ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, February 26, 2020

အိုက်စ်-𝗜𝗖𝗘 အကြောင်းသိကောင်းစရာ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

          တရားမဝင်နေထိုင်သူတွေကိုဖမ်းမိတဲ့အခါ အမေရိကားကနေ သူတို့လာတဲ့တိုင်းပြည်ကိုပြန်ပို့တဲ့အဖွဲ့ကို အိုက်စ်-𝗜𝗖𝗘 လို့ လူသိများပါတယ်။ အကျယ်ဖွင့်ရင်တော့ 𝗜𝗖𝗘-𝗜𝗺𝗺𝗶𝗴𝗿𝗮𝘁𝗶𝗼𝗻 𝗮𝗻𝗱 𝗖𝘂𝘀𝘁𝗼𝗺𝘀 𝗘𝗻𝗳𝗼𝗿𝗰𝗲𝗺𝗲𝗻𝘁 ဖြစ်တဲ့ တပ်ဖွဲ့ကို ၂ဝဝ၃ ခုနှစ်မှာဖွဲ့စည်းခဲ့ပါတယ်။

          𝗜𝗖𝗘 ကို စက်တင်ဘာ ၁၁ ရက်-𝟵/𝟭𝟭 မှာ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦ နဲ့ ပင်တဂွန်စစ်ဋ္ဌာနချုပ်တို့အတိုက်ခိုက်ခံရမှုကြီးအလွန် အမိမြေလုံခြုံရေးဋ္ဌာနကြီး-𝗗𝗛𝗦 (𝗗𝗲𝗽𝗮𝗿𝘁𝗺𝗲𝗻𝘁 𝗼𝗳 𝗛𝗼𝗺𝗲𝗹𝗮𝗻𝗱 𝗦𝗲𝗰𝘂𝗿𝗶𝘁𝘆) ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ပါဝင်ခဲ့တာပါ။

          လက်ရှိဦးဆောင်နေသူ မက်သရူးအယ်လ်ဘန်းစ်-𝗠𝗮𝘁𝘁𝗵𝗲𝘄 𝗔𝗹𝗯𝗲𝗻𝗰𝗲 က အမေရိကန်ပြည်တွင်း နဲ့ ပင်လယ်ရပ်ခြားက ဋ္ဌာနခွဲ ၄ဝဝ ကျော်မှာတာဝန်ထမ်းဆောင်နေသူ ဝန်ထမ်း ၂ဝဝဝဝ နဲ့ မောင်းနှင်နေတာဖြစ်ပါတယ်။

          𝗜𝗖𝗘 အဖွဲ့ရဲ့ ၂ဝ၂ဝ ခုနှစ်ဘတ်ဂျက်က အမေရိကန်ဒေါ်လာ . ဘီလျံဖြစ်ပြီး ၂ဝ၂၁ ခုနှစ်အတွက် ၁ဝ. ဘီလျံအထိတိုးမြှင့်တောင်းခံထားပါတယ်။ 𝗜𝗖𝗘 မှာ အဓိကလုပ်ဆောင်ရမယ့်ကိစ္စတွေအတွက် အဖွဲ့ ဖွဲ့ ထပ်ခွဲထားပါတယ်။
 𝗛𝗦𝗜-𝗛𝗼𝗺𝗲𝗹𝗮𝗻𝗱 𝗦𝗲𝗰𝘂𝗿𝗶𝘁𝘆 𝗜𝗻𝘃𝗲𝘀𝘁𝗶𝗴𝗮𝘁𝗶𝗼𝗻𝘀
𝗘𝗥𝗢-𝗘𝗻𝗳𝗼𝗿𝗰𝗲𝗺𝗲𝗻𝘁 𝗮𝗻𝗱 𝗥𝗲𝗺𝗼𝘃𝗮𝗹 𝗢𝗽𝗲𝗿𝗮𝘁𝗶𝗼𝗻𝘀 နဲ့
𝗢𝗣𝗟𝗔-𝘁𝗵𝗲 𝗢𝗳𝗳𝗶𝗰𝗲 𝗼𝗳 𝘁𝗵𝗲 𝗣𝗿𝗶𝗻𝗰𝗶𝗽𝗮𝗹 𝗟𝗲𝗴𝗮𝗹 𝗔𝗱𝘃𝗶𝘀𝗲𝗿 တို့ဖြစ်ကြပါတယ်။

Tuesday, February 25, 2020

အမေရိကားရောက်မြန်မာတွေအတွက်အရေးကြီးတဲ့ 𝟐𝟎𝟐𝟎 𝐂𝐞𝐧𝐬𝐮𝐬

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

♣️♣️♣️ အမေရိကားရောက်ပြီး ရုံး၊ ဆေးရုံ၊ ဆိုရှယ်ရုံးတွေမှာ အင်္ဂလိပ်လိုပြည့်ပြည့်ဝဝမပြောနိုင်လို့အခက်အခဲဖြစ်နေပါသလား?

♣️♣️ ကားလိုင်စင်ဖြေဖို့ လမ်းစည်းကမ်းတွေကိုအင်္ဂလိပ်လိုကျက်ရတာအခက်အခဲဖြစ်နေပါသလား?

♣️ အမေရိကန်အစိုးရရုံးစာတွေဖြည့်ဖို့ နားလည်ရခက်တဲ့အင်္ဂလိပ်စာအသုံးအနှုန်းတွေအတွက် စကားပြန်အကူအညီယူနေရပါသလား?

ဒါတွေအားလုံးကိုပြေလည်နိုင်ဖို့နည်းလမ်းတစ်ခုက အမေရိကားရောက်မြန်မာတွေ နဲ့ ချစ်ခင်ရတဲ့တိုင်းရင်းသားပေါင်းစုံအတွက် အခွင့်အရေးတစ်ခုက မျက်စိရှေ့မှာစောင့်ကြိုနေပါတယ်။ အဲဒါကတော့ မကြာခင်ကျင်းပတော့မယ့် 𝐀𝐦𝐞𝐫𝐢𝐜𝐚 𝟐𝟎𝟐𝟎 𝐂𝐞𝐧𝐬𝐮𝐬 မှာ (မြန်မာနိုင်ငံကနေဘယ်လိုနည်းနဲ့အမေရိကားရောက်လာတယ်ဖြစ်စေ) အမျိုးဂုဏ်၊ ဇာတိဂုဏ် နဲ့ လူဦးရေစာရင်းဖြည့်သွင်းရေးမှာပါဝင်နိင်တော့မှာဖြစ်ပါတယ်။

မရှင်းလို့မေးပါရစေဦး . . .

မေး ။ ။ အမေရိကားက သူ့ဟာသူလူဦးရေစာရင်းကောက်တာ မြန်မာ နဲ့ တိုင်းရင်းသားတွေနဲ့ဘာဆိုင်လို့တုန်း?

‌ဖြေ ။ ။ အမေရိကားရောက်မြန်မာတွေ အစိုးရရုံးဖောင်တွေဖြည့်တဲ့အခါ လူမျိုးနေရာမှာ အာရှတိုက်သား-𝐀𝐬𝐢𝐚𝐧 ဆိုပြီးဖြည့်ရလေ့ရှိတယ်။ ဒါကြောင့် မြန်မာလူမျိုး (ဒါမှမဟုတ်) မြန်မာနိုင်ငံကတိုင်းရင်းသားတွေကို “မြန်မာလူမျိုးနွယ်” အနေနဲ့မသိဘဲ အာရှတိုက်ထဲက တိုင်းပြည်တစ်ခုရဲ့မထင်မရှားလူမျိုးတစ်ခုအနေနဲ့သာသိပါတယ်။ ဒါကိုသိအောင်လုပ်ရမှာဖြစ်ပါတယ်။