ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, March 20, 2020

ခရိုနာအငြိ ဆန်ဖရန် နဲ့ L.A အရှိအခြေအနေ (March 20th, 2020)

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)


တစ်ကမ္ဘာလုံးပတ်မွှေတဲ့ ခရိုနာအဆုတ်ပြွန်လူသတ်ပိုးဟာ ပင်လယ်အော်ဒေသကိုအခြေချလာတဲ့အခါ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးက အိမ်မှာနေဖို့ Shelter in Place အမိန့်အရ မလိုအပ်ဘဲ အပြင်မထွက်ဖို့တားမြစ်ထားပါတယ်။

ဒီအခြေအနေကြားမှာကို ကျွန်တော်ဟာ မဖြစ်မနေခရီးထွက်ခဲ့ရတာမို့လို့ အတွေ့အကြုံတစ်ချို့ နဲ့ ဆန်ဖရန်စစ္စကို နဲ့ L.A တို့ရဲ့လက်ရှိအခြေအနေကို ရေးပြချင်ပါတယ်။

ၐၐၐ ညသန်းခေါင်ယံကျော်ရင် မသွားမဖြစ်ကိစ္စကလွှဲရင် မထွက်ရဆိုလို့ မနက်မလင်းခင်ထွက်ပါတယ်။ သွားရမယ့်ခရီးက () နာရီမောင်းစရာ UCLA ကျောင်းရှိရာ L.A မြို့ကိုပါ။ အစပိုင်းက လူတွေပြောသလို ညမထွက်ရ မာရှယ်လော . . ဘာ . . ညာ လို့ထင်ပြီး စစ်ဆေးမယ့် တိုးဂိတ်တွေမှာ ခရီးထွက်ရတဲ့အကြောင်းရင်းကိုပြရမယ်ထင်ထားတာ ဘာတိုးဂိတ်မှမရှိပါဘူး။

ၐၐၐ Governor ပြောထားတဲ့ Shelter in Place ခရိုင် () ခုကို ကျော်မောင်းပြီးမှသာ L.A ကို ဦးတည်ခေါ်ဆောင်သွားမယ့် အဝေးပြေးလမ်းအမှတ် () I-5 ကိုရောက်ပါတယ်။ ဘာအတားအဆီးမှမရှိပါ။ ထူးခြားတာကတော့ကားလမ်းတွေပေါ်မှာ ကားအရေအတွက် အင်မတန်နည်းပါးနေတာပါပဲ။

ၐၐၐ လမ်းခရီးမှာ စားသောက်ဆိုင်တွေဖွင့်ပါတယ်။ အစားအသောက်ဝင်ဝယ်လို့ရပါတယ်။ ထိုင်စားဖို့နေရာတွေ၊ ထိုင်ခုံတွေ၊ စားပွဲတွေကို တိတ်အဝါပတ်ထားပြီး ချိတ်ပိတ်ထားပါတယ်။

ၐၐၐ ဓါတ်ဆီဆိုင်တွေဖွင့်ပါတယ်။ ကမ္ဘာ့ရေနံဈေးကျလို့ မြို့တွေမှာ ဓါတ်ဆီဆေးကျပေမဲ့ လမ်းမှာ ဓါတ်ဆီဈေးအင်မတန်ကြီးပါတယ်။ အိမ်သာဝင်တက်ဖို့ စောင့်ရဖို့လူတန်းရှည်တွေမရှိတော့ပါ။

ၐၐၐ L.A မြို့ဝင်တာနဲ့ကားတွေများလာပါတယ်။ ၁၉ ရက်နေ့သွားတာဆိုတော့ L.A ကို Shelter in Place သက်ရောက်မှုမရှိသေးပါဘူး။ ဒါပေမဲ့ အမြဲလိုလို ကျောင်းသား (၄ဝဝဝဝ) လောက်နေ့တိုင်းလှုပ်ရှားနေတဲ့ UCLA ရဲ့ (၁၉/ဝ၃/၂ဝ) အခြေအနေအရ နောက်ဆုံးဖိုင်နယ်စာမေးပွဲသီတင်းပတ်ဖြစ်တာနဲ့အညီ ကျောင်းသား (၁ဝဝဝဝ) လောက်တောင်မကျန်တော့ပါဘူး။ (တစ်ချို့ဖြေပြီး၊ တစ်ချို့အွန်လိုင်းတင်၊ တစ်ချို့အိမ်ကြိုပြန်)

ၐၐၐ UCLA ရဲ့ ဘူဖေးလ်အစားအသောက်တန်း-Cafeteria မှာ အမြဲလိုလိုကျောင်းသားတွေနဲ့ပြည့်လျှံဆူညံနေတဲ့ ထမင်းစားဖို့စားပွဲခုံ၊ ထိုင်ခုံတန်းတွေကိုထောင့်မှာကပ်ထားပြီး လူထိုင်စားခွင့်မပေးပါဘူး။ ကျောင်းသားအားလုံးဟာလည်း () ပေအကွာမှာတန်းစီပြီး ကိုယ့်အလှည့်ရောက်တာနဲ့ အစားအသောက်ကို Take Out ယူလာပြီး ကိုယ့်အဆောင်မှာကိုယ်ပြန်စားကြပါတယ်။

ၐၐၐ အပြန်လမ်းမှာထူးဆန်းတာက I-5 လမ်းတစ်လျှောက် ကုန်တင်တဲ့ ကွန်တိန်နာအလုံပိတ်ကားတွေ () လောက်များလာတာပါပဲ။ ကားကြီးများတော့ () စီးသွားလမ်းမှာ အရှေ့ကားကနှေးနေရင် ကျော်တက်ရခက်ပါတယ်။ (ဒါကြောင့် အချိန်တစ်ခုတော့စောင့်ပါ။ ကုန်စုံဆိုင်တွေမှာ ကြောက်လန့်တကြားအပိုဝယ်ယူမှု-Panic Buying ကြောင့်ပြတ်လပ်နေတဲ့ပစ္စည်းတွေအတွက် ကုန်စိမ်း၊ လူသုံးကုန်၊ အစားအသောက်ကုမ္ပဏီတွေ အသည်းအသန်ကြိုးပမ်းနေပါတယ်)

ၐၐၐ (အပြန်ခရီးညနေပိုင်းမှာ) Governor က Stay-at-Home အမိန့်ကိုထုတ်ပြန်ပြီး ကယ်လီဖိုးနီးယားတစ်ပြည်နယ်လုံးကို COVID-19 ပြန့်ပွားမှုကိုတားဆီးနိုင်ဖို့လုပ်ဆောင်နေပါတယ်။ လူခြေတိတ်သွားတဲ့ဆန်ဖရန်လို L.A မှာ အသွားအလာနည်းပါးသွားဖို့ရှိပါတယ်။

ၐၐၐ လမ်းခရီးတစ်လျှောက် အသွားရော အပြန်ရော မောင်းချိန်ပြ ဒစ်ဂျစ်တယ်ဆိုင်းဘုဒ်တွေမှာ "လူချင်းဝေးကွာနေထိုင်ခြင်းကိုဆက်လက်ထိန်းသိမ်းပါ။ ကိုဗစ်-၁၉ ကိုတိုက်ထုတ်ကြစို့" လို့ အဓိပ္ပာယ်ရတဲ့ "Maintain Social Distance. Beat COVID-19" ဆိုပြီးရေးထားတဲ့တိုင်တွေ အတိုင် (၃ဝ) လောက်တွေ့ပါတယ်။

ၐၐၐ ဆန်ဖရန်မြို့ဘက်ကအရင်တုန်းကလူစည်သလောက်ကျဲပါးသွားတဲ့လုပ်ငန်းတွေနဲ့လူသွားလူလာမရှိတဲ့အဆောက်အဦပုံတွေကို အိမ်ကတီဗွီမှာအမြဲမြင်နေရတယ်။ ဆီလီကွန်လွင်ပြင်မြို့တော်ဆန်ဟိုဆေးမြို့မှာ SJPD ရဲတပ်ဖွဲ့က လုပ်ငန်းရှင် (၆ဝ) ကို တားမြစ်ထားတဲ့ကြားက အမိန့်ကိုလွန်ဆန်ပြီး အလုပ်ဖွင့်နေတဲ့အတွက်ပြင်းထန်တဲ့သတိပေးစာတွေပေးခဲ့တယ်။ နောက်နေ့ထပ်စစ်လို့မှအလုပ်ထပ်ဖွင့်နေသေးရင် ဒဏ်ရိုက်မယ်/ထပ်ကျူးလွန်ရင်လုပ်ငန်းလိုင်စင်သိမ်းမယ်လို့ ရဲမှူးကပြောပါတယ်။

ၐၐၐ မြန်မာအနေများတဲ့ အလာမိဒါခရိုင်-Alameda County မှာ စားသောက်ဆိုင် (ထိုင်စား) အားလုံးနီးပါးပိတ်ရတယ်။ လခရပြီးအလုပ်နားရတဲ့အလုပ်သမားဦးရေကမဖြစ်စလောက်နည်းနည်းလေး။ ဆိုင်မဖွင့်ရလို့ အလုပ်ပြုတ်မလိုလို နားနေရတဲ့သူတွေထဲမှာ အလည်လာပြီးမပြန်သေးဘဲ ခရီးစားရိတ်ရှာနေသူတွေ အခက်အခဲဖြစ်နေကြပါတယ်။

ၐၐၐ အလာမိဒါခရိုင်ကစာတစ်စောင်ထွက်တဲ့အထဲမှာ မြို့အသီးသီးကပိတ်ထားတဲ့စားသောက်ဆိုင်တွေမှာ To Go အတွက်ဆိုင်ဖွင့်ပေးထားတယ်။ သူတို့ရဲ့စီးပွားရေးဟာ မထင်ရလောက်အောင်အနာဂါတ်မဲ့နေတယ်။ ဒါကိုကျားကန်ပေးတဲ့အနေနဲ့ Shelter in Place အိမ်တွင်းပုန်းနေကြသူတွေက သူတို့ကြိုက်တဲ့အစားအသောက်တွေကို App တွေအသုံးပြုပြီးမှာယူစားသောက်ရင်း ဆက်လက်အားပေးကြပါလို့ရေးထားတဲ့အပြင် ဖွင့်တဲ့ဆိုင်စာရင်းနဲ့ဖုန်းနံပါတ်တွေကိုပါရေးထားပေးပါတယ်။

ၐၐၐ ဆန်ဖရန်ဘက်တစ်ကြောမှာ အလုပ်ခွင်အနေအထားက တစ်ချို့လုပ်ခခံစားခွင့်နဲ့အိမ်ကနေအလုပ်လုပ် Work from Home တစ်ချို့ လုပ်ခခံစားခွင့်နဲ့ အလုပ် (-) ပတ်ပိတ်၊ တစ်ချို့ လူတစ်ဝက်အလုပ်တက် နောက်လူတစ်ဝက် တစ်ပတ်ခြားအလုပ်ဆင်း၊ စာရွက်စာတမ်းမရှိသူ တရားဝင်အလုပ်လုပ်ခွင့်မရသူ တွယ်ကပ်နေသူတွေအခက်တွေ့။

ၐၐၐ အခုလို အလုပ်လက်မဲ့လှိုင်းအရိုက်ကြမ်းချိန်မှာ အလုပ်ခွင်နေရာအသစ်တွေခေါ်နေတာက Amazon လစ်လပ်နေရာ (၁ဝဝ,ဝဝဝ) Walmart လစ်လပ်နေရာ (၁၅ဝ,ဝဝဝ) Costco Target ကုန်စုံဆိုင်ကြီးတွေအပြင် သယ်ယူပို့ဆောင်ရေးကုမ္ပဏီ UPS နဲ့ FedEx တို့က ခရိုနာဗိုင်းရပ်စ်ကြောင့်လိုအပ်လာတဲ့ ကုန်ပစ္စည်းဖြည့်တင်းဖို့ကွက်လပ်အတွက် အပူတပြင်းလုပ်သားရှာဖွေနေပါတယ်။ နာရီစားလည်းတိုးပေးနေပါတယ်။ (အဆိုပါကုမ္ပဏီတွေမှာ အလည်ပတ်နဲ့လူသူတွေအလုပ်ခန့်လေ့မရှိပါ)

ၐၐၐ မှတ်ချက် ။။။။။။။။။။ ဒီခရီးသွားဆောင်းပါးကို အိမ်ကအထွက်နဲ့ အိမ်ပြန်အရောက် (၁၃) နာရီ နေ့ချင်းပြီးအသွားအပြန်အတွေ့အကြုံကိုအခြေခံရေးပြတာဖြစ်ပါတယ်။ သတင်းတွေက လူတိုင်းအင်တာနက်ကနေဖတ်ပြီးငြင်းခုံနေကြတာတွေကိုရှောင်ကျဉ်ဖို့ တီဗွီသတင်းတွေကို ကိုးကားပြီးရေးပါတယ်။ သုံးထားတဲ့ပုံတွေကတော့လမ်းမှာ ကွန်တိန်နာကားတမ်းရှည်တွေကိုမှတ်တမ်းတင်ထားတဲ့ကိုယ်တိုင်ရိုက်ပုံဖြစ်ပါကြောင်း။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
03-20-2020


<Zawgyi>

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
"ခရိုနာအၿငိ ဆန္ဖရန္ နဲ႔ L.A အရွိအေျခအေန (March 20th, 2020)"
         တစ္ကမၻာလုံးပတ္ေမႊတဲ့ ခရိုနာအဆုတ္ႁပြန္လူသတ္ပိုးဟာ ပင္လယ္ေအာ္ေဒသကိုအေျခခ်လာတဲ့အခါ ကယ္လီဖိုးနီးယားျပည္နယ္အုပ္ခ်ဳပ္ေရးမႉးက အိမ္မွာေနဖို႔ Shelter in Place အမိန႔္အရ မလိုအပ္ဘဲ အျပင္မထြက္ဖို႔တားျမစ္ထားပါတယ္။

          ဒီအေျခအေနၾကားမွာကို ကၽြန္ေတာ္ဟာ မျဖစ္မေနခရီးထြက္ခဲ့ရတာမို႔လို႔ အေတြ႕အၾကဳံတစ္ခ်ိဳ႕ နဲ႔ ဆန္ဖရန္စစၥကို နဲ႔ L.A တို႔ရဲ့လက္ရွိအေျခအေနကို ေရးျပခ်င္ပါတယ္။

ၐၐၐ ညသန္းေခါင္ယံေက်ာ္ရင္ မသြားမျဖစ္ကိစၥကလႊဲရင္ မထြက္ရဆိုလို႔ မနက္မလင္းခင္ထြက္ပါတယ္။ သြားရမယ့္ခရီးက (၅) နာရီေမာင္းစရာ UCLA ေက်ာင္းရွိရာ L.A ၿမိဳ႕ကိုပါ။ အစပိုင္းက လူေတြေျပာသလို ညမထြက္ရ မာရွယ္ေလာ . . ဘာ . . ညာ လို႔ထင္ၿပီး စစ္ေဆးမယ့္ တိုးဂိတ္ေတြမွာ ခရီးထြက္ရတဲ့အေၾကာင္းရင္းကိုျပရမယ္ထင္ထားတာ ဘာတိုးဂိတ္မွမရွိပါဘူး။

ၐၐၐ Governor ေျပာထားတဲ့ Shelter in Place ခရိုင္ (၆) ခုကို ေက်ာ္ေမာင္းၿပီးမွသာ L.A ကို ဦးတည္ေခၚေဆာင္သြားမယ့္ အေဝးေျပးလမ္းအမွတ္ (၅) I-5 ကိုေရာက္ပါတယ္။ ဘာအတားအဆီးမွမရွိပါ။ ထူးျခားတာကေတာ့ကားလမ္းေတြေပၚမွာ ကားအေရအတြက္ အင္မတန္နည္းပါးေနတာပါပဲ။

ၐၐၐ လမ္းခရီးမွာ စားေသာက္ဆိုင္ေတြဖြင့္ပါတယ္။ အစားအေသာက္ဝင္ဝယ္လို႔ရပါတယ္။ ထိုင္စားဖို႔ေနရာေတြ၊ ထိုင္ခုံေတြ၊ စားပြဲေတြကို တိတ္အဝါပတ္ထားၿပီး ခ်ိတ္ပိတ္ထားပါတယ္။

ၐၐၐ ဓါတ္ဆီဆိုင္ေတြဖြင့္ပါတယ္။ ကမၻာ့ေရနံေဈးက်လို႔ ၿမိဳ႕ေတြမွာ ဓါတ္ဆီေဆးက်ေပမဲ့ လမ္းမွာ ဓါတ္ဆီေဈးအင္မတန္ႀကီးပါတယ္။ အိမ္သာဝင္တက္ဖို႔ ေစာင့္ရဖို႔လူတန္းရွည္ေတြမရွိေတာ့ပါ။

ၐၐၐ L.A ၿမိဳ႕ဝင္တာနဲ႔ကားေတြမ်ားလာပါတယ္။ ၁၉ ရက္ေန႔သြားတာဆိုေတာ့ L.A ကို Shelter in Place သက္ေရာက္မႈမရွိေသးပါဘူး။ ဒါေပမဲ့ အျမဲလိုလို ေက်ာင္းသား (၄ဝဝဝဝ) ေလာက္ေန႔တိုင္းလႈပ္ရွားေနတဲ့ UCLA ရဲ့ (၁၉/ဝ၃/၂ဝ) အေျခအေနအရ ေနာက္ဆုံးဖိုင္နယ္စာေမးပြဲသီတင္းပတ္ျဖစ္တာနဲ႔အညီ ေက်ာင္းသား (၁ဝဝဝဝ) ေလာက္ေတာင္မက်န္ေတာ့ပါဘူး။ (တစ္ခ်ိဳ႕ေျဖၿပီး၊ တစ္ခ်ိဳ႕အြန္လိုင္းတင္၊ တစ္ခ်ိဳ႕အိမ္ႀကိဳျပန္)

ၐၐၐ UCLA ရဲ့ ဘူေဖးလ္အစားအေသာက္တန္း-Cafeteria မွာ အျမဲလိုလိုေက်ာင္းသားေတြနဲ႔ျပည့္လၽွံဆူညံေနတဲ့ ထမင္းစားဖို႔စားပြဲခုံ၊ ထိုင္ခုံတန္းေတြကိုေထာင့္မွာကပ္ထားၿပီး လူထိုင္စားခြင့္မေပးပါဘူး။ ေက်ာင္းသားအားလုံးဟာလည္း (၆) ေပအကြာမွာတန္းစီၿပီး ကိုယ့္အလွည့္ေရာက္တာနဲ႔ အစားအေသာက္ကို Take Out ယူလာၿပီး ကိုယ့္အေဆာင္မွာကိုယ္ျပန္စားၾကပါတယ္။

ၐၐၐ အျပန္လမ္းမွာထူးဆန္းတာက I-5 လမ္းတစ္ေလၽွာက္ ကုန္တင္တဲ့ ကြန္တိန္နာအလုံပိတ္ကားေတြ (၃) ဆ ေလာက္မ်ားလာတာပါပဲ။ ကားႀကီးမ်ားေတာ့ (၂) စီးသြားလမ္းမွာ အေရွ႕ကားကေႏွးေနရင္ ေက်ာ္တက္ရခက္ပါတယ္။ (ဒါေၾကာင့္ အခ်ိန္တစ္ခုေတာ့ေစာင့္ပါ။ ကုန္စုံဆိုင္ေတြမွာ ေၾကာက္လန႔္တၾကားအပိုဝယ္ယူမႈ-Panic Buying ေၾကာင့္ျပတ္လပ္ေနတဲ့ပစၥည္းေတြအတြက္ ကုန္စိမ္း၊ လူသုံးကုန္၊ အစားအေသာက္ကုမၸဏီေတြ အသည္းအသန္ႀကိဳးပမ္းေနပါတယ္)

ၐၐၐ (အျပန္ခရီးညေနပိုင္းမွာ) Governor က Stay-at-Home အမိန႔္ကိုထုတ္ျပန္ၿပီး ကယ္လီဖိုးနီးယားတစ္ျပည္နယ္လုံးကို COVID-19 ျပန႔္ပြားမႈကိုတားဆီးနိုင္ဖို႔လုပ္ေဆာင္ေနပါတယ္။ လူေျခတိတ္သြားတဲ့ဆန္ဖရန္လို L.A မွာ အသြားအလာနည္းပါးသြားဖို႔ရွိပါတယ္။

ၐၐၐ လမ္းခရီးတစ္ေလၽွာက္ အသြားေရာ အျပန္ေရာ ေမာင္းခ်ိန္ၿပ ဒစ္ဂ်စ္တယ္ဆိုင္းဘုဒ္ေတြမွာ "လူခ်င္းေဝးကြာေနထိုင္ျခင္းကိုဆက္လက္ထိန္းသိမ္းပါ။ ကိုဗစ္-၁၉ ကိုတိုက္ထုတ္ၾကစို႔" လို႔ အဓိပၸာယ္ရတဲ့ "Maintain Social Distance. Beat COVID-19" ဆိုၿပီးေရးထားတဲ့တိုင္ေတြ အတိုင္ (၃ဝ) ေလာက္ေတြ႕ပါတယ္။

ၐၐၐ ဆန္ဖရန္ၿမိဳ႕ဘက္ကအရင္တုန္းကလူစည္သေလာက္က်ဲပါးသြားတဲ့လုပ္ငန္းေတြနဲ႔လူသြားလူလာမရွိတဲ့အေဆာက္အဦပုံေတြကို အိမ္ကတီဗြီမွာအျမဲျမင္ေနရတယ္။ ဆီလီကြန္လြင္ျပင္ၿမိဳ႕ေတာ္ဆန္ဟိုေဆးၿမိဳ႕မွာ SJPD ရဲတပ္ဖြဲ႕က လုပ္ငန္းရွင္ (၆ဝ) ကို တားျမစ္ထားတဲ့ၾကားက အမိန႔္ကိုလြန္ဆန္ၿပီး အလုပ္ဖြင့္ေနတဲ့အတြက္ျပင္းထန္တဲ့သတိေပးစာေတြေပးခဲ့တယ္။ ေနာက္ေန႔ထပ္စစ္လို႔မွအလုပ္ထပ္ဖြင့္ေနေသးရင္ ဒဏ္ရိုက္မယ္/ထပ္က်ဴးလြန္ရင္လုပ္ငန္းလိုင္စင္သိမ္းမယ္လို႔ ရဲမႉးကေျပာပါတယ္။

ၐၐၐ ျမန္မာအေနမ်ားတဲ့ အလာမိဒါခရိုင္-Alameda County မွာ စားေသာက္ဆိုင္ (ထိုင္စား) အားလုံးနီးပါးပိတ္ရတယ္။ လခရၿပီးအလုပ္နားရတဲ့အလုပ္သမားဦးေရကမျဖစ္စေလာက္နည္းနည္းေလး။ ဆိုင္မဖြင့္ရလို႔ အလုပ္ျပဳတ္မလိုလို နားေနရတဲ့သူေတြထဲမွာ အလည္လာၿပီးမျပန္ေသးဘဲ ခရီးစားရိတ္ရွာေနသူေတြ အခက္အခဲျဖစ္ေနၾကပါတယ္။

ၐၐၐ အလာမိဒါခရိုင္ကစာတစ္ေစာင္ထြက္တဲ့အထဲမွာ ၿမိဳ႕အသီးသီးကပိတ္ထားတဲ့စားေသာက္ဆိုင္ေတြမွာ To Go အတြက္ဆိုင္ဖြင့္ေပးထားတယ္။ သူတို႔ရဲ့စီးပြားေရးဟာ မထင္ရေလာက္ေအာင္အနာဂါတ္မဲ့ေနတယ္။ ဒါကိုက်ားကန္ေပးတဲ့အေနနဲ႔ Shelter in Place အိမ္တြင္းပုန္းေနၾကသူေတြက သူတို႔ႀကိဳက္တဲ့အစားအေသာက္ေတြကို App ေတြအသုံးျပဳၿပီးမွာယူစားေသာက္ရင္း ဆက္လက္အားေပးၾကပါလို႔ေရးထားတဲ့အျပင္ ဖြင့္တဲ့ဆိုင္စာရင္းနဲ႔ဖုန္းနံပါတ္ေတြကိုပါေရးထားေပးပါတယ္။

ၐၐၐ ဆန္ဖရန္ဘက္တစ္ေၾကာမွာ အလုပ္ခြင္အေနအထားက တစ္ခ်ိဳ႕လုပ္ခခံစားခြင့္နဲ႔အိမ္ကေနအလုပ္လုပ္ Work from Home ၊ တစ္ခ်ိဳ႕ လုပ္ခခံစားခြင့္နဲ႔ အလုပ္ (၂-၃) ပတ္ပိတ္၊ တစ္ခ်ိဳ႕ လူတစ္ဝက္အလုပ္တက္ ေနာက္လူတစ္ဝက္ တစ္ပတ္ျခားအလုပ္ဆင္း၊ စာရြက္စာတမ္းမရွိသူ တရားဝင္အလုပ္လုပ္ခြင့္မရသူ တြယ္ကပ္ေနသူေတြအခက္ေတြ႕။

ၐၐၐ အခုလို အလုပ္လက္မဲ့လွိုင္းအရိုက္ၾကမ္းခ်ိန္မွာ အလုပ္ခြင္ေနရာအသစ္ေတြေခၚေနတာက Amazon လစ္လပ္ေနရာ (၁ဝဝ,ဝဝဝ) ၊ Walmart လစ္လပ္ေနရာ (၁၅ဝ,ဝဝဝ) ၊ Costco ၊ Target ကုန္စုံဆိုင္ႀကီးေတြအျပင္ သယ္ယူပို႔ေဆာင္ေရးကုမၸဏီ UPS နဲ႔ FedEx တို႔က ခရိုနာဗိုင္းရပ္စ္ေၾကာင့္လိုအပ္လာတဲ့ ကုန္ပစၥည္းျဖည့္တင္းဖို႔ကြက္လပ္အတြက္ အပူတျပင္းလုပ္သားရွာေဖြေနပါတယ္။ နာရီစားလည္းတိုးေပးေနပါတယ္။ (အဆိုပါကုမၸဏီေတြမွာ အလည္ပတ္နဲ႔လူသူေတြအလုပ္ခန႔္ေလ့မရွိပါ)

ၐၐၐ မွတ္ခ်က္ ။။။။။။။။။။ ဒီခရီးသြားေဆာင္းပါးကို အိမ္ကအထြက္နဲ႔ အိမ္ျပန္အေရာက္ (၁၃) နာရီ ေန႔ခ်င္းၿပီးအသြားအျပန္အေတြ႕အၾကဳံကိုအေျခခံေရးျပတာျဖစ္ပါတယ္။ သတင္းေတြက လူတိုင္းအင္တာနက္ကေနဖတ္ၿပီးျငင္းခုံေနၾကတာေတြကိုေရွာင္က်ဥ္ဖို႔ တီဗြီသတင္းေတြကို ကိုးကားၿပီးေရးပါတယ္။ သုံးထားတဲ့ပုံေတြကေတာ့လမ္းမွာ ကြန္တိန္နာကားတမ္းရွည္ေတြကိုမွတ္တမ္းတင္ထားတဲ့ကိုယ္တိုင္ရိုက္ပုံျဖစ္ပါေၾကာင္း။

ခင္လ်က္
ကိုညီညီ (ေတာင္ႀကီး)
03-20-2020

No comments: