ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, September 25, 2015

အေမရိကားကိုတစ္ကယ္လာျဖစ္မယ္ဆိုရင္ .. မွာခ်င္တယ္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
.
အိမ္တြင္းမေနသာေတာ႕ အိမ္ျပင္ထြက္ရတယ္ ဆုိသလို ျမန္မာႏုိင္ငံကေန ျပည္ပကုိ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႕ သြားေရာက္ခ်င္သူေတြ အမ်ားၾကီးရွိပါတယ္။ ဒီထဲက နယ္စပ္ျဖတ္ေက်ာ္အိမ္နီးနားခ်င္းႏုိင္ငံေတြကို ဝင္သြားၾကသူေတြရွိသလို ေလယာဥ္ၾကီးစီးျပီး ေဝးသထက္ေဝးေအာင္ ထြက္ခြာသြားၾကသူေတြ ဒုနဲ႕ေဒးပါ။
.
လူအမ်ိဳးမ်ိဳးက ေနရာသစ္အသီးသီးကုိ ေျပာင္းေရႊ႕ဝမ္းစာရွာၾကတယ္။ ဒီထဲမွာ တစ္ခ်ိဳ႕က ေအာက္သက္ေက် အေသအခ်ာျပင္ဆင္လာတယ္ .. တစ္ခ်ိဳ႕က မရွိတဲ႕ဘဝင္ကိုမွ ေခါင္းေပၚတင္လာၾကတယ္။ “ ထင္သလိုမျဖစ္တဲ႕အခ်ိန္မွာ ျဖစ္သလိုသာ ေနသြားၾကရမွာပဲ ” ဆိုတဲ႕ ငယ္ငယ္တုန္းက သူငယ္ခ်င္းတစ္ေယာက္ေရးတဲ႕ သီခ်င္းစာသားလို ရင္ဆိုင္ဖို႕ အသင္႕မရွိၾကသူေတြအတြက္ေတာ႕ ဒီလိုဆင္ေျခေတြက အျမဲရွိေနမွာပါပဲ။
.
“ မတတ္အပ္တဲ႕ပညာမရွိဘူး၊ မသံုးအပ္တဲ႕ပညာပဲရွိတယ္ ” ဆုိတဲ႕စကားကုိ ဘယ္ပညာရွိေျပာခဲ႕တယ္ဆိုတာ မသိခဲ႕ရိုးအမွန္ပါ။ ဒါေပမယ္႕ ခ်က္က်လက္က် ဘဝကိုရင္ဆုိင္တဲ႕အခါ မွန္ေနတာကိုေတြ႕ရတယ္။ ျပီးေတာ႕လည္း ကိုယ္တတ္ခဲ႕တဲ႕ပညာ၊ ဘြဲ႕၊ ေအာင္လက္မွတ္က ဒီဘက္ႏိုင္ငံေရာက္ရင္ ေဒသခံ ( အဂၤလိပ္စကားေျပာ ) လူမ်ိဳးေတြကို ဘယ္ေလာက္နားလည္ေအာင္၊ “ က် ” ေအာင္ ေျပာႏုိင္သလဲေပၚမူတည္တယ္။ ေနာက္ထပ္သတိထားစရာ အေရးအၾကီးဆံုးတစ္ခုက မိမိတတ္ခဲ႕တာကို မိမိသြားမယ္႕ႏိုင္ငံေရာက္ရင္ သူတို႕ႏုိင္ငံသားနဲ႕မျခား လိုက္ေလ်ာညီေထြေအာင္ ဘယ္လုိအသံုးခ် - To Know  How To Apply ႏိုင္မလဲေပၚမွာ စကားေျပာသြားပါတယ္။
.
.
ဒီလိုမွမဟုတ္ပဲ “ ငါက ဘာဘြဲ႕ၾကီးရလာတာ၊ ဘယ္လိုသင္တန္းတက္လာတာ၊ ဘာေအာင္လက္မွတ္ရလာတာ ” ဆုိတာေတြက ေငြကုန္ျပီး လူပမ္းမလွျဖစ္ေစတဲ႕ အဓိကရုပ္လံုးၾကြတရားခံျဖစ္ပါတယ္။ တစ္ခ်ိဳ႕က်ျပန္ေတာ႕ “ ငါ ( တုိ႕ ) က ျမန္မာႏိုင္ငံမွာဆို ဒါေတြမလုပ္ရဘူး၊ တစ္ေယာက္လုပ္ရင္ တစ္အိမ္လံုးထုိင္စားလုိ႕ရတယ္ ” ဆိုတာမ်ိဳးေတြက ေနာက္တစ္နယ္တစ္ေက်းေရာက္မွ မိမိသိကၡာကို မိမိခ်တတ္တဲ႕ ဓေလ႕စရုိက္ေတြ ပါလာၾကတယ္။ ပိုဆိုးတဲ႕သူေတြက်ျပန္ေတာ႕ သိျပီးသူ၊ ၾကံဳဖူးသူ၊ ဗဟုသုတရွိျပီး ဥာဏ္ပညာျမင္႕သူကေျပာျပ၊ သင္ျပေနတာေတာင္ “ ငါသိျပီး ငါတတ္ျပီးသား ” ဆုိျပီး သူကေတာင္ ဆရာျပန္လုပ္ေနတတ္ၾကသူေတြပါ။

.
တစ္ခုခက္ေနေသးတာက ျမန္မာႏုိင္ငံမွာ ဘယ္ႏုိင္ငံအတြက္ ဘာကိုျပင္ဆင္ရမယ္ဆုိတဲ႕ လမ္းျပသူ လူစြမ္းေကာင္းေတြ သတ္သတ္မွတ္မွတ္မရွိၾကဘူး။ အမ်ားစုက ကုိယ္ထင္ရာကိုယ္လုပ္ေနၾကရင္း သယ္ေဆာင္လာတဲ႕လက္နက္ နဲ႕ တုိက္ပြဲမွာ ပစ္မရ ခတ္မရ ျဖစ္ေနၾကတဲ႕အခက္အခဲေတြ အမ်ားၾကီး ၾကားခဲ႕ရပါတယ္။ ဒါေၾကာင္႕ ကိုယ္႕တုန္းက ဘယ္လိုလုပ္ခဲ႕ရတယ္ဆိုတာကို အသာထားလုိ႕ ဒီေျမေပၚနင္း၊ ဒီေရကိုေသာက္၊ ဒီေျမကိုေက်းဇူးျပဳလုိ႕သိလာရတဲ႕ အသီးအပြင္႕ေတြကို လိုရင္းတုိရွင္း မွ်ေဝေပးခ်င္ပါတယ္။ အသံုးတည္႕ၾကပါေစ။ ( အေမရိကန္အေၾကာင္းကို ပါပါးေလးသိပါတယ္ )
.
.
။။။။ ---- ကြန္ပ်ဴတာ ---- ။။။။
.
ဒီဘက္ႏုိင္ငံမွာ ကြန္ပ်ဴတာကို လူအမ်ားၾကားမွာ System လို႕ေခၚၾကတယ္။ စာရင္းသြင္းတဲ႕အလုပ္ကိုလုပ္ေပးတဲ႕ ကိရိယာတစ္ခုအျဖစ္ ရႈျမင္ၾကတယ္။ ကြန္ပ်ဴတာအေျခခံကေတာ႕ လူအမ်ားစုတတ္ၾကပါတယ္။ မတတ္သူမ်ားေတာင္ ျမန္မာႏုိင္ငံကေဆြမ်ိဳးမ်ားနဲ႕ဆက္သြယ္ဖို႕ Viber တုိ႕၊ သတင္း နဲ႕ အတင္းေတြဖတ္ဖို႕ Facebook တို႕၊ ေစ်းဝယ္ေၾကာ္ျငာေတြဖတ္ဖို႕ Gmail တုိ႕ေတာ႕ တတ္ၾကတယ္။ ဒါက အေျခခံပါပဲ။
.
ဒီမွာ ပံုႏွိပ္ေဖာင္ ( Form ) ေတြအတြက္ ပံုႏွိပ္တုိက္မွာၾကိဳရိုက္ထားျပီး လိုသလိုျပန္ဆြဲသံုးေနတဲ႕စံနစ္မ်ိဳးမဟုတ္ပါဘူး။ လိုအပ္တဲ႕အခါမွာ ကြန္ပ်ဴတာကေန Printer နဲ႕ ပရင္႕ထုတ္ရတယ္။ ဒီေတာ႕ အေမရိကားကိုလာမယ္႕သူဟာ မိမိလုပ္မယ္႕အလုပ္က ကြန္ပ်ဴတာနဲ႕ပရင္႕ထုတ္ခုိင္းရင္ လုပ္တတ္မလား?
မိမိသံုးရမယ္႕ဖိုင္ကိုဖြင္႕တတ္သလား?
အေျခခံသံုး Microsoft Word ၊ Excel ၊ Power Point နဲ႕ Pdf ဖိုင္ေတြကိုရွာတတ္မလား?
အင္တာနက္မွာလုိအပ္တဲ႕ဖိုင္ကို သမားရိုးနည္းက် ေဒါင္းေလာ႕ဒ္ ဆြဲခ်တတ္မလား?
ယုတ္စြအဆံုး ကြန္ပ်ဴတာကို ပါဝါဖြင္႕တတ္္ ပိတ္တတ္သလား?
စာရုိက္တတ္သလား?
Touch Screen ေပၚမွာေပၚလာတဲ႕ လမ္းညႊန္ခ်က္ေတြအတိုင္္း ႏွိပ္သြားႏုိင္မလား?
.
စတာေတြသိရင္ကုိ ေတာ္ေတာ္အလုပ္ျဖစ္ပါျပီ။
.
ဒီလိုေျပာလုိ႕ ကြ်န္ေတာ္က ျမန္မာေတြကုိအထင္ေသးတယ္လို႕ေတာ႕ မထင္ပါနဲ႕။ ဒီဘက္ေျမနင္းမွ ကြန္ပ်ဴတာ မကိုင္တတ္၊ မႏွိပ္တတ္လို႕ ( အထူးသျဖင္႕ မသင္ယူခ်င္တဲ႕သူေတြ ) အခက္အခဲရွိတာကို ၾကားရလုိ႕ သတိေပးတာျဖစ္ပါတယ္။ ေနာက္အပိုင္းေတြမွာ ကြန္ပ်ဴတာဘာသာရပ္နဲ႕ပတ္သက္တဲ႕အလုပ္အကိုင္အခြင္႕အလမ္းေတြကို သီးသန္႕ေဆြးေႏြးၾကည္႕ပါဦးမယ္။
.
စဥ္းစားမိသေလာက္ ရွိသင္႕တဲ႕အေျခခံအေၾကာင္းရင္းေလးေတြကို “ သိသေလာက္ ” အပိုင္းခြဲျပီး ေရးျပပါမယ္။ ခ်စ္လွစြာေသာ စာဖတ္ပရိသတ္ၾကီးက သိလိုတဲ႕အခ်က္ေတြကိုပါ ထည္႕သြင္းသြားႏိုင္ဖို႕ ဝင္ေမး၊ ဝင္အၾကံေပးႏုိင္ပါတယ္။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
09-25-2015
.
.
.
Myanmar Unicode Version:
“ အမေရိကားကိုတစ်ကယ်လာဖြစ်မယ်ဆိုရင် .. မှာချင်တယ် ။ ၁ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
အိမ်တွင်းမနေသာတော့ အိမ်ပြင်ထွက်ရတယ် ဆိုသလို မြန်မာနိုင်ငံကနေ ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ သွားရောက်ချင်သူတွေ အများကြီးရှိပါတယ်။ ဒီထဲက နယ်စပ်ဖြတ်ကျော်အိမ်နီးနားချင်းနိုင်ငံတွေကို ဝင်သွားကြသူတွေရှိသလို လေယာဉ်ကြီးစီးပြီး ဝေးသထက်ဝေးအောင် ထွက်ခွာသွားကြသူတွေ ဒုနဲ့ဒေးပါ။
.
လူအမျိုးမျိုးက နေရာသစ်အသီးသီးကို ပြောင်းရွှေ့ဝမ်းစာရှာကြတယ်။ ဒီထဲမှာ တစ်ချို့က အောက်သက်ကျေ အသေအချာပြင်ဆင်လာတယ် .. တစ်ချို့က မရှိတဲ့ဘဝင်ကိုမှ ခေါင်းပေါ်တင်လာကြတယ်။ “ ထင်သလိုမဖြစ်တဲ့အချိန်မှာ ဖြစ်သလိုသာ နေသွားကြရမှာပဲ ” ဆိုတဲ့ ငယ်ငယ်တုန်းက သူငယ်ချင်းတစ်ယောက်ရေးတဲ့ သီချင်းစာသားလို ရင်ဆိုင်ဖို့ အသင့်မရှိကြသူတွေအတွက်တော့ ဒီလိုဆင်ခြေတွေက အမြဲရှိနေမှာပါပဲ။
.
မတတ်အပ်တဲ့ပညာမရှိဘူး၊ မသုံးအပ်တဲ့ပညာပဲရှိတယ် ” ဆိုတဲ့စကားကို ဘယ်ပညာရှိပြောခဲ့တယ်ဆိုတာ မသိခဲ့ရိုးအမှန်ပါ။ ဒါပေမယ့် ချက်ကျလက်ကျ ဘဝကိုရင်ဆိုင်တဲ့အခါ မှန်နေတာကိုတွေ့ရတယ်။ ပြီးတော့လည်း ကိုယ်တတ်ခဲ့တဲ့ပညာ၊ ဘွဲ့၊ အောင်လက်မှတ်က ဒီဘက်နိုင်ငံရောက်ရင် ဒေသခံ ( အင်္ဂလိပ်စကားပြော ) လူမျိုးတွေကို ဘယ်လောက်နားလည်အောင်၊ “ ကျ ” အောင် ပြောနိုင်သလဲပေါ်မူတည်တယ်။ နောက်ထပ်သတိထားစရာ အရေးအကြီးဆုံးတစ်ခုက မိမိတတ်ခဲ့တာကို မိမိသွားမယ့်နိုင်ငံရောက်ရင် သူတို့နိုင်ငံသားနဲ့မခြား လိုက်လျောညီထွေအောင် ဘယ်လိုအသုံးချ - To Know  How To Apply နိုင်မလဲပေါ်မှာ စကားပြောသွားပါတယ်။
.
.
ဒီလိုမှမဟုတ်ပဲ “ ငါက ဘာဘွဲ့ကြီးရလာတာ၊ ဘယ်လိုသင်တန်းတက်လာတာ၊ ဘာအောင်လက်မှတ်ရလာတာ ” ဆိုတာတွေက ငွေကုန်ပြီး လူပမ်းမလှဖြစ်စေတဲ့ အဓိကရုပ်လုံးကြွတရားခံဖြစ်ပါတယ်။ တစ်ချို့ကျပြန်တော့ “ ငါ ( တို့ ) က မြန်မာနိုင်ငံမှာဆို ဒါတွေမလုပ်ရဘူး၊ တစ်ယောက်လုပ်ရင် တစ်အိမ်လုံးထိုင်စားလို့ရတယ် ” ဆိုတာမျိုးတွေက နောက်တစ်နယ်တစ်ကျေးရောက်မှ မိမိသိက္ခာကို မိမိချတတ်တဲ့ ဓလေ့စရိုက်တွေ ပါလာကြတယ်။ ပိုဆိုးတဲ့သူတွေကျပြန်တော့ သိပြီးသူ၊ ကြုံဖူးသူ၊ ဗဟုသုတရှိပြီး ဥာဏ်ပညာမြင့်သူကပြောပြ၊ သင်ပြနေတာတောင် “ ငါသိပြီး ငါတတ်ပြီးသား ” ဆိုပြီး သူကတောင် ဆရာပြန်လုပ်နေတတ်ကြသူတွေပါ။
.
တစ်ခုခက်နေသေးတာက မြန်မာနိုင်ငံမှာ ဘယ်နိုင်ငံအတွက် ဘာကိုပြင်ဆင်ရမယ်ဆိုတဲ့ လမ်းပြသူ လူစွမ်းကောင်းတွေ သတ်သတ်မှတ်မှတ်မရှိကြဘူး။ အများစုက ကိုယ်ထင်ရာကိုယ်လုပ်နေကြရင်း သယ်ဆောင်လာတဲ့လက်နက် နဲ့ တိုက်ပွဲမှာ ပစ်မရ ခတ်မရ ဖြစ်နေကြတဲ့အခက်အခဲတွေ အများကြီး ကြားခဲ့ရပါတယ်။ ဒါကြောင့် ကိုယ့်တုန်းက ဘယ်လိုလုပ်ခဲ့ရတယ်ဆိုတာကို အသာထားလို့ ဒီမြေပေါ်နင်း၊ ဒီရေကိုသောက်၊ ဒီမြေကိုကျေးဇူးပြုလို့သိလာရတဲ့ အသီးအပွင့်တွေကို လိုရင်းတိုရှင်း မျှဝေပေးချင်ပါတယ်။ အသုံးတည့်ကြပါစေ။ ( အမေရိကန်အကြောင်းကို ပါပါးလေးသိပါတယ် )
.
.
။။။။ ---- ကွန်ပျူတာ ---- ။။။။
.
ဒီဘက်နိုင်ငံမှာ ကွန်ပျူတာကို လူအများကြားမှာ System လို့ခေါ်ကြတယ်။ စာရင်းသွင်းတဲ့အလုပ်ကိုလုပ်ပေးတဲ့ ကိရိယာတစ်ခုအဖြစ် ရှုမြင်ကြတယ်။ ကွန်ပျူတာအခြေခံကတော့ လူအများစုတတ်ကြပါတယ်။ မတတ်သူများတောင် မြန်မာနိုင်ငံကဆွေမျိုးများနဲ့ဆက်သွယ်ဖို့ Viber တို့၊ သတင်း နဲ့ အတင်းတွေဖတ်ဖို့ Facebook တို့၊ ဈေးဝယ်ကြော်ငြာတွေဖတ်ဖို့ Gmail တို့တော့ တတ်ကြတယ်။ ဒါက အခြေခံပါပဲ။
.
ဒီမှာ ပုံနှိပ်ဖောင် ( Form ) တွေအတွက် ပုံနှိပ်တိုက်မှာကြိုရိုက်ထားပြီး လိုသလိုပြန်ဆွဲသုံးနေတဲ့စံနစ်မျိုးမဟုတ်ပါဘူး။ လိုအပ်တဲ့အခါမှာ ကွန်ပျူတာကနေ Printer နဲ့ ပရင့်ထုတ်ရတယ်။ ဒီတော့ အမေရိကားကိုလာမယ့်သူဟာ မိမိလုပ်မယ့်အလုပ်က ကွန်ပျူတာနဲ့ပရင့်ထုတ်ခိုင်းရင် လုပ်တတ်မလား?
မိမိသုံးရမယ့်ဖိုင်ကိုဖွင့်တတ်သလား?
အခြေခံသုံး Microsoft Word ၊ Excel ၊ Power Point နဲ့ Pdf ဖိုင်တွေကိုရှာတတ်မလား?
အင်တာနက်မှာလိုအပ်တဲ့ဖိုင်ကို သမားရိုးနည်းကျ ဒေါင်းလော့ဒ် ဆွဲချတတ်မလား?
ယုတ်စွအဆုံး ကွန်ပျူတာကို ပါဝါဖွင့်တတ် ပိတ်တတ်သလား?
စာရိုက်တတ်သလား?
Touch Screen ပေါ်မှာပေါ်လာတဲ့ လမ်းညွှန်ချက်တွေအတိုင်း နှိပ်သွားနိုင်မလား?
.
စတာတွေသိရင်ကို တော်တော်အလုပ်ဖြစ်ပါပြီ။
.
ဒီလိုပြောလို့ ကျွန်တော်က မြန်မာတွေကိုအထင်သေးတယ်လို့တော့ မထင်ပါနဲ့။ ဒီဘက်မြေနင်းမှ ကွန်ပျူတာ မကိုင်တတ်၊ မနှိပ်တတ်လို့ ( အထူးသဖြင့် မသင်ယူချင်တဲ့သူတွေ ) အခက်အခဲရှိတာကို ကြားရလို့ သတိပေးတာဖြစ်ပါတယ်။ နောက်အပိုင်းတွေမှာ ကွန်ပျူတာဘာသာရပ်နဲ့ပတ်သက်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကို သီးသန့်ဆွေးနွေးကြည့်ပါဦးမယ်။
.
စဉ်းစားမိသလောက် ရှိသင့်တဲ့အခြေခံအကြောင်းရင်းလေးတွေကို “ သိသလောက် ” အပိုင်းခွဲပြီး ရေးပြပါမယ်။ ချစ်လှစွာသော စာဖတ်ပရိသတ်ကြီးက သိလိုတဲ့အချက်တွေကိုပါ ထည့်သွင်းသွားနိုင်ဖို့ ဝင်မေး၊ ဝင်အကြံပေးနိုင်ပါတယ်။
.
ခင်မင်ခြင်းများစွာဖြင့်
.
09-25-2015
.
.
.


 “ အေမရိကားကိုတစ္ကယ္လာျဖစ္မယ္ဆိုရင္ .. မွာခ်င္တယ္ ။ ၂ ”
ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
အေမရိကားကိုတစ္ကယ္လာျဖစ္ရင္ မွာခ်င္တဲ႕အေၾကာင္းေတြကုိ ေရးေနပါတယ္။ ( အပိုင္း။ ၁ ျပန္ဖတ္ရန္ ) https://www.facebook.com/photo.php?fbid=1631224260499374&set=a.1377780475843755.1073741829.100008354461942&type=3&theater
.
။။။။ ---- စားေရးေသာက္ေရး ---- ။။။။
.
ျမန္မာဆုိ ဆိုတဲ႕အတိုင္း ေရာက္တဲ႕ေနရာမွာ ျမန္မာစာရွာစားတတ္ေတာ႕ အမိေျမနဲ႕ခြဲရတဲ႕အခါ အခက္အခဲနဲ႕စၾကံဳရတတ္ပါတယ္။ အထူးသျဖင္႕ ကိုယ္မစားတတ္တဲ႕၊ ဘာေတြနဲ႕ခ်က္လုပ္ထားမွန္းမသိတဲ႕ အစားအေသာက္တစ္ပြဲကုိ ျမန္မာေငြ ( ၁၂ဝဝ ) ေက်ာ္ ေပးလဲခဲ႕ရတဲ႕ အသျပာနဲ႕ဝယ္ရမယ္ဆိုတဲ႕အခါ အိပ္ကပ္ထဲကေဒၚလာေငြဟာ ေတာ္ေတာ္နဲ႕ ထြက္မလာပါဘူး။ ေရဆာရင္ တစ္ေထာက္နားေလဆိပ္မွာ ( ၃ ) ေဒၚလာေပးျပီး ေရသန္႕ဝယ္ေသာက္မလား ဒါမွမဟုတ္ ေလယာဥ္ေပၚေရာက္မွ အလကားေတာင္းေသာက္မလား ၾကိဳတင္စဥ္းစားလာခဲ႕ဖို႕လုိပါမယ္။
.
သြားတည္းမယ္႕ တစ္ျခားႏုိင္ငံကအိမ္ရွင္က အဲဒီႏိုင္ငံမွာ အေျခက်ျပီးသားလား၊ အေျခမက်ေသးသူလား ဆုိတဲ႕အေပၚမွာ မိမိကံၾကမၼာက မူတည္ပါေသးတယ္။ ျမန္မာအေခၚကေတာ႕ စပြန္ဆာေပးသူေပါ႕။ ဒါေပမယ္႕ သူတို႕မွာလည္း အျပင္ကိုျပံဳးျပျပီး အတြင္းမွာၾကိတ္မဲ႕ေနရတဲ႕အျဖစ္ေတြ ရွိေနႏိုင္တယ္ေလ။ ဒါေၾကာင္႕ အားမနာ လွ်ာမက်ိဳး တစ္လ ကိုးသီတင္း ပါးျဖဲ ႏြားျဖဲေနျပီး အားကိုးဖို႕ဆိုတာ မသင္႕ေတာ္တဲ႕ စပြန္ဆာ ပါ။ ကိုယ္႕အမ်ိဳးပင္ျဖစ္ေစဦး မိဘအိမ္ မဟုတ္ရင္ေတာ႕ တစ္ေနရာရာကိုမေျပာင္းေရႊ႕ခင္စပ္ၾကားသာ ေခတၱကြန္းခိုဖို႕ အၾကံေပးလိုပါတယ္။
.
.
အစားအေသာက္ကုိ အေအးအတုိင္းမစားရတာကေတာ႕ အေမရိကားရဲ႕ေကာင္းကြက္တစ္ခုပါ။ မုိက္ခရိုေဝ႕ဖ္ က ေနရာတိုင္းမွာရွိပါတယ္။ ေရေႏြးလိုခ်င္ရင္လည္း မတ္ခြက္တစ္ခုနဲ႕ တစ္မိနစ္အပူေပးေမႊ႕လိုက္ရံုေလးနဲ႕ အလြယ္တကူရႏုိင္ပါတယ္။ ခက္တာက ျမန္မာႏုိင္ငံကသြားသူ ( ႏုိင္ငံျခားမထြက္ဖူးသူကိုဆုိလိုပါသည္ ) ေတြဟာ မုိက္ခရိုေဝ႕ဖ္ကို သံုးတတ္ပါ႕မလားလုိ႕ စိတ္ပူရတာပါ။ မသိလို႕ သတၳဳပန္းကန္၊ စတီးဇြန္းတို႕ကိုထည္႕ျပီး ေႏႊးမိလိုက္ရင္ မီးေလာင္ႏုိင္ပါတယ္။
.
နယ္ေျမျခားေတာ႕ လူ႕အမူအက်င္႕ေတြက မတူျပန္ပါဘူး။ ပင္လယ္ၾကီးျခားေတာ႕ အေနအထိုင္အစားအေသာက္က တက္တက္စင္ေအာင္ ကြာလွပါတယ္။ ကြ်န္ေတာ္တို႕ျမန္မာႏုိင္ငံမွာ စားခ်င္တယ္ဆုိတဲ႕အရြက္၊ အသားကို ခ်က္ခါနီးနာရီပုိင္းအလုိမွ ေစ်းမွာသြားဝယ္ၾကတယ္ မဟုတ္လား?  ဒီေျမေပၚမွာက အစားအေသာက္ေပါသေလာက္ အခ်ိန္ရွားပါးေတာ႕ တစ္ပတ္စာလံုး ေစ်းပတ္ဝယ္ျပီးု ေရခဲေသတၱာထဲထည္႕ျပီး ေအးခဲထားရတယ္။ လုိေတာ႕မွျပန္ထုတ္ျပီး ခ်က္-ျပဳတ္-ေက်ာ္-ကင္ လုပ္ျပီး လွတပတ စားၾကတယ္။
.
.
သာမန္ဟင္းသီးဟင္းရြက္၊ ဒိန္ခ်ဥ္၊ ဒိန္္ခဲ နဲ႕ အခ်ိဳရည္တို႕ကုိ ေအာက္ထပ္က သာမန္အေအးခန္းမွာထားၾကတာက ေတာ္ေသးတယ္။ အသား၊ ငါး တုိ႕က်ေတာ႕ အေပၚထပ္အခဲခန္းမွာသိမ္းထားရျပန္ေရာ။ ခ်က္ဖို႕အခ်ိန္မတုိင္ခင္ ( ၁ဝ ) နာရီေလာက္ေစာျပီး ေရခဲေသတၱာအျပင္ထုတ္ထားမွ လိုအပ္တဲ႕အခါ အရည္ေပ်ာ္ျပီး သာမန္အသားေတြလို ကိုင္တြယ္စီမံႏုိင္ပါမယ္။ ဒီေတာ႕ ျမန္မာႏိုင္ငံမွာလုိ လတ္လတ္ဆတ္ဆတ္ခ်က္ျပဳတ္စားေသာက္ခ်င္တဲ႕စိတ္ကူးကို အေကာင္အထည္ေဖာ္ႏုိင္ဖို႕ ဒီေျမမွာမလြယ္ႏုိင္ပါဘူး။
.
ဒါေၾကာင္႕ ေရခဲေသတၱာထဲကထုတ္လာတဲ႕အစားအေသာက္ကုိ မသတီလည္း စားတတ္ရမယ္။ ေရဆိုရင္လည္း ဘံုပိုင္ကက်လာတဲ႕ေရကို ေသာက္တတ္ရမယ္။ ပံုးနဲ႕လုိက္ေရာင္းတဲ႕ကုလားႏြားႏုိ႕ပူပူေလးေတာ႕ ဒီမွာမရႏုိင္ဘူး။ ႏုိ႕ေအးဂါလံပံုးထဲကေနလိုသလိုခြဲ ငဲ႕ခပ္၊ မုိက္ခရိုေဝ႕ဖ္နဲ႕ေႏႊးတဲ႕ ႏြားႏို႕ကို ေသာက္က်င္႕ရပါမယ္။
.
.
မနက္စာ အသုပ္စံု၊ လက္ဘက္ရည္၊ ေကာက္ညွင္းေပါင္း၊ အီၾကာေကြး၊ မုံ႕ဟင္းခါး၊ အုန္းႏုိ႕ေခါက္ဆြဲ၊ နန္းၾကီးသုတ္ အားလံုးအဆင္သင္႕ေစာင္႕ၾကိဳေနတဲ႕ ျမန္မာႏုိင္ငံရဲ႕မနက္ေစာလိုမ်ိဳး ဒီမွာလုပ္ေပးမယ္႕သူမရွိပါဘူး။ လြယ္ကူတာက အလ်င္စလို ေပါင္မုန္႕ျဖစ္ပါတယ္။ မၾကိဳက္တတ္တတ္ ၾကိဳက္တတ္တတ္ ေပါင္မုံ႕ေထာပတ္သုပ္၊ ေပါင္မုံ႕စေတာ္ဘယ္ရီယုိသုပ္မ်ိဳးကို ေကာ္ဖီတစ္ခြက္နဲ႕ေသာက္တတ္တာက အိမ္ရွင္အတြက္သက္သာေစပါတယ္။
.
ကြ်န္ေတာ္တို႕ေရာက္ခါစက ဟုိဟာမစား ဒီဟာမစားနဲ႕ သူတစ္ပါးကို ဂ်ီမက်မိဖို႕ ေတာ္ေတာ္စိတ္ေလွ်ာ႕ထားရပါတယ္။ ေပါင္မုံ႕ေကြ်းေတာ႕ ထမင္းၾကမ္းမရွိဘူးလား?  Pancake ေကြ်းေတာ႕ ငါတုိ႕က မနက္ဆိုရင္ ပဲျပဳပ္နဲ႕ထမင္းေၾကာ္စားေနက် လို႕ဆိုေနရင္ ဘယ္အိမ္ရွင္က စိတ္ရွည္ပါ႕မလဲ? မဟုတ္ဘူးလား? ဒီေတာ႕ အေမရိကားမွာေနခ်င္ရင္ ကနဦးစားေရးေသာက္ေရးအဆင္ေျပဖုိ႕က “ ပါးစပ္ဆင္ျခင္ဖုိ႕ပါပဲ ” ။ ဟုတ္တယ္ေလ .. ပါးစပ္က စားဖုိ႕လည္းအသံုးဝင္သလုိ စကားေျပာဖုိ႕ကလည္း ဒီပါးစပ္ဖြင္႕မွ အသံကထြက္မွာပါ။ ဒါေတာင္ စကားအေျပာအဆုိမတတ္လို႕ သူတစ္ပါးျငိဳျငင္ျပီဆိုတဲ႕အခါ တုိင္းတစ္ပါးမွာ အင္မတန္မ်က္ႏွာငယ္ရပါတယ္။
.
.
တစ္ေနရာကေနတစ္ေနရာကိုသြားလည္ဖို႕လိုက္ပုိ႕တဲ႕အခါ ကားေပၚမွာစားခ်င္တာမစားရ၊ အေပါ႕အေလးမသြားရ ခ်ဳပ္တည္းထားသမ်ွဟာ စားေသာက္ဆိုင္ေရာက္တဲ႕အခါမွာ ထြက္ေပါက္ေပးရပါတယ္။ ဒီအခါမွာ မစားဖူးတာစားရင္း ေရႊျပည္ၾကီးရဲ႕အစားအေသာက္ေတြကိုပဲလြမ္းေနသူ နဲ႕ တစ္ခ်ိန္လံုး ထမင္းေတာင္႕တေနသူေတြကို ဘယ္လုိလုိက္ဧည္႕ခံရပါမလဲ? လိုက္လုပ္ေပးရတာ အခက္အခဲမရွိေပမယ္႕ ဟန္ဘာဂါဆိုလည္းစားလုိက္တာပဲ၊ ဆန္းဝွစ္ဆိုလည္းစားလုိက္တာပဲ၊ မက္ေဒၚနယ္လည္းမျငင္းဘူး ဆုိသူေတြနဲ႕ေတြ႕ဆံုရရင္ ႏွစ္ဦးႏွစ္ဖက္ မ်က္ႏွာပ်က္စရာမလိုသလုိ ေနာင္တစ္ခ်ိန္မွာ မေက်နပ္သမ်ွကို ဟာသလုပ္ျပီး အေျပာခံစရာလည္း မလိုေတာ႕ဘူးေလ။
.
ဒါေၾကာင္႕ အေမရိကားလာေတာ႕မယ္လို႕ဆံုးျဖတ္ထားရင္ ..
.
သူမ်ားေကြ်းတာကုိ အိေျႏၵမပ်က္ အရသာရွိရွိစားတတ္ျပီလား?
ဘုိစား ျမန္မာစား မခြဲျခားပဲ တစ္ႏွပ္စာကို ေက်ေက်နပ္နပ္စားတတ္ျပီလား?
ေရခဲေသတၱာထဲကထုတ္သမွ် ၾကာရွည္ခံထားအစားအေသာက္ေတြကုိ အပူေပးျပီးစားတတ္ျပီလား?
ေနာက္ဆံုးမွာ မိမိကုိယ္တိုင္ ၾကက္ဥေၾကာ္ေလး၊ အာလူးေခ်ာင္းေၾကာ္ေလး၊ ဝက္အူေခ်ာင္းေလးေၾကာ္ျပီး ထမင္းအိုးတည္တတ္ျပီလား?
ဘယ္အခ်ိန္မဆို ခံတြင္းပ်က္တတ္တဲ႕ လက္ဘက္ရည္အစား ေကာ္ဖီေသာက္တတ္ျပီလား?
..
ဒီလိုေတြသတိေပးလို႕ ဒီလူေတာ႕ ငါတုိ႕ကိုအထင္ေသးလွခ်ည္လားလို႕ေတာ႕ မထင္လုိက္ပါနဲ႕။ လူဆုိတာ ဇ,ေပ်ာက္ခဲပါတယ္။ အသာစံေနရရင္ ျငိမ္ေနေပမယ္႕ အနာခံရျပီဆုိရင္ ကိုယ္႕ဖို႕ကိုယ္ပဲၾကည္႕တတ္သူေတြပဲမဟုတ္လား? ဒါကို သတိထားမိသူေတြက စကားေျပာလည္းႏွပ္သလို သူတစ္ပါးေက်နပ္ေအာင္ ေက်ာလည္းသပ္ႏုိင္သူေတြ ျဖစ္လာႏုိင္ပါတယ္။
.
ထုိမွတဖန္ မိမိလုိလို႕ သူတစ္ပါးကို လုိလုိလားလား ရုိးရုိးသားသား အကူအညီေတာင္းခံတဲ႕အခါ သူငယ္ခ်င္းေကာင္း နဲ႕ အားကိုးရတဲ႕ေဆြမ်ိဳးရင္းခ်ာေတြ လက္ပစ္မလြဲရလာႏုိင္ပါတယ္။ ဒီကေနတစ္ဆင္႕ မိမိကျပန္သင္ယူ၊ လုိတဲ႕သူကိုအကူအညီေပး၊ ေနာက္လူကိုေဖးမ ဘယ္ေလာက္ေကာင္းတဲ႕ေလာကၾကီးျဖစ္လာမယ္ဆုိတာ စဥ္းစားမိတုိင္း ေပ်ာ္ရႊင္ရပါတယ္။ ဒါေၾကာင္႕ ျဖစ္သင္႕ျဖစ္ထုိက္ သတိေပးထုိက္တာေတြကုိ ေရးၾကီးခြင္က်ယ္လုပ္ျပီး အပိုင္း ( ၃ ) မွာ ၾကိဳးစားျပီး ျပည္႕စံုေအာင္ဆက္ေရးပါဦးမယ္။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
09-25-2015
.
.
.
Myanmar Unicode Version:
.
.
“ အမေရိကားကိုတစ်ကယ်လာဖြစ်မယ်ဆိုရင် .. မှာချင်တယ် ။ ၂ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
အမေရိကားကိုတစ်ကယ်လာဖြစ်ရင် မှာချင်တဲ့အကြောင်းတွေကို ရေးနေပါတယ်။ ( အပိုင်း။ ၁ ပြန်ဖတ်ရန် ) https://www.facebook.com/photo.php?fbid=1631224260499374&set=a.1377780475843755.1073741829.100008354461942&type=3&theater
.
။။။။ ---- စားရေးသောက်ရေး ---- ။။။။
.
မြန်မာဆို ဆိုတဲ့အတိုင်း ရောက်တဲ့နေရာမှာ မြန်မာစာရှာစားတတ်တော့ အမိမြေနဲ့ခွဲရတဲ့အခါ အခက်အခဲနဲ့စကြုံရတတ်ပါတယ်။ အထူးသဖြင့် ကိုယ်မစားတတ်တဲ့၊ ဘာတွေနဲ့ချက်လုပ်ထားမှန်းမသိတဲ့ အစားအသောက်တစ်ပွဲကို မြန်မာငွေ ( ၁၂ဝဝ ) ကျော် ပေးလဲခဲ့ရတဲ့ အသပြာနဲ့ဝယ်ရမယ်ဆိုတဲ့အခါ အိပ်ကပ်ထဲကဒေါ်လာငွေဟာ တော်တော်နဲ့ ထွက်မလာပါဘူး။ ရေဆာရင် တစ်ထောက်နားလေဆိပ်မှာ ( ၃ ) ဒေါ်လာပေးပြီး ရေသန့်ဝယ်သောက်မလား ဒါမှမဟုတ် လေယာဉ်ပေါ်ရောက်မှ အလကားတောင်းသောက်မလား ကြိုတင်စဉ်းစားလာခဲ့ဖို့လိုပါမယ်။
.
သွားတည်းမယ့် တစ်ခြားနိုင်ငံကအိမ်ရှင်က အဲဒီနိုင်ငံမှာ အခြေကျပြီးသားလား၊ အခြေမကျသေးသူလား ဆိုတဲ့အပေါ်မှာ မိမိကံကြမ္မာက မူတည်ပါသေးတယ်။ မြန်မာအခေါ်ကတော့ စပွန်ဆာပေးသူပေါ့။ ဒါပေမယ့် သူတို့မှာလည်း အပြင်ကိုပြုံးပြပြီး အတွင်းမှာကြိတ်မဲ့နေရတဲ့အဖြစ်တွေ ရှိနေနိုင်တယ်လေ။ ဒါကြောင့် အားမနာ လျှာမကျိုး တစ်လ ကိုးသီတင်း ပါးဖြဲ နွားဖြဲနေပြီး အားကိုးဖို့ဆိုတာ မသင့်တော်တဲ့ စပွန်ဆာ ပါ။ ကိုယ့်အမျိုးပင်ဖြစ်စေဦး မိဘအိမ် မဟုတ်ရင်တော့ တစ်နေရာရာကိုမပြောင်းရွှေ့ခင်စပ်ကြားသာ ခေတ္တကွန်းခိုဖို့ အကြံပေးလိုပါတယ်။
.
.
အစားအသောက်ကို အအေးအတိုင်းမစားရတာကတော့ အမေရိကားရဲ့ကောင်းကွက်တစ်ခုပါ။ မိုက်ခရိုဝေ့ဖ် က နေရာတိုင်းမှာရှိပါတယ်။ ရေနွေးလိုချင်ရင်လည်း မတ်ခွက်တစ်ခုနဲ့ တစ်မိနစ်အပူပေးမွှေ့လိုက်ရုံလေးနဲ့ အလွယ်တကူရနိုင်ပါတယ်။ ခက်တာက မြန်မာနိုင်ငံကသွားသူ ( နိုင်ငံခြားမထွက်ဖူးသူကိုဆိုလိုပါသည် ) တွေဟာ မိုက်ခရိုဝေ့ဖ်ကို သုံးတတ်ပါ့မလားလို့ စိတ်ပူရတာပါ။ မသိလို့ သတ္ထုပန်းကန်၊ စတီးဇွန်းတို့ကိုထည့်ပြီး နွှေးမိလိုက်ရင် မီးလောင်နိုင်ပါတယ်။
.
နယ်မြေခြားတော့ လူ့အမူအကျင့်တွေက မတူပြန်ပါဘူး။ ပင်လယ်ကြီးခြားတော့ အနေအထိုင်အစားအသောက်က တက်တက်စင်အောင် ကွာလှပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ စားချင်တယ်ဆိုတဲ့အရွက်၊ အသားကို ချက်ခါနီးနာရီပိုင်းအလိုမှ ဈေးမှာသွားဝယ်ကြတယ် မဟုတ်လား?  ဒီမြေပေါ်မှာက အစားအသောက်ပေါသလောက် အချိန်ရှားပါးတော့ တစ်ပတ်စာလုံး ဈေးပတ်ဝယ်ပြီးု ရေခဲသေတ္တာထဲထည့်ပြီး အေးခဲထားရတယ်။ လိုတော့မှပြန်ထုတ်ပြီး ချက်-ပြုတ်-ကျော်-ကင် လုပ်ပြီး လှတပတ စားကြတယ်။
.
.
သာမန်ဟင်းသီးဟင်းရွက်၊ ဒိန်ချဉ်၊ ဒိန်ခဲ နဲ့ အချိုရည်တို့ကို အောက်ထပ်က သာမန်အအေးခန်းမှာထားကြတာက တော်သေးတယ်။ အသား၊ ငါး တို့ကျတော့ အပေါ်ထပ်အခဲခန်းမှာသိမ်းထားရပြန်ရော။ ချက်ဖို့အချိန်မတိုင်ခင် ( ၁ဝ ) နာရီလောက်စောပြီး ရေခဲသေတ္တာအပြင်ထုတ်ထားမှ လိုအပ်တဲ့အခါ အရည်ပျော်ပြီး သာမန်အသားတွေလို ကိုင်တွယ်စီမံနိုင်ပါမယ်။ ဒီတော့ မြန်မာနိုင်ငံမှာလို လတ်လတ်ဆတ်ဆတ်ချက်ပြုတ်စားသောက်ချင်တဲ့စိတ်ကူးကို အကောင်အထည်ဖော်နိုင်ဖို့ ဒီမြေမှာမလွယ်နိုင်ပါဘူး။
.
ဒါကြောင့် ရေခဲသေတ္တာထဲကထုတ်လာတဲ့အစားအသောက်ကို မသတီလည်း စားတတ်ရမယ်။ ရေဆိုရင်လည်း ဘုံပိုင်ကကျလာတဲ့ရေကို သောက်တတ်ရမယ်။ ပုံးနဲ့လိုက်ရောင်းတဲ့ကုလားနွားနို့ပူပူလေးတော့ ဒီမှာမရနိုင်ဘူး။ နို့အေးဂါလံပုံးထဲကနေလိုသလိုခွဲ ငဲ့ခပ်၊ မိုက်ခရိုဝေ့ဖ်နဲ့နွှေးတဲ့ နွားနို့ကို သောက်ကျင့်ရပါမယ်။
.
.
မနက်စာ အသုပ်စုံ၊ လက်ဘက်ရည်၊ ကောက်ညှင်းပေါင်း၊ အီကြာကွေး၊ မုံ့ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ နန်းကြီးသုတ် အားလုံးအဆင်သင့်စောင့်ကြိုနေတဲ့ မြန်မာနိုင်ငံရဲ့မနက်စောလိုမျိုး ဒီမှာလုပ်ပေးမယ့်သူမရှိပါဘူး။ လွယ်ကူတာက အလျင်စလို ပေါင်မုန့်ဖြစ်ပါတယ်။ မကြိုက်တတ်တတ် ကြိုက်တတ်တတ် ပေါင်မုံ့ထောပတ်သုပ်၊ ပေါင်မုံ့စတော်ဘယ်ရီယိုသုပ်မျိုးကို ကော်ဖီတစ်ခွက်နဲ့သောက်တတ်တာက အိမ်ရှင်အတွက်သက်သာစေပါတယ်။
.
ကျွန်တော်တို့ရောက်ခါစက ဟိုဟာမစား ဒီဟာမစားနဲ့ သူတစ်ပါးကို ဂျီမကျမိဖို့ တော်တော်စိတ်လျှော့ထားရပါတယ်။ ပေါင်မုံ့ကျွေးတော့ ထမင်းကြမ်းမရှိဘူးလား?  Pancake ကျွေးတော့ ငါတို့က မနက်ဆိုရင် ပဲပြုပ်နဲ့ထမင်းကြော်စားနေကျ လို့ဆိုနေရင် ဘယ်အိမ်ရှင်က စိတ်ရှည်ပါ့မလဲ? မဟုတ်ဘူးလား? ဒီတော့ အမေရိကားမှာနေချင်ရင် ကနဦးစားရေးသောက်ရေးအဆင်ပြေဖို့က “ ပါးစပ်ဆင်ခြင်ဖို့ပါပဲ ” ။ ဟုတ်တယ်လေ .. ပါးစပ်က စားဖို့လည်းအသုံးဝင်သလို စကားပြောဖို့ကလည်း ဒီပါးစပ်ဖွင့်မှ အသံကထွက်မှာပါ။ ဒါတောင် စကားအပြောအဆိုမတတ်လို့ သူတစ်ပါးငြိုငြင်ပြီဆိုတဲ့အခါ တိုင်းတစ်ပါးမှာ အင်မတန်မျက်နှာငယ်ရပါတယ်။
.
.
တစ်နေရာကနေတစ်နေရာကိုသွားလည်ဖို့လိုက်ပို့တဲ့အခါ ကားပေါ်မှာစားချင်တာမစားရ၊ အပေါ့အလေးမသွားရ ချုပ်တည်းထားသမျှဟာ စားသောက်ဆိုင်ရောက်တဲ့အခါမှာ ထွက်ပေါက်ပေးရပါတယ်။ ဒီအခါမှာ မစားဖူးတာစားရင်း ရွှေပြည်ကြီးရဲ့အစားအသောက်တွေကိုပဲလွမ်းနေသူ နဲ့ တစ်ချိန်လုံး ထမင်းတောင့်တနေသူတွေကို ဘယ်လိုလိုက်ဧည့်ခံရပါမလဲ? လိုက်လုပ်ပေးရတာ အခက်အခဲမရှိပေမယ့် ဟန်ဘာဂါဆိုလည်းစားလိုက်တာပဲ၊ ဆန်းဝှစ်ဆိုလည်းစားလိုက်တာပဲ၊ မက်ဒေါ်နယ်လည်းမငြင်းဘူး ဆိုသူတွေနဲ့တွေ့ဆုံရရင် နှစ်ဦးနှစ်ဖက် မျက်နှာပျက်စရာမလိုသလို နောင်တစ်ချိန်မှာ မကျေနပ်သမျှကို ဟာသလုပ်ပြီး အပြောခံစရာလည်း မလိုတော့ဘူးလေ။
.
ဒါကြောင့် အမေရိကားလာတော့မယ်လို့ဆုံးဖြတ်ထားရင် ..
.
သူများကျွေးတာကို အိန္ဒြေမပျက် အရသာရှိရှိစားတတ်ပြီလား?
ဘိုစား မြန်မာစား မခွဲခြားပဲ တစ်နှပ်စာကို ကျေကျေနပ်နပ်စားတတ်ပြီလား?
ရေခဲသေတ္တာထဲကထုတ်သမျှ ကြာရှည်ခံထားအစားအသောက်တွေကို အပူပေးပြီးစားတတ်ပြီလား?
နောက်ဆုံးမှာ မိမိကိုယ်တိုင် ကြက်ဥကြော်လေး၊ အာလူးချောင်းကြော်လေး၊ ဝက်အူချောင်းလေးကြော်ပြီး ထမင်းအိုးတည်တတ်ပြီလား?
ဘယ်အချိန်မဆို ခံတွင်းပျက်တတ်တဲ့ လက်ဘက်ရည်အစား ကော်ဖီသောက်တတ်ပြီလား?
..
ဒီလိုတွေသတိပေးလို့ ဒီလူတော့ ငါတို့ကိုအထင်သေးလှချည်လားလို့တော့ မထင်လိုက်ပါနဲ့။ လူဆိုတာ ဇ,ပျောက်ခဲပါတယ်။ အသာစံနေရရင် ငြိမ်နေပေမယ့် အနာခံရပြီဆိုရင် ကိုယ့်ဖို့ကိုယ်ပဲကြည့်တတ်သူတွေပဲမဟုတ်လား? ဒါကို သတိထားမိသူတွေက စကားပြောလည်းနှပ်သလို သူတစ်ပါးကျေနပ်အောင် ကျောလည်းသပ်နိုင်သူတွေ ဖြစ်လာနိုင်ပါတယ်။
.
ထိုမှတဖန် မိမိလိုလို့ သူတစ်ပါးကို လိုလိုလားလား ရိုးရိုးသားသား အကူအညီတောင်းခံတဲ့အခါ သူငယ်ချင်းကောင်း နဲ့ အားကိုးရတဲ့ဆွေမျိုးရင်းချာတွေ လက်ပစ်မလွဲရလာနိုင်ပါတယ်။ ဒီကနေတစ်ဆင့် မိမိကပြန်သင်ယူ၊ လိုတဲ့သူကိုအကူအညီပေး၊ နောက်လူကိုဖေးမ ဘယ်လောက်ကောင်းတဲ့လောကကြီးဖြစ်လာမယ်ဆိုတာ စဉ်းစားမိတိုင်း ပျော်ရွှင်ရပါတယ်။ ဒါကြောင့် ဖြစ်သင့်ဖြစ်ထိုက် သတိပေးထိုက်တာတွေကို ရေးကြီးခွင်ကျယ်လုပ်ပြီး အပိုင်း ( ၃ ) မှာ ကြိုးစားပြီး ပြည့်စုံအောင်ဆက်ရေးပါဦးမယ်။
.
ခင်မင်ခြင်းများစွာဖြင့်
.
09-25-2015
.
.
.
“ အေမရိကားကိုတစ္ကယ္လာျဖစ္မယ္ဆိုရင္ .. မွာခ်င္တယ္ ။ ၃ ”
ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
အေမရိကားကိုတစ္ကယ္လာျဖစ္ရင္ မွာခ်င္တဲ႕အေၾကာင္းေတြကုိ ေရးေနပါတယ္။ ( အပိုင္း။ ၂ ျပန္ဖတ္ႏုိင္ရန္ ) https://www.facebook.com/photo.php?fbid=1631371543817979&set=a.1377780475843755.1073741829.100008354461942&type=3&theater
။။။။ ---- ကားနဲ႕လမ္း ---- ။။။။
.
လူေတြဟာ လမ္းေလွ်ာက္ဖို႕ေျခေထာက္တစ္စံုလိုပါတယ္။ အေမရိကားမွာ အလုပ္တက္ဖို႕နဲ႕ ခရီးတစ္ခုေရာက္ဖို႕က ကားတစ္စီးရွိမွျဖစ္ပါလိမ္႕မယ္။ ကားေဟာင္းတာ မေဟာင္းတာက အေရးမၾကီးပါဘူး .. ကားေကာင္းမွ Auto ဒုကၡ အဝဝ ကေန ကင္းေဝးပါရမွာပါ။ ကားမေကာင္းရင္ေတာ႕ တစ္မနက္ဆုိျပီး ညသိပ္ - Over Night ကားထားခဲ႕ရတာေတြ၊ တစ္ရက္ဆုိျပီး တစ္ပတ္ၾကာသြားရတာေတြ စတဲ႕ ကားျပင္ရတဲ႕ဒုကၡေတြကို ၾကံဳဖူးသူတိုင္း သိၾကပါတယ္။ ( အေသးစိတ္ဖတ္ႏုိင္ရန္ ) https://www.facebook.com/558590017546880/photos/a.558595644212984.1073741828.558590017546880/558729694199579/?type=3&permPage=1
.
.
ဒီေတာ႕ ကားေမာင္းတတ္ဖုိ႕ ကားလိုင္စင္လုိတယ္။ ကားလုိင္စင္ဆိုရင္ စာရြက္ေပၚမွာေျဖရတာကတစ္မ်ိဳး၊ ေမာင္းေျဖျပရတာကတစ္မ်ိဳး နဲ႕ အေရးထဲ အဂၤလိပ္လိုေရးထားတဲ႕ စာလံုးအခက္ေတြမ်ားေနေတာ႕ အေရွ႕ပိုင္းမွာ အတင္းတုတ္ခဲ႕သလို ၾကိဳတင္မျပင္ဆင္လာသူမ်ားအတြက္ေတာ႕ အခက္အခဲရွိႏိုင္ပါတယ္။ ဒီႏိုင္ငံကုိ ေရႊ႕ေျပာင္းလာသူမ်ားသာမက ေက်ာင္းလာတက္တဲ႕ေက်ာင္းသားမ်ားပါ ကားဝယ္ႏုိင္သလုိ ကားေမာင္းလိုင္စင္လည္း ေလွ်ာက္ထားႏုိင္ပါတယ္။ အဓိက ဥပေဒကုိလိုက္နာဖို႕ပါပဲ။ ဥပေဒဆိုတာမွာလည္း ေမာ္ေတာ္ယာဥ္ဥပေဒရွိသလို လူေတြလိုက္နာရမယ္႕စည္းကမ္းေတြကိုလည္း ခ်န္ထားလို႕မျဖစ္ပါဘူး။
.
ကားေမာင္းလိုင္စင္ေျဖဖို႕ အေမရိကန္ က.ည.န - DMV – Department of Motor Vehicles မွာ လမ္းညႊန္စာအုပ္သြားယူလို႕ရပါတယ္။ ေမးခြန္းက ( ၃၆ ) ခုရွိျပီး အဂၤလိပ္စာအျပင္ တရုတ္၊ စပိန္ နဲ႕ တစ္ခ်ိဳ႕ျပည္နယ္ေတြမွာ ပန္ခ်ာပီဘာသာနဲ႕ပါ ေျဖႏုိင္တယ္လို႕ ေရးထားပါတယ္။ ေမးခြန္း ( ၆ ) ခု မွားတဲ႕အထိ အေအာင္ေပးပါတယ္။ မေျဖခင္ အေဝးမႈန္ရွိမရွိ မ်က္စိစစ္ေဆးတာကို ေကာင္းမြန္စြာလက္ခံရပါမယ္။ ေျဖခေငြသြင္းျပီးသြားလို႕ ရက္ခ်ိန္းယူျပီးေျဖ၊ ေအာင္ရင္ ခန္႕မွန္းေျခ တစ္လအတြင္း ေမာင္းေျဖရက္ခ်ိန္းယူျပီး ထပ္ေျဖျပရပါမယ္ .. ဒီ ( ၂ ) ခုက တစ္ခုျပီးမွေနာက္တစ္ခုထပ္ေျဖရတာပါ။ ေအာင္သြားရင္ေတာ႕ ကိုယ္႕နာမယ္နဲ႕ကားဝယ္ျပီး အေမရိကန္ေျခေထာက္ရျပီလို႕ ေျပာလုိ႕ရပါတယ္။ ( အေသးစိတ္ဖတ္ႏုိင္ရန္ ) https://www.facebook.com/558590017546880/photos/a.558595644212984.1073741828.558590017546880/558728954199653/?type=3&permPage=1
.
.
အမိေျမကိုဖယ္ခြာလာျပီး တုိင္းတစ္ပါးေျမမွာ ပထမဦးဆံုးစိတ္တုိင္းက်မိမွာကေတာ႕ ေရာင္စံုေဂၚလီလံုးေတြလုိ လမ္းေပၚမွာေျပးေနတဲ႕ ေနာက္ဆံုးေပၚေမာ္ဒယ္အတြန္႕အတက္ေတြ နဲ႕ ကားမ်ိဳးစံုပါပဲ။ အျပင္လုိက္ပုိ႕တဲ႕ျမိဳ႕ခံကုိ အေမးမိဆံုးစကားဟာလည္း “ အဲဒီကားက ဘာေမာ္ဒယ္လဲ? ဒီမွာဆိုဘယ္ေလာက္ေပးရလဲ? ” ဆိုတာနဲ႕ “ ကြ်န္ေတာ္တုိ႕ျမန္မာႏုိင္ငံမွာဆုိရင္ .. ” ဆုိျပီး ကိုယ္ေနခဲ႕တဲ႕ႏုိင္ငံကုိ မိွဴခ်ိဳးမ်စ္ခ်ိဳး ေျပာမိတတ္ၾကတာပါပဲ။ ဒါကလည္း ေခတ္အဆက္ဆက္ကခံခဲ႕ရတဲ႕ ခ်ိဳျမိန္ဒုကၡမို႕လို႕ “ ငါတုိ႕တုန္းက ဘယ္လုိ .. ” ဆိုျပီး ဟာသေလးနဲ႕အဖ်ားရွဴးသြားရတဲ႕ လြမ္းနာက်ဇာတ္သိမ္းခန္းေလး ျဖစ္သြားရစျမဲပါ။
.
တိုင္းတစ္ပါးကို ေငြထုတ္ပိုက္ျပီးထြက္လာသူမ်ားအတြက္ေတာ႕ ( ၃ ၊ ၄ ) ရက္အတြင္း မာေဆးဒီးစ္ကားအသစ္တစ္စီး ခ်က္ခ်င္းဝယ္ႏုိင္ေပမယ္႕ ျခစ္ျခစ္ကုတ္ကုတ္စုမွ ေဆာင္းမွ ကားဝယ္ဖို႕ၾကိဳးပမ္းရသူအတြက္ေတာ႕ ( ၃ ၊ ၄ ) လေလာက္မွ ကားအေဟာင္းတစ္စီးဝယ္ႏုိင္ဖုိ႕ အႏုိင္ႏုိင္ပါ။ အမ်ားအားျဖင္႕ ( ၁၅ ) ႏွစ္ေလာက္ေမာင္းထားျပီးသားကားတစ္စီးဟာ ျမန္မာႏုိင္ငံမွာ ကားအေၾကာင္း ရြက္ၾကမ္းေရၾကိဳမသိခဲ႕သူဆိုရင္ ကံဆိုးကံေကာင္း စြန္႕စားျပီးဝယ္ရေလ႕ရွိပါတယ္။ မုိင္းလစ္အေနနဲ႕ အနည္းဆံုး ( ၁၅ဝဝဝဝ ) ေက်ာ္ေနတဲ႕ကားဟာ အင္ဂ်င္ခါးပတ္ၾကိဳး - Timing Belt ( ၂ ) ၾကိမ္လဲျပီးသား ျဖစ္ေနရပါမယ္။ ဒါကိုမသိရင္ ကားေကာင္းမရႏုိင္သလို “ ကားပ်က္ရင္ အေမရိကားမွာ ဘဝပ်က္ပါတယ္ ”
.
ဒါေၾကာင္႕ အေမရိကားေရာက္တာသိပ္မၾကာခင္ပဲ ျမန္မာေတြကားအသစ္ဝယ္တယ္ဆုိတာ အဆန္းမဟုတ္ေတာ႕ပါဘူး။ ကားအသစ္က ( Credit ပံုမွန္အဆင္႕ရွိသူဆိုရင္ ) လစဥ္ေငြသြင္းစံနစ္ - Financing နဲ႕ ဝယ္လုိ႕ရတဲ႕အခါ လက္မရြန္႕ျမန္မာေတြ အသစ္ကေလးနဲ႕ လမ္းသလားႏိုင္ပါျပီ။ ဒီ႕ထက္ပုိယုတိၱရွိတာက “ “ ကားအသစ္က မပ်က္ဘူးေလ ” ဆုိတဲ႕ လက္သံုးစကားပါပဲ။ လက္စြန္းထက္သေလာက္ ကားကလည္းေျပးေတာ႕ ဘယ္သူမွလုိက္မမွီေတာ႕ပါဘူး။ ဟုတ္ပါတယ္ .. အေမရိကားေရာက္ျပီးသူ ဘယ္ျမန္မာမွ ေငြေခ်းဖို႕မေၾကာက္သလို ကားျပင္တတ္သူေတာင္ ကားေအာက္ထဲဝင္ျပီး ဘယ္သူမွ အင္ဂ်င္ဝုိင္အေပမခံခ်င္ေတာ႕ပါဘူး။ ( အေသးစိတ္ဖတ္ႏုိင္ရန္ ) 1. https://www.facebook.com/558590017546880/photos/a.558595644212984.1073741828.558590017546880/558607190878496/?type=3
.
.
.
ဘာမဆိုအာမခံခ်က္ရွိမွလုပ္တတ္ၾကတဲ႕ အေမရိကန္ႏုိင္ငံေရာက္ျပီဆိုရင္ အသက္ရွိတဲ႕လူသားအျပင္ သက္မဲ႕ကားပါ အဆစ္ပါမသြားရေအာင္ ကားအာမခံ ထားၾကရပါတယ္။ ဒီလိုနဲ႕ ကားေမာင္းတတ္ရံုနဲ႕ ကားပိုင္ရွင္ျဖစ္ႏုိင္ေပမယ္႕ ကားဖိုးထက္ မိမိအိပ္ကပ္ထဲက တတိတိနဲ႕ႏိႈက္ယူခံေနရမယ္႕ ကားအာမခံေငြရွိတယ္ဆုိတာ သတိခ်ပ္ရပါမယ္။ ေမာ္ေတာ္ယာဥ္ကို မထိခိုက္ေအာင္ကာကြယ္ေပးမယ္ဆိုျပီးေရာင္းတာမ်ိဳးမဟုတ္ပဲ ထိခိုက္ရင္ေလ်ာ္ေပးမယ္ဆိုတဲ႕ အာမခံမ်ိဳးက ဒိုင္စားသလို ထုိးသားက အျမဲအရံွဴးေပးေနရတဲ႕ ကစားကြက္တစ္ခုပါ။ ကားကုိ ဘယ္ကားပိုင္ရွင္မွ တိုက္မိ ခိုက္မိေအာင္ မေမာင္းခ်င္ၾကပါဘူး။ ဒါကလည္း ဒုိင္အတြက္ အျမဲမွန္ေနတဲ႕ အဓိက ေအာက္ဖဲတစ္ခ်ပ္လည္းျဖစ္ပါတယ္။ ( အေသးစိတ္ဖတ္ႏုိင္ရန္ ) 1. https://www.facebook.com/558590017546880/photos/a.558595644212984.1073741828.558590017546880/558608567545025/?type=3&permPage=1
.
.
.
ကားၾကပ္တဲ႕ - Traffic Jam ဒဏ္ကို ေျဖရွင္းဖုိ႕ အေမရိကားမွာ မတူတဲ႕နည္းလမ္းေတြနဲ႕ၾကိဳးစားေလ႕ရွိပါတယ္။ အဲဒါကေတာ႕ သြားရာလမ္းေၾကာင္းတူတဲ႕ စီးနင္းသူအခ်င္းခ်င္း ကားေပါင္းစီးေစတာပါပဲ။ ဒီလိုလုပ္ျခင္းအားျဖင္႕ ဟုိင္းေဝးလမ္းေတြေပၚမွာ လမ္းလုေနတဲ႕ကားေတြနည္းလာသလို ေလာင္စာဆီသံုးစြဲမႈေလွ်ာ႕ခ်ႏုိင္လာတယ္။ ျပည္သူေတြမွာလည္း ကုန္က်သစားရိတ္သက္သာလာသလို လမ္းေပၚမွာကားအေရအတြက္နည္းသြားတာနဲ႕အခ်ိဳးညီစြာ မေတာ္တဆထိခုိက္မႈလည္း ေလွ်ာ႕ပါးလာႏုိင္တာေၾကာင္႕ အလုပ္တူသူေတြ “ ကားပူးလ္း ” စီးၾကပါတယ္။ ( အေသးစိတ္ဖတ္ႏုိင္ရန္ ) https://www.facebook.com/558590017546880/photos/a.558595644212984.1073741828.558590017546880/558596484212900/?type=3&permPage=1
.
.
အခုေဆာင္းပါးမွာ နယ္ပယ္က်ယ္လွတာေၾကာင္႕ အေမရိကားလာဖို႕အဆင္သင္႕ျဖစ္ေနသူေတြ မိမိကိုယ္တိုင္သာ ေမးခြန္းေတြေမးေစခ်င္ပါတယ္။ ဒါမွ ဘာကိုျပင္ဆင္လာျပီး ဘယ္လုိ ခုန္ပ်ံေက်ာ္လႊားေမာင္းႏွင္ရမယ္ဆုိတာေတြကို ကစုန္ေပါက္ေျပး ေတြးေတာႏုိင္မွာပါ။
.
ေနာက္အပိုင္းေတြမွာ ေတြးေတာဆင္ျခင္စရာေတြ မ်ားမ်ားပါေအာင္ ၾကိဳးပမ္းေရးသားၾကည္႕ပါဦးမယ္။
.
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
09-27-2015
.
.
.
Myanmar Unicode Version:
.
.
“ အမေရိကားကိုတစ်ကယ်လာဖြစ်မယ်ဆိုရင် .. မှာချင်တယ် ။ ၃ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
အမေရိကားကိုတစ်ကယ်လာဖြစ်ရင် မှာချင်တဲ့အကြောင်းတွေကို ရေးနေပါတယ်။ ( အပိုင်း။ ၂ ပြန်ဖတ်နိုင်ရန် ) https://www.facebook.com/photo.php?fbid=1631371543817979&set=a.1377780475843755.1073741829.100008354461942&type=3&theater
။။။။ ---- ကားနဲ့လမ်း ---- ။။။။
.
လူတွေဟာ လမ်းလျှောက်ဖို့ခြေထောက်တစ်စုံလိုပါတယ်။ အမေရိကားမှာ အလုပ်တက်ဖို့နဲ့ ခရီးတစ်ခုရောက်ဖို့က ကားတစ်စီးရှိမှဖြစ်ပါလိမ့်မယ်။ ကားဟောင်းတာ မဟောင်းတာက အရေးမကြီးပါဘူး .. ကားကောင်းမှ Auto ဒုက္ခ အဝဝ ကနေ ကင်းဝေးပါရမှာပါ။ ကားမကောင်းရင်တော့ တစ်မနက်ဆိုပြီး ညသိပ် - Over Night ကားထားခဲ့ရတာတွေ၊ တစ်ရက်ဆိုပြီး တစ်ပတ်ကြာသွားရတာတွေ စတဲ့ ကားပြင်ရတဲ့ဒုက္ခတွေကို ကြုံဖူးသူတိုင်း သိကြပါတယ်။ ( အသေးစိတ်ဖတ်နိုင်ရန် ) https://www.facebook.com/558590017546880/photos/a.558595644212984.1073741828.558590017546880/558729694199579/?type=3&permPage=1
.
.
ဒီတော့ ကားမောင်းတတ်ဖို့ ကားလိုင်စင်လိုတယ်။ ကားလိုင်စင်ဆိုရင် စာရွက်ပေါ်မှာဖြေရတာကတစ်မျိုး၊ မောင်းဖြေပြရတာကတစ်မျိုး နဲ့ အရေးထဲ အင်္ဂလိပ်လိုရေးထားတဲ့ စာလုံးအခက်တွေများနေတော့ အရှေ့ပိုင်းမှာ အတင်းတုတ်ခဲ့သလို ကြိုတင်မပြင်ဆင်လာသူများအတွက်တော့ အခက်အခဲရှိနိုင်ပါတယ်။ ဒီနိုင်ငံကို ရွှေ့ပြောင်းလာသူများသာမက ကျောင်းလာတက်တဲ့ကျောင်းသားများပါ ကားဝယ်နိုင်သလို ကားမောင်းလိုင်စင်လည်း လျှောက်ထားနိုင်ပါတယ်။ အဓိက ဥပဒေကိုလိုက်နာဖို့ပါပဲ။ ဥပဒေဆိုတာမှာလည်း မော်တော်ယာဉ်ဥပဒေရှိသလို လူတွေလိုက်နာရမယ့်စည်းကမ်းတွေကိုလည်း ချန်ထားလို့မဖြစ်ပါဘူး။
.
ကားမောင်းလိုင်စင်ဖြေဖို့ အမေရိကန် က.ည.န - DMV – Department of Motor Vehicles မှာ လမ်းညွှန်စာအုပ်သွားယူလို့ရပါတယ်။ မေးခွန်းက ( ၃၆ ) ခုရှိပြီး အင်္ဂလိပ်စာအပြင် တရုတ်၊ စပိန် နဲ့ တစ်ချို့ပြည်နယ်တွေမှာ ပန်ချာပီဘာသာနဲ့ပါ ဖြေနိုင်တယ်လို့ ရေးထားပါတယ်။ မေးခွန်း ( ၆ ) ခု မှားတဲ့အထိ အအောင်ပေးပါတယ်။ မဖြေခင် အဝေးမှုန်ရှိမရှိ မျက်စိစစ်ဆေးတာကို ကောင်းမွန်စွာလက်ခံရပါမယ်။ ဖြေခငွေသွင်းပြီးသွားလို့ ရက်ချိန်းယူပြီးဖြေ၊ အောင်ရင် ခန့်မှန်းခြေ တစ်လအတွင်း မောင်းဖြေရက်ချိန်းယူပြီး ထပ်ဖြေပြရပါမယ် .. ဒီ ( ၂ ) ခုက တစ်ခုပြီးမှနောက်တစ်ခုထပ်ဖြေရတာပါ။ အောင်သွားရင်တော့ ကိုယ့်နာမယ်နဲ့ကားဝယ်ပြီး အမေရိကန်ခြေထောက်ရပြီလို့ ပြောလို့ရပါတယ်။ ( အသေးစိတ်ဖတ်နိုင်ရန် ) https://www.facebook.com/558590017546880/photos/a.558595644212984.1073741828.558590017546880/558728954199653/?type=3&permPage=1
.
.
အမိမြေကိုဖယ်ခွာလာပြီး တိုင်းတစ်ပါးမြေမှာ ပထမဦးဆုံးစိတ်တိုင်းကျမိမှာကတော့ ရောင်စုံဂေါ်လီလုံးတွေလို လမ်းပေါ်မှာပြေးနေတဲ့ နောက်ဆုံးပေါ်မော်ဒယ်အတွန့်အတက်တွေ နဲ့ ကားမျိုးစုံပါပဲ။ အပြင်လိုက်ပို့တဲ့မြို့ခံကို အမေးမိဆုံးစကားဟာလည်း “ အဲဒီကားက ဘာမော်ဒယ်လဲ? ဒီမှာဆိုဘယ်လောက်ပေးရလဲ? ” ဆိုတာနဲ့ “ ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင် .. ” ဆိုပြီး ကိုယ်နေခဲ့တဲ့နိုင်ငံကို မှိူချိုးမျစ်ချိုး ပြောမိတတ်ကြတာပါပဲ။ ဒါကလည်း ခေတ်အဆက်ဆက်ကခံခဲ့ရတဲ့ ချိုမြိန်ဒုက္ခမို့လို့ “ ငါတို့တုန်းက ဘယ်လို .. ” ဆိုပြီး ဟာသလေးနဲ့အဖျားရှူးသွားရတဲ့ လွမ်းနာကျဇာတ်သိမ်းခန်းလေး ဖြစ်သွားရစမြဲပါ။
.
တိုင်းတစ်ပါးကို ငွေထုတ်ပိုက်ပြီးထွက်လာသူများအတွက်တော့ ( ၃ ၊ ၄ ) ရက်အတွင်း မာဆေးဒီးစ်ကားအသစ်တစ်စီး ချက်ချင်းဝယ်နိုင်ပေမယ့် ခြစ်ခြစ်ကုတ်ကုတ်စုမှ ဆောင်းမှ ကားဝယ်ဖို့ကြိုးပမ်းရသူအတွက်တော့ ( ၃ ၊ ၄ ) လလောက်မှ ကားအဟောင်းတစ်စီးဝယ်နိုင်ဖို့ အနိုင်နိုင်ပါ။ အများအားဖြင့် ( ၁၅ ) နှစ်လောက်မောင်းထားပြီးသားကားတစ်စီးဟာ မြန်မာနိုင်ငံမှာ ကားအကြောင်း ရွက်ကြမ်းရေကြိုမသိခဲ့သူဆိုရင် ကံဆိုးကံကောင်း စွန့်စားပြီးဝယ်ရလေ့ရှိပါတယ်။ မိုင်းလစ်အနေနဲ့ အနည်းဆုံး ( ၁၅ဝဝဝဝ ) ကျော်နေတဲ့ကားဟာ အင်ဂျင်ခါးပတ်ကြိုး - Timing Belt ( ၂ ) ကြိမ်လဲပြီးသား ဖြစ်နေရပါမယ်။ ဒါကိုမသိရင် ကားကောင်းမရနိုင်သလို “ ကားပျက်ရင် အမေရိကားမှာ ဘဝပျက်ပါတယ် ”
.
ဒါကြောင့် အမေရိကားရောက်တာသိပ်မကြာခင်ပဲ မြန်မာတွေကားအသစ်ဝယ်တယ်ဆိုတာ အဆန်းမဟုတ်တော့ပါဘူး။ ကားအသစ်က ( Credit ပုံမှန်အဆင့်ရှိသူဆိုရင် ) လစဉ်ငွေသွင်းစံနစ် - Financing နဲ့ ဝယ်လို့ရတဲ့အခါ လက်မရွန့်မြန်မာတွေ အသစ်ကလေးနဲ့ လမ်းသလားနိုင်ပါပြီ။ ဒီ့ထက်ပိုယုတ္တိရှိတာက “ ကားအသစ်က မပျက်ဘူးလေ ” ဆိုတဲ့ လက်သုံးစကားပါပဲ။ လက်စွန်းထက်သလောက် ကားကလည်းပြေးတော့ ဘယ်သူမှလိုက်မမှီတော့ပါဘူး။ ဟုတ်ပါတယ် .. အမေရိကားရောက်ပြီးသူ ဘယ်မြန်မာမှ ငွေချေးဖို့မကြောက်သလို ကားပြင်တတ်သူတောင် ကားအောက်ထဲဝင်ပြီး ဘယ်သူမှ အင်ဂျင်ဝိုင်အပေမခံချင်တော့ပါဘူး။ ( အသေးစိတ်ဖတ်နိုင်ရန် ) 1. https://www.facebook.com/558590017546880/photos/a.558595644212984.1073741828.558590017546880/558607190878496/?type=3
.
2. https://www.facebook.com/558590017546880/photos/a.558595644212984.1073741828.558590017546880/558608094211739/?type=3&permPage=1
.
.
ဘာမဆိုအာမခံချက်ရှိမှလုပ်တတ်ကြတဲ့ အမေရိကန်နိုင်ငံရောက်ပြီဆိုရင် အသက်ရှိတဲ့လူသားအပြင် သက်မဲ့ကားပါ အဆစ်ပါမသွားရအောင် ကားအာမခံ ထားကြရပါတယ်။ ဒီလိုနဲ့ ကားမောင်းတတ်ရုံနဲ့ ကားပိုင်ရှင်ဖြစ်နိုင်ပေမယ့် ကားဖိုးထက် မိမိအိပ်ကပ်ထဲက တတိတိနဲ့နှိုက်ယူခံနေရမယ့် ကားအာမခံငွေရှိတယ်ဆိုတာ သတိချပ်ရပါမယ်။ မော်တော်ယာဉ်ကို မထိခိုက်အောင်ကာကွယ်ပေးမယ်ဆိုပြီးရောင်းတာမျိုးမဟုတ်ပဲ ထိခိုက်ရင်လျော်ပေးမယ်ဆိုတဲ့ အာမခံမျိုးက ဒိုင်စားသလို ထိုးသားက အမြဲအရှူံးပေးနေရတဲ့ ကစားကွက်တစ်ခုပါ။ ကားကို ဘယ်ကားပိုင်ရှင်မှ တိုက်မိ ခိုက်မိအောင် မမောင်းချင်ကြပါဘူး။ ဒါကလည်း ဒိုင်အတွက် အမြဲမှန်နေတဲ့ အဓိက အောက်ဖဲတစ်ချပ်လည်းဖြစ်ပါတယ်။ ( အသေးစိတ်ဖတ်နိုင်ရန် ) 1. https://www.facebook.com/558590017546880/photos/a.558595644212984.1073741828.558590017546880/558608567545025/?type=3&permPage=1
.
2. https://www.facebook.com/558590017546880/photos/a.558595644212984.1073741828.558590017546880/558609094211639/?type=3&permPage=1
.
.
ကားကြပ်တဲ့ - Traffic Jam ဒဏ်ကို ဖြေရှင်းဖို့ အမေရိကားမှာ မတူတဲ့နည်းလမ်းတွေနဲ့ကြိုးစားလေ့ရှိပါတယ်။ အဲဒါကတော့ သွားရာလမ်းကြောင်းတူတဲ့ စီးနင်းသူအချင်းချင်း ကားပေါင်းစီးစေတာပါပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် ဟိုင်းဝေးလမ်းတွေပေါ်မှာ လမ်းလုနေတဲ့ကားတွေနည်းလာသလို လောင်စာဆီသုံးစွဲမှုလျှော့ချနိုင်လာတယ်။ ပြည်သူတွေမှာလည်း ကုန်ကျသစားရိတ်သက်သာလာသလို လမ်းပေါ်မှာကားအရေအတွက်နည်းသွားတာနဲ့အချိုးညီစွာ မတော်တဆထိခိုက်မှုလည်း လျှော့ပါးလာနိုင်တာကြောင့် အလုပ်တူသူတွေ “ ကားပူးလ်း ” စီးကြပါတယ်။ ( အသေးစိတ်ဖတ်နိုင်ရန် ) https://www.facebook.com/558590017546880/photos/a.558595644212984.1073741828.558590017546880/558596484212900/?type=3&permPage=1
.
.
အခုဆောင်းပါးမှာ နယ်ပယ်ကျယ်လှတာကြောင့် အမေရိကားလာဖို့အဆင်သင့်ဖြစ်နေသူတွေ မိမိကိုယ်တိုင်သာ မေးခွန်းတွေမေးစေချင်ပါတယ်။ ဒါမှ ဘာကိုပြင်ဆင်လာပြီး ဘယ်လို ခုန်ပျံကျော်လွှားမောင်းနှင်ရမယ်ဆိုတာတွေကို ကစုန်ပေါက်ပြေး တွေးတောနိုင်မှာပါ။
.
နောက်အပိုင်းတွေမှာ တွေးတောဆင်ခြင်စရာတွေ များများပါအောင် ကြိုးပမ်းရေးသားကြည့်ပါဦးမယ်။
.
.
ခင်မင်ခြင်းများစွာဖြင့်
.
09-27-2015
.
.
“ အေမရိကားကိုတစ္ကယ္လာျဖစ္မယ္ဆိုရင္ .. မွာခ်င္တယ္ ။ ၄ ”
ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
အေမရိကားကိုတစ္ကယ္လာျဖစ္ရင္ မွာခ်င္တဲ႕အေၾကာင္းေတြကုိ ေရးေနပါတယ္။ ( အပိုင္း။ ၃ ျပန္ဖတ္ႏုိင္ရန္ ) https://www.facebook.com/photo.php?fbid=1631654803789653&set=a.1377780475843755.1073741829.100008354461942&type=3&theater
။။။။ ---- ေငြနဲ႕ဘဏ္ကဒ္သံုးစြဲမႈ ---- ။။။။
.
လက္ရွိမွာ လူကေငြကုိကိုင္တြယ္သံုးစြဲသလား .. ေငြကိုလက္ထဲမထားပဲ အေၾကြးကဒ္ျပားနဲ႕ ရသေလာက္သံုးမလား ဆိုတဲ႕ေခတ္အေနအထားကို ျမန္ျမန္ၾကီးေရာက္လာေနပါျပီ။ လက္ထဲကေငြဟာ ကုန္ပစၥည္းမ်ားကို ေအာင္ျမင္စြာလဲလွယ္ေပးႏုိင္သလို မျမင္ရတဲ႕အႏၱရာယ္ေတြကုိ ဖိတ္ေခၚတတ္တဲ႕အေျခအေနမ်ိဳးက အေမရိကန္ေျမဆီလႊာေပၚမွာ ေတာ္ေတာ္သတိထားရမယ္႕ကိစၥတစ္ခုျဖစ္ပါတယ္။ ဒါေၾကာင္႕အေမရိကားကုိလာေရာက္ေနထုိင္္ေတာ႕မယ္႕ျမန္မာမ်ားအေနနဲ႕ ေငြသား - Cash နဲ႕ ဘဏ္ကဒ္ တုိ႕ ဘယ္ဟာက ဘယ္ေနရာမွာအသံုးဝင္သလဲဆိုတာသိထားဖို႕ ၾကိဳတင္ေလ႕လာဖို႕လိုအပ္လွပါတယ္။
.
.
ျမန္မာႏိုင္ငံမွာ ေငြပမာဏႏွစ္သိန္းဆိုရင္ သယ္သြားသယ္လာဖို႕လြယ္ရံုမက ဝန္ပမာဏမၾကီးတဲ႕အသျပာျဖစ္ေပမယ္႕ အေမရိကားမွာ ေဒၚလာ ( ၂ဝဝ ) မေျပာနဲ႕ ေဒၚလာ ( ၂ဝ ) တန္တစ္ရြက္ေတာင္ ေတာ္ရံုတန္ရံုလူတစ္ေယာက္အိပ္ကပ္ထဲမွာ အဆင္သင္႕ရွာေတြ႕ဖို႕ ခက္ပါတယ္။ ဒါေပမယ္႕ သူ႕မွာ ေငြထည္႕ထားျပီး ကိုယ္႕ေငြကုိယ္ျပန္သံုးတဲ႕ Debit Card ရွိတယ္။ ေငြေပးေခ်ရတဲ႕စက္ဝန္း - Billing Circle တစ္ခုေရာက္မွ အေၾကြးျပန္ဆပ္ရတဲ႕ Credit Card လည္းရွိပါလိမ္႕မယ္။ ဘဏ္လုပ္ငန္းကို အျပည္႕႔အဝယုံၾကည္တဲ႕ အေမရိကန္ႏုိင္ငံမွာ ျမန္မာမ်က္လံုးနဲ႕ၾကည္႕ရင္ အားသာခ်က္ - Advantage ေရာ၊ အားနည္းခ်က္ - Disadvantage ေရာ ရွိၾကတယ္။ ဆက္လက္ေလ႕လာႏုိင္ရန္ https://www.facebook.com/558590017546880/photos/pb.558590017546880.-2207520000.1444452432./558692084203340/?type=3&src=https%3A%2F%2Fscontent.fsnc1-1.fna.fbcdn.net%2Fhphotos-frc3%2Fv%2Ft1.0-9%2F548482_558692084203340_1323189750_n.jpg%3Foh%3D8c60eb7479750450b01abeee0d50497c%26oe%3D5698C0F9&size=400%2C332&fbid=558692084203340
.
ေရွ႕ဆက္စဥ္းစားၾကည္႕ရေအာင္။ ကြ်န္ေတာ္တုိ႕အြန္လိုင္းေပၚမွာ ေငြကိုဘယ္လုိေပးေခ်ၾကသလဲ? ပလပ္စတစ္ကဒ္ဟာ အေမရိကားမွာမက ကမၻာ႕ႏုိင္ငံေတာ္ေတာ္မ်ားမ်ားအထိ လွ်ပ္စစ္ေငြ - Electric Payment အျဖစ္ ေပးသူေရာ၊ ယူသူေရာ၊ ၾကားခံဝန္ေဆာင္မႈကုမၸဏီ နဲ႕ စီးပြားေရးလုပ္ငန္းမ်ားပါ ရာႏႈန္းျပည္႕နီးပါးအသံုးျပဳလာၾကတယ္။ အဆိုပါတိုးတက္မႈနဲ႕အတူ ေကာင္းက်ိဳး - Pros နဲ႕ ဆိုးက်ိဳး - Cons တို႕ ညီအစ္ကိုက ကပ္လ်က္လိုက္မွာမလြဲဧကန္ပါပဲ။ ဒါေၾကာင္႕ မေကာင္းမႈဆိတ္ကြယ္ရာမွာ ကိုယ္႕ေငြေပးေခ်မႈလမ္းေၾကာင္းကုိ ေငြသား - Cash ထုတ္သံုးျပီး ေျခရာေဖ်ာက္လာၾကတယ္။
.

.
ဥပမာ တီဗီြတစ္လံုးဝယ္လို႕ ေဒၚလာ ( ၈ဝဝ ) ေလာက္ေပးရတာကုိ အေမရိကားမွာ ရြက္စိမ္းေဒၚလာနဲ႕ေပးေခ်ရင္ ေငြလက္ခံသူ - Casher ဆိုသူကေတာင္ ေငြကိုအေယာင္ေယာင္အမွားမွားေရယူတတ္ၾကတယ္။ ဘာေၾကာင္႕ ဒီလိုျဖစ္ၾကရတာလဲ?
.
ဒီပံုစံမ်ိဳးကုိ ျမန္မာေငြနဲ႕တြက္ရင္ ( ၁ဝ ) သိန္းမျပည္႕ေတာ႕ ျမန္မာေတြအတြက္ အသာတၾကည္ေပးေခ်တဲ႕ပံုစံလို႕ မွတ္ယူရလြယ္ကူမယ္ထင္ပါတယ္။ အေမရိကားမွာ လံုျခံဳေရး နဲ႕ ပိုက္ဆံကေပးတဲ႕ မျမင္ရတဲ႕အႏၱရာယ္ကုိ ၾကိဳတင္ေၾကာက္မက္ျပီး စိုးရိမ္ၾကတယ္။ ျဖစ္ေလ႕ျဖစ္ထရွိတဲ႕ ရာဇဝတ္မႈေတြက ေငြေၾကးနဲ႕မွ မကင္းပဲကုိး။ ဆက္လက္ေလ႕လာႏုိင္ရန္ https://www.facebook.com/558590017546880/photos/pb.558590017546880.-2207520000.1444452432./558692597536622/?type=3&permPage=1
.
.
မယံုမရွိပါနဲ႕..။ ကားပါကင္မွာရပ္ရင္း ေမာလ္ - Mall ထဲဝင္သြားျပီး ျပန္ထြက္အလာ ကားမွန္ေတြကြဲျပီး ခုိးယူသြားတဲ႕သူက ကားထဲကဘာကိုလိုခ်င္တယ္ထင္ပါသလဲ? အသစ္စက္စက္ကုိမွ ေဒၚလာ ( ၁ဝဝ ) ေလာက္ေပးရျပီး အေဟာင္းအတိုင္းျပန္ေရာင္းရင္ ေဒၚလာ ( ၅ဝ ) ေလာက္ေတာင္မရတတ္တဲ႕ လမ္းျပေမာင္းႏွင္စက္ - Navigator ကို လုိခ်င္လို႕ပါ။ အဲဒီမွန္ကြဲေနတဲ႕ကားကို မ်က္ျမင္ကိုယ္ေတြ႕ေတြ႕ရေတာ႕ လံုးဝမယံုႏုိင္ဘူး။ ဆယ္ဂဏန္းေသာေဒၚလာအတြက္ ( ၂ဝဝ ) ေက်ာ္ကုန္က်မယ္႕ ကားမွန္ကို အသိဥာဏ္မရွိစြာ ရုိက္ခြဲၾကတယ္။ ဒီေတာ႕ လူေတြကလန္႕ျပီး ကားေရွ႕ခန္းမွာ ဘာတန္ဖိုးရွိတဲ႕ပစၥည္းမွ မထားရဲေတာ႕ဘူးေလ။
.
ၾကိဳတင္ကာကြယ္ရင္းကေန ကဲကဲလြန္လြန္ျဖစ္လာတာက လူေတြကိုင္တဲ႕ပိုက္ဆံအိတ္မွာ ေငြသားေဒၚလာမပါလာေတာ႕ပဲ ပလပ္စတစ္ကဒ္ျပားေတြျဖစ္လာရာကေန ေနာက္ပုိင္းမွာ လက္ကုိင္ဖုန္းကေနေပးေခ်တဲ႕စံနစ္ - Mobile Payment ၊ အခုေနာက္ပိုင္းဆိုရင္ လက္ပတ္ႏုိင္ရီကေနေပးေခ်တဲ႕စံနစ္ - Wearable Payment ဆိုျပီး တစ္ဆင္႕ျပီးတစ္ဆင္႕ျမွင္႕လာလိုက္တာ ဘာဝယ္ဝယ္ေငြထုတ္ပိုက္ျပီးလုိက္ဝယ္ရတဲ႕ ျမန္မာျပည္ကလာမယ္႕သူေတြအေနနဲ႕ ရင္းႏွီးမႈရွိေစခ်င္ပါတယ္။
.

.
ဆုိလုိတာက ေငြကုိ အြန္လုိင္းေပၚက၊ ဖုန္းေပၚကေနေပးတတ္ဖို႕သိပ္အေရးမၾကီးလွေပမယ္႕ မိမိေငြေတြဘယ္လိုနည္းနဲ႕အခုိးခံရႏုိင္တယ္ဆိုတာကေန စသင္ေစ႕ခ်င္တယ္။ ကြ်န္ေတာ္ရိုက္ထားတဲ႕ပံုေတြမွာေတြ႕ရတဲ႕အတိုင္း လူေတြက ေဒၚလာ ( ၄ဝ ) ေလာက္လိုမွ တကူးတကဘဏ္တုိက္ကိုလာၾကတယ္။ ကုိယ္ထုတ္မယ္႕ေငြကုိမျမင္ေအာင္ ကိုယ္ခႏၶာနဲ႕ကြယ္ျပီး သိမ္းၾက ဆည္းၾကတယ္။ တစ္ခ်ိဳ႕ဆိုရင္ ကားေပၚကမဆင္းခ်င္လို႕ Drive Through ATM မွာ ကားေပၚကေန ေငြသြင္းေငြထုတ္ လုပ္ၾကတယ္။ အေၾကာင္းကေတာ႕ ကိုယ္႕လက္ထဲမွာ Cash မ်ားစြာရွိေနတာဟာ အေမရိကားမွာ အသက္နဲ႕ရင္းရတဲ႕စြန္႕စားမႈမ်ိဳးကို အခ်ိန္မေရြးအသြင္ေျပာင္းသြားႏုိင္လို႕ပါ။
.
ဒါကို ဘဏ္လုပ္ငန္းကုမၸဏီဘက္ကေရာ ဘယ္လုိေတြးေတာပါသလဲ? လံုျခံဳေရးကိုလက္နက္နဲ႕ကာကြယ္ပါတယ္။ ဗလေတာင္႕ေတာင္႕ ခပ္မုိက္ကန္းကန္းအေစာင္႕ငွားျပီး လက္နက္တပ္ဆင္ေစာင္႕ၾကပ္ေစတယ္။ ဘဏ္တစ္ခုနဲ႕တစ္ခုနဲ႕ၾကား ရုပ္ျပေငြသား - Physical Currency ျပစရာမလုိတဲ႕ အင္တာနက္ကေန အလႊဲအေျပာင္းလုပ္ၾကတယ္ .. ေပးေခ်ၾကတယ္ .. ေတာင္းခံၾကတယ္။ ဒါ႕အျပင္ ဘဏ္ရဲ႕မျဖစ္မေနအသြင္းအထုတ္လုပ္ရမယ္႕ ေငြထုတ္ၾကီးေတြကို ကုိယ္တိုင္မကုိင္တြယ္ေတာ႕ပဲ လက္နက္ပါတဲ႕ေငြသယ္ကုမၸဏီကား - Money Carrier Armored Truck ေတြကိုငွားျပီးလိုက္သိမ္းခိုင္းတယ္ .. ဒါဆုိ မျပီးသြားဘူးလား..။ ေဖာက္သည္ေတြသံုးဖို႕ ရတနာပစၥည္းသိမ္းတဲ႕ ေသာ႕ခတ္ေသတၱာ - Locker ကို ဝန္ေဆာင္မႈအေနနဲ႕ ဘဏ္ေတြကငွားေပးၾကတယ္။
.

.
ရန္ကုန္မွာ ဧရာဝတီဘဏ္က ေငြ ( ၈ဝဝဝ ) က်ပ္ေပးဖြင္႕ရတဲ႕ကဒ္က Debit Card ပါ။ ဒီလိုကဒ္ကို အေမရိကားမွာ အခမဲ႕ဖြင္႕ႏုိင္သလို Checking Account လုိ႕ လူသိမ်ားတယ္။ ေငြစု Saving က ေငြတုိးေပးတာ အင္မတန္နည္းတယ္။ ဒီေတာ႕ လစဥ္မိမိကုန္က်စားရိတ္မ်ား - Utilities ကိုခ်န္ထားျပီး အလယ္အလတ္လူတန္းစားေတြဟာ မိမိလုပ္ကိုင္ေနတဲ႕ကုမၸဏီနဲ႕ဆိုင္တဲ႕ အစုရွယ္ယာလက္မွတ္ - IPO ( Initial Public Offering ) ေတြမွာ အုိစာမင္းစာအတြက္ ရင္းႏွီးျမႈပ္ႏွံၾကတယ္။ သံုးစြဲသမ်ွကို အေၾကြးဝယ္ကဒ္သံုးျပီး ေငြေတာင္းခံလႊာ - Bill ေရာက္လာတဲ႕အခါ အြန္လိုင္းကေနေငြေပးေပး၊ ခ်က္လက္မွတ္ပဲေရးေရး ေပးေခ်တဲ႕အဆင္႕အထိ ေငြစကၠဴကုိ တစ္ရြက္တစ္ေလမွ မျမင္ရပါဘူး။
.
ဒါတင္မကေသးဘူး .. မိမိအလုပ္လုပ္တဲ႕ကုမၸဏီက နာရီစားလုပ္ခရွင္းေငြ - Hourly Wages ကို ခ်က္လက္မွတ္နဲ႕ပဲ ေပးတယ္။ တစ္ပတ္ ( ၁ ) ၾကိမ္ - Weekly ၊ ႏွစ္ပတ္ ( ၁ ) ၾကိမ္ - Biweekly ေပးတဲ႕စာရြက္ကို အေမရိကားမွာ Paycheck လို႕ေခၚတယ္။ အဲဒါရလာရင္ ကိုယ္႕ဘဏ္အေကာင္႕ထဲထည္႕ဖုိ႕ ဘဏ္ကုိသြားသြင္းရတာရွိတယ္။ ATM မွာ မတ္တပ္ရပ္ျပီးသြင္းရတာရွိတယ္။
.
အခုေနာက္ပိုင္းဆိုရင္ ဖုန္းထဲက ဘဏ္ App ကေန ဓါတ္ပံုရုိက္ျပီးသြင္းရတဲ႕ Mobile Check Deposit လည္း အဆင္ေျပလွတယ္။ တစ္ခ်ိဳ႕ဘေလာ႕ဂ္စာမ်က္ႏွာေတြရဲ႕ေရးသားမႈအရ အေမရိကန္ဟာ လွ်ပ္စစ္ေငြေၾကးကိုေကာင္းေကာင္းထိန္းခ်ဳပ္ႏုိင္လို႕ သူ႕ရဲ႕ေငြစကၠဴကိုအဓိကကုိယ္တြယ္သံုးစြဲေနတဲ႕ေနရာေတြဟာ ျပင္ပႏုိင္ငံေတြျဖစ္တယ္ဆိုတာ သိရတယ္။
.
.
ဒီေတာ႕ … မၾကာခင္မွာ အေမရိကားကိုလာေရာက္ေတာ႕မယ္႕ ျမန္မာေတြဟာ ..
.
ေငြသားတျပျပသံုးေနရာကေန ပလပ္စတစ္ေငြေၾကးကို စမ္းသံုးၾကည္႕ဖူးပါျပီလား?
.
အြန္လိုင္းကေငြလိမ္နည္းမ်ားကို ဗဟုသုတရွိသူမ်ားထံ စနည္းနာပညာယူျပီးခဲ႕ပါျပီလား?
.
အျပင္ထြက္တဲ႕အခါ ေရႊဆြဲၾကိဳး၊ ေရႊလက္ေကာက္၊ ေရႊဟမ္းခ်ိန္းေတြ မဝတ္ပဲေနႏုိင္ျပီလား?
.
ႏိုင္ငံတကာကိုဝင္ဆန္႕ဖို႕ မိမိပိုင္ေငြေၾကးတစ္ခ်ိဳ႕ကို လံုျခံဳေအာင္ ဘဏ္လုပ္ငန္းကို အယံုအၾကည္ႏုိင္ေလာက္တဲ႕ သတိၱရိွျပီလား? ဆုိတာကို မိမိကိုယ္တုိင္ တင္္ၾကိဳဆန္းစစ္လာေစခ်င္တယ္။
.
.
တစ္ဆက္တည္းမွာခ်င္တာက ေငြေၾကးတတ္ႏိုင္လို႕ အေမရိကားလာတုန္း ေငြယူလာခ်င္တယ္ဆုိရင္ေတာ႕ ေဒၚလာ ( ၁ဝဝဝဝ ) မေက်ာ္ရင္ ( အခုေနာက္ပိုင္းမွာ ) ေလဆိပ္အဝင္မွာ ယူဝင္လာလို႕ရတယ္ဆုိတဲ႕အေၾကာင္း သတင္းပါးလုိက္ပါရေစ။
.
ေနာက္ပုိင္းမွာ သတိေပးဖုိ႕အေၾကာင္းအရာေတြ ေတာ္ေတာ္မ်ားမ်ားက်န္ပါေသးတယ္။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
10-11-2015
.
.
.
Myanmar Unicode Version:
.
.
“ အမေရိကားကိုတစ်ကယ်လာဖြစ်မယ်ဆိုရင် .. မှာချင်တယ် ။ ၄ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
အမေရိကားကိုတစ်ကယ်လာဖြစ်ရင် မှာချင်တဲ့အကြောင်းတွေကို ရေးနေပါတယ်။ ( အပိုင်း။ ၃ ပြန်ဖတ်နိုင်ရန် ) https://www.facebook.com/photo.php?fbid=1631654803789653&set=a.1377780475843755.1073741829.100008354461942&type=3&theater
။။။။ ---- ငွေနဲ့ဘဏ်ကဒ်သုံးစွဲမှု ---- ။။။။
.
လက်ရှိမှာ လူကငွေကိုကိုင်တွယ်သုံးစွဲသလား .. ငွေကိုလက်ထဲမထားပဲ အကြွေးကဒ်ပြားနဲ့ ရသလောက်သုံးမလား ဆိုတဲ့ခေတ်အနေအထားကို မြန်မြန်ကြီးရောက်လာနေပါပြီ။ လက်ထဲကငွေဟာ ကုန်ပစ္စည်းများကို အောင်မြင်စွာလဲလှယ်ပေးနိုင်သလို မမြင်ရတဲ့အန္တရာယ်တွေကို ဖိတ်ခေါ်တတ်တဲ့အခြေအနေမျိုးက အမေရိကန်မြေဆီလွှာပေါ်မှာ တော်တော်သတိထားရမယ့်ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်အမေရိကားကိုလာရောက်နေထိုင်တော့မယ့်မြန်မာများအနေနဲ့ ငွေသား - Cash နဲ့ ဘဏ်ကဒ် တို့ ဘယ်ဟာက ဘယ်နေရာမှာအသုံးဝင်သလဲဆိုတာသိထားဖို့ ကြိုတင်လေ့လာဖို့လိုအပ်လှပါတယ်။
.
.
မြန်မာနိုင်ငံမှာ ငွေပမာဏနှစ်သိန်းဆိုရင် သယ်သွားသယ်လာဖို့လွယ်ရုံမက ဝန်ပမာဏမကြီးတဲ့အသပြာဖြစ်ပေမယ့် အမေရိကားမှာ ဒေါ်လာ ( ၂ဝဝ ) မပြောနဲ့ ဒေါ်လာ ( ၂ဝ ) တန်တစ်ရွက်တောင် တော်ရုံတန်ရုံလူတစ်ယောက်အိပ်ကပ်ထဲမှာ အဆင်သင့်ရှာတွေ့ဖို့ ခက်ပါတယ်။ ဒါပေမယ့် သူ့မှာ ငွေထည့်ထားပြီး ကိုယ့်ငွေကိုယ်ပြန်သုံးတဲ့ Debit Card ရှိတယ်။ ငွေပေးချေရတဲ့စက်ဝန်း - Billing Circle တစ်ခုရောက်မှ အကြွေးပြန်ဆပ်ရတဲ့ Credit Card လည်းရှိပါလိမ့်မယ်။ ဘဏ်လုပ်ငန်းကို အပြည့်အဝယုံကြည်တဲ့ အမေရိကန်နိုင်ငံမှာ မြန်မာမျက်လုံးနဲ့ကြည့်ရင် အားသာချက် - Advantage ရော၊ အားနည်းချက် - Disadvantage ရော ရှိကြတယ်။ ဆက်လက်လေ့လာနိုင်ရန် https://www.facebook.com/558590017546880/photos/pb.558590017546880.-2207520000.1444452432./558692084203340/?type=3&src=https%3A%2F%2Fscontent.fsnc1-1.fna.fbcdn.net%2Fhphotos-frc3%2Fv%2Ft1.0-9%2F548482_558692084203340_1323189750_n.jpg%3Foh%3D8c60eb7479750450b01abeee0d50497c%26oe%3D5698C0F9&size=400%2C332&fbid=558692084203340
.
ရှေ့ဆက်စဉ်းစားကြည့်ရအောင်။ ကျွန်တော်တို့အွန်လိုင်းပေါ်မှာ ငွေကိုဘယ်လိုပေးချေကြသလဲ? ပလပ်စတစ်ကဒ်ဟာ အမေရိကားမှာမက ကမ္ဘာ့နိုင်ငံတော်တော်များများအထိ လျှပ်စစ်ငွေ - Electric Payment အဖြစ် ပေးသူရော၊ ယူသူရော၊ ကြားခံဝန်ဆောင်မှုကုမ္ပဏီ နဲ့ စီးပွားရေးလုပ်ငန်းများပါ ရာနှုန်းပြည့်နီးပါးအသုံးပြုလာကြတယ်။ အဆိုပါတိုးတက်မှုနဲ့အတူ ကောင်းကျိုး - Pros နဲ့ ဆိုးကျိုး - Cons တို့ ညီအစ်ကိုက ကပ်လျက်လိုက်မှာမလွဲဧကန်ပါပဲ။ ဒါကြောင့် မကောင်းမှုဆိတ်ကွယ်ရာမှာ ကိုယ့်ငွေပေးချေမှုလမ်းကြောင်းကို ငွေသား - Cash ထုတ်သုံးပြီး ခြေရာဖျောက်လာကြတယ်။
.
.
ဥပမာ တီဗွီတစ်လုံးဝယ်လို့ ဒေါ်လာ ( ၈ဝဝ ) လောက်ပေးရတာကို အမေရိကားမှာ ရွက်စိမ်းဒေါ်လာနဲ့ပေးချေရင် ငွေလက်ခံသူ - Casher ဆိုသူကတောင် ငွေကိုအယောင်ယောင်အမှားမှားရေယူတတ်ကြတယ်။ ဘာကြောင့် ဒီလိုဖြစ်ကြရတာလဲ?
.
ဒီပုံစံမျိုးကို မြန်မာငွေနဲ့တွက်ရင် ( ၁ဝ ) သိန်းမပြည့်တော့ မြန်မာတွေအတွက် အသာတကြည်ပေးချေတဲ့ပုံစံလို့ မှတ်ယူရလွယ်ကူမယ်ထင်ပါတယ်။ အမေရိကားမှာ လုံခြုံရေး နဲ့ ပိုက်ဆံကပေးတဲ့ မမြင်ရတဲ့အန္တရာယ်ကို ကြိုတင်ကြောက်မက်ပြီး စိုးရိမ်ကြတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရာဇဝတ်မှုတွေက ငွေကြေးနဲ့မှ မကင်းပဲကိုး။ ဆက်လက်လေ့လာနိုင်ရန် https://www.facebook.com/558590017546880/photos/pb.558590017546880.-2207520000.1444452432./558692597536622/?type=3&permPage=1
.
.
မယုံမရှိပါနဲ့..။ ကားပါကင်မှာရပ်ရင်း မောလ် - Mall ထဲဝင်သွားပြီး ပြန်ထွက်အလာ ကားမှန်တွေကွဲပြီး ခိုးယူသွားတဲ့သူက ကားထဲကဘာကိုလိုချင်တယ်ထင်ပါသလဲ? အသစ်စက်စက်ကိုမှ ဒေါ်လာ ( ၁ဝဝ ) လောက်ပေးရပြီး အဟောင်းအတိုင်းပြန်ရောင်းရင် ဒေါ်လာ ( ၅ဝ ) လောက်တောင်မရတတ်တဲ့ လမ်းပြမောင်းနှင်စက် - Navigator ကို လိုချင်လို့ပါ။ အဲဒီမှန်ကွဲနေတဲ့ကားကို မျက်မြင်ကိုယ်တွေ့တွေ့ရတော့ လုံးဝမယုံနိုင်ဘူး။ ဆယ်ဂဏန်းသောဒေါ်လာအတွက် ( ၂ဝဝ ) ကျော်ကုန်ကျမယ့် ကားမှန်ကို အသိဥာဏ်မရှိစွာ ရိုက်ခွဲကြတယ်။ ဒီတော့ လူတွေကလန့်ပြီး ကားရှေ့ခန်းမှာ ဘာတန်ဖိုးရှိတဲ့ပစ္စည်းမှ မထားရဲတော့ဘူးလေ။
.
ကြိုတင်ကာကွယ်ရင်းကနေ ကဲကဲလွန်လွန်ဖြစ်လာတာက လူတွေကိုင်တဲ့ပိုက်ဆံအိတ်မှာ ငွေသားဒေါ်လာမပါလာတော့ပဲ ပလပ်စတစ်ကဒ်ပြားတွေဖြစ်လာရာကနေ နောက်ပိုင်းမှာ လက်ကိုင်ဖုန်းကနေပေးချေတဲ့စံနစ် - Mobile Payment ၊ အခုနောက်ပိုင်းဆိုရင် လက်ပတ်နိုင်ရီကနေပေးချေတဲ့စံနစ် - Wearable Payment ဆိုပြီး တစ်ဆင့်ပြီးတစ်ဆင့်မြှင့်လာလိုက်တာ ဘာဝယ်ဝယ်ငွေထုတ်ပိုက်ပြီးလိုက်ဝယ်ရတဲ့ မြန်မာပြည်ကလာမယ့်သူတွေအနေနဲ့ ရင်းနှီးမှုရှိစေချင်ပါတယ်။
.
.
ဆိုလိုတာက ငွေကို အွန်လိုင်းပေါ်က၊ ဖုန်းပေါ်ကနေပေးတတ်ဖို့သိပ်အရေးမကြီးလှပေမယ့် မိမိငွေတွေဘယ်လိုနည်းနဲ့အခိုးခံရနိုင်တယ်ဆိုတာကနေ စသင်စေ့ချင်တယ်။ ကျွန်တော်ရိုက်ထားတဲ့ပုံတွေမှာတွေ့ရတဲ့အတိုင်း လူတွေက ဒေါ်လာ ( ၄ဝ ) လောက်လိုမှ တကူးတကဘဏ်တိုက်ကိုလာကြတယ်။ ကိုယ်ထုတ်မယ့်ငွေကိုမမြင်အောင် ကိုယ်ခန္ဓာနဲ့ကွယ်ပြီး သိမ်းကြ ဆည်းကြတယ်။ တစ်ချို့ဆိုရင် ကားပေါ်ကမဆင်းချင်လို့ Drive Through ATM မှာ ကားပေါ်ကနေ ငွေသွင်းငွေထုတ် လုပ်ကြတယ်။ အကြောင်းကတော့ ကိုယ့်လက်ထဲမှာ Cash များစွာရှိနေတာဟာ အမေရိကားမှာ အသက်နဲ့ရင်းရတဲ့စွန့်စားမှုမျိုးကို အချိန်မရွေးအသွင်ပြောင်းသွားနိုင်လို့ပါ။
.
ဒါကို ဘဏ်လုပ်ငန်းကုမ္ပဏီဘက်ကရော ဘယ်လိုတွေးတောပါသလဲ? လုံခြုံရေးကိုလက်နက်နဲ့ကာကွယ်ပါတယ်။ ဗလတောင့်တောင့် ခပ်မိုက်ကန်းကန်းအစောင့်ငှားပြီး လက်နက်တပ်ဆင်စောင့်ကြပ်စေတယ်။ ဘဏ်တစ်ခုနဲ့တစ်ခုနဲ့ကြား ရုပ်ပြငွေသား - Physical Currency ပြစရာမလိုတဲ့ အင်တာနက်ကနေ အလွှဲအပြောင်းလုပ်ကြတယ် .. ပေးချေကြတယ် .. တောင်းခံကြတယ်။ ဒါ့အပြင် ဘဏ်ရဲ့မဖြစ်မနေအသွင်းအထုတ်လုပ်ရမယ့် ငွေထုတ်ကြီးတွေကို ကိုယ်တိုင်မကိုင်တွယ်တော့ပဲ လက်နက်ပါတဲ့ငွေသယ်ကုမ္ပဏီကား - Money Carrier Armored Truck တွေကိုငှားပြီးလိုက်သိမ်းခိုင်းတယ် .. ဒါဆို မပြီးသွားဘူးလား..။ ဖောက်သည်တွေသုံးဖို့ ရတနာပစ္စည်းသိမ်းတဲ့ သော့ခတ်သေတ္တာ - Locker ကို ဝန်ဆောင်မှုအနေနဲ့ ဘဏ်တွေကငှားပေးကြတယ်။
.
.
ရန်ကုန်မှာ ဧရာဝတီဘဏ်က ငွေ ( ၈ဝဝဝ ) ကျပ်ပေးဖွင့်ရတဲ့ကဒ်က Debit Card ပါ။ ဒီလိုကဒ်ကို အမေရိကားမှာ အခမဲ့ဖွင့်နိုင်သလို Checking Account လို့ လူသိများတယ်။ ငွေစု Saving က ငွေတိုးပေးတာ အင်မတန်နည်းတယ်။ ဒီတော့ လစဉ်မိမိကုန်ကျစားရိတ်များ - Utilities ကိုချန်ထားပြီး အလယ်အလတ်လူတန်းစားတွေဟာ မိမိလုပ်ကိုင်နေတဲ့ကုမ္ပဏီနဲ့ဆိုင်တဲ့ အစုရှယ်ယာလက်မှတ် - IPO ( Initial Public Offering ) တွေမှာ အိုစာမင်းစာအတွက် ရင်းနှီးမြှုပ်နှံကြတယ်။ သုံးစွဲသမျှကို အကြွေးဝယ်ကဒ်သုံးပြီး ငွေတောင်းခံလွှာ - Bill ရောက်လာတဲ့အခါ အွန်လိုင်းကနေငွေပေးပေး၊ ချက်လက်မှတ်ပဲရေးရေး ပေးချေတဲ့အဆင့်အထိ ငွေစက္ကူကို တစ်ရွက်တစ်လေမှ မမြင်ရပါဘူး။
.
ဒါတင်မကသေးဘူး .. မိမိအလုပ်လုပ်တဲ့ကုမ္ပဏီက နာရီစားလုပ်ခရှင်းငွေ - Hourly Wages ကို ချက်လက်မှတ်နဲ့ပဲ ပေးတယ်။ တစ်ပတ် ( ၁ ) ကြိမ် - Weekly ၊ နှစ်ပတ် ( ၁ ) ကြိမ် - Biweekly ပေးတဲ့စာရွက်ကို အမေရိကားမှာ Paycheck လို့ခေါ်တယ်။ အဲဒါရလာရင် ကိုယ့်ဘဏ်အကောင့်ထဲထည့်ဖို့ ဘဏ်ကိုသွားသွင်းရတာရှိတယ်။ ATM မှာ မတ်တပ်ရပ်ပြီးသွင်းရတာရှိတယ်။
.
အခုနောက်ပိုင်းဆိုရင် ဖုန်းထဲက ဘဏ် App ကနေ ဓါတ်ပုံရိုက်ပြီးသွင်းရတဲ႕ Mobile Check Deposit လည်း အဆင်ပြေလှတယ်။ တစ်ချို့ဘလော့ဂ်စာမျက်နှာတွေရဲ့ရေးသားမှုအရ အမေရိကန်ဟာ လျှပ်စစ်ငွေကြေးကိုကောင်းကောင်းထိန်းချုပ်နိုင်လို့ သူ့ရဲ့ငွေစက္ကူကိုအဓိကကိုယ်တွယ်သုံးစွဲနေတဲ့နေရာတွေဟာ ပြင်ပနိုင်ငံတွေဖြစ်တယ်ဆိုတာ သိရတယ်။
.
.
ဒီတော့ … မကြာခင်မှာ အမေရိကားကိုလာရောက်တော့မယ့် မြန်မာတွေဟာ ..
.
ငွေသားတပြပြသုံးနေရာကနေ ပလပ်စတစ်ငွေကြေးကို စမ်းသုံးကြည့်ဖူးပါပြီလား?
.
အွန်လိုင်းကငွေလိမ်နည်းများကို ဗဟုသုတရှိသူများထံ စနည်းနာပညာယူပြီးခဲ့ပါပြီလား?
.
အပြင်ထွက်တဲ့အခါ ရွှေဆွဲကြိုး၊ ရွှေလက်ကောက်၊ ရွှေဟမ်းချိန်းတွေ မဝတ်ပဲနေနိုင်ပြီလား?
.
နိုင်ငံတကာကိုဝင်ဆန့်ဖို့ မိမိပိုင်ငွေကြေးတစ်ချို့ကို လုံခြုံအောင် ဘဏ်လုပ်ငန်းကို အယုံအကြည်နိုင်လောက်တဲ့ သတ္တိရှိပြီလား? ဆိုတာကို မိမိကိုယ်တိုင် တင်ကြိုဆန်းစစ်လာစေချင်တယ်။
.
.
တစ်ဆက်တည်းမှာချင်တာက ငွေကြေးတတ်နိုင်လို့ အမေရိကားလာတုန်း ငွေယူလာချင်တယ်ဆိုရင်တော့ ဒေါ်လာ ( ၁ဝဝဝဝ ) မကျော်ရင် ( အခုနောက်ပိုင်းမှာ ) လေဆိပ်အဝင်မှာ ယူဝင်လာလို့ရတယ်ဆိုတဲ့အကြောင်း သတင်းပါးလိုက်ပါရစေ။
.
နောက်ပိုင်းမှာ သတိပေးဖို့အကြောင်းအရာတွေ တော်တော်များများကျန်ပါသေးတယ်။
.
ခင်မင်ခြင်းများစွာဖြင့်
.
10-11-2015
.
.
.

“ အေမရိကားကိုတစ္ကယ္လာျဖစ္မယ္ဆိုရင္ .. မွာခ်င္တယ္ ။ ၅ ”
ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
အေမရိကားကိုတစ္ကယ္လာျဖစ္ရင္မွာခ်င္တဲ႕အေၾကာင္းေတြကုိ ေရးေနပါတယ္။ ( အပိုင္း။ ၄ ျပန္ဖတ္ႏုိင္ရန္ ) https://www.facebook.com/permalink.php?story_fbid=1635453566743110&id=100008354461942&pnref=story
။။။။ ---- အိမ္ နဲ႕ လူေနမႈဘဝ ---- ။။။။
.
လူမွန္ရင္ အနည္းဆံုးေက်ာတစ္ခင္းစာေနစရာအိမ္ရွိရမယ္။ ငွားေနေန၊ ေပါင္းေနေန တတ္ႏုိင္လုိ႕ ေငြခ်ဝယ္ျပီးေနေန အိမ္ဟာ အေမရိကားကုိလာေတာ႕မယ္႕ ျမန္မာေတြအတြက္ အေရးတၾကီးစဥ္းစားဖို႕လိုပါတယ္။ ဒီႏုိင္ငံကေန မိမိကုိေထာက္ခံ - Sponsor ေပးသူ မိဘ၊ သားသမီး၊ ေဆြမ်ိဳးမိတ္သဂၤဟ၊ သူငယ္ခ်င္းအေပါင္းအသင္းတို႕ရဲ႕ဘဝေတြကို စာနာေပးႏုိင္ရပါမယ္။
.
ေျပာမထြက္တဲ႕ခံစားမႈေတြနဲ႕၊ ရင္ဖြင္႕ဖုိ႕အခ်ိန္မရတဲ႕ အေသြးအသားနဲ႕၊ ခံစားမႈပရိေဒဝေဝဒနာေတြနဲ႕ - တည္ေဆာက္္ထားတဲ႕ပုရိသေတြဟာ ျမန္မာႏိုင္ငံမွာမွမဟုတ္ပါဘူး … လူမ်ိဳးေပါင္းစံုေျမ - A Land of Diversity - အေမရိကားမွာ အမ်ားၾကီးပါ။ ဒါေၾကာင္႕ အေမရိကန္ေျမဆီလႊာေပၚေျခခ်မယ္႕သူဟာ ကိုယ္႕ေျခေထာက္ကုိဘယ္မွာနင္းရမယ္ဆုိတာကို ၾကိဳတြက္ထားသင္႕တဲ႕အေၾကာင္း အနည္းငယ္ေဆြးေႏြးပါမယ္။
.
.
ပထမဦးဆံုး သတိထားမိႏုိင္တာက အေမရိကားမွာ လူေနအိမ္အမ်ားစုဟာ ( ကြန္ဒိုမီနီယမ္ နဲ႕ မိုးထိတုိက္ေတြမပါ ) ထင္းရူးၾကိတ္သားနဲ႕ခပ္ဆင္ဆင္တူတဲ႕ “ သစ္ေပါင္းသား ” ေတြနဲ႕ ေဆာက္ၾကတယ္။ ေဖာင္ေဒးရွင္းေလာက္မွာသာ ဘိလပ္ေျမကြန္ကရစ္ေတြပါျပီး ၾကိဳတင္စီမံထားတဲ႕ က်ီးေခြ၊ တံခါးရြက္၊ ပင္မတံခါးေတြကလြဲရင္ ဦးရင္တိုင္ေထာင္ျပီးတာနဲ႕ ေဘးပတ္ပတ္လည္နံရံေတြကုိ သံဘရက္ကက္ေတြနဲ႕ကြက္တိညွပ္ခ်ိတ္ဆက္ျပီး အခန္းဖြဲ႕ၾကတယ္။ ေဆာက္လက္စအိမ္နမူနာေတြကိုျမင္ရရင္ ကြ်န္ေတာ္တို႕ငယ္ငယ္တုန္းက ေဝဖာထုတ္ကုိ တံေတြးနဲ႕စြတ္ျပီး အိမ္ေဆာက္တမ္းကစားခဲ႕တာကုိ အမွတ္ရေစတယ္ .. ဒီေလာက္အထိကို အဆင္သင္႕ျပင္ထားတဲ႕ ေဆာက္လုပ္ေရးလုပ္ငန္းပါပဲ။ ( အေသးစိတ္ဖတ္ရႈႏုိင္ရန္ ) https://www.facebook.com/558590017546880/photos/a.558595644212984.1073741828.558590017546880/558725860866629/?type=3&theater
.
အိမ္ကုိ အင္ဂ်င္နီယာေတြနဲ႕ဗိသုကာပညာရွင္ေတြက ပံုစံဆြဲတဲ႕အခါ ခင္းက်င္းမႈပံုစံ - Floor Plan က အေရးၾကီးတယ္။ သူတို႕ရဲ႕ပညာအရ သံုးမယ္႕ကုန္ၾကမ္းအမ်ိဳးအစား၊ အခန္းဖြဲ႕ပံုစံ နဲ႕ ပတ္ဝန္းက်င္အေနအထားေတြကုိေပါင္းစပ္လုိက္ရင္ ၾကာခ်ိန္ဘယ္ေလာက္အတြင္းမွာ ကုန္က်စားရိတ္ဘယ္ေလာက္ရွိျပီး ဘယ္ေစ်းႏႈန္းနဲ႕ ေရာင္းကြက္ဖြင္႕ - Listing လုပ္မလဲဆိုတာကိုပါ တြက္ခ်က္ႏုိင္တဲ႕ စံနစ္ေကာင္းေတြရွိတယ္။ အားလံုးဟာ ေဖာ္ျမဴလာထဲထည္႕လိုက္တဲ႕ကိန္းဂဏန္းေတြလိုပဲ အဆင္သင္႕အေျဖေတြအျမဲတြဲလ်က္ပါရွိေနတယ္။
.
.
မေဆာက္ရေသးတဲ႕အိမ္ေတြဆိုရင္ အိမ္ဝယ္သူက ျပင္ဆင္မႈပစၥည္း - Decorative Material ေတြကုိ ေရြးခ်ယ္ခြင္႕ရွိတယ္။ ဒါေၾကာင္႕ အိမ္တစ္လံုးလွဖုိ႕ အပိုအလွဆင္ပစၥည္းေတြသာေျပာင္းလုိ႕ရေပမယ္႕ အိမ္ေဆာက္ကတည္းကဆြဲထားတဲ႕ Floor Plan ကုိ ျပင္လို႕မရပါ။ မျပင္တတ္ပဲျပင္တဲ႕အခါ အိမ္ပ်က္စီးသြားမယ္႕ စြန္႕စားမႈရွိတယ္ဆုိတာကို သတိျပဳရပါမယ္။ ပိုေကာင္းတာလုိခ်င္ရင္ ပိုေကာင္းတဲ႕ေစ်းေတာ႕ေပးရမွာက အေမရိကားရဲ႕ ဓနရွင္သဘာဝပါ။
.
လူနည္းစုထြက္ေပါက္အေနနဲ႕ ဝင္ေငြနည္းတဲ႕ Low Income ေတြအတြက္ အထူးေလွ်ာ႕ေစ်းအိမ္ယာစီမံကိန္းေတြရွိတယ္ .. ဒါေပမယ္႕ နည္းပါးတယ္။ ဥပမာ - အိမ္အလံုးေရ ( ၄ဝ ) ေဆာက္မယ္႕ပေရာဂ်က္တစ္ခုမွာ ေပါက္ေစ်းထက္သက္သာတဲ႕ Below Market Rate အိမ္ ( ၂ ) လံုးေလာက္ကုိ ျမိဳ႕ေတာ္ - City ကုိ လႊဲေပးျပီး မဲေဖာက္ခိုင္းေပးတာမ်ိဳးကို ေျပာတာပါ။ ဒီထဲမွာ အခြင္႕ၾကံဳလုိ႕ မဲေပါက္ျပီး သက္သက္သာသာနဲ႕ဝယ္ခြင္႕ရတဲ႕ျမန္မာေတြရွိတယ္ .. ဒါေပမယ္႕ နည္းပါးလွတဲ႕အေရအတြက္ေတြသာ ကံေကာင္းၾကတာပါ။
.
.
အိမ္ဝယ္ႏုိင္တဲ႕အေျခခံရွိသူေတြရဲ႕အေၾကာင္းခ်ည္းေျပာလို႕မျဖစ္ျပန္ပါဘူး။ ဆိုလိုတာက အေမရိကားကုိလာဖို႕ကံပါသူေတြအားလံုး ေငြပါလာဖို႕မေသခ်ာပါဘူး။ တစ္ခ်ိဳ႕ထီေပါက္လို႕ေရာက္လာသူေတြက ဒီေျမေပၚေရာက္မွ ရုန္းရ ကန္ရ ဘဝစၾကသူေတြလည္းရွိပါတယ္။ ဒါေပမယ္႕ အခက္အခဲမွန္သမွ်ဟာ ၾကိဳတင္ျပင္ဆင္ျခင္းျဖင္႕သာ ေအာင္ျမင္ရာအေၾကာင္းကို ဖန္တီးတည္ေဆာက္ႏုိင္ပါလိမ္႕မယ္။
.
ေရာက္ေရာက္ခ်င္းအိမ္ငွားေနဖို႕က အေျခက်ျပီးသားျမိဳ႕ခံရဲ႕အကူအညီလိုပါတယ္။ သူတုိ႕ရဲ႕နာမယ္နဲ႕အိမ္ငွားေပးလို႕မရေပမယ္႕ ေထာက္ခံေပးလို႕ရတယ္။ ဒါမွသာလွ်င္ ဝင္ေငြေသခ်ာသူကိုသာအိမ္ငွားခြင္႕ရွိတဲ႕ အိမ္ကုမၸဏီေတြရဲ႕မူနဲ႕လည္းကိုက္ညီမွာျဖစ္ပါတယ္။ ေနရာေဒသ နဲ႕ ျပည္နယ္ကုိလုိက္ျပီး လူဦးေရထူထပ္မႈကိုမူတည္ကာ အိမ္ငွားေစ်းႏႈန္းေတြမတူၾကပါ။
.
လက္ရွိမွာ အိပ္ခန္း ( ၁ ) ခန္း၊ အိမ္သာေရခ်ိဳးခန္း ( ၁ ) ခန္း၊ 1 Bed, 1 Bath ကို တစ္လ ေဒၚလာ ( ၁၃ဝဝ ) ေလာက္ ေပးငွားရပါမယ္။ 3 Bed, 2 Bath ဆိုရင္ ေနရာေကာင္းရင္ေကာင္းသလို ေဒၚလာ ( ၂ဝဝဝ ) နားကပ္သြားပါျပီ။ နယူးေယာက္လို၊ ဆန္ဖရန္လို၊ ႏုိင္ငံအေနာက္ဖက္ နဲ႕ အေရွ႕ဖက္ထိပ္စြန္းျမိဳ႕ေတြမွာ ေဒၚလာ ( ၂၅ဝဝ ) ေလာက္ေပးမွ အခန္းေကာင္းေကာင္းရတယ္လုိ႕ ျငီးျငဴသံေတြစၾကားလာေနရတယ္။ ( အေသးစိတ္ဖတ္ရႈႏုိင္ရန္ ) https://www.facebook.com/558590017546880/photos/a.558595644212984.1073741828.558590017546880/558730127532869/?type=3&permPage=1
.
.
အိမ္ခန္းဆုိတာမ်ိဳးက အလုပ္နဲ႕နီးတာကိုငွားၾကရေလ႕ရွိတယ္။ သို႕ေပမယ္႕အလုပ္ျမဲဖို႕က မိမိရဲ႕ကံ နဲ႕ လုပ္ရည္ကုိင္ရည္တို႕က အကဲျဖတ္ေပးၾကတာပါ။ ဒါေၾကာင္႕ တစ္ခ်ိဳ႕ဆိုရင္ အသြား ( ၁ ) နာရီ၊ အျပန္ ( ၁ ) နာရီ ကားေမာင္းျပီးအလုပ္တက္ရတဲ႕အိမ္ပိုင္ရွင္ေတြ ေတြ႕လာရတယ္။ ပထမေတာ႕ သူတုိ႕လုပ္ေနတဲ႕အလုပ္နဲ႕နီးျပီဆိုျပီးအိမ္ဝယ္လိုက္ၾကတာပဲ။ ေနာက္ပိုင္း မေမွ်ာ္လင္႕တဲ႕အေၾကာင္းေတြနဲ႕ လူေလွ်ာ႕ - Laid Off ထဲပါသြား၊ အလုပ္ေျပာင္း၊ အလုပ္ျပဳတ္တဲ႕အခါ ေနရာေဟာင္းကေန အလုပ္သစ္ကုိတက္ဖို႕ မိမိရဲ႕တန္ဖိုးရွိတဲ႕အခ်ိန္ေတြကို သြားေရးလာေရး - Commute အတြက္ ကားလမ္းေတြေပၚမွာ ကုန္လြန္ရေလတယ္။
.
သူတို႕အတြက္အဆံုးအျဖတ္က ယာဥ္ေၾကာပိတ္ - Traffic အခ်ိန္ေတြကိုပါေပါင္းလုိက္ရင္ တစ္ရက္ကုိ ( ၃ ) နာရီေလာက္ရင္းျပီးအလုပ္တက္မလား? ဝယ္ထားတဲ႕အိမ္ကိုငွားစားျပီး အလုပ္နဲ႕နီးတဲ႕လုပ္ငန္းခြင္နားမွာ အခန္း - Apartment သြားငွားေနမလား? ဆုိတာက စိမ္ေခၚမႈျဖစ္လာပါတယ္။ လူၾကီးေတြက အဆင္ေျပတယ္ထားဦး .. ေက်ာင္းတက္ေနတဲ႕ကေလးအရြယ္ကုိေက်ာင္းေျပာင္းတဲ႕အခါ ကေလးေတြကေက်ာင္းမေပ်ာ္ေတာ႕ရင္ .. ဒုကၡ။ ရင္ခြင္ပိုက္အရြယ္ကေလး - Infant က စကားမေျပာတတ္ေတာ႕ မိဘသြားတဲ႕ေနရာအသာလုိက္ရံုပဲဆိုေတာ႕ သိပ္အခက္အခဲမရွိၾကဘူး။
.
.
ဒီေလာက္ဆိုရင္ အိမ္ယာထူေထာင္မႈနဲ႕မိသားစုဘဝရပ္တည္မႈေတြကို ရိပ္ဖမ္းသံဖမ္းနားလည္ေလာက္ျပီထင္ပါတယ္။ “ ဆယ္တန္းမေအာင္တာအေရးမၾကီးဘူး အလုိက္သိဖို႕အေရးၾကီးတယ္ ” ဆိုတဲ႕စကားလို ေနရာသစ္မွာရုန္းကန္ရတဲ႕အခါ အိမ္ရွင္ေတြကိုစိတ္ညစ္ေအာင္မလုပ္မိဖုိ႕အေရးၾကီးပါတယ္။ သူတို႕က အစစအရာရာ အေျခက်ေနျပီးသားျဖစ္လို႕ မိမိကုိကူညီႏုိင္သူေတြျဖစ္တယ္ဆုိတာ မေမ႕သင္႕ပါဘူး။ တစ္ခုခုစားတုိင္း “ ဟင္႕အင္း .. ငါတုိ႕က ဒါမ်ိဳးမစားဘူး။ ငါတုိ႕က မနက္ဆိုရင္ လက္ဘက္ရည္ခ်ိဳစိမ္႕ေသာက္ရမွ ” ဆုိရင္ေတာ႕ ခက္ေနပါျပီ။
.
တစ္ဆက္တည္း သူတပါးအိမ္မွာ ေခတၱကြန္းခုိရင္း အဝတ္ေလွ်ာ္တာသင္ရမယ္။ ေရခ်ိဳးခန္း၊ အိမ္သာေတြသန္႕ရွင္းေအာင္ ဘယ္လုိထိန္းသိမ္းရမယ္ဆုိတာေလ႕လာရမယ္။ ေနာက္ဆံုး မိမိနဲ႕အတူပါလာတဲ႕ ကေလးေတြကုိ ေက်ာင္းဘယ္လုိထား၊ ဘယ္လုိပ်ိဳးေထာင္ဆုိတာေတြကို လက္ထပ္သင္ယူရပါမယ္။ အလုပ္ရွာဖို႕ သူတို႕ရဲ႕အကူအညီရရင္ သိပ္လြယ္ပါတယ္။
.
ဒီကေနတစ္ဆင္႕တက္ျပီး မီးဖိုေခ်ာင္ေစ်းသံုးဖို႕ နဲ႕ မိမိေျပာင္းမယ္႕အိမ္ခန္းအတြက္ လိုအပ္တဲ႕ပစၥည္းပစၥယေတြကိုဝယ္ယူရမယ္႕ေနရာေတြကိုေလ႕လာရပါမယ္။ ေနာက္ျပီး ရံုးကိစၥ၊ ေက်ာင္းကိစၥ၊ ဘဏ္ကိစၥ၊ ကားလိုင္စင္ နဲ႕ ကားဝယ္ဖို႕ကိစၥေတြကို ကာလတုိအတြင္းေလ႕လာတတ္ေျမာက္ထားရပါမယ္။
.
.
ဒါေၾကာင္႕ အခုလတ္တေလာ အေမရိကားကို အေျခခ်ဖို႕လာေရာက္ေတာ႕မယ္႕ ေျပာင္းေရႊ႕ေရႊျမန္မာေတြကိုေမးခ်င္တယ္ ..။
.
အိမ္မႈကိစၥအားလံုး သူတစ္ပါးကိုခုိင္းစရာမလိုပဲ D.I Y – Do It Yourself - မိမိေျခ မိမိလက္ နဲ႕ ျပီးေျမာက္ေအာင္ျမင္ေအာင္လုပ္တတ္ျပီလား?
.
ေရျခားေျမျခားမွာ မတူညီတဲ႕အစားအေသာက္ နဲ႕ ကြဲျပားတဲ႕ဓေလ႕စရုိက္ေတြကို သင္ယူစားေသာက္တတ္ဖို႕ ျပင္ဆင္လာခဲ႕ျပီလား?
.
ေငြထုတ္ပိုက္လာသူအဖုိ႕ အိမ္ဝယ္ရတာလြယ္ပါတယ္ .. ဒါေပမယ္႕ ဒီေျမရဲ႕အုပ္ခ်ဳပ္သူအစုိးရအတြက္ ေျမပိုင္ဆုိင္ခြင္႕အခြန္အတုတ္ - Property Tax ကုိ မေသမခ်င္း မပ်က္မကြက္ေပးဖို႕ ၾကိဳတြက္လာခဲ႕ရဲ႕လား?
.
လူဦးေရမ်ားတဲ႕မိသားစုေတြအဖို႕ အိပ္ခန္းနည္းတဲ႕အခန္းေတြမွာ မွ်ေန၊ မွ်စား၊ မွ်သံုးစြဲၾကဖုိ႕ စည္းလံုးမႈစိတ္ဓါတ္ေတြျပင္ဆင္ခဲ႕ပါျပီလား?
.
မိမိနဲ႕အတူပါလာမယ္႕ အရြယ္အစံုကေလးေတြအတြက္ မိသားစုဝင္ထဲကအနည္းဆံုးတစ္ေယာက္ကေတာ႕ အခ်ိန္ေပးျပီး ေက်ာင္းပို႕၊ ေက်ာင္းၾကိဳ၊ ခ်က္ျပဳတ္၊ ေကြ်းေမြး၊ အိမ္စာဝုိင္းလုပ္ စတာေတြအတြက္ လူေရြးခဲ႕ပါျပီလား .. ျပင္ဆင္ခဲ႕ပါျပီလား?
.
.
ဒီေမးခြန္းေတြကို ခ်က္ခ်င္းမေျဖႏုိင္လို႕ ဘာမွမျဖစ္သြားပါဘူး။ “ ပြဲမဝင္ခင္အျပင္ကက်င္းပ ” ဆုိသလုိ ကြ်န္ေတာ္တုိ႕လို ေရာက္ခြင္႕ၾကံဳသူမ်ားက ျပန္မေျပာျပၾကတဲ႕အခက္အခဲကိုစာနာျပီး “ လုိအပ္ေနတဲ႕ကြက္လပ္ေလး ” ကို ဝင္ျဖည္႕ေပးခ်င္တဲ႕ဆႏၵအရင္းခံျပီး ေစတနာနဲ႕ေရးျပျခင္းသာျဖစ္ပါတယ္။
.
ဒီထက္မကျပည္႕စံုတဲ႕ ျမန္မာေတြဆုိတာလည္းရွိၾကမွာ မလြဲပါပဲ။ အေကာင္းဆံုးကေတာ႕ အေမရိကားကို ရုန္းကန္ဖို႕လာေရာက္ရတာမ်ိဳးမဟုတ္ပဲ ပညာရွင္အေနနဲ႕လာေစ႕ခ်င္တယ္။ ဒါဆို ဒီမွာအလုပ္မရွားသလို ေပါင္းခ်င္၊ သင္းခ်င္၊ ဆက္ဆံခ်င္သူေတြကေပါမွေပါဆိုတာ ေရာက္ေတာ႕သိလိမ္႕မယ္။
.
အထူးဆုအေနနဲ႕ ပညာလည္းတတ္၊ ပစၥည္းဥစၥာကလည္းခ်မ္းသာ၊ စီးပြားေရးကလည္းပူစရာမလို၊ အေမရိကန္ကိုေျပာင္းေရႊ႕ေနထုိင္ဖို႕ ျမန္မာႏုိင္ငံကပိုင္ဆိုင္မႈေတြအတြက္ ေနာက္ဆံတင္းစရာမလိုတဲ႕ လူတန္းစားျမန္မာမ်ားကို ျမင္ခ်င္လွပါရဲ႕..။
.
.
ေရွ႕ဆက္ျပီး ျပင္ရန္၊ ဆင္ရန္ အသိပညာေတြပါတဲ႕ေတြးမိတာေတြ မ်ားစြာက်န္ေနပါေသးတယ္။ ေနာက္အပိုင္းေတြမွာ တင္ဆက္ေပးပါမယ္။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
10-18-2015
.
.
.
Myanmar Unicode Version:
.
.
“ အမေရိကားကိုတစ်ကယ်လာဖြစ်မယ်ဆိုရင် .. မှာချင်တယ် ။ ၅ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
အမေရိကားကိုတစ်ကယ်လာဖြစ်ရင်မှာချင်တဲ့အကြောင်းတွေကို ရေးနေပါတယ်။ ( အပိုင်း။ ၄ ပြန်ဖတ်နိုင်ရန် ) https://www.facebook.com/permalink.php?story_fbid=1635453566743110&id=100008354461942&pnref=story
။။။။ ---- အိမ် နဲ့ လူနေမှုဘဝ ---- ။။။။
.
လူမှန်ရင် အနည်းဆုံးကျောတစ်ခင်းစာနေစရာအိမ်ရှိရမယ်။ ငှားနေနေ၊ ပေါင်းနေနေ တတ်နိုင်လို့ ငွေချဝယ်ပြီးနေနေ အိမ်ဟာ အမေရိကားကိုလာတော့မယ့် မြန်မာတွေအတွက် အရေးတကြီးစဉ်းစားဖို့လိုပါတယ်။ ဒီနိုင်ငံကနေ မိမိကိုထောက်ခံ - Sponsor ပေးသူ မိဘ၊ သားသမီး၊ ဆွေမျိုးမိတ်သင်္ဂဟ၊ သူငယ်ချင်းအပေါင်းအသင်းတို့ရဲ့ဘဝတွေကို စာနာပေးနိုင်ရပါမယ်။
.
ပြောမထွက်တဲ့ခံစားမှုတွေနဲ့၊ ရင်ဖွင့်ဖို့အချိန်မရတဲ့ အသွေးအသားနဲ့၊ ခံစားမှုပရိဒေဝဝေဒနာတွေနဲ့ - တည်ဆောက်ထားတဲ့ပုရိသတွေဟာ မြန်မာနိုင်ငံမှာမှမဟုတ်ပါဘူး … လူမျိုးပေါင်းစုံမြေ - A Land of Diversity - အမေရိကားမှာ အများကြီးပါ။ ဒါကြောင့် အမေရိကန်မြေဆီလွှာပေါ်ခြေချမယ့်သူဟာ ကိုယ့်ခြေထောက်ကိုဘယ်မှာနင်းရမယ်ဆိုတာကို ကြိုတွက်ထားသင့်တဲ့အကြောင်း အနည်းငယ်ဆွေးနွေးပါမယ်။
.
.
ပထမဦးဆုံး သတိထားမိနိုင်တာက အမေရိကားမှာ လူနေအိမ်အများစုဟာ ( ကွန်ဒိုမီနီယမ် နဲ့ မိုးထိတိုက်တွေမပါ ) ထင်းရူးကြိတ်သားနဲ့ခပ်ဆင်ဆင်တူတဲ့ “ သစ်ပေါင်းသား ” တွေနဲ့ ဆောက်ကြတယ်။ ဖောင်ဒေးရှင်းလောက်မှာသာ ဘိလပ်မြေကွန်ကရစ်တွေပါပြီး ကြိုတင်စီမံထားတဲ့ ကျီးခွေ၊ တံခါးရွက်၊ ပင်မတံခါးတွေကလွဲရင် ဦးရင်တိုင်ထောင်ပြီးတာနဲ့ ဘေးပတ်ပတ်လည်နံရံတွေကို သံဘရက်ကက်တွေနဲ့ကွက်တိညှပ်ချိတ်ဆက်ပြီး အခန်းဖွဲ့ကြတယ်။ ဆောက်လက်စအိမ်နမူနာတွေကိုမြင်ရရင် ကျွန်တော်တို့ငယ်ငယ်တုန်းက ဝေဖာထုတ်ကို တံတွေးနဲ့စွတ်ပြီး အိမ်ဆောက်တမ်းကစားခဲ့တာကို အမှတ်ရစေတယ် .. ဒီလောက်အထိကို အဆင်သင့်ပြင်ထားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းပါပဲ။ ( အသေးစိတ်ဖတ်ရှုနိုင်ရန် ) https://www.facebook.com/558590017546880/photos/a.558595644212984.1073741828.558590017546880/558725860866629/?type=3&theater
.
အိမ်ကို အင်ဂျင်နီယာတွေနဲ့ဗိသုကာပညာရှင်တွေက ပုံစံဆွဲတဲ့အခါ ခင်းကျင်းမှုပုံစံ - Floor Plan က အရေးကြီးတယ်။ သူတို့ရဲ့ပညာအရ သုံးမယ့်ကုန်ကြမ်းအမျိုးအစား၊ အခန်းဖွဲ့ပုံစံ နဲ့ ပတ်ဝန်းကျင်အနေအထားတွေကိုပေါင်းစပ်လိုက်ရင် ကြာချိန်ဘယ်လောက်အတွင်းမှာ ကုန်ကျစားရိတ်ဘယ်လောက်ရှိပြီး ဘယ်ဈေးနှုန်းနဲ့ ရောင်းကွက်ဖွင့် - Listing လုပ်မလဲဆိုတာကိုပါ တွက်ချက်နိုင်တဲ့ စံနစ်ကောင်းတွေရှိတယ်။ အားလုံးဟာ ဖော်မြူလာထဲထည့်လိုက်တဲ့ကိန်းဂဏန်းတွေလိုပဲ အဆင်သင့်အဖြေတွေအမြဲတွဲလျက်ပါရှိနေတယ်။
.
.
မဆောက်ရသေးတဲ့အိမ်တွေဆိုရင် အိမ်ဝယ်သူက ပြင်ဆင်မှုပစ္စည်း - Decorative Material တွေကို ရွေးချယ်ခွင့်ရှိတယ်။ ဒါကြောင့် အိမ်တစ်လုံးလှဖို့ အပိုအလှဆင်ပစ္စည်းတွေသာပြောင်းလို့ရပေမယ့် အိမ်ဆောက်ကတည်းကဆွဲထားတဲ့ Floor Plan ကို ပြင်လို့မရပါ။ မပြင်တတ်ပဲပြင်တဲ့အခါ အိမ်ပျက်စီးသွားမယ့် စွန့်စားမှုရှိတယ်ဆိုတာကို သတိပြုရပါမယ်။ ပိုကောင်းတာလိုချင်ရင် ပိုကောင်းတဲ့ဈေးတော့ပေးရမှာက အမေရိကားရဲ့ ဓနရှင်သဘာဝပါ။
.
လူနည်းစုထွက်ပေါက်အနေနဲ့ ဝင်ငွေနည်းတဲ့ Low Income တွေအတွက် အထူးလျှော့ဈေးအိမ်ယာစီမံကိန်းတွေရှိတယ် .. ဒါပေမယ့် နည်းပါးတယ်။ ဥပမာ - အိမ်အလုံးရေ ( ၄ဝ ) ဆောက်မယ့်ပရောဂျက်တစ်ခုမှာ ပေါက်ဈေးထက်သက်သာတဲ့ Below Market Rate အိမ် ( ၂ ) လုံးလောက်ကို မြို့တော် - City ကို လွှဲပေးပြီး မဲဖောက်ခိုင်းပေးတာမျိုးကို ပြောတာပါ။ ဒီထဲမှာ အခွင့်ကြုံလို့ မဲပေါက်ပြီး သက်သက်သာသာနဲ့ဝယ်ခွင့်ရတဲ့မြန်မာတွေရှိတယ် .. ဒါပေမယ့် နည်းပါးလှတဲ့အရေအတွက်တွေသာ ကံကောင်းကြတာပါ။
.
.
အိမ်ဝယ်နိုင်တဲ့အခြေခံရှိသူတွေရဲ့အကြောင်းချည်းပြောလို့မဖြစ်ပြန်ပါဘူး။ ဆိုလိုတာက အမေရိကားကိုလာဖို့ကံပါသူတွေအားလုံး ငွေပါလာဖို့မသေချာပါဘူး။ တစ်ချို့ထီပေါက်လို့ရောက်လာသူတွေက ဒီမြေပေါ်ရောက်မှ ရုန်းရ ကန်ရ ဘဝစကြသူတွေလည်းရှိပါတယ်။ ဒါပေမယ့် အခက်အခဲမှန်သမျှဟာ ကြိုတင်ပြင်ဆင်ခြင်းဖြင့်သာ အောင်မြင်ရာအကြောင်းကို ဖန်တီးတည်ဆောက်နိုင်ပါလိမ့်မယ်။
.
ရောက်ရောက်ချင်းအိမ်ငှားနေဖို့က အခြေကျပြီးသားမြို့ခံရဲ့အကူအညီလိုပါတယ်။ သူတို့ရဲ့နာမယ်နဲ့အိမ်ငှားပေးလို့မရပေမယ့် ထောက်ခံပေးလို့ရတယ်။ ဒါမှသာလျှင် ဝင်ငွေသေချာသူကိုသာအိမ်ငှားခွင့်ရှိတဲ့ အိမ်ကုမ္ပဏီတွေရဲ့မူနဲ့လည်းကိုက်ညီမှာဖြစ်ပါတယ်။ နေရာဒေသ နဲ့ ပြည်နယ်ကိုလိုက်ပြီး လူဦးရေထူထပ်မှုကိုမူတည်ကာ အိမ်ငှားဈေးနှုန်းတွေမတူကြပါ။
.
လက်ရှိမှာ အိပ်ခန်း ( ၁ ) ခန်း၊ အိမ်သာရေချိုးခန်း ( ၁ ) ခန်း၊ 1 Bed, 1 Bath ကို တစ်လ ဒေါ်လာ ( ၁၃ဝဝ ) လောက် ပေးငှားရပါမယ်။ 3 Bed, 2 Bath ဆိုရင် နေရာကောင်းရင်ကောင်းသလို ဒေါ်လာ ( ၂ဝဝဝ ) နားကပ်သွားပါပြီ။ နယူးယောက်လို၊ ဆန်ဖရန်လို၊ နိုင်ငံအနောက်ဖက် နဲ့ အရှေ့ဖက်ထိပ်စွန်းမြို့တွေမှာ ဒေါ်လာ ( ၂၅ဝဝ ) လောက်ပေးမှ အခန်းကောင်းကောင်းရတယ်လို့ ငြီးငြူသံတွေစကြားလာနေရတယ်။ ( အသေးစိတ်ဖတ်ရှုနိုင်ရန် ) https://www.facebook.com/558590017546880/photos/a.558595644212984.1073741828.558590017546880/558730127532869/?type=3&permPage=1
.
.
အိမ်ခန်းဆိုတာမျိုးက အလုပ်နဲ့နီးတာကိုငှားကြရလေ့ရှိတယ်။ သို့ပေမယ့်အလုပ်မြဲဖို့က မိမိရဲ့ကံ နဲ့ လုပ်ရည်ကိုင်ရည်တို့က အကဲဖြတ်ပေးကြတာပါ။ ဒါကြောင့် တစ်ချို့ဆိုရင် အသွား ( ၁ ) နာရီ၊ အပြန် ( ၁ ) နာရီ ကားမောင်းပြီးအလုပ်တက်ရတဲ့အိမ်ပိုင်ရှင်တွေ တွေ့လာရတယ်။ ပထမတော့ သူတို့လုပ်နေတဲ့အလုပ်နဲ့နီးပြီဆိုပြီးအိမ်ဝယ်လိုက်ကြတာပဲ။ နောက်ပိုင်း မမျှော်လင့်တဲ့အကြောင်းတွေနဲ့ လူလျှော့ - Laid Off ထဲပါသွား၊ အလုပ်ပြောင်း၊ အလုပ်ပြုတ်တဲ့အခါ နေရာဟောင်းကနေ အလုပ်သစ်ကိုတက်ဖို့ မိမိရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို သွားရေးလာရေး - Commute အတွက် ကားလမ်းတွေပေါ်မှာ ကုန်လွန်ရလေတယ်။
.
သူတို့အတွက်အဆုံးအဖြတ်က ယာဉ်ကြောပိတ် - Traffic အချိန်တွေကိုပါပေါင်းလိုက်ရင် တစ်ရက်ကို ( ၃ ) နာရီလောက်ရင်းပြီးအလုပ်တက်မလား? ဝယ်ထားတဲ့အိမ်ကိုငှားစားပြီး အလုပ်နဲ့နီးတဲ့လုပ်ငန်းခွင်နားမှာ အခန်း - Apartment သွားငှားနေမလား? ဆိုတာက စိမ်ခေါ်မှုဖြစ်လာပါတယ်။ လူကြီးတွေက အဆင်ပြေတယ်ထားဦး .. ကျောင်းတက်နေတဲ့ကလေးအရွယ်ကိုကျောင်းပြောင်းတဲ့အခါ ကလေးတွေကကျောင်းမပျော်တော့ရင် .. ဒုက္ခ။ ရင်ခွင်ပိုက်အရွယ်ကလေး - Infant က စကားမပြောတတ်တော့ မိဘသွားတဲ့နေရာအသာလိုက်ရုံပဲဆိုတော့ သိပ်အခက်အခဲမရှိကြဘူး။
.
.
ဒီလောက်ဆိုရင် အိမ်ယာထူထောင်မှုနဲ့မိသားစုဘဝရပ်တည်မှုတွေကို ရိပ်ဖမ်းသံဖမ်းနားလည်လောက်ပြီထင်ပါတယ်။ “ ဆယ်တန်းမအောင်တာအရေးမကြီးဘူး အလိုက်သိဖို့အရေးကြီးတယ် ” ဆိုတဲ့စကားလို နေရာသစ်မှာရုန်းကန်ရတဲ့အခါ အိမ်ရှင်တွေကိုစိတ်ညစ်အောင်မလုပ်မိဖို့အရေးကြီးပါတယ်။ သူတို့က အစစအရာရာ အခြေကျနေပြီးသားဖြစ်လို့ မိမိကိုကူညီနိုင်သူတွေဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။ တစ်ခုခုစားတိုင်း “ ဟင့်အင်း .. ငါတို့က ဒါမျိုးမစားဘူး။ ငါတို့က မနက်ဆိုရင် လက်ဘက်ရည်ချိုစိမ့်သောက်ရမှ ” ဆိုရင်တော့ ခက်နေပါပြီ။
.
တစ်ဆက်တည်း သူတပါးအိမ်မှာ ခေတ္တကွန်းခိုရင်း အဝတ်လျှော်တာသင်ရမယ်။ ရေချိုးခန်း၊ အိမ်သာတွေသန့်ရှင်းအောင် ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာလေ့လာရမယ်။ နောက်ဆုံး မိမိနဲ့အတူပါလာတဲ့ ကလေးတွေကို ကျောင်းဘယ်လိုထား၊ ဘယ်လိုပျိုးထောင်ဆိုတာတွေကို လက်ထပ်သင်ယူရပါမယ်။ အလုပ်ရှာဖို့ သူတို့ရဲ့အကူအညီရရင် သိပ်လွယ်ပါတယ်။
.
ဒီကနေတစ်ဆင့်တက်ပြီး မီးဖိုချောင်ဈေးသုံးဖို့ နဲ့ မိမိပြောင်းမယ့်အိမ်ခန်းအတွက် လိုအပ်တဲ့ပစ္စည်းပစ္စယတွေကိုဝယ်ယူရမယ့်နေရာတွေကိုလေ့လာရပါမယ်။ နောက်ပြီး ရုံးကိစ္စ၊ ကျောင်းကိစ္စ၊ ဘဏ်ကိစ္စ၊ ကားလိုင်စင် နဲ့ ကားဝယ်ဖို့ကိစ္စတွေကို ကာလတိုအတွင်းလေ့လာတတ်မြောက်ထားရပါမယ်။
.
.
ဒါကြောင့် အခုလတ်တလော အမေရိကားကို အခြေချဖို့လာရောက်တော့မယ့် ပြောင်းရွှေ့ရွှေမြန်မာတွေကိုမေးချင်တယ် ..။
.
အိမ်မှုကိစ္စအားလုံး သူတစ်ပါးကိုခိုင်းစရာမလိုပဲ D.I Y – Do It Yourself - မိမိခြေ မိမိလက် နဲ့ ပြီးမြောက်အောင်မြင်အောင်လုပ်တတ်ပြီလား?
.
ရေခြားမြေခြားမှာ မတူညီတဲ့အစားအသောက် နဲ့ ကွဲပြားတဲ့ဓလေ့စရိုက်တွေကို သင်ယူစားသောက်တတ်ဖို့ ပြင်ဆင်လာခဲ့ပြီလား?
.
ငွေထုတ်ပိုက်လာသူအဖို့ အိမ်ဝယ်ရတာလွယ်ပါတယ် .. ဒါပေမယ့် ဒီမြေရဲ့အုပ်ချုပ်သူအစိုးရအတွက် မြေပိုင်ဆိုင်ခွင့်အခွန်အတုတ် - Property Tax ကို မသေမချင်း မပျက်မကွက်ပေးဖို့ ကြိုတွက်လာခဲ့ရဲ့လား?
.
လူဦးရေများတဲ့မိသားစုတွေအဖို့ အိပ်ခန်းနည်းတဲ့အခန်းတွေမှာ မျှနေ၊ မျှစား၊ မျှသုံးစွဲကြဖို့ စည်းလုံးမှုစိတ်ဓါတ်တွေပြင်ဆင်ခဲ့ပါပြီလား?
.
မိမိနဲ့အတူပါလာမယ့် အရွယ်အစုံကလေးတွေအတွက် မိသားစုဝင်ထဲကအနည်းဆုံးတစ်ယောက်ကတော့ အချိန်ပေးပြီး ကျောင်းပို့၊ ကျောင်းကြို၊ ချက်ပြုတ်၊ ကျွေးမွေး၊ အိမ်စာဝိုင်းလုပ် စတာတွေအတွက် လူရွေးခဲ့ပါပြီလား .. ပြင်ဆင်ခဲ့ပါပြီလား?
.
.
ဒီမေးခွန်းတွေကို ချက်ချင်းမဖြေနိုင်လို့ ဘာမှမဖြစ်သွားပါဘူး။ “ ပွဲမဝင်ခင်အပြင်ကကျင်းပ ” ဆိုသလို ကျွန်တော်တို့လို ရောက်ခွင့်ကြုံသူများက ပြန်မပြောပြကြတဲ့အခက်အခဲကိုစာနာပြီး “ လိုအပ်နေတဲ့ကွက်လပ်လေး ” ကို ဝင်ဖြည့်ပေးချင်တဲ့ဆန္ဒအရင်းခံပြီး စေတနာနဲ့ရေးပြခြင်းသာဖြစ်ပါတယ်။
.
ဒီထက်မကပြည့်စုံတဲ့ မြန်မာတွေဆိုတာလည်းရှိကြမှာ မလွဲပါပဲ။ အကောင်းဆုံးကတော့ အမေရိကားကို ရုန်းကန်ဖို့လာရောက်ရတာမျိုးမဟုတ်ပဲ ပညာရှင်အနေနဲ့လာစေ့ချင်တယ်။ ဒါဆို ဒီမှာအလုပ်မရှားသလို ပေါင်းချင်၊ သင်းချင်၊ ဆက်ဆံချင်သူတွေကပေါမှပေါဆိုတာ ရောက်တော့သိလိမ့်မယ်။
.
အထူးဆုအနေနဲ့ ပညာလည်းတတ်၊ ပစ္စည်းဥစ္စာကလည်းချမ်းသာ၊ စီးပွားရေးကလည်းပူစရာမလို၊ အမေရိကန်ကိုပြောင်းရွှေ့နေထိုင်ဖို့ မြန်မာနိုင်ငံကပိုင်ဆိုင်မှုတွေအတွက် နောက်ဆံတင်းစရာမလိုတဲ့ လူတန်းစားမြန်မာများကို မြင်ချင်လှပါရဲ့..။
.
.
ရှေ့ဆက်ပြီး ပြင်ရန်၊ ဆင်ရန် အသိပညာတွေပါတဲ့တွေးမိတာတွေ များစွာကျန်နေပါသေးတယ်။ နောက်အပိုင်းတွေမှာ တင်ဆက်ပေးပါမယ်။
.
ခင်မင်ခြင်းများစွာဖြင့်
.
10-18-2015
.
.

“ အေမရိကားကိုတစ္ကယ္လာျဖစ္မယ္ဆိုရင္ .. မွာခ်င္တယ္ ။ ၆ ”
ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
အေမရိကားကိုတစ္ကယ္လာျဖစ္ရင္မွာခ်င္တဲ႕အေၾကာင္းေတြကုိ ေရးေနပါတယ္။ ( အပိုင္း။ ၅ ျပန္ဖတ္ႏုိင္ရန္ ) https://www.facebook.com/photo.php?fbid=1637210733234060&set=a.1377780475843755.1073741829.100008354461942&type=3&theater
.
ခရီးတစ္ခုကိုသြားဖို႕ရာ လူေတြမွာ ဝတ္ဖို႕၊ စားဖို႕၊ ညအိပ္ဖို႕၊ မနက္ထဖို႕ ခရီးေဆာင္အိပ္ေတြ ထုပ္ၾက၊ ပိုးၾကနဲ႕ အိမ္ကေနမထြက္မခ်င္း သြင္းလုိက္၊ ထုတ္လုိက္နဲ႕ အလုပ္ရႈတ္ဖူးၾကမွာပါ။ ဒါေတာင္ ျပည္တြင္းခရီး ဟုိနား ဒီနားေလးအေၾကာင္းပဲေျပာရေသးတာ .. အေမရိကားလုိ အနည္းဆံုး ( ၁၆ ) နာရီစီး၊ ( ၁၇ ) နာရီစီး၊ ၾကားက Layover မွာ ခဏနား စုစုေပါင္း တစ္ရက္နီးပါးေလာက္ၾကာတဲ႕ခရီးမွာ ယူသြားစရာေတြက အမ်ားၾကီးပါ။ ဒီၾကားထဲ မိသားစုက ( ၄ ) ေယာက္၊ တစ္ေယာက္ကို ေပါင္ ( ၅ဝ ) ဝင္ ( ၂ ) ထုတ္ႏႈန္းနဲ႕ အခမဲ႕သယ္ခြင္႕ရတဲ႕အခါ မခ်န္ခ်င္တဲ႕ပစၥည္းကမ်ားသလို ေမ႕က်န္ခဲ႕တာေတြကလည္း အမ်ားသား..။
.
.
ဒီေနရာမွာ တစ္ခ်ိဳ႕ကေမးၾကတယ္ .. “ မင္းတို႕က ဒီေလာက္အမ်ားၾကီးသယ္သြားရတာ အိမ္ေျပာင္းတာမုိ႕လုိ႕လား ” တဲ႕။ ဟုတ္တယ္ ကြ်န္ေတာ္တုိ႕အိမ္ေျပာင္းသလိုကို သယ္ခဲ႕ၾကတာ။ မိသားစုဝင္အားလံုးအတြက္ေပးသယ္သေလာက္ ေပါင္ ( ၄ဝဝ ) အျပင္ကုိ ေပါင္ပိုခ ( ၂၅၆ ) ေဒၚလာေပးျပီးသယ္ခဲ႕ၾကတာဆုိရင္ ယံုပါဦးမလား? ဒါနဲ႕တင္ဘယ္ကမလဲ။ ေလယာဥ္ေျပာင္းတဲ႕အခ်ိန္ေရာ၊ ေလဆိပ္ကထြက္တဲ႕အခါေရာ ကြ်န္ေတာ႕ကိုယ္ေပၚမွာတြဲေလာင္းဆြဲထားတဲ႕အထုတ္ေတြ ေရၾကည္႕လိုက္တာ အားလံုး ( ၁၁ ) ဆြဲ ရွိတယ္။ မယံုမရွိနဲ႕ေနာ္ တကယ္ေျပာတာ။
.
ဒီလိုေအးခဲတဲ႕ အခု ( ၂ဝ၁၅ ) ဒီဇင္ဘာလေရာက္မွ ကြ်န္ေတာ္လဲခဲ႕တဲ႕ ေဒၚလာေစ်း ( ၁၂၈ဝ ) ဆုိတာ တစ္ေက်ာ႕ျပန္ေရာက္လာတာ။ ဒီေတာ႕ ဘာေတြ႕ေတြ႕ ( ၁၃ဝဝ ) ဆိုတဲ႕အလီၾကီးနဲ႕ေျမွာက္ေျမွာက္ျပီး မဝယ္ႏုိင္ရက္ခဲ႕ဘူး။ ေစ်းႏႈန္းကဒ္ျပား - Price Tag မွာ တစ္ေဒၚလာတန္ပစၥည္းဆိုတာနဲ႕တင္ ျမန္မာေငြ တစ္ေထာင္ေက်ာ္က်ေနျပီ။ ဒီ႕အျပင္ ဝယ္သူကအခြန္ေဆာင္ရတဲ႕အေမရိကားမွာ တစ္ေဒၚလာတန္ဝယ္ရင္ ျမန္မာလို ( ၁၅ဝဝ ) က်ပ္ ပစ္ကနဲေပးလုိက္ရသလိုပဲ ေတာ္ေတာ္နဲ႕မခံစားႏုိင္ခဲ႕ဘူးေလ။
.
.
ဒါေၾကာင္႕ ပုလဲဒန္အိုး၊ ၾကက္ေပါင္းအိုး၊ ဆပ္ျပာခြက္၊ စတီးဇြန္း နဲ႕ ခန္းဆီးလိုက္ကာကအစ အားလံုး ျမန္မာေငြနဲ႕ဝယ္ျပီး အေလးခံသယ္ခဲ႕ၾကတယ္။ ဒီေရာက္လို႕ မသံုးျဖစ္တာ ( ၂ဝ% ) ေလာက္ကုိႏႈတ္လိုက္ရင္ က်န္တာေတြ အခုလုိ ( ၆ ) ႏွစ္ေလာက္ၾကာတဲ႕အထိ တီးလုိက္တိုင္း ေဒါင္ေဒါင္ျမည္ေနတုန္းပါ။ ေဟာင္းေပမယ္႕လည္း ေကာင္းေနဆဲပါပဲ။ ဒါက ကြ်န္ေတာ္ေတြးခဲ႕တဲ႕အတုိင္း လုပ္ခဲ႕တာကိုေျပာျပတာ။ သုိ႕ေပမယ္႕ ေနာက္ပိုင္းမွာ အေမရိကားကိုလာၾကမယ္႕ ျမန္မာမ်ားအတြက္ အေတြးအသစ္ေတြကုိ ကြ်န္ေတာ္ေတြ႕လာခဲ႕တယ္။
.
ေနရာသစ္မွာ ဘယ္အရာေတြက ဘယ္မွာဝယ္ရတယ္၊ ဘယ္ပစၥည္းေတြက ျမန္မာႏုိင္ငံကမွ အသံုးတည္႕တယ္ဆိုတာ ၾကိဳမသိႏုိင္ဘူးေလ။ အခုလို ႏွစ္အနည္းငယ္ၾကာေတာ႕ ေတာသားလူလည္ျဖစ္လာေတာ႕မွ ေနာက္လာမယ္႕လူေတြကုိ ျပန္ေျပာျပခ်င္လာတယ္။ ( ၂ဝဝ၉ ) ခုႏွစ္တုန္းကလည္း သူငယ္ခ်င္းတစ္ေယာက္ရဲ႕တူမ ထုိင္ဝမ္မွာေနတဲ႕မိန္းကေလးတစ္ေယာက္က “ ဦးညီ ဟုိေရာက္မွဝယ္ပါလား ” တဲ႕ ။ ဒါကုိ ကြ်န္ေတာ္နားမေထာင္ခဲ႕ဘူး။ မစြန္႕စားရဲခဲ႕ပဲ ေပါင္ ( ၇ဝ )၊ ( ၈ ) ထုတ္ အျပီးသယ္လာခဲ႕တယ္။ ဒါေၾကာင္႕ အေမရိကားလာမယ္႕သူေတြဟာ ဒီမွာ ဘယ္ကုန္တိုက္ နဲ႕ ဘယ္လိုပစၥည္းေတြဝယ္လို႕ရတယ္ဆုိတာ အနည္းအက်ဥ္းေတာ႕ သိဖို႕လိုပါတယ္။
.
.
။။။။ ---- ေဝါမတ္ - Walmart ---- ။။။။
.
ေဝါမတ္ ဟာ ကမၻာေပၚမွာ ဆိုင္ခြဲအမ်ားဆံုးနဲ႕ အၾကီးဆံုးကုန္စံုဆိုင္ကုမၸဏီအုပ္စုၾကီးျဖစ္တယ္။ တစ္ကမၻာလံုးမွာ လုပ္သား ( ၂ ) သန္းေက်ာ္ကို အလုပ္ေပးထားတဲ႕ကုမၸဏီၾကီးျဖစ္ပါတယ္။ ပစၥည္းစံုသလို အဖုိႏႈန္းခ်ိဳသာတာေၾကာင္႕ လက္မလည္ေအာင္ေရာင္းရတာလည္း မေျပာပါနဲ႕ေတာ႕။
.
အေျခခံလူသံုးကုန္၊ အဝတ္အစား၊ စာေရးကိရိယာ၊ အစားအေသာက္ နဲ႕ ႏုိ႕ထြက္ပစၥည္းေတြသာမက ေက်ာင္းသားသံုးစာေရးကိရိယာေတြအစံုအလင္ရတဲ႕ All-In-One Place လို႕ဆိုႏိုင္ပါတယ္။ ေစ်းသက္သာတာေၾကာင္႕ အေျခခံလူတန္းစားေတြအဝယ္မ်ားျပီး ကုန္ပစၥည္းအရည္အေသြးဘက္မွာ အနည္းငယ္အားနည္းတယ္။ ပစၥည္းခ်င္းတူရင္ Walmart က သက္သာတာမ်ားတယ္။ ဘာလိုလုိ အကုန္ရိွတယ္။
.
.
။။။။ ---- တားဂက္ - Target ---- ။။။။
.
ေဝါမတ္ နဲ႕ ကုန္ပစၥည္းတူျပီး အတိုက္အခံျဖစ္ေအာင္ ယွဥ္ျပိဳင္ေရာင္းႏုိင္တဲ႕စတုိးဆိုရင္ တားဂက္ - Target ကုိ ျပရပါလိမ္႕မယ္။ တားဂက္ သာတာက ကုန္ပစၥည္းခ်င္းတူရင္ ေဝါမတ္ထက္ ေယာင္ေယာင္ေလးပိုေကာင္းတယ္။ သူ႕ဆိုင္ရဲ႕ ဆုကဒ္ျပား - Reward Card လုပ္ထားရင္ သူ႕ဆိုင္မွာ သူ႕ကဒ္အနီနဲ႕ ဘာဝယ္ဝယ္ ( ၅% ) ေလွ်ာ႕ေပးျပီး ဝယ္သူကိုဆြဲေဆာင္ထားတယ္။
.
ေရာင္းကုန္ပစၥည္းေတြက ေဝါမတ္နဲ႕တူေနေတာ႕ ဝယ္သူက ဘယ္ဆိုင္သက္သာသလဲဆိုတာ Shop Around ၾကည္႕ရလြယ္တာေပါ႕။ ဥပမာ - ကုိယ္လိုခ်င္တဲ႕ပစၥည္းကိုစာရင္းလုပ္ျပီး အိမ္ကမထြက္ခင္ သူတို႕ဝဘ္ဆိုဒ္ထဲမွာဝင္ၾကည္႕၊ ယွဥ္ၾကည္႕အျပီးမွာ သက္သာတဲ႕ဆိုင္မွာဝယ္ဖို႕ စာရင္းခြဲထားရင္ ေတာ္ေတာ္ေငြသက္သာတာကို သိလာခဲ႕တယ္။
.
.
။။။။ ---- ေကာ႕စကုိ - Costco ---- ။။။။
.
အေပၚကဆုိင္ ( ၂ ) ခုထက္ ပုိေကာင္းတဲ႕ပစၥည္းလည္းလိုခ်င္တယ္၊ အေရအတြက္လည္းမ်ားမ်ားဝယ္မယ္၊ ေစ်းလည္းသက္သာခ်င္တယ္ဆုိရင္ေတာ႕ ေကာ႕စကုိ - Costco ကို လုိက္ပုိ႕ေပးရပါလိမ္႕မယ္။ အေမရိကန္ေျမဟာ အလႊာအသီးသီးက လူမ်ိဳးေပါင္းစံုနဲ႕တည္ေဆာက္ထားတာေၾကာင္႕ ေစ်းဝယ္သူအၾကိဳက္ - Consumer Favor ကုိ လိုက္ျပီး ပံုစံမ်ိဳးစံုနဲ႕လွည္႕ပတ္ျပီးေစ်းေရာင္းၾကတယ္။
.
တစ္ဆိုင္နဲ႕တစ္ဆိုင္ ေစ်းျပိဳင္ေလွ်ာ႕တာထက္စာရင္ ေဖာက္သည္မ်ားလွတာေၾကာင္႕ မတူညီတဲ႕ အေရာင္းျမွင္႕တင္မႈ - Seasonal Promotion  နဲ႕ ေလွ်ာ႕ေစ်း - Sale ေတြနဲ႕ ဆြဲေဆာင္ၾကတယ္။ ေျပာရမယ္ဆိုရင္ ေကာစကိုမွာ ေစ်းသက္သာျပီး အရည္အေသြးေကာင္းတဲ႕ပစၥည္းေတြရွိတယ္။ ခက္တာက သူ႕ဆီမွာဝယ္ရင္ ကုိယ္လိုတာထက္ ပိုဝယ္ရတယ္။ ဥပမာ - ေဝါမတ္ နဲ႕ တားဂက္မွာ တစ္ထုတ္ ( ၁.၈၉ ) ေဒၚလာေပးရတဲ႕ ၾကက္အူေခ်ာင္း - Chicken Frank ကုိ ေကာစကိုမွာ ( ၄ ) ထုပ္တြဲကုိ ( ၆.၅၅ ) ေဒၚလာနဲ႕ဝယ္ရလိမ္႕မယ္။ ဒါေၾကာင္႕ အိမ္သံုးသမားေတြအတြက္မ်ားေနေပမယ္႕ လုပ္ငန္းရွင္ေတြ၊ စားေသာက္ဆိုင္ေတြ နဲ႕ ေကာ္ပုိေရးရွင္းၾကီးေတြက ေကာ္စကုိရဲ႕အဓိကေဖာက္သည္မ်ားပဲေပါ႕။
.
တစ္ျခားဆိုင္ေတြက ဝယ္သူကို ဘာေလွ်ာ႕ေပးမယ္ ညာေလွ်ာ႕ေပးမယ္လို႕ ေဖာက္သည္ေခၚေနေပမယ္႕ ေကာ္စကုိကေတာ႕ ေအးေအးေဆးေဆးပဲ။ သူ႕မွာ ကားဓါတ္ဆီထည္႕ပန္႕ေတြဆိုင္တိုင္း ( ေတာ္ေတာ္မ်ားမ်ား ) မွာရွိတယ္။ ဒါေၾကာင္႕ ေစ်းဝယ္သူဟာ သူ႕ဆုိင္သြားျပီး ဆီထည္႕၊ ေစ်းဝယ္ျပီးျပန္ အဆင္ကုိေျပေနတာပါပဲ။ ဒါကိုမွ လူေတြကၾကိတ္ၾကိတ္တိုးေနတာ လကၠားဆုိင္ - Whole Sale ဆုိင္လို႕ေၾကျငာထားေတာ႕ ပိုဆိုးတာေပါ႕။ ဒါေပမယ္႕ သူ႕ဆုိင္မွာ လူတိုင္းၾကံဳသလုိဝင္ဝယ္လို႕မရဘူး .. အသင္းဝင္ကဒ္လုပ္ရတယ္။ ေငြရွင္းရင္လည္း သူ႕ကဒ္ျပမွ။ ကဒ္ဖိုးတစ္ေယာက္သံုးစာကုိ တစ္ႏွစ္ ( ၅၅ ) ေဒၚလာေပးရေသးတယ္။ ႏွစ္ဦးသံုးခြင္႕ရွိတဲ႕ကဒ္ဆိုရင္ ( ၁၁ဝ )။ သူ႕ေလွ်ာ႕ေစ်းနဲ႕အသင္းဝင္ကဒ္ဖိုးက အဝယ္နည္းသူေတြအတြက္ေတာ႕ ေစ်းတြက္ကိုက္မွာမဟုတ္ပါဘူး။
.
.
။။။။ ---- ဖုမက္စ္ - Foodmaxx ---- ။။။။
.
မီးဖိုေခ်ာင္သံုးအကုန္ရတဲ႕ကုန္စိမ္းဆိုင္ၾကီးပါ။ အသား၊ ငါး၊ အသီးအရြက္၊ ေဖ်ာ္ရည္၊ မုန္႕ဖုတ္ထြက္ကုန္၊ အေဖ်ာ္ယမကာ နဲ႕ ေရအိမ္သံုးစကၠဴတုိ႕ကအစ စံုမွစံုတဲ႕ အျမဲဖြင္႕ - 24 Hours Service ဆုိင္ ျဖစ္ပါတယ္ ( အခုေနာက္ပိုင္း တစ္ခ်ိဳ႕ဆုိင္ေတြ ည ၂ နာရီဆိုပိတ္ျပီ )
.
ၾကက္သား၊ ဝက္သား၊ ၾကက္ဆင္သား၊ ၾကက္ဥ၊ ေပါင္မုန္႕ စတဲ႕ ေန႕တုိင္းမစားမျဖစ္ အေျခခံစားစရာမ်ားအျပင္ သြားတိုက္ေဆး၊ အဝတ္ေလွ်ာ္ဆပ္ျပာ၊ လတ္လတ္ဆပ္ဆပ္အရြက္စံု၊ ေရသန္႕အျပင္ ကယ္လီဖိုးနီးယားအေျခစုိက္ Super Lotto ထီလည္းထုိးလို႕ရတယ္။ ဆိုင္အမ်ားစုမွာ တစ္ေဒၚလာနဲ႕ DVD ေခြငွားလို႕ရတဲ႕ အလိုအေလ်ာက္စက္ - Kiosk ေတြ ရွိတယ္။ မီးဖိုေခ်ာင္မွာသံုးတဲ႕ Gas အုိးလဲခ်င္ရင္လည္း Foodmaxx မွာရႏုိင္တာပါပဲ။
.
အဖတ္ပါ - With Pulp သဘာဝလိေမၼာ္ရည္၊ ဒိန္ခ်ဥ္ - Yogurt ၊ ဘိလပ္ရည္ နဲ႕ ခ်ိစ္အသြင္အျပင္မ်ိဳးစံုတို႕ လူေတြအဝယ္မ်ားၾကတယ္။ ဒီ႕အျပင္ အိမ္နီးနားခ်င္းမကၠစီကိုႏုိင္ငံကေျပာင္းေရႊ႕ေနထုိင္သူေတြအစားမ်ားတဲ႕  နံျပားပါးပါးေလး - Tortilla ယူမလား၊ ပက္စီကုိလာရဲ႕လက္တက္ကုမၸဏီထြက္ Lay’s အာလူးေၾကာ္စားမလား၊ အေၾကာ္ - Snack နဲ႕တြဲစားမယ္႕ ခရမ္းခ်ဥ္သီးေထာင္း - Salsa Sauce ယူမလား ၊ အရြက္သုပ္ - Salad အေပၚကျဖန္းစားဖုိ႕အျပစ္အႏွစ္ရည္ - Dressing လုိသလား .. Foodmaxx ကုိသာသြားၾကပါ။
.
.
။။။။ ---- 99 Cents only Store နဲ႕ Dollar Tree ---- ။။။။
.
အေရွ႕ပုိင္းကဆိုင္ေတြမွာေစ်းၾကီးတယ္လို႕ယူဆရင္ ဘာဝယ္ဝယ္ ( ၁ ) ေဒၚလာသာေပးရတဲ႕ 99 Cents only Store နဲ႕ Dollar Tree တုိ႕ကုိသာၾကြၾကပါ။ ျမန္မာေငြ ( ၁၃ဝဝ ) နဲ႕ ထုိက္တန္တဲ႕ပစၥည္းေတြ 99 Cents only Store နဲ႕ Dollar Tree တုိ႕မွာ အမ်ားၾကီးရွိပါတယ္။ ေငြစကၠဴနဲ႕အကိုက္ထုတ္လုပ္ထားရတဲ႕ပစၥည္းေတြအလား အရည္အေသြးကေတာ႕ ဟုိးေအာက္ဆံုးမွာ ရွိေနပါတယ္။ ဒါေပမယ္႕ ဒီဆိုင္ ( ၂ ) ဆုိင္မွာ ေတာ္ရိေရာ္ရိမဟုတ္တဲ႕ပစၥည္းေကာင္းေလးေတြရတတ္သလို တစ္ခ်ိဳ႕လူမည္းမ်ားဆို အိမ္သံုးပစၥည္းေတြ တြန္းလွည္းျပည္႕ဝယ္တာေတာင္ေတြ႕ရတယ္။
.
အခု ဒီ ( ၂ ) ဆိုင္ကို ျပန္ယွဥ္လိုက္ရင္ Dollar Tree က ဆုိင္နည္းနည္းေသးေပမယ္႕ အရည္အေသြးေပၚမူတည္ျပီး တင္တဲ႕ပစၥည္းေတြက မဆိုစေလာက္ေလးပုိေကာင္းတယ္။ 99 Cents only Store က လူပိုဝင္တယ္၊ လူမ်ိဳးစံုတယ္။ ေဒၚလာနဲ႕တုိင္းေရာင္းတယ္ဆုိေပမယ္႕ ( ၁ ) ေဒၚလာေအာက္ပစၥည္းေတြလည္းတင္ေပးထားတယ္။
.
.
ေငြတစ္ေဒၚလာနဲ႕အလုပ္ျဖစ္တဲ႕ တစ္ခါသံုးပစၥည္းေတြ၊ အခမ္းအနားလုပ္ဖို႕ ေရာင္စံုမုိးပ်ံပူေဖာင္းေတြ၊ ဓါတ္ခဲအေပါစားေတြ၊ အိမ္သံုးပန္းကန္ခြက္ေယာက္ေတြ၊ ေရခ်ိဳးခန္းသံုးဆပ္ျပာေတြ နဲ႕ လက္ကလိဖို႕ဝက္အူလွည္႕ေတြကအစ ပါကင္တိတ္အဆံုး ရွိၾကတယ္။ ဒါေၾကာင္႕ စမ္းဖို႕ နဲ႕ ရွိရင္ရျပီဆိုတဲ႕ပစၥည္းေတြက ဒီေနရာမွာဝယ္ၾကည္႕လို႕ရတယ္။
.
ပုိေကာင္းတာလိုခ်င္ျပီ၊ အရည္အေသြးကိုေငြေပးျပီးဝယ္ေတာ႕မယ္ဆိုရင္ တားဂက္၊ ေဝါမတ္တုိ႕ဘက္ ေျခဦးျပန္လွည္႕ၾကဖုိ႕သာရွိေတာ႕တာေပါ႕။ ဒါေပမယ္႕ မေျပာမရွိပါနဲ႕။ ျမန္မာႏုိင္ငံကေရာက္လာတာမၾကာေသးသူအဖုိ႕ ပထမ ( ၃ ) လေလာက္ကေတာ႕ 99 Cents only Store နဲ႕ Dollar Tree ဆုိင္ထဲကေန မထြက္ပါဘူး။ မယံုရင္ ၾကံဳဖူးသူေတြကုိ ျပန္ေမးၾကည္႕ၾကပါ။
.
.
။။။။ ---- ကမၻာမွာမပါမျဖစ္တရုတ္ဆိုင္ ---- ။။။။
.
တရုတ္လူမ်ိဳးမ်ားဟာ ေနရာတကာမွာရွိပါတယ္။ အေမရိကန္ေရာက္တရုတ္လူမ်ိဳးမ်ားကေတာ႕ ကြမ္တုန္း - Cantonese စကားေျပာၾကတယ္။ ဒါေပမယ္႕ ရန္ကုန္တရုတ္တန္းကလာတဲ႕ တစ္ခ်ိဳ႕ျမန္မာမ်ားကေတာ႕ ဒီကတရုတ္ေတြနဲ႕ စာစကား - Mandarin နဲ႕ ေျပာဆိုဆက္ဆံလုိ႕ နားလည္ၾကပါတယ္။
.
အမ်ိဳးသမီး အမ်ိဳးသားမခြဲပဲမီးဖိုေခ်ာင္ဝင္ၾကရတဲ႕ အေမရိကားမွာ ေစ်းဝယ္တတ္ရင္ ေဒၚလာ ( ၃ဝ ) ဖိုးဟာ တစ္ပတ္စားရတယ္။ ဆီတစ္ပံုး၊ ဆန္တစ္အိတ္၊ ေရတစ္ပံုးဖိုးေတာ႕ မပါဘူးေပါ႕ဗ်ာ .. ဒါေတြကိုေတာ႕ သတ္သတ္ဝယ္ရမယ္။ ယုိးဒယားဆန္ေခ်ာ - Jasmine Thai Rice ယူမလား၊ ခပ္ၾကမ္းၾကမ္းဗီယက္နမ္ဆန္ ယူမလား၊ ေကာက္ညွင္းမႈန္႕၊ ေကာ္မႈန္႕၊ ငန္ျပာရည္၊ ျငဳပ္ဆီ တုိ႕လည္း စံုလွတယ္။
.
.
ေဟာင္ေကာင္စတိုင္ ေရထြက္သတၱဝါေတြကို အရွင္ဖမ္းျပ၊ ဝယ္သူေရွ႕မွာသတ္ျပ၊ ခုတ္ျပ၊ ထစ္ျပတာေတြကို တရုတ္ဆုိင္ေတြမွာ ျမင္ႏုိင္ပါတယ္။ ငါးဆိုရင္ လက္ညိႈးထုိးျပီးေရြးေပးလုိက္ရံုနဲ႕ အခမဲ႕ဆီနဲ႕ေၾကာ္ေပးတဲ႕ဝန္ေဆာင္မႈက တစ္ျခားဘုိဆိုင္ေတြမွာမရႏုိင္ဘူးေလ။ ဒါေၾကာင္႕လက္မလႊတ္ႏုိင္ၾကတာ။
.
အသားစိမ္း ငါးစိမ္း နဲ႕အတူ ဟင္းဝယ္္ျပီးအိမ္ျပန္စားဖို႕ ပါဆယ္ - To Go ဝယ္လို႕ရတာတရုတ္ဆုိင္အမ်ားစုမွာ ရွိတယ္။ ဝက္သားကင္၊ အေခါက္ကင္၊ ၾကက္ကင္ စတဲ႕ ညေစ်းတန္းအစားအသာက္လည္းရွိပါ႕။ ေနာက္ျပီး ေအာ္ဒါမွာရင္ အေကာင္ေသး၊ အေကာင္လတ္အလိုက္ ေပၚျပီးကင္ေပးတဲ႕ ဝက္ကေလးကင္တစ္ေကာက္ကို အနည္းဆံုး ( ၁၂၅ ) ကေန ေဒၚလာ ( ၃ဝဝ ) အထိေပးရင္ ရပါတယ္။ ဘယ္ေလာက္အကုသိုလ္ၾကီးတဲ႕အလုပ္ကိုလက္ခံလုပ္ကုိင္မိေနသလဲဆုိတာကိုေတာ႕ အေမရိကန္ေရာက္ ဘယ္တရုတ္ကုန္စံုဆိုင္ပိုင္ရွင္မွ ထည္႕တြက္ေနပံုမရပါဘူး။ အေသးစိတ္ဖတ္ရႈႏုိင္ရန္ http://konyinyitaunggyi.blogspot.com/2013/09/blog-post_26.html#more
.
.
ဒါေၾကာင္႕ အေမရိကားကိုေျပာင္းေရႊ႕လာေတာ႕မယ္႕ ( အလည္လာသူမ်ားကိုမဆုိလိုပါ ) ျမန္မာမ်ားဟာ ဒီႏိုင္ငံမွာ မည္သို႕မည္ပံုအေျခခ်ဖို႕ ေငြသံုးျပီးဝယ္မလား၊ ကိုယ္သံုးေနက် ကုန္ပစၥည္းေတြကုိ အပင္ပန္းခံျပီးသယ္လာမလားဆိုတာ ၾကိဳစဥ္းစားႏုိင္ရင္ စဥ္းစားေစခ်င္တယ္။ ေငြပုိလို႕လာေနသူမ်ားအတြက္အေရးအၾကီးေပမယ္႕ ကြက္တိေနထုိင္ဖို႕တြက္ခ်က္ထားရသူ - Tight Budget သမားမ်ားအတြက္ေတာ႕ ေစ်းသံုးသြားမယ္႕ အိမ္ရွင္မလို မယိုမဖိတ္ေအာင္ သိုသိုသိပ္သိပ္စီစဥ္ႏုိင္ဖို႕ ေရးျပလုိက္ပါရေစ။
.
ေနာက္မ်ားမွာေတာ႕ အဆင္ေျပရင္ အြန္လုိင္းမွေစ်းဝယ္ပံုမ်ားကိုေရးၾကည္႕ပါဦးမယ္ .. ေမွ်ာ္..။
.
ခင္လ်က္
.
12-06-2015
.
.
.
Myanmar Unicode Version:
.
.
“ အမေရိကားကိုတစ်ကယ်လာဖြစ်မယ်ဆိုရင် .. မှာချင်တယ် ။ ၆ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
အမေရိကားကိုတစ်ကယ်လာဖြစ်ရင်မှာချင်တဲ့အကြောင်းတွေကို ရေးနေပါတယ်။ ( အပိုင်း။ ၅ ပြန်ဖတ်နိုင်ရန် ) https://www.facebook.com/photo.php?fbid=1637210733234060&set=a.1377780475843755.1073741829.100008354461942&type=3&theater
.
ခရီးတစ်ခုကိုသွားဖို့ရာ လူတွေမှာ ဝတ်ဖို့၊ စားဖို့၊ ညအိပ်ဖို့၊ မနက်ထဖို့ ခရီးဆောင်အိပ်တွေ ထုပ်ကြ၊ ပိုးကြနဲ့ အိမ်ကနေမထွက်မချင်း သွင်းလိုက်၊ ထုတ်လိုက်နဲ့ အလုပ်ရှုတ်ဖူးကြမှာပါ။ ဒါတောင် ပြည်တွင်းခရီး ဟိုနား ဒီနားလေးအကြောင်းပဲပြောရသေးတာ .. အမေရိကားလို အနည်းဆုံး ( ၁၆ ) နာရီစီး၊ ( ၁၇ ) နာရီစီး၊ ကြားက Layover မှာ ခဏနား စုစုပေါင်း တစ်ရက်နီးပါးလောက်ကြာတဲ့ခရီးမှာ ယူသွားစရာတွေက အများကြီးပါ။ ဒီကြားထဲ မိသားစုက ( ၄ ) ယောက်၊ တစ်ယောက်ကို ပေါင် ( ၅ဝ ) ဝင် ( ၂ ) ထုတ်နှုန်းနဲ့ အခမဲ့သယ်ခွင့်ရတဲ့အခါ မချန်ချင်တဲ့ပစ္စည်းကများသလို မေ့ကျန်ခဲ့တာတွေကလည်း အများသား..။
.
.
ဒီနေရာမှာ တစ်ချို့ကမေးကြတယ် .. “ မင်းတို့က ဒီလောက်အများကြီးသယ်သွားရတာ အိမ်ပြောင်းတာမို့လို့လား ” တဲ့။ ဟုတ်တယ် ကျွန်တော်တို့အိမ်ပြောင်းသလိုကို သယ်ခဲ့ကြတာ။ မိသားစုဝင်အားလုံးအတွက်ပေးသယ်သလောက် ပေါင် ( ၄ဝဝ ) အပြင်ကို ပေါင်ပိုခ ( ၂၅၆ ) ဒေါ်လာပေးပြီးသယ်ခဲ့ကြတာဆိုရင် ယုံပါဦးမလား? ဒါနဲ့တင်ဘယ်ကမလဲ။ လေယာဉ်ပြောင်းတဲ့အချိန်ရော၊ လေဆိပ်ကထွက်တဲ့အခါရော ကျွန်တော့ကိုယ်ပေါ်မှာတွဲလောင်းဆွဲထားတဲ့အထုတ်တွေ ရေကြည့်လိုက်တာ အားလုံး ( ၁၁ ) ဆွဲ ရှိတယ်။ မယုံမရှိနဲ့နော် တကယ်ပြောတာ။
.
ဒီလိုအေးခဲတဲ့ အခု ( ၂ဝ၁၅ ) ဒီဇင်ဘာလရောက်မှ ကျွန်တော်လဲခဲ့တဲ့ ဒေါ်လာဈေး ( ၁၂၈ဝ ) ဆိုတာ တစ်ကျော့ပြန်ရောက်လာတာ။ ဒီတော့ ဘာတွေ့တွေ့ ( ၁၃ဝဝ ) ဆိုတဲ့အလီကြီးနဲ့မြှောက်မြှောက်ပြီး မဝယ်နိုင်ရက်ခဲ့ဘူး။ ဈေးနှုန်းကဒ်ပြား - Price Tag မှာ တစ်ဒေါ်လာတန်ပစ္စည်းဆိုတာနဲ့တင် မြန်မာငွေ တစ်ထောင်ကျော်ကျနေပြီ။ ဒီ့အပြင် ဝယ်သူကအခွန်ဆောင်ရတဲ့အမေရိကားမှာ တစ်ဒေါ်လာတန်ဝယ်ရင် မြန်မာလို ( ၁၅ဝဝ ) ကျပ် ပစ်ကနဲပေးလိုက်ရသလိုပဲ တော်တော်နဲ့မခံစားနိုင်ခဲ့ဘူးလေ။
.
.
ဒါကြောင့် ပုလဲဒန်အိုး၊ ကြက်ပေါင်းအိုး၊ ဆပ်ပြာခွက်၊ စတီးဇွန်း နဲ့ ခန်းဆီးလိုက်ကာကအစ အားလုံး မြန်မာငွေနဲ့ဝယ်ပြီး အလေးခံသယ်ခဲ့ကြတယ်။ ဒီရောက်လို့ မသုံးဖြစ်တာ ( ၂ဝ% ) လောက်ကိုနှုတ်လိုက်ရင် ကျန်တာတွေ အခုလို ( ၆ ) နှစ်လောက်ကြာတဲ့အထိ တီးလိုက်တိုင်း ဒေါင်ဒေါင်မြည်နေတုန်းပါ။ ဟောင်းပေမယ့်လည်း ကောင်းနေဆဲပါပဲ။ ဒါက ကျွန်တော်တွေးခဲ့တဲ့အတိုင်း လုပ်ခဲ့တာကိုပြောပြတာ။ သို့ပေမယ့် နောက်ပိုင်းမှာ အမေရိကားကိုလာကြမယ့် မြန်မာများအတွက် အတွေးအသစ်တွေကို ကျွန်တော်တွေ့လာခဲ့တယ်။
.
နေရာသစ်မှာ ဘယ်အရာတွေက ဘယ်မှာဝယ်ရတယ်၊ ဘယ်ပစ္စည်းတွေက မြန်မာနိုင်ငံကမှ အသုံးတည့်တယ်ဆိုတာ ကြိုမသိနိုင်ဘူးလေ။ အခုလို နှစ်အနည်းငယ်ကြာတော့ တောသားလူလည်ဖြစ်လာတော့မှ နောက်လာမယ့်လူတွေကို ပြန်ပြောပြချင်လာတယ်။ ( ၂ဝဝ၉ ) ခုနှစ်တုန်းကလည်း သူငယ်ချင်းတစ်ယောက်ရဲ့တူမ ထိုင်ဝမ်မှာနေတဲ့မိန်းကလေးတစ်ယောက်က “ ဦးညီ ဟိုရောက်မှဝယ်ပါလား ” တဲ့ ။ ဒါကို ကျွန်တော်နားမထောင်ခဲ့ဘူး။ မစွန့်စားရဲခဲ့ပဲ ပေါင် ( ၇ဝ )၊ ( ၈ ) ထုတ် အပြီးသယ်လာခဲ့တယ်။ ဒါကြောင့် အမေရိကားလာမယ့်သူတွေဟာ ဒီမှာ ဘယ်ကုန်တိုက် နဲ့ ဘယ်လိုပစ္စည်းတွေဝယ်လို့ရတယ်ဆိုတာ အနည်းအကျဉ်းတော့ သိဖို့လိုပါတယ်။
.
.
။။။။ ---- ဝေါမတ် - Walmart ---- ။။။။
.
ဝေါမတ် ဟာ ကမ္ဘာပေါ်မှာ ဆိုင်ခွဲအများဆုံးနဲ့ အကြီးဆုံးကုန်စုံဆိုင်ကုမ္ပဏီအုပ်စုကြီးဖြစ်တယ်။ တစ်ကမ္ဘာလုံးမှာ လုပ်သား ( ၂ ) သန်းကျော်ကို အလုပ်ပေးထားတဲ့ကုမ္ပဏီကြီးဖြစ်ပါတယ်။ ပစ္စည်းစုံသလို အဖိုနှုန်းချိုသာတာကြောင့် လက်မလည်အောင်ရောင်းရတာလည်း မပြောပါနဲ့တော့။
.
အခြေခံလူသုံးကုန်၊ အဝတ်အစား၊ စာရေးကိရိယာ၊ အစားအသောက် နဲ့ နို့ထွက်ပစ္စည်းတွေသာမက ကျောင်းသားသုံးစာရေးကိရိယာတွေအစုံအလင်ရတဲ့ All-In-One Place လို့ဆိုနိုင်ပါတယ်။ ဈေးသက်သာတာကြောင့် အခြေခံလူတန်းစားတွေအဝယ်များပြီး ကုန်ပစ္စည်းအရည်အသွေးဘက်မှာ အနည်းငယ်အားနည်းတယ်။ ပစ္စည်းချင်းတူရင် Walmart က သက်သာတာများတယ်။ ဘာလိုလို အကုန်ရှိတယ်။
.
.
။။။။ ---- တားဂက် - Target ---- ။။။။
.
ဝေါမတ် နဲ့ ကုန်ပစ္စည်းတူပြီး အတိုက်အခံဖြစ်အောင် ယှဉ်ပြိုင်ရောင်းနိုင်တဲ့စတိုးဆိုရင် တားဂက် - Target ကို ပြရပါလိမ့်မယ်။ တားဂက် သာတာက ကုန်ပစ္စည်းချင်းတူရင် ဝေါမတ်ထက် ယောင်ယောင်လေးပိုကောင်းတယ်။ သူ့ဆိုင်ရဲ့ ဆုကဒ်ပြား - Reward Card လုပ်ထားရင် သူ့ဆိုင်မှာ သူ့ကဒ်အနီနဲ့ ဘာဝယ်ဝယ် ( ၅% ) လျှော့ပေးပြီး ဝယ်သူကိုဆွဲဆောင်ထားတယ်။
.
ရောင်းကုန်ပစ္စည်းတွေက ဝေါမတ်နဲ့တူနေတော့ ဝယ်သူက ဘယ်ဆိုင်သက်သာသလဲဆိုတာ Shop Around ကြည့်ရလွယ်တာပေါ့။ ဥပမာ - ကိုယ်လိုချင်တဲ့ပစ္စည်းကိုစာရင်းလုပ်ပြီး အိမ်ကမထွက်ခင် သူတို့ဝဘ်ဆိုဒ်ထဲမှာဝင်ကြည့်၊ ယှဉ်ကြည့်အပြီးမှာ သက်သာတဲ့ဆိုင်မှာဝယ်ဖို့ စာရင်းခွဲထားရင် တော်တော်ငွေသက်သာတာကို သိလာခဲ့တယ်။
.
.
။။။။ ---- ကော့စကို - Costco ---- ။။။။
.
အပေါ်ကဆိုင် ( ၂ ) ခုထက် ပိုကောင်းတဲ့ပစ္စည်းလည်းလိုချင်တယ်၊ အရေအတွက်လည်းများများဝယ်မယ်၊ ဈေးလည်းသက်သာချင်တယ်ဆိုရင်တော့ ကော့စကို - Costco ကို လိုက်ပို့ပေးရပါလိမ့်မယ်။ အမေရိကန်မြေဟာ အလွှာအသီးသီးက လူမျိုးပေါင်းစုံနဲ့တည်ဆောက်ထားတာကြောင့် ဈေးဝယ်သူအကြိုက် - Consumer Favor ကို လိုက်ပြီး ပုံစံမျိုးစုံနဲ့လှည့်ပတ်ပြီးဈေးရောင်းကြတယ်။
.
တစ်ဆိုင်နဲ့တစ်ဆိုင် ဈေးပြိုင်လျှော့တာထက်စာရင် ဖောက်သည်များလှတာကြောင့် မတူညီတဲ့ အရောင်းမြှင့်တင်မှု - Seasonal Promotion  နဲ့ လျှော့ဈေး - Sale တွေနဲ့ ဆွဲဆောင်ကြတယ်။ ပြောရမယ်ဆိုရင် ကောစကိုမှာ ဈေးသက်သာပြီး အရည်အသွေးကောင်းတဲ့ပစ္စည်းတွေရှိတယ်။ ခက်တာက သူ့ဆီမှာဝယ်ရင် ကိုယ်လိုတာထက် ပိုဝယ်ရတယ်။ ဥပမာ - ဝေါမတ် နဲ့ တားဂက်မှာ တစ်ထုတ် ( ၁.၈၉ ) ဒေါ်လာပေးရတဲ့ ကြက်အူချောင်း - Chicken Frank ကို ကောစကိုမှာ ( ၄ ) ထုပ်တွဲကို ( ၆.၅၅ ) ဒေါ်လာနဲ့ဝယ်ရလိမ့်မယ်။ ဒါကြောင့် အိမ်သုံးသမားတွေအတွက်များနေပေမယ့် လုပ်ငန်းရှင်တွေ၊ စားသောက်ဆိုင်တွေ နဲ့ ကော်ပိုရေးရှင်းကြီးတွေက ကော်စကိုရဲ့အဓိကဖောက်သည်များပဲပေါ့။
.
တစ်ခြားဆိုင်တွေက ဝယ်သူကို ဘာလျှော့ပေးမယ် ညာလျှော့ပေးမယ်လို့ ဖောက်သည်ခေါ်နေပေမယ့် ကော်စကိုကတော့ အေးအေးဆေးဆေးပဲ။ သူ့မှာ ကားဓါတ်ဆီထည့်ပန့်တွေဆိုင်တိုင်း ( တော်တော်များများ ) မှာရှိတယ်။ ဒါကြောင့် ဈေးဝယ်သူဟာ သူ့ဆိုင်သွားပြီး ဆီထည့်၊ ဈေးဝယ်ပြီးပြန် အဆင်ကိုပြေနေတာပါပဲ။ ဒါကိုမှ လူတွေကကြိတ်ကြိတ်တိုးနေတာ လက္ကားဆိုင် - Whole Sale ဆိုင်လို့ကြေငြာထားတော့ ပိုဆိုးတာပေါ့။ ဒါပေမယ့် သူ့ဆိုင်မှာ လူတိုင်းကြုံသလိုဝင်ဝယ်လို့မရဘူး .. အသင်းဝင်ကဒ်လုပ်ရတယ်။ ငွေရှင်းရင်လည်း သူ့ကဒ်ပြမှ။ ကဒ်ဖိုးတစ်ယောက်သုံးစာကို တစ်နှစ် ( ၅၅ ) ဒေါ်လာပေးရသေးတယ်။ နှစ်ဦးသုံးခွင့်ရှိတဲ့ကဒ်ဆိုရင် ( ၁၁ဝ )။ သူ့လျှော့ဈေးနဲ့အသင်းဝင်ကဒ်ဖိုးက အဝယ်နည်းသူတွေအတွက်တော့ ဈေးတွက်ကိုက်မှာမဟုတ်ပါဘူး။
.
.
။။။။ ---- ဖုမက်စ် - Foodmaxx ---- ။။။။
.
မီးဖိုချောင်သုံးအကုန်ရတဲ့ကုန်စိမ်းဆိုင်ကြီးပါ။ အသား၊ ငါး၊ အသီးအရွက်၊ ဖျော်ရည်၊ မုန့်ဖုတ်ထွက်ကုန်၊ အဖျော်ယမကာ နဲ့ ရေအိမ်သုံးစက္ကူတို့ကအစ စုံမှစုံတဲ့ အမြဲဖွင့် - 24 Hours Service ဆိုင် ဖြစ်ပါတယ် ( အခုနောက်ပိုင်း တစ်ချို့ဆိုင်တွေ ည ၂ နာရီဆိုပိတ်ပြီ )
.
ကြက်သား၊ ဝက်သား၊ ကြက်ဆင်သား၊ ကြက်ဥ၊ ပေါင်မုန့် စတဲ့ နေ့တိုင်းမစားမဖြစ် အခြေခံစားစရာများအပြင် သွားတိုက်ဆေး၊ အဝတ်လျှော်ဆပ်ပြာ၊ လတ်လတ်ဆပ်ဆပ်အရွက်စုံ၊ ရေသန့်အပြင် ကယ်လီဖိုးနီးယားအခြေစိုက် Super Lotto ထီလည်းထိုးလို့ရတယ်။ ဆိုင်အများစုမှာ တစ်ဒေါ်လာနဲ့ DVD ခွေငှားလို့ရတဲ့ အလိုအလျောက်စက် - Kiosk တွေ ရှိတယ်။ မီးဖိုချောင်မှာသုံးတဲ့ Gas အိုးလဲချင်ရင်လည်း Foodmaxx မှာရနိုင်တာပါပဲ။
.
အဖတ်ပါ - With Pulp သဘာဝလိမ္မော်ရည်၊ ဒိန်ချဉ် - Yogurt ၊ ဘိလပ်ရည် နဲ့ ချိစ်အသွင်အပြင်မျိုးစုံတို့ လူတွေအဝယ်များကြတယ်။ ဒီ့အပြင် အိမ်နီးနားချင်းမက္ကစီကိုနိုင်ငံကပြောင်းရွှေ့နေထိုင်သူတွေအစားများတဲ့  နံပြားပါးပါးလေး - Tortilla ယူမလား၊ ပက်စီကိုလာရဲ့လက်တက်ကုမ္ပဏီထွက် Lay’s အာလူးကြော်စားမလား၊ အကြော် - Snack နဲ့တွဲစားမယ့် ခရမ်းချဉ်သီးထောင်း - Salsa Sauce ယူမလား ၊ အရွက်သုပ် - Salad အပေါ်ကဖြန်းစားဖို့အပြစ်အနှစ်ရည် - Dressing လိုသလား .. Foodmaxx ကိုသာသွားကြပါ။
.
.
။။။။ ---- 99 Cents only Store နဲ့ Dollar Tree ---- ။။။။
.
အရှေ့ပိုင်းကဆိုင်တွေမှာဈေးကြီးတယ်လို့ယူဆရင် ဘာဝယ်ဝယ် ( ၁ ) ဒေါ်လာသာပေးရတဲ့ 99 Cents only Store နဲ့ Dollar Tree တို့ကိုသာကြွကြပါ။ မြန်မာငွေ ( ၁၃ဝဝ ) နဲ့ ထိုက်တန်တဲ့ပစ္စည်းတွေ 99 Cents only Store နဲ့ Dollar Tree တို့မှာ အများကြီးရှိပါတယ်။ ငွေစက္ကူနဲ့အကိုက်ထုတ်လုပ်ထားရတဲ့ပစ္စည်းတွေအလား အရည်အသွေးကတော့ ဟိုးအောက်ဆုံးမှာ ရှိနေပါတယ်။ ဒါပေမယ့် ဒီဆိုင် ( ၂ ) ဆိုင်မှာ တော်ရိရော်ရိမဟုတ်တဲ့ပစ္စည်းကောင်းလေးတွေရတတ်သလို တစ်ချို့လူမည်းများဆို အိမ်သုံးပစ္စည်းတွေ တွန်းလှည်းပြည့်ဝယ်တာတောင်တွေ့ရတယ်။
.
အခု ဒီ ( ၂ ) ဆိုင်ကို ပြန်ယှဉ်လိုက်ရင် Dollar Tree က ဆိုင်နည်းနည်းသေးပေမယ့် အရည်အသွေးပေါ်မူတည်ပြီး တင်တဲ့ပစ္စည်းတွေက မဆိုစလောက်လေးပိုကောင်းတယ်။ 99 Cents only Store က လူပိုဝင်တယ်၊ လူမျိုးစုံတယ်။ ဒေါ်လာနဲ့တိုင်းရောင်းတယ်ဆိုပေမယ့် ( ၁ ) ဒေါ်လာအောက်ပစ္စည်းတွေလည်းတင်ပေးထားတယ်။
.
.
ငွေတစ်ဒေါ်လာနဲ့အလုပ်ဖြစ်တဲ့ တစ်ခါသုံးပစ္စည်းတွေ၊ အခမ်းအနားလုပ်ဖို့ ရောင်စုံမိုးပျံပူဖောင်းတွေ၊ ဓါတ်ခဲအပေါစားတွေ၊ အိမ်သုံးပန်းကန်ခွက်ယောက်တွေ၊ ရေချိုးခန်းသုံးဆပ်ပြာတွေ နဲ့ လက်ကလိဖို့ဝက်အူလှည့်တွေကအစ ပါကင်တိတ်အဆုံး ရှိကြတယ်။ ဒါကြောင့် စမ်းဖို့ နဲ့ ရှိရင်ရပြီဆိုတဲ့ပစ္စည်းတွေက ဒီနေရာမှာဝယ်ကြည့်လို့ရတယ်။
.
ပိုကောင်းတာလိုချင်ပြီ၊ အရည်အသွေးကိုငွေပေးပြီးဝယ်တော့မယ်ဆိုရင် တားဂက်၊ ဝေါမတ်တို့ဘက် ခြေဦးပြန်လှည့်ကြဖို့သာရှိတော့တာပေါ့။ ဒါပေမယ့် မပြောမရှိပါနဲ့။ မြန်မာနိုင်ငံကရောက်လာတာမကြာသေးသူအဖို့ ပထမ ( ၃ ) လလောက်ကတော့ 99 Cents only Store နဲ့ Dollar Tree ဆိုင်ထဲကနေ မထွက်ပါဘူး။ မယုံရင် ကြုံဖူးသူတွေကို ပြန်မေးကြည့်ကြပါ။
.
.
။။။။ ---- ကမ္ဘာမှာမပါမဖြစ်တရုတ်ဆိုင် ---- ။။။။
.
တရုတ်လူမျိုးများဟာ နေရာတကာမှာရှိပါတယ်။ အမေရိကန်ရောက်တရုတ်လူမျိုးများကတော့ ကွမ်တုန်း - Cantonese စကားပြောကြတယ်။ ဒါပေမယ့် ရန်ကုန်တရုတ်တန်းကလာတဲ့ တစ်ချို့မြန်မာများကတော့ ဒီကတရုတ်တွေနဲ့ စာစကား - Mandarin နဲ့ ပြောဆိုဆက်ဆံလို့ နားလည်ကြပါတယ်။
.
အမျိုးသမီး အမျိုးသားမခွဲပဲမီးဖိုချောင်ဝင်ကြရတဲ့ အမေရိကားမှာ ဈေးဝယ်တတ်ရင် ဒေါ်လာ ( ၃ဝ ) ဖိုးဟာ တစ်ပတ်စားရတယ်။ ဆီတစ်ပုံး၊ ဆန်တစ်အိတ်၊ ရေတစ်ပုံးဖိုးတော့ မပါဘူးပေါ့ဗျာ .. ဒါတွေကိုတော့ သတ်သတ်ဝယ်ရမယ်။ ယိုးဒယားဆန်ချော - Jasmine Thai Rice ယူမလား၊ ခပ်ကြမ်းကြမ်းဗီယက်နမ်ဆန် ယူမလား၊ ကောက်ညှင်းမှုန့်၊ ကော်မှုန့်၊ ငန်ပြာရည်၊ ငြုပ်ဆီ တို့လည်း စုံလှတယ်။
.
.
ဟောင်ကောင်စတိုင် ရေထွက်သတ္တဝါတွေကို အရှင်ဖမ်းပြ၊ ဝယ်သူရှေ့မှာသတ်ပြ၊ ခုတ်ပြ၊ ထစ်ပြတာတွေကို တရုတ်ဆိုင်တွေမှာ မြင်နိုင်ပါတယ်။ ငါးဆိုရင် လက်ညှိုးထိုးပြီးရွေးပေးလိုက်ရုံနဲ့ အခမဲ့ဆီနဲ့ကြော်ပေးတဲ့ဝန်ဆောင်မှုက တစ်ခြားဘိုဆိုင်တွေမှာမရနိုင်ဘူးလေ။ ဒါကြောင့်လက်မလွှတ်နိုင်ကြတာ။
.
အသားစိမ်း ငါးစိမ်း နဲ့အတူ ဟင်းဝယ်ပြီးအိမ်ပြန်စားဖို့ ပါဆယ် - To Go ဝယ်လို့ရတာတရုတ်ဆိုင်အများစုမှာ ရှိတယ်။ ဝက်သားကင်၊ အခေါက်ကင်၊ ကြက်ကင် စတဲ့ ညဈေးတန်းအစားအသာက်လည်းရှိပါ့။ နောက်ပြီး အော်ဒါမှာရင် အကောင်သေး၊ အကောင်လတ်အလိုက် ပေါ်ပြီးကင်ပေးတဲ့ ဝက်ကလေးကင်တစ်ကောက်ကို အနည်းဆုံး ( ၁၂၅ ) ကနေ ဒေါ်လာ ( ၃ဝဝ ) အထိပေးရင် ရပါတယ်။ ဘယ်လောက်အကုသိုလ်ကြီးတဲ့အလုပ်ကိုလက်ခံလုပ်ကိုင်မိနေသလဲဆိုတာကိုတော့ အမေရိကန်ရောက် ဘယ်တရုတ်ကုန်စုံဆိုင်ပိုင်ရှင်မှ ထည့်တွက်နေပုံမရပါဘူး။ အသေးစိတ်ဖတ်ရှုနိုင်ရန် http://konyinyitaunggyi.blogspot.com/2013/09/blog-post_26.html#more
.
.
ဒါကြောင့် အမေရိကားကိုပြောင်းရွှေ့လာတော့မယ့် ( အလည်လာသူများကိုမဆိုလိုပါ ) မြန်မာများဟာ ဒီနိုင်ငံမှာ မည်သို့မည်ပုံအခြေချဖို့ ငွေသုံးပြီးဝယ်မလား၊ ကိုယ်သုံးနေကျ ကုန်ပစ္စည်းတွေကို အပင်ပန်းခံပြီးသယ်လာမလားဆိုတာ ကြိုစဉ်းစားနိုင်ရင် စဉ်းစားစေချင်တယ်။ ငွေပိုလို့လာနေသူများအတွက်အရေးအကြီးပေမယ့် ကွက်တိနေထိုင်ဖို့တွက်ချက်ထားရသူ - Tight Budget သမားများအတွက်တော့ ဈေးသုံးသွားမယ့် အိမ်ရှင်မလို မယိုမဖိတ်အောင် သိုသိုသိပ်သိပ်စီစဉ်နိုင်ဖို့ ရေးပြလိုက်ပါရစေ။
.
နောက်များမှာတော့ အဆင်ပြေရင် အွန်လိုင်းမှဈေးဝယ်ပုံများကိုရေးကြည့်ပါဦးမယ် .. မျှော်..။
.
ခင်လျက်
.
12-06-2015
.
.
.
. “ အေမရိကားကိုတစ္ကယ္လာျဖစ္မယ္ဆိုရင္ .. မွာခ်င္တယ္ ။ ၇ ”
. အခုလို ( ၄၄၅ ) ရက္ၾကာမွ ေဆာင္းပါးအမွတ္ ( ၇ ) ကို ဆက္ေရးျဖစ္တာ တစ္ကယ္လာေတာ႕မယ္႕သူေတြရဲ႕ေမးခြန္းေတြေၾကာင္႕ပါ..။ စာဖတ္မိတ္ေဆြတစ္ေယာက္က ေငြကိစၥ ေမးပါတယ္။
.
။။။။ ---- ေငြဘယ္ေလာက္ယူလာရမလဲ? ---- ။။။။ 
.
. ေငြ ပါရင္ အေမရိကားမွာ အစစအရာရာ လြယ္ကူသက္သာေစပါတယ္။ ေငြရဲ႕တန္ခိုးအာဏာက အရာအားလံုးကုိ အပုိင္မဝယ္ယူေပးႏိုင္ေပမယ္႕ အေမရိကားမွာ လံုေလာက္တဲ႕ေငြ လက္ထဲမွာမရွိထားရင္ စတင္ရ၊ ပ်ိဳးေထာင္ရ၊ အေျခခ်ရတာ ခက္တတ္ပါတယ္။
. ဘယ္ေလာက္ယူလာရမလဲဆိုတဲ႕ေမးခြန္းက ေနထုိင္မယ္႕ျပည္နယ္၊ ျမိဳ႕ၾကီး နဲ႕ သားသမီးဘယ္ႏွစ္ေယာက္ပါလာမလဲဆိုတာေပၚမွာ အေျဖမတူႏိုင္ပါဘူး။
.
. ဥပမာ - အေနာက္ဘက္ကမ္းေျခဆန္ဖရန္စစၥကိုပင္လယ္ေအာ္ေဒသ - Bay Area ( West Coast ) မွာေနမယ္ဆိုရင္ ( အပိုင္ဝယ္ရင္ ) အိမ္ျခံေျမေစ်းႏႈန္းၾကီးျမင္႕တာကိုေတာ႕ ေလ႕လာျပီးသားျဖစ္မွာပါ။ လူနည္းစုသာ အိမ္အပုိင္ဝယ္ႏုိင္ၾကေတာ႕ အိမ္ငွားေနထိုင္မႈစားရိတ္ - Renting Cost ျမင္႕မားျပန္ပါတယ္။ ဒါေၾကာင္႕ အိမ္ငွားခကိုထည္႕မတြက္ရင္ မျပည္႔စံုပါဘူး။ ( အိမ္အပိုင္ဝယ္ႏုိင္ရင္ အတုိင္းထက္အလြန္ )
.
.
. ဒါေၾကာင္႕ သားသမီး ( ၂ ) ေယာက္ပါလာမယ္႕ အသစ္ေျပာင္းေရႊ႕သူ - New Immigrant ( ၄ ) ဦးပါတဲ႕မိသားစုတစ္ခုကိုစံျပထားျပီးတြက္ခ်က္ျပရရင္ . .
.
.
ကား ( ၂ ) စီး ဖိုး = ( ၃၅ဝဝ ) + ( ၄၅ဝဝ ) ေဒၚလာခန္႕ ခန္႕မွန္းေျခ ( ၂ဝဝဝ ) ခုႏွစ္ေမာ္ဒယ္
.
မီးဖိုေခ်ာင္သံုးပစၥည္း = ( ၅ဝဝ ) ေဒၚလာခန္႕
.
အိမ္ေထာင္ပရိေဘာဂ = ( ၃၁ဝဝ ) ေဒၚလာခန္႕ ကုတင္၊ ထမင္းစားပြဲ၊ ထုိင္ခံု၊ တီဗြီ၊ တီဗီြခံု၊ စာၾကည္႕ခံု၊ ေစာင္၊ ေခါင္းအံုး၊ ေရခ်ိဳးခန္းသံုးပစၥည္း
.
ေရ၊ မီး၊ ဖုန္း၊ အင္တာနက္၊ ကားဆီဖိုး၊ ကားအာမခံ = " တစ္လ " ကုိ ( ၉၅ဝ ) ေဒၚလာခန္႕
.
ဟင္းစားဝယ္ဖုိ႕ = " တစ္လ " ကုိ လူ ( ၄ ) ေယာက္စာ ( ၃၆ဝ ) ေဒၚလာခန္႕
.
အိမ္ငွားခ = " တစ္လ " ကုိ ( ၂ဝဝဝ ) ေဒၚလာခန္႕ အိပ္ခန္း ( ၂ ) ၊ အိမ္သာ ( ၁ )
.
ကေလး ( ၂ ) ေယာက္ေက်ာင္းအတြက္ဝယ္စရာ၊ မုန္႕ဖိုး = " တစ္လ " ကုိ ( ၁၉ဝ ) ေဒၚလာခန္႕ ( မူလတန္းမွအထက္တန္း )
.
စသျဖင္႕ ( ခန္႕မွန္းႏုိင္ေအာင္ ) စာရင္းလုပ္ၾကည္႕မိတယ္။
.
.
. ဒါေၾကာင္႕ တစ္ၾကိမ္တည္းကုန္တဲ႕ေငြက ( ၁၁၆ဝဝ ) ေဒၚလာခန္႕ျဖစ္ျပီး ေနေနသ၍ မရပ္မနားကုန္ေနမယ္႕ေငြက တစ္လကို ( ၃၅ဝဝ ) ေဒၚလာခန္႕ ရွိတယ္ဆုိတာ ေတြ႕ရွိႏုိင္ပါတယ္။
.
. ဒီဗဟုသုတေတြဟာ ကြ်န္ေတာ္တို႕မိသားစု ဒီဘက္ေျမေပၚကိုစတင္အေျခမခ်မီွက အသိခ်င္ဆံုး နဲ႕ အလိုခ်င္ဆံုး ေရႊေရာင္အခ်က္အလက္ေတြျဖစ္ခဲ႕လို႕ အရမ္းကိုယ္ခ်င္းစာမိတဲ႕အတြက
" အက်ဥ္းခ်ံဴးခန္႕မွန္းေပးတာ " ျဖစ္ပါတယ္။
.
.
. ဒါေၾကာင္႕ တစ္ကယ္လာမယ္႕သူေတြက မိမိတို႕ကိုယ္ပုိင္ေငြနဲ႕၊ ႏိုင္တဲ႕ဝန္နဲ႕၊ အားနဲ႕ . . ခ်င္႕ခ်ိန္ႏိုင္ဖို႕ အေရးၾကီးပါတယ္။ ဒီလိုပဲ အပ္ခ်ည္ကအစ ေမာ္ေတာ္ကားအဆံုး အစစအရာရာၾကိဳတင္ျပင္ဆင္ရတဲ႕ ျပည္ေတာ္စြန္႕ခြာမႈမွာ ကိုယ္ပုိင္ဥာဏ္နဲ႕သာ အျမင္က်ယ္က်ယ္ဆံုးျဖတ္ၾကဖို႕ အေလးအနက္ထားတုိက္တြန္းလိုပါတယ္။
.
. ပုိလြယ္ကူခ်င္ရင္ေတာ႕ မိမိသြားေရာက္အေျခခ် ဘဝစမယ္႕ျမိဳ႕မွာ ေဆြထဲ မ်ိဳးထဲက တစ္ေယာက္ေယာက္က လုိက္ပါကူညီမယ္ဆုိရင္ေတာ႕ ရႊင္ရႊင္လန္းလန္းနဲ႕ ျပည္ေတာ္သစ္စခန္းကိုိ အေရာက္လွမ္းႏိုင္မယ္႕အေၾကာင္းေရးသားရင္း အေမရိကားကေန ၾကိဳဆုိလိုက္ပါတယ္ခင္ဗ်ား..
.
. ခင္လ်က္
.
. ကိုညီညီ ( ေတာင္ၾကီး )
. 02-23-2017
.
အေရွ႕ပိုင္း ( ၆ ) ပုဒ္ ျပန္ဖတ္ႏုိင္ရန္ ဘေလာ႕ဂ္စာမ်က္ႏွာ =http://konyinyitaunggyi.blogspot.com/2015/09/blog-post_25.html
.
.
.
Unicode Version:
.
.
. “ အမေရိကားကိုတစ်ကယ်လာဖြစ်မယ်ဆိုရင် .. မှာချင်တယ် ။ ၇ ”
. အခုလို ( ၄၄၅ ) ရက်ကြာမှ ဆောင်းပါးအမှတ် ( ၇ ) ကို ဆက်ရေးဖြစ်တာ တစ်ကယ်လာတော့မယ့်သူတွေရဲ့မေးခွန်းတွေကြောင့်ပါ..။ စာဖတ်မိတ်ဆွေတစ်ယောက်က ငွေကိစ္စ မေးပါတယ်။
.
။။။။ ---- ငွေဘယ်လောက်ယူလာရမလဲ? ---- ။။။။
.
. ငွေ ပါရင် အမေရိကားမှာ အစစအရာရာ လွယ်ကူသက်သာစေပါတယ်။ ငွေရဲ့တန်ခိုးအာဏာက အရာအားလုံးကို အပိုင်မဝယ်ယူပေးနိုင်ပေမယ့် အမေရိကားမှာ လုံလောက်တဲ့ငွေ လက်ထဲမှာမရှိထားရင် စတင်ရ၊ ပျိုးထောင်ရ၊ အခြေချရတာ ခက်တတ်ပါတယ်။
. ဘယ်လောက်ယူလာရမလဲဆိုတဲ့မေးခွန်းက နေထိုင်မယ့်ပြည်နယ်၊ မြို့ကြီး နဲ့ သားသမီးဘယ်နှစ်ယောက်ပါလာမလဲဆိုတာပေါ်မှာ အဖြေမတူနိုင်ပါဘူး။
.
. ဥပမာ - အနောက်ဘက်ကမ်းခြေဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသ - Bay Area ( West Coast ) မှာနေမယ်ဆိုရင် ( အပိုင်ဝယ်ရင် ) အိမ်ခြံမြေစျေးနှုန်းကြီးမြင့်တာကိုတော့ လေ့လာပြီးသားဖြစ်မှာပါ။ လူနည်းစုသာ အိမ်အပိုင်ဝယ်နိုင်ကြတော့ အိမ်ငှားနေထိုင်မှုစားရိတ် - Renting Cost မြင့်မားပြန်ပါတယ်။ ဒါကြောင့် အိမ်ငှားခကိုထည့်မတွက်ရင် မပြည့်စုံပါဘူး။ ( အိမ်အပိုင်ဝယ်နိုင်ရင် အတိုင်းထက်အလွန် )
.
.
. ဒါကြောင့် သားသမီး ( ၂ ) ယောက်ပါလာမယ့် အသစ်ပြောင်းရွှေ့သူ - New Immigrant ( ၄ ) ဦးပါတဲ့မိသားစုတစ်ခုကိုစံပြထားပြီးတွက်ချက်ပြရရင် . .
.
.
ကား ( ၂ ) စီး ဖိုး = ( ၃၅ဝဝ ) + ( ၄၅ဝဝ ) ဒေါ်လာခန့် ခန့်မှန်းခြေ ( ၂ဝဝဝ ) ခုနှစ်မော်ဒယ်
.
မီးဖိုချောင်သုံးပစ္စည်း = ( ၅ဝဝ ) ဒေါ်လာခန့်
.
အိမ်ထောင်ပရိဘောဂ = ( ၃၁ဝဝ ) ဒေါ်လာခန့် ကုတင်၊ ထမင်းစားပွဲ၊ ထိုင်ခုံ၊ တီဗွီ၊ တီဗွီခုံ၊ စာကြည့်ခုံ၊ စောင်၊ ခေါင်းအုံး၊ ရေချိုးခန်းသုံးပစ္စည်း
.
ရေ၊ မီး၊ ဖုန်း၊ အင်တာနက်၊ ကားဆီဖိုး၊ ကားအာမခံ = " တစ်လ " ကို ( ၉၅ဝ ) ဒေါ်လာခန့်
.
ဟင်းစားဝယ်ဖို့ = " တစ်လ " ကို လူ ( ၄ ) ယောက်စာ ( ၃၆ဝ ) ဒေါ်လာခန့်
.
အိမ်ငှားခ = " တစ်လ " ကို ( ၂ဝဝဝ ) ဒေါ်လာခန့် အိပ်ခန်း ( ၂ ) ၊ အိမ်သာ ( ၁ )
.
ကလေး ( ၂ ) ယောက်ကျောင်းအတွက်ဝယ်စရာ၊ မုန့်ဖိုး = " တစ်လ " ကို ( ၁၉ဝ ) ဒေါ်လာခန့် ( မူလတန်းမှအထက်တန်း )
.
စသဖြင့် ( ခန့်မှန်းနိုင်အောင် ) စာရင်းလုပ်ကြည့်မိတယ်။
.
.
. ဒါကြောင့် တစ်ကြိမ်တည်းကုန်တဲ့ငွေက ( ၁၁၆ဝဝ ) ဒေါ်လာခန့်ဖြစ်ပြီး နေနေသ၍ မရပ်မနားကုန်နေမယ့်ငွေက တစ်လကို ( ၃၅ဝဝ ) ဒေါ်လာခန့် ရှိတယ်ဆိုတာ တွေ့ရှိနိုင်ပါတယ်။
.
. ဒီဗဟုသုတတွေဟာ ကျွန်တော်တို့မိသားစု ဒီဘက်မြေပေါ်ကိုစတင်အခြေမချမှီက အသိချင်ဆုံး နဲ့ အလိုချင်ဆုံး ရွှေရောင်အချက်အလက်တွေဖြစ်ခဲ့လို့ အရမ်းကိုယ်ချင်းစာမိတဲ့အတွက
" အကျဉ်းချံူးခန့်မှန်းပေးတာ " ဖြစ်ပါတယ်။
.
.
. ဒါကြောင့် တစ်ကယ်လာမယ့်သူတွေက မိမိတို့ကိုယ်ပိုင်ငွေနဲ့၊ နိုင်တဲ့ဝန်နဲ့၊ အားနဲ့ . . ချင့်ချိန်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီလိုပဲ အပ်ချည်ကအစ မော်တော်ကားအဆုံး အစစအရာရာကြိုတင်ပြင်ဆင်ရတဲ့ ပြည်တော်စွန့်ခွာမှုမှာ ကိုယ်ပိုင်ဉာဏ်နဲ့သာ အမြင်ကျယ်ကျယ်ဆုံးဖြတ်ကြဖို့ အလေးအနက်ထားတိုက်တွန်းလိုပါတယ်။
.
. ပိုလွယ်ကူချင်ရင်တော့ မိမိသွားရောက်အခြေချ ဘဝစမယ့်မြို့မှာ ဆွေထဲ မျိုးထဲက တစ်ယောက်ယောက်က လိုက်ပါကူညီမယ်ဆိုရင်တော့ ရွှင်ရွှင်လန်းလန်းနဲ့ ပြည်တော်သစ်စခန်းကိို အရောက်လှမ်းနိုင်မယ့်အကြောင်းရေးသားရင်း အမေရိကားကနေ ကြိုဆိုလိုက်ပါတယ်ခင်ဗျား..
.
. ခင်လျက်
.
. ကိုညီညီ ( တောင်ကြီး )
. 02-23-2017
..

.
.
. “ အေမရိကားကိုတစ္ကယ္လာျဖစ္မယ္ဆိုရင္ .. မွာခ်င္တယ္ ။ ၈ ”
. ဒီစာစုက အေမရိကားကိုတစ္ကယ္လာျဖစ္မယ္႕သူေတြကို ေဆာင္ရန္ ေရွာင္ရန္ ဘာေတြဘယ္လိုရွိတယ္ဆိုတာကုိေျပာျပသလို သတင္းစကားလက္ေဆာင္ေပးတဲ႕ေနရာပါ။ ဒါေပမယ္႕ ဒီဘက္ႏိုင္ငံကိုတစ္ကယ္ေရာက္လာျပီးသူေတြက မေရာက္လာခင္ကေလာက္ မအားလပ္ေတာ႕ပါဘူး။ ဒါေၾကာင္႕လည္း သူတုိ႕ျပန္မေျပာႏုိင္တဲ႕အခ်က္ေတြကို ကိုယ္႕ထမင္းကိုယ္စားျပီး ဝင္ေရးေနတာျဖစ္ပါတယ္။
.
. စာဖတ္သူတစ္ေယာက္ေမးလာတာကေတာ႕ ( သူက လာဖို႕ၾကိဳးစားဆဲ . . ဗီဆာမရေသးပါ ) သူက အေမရိကားလာျပီး ေက်ာင္းမတက္ခ်င္ပါဘူး . . အလုပ္သာလုပ္ခ်င္ပါသတဲ႕။ ဒါ႕အျပင္ စက္မႈအင္ဂ်င္နီယာ - Mechanical Engineering ဘြဲ႕ယူဖို႕ေနာက္ဆံုးႏွစ္ေရာက္ေနတဲ႕ေက်ာင္းသားလုိ႕ သိထားပါတယ္။ အဂၤလိပ္စာေကာင္းတယ္လို႕ သူ႕ကုိယ္သူ ေျပာပါတယ္။
.
.
. ဒီေနရာကိုေရာက္လာရင္ အရင္ကြ်န္ေတာ္အျမဲေျပာေနက်အတိုင္း “ အဂၤလိပ္စာ ” ကို ဘယ္လိုတတ္သလဲဆုိတာ ကာယကံရွင္ကုိယ္တုိင္ဆန္းစစ္တတ္ဖို႕လုိပါတယ္။ ဆိုလိုတာက သူတတ္တဲ႕အဂၤလိပ္စာဆုိတာ အတန္းေရွ႕မွာ ဘုိ ဆရာတစ္ေယာက္ပို႕ခ်တဲ႕သင္ခန္းစာကို ဘာအကူအညီမွမပါစတမ္း ျမန္မာစာသင္သလိုတတ္ျပီလားလို႕ေမးခ်င္မိတယ္။
.
. ဒါက ကာယကံရွင္ကိုနစ္နာေစလိုမႈနဲ႕ေျပာတာမဟုတ္သလို “ ဘယ္သူက ျမန္မာႏိုင္ငံက ဒီလိုတတ္လာမွာလဲ ” ဆိုျပီးေစာဒကတက္လာႏိုင္သူေတြအတြက္ ေအာက္က အလုပ္ေခၚစာေလးကို ( အဂၤလိပ္လိုျပီးဆံုးေအာင္ ) ဖတ္ၾကည္႕ေစလိုပါတယ္။
.
.
. We have an opening for a full time Licensed Mechanical Engineer for our office (headquarters). We are seeking a Licensed Mechanical Engineer with at least 4 years of experience in building and facilities infrastructure design. The Engineer will work on a wide variety of projects in market sectors such as Education, Health Care, Advanced Tech, Government, Industrial and Commercial. The Mechanical Designer will prepare construction bid documents and will be involved through all phases of the project, design and construction.
.
. ဒါကိုအကုန္သိျပီဆိုရင္ ေအာက္က အလုပ္အေပၚလိုအပ္ခ်က္ေတြကို ေခၚယူတဲ႕ကုမၸဏီရဲ႕ေတာင္းဆိုခ်က္ေတြကို ဆက္ဖတ္ၾကည္႕လိုက္ပါဦး။
.
. Typical Tasks:
/// HVAC/Mechanical design including: T24, energy modeling and computerized load calculations, evaluation of appropriate mechanical systems, equipment selection, using AutoCAD to design equipment, duct, and piping layouts, design of HVAC controls
/// Plumbing design including gas, domestic water and process piping.
/// Go on site visits and evaluate existing equipment
/// Coordinate with other engineers and architects
/// Assist with Project Management and coordinate with other disciplines
.
.
. ျမန္မာႏိုင္ငံကေအာင္မယ္႕ Mechanical Engineer တစ္ေယာက္အေနနဲ႕ အထက္ကအလုပ္ေတြကိုသိျပီးသားျဖစ္ျပီဆုိရင္ ကုမၸဏီကေေတာင္းထားတဲ႕လိုအပ္ခ်က္ - Requirement ေတြကို အလြယ္တကူနားလည္ႏုိင္ပါျပီ။ သူတုိ႕လိုခ်င္တာက . .
.
. Job Requirements:
/// Experience of the design of HVAC systems and automatic temperature controls for a broad range of systems
/// Experience with piping design
/// Experience with New Construction, Renovations, and Retrofits
/// Experience with the Design Build delivery method is a plus
/// Use of EnergyPro software
/// Strong knowledge of building and energy codes
/// Strong skills in AutoCAD
/// Bachelor of Science Degree in Mechanical/HVAC Engineering ဆုိျပီး ေတြ႕ႏိုင္ပါတယ္။
.
.
. ဒါေတြအားလံုးကုိသိျပီးသားဆိုရင္ ကာယကံရွင္အတြက္ အလုပ္အေတြ႕အၾကံဳကုိ အင္တာဗ်ဴးမွာဘယ္လုိေျဖရမယ္ဆိုတဲ႕အပိုင္းကိုပဲ စိတ္ပူစရာရွိပါေတာ႕မယ္။ အဲဒါကလည္းသိပ္အခက္ၾကီးေတာ႕မဟုတ္ပါဘူး။ အလုပ္ေခၚတဲ႕ကုမၸဏီက သူ႕တို႕ဘာေတြလုပ္တယ္ဆိုတာကိုအျမဲေဖာ္ျပေလ႕ရွိတာမုိ႕ သူ႕ဆီ နဲ႕ သူ႕ငါးၾကင္းေၾကာ္တတ္ရင္ သိပ္အဆင္ေျပပါတယ္။ အလုပ္ေခၚတဲ႕ကုမၸဏီကေျပာျပတဲ႕သူ႕တုိ႕အေၾကာင္းက . .
.
. Company:
ATI Architects and Engineers is a full service Architecture and Engineering firm with 25 years' experience. We specialize in Educational, Commercial, Industrial, and Institutional design, paired with top-notch project management solutions. Our corporate office is located in the San Francisco Bay Area, with additional offices in Sacramento and Orange County. We are enjoying a strong year and we are excited to grow our team and portfolio of projects.
.
.
. တစ္ဆက္တည္းဆုိရရင္ ဗီဆာကိစၥကိုေခါင္းထဲမထည္႕ပဲ ကိုယ္တတ္ထားတဲ႕ပညာနဲ႕ တစ္ခ်ိန္ခ်ိန္ ျမန္မာ႕ပိုင္နက္ျခံစည္းရုိးကုိေက်ာ္ထြက္လို႕ ကမၻာၾကီးကိုေခါင္းျပဳဴ ၾကည္႕ခ်င္သူ လူငယ္ေျခတက္ေတြအေနနဲ႕ အဂၤလိပ္စာအေရအေသြး၊ နားေထာင္ႏုိင္မႈ၊ ေရးသားသတင္းပို႕ႏုိင္မႈ၊ သူတစ္ပါးနားလည္ေအာင္ေျပာဆုိႏုိင္မႈ တို႕အဆင္႕ဆင္႕နဲ႕မြမ္းမံဖို႕ “ ႏုိင္ငံတကာအဂၤလိပ္စာ ” ကို ျပင္ထားသင္႕ပါတယ္။
.
. ဒါေၾကာင္႕ CV Form လို႕အမ်ားသိထားတဲ႕ အေမရိကန္အေခၚ Resume ကုိ သဘာက်က် ဆရာက်က် Professional ဆန္ဆန္ ျပင္ဆင္ထားသင္႕တဲ႕အေၾကာင္း စိတ္အျဖဴထည္အရင္းခံနဲ႕ မွာၾကားခ်င္တယ္။ အေပၚကေျပာခဲ႕တာက နမူနာတစ္ခုသာျဖစ္ျပီး အဓိကေက်ာရုိးကုိယူျပီး ကုိယ္႕ Resume ကုိယ္ ေရးက်င္႕ၾကည္႕ၾကပါ။ Resume နမူနာ Link ေတြက . .
.
https://www.google.com/search?q=resume&source=lnms&tbm=isch&sa=X&ved=0ahUKEwj7sJSXibvSAhWBu5QKHYt2Ac0Q_AUICCgB&biw=1440&bih=742
.
.
. ခင္လ်က္
.
. ကိုညီညီ ( ေတာင္ၾကီး )
. 03-03-2017
.
.
.
Unicode Version:
.
.
. “ အမေရိကားကိုတစ်ကယ်လာဖြစ်မယ်ဆိုရင် .. မှာချင်တယ် ။ ၈ ”
. ဒီစာစုက အမေရိကားကိုတစ်ကယ်လာဖြစ်မယ့်သူတွေကို ဆောင်ရန် ရှောင်ရန် ဘာတွေဘယ်လိုရှိတယ်ဆိုတာကိုပြောပြသလို သတင်းစကားလက်ဆောင်ပေးတဲ့နေရာပါ။ ဒါပေမယ့် ဒီဘက်နိုင်ငံကိုတစ်ကယ်ရောက်လာပြီးသူတွေက မရောက်လာခင်ကလောက် မအားလပ်တော့ပါဘူး။ ဒါကြောင့်လည်း သူတို့ပြန်မပြောနိုင်တဲ့အချက်တွေကို ကိုယ့်ထမင်းကိုယ်စားပြီး ဝင်ရေးနေတာဖြစ်ပါတယ်။
.
. စာဖတ်သူတစ်ယောက်မေးလာတာကတော့ ( သူက လာဖို့ကြိုးစားဆဲ . . ဗီဆာမရသေးပါ ) သူက အမေရိကားလာပြီး ကျောင်းမတက်ချင်ပါဘူး . . အလုပ်သာလုပ်ချင်ပါသတဲ့။ ဒါ့အပြင် စက်မှုအင်ဂျင်နီယာ - Mechanical Engineering ဘွဲ့ယူဖို့နောက်ဆုံးနှစ်ရောက်နေတဲ့ကျောင်းသားလို့ သိထားပါတယ်။ အင်္ဂလိပ်စာကောင်းတယ်လို့ သူ့ကိုယ်သူ ပြောပါတယ်။
.
.
. ဒီနေရာကိုရောက်လာရင် အရင်ကျွန်တော်အမြဲပြောနေကျအတိုင်း “ အင်္ဂလိပ်စာ ” ကို ဘယ်လိုတတ်သလဲဆိုတာ ကာယကံရှင်ကိုယ်တိုင်ဆန်းစစ်တတ်ဖို့လိုပါတယ်။ ဆိုလိုတာက သူတတ်တဲ့အင်္ဂလိပ်စာဆိုတာ အတန်းရှေ့မှာ ဘို ဆရာတစ်ယောက်ပို့ချတဲ့သင်ခန်းစာကို ဘာအကူအညီမှမပါစတမ်း မြန်မာစာသင်သလိုတတ်ပြီလားလို့မေးချင်မိတယ်။
.
. ဒါက ကာယကံရှင်ကိုနစ်နာစေလိုမှုနဲ့ပြောတာမဟုတ်သလို “ ဘယ်သူက မြန်မာနိုင်ငံက ဒီလိုတတ်လာမှာလဲ ” ဆိုပြီးစောဒကတက်လာနိုင်သူတွေအတွက် အောက်က အလုပ်ခေါ်စာလေးကို ( အင်္ဂလိပ်လိုပြီးဆုံးအောင် ) ဖတ်ကြည့်စေလိုပါတယ်။
.
.
. We have an opening for a full time Licensed Mechanical Engineer for our office (headquarters). We are seeking a Licensed Mechanical Engineer with at least 4 years of experience in building and facilities infrastructure design. The Engineer will work on a wide variety of projects in market sectors such as Education, Health Care, Advanced Tech, Government, Industrial and Commercial. The Mechanical Designer will prepare construction bid documents and will be involved through all phases of the project, design and construction.
.
. ဒါကိုအကုန်သိပြီဆိုရင် အောက်က အလုပ်အပေါ်လိုအပ်ချက်တွေကို ခေါ်ယူတဲ့ကုမ္ပဏီရဲ့တောင်းဆိုချက်တွေကို ဆက်ဖတ်ကြည့်လိုက်ပါဦး။
.
. Typical Tasks:
/// HVAC/Mechanical design including: T24, energy modeling and computerized load calculations, evaluation of appropriate mechanical systems, equipment selection, using AutoCAD to design equipment, duct, and piping layouts, design of HVAC controls
/// Plumbing design including gas, domestic water and process piping.
/// Go on site visits and evaluate existing equipment
/// Coordinate with other engineers and architects
/// Assist with Project Management and coordinate with other disciplines
.
.
. မြန်မာနိုင်ငံကအောင်မယ့် Mechanical Engineer တစ်ယောက်အနေနဲ့ အထက်ကအလုပ်တွေကိုသိပြီးသားဖြစ်ပြီဆိုရင် ကုမ္ပဏီကေတောင်းထားတဲ့လိုအပ်ချက် - Requirement တွေကို အလွယ်တကူနားလည်နိုင်ပါပြီ။ သူတို့လိုချင်တာက . .
.
. Job Requirements:
/// Experience of the design of HVAC systems and automatic temperature controls for a broad range of systems
/// Experience with piping design
/// Experience with New Construction, Renovations, and Retrofits
/// Experience with the Design Build delivery method is a plus
/// Use of EnergyPro software
/// Strong knowledge of building and energy codes
/// Strong skills in AutoCAD
/// Bachelor of Science Degree in Mechanical/HVAC Engineering ဆိုပြီး တွေ့နိုင်ပါတယ်။
.
.
. ဒါတွေအားလုံးကိုသိပြီးသားဆိုရင် ကာယကံရှင်အတွက် အလုပ်အတွေ့အကြုံကို အင်တာဗျူးမှာဘယ်လိုဖြေရမယ်ဆိုတဲ့အပိုင်းကိုပဲ စိတ်ပူစရာရှိပါတော့မယ်။ အဲဒါကလည်းသိပ်အခက်ကြီးတော့မဟုတ်ပါဘူး။ အလုပ်ခေါ်တဲ့ကုမ္ပဏီက သူ့တို့ဘာတွေလုပ်တယ်ဆိုတာကိုအမြဲဖော်ပြလေ့ရှိတာမို့ သူ့ဆီ နဲ့ သူ့ငါးကြင်းကြော်တတ်ရင် သိပ်အဆင်ပြေပါတယ်။ အလုပ်ခေါ်တဲ့ကုမ္ပဏီကပြောပြတဲ့သူ့တို့အကြောင်းက . .
.
. Company:
ATI Architects and Engineers is a full service Architecture and Engineering firm with 25 years' experience. We specialize in Educational, Commercial, Industrial, and Institutional design, paired with top-notch project management solutions. Our corporate office is located in the San Francisco Bay Area, with additional offices in Sacramento and Orange County. We are enjoying a strong year and we are excited to grow our team and portfolio of projects.
.
.
. တစ်ဆက်တည်းဆိုရရင် ဗီဆာကိစ္စကိုခေါင်းထဲမထည့်ပဲ ကိုယ်တတ်ထားတဲ့ပညာနဲ့ တစ်ချိန်ချိန် မြန်မာ့ပိုင်နက်ခြံစည်းရိုးကိုကျော်ထွက်လို့ ကမ္ဘာကြီးကိုခေါင်းပြုဴကြည့်ချင်သူ လူငယ်ခြေတက်တွေအနေနဲ့ အင်္ဂလိပ်စာအရေအသွေး၊ နားထောင်နိုင်မှု၊ ရေးသားသတင်းပို့နိုင်မှု၊ သူတစ်ပါးနားလည်အောင်ပြောဆိုနိုင်မှု တို့အဆင့်ဆင့်နဲ့မွမ်းမံဖို့ “ နိုင်ငံတကာအင်္ဂလိပ်စာ ” ကို ပြင်ထားသင့်ပါတယ်။
.
. ဒါကြောင့် CV Form လို့အများသိထားတဲ့ အမေရိကန်အခေါ် Resume ကို သဘာကျကျ ဆရာကျကျ Professional ဆန်ဆန် ပြင်ဆင်ထားသင့်တဲ့အကြောင်း စိတ်အဖြူထည်အရင်းခံနဲ့ မှာကြားချင်တယ်။ အပေါ်ကပြောခဲ့တာက နမူနာတစ်ခုသာဖြစ်ပြီး အဓိကကျောရိုးကိုယူပြီး ကိုယ့် Resume ကိုယ် ရေးကျင့်ကြည့်ကြပါ။ Resume နမူနာ Link တွေက . .
.
https://www.google.com/search?q=resume&source=lnms&tbm=isch&sa=X&ved=0ahUKEwj7sJSXibvSAhWBu5QKHYt2Ac0Q_AUICCgB&biw=1440&bih=742
.
.
. ခင်လျက်
.
. ကိုညီညီ ( တောင်ကြီး )
. 03-03-2017






























No comments: