏႈတ္ဆက္စကားျဖစ္တာနဲ႕အညီ ေမးသူေရာ ေျဖသူေရာ ေန႕တုိင္းႏႈတ္ဆက္ၾကသူ လုပ္ေဖာ္ကိုင္ဘက္ေတြအားလံုးေက်နပ္ၾကည္ျဖဴၾကတယ္။ "I'm good" တစ္ခြန္းထဲလွမ္းေအာ္လိုက္ရင္ျပီးသြားေရာ . .။

ဒါေၾကာင္႕ မိမိေျပာတဲ႕စကားလံုးဟာအခ်ိန္တိုင္းအေလးခ်ိန္ရွိဖို႕မလိုေပမဲ႕ လိုအပ္တဲ႕အခ်ိန္မွာတန္ဖိုးထည္႕သြင္းတတ္တဲ႕အတတ္ကုိ "ပညာ" လို႕ေခၚပါတယ္။

လူေတြ႕အင္တာဗ်ဴးေျဖရင္ လို-တို-ရွင္း ခ်က္နဲ႕လက္နဲ႕-ကြက္တိ

စာခ်ဳပ္ခ်ဳပ္ဖုိ႕ညွိႏိႈင္းတဲ႕အခါ သူနည္းနည္းေလွ်ာ႕-ကိုယ္နည္းနည္းေပ်ာ႕

စင္ေပၚမွာေဟာတဲ႕အခါ ဟာသေလးေႏွာ-လူေတြအိပ္ေမာမက်ေအာင္ေျပာ

သူမ်ားသားသမီးေတာင္းရမ္းတဲ႕အခါ ေပးမယ္႕ေပး-ကိုယ္သာအရင္ေပးပါရေစလို႕သာေျပာ

လူေတြကုိကူညီတဲ႕အခါ မိမိကုိယ္က်ိဳးမပါတာ မိမိကုိယ္တိုင္အျမဲသိေနပါေစ ဆုိတဲ႕အပိုင္းအျခား-Category ေတြဟာ အေလးခ်ိန္ရွိတဲ႕စကားေျပာတဲ႕နည္းေတြျဖစ္ပါတယ္။

လူနဲ႕တိရိစာၦန္ကိုခြဲျခားထားတဲ႕အခ်က္ေတြထဲမွာ အလွအပတရားကိုခံစားတတ္တာတစ္ခုအပါအဝင္ပါ။ ဒီ ဝိေသသနဲ႕အညီ လူေတြဟာ လွတာကိုၾကိဳက္တယ္။ ခ်ိဳတာကိုၾကိဳက္တယ္။ ရရွိတာကိုၾကိဳက္ပါတယ္။ ဒါေၾကာင္႕ "စကားလံုးေတြကိုအေလးခ်ိန္ပါေအာင္ေျပာတတ္ရင္"

မ်က္ႏွာလွရံုမက ႏွလံုးသားပါ လွလာပါမယ္

စကားခ်ိဳလာရံုမက မေနာခ်ိဳလာပါမယ္

မိမိလိုခ်င္တာမွန္သမွ် "တန္ဖိုးရွိရွိ" ရလာပါလိမ္႕မယ္။

စမ္းၾကည္႕လိုက္ၾကပါ။

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
07-21-2019

Unicode Version:

 "စကားလုံးတွေမှာအလေးချိန်ရှိတယ်"
          စကားလုံးတွေမှာ တကယ်အလေးချိန်ရှိပါသလား? ရှိတယ်ဆိုသူတွေ စကားလုံးကိုဘယ်လိုချိန်တွယ်ပါသလဲ? မရှိဘူးဆိုသူတွေရော ဘာနဲ့ချိန်လို့ စကားလုံးတွေမှာအလေးချိန်မရှိဘူးဆိုတာပြောနိုင်တာပါလဲ?

           ဒီဘက်နိုင်ငံရဲ့ဘာသာစကားနဲ့ရေးထားတဲ့စာအုပ်တွေကိုဖတ်မိလာတော့ သူတို့ပြောတဲ့စကားလုံးတွေမှာအလေးချိန်ရှိတာကိုသတိထားမိလာတယ်။ နေ့စဉ်ပြောတဲ့တစ်ချို့စကားတွေမှာတော့ အလေးချိန်မရှိပဲ ပေါ့ပါးသွက်လက်နေတာကိုပါသတိပြုမိပြန်တယ်။

         ဥပမာ "လူတွေကိုလူလိုမြင်ရမယ်။ လူတိုင်းမှာသူ့တန်ဖိုးနဲ့သူ Value ရှိတယ်" ဆိုတဲ့စကားကပြောလိုက်တော့တိုတိုလေးပေမဲ့ ပိဿလေးနဲ့ပစ်လိုက်သလို အလေးချိန်စီးတယ်။ လူတွေကိုလူလို့မမြင်သူတွေကိုမျက်စိထဲတန်းမြင်လာစေတယ်။ လူတွေရဲ့တန်ဖိုးကိုမသိပဲ အပေါ်ယံရွှေမှုန်အကြဲလွန်ပြီး ဆားနဲ့ဓါးလဲကြလိုက်တဲ့ တန်ဖိုးမဲ့ဆက်ဆံခြင်းတွေကြောင့် အတိတ်တံခါးမှာခြေဖျားထောက်ခိုနားရသလို အသိတရားရလာစေတယ်။

          ဒီလိုမျိုးလေးလေးပင်ပင်စကားတွေပဲနေ့တိုင်းပြောကြသလားဆိုတော့ အမေရိကားမှာအမြဲဒီလိုမဟုတ်ပါဘူး။

          "မင်းနေကောင်းလား?-How're you doing?" - "အခြေအနေဘယ်လိုရှိသလဲ?-How's it going?" လို့ လမ်းမှာတွေ့သူကိုမေးပြီး ဒီကပြန်ဖြေမယ်လည်းလုပ်ရော မေးတဲ့သူက (၆) ပေအကွာလောက်ရောက်နေပြီ။ အဲဒီလောက်ဝေးမှတော့ နေကောင်းပါတယ်/မကောင်းပါဘူးလို့ပြန်ဖြေနေလည်း သိပ်ထူးခြားတော့မှာမဟုတ်ဘူးလေ။ ဒါတွေက အလေးချိန်မရှိပေမဲ့ အလိုက်သင့်ပြောရတဲ့နှုတ်ဆက်စကားဖြစ်တာနဲ့အညီ မေးသူရော ဖြေသူရော နေ့တိုင်းနှုတ်ဆက်ကြသူ လုပ်ဖော်ကိုင်ဘက်တွေအားလုံးကျေနပ်ကြည်ဖြူကြတယ်။ "I'm good" တစ်ခွန်းထဲလှမ်းအော်လိုက်ရင်ပြီးသွားရော . .။

          ဒါကြောင့် မိမိပြောတဲ့စကားလုံးဟာအချိန်တိုင်းအလေးချိန်ရှိဖို့မလိုပေမဲ့ လိုအပ်တဲ့အချိန်မှာတန်ဖိုးထည့်သွင်းတတ်တဲ့အတတ်ကို "ပညာ" လို့ခေါ်ပါတယ်။

လူတွေ့အင်တာဗျူးဖြေရင် လို-တို-ရှင်း ချက်နဲ့လက်နဲ့-ကွက်တိ

စာချုပ်ချုပ်ဖို့ညှိနှိုင်းတဲ့အခါ သူနည်းနည်းလျှော့-ကိုယ်နည်းနည်းပျော့

စင်ပေါ်မှာဟောတဲ့အခါ ဟာသလေးနှော-လူတွေအိပ်မောမကျအောင်ပြော

သူများသားသမီးတောင်းရမ်းတဲ့အခါ ပေးမယ့်ပေး-ကိုယ်သာအရင်ပေးပါရစေလို့သာပြော

လူတွေကိုကူညီတဲ့အခါ မိမိကိုယ်ကျိုးမပါတာ မိမိကိုယ်တိုင်အမြဲသိနေပါစေ ဆိုတဲ့အပိုင်းအခြား-Category တွေဟာ အလေးချိန်ရှိတဲ့စကားပြောတဲ့နည်းတွေဖြစ်ပါတယ်။

          လူနဲ့တိရိစ္ဆာန်ကိုခွဲခြားထားတဲ့အချက်တွေထဲမှာ အလှအပတရားကိုခံစားတတ်တာတစ်ခုအပါအဝင်ပါ။ ဒီ ဝိသေသနဲ့အညီ လူတွေဟာ လှတာကိုကြိုက်တယ်။ ချိုတာကိုကြိုက်တယ်။ ရရှိတာကိုကြိုက်ပါတယ်။ ဒါကြောင့် "စကားလုံးတွေကိုအလေးချိန်ပါအောင်ပြောတတ်ရင်"

မျက်နှာလှရုံမက နှလုံးသားပါ လှလာပါမယ်

စကားချိုလာရုံမက မေနာချိုလာပါမယ်

မိမိလိုချင်တာမှန်သမျှ "တန်ဖိုးရှိရှိ" ရလာပါလိမ့်မယ်။

စမ်းကြည့်လိုက်ကြပါ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
07-21-2019


No comments: