ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
.
.
ခွဲစိပ်ပြီး
( ၂ ) ပတ်ပြည့်တဲ့နေ့မှာ ရက်ချိန်းအရ ဆေးရုံကို ပြန်သွားခဲ့တယ်။ ကိုယ်ကသာ ချုပ်ရိုးဖြည်မယ်ထင်လို့သွားခဲ့တာ
အမှန်က ခွဲပြီးကတည်းက တစ်ခါထဲ ချုပ်ပေးလိုက်ပြီးသား။ ဆရာဝန်က ဗိုက်ကိုလှန်ကြည့်ပြီး
ချက်ပေါက်တည့်တည့်က အနာဖေးတက်နေတဲ့ ပတ်တီးစကြီးကို ဝီစီမမှုတ် ခရာမဆွဲပဲ ဇတ်ကနဲ ဆွဲခွာပစ်လိုက်တယ်။
အမလေးဗျာ ….!
.
ကျွန်တော့မှာတော့
သွေးစတွေစို့နေတဲ့၊ အနာပေါ်အုပ်ထားတဲ့ ပတ်တီးစလေးကို မတို့ရက်မထိရက် ထားလိုက်ရတာ။ ရေချိုးပြီးတိုင်းလည်း
အခြောက်ခံရတာကတစ်မျိုး၊ တစ်ခုခုနဲ့ထိမိခိုက်မိလို့ ကွာကျသွားမှာစိုးတာကတဖုံ တယုတယ နဲ့
ထိန်းသိမ်းထားလိုက်ရတာလေ။ အခုတော့ လုပ်မယ့်လုပ်တော့လည်း ခွဲစိပ်ဆရာဝန်ရဲ့လက်မြန်ချက်က
တစ်စက္ကန့်ရဲ့ ( ၃ ) ပုံ ( ၁ ) ပုံတောင်မကြာဘူး ခွာလိုက်တာ ရုတ်တရက်ဆိုတော့ “ အား ”
လို့အော်ဖို့အချိန်တောင် မရလိုက်ဘူး။ အမှန်က ကျွန်တော်က နာကျင်မယ် မှတ်နေတာ .. မနာပဲ
သာမန်ပလာစတာခွာသလို ကော်နည်းနည်းကပ်ပြီး ကျန်နေခဲ့တာပဲ ရှိတယ်။
.
.
ပြီးတာနဲ့
ကျွန်တော့ကို ဘယ်လိုနေသေးလဲ? နေကောင်းလားလို့မေးတယ်။ စကားနည်းနည်းပါးပါးပြောပြီး အခြေအနေကောင်းရင်
သာမန်လူတစ်ယောက်လို ဘာအစားအသောက်မှ ရှောင်စရာမလိုပဲ နေထိုင်စားသောက်လို့ရပြီလို့ပြောပြန်တယ်။
( ၂ ) လအတွင်း အားကစားလေ့ကျင့်ခန်းတွေမလုပ်နဲ့ .. အလေးအပင်တွေ မ,မနဲ့လို့ မှာတယ်။ ဒီလောက်ပဲ
.. ပြီးပြီ .. ပြန်လို့ရပြီ။ ကျေးဇူးပါ ဒေါက်တာ..။