ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, April 30, 2016

DV စစ္ဖို႕အဆင္သင္႕ျဖစ္ျပီလား?

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ႏွစ္စဥ္ ေမလဆန္းေရာက္လာရင္ ရင္ခုန္ရတဲ႕အထဲမွာ အေမရိကန္ႏုိင္ငံကုိ တရားဝင္ေျပာင္းေရႊ႕ေနထုိင္ခြင္႕ရတဲ႕ ကံစမ္းမဲကို www.dvlottery.state.gov စာမ်က္ႏွာအမွန္မွာ ဝင္စစ္ရတာတစ္ခုအပါအဝင္ပါ။ DV-2017 Entrants သမားေတြရဲ႕အတည္ျပဳျပန္ၾကားတဲ႕ Confirmation အခ်က္အလက္ေတြကို ( ၂ဝ၁၆ ) ခုႏွစ္ ေမလ ( ၃ ) ရက္ေန႕ ေန႕လည္မွာ စစ္ႏုိင္ဖို႕ ရွိေနပါတယ္။ ဒါေၾကာင္႕ပဲ ကမၻာတစ္လႊားက ျမန္မာလူငယ္ေတြနဲ႕ အသားအေရာင္၊ ဘာသာတရား၊ ကိုးကြယ္ယံုၾကည္မႈမတူၾကေပမယ္႕ ရင္ခုန္သံစည္းခ်က္လိႈင္းညီတူထၾကြတဲ႕ DV-ည ကို ေစာင္႕ေမ်ာ္ေနၾကတာ အေသအခ်ာပါပဲ။
.
.
ေခတ္အဆက္ဆက္ရဲ႕ လူငယ္ေတြၾကားမွာ DV ဇာတ္လမ္းမ်ိဳးစံုၾကားဖူးတယ္။ အမ်ိဳးထဲက တူမေလးတစ္ေယာက္ဆုိ သူတုိ႕သိပ္ခ်စ္တဲ႕သူငယ္ခ်င္း ( ၃ ) ေယာက္ဟာ ဆယ္တန္းေျဖျပီးတဲ႕ေနာက္  ျမန္မာ၊ ဂ်ပန္ နဲ႕ အေမရိကန္ ဆိုျပီး ( ၃ ) ႏုိင္ငံကြဲသြားၾကေရာ တဲ႕..။ ဒါနဲ႕ ဂ်ပန္ေရာက္ေနသူက က်န္တဲ႕ျမန္မာႏိုင္ငံကသူငယ္ခ်င္း နဲ႕ သူ႕ကိုယ္တုိင္အတြက္ ဂ်ပန္ကေန DV တင္ပါတယ္။ ေနာက္တစ္ႏွစ္ေလာက္လည္းေနေရာ ထုိးသူကမေပါက္ပဲ သူထုိးေပးတဲ႕ျမန္မာသူငယ္ခ်င္းက ေပါက္ပါတယ္။ ဒီလို မတူတဲ႕အက်ိဳးေပးေတြေၾကာင္႕ အတတ္ေျပာလို႕မရလို႕ ကံကုိပံုခ်တဲ႕လူသားရယ္လုိ႕ ျဖစ္လာတာေပါ႕ဗ်ာ..။
.
DV ရဲ႕ အေျခခံက ကြန္ပ်ဴတာပေဟဠိ - Encryption လုပ္ထားတာမို႕လို႕ တစ္ခ်ိဳ႕ေတြေျပာသလို အေမရိကားကတင္ရင္၊ ႏုိင္ငံရပ္ျခားတစ္ေနရာကေနတင္ရင္ ေပါက္ႏုိင္ေျခပိုမ်ားတယ္ဆုိတာ မမွန္ပါဘူး။ ေပးထားတဲ႕ေဖာင္ျဖည္႕ခ်ိန္အတြင္း ျပီးစီးေအာင္ျဖည္႕ရင္ ကိစၥအားလံုးေအာင္ျမင္တယ္လို႕ သတ္မွတ္ပါတယ္။ အနီးမွာရွိတဲ႕ ပရင္တာကေန Confirmation Letter ကို ထုတ္ထားဖို႕ နဲ႕ ကြန္ပ်ဴတာစကင္ဖမ္းထားႏုိင္ရင္ေတာ႕ ေနာင္တစ္ခ်ိန္ လက္ကိုင္ဖုန္းေပၚကေနလည္း ျပန္ရွာရ လြယ္ကူေစႏုိင္ပါတယ္။
.
.
ေနာက္တစ္မ်ိဳးက်ေတာ႕ စကၤာပူကေန ေပါက္တဲ႕စံုတြဲပါ။ အမ်ိဳးသမီးကေပါက္ျပီး တစ္ကယ္စစ္တဲ႕အခါ ေပါက္စဥ္က 15500 ေက်ာ္ေနတယ္။ ဒါနဲ႕ စိတ္ရွည္လက္ရွည္ေစာင္႕ရင္း ေနာက္ဆံုး ပယ္တဲ႕ထဲ ပါသြားတာ ခံေလသမွ် သဲေရက် ျဖစ္သြားရတာ သိရျပန္တယ္။ သူတို႕ဆုိ လင္ေရာ၊ မယားေရာ အင္ဂ်င္နီယာလည္း ျဖစ္၊ ႏိုင္ငံတကာအေတြ႕အၾကံဳလည္း ရွိ၊ ကေလးငယ္အတြက္လည္း ပူစရာမလို၊ အေျခအေနအားလံုးက အေမရိကားနဲ႕လံုးဝအံကိုက္ပဲ။ ဒါေပမယ္႕ မလာရဘူးေလ .. ဘယ္လိုေျပာရမလဲ..။
.
အမ်ိဳးထဲကတစ္ေယာက္က်ေတာ႕ ပထမတိုက္တဲ႕အခါ မေပါက္လို႕ စစ္ေပးသူက လႊင္႕ပစ္လိုက္မိတယ္။ ေနာက္တစ္ေခါက္စစ္ရတဲ႕အခါ သူက တိုက္ဖို႕ေမ႕ေနျပန္တယ္။ ( အမွန္က DV ဟာ ေမလ နဲ႕ စက္တင္ဘာလတို႕မွာ ၂ ၾကိမ္ စစ္ခြင္႕ရွိတယ္ေလ ) အဲဒါနဲ႕ လအနည္းငယ္လည္းၾကာေရာ ရန္ကုန္သံရံုးကေနဖုန္းဆက္ေတာ႕ အင္လာထုတယ္ထင္တာ .. တစ္ကယ္ေပါက္ေနတယ္။ ဒါနဲ႕ေဖာင္ေတြ၊ ဘာေတြ၊ ဆက္လုပ္ရန္ေတြ .. အားလံုးျပီးသြားေတာ႕ အင္တာဗ်ဴးမွာ မေအာင္ဘူးေလ။ ကာယကံရွင္က ဆယ္တန္းမေအာင္ထားေတာ႕ အလုပ္နဲ႕တင္တာ အင္တာဗ်ဴးထုိင္တဲ႕ ယာယီသံအမတ္ယံုၾကည္ေလာက္ေအာင္မျပႏုိင္ဘူးျဖစ္သြားတယ္ေလ။ ဒါကလည္း ခံစားရခက္တဲ႕ အေမရိကားထီဇာတ္လမ္းတစ္ပုဒ္ပါပဲ..။
.
.
ေနာက္တစ္ေယာက္က်ျပန္ေတာ႕ အေမရိကားကို ညီအစ္ကုိဝမ္းကြဲႏွစ္ေယာက္ ေရွ႕ဆင္႕ေနာက္ဆင္႕ေရာက္လာေတာ႕ လူေတြကေမးတယ္။ သူတုိ႕ကလည္း ထီေပါက္လို႕ေရာက္တယ္လုိ႕ပဲ ေျဖတယ္။ ဒီထဲက တစ္ေယာက္ကပဲ အမွန္တစ္ကယ္ေပါက္ျပီး ေနာက္တစ္ေယာက္က ကြ်န္ေတာ္ျဖစ္ရပ္မွန္စာေရးဖူးတဲ႕ “ တုိးနီ ” ပါပဲ။ သူက ထီေပါက္တယ္လို႕ အရပ္တစ္ကာကိုယံုေအာင္ေျပာထားရတာ အေၾကာင္းရွိတယ္။ အခု သူလုပ္ခ်င္တာလည္း လုပ္ျပီးျပီ။ အေမရိကားအရသာလည္း သိျပီ။ ျဖစ္ျခင္းရယ္ကုန္စင္ အကုန္ရင္ဆုိင္ျပီးျပီ။
.
ေနာက္ဆံုး ၾကင္ယာလည္းရ၊ ေဝဒနာလည္းပြ၊ ေျခရာလည္းလွျပီမို႕ အခုျမန္မာႏုိင္ငံက ေက်းဇူးရွင္မိဘႏွစ္ပါးကို အလုပ္အေၾကြးျပဳဖို႕ ျပန္သြားတာျဖစ္ပါတယ္။ တုိးနီဟာ အဲဒီတုန္းက အေမရိကားကိုမလာခဲ႕ရင္ အဲဒီေခတ္ အဲဒီအခါက လူငယ္ေတြထက္ သာလြန္ေကာင္းမြန္ျပီးထူးျခားလာမွာမဟုတ္သလို အသိပညာၾကြယ္တဲ႕ အေတြ႕အၾကံဳရင္႕က်က္သူျဖစ္လာပါ႕မလားဆိုတာကို ေတြးမိရင္း သူ႕ရဲ႕ၾကိဳးစားခ်င္တဲ႕စိတ္ကုိ ၾကိတ္ျပီးခ်ီးက်ဴးေနမိပါတယ္။

.
ဒီေန႕မွာ ထူးထူးျခားျခား မက္ေဆ႕ကေန ေျပာျပလာသူတစ္ေယာက္ဆိုရင္ “ အစ္မဝမ္းကဲြက လြန္ခဲ႕တဲ႕ ( ၄ ) ႏွစ္ေလာက္က ကြ်န္ေတာ့္အဘိုးရဲ႕ညီ အဘိုးေလးက အခုအစ္မဝမ္းကဲြနဲ႕ေနာက္ အစ္မဝမ္းကဲြတစ္ေယာက္ကို ေခၚျပီး ဆူးေလမွာ DV သြားထိုးတာ အခုတစ္ေယာက္ပဲေပါက္ျပီး က်န္တစ္ေယာက္က မေပါက္ပါဘူး။
သူလည္း DV ဆိုတာမသိ၊ အဘိုးေလး ေခၚလို႕လိုက္ျပီး ပထမအၾကိမ္ထိုးျပီး ေပါက္ေတာ့ စိတ္ကူးမရွိပဲသြားရတာပါ။“
.
“ ကြ်န္ေတာ္က သူမေပါက္ခင္တည္းက တင္လာတာ အခုထိ ဆို ( ၅ ) ႏွစ္ေလာက္ ရွိေတာ့မယ္။ အခုထိ မေပါက္ေသးဘူး။ ကြ်န္ေတာ္လည္းလိုတာပါ။ တစ္ႏွစ္က လွည္းတန္း ဦးထြန္းလင္းျခံလမ္းက CASTLE ဆိုတဲ႕ အင္တာနက္ ဆိုင္မွာထိုးျပီး Code စာရြက္ေပ်ာက္သြားေတာ့ဘာမွန္းမသိေတာ႕ဘူး။ သူ႕တုန္းကေတာ့ ဆိုင္ကလွမ္းေျပာေပးတယ္။ ကြ်န္ေတာ့္အေဖဆို စာအိတ္နဲ႕ေလွ်ာက္တဲ႕အခ်ိန္တည္းကေလ်ွာက္လာတာ အခုေတာ့သူလည္း လက္ေလ်ွာ့သြားျပီ။ ကြ်န္ေတာ္ DV ေပါက္ရင္ သူ႕ကို U.S.A မွာ သြားေနေစခ်င္တာ။ အခုေတာ့တစ္အိမ္တည္းမွာ အတူတူေပါ့။ ” လို႕ သူ႕ရဲ႕ပက္ၾကားအက္ေနတဲ႕ရင္ခြင္ကုိ ဖြင္႕ဟလာပါတယ္။
.
.
အားလံုးကိုျခံဳငံုေျပာရရင္ နယ္ေျမသစ္ကုိလာရင္ အခက္အခဲေတာ႕ရွိမွာပဲ။ ဘာသာစကားမကြ်မ္းက်င္မႈ၊ ပညာရပ္ဆိုင္ရာအသံုးအႏႈန္းေတြကုိနားမလည္မႈေတြရွိတဲ႕ၾကားက ဘာမဆိုရင္ဆိုင္မယ္ဆိုျပီးအသင္႕ျပင္ထားမႈေတြ လိုအပ္မယ္ထင္ပါတယ္။
.
ဒီအရည္အခ်င္းေတြနဲ႕ ဘဝတုိက္ပြဲအတြက္ျပင္ဆင္ထားမႈမရွိတဲ႕အခါ ထီေပါက္လို႕လာရတဲ႕အခ်ိန္က်မွ အနီးကပ္သင္တန္းတက္ျပီး ဒီမွာ မီးစင္ၾကည္႕ကရတာေတြ ရွိပါတယ္။ ဒီေျမေပၚၾကိဳေရာက္ေနသူ အသိမိတ္ေဆြတစ္ေယာက္ေယာက္ ဒါမွမဟုတ္ ေဆြမ်ိဳးရင္းခ်ာထဲက ကိုယ္႕ကုိကူညီရင္ သိပ္အဆင္ေျပပါတယ္။ ဒါက အတုိင္းအတာတစ္ခုအတြင္း သူတစ္ပါးရဲ႕လုပ္အား နဲ႕ အခ်ိန္ကို ယူငင္အသံုးခ်တာလို႕မွတ္ယူျပီးၾကိဳးစားရင္ေတာ႕ ကူညီသူေရာ အကူအညီရယူသူေရာ အဆင္ေျပႏုိင္ပါတယ္။
.
ဒီအေၾကာင္းအခ်က္ေတြကိုေလ႕လာၾကည္႕ျပီး ထီေပါက္ခ်င္တာထက္ ထီေပါက္ရင္ဘာလုပ္မယ္ဆိုတာကိုပါ တြဲဘက္အေနနဲ႕စဥ္းစားထားေစခ်င္တယ္။ ကုိယ္ .. အက်ိဳးရွိ၊ ကိုယ္႕ပတ္ဝန္းက်င္လည္း .. အက်ိဳးရွိ၊ အထူးသျဖင္႕ ပိတ္ဆို႕ေနတဲ႕ ပညာသင္ယူတဲ႕ေသြးေၾကာေတြထဲကို ျပန္လည္ေလ႕လာခ်င္စိတ္ေသြးေတြ အဝင္ေရာ အထြက္ပါ စီးဆင္းသြားေစခ်င္တယ္။ အဲဒါနဲ႕တစ္ဆက္တည္းမွာ လုပ္ခ်င္ကိုင္ခ်င္စိတ္ - Motivation ကုိ ရင္ဝယ္ပိုက္လို႕ အမိအရ ယူထားေစခ်င္တယ္။ ဒါေၾကာင္႕ .. DV စစ္ဖို႕ ( အစစအရာရာ ) အဆင္သင္႕ျဖစ္ျပီလားလို႕ ေမးၾကည္႕တာပါ..။
.
ခင္လ်က္
.
04-30-2016
.
.
.
Myanmar Unicode Version:
.
.
" DV စစ်ဖို့အဆင်သင့်ဖြစ်ပြီလား? "
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
နှစ်စဉ် မေလဆန်းရောက်လာရင် ရင်ခုန်ရတဲ့အထဲမှာ အမေရိကန်နိုင်ငံကို တရားဝင်ပြောင်းရွှေ့နေထိုင်ခွင့်ရတဲ့ ကံစမ်းမဲကို www.dvlottery.state.gov စာမျက်နှာအမှန်မှာ ဝင်စစ်ရတာတစ်ခုအပါအဝင်ပါ။ DV-2017 Entrants သမားတွေရဲ့အတည်ပြုပြန်ကြားတဲ့ Confirmation အချက်အလက်တွေကို ( ၂ဝ၁၆ ) ခုနှစ် မေလ ( ၃ ) ရက်နေ့ နေ့လည်မှာ စစ်နိုင်ဖို့ ရှိနေပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာတစ်လွှားက မြန်မာလူငယ်တွေနဲ့ အသားအရောင်၊ ဘာသာတရား၊ ကိုးကွယ်ယုံကြည်မှုမတူကြပေမယ့် ရင်ခုန်သံစည်းချက်လှိုင်းညီတူထကြွတဲ့ DV-ည ကို စောင့်မျော်နေကြတာ အသေအချာပါပဲ။
.
.
ခေတ်အဆက်ဆက်ရဲ့ လူငယ်တွေကြားမှာ DV ဇာတ်လမ်းမျိုးစုံကြားဖူးတယ်။ အမျိုးထဲက တူမလေးတစ်ယောက်ဆို သူတို့သိပ်ချစ်တဲ့သူငယ်ချင်း ( ၃ ) ယောက်ဟာ ဆယ်တန်းဖြေပြီးတဲ့နောက်  မြန်မာ၊ ဂျပန် နဲ့ အမေရိကန် ဆိုပြီး ( ၃ ) နိုင်ငံကွဲသွားကြရော တဲ့..။ ဒါနဲ့ ဂျပန်ရောက်နေသူက ကျန်တဲ့မြန်မာနိုင်ငံကသူငယ်ချင်း နဲ့ သူ့ကိုယ်တိုင်အတွက် ဂျပန်ကနေ DV တင်ပါတယ်။ နောက်တစ်နှစ်လောက်လည်းနေရော ထိုးသူကမပေါက်ပဲ သူထိုးပေးတဲ့မြန်မာသူငယ်ချင်းက ပေါက်ပါတယ်။ ဒီလို မတူတဲ့အကျိုးပေးတွေကြောင့် အတတ်ပြောလို့မရလို့ ကံကိုပုံချတဲ့လူသားရယ်လို့ ဖြစ်လာတာပေါ့ဗျာ..။
.
DV ရဲ့ အခြေခံက ကွန်ပျူတာပဟေဠိ - Encryption လုပ်ထားတာမို့လို့ တစ်ချို့တွေပြောသလို အမေရိကားကတင်ရင်၊ နိုင်ငံရပ်ခြားတစ်နေရာကနေတင်ရင် ပေါက်နိုင်ခြေပိုများတယ်ဆိုတာ မမှန်ပါဘူး။ ပေးထားတဲ့ဖောင်ဖြည့်ချိန်အတွင်း ပြီးစီးအောင်ဖြည့်ရင် ကိစ္စအားလုံးအောင်မြင်တယ်လို့ သတ်မှတ်ပါတယ်။ အနီးမှာရှိတဲ့ ပရင်တာကနေ Confirmation Letter ကို ထုတ်ထားဖို့ နဲ့ ကွန်ပျူတာစကင်ဖမ်းထားနိုင်ရင်တော့ နောင်တစ်ချိန် လက်ကိုင်ဖုန်းပေါ်ကနေလည်း ပြန်ရှာရ လွယ်ကူစေနိုင်ပါတယ်။
.
.
နောက်တစ်မျိုးကျတော့ စင်္ကာပူကနေ ပေါက်တဲ့စုံတွဲပါ။ အမျိုးသမီးကပေါက်ပြီး တစ်ကယ်စစ်တဲ့အခါ ပေါက်စဉ်က 15500 ကျော်နေတယ်။ ဒါနဲ့ စိတ်ရှည်လက်ရှည်စောင့်ရင်း နောက်ဆုံး ပယ်တဲ့ထဲ ပါသွားတာ ခံလေသမျှ သဲရေကျ ဖြစ်သွားရတာ သိရပြန်တယ်။ သူတို့ဆို လင်ရော၊ မယားရော အင်ဂျင်နီယာလည်း ဖြစ်၊ နိုင်ငံတကာအတွေ့အကြုံလည်း ရှိ၊ ကလေးငယ်အတွက်လည်း ပူစရာမလို၊ အခြေအနေအားလုံးက အမေရိကားနဲ့လုံးဝအံကိုက်ပဲ။ ဒါပေမယ့် မလာရဘူးလေ .. ဘယ်လိုပြောရမလဲ..။
.
အမျိုးထဲကတစ်ယောက်ကျတော့ ပထမတိုက်တဲ့အခါ မပေါက်လို့ စစ်ပေးသူက လွှင့်ပစ်လိုက်မိတယ်။ နောက်တစ်ခေါက်စစ်ရတဲ့အခါ သူက တိုက်ဖို့မေ့နေပြန်တယ်။ ( အမှန်က DV ဟာ မေလ နဲ့ စက်တင်ဘာလတို့မှာ ၂ ကြိမ် စစ်ခွင့်ရှိတယ်လေ ) အဲဒါနဲ့ လအနည်းငယ်လည်းကြာရော ရန်ကုန်သံရုံးကနေဖုန်းဆက်တော့ အင်လာထုတယ်ထင်တာ .. တစ်ကယ်ပေါက်နေတယ်။ ဒါနဲ့ဖောင်တွေ၊ ဘာတွေ၊ ဆက်လုပ်ရန်တွေ .. အားလုံးပြီးသွားတော့ အင်တာဗျူးမှာ မအောင်ဘူးလေ။ ကာယကံရှင်က ဆယ်တန်းမအောင်ထားတော့ အလုပ်နဲ့တင်တာ အင်တာဗျူးထိုင်တဲ့ ယာယီသံအမတ်ယုံကြည်လောက်အောင်မပြနိုင်ဘူးဖြစ်သွားတယ်လေ။ ဒါကလည်း ခံစားရခက်တဲ့ အမေရိကားထီဇာတ်လမ်းတစ်ပုဒ်ပါပဲ..။
.
.
နောက်တစ်ယောက်ကျပြန်တော့ အမေရိကားကို ညီအစ်ကိုဝမ်းကွဲနှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ရောက်လာတော့ လူတွေကမေးတယ်။ သူတို့ကလည်း ထီပေါက်လို့ရောက်တယ်လို့ပဲ ဖြေတယ်။ ဒီထဲက တစ်ယောက်ကပဲ အမှန်တစ်ကယ်ပေါက်ပြီး နောက်တစ်ယောက်က ကျွန်တော်ဖြစ်ရပ်မှန်စာရေးဖူးတဲ့ “ တိုးနီ ” ပါပဲ။ သူက ထီပေါက်တယ်လို့ အရပ်တစ်ကာကိုယုံအောင်ပြောထားရတာ အကြောင်းရှိတယ်။ အခု သူလုပ်ချင်တာလည်း လုပ်ပြီးပြီ။ အမေရိကားအရသာလည်း သိပြီ။ ဖြစ်ခြင်းရယ်ကုန်စင် အကုန်ရင်ဆိုင်ပြီးပြီ။
.
နောက်ဆုံး ကြင်ယာလည်းရ၊ ဝေဒနာလည်းပွ၊ ခြေရာလည်းလှပြီမို့ အခုမြန်မာနိုင်ငံက ကျေးဇူးရှင်မိဘနှစ်ပါးကို အလုပ်အကြွေးပြုဖို့ ပြန်သွားတာဖြစ်ပါတယ်။ တိုးနီဟာ အဲဒီတုန်းက အမေရိကားကိုမလာခဲ့ရင် အဲဒီခေတ် အဲဒီအခါက လူငယ်တွေထက် သာလွန်ကောင်းမွန်ပြီးထူးခြားလာမှာမဟုတ်သလို အသိပညာကြွယ်တဲ့ အတွေ့အကြုံရင့်ကျက်သူဖြစ်လာပါ့မလားဆိုတာကို တွေးမိရင်း သူ့ရဲ့ကြိုးစားချင်တဲ့စိတ်ကို ကြိတ်ပြီးချီးကျူးနေမိပါတယ်။
.
ဒီနေ့မှာ ထူးထူးခြားခြား မက်ဆေ့ကနေ ပြောပြလာသူတစ်ယောက်ဆိုရင် “ အစ်မဝမ်းကွဲက လွန်ခဲ့တဲ့ ( ၄ ) နှစ်လောက်က ကျွန်တော့်အဘိုးရဲ့ညီ အဘိုးလေးက အခုအစ်မဝမ်းကွဲနဲ့နောက် အစ်မဝမ်းကွဲတစ်ယောက်ကို ခေါ်ပြီး ဆူးလေမှာ DV သွားထိုးတာ အခုတစ်ယောက်ပဲပေါက်ပြီး ကျန်တစ်ယောက်က မပေါက်ပါဘူး။
သူလည်း DV ဆိုတာမသိ၊ အဘိုးလေး ခေါ်လို့လိုက်ပြီး ပထမအကြိမ်ထိုးပြီး ပေါက်တော့ စိတ်ကူးမရှိပဲသွားရတာပါ။
.
ကျွန်တော်က သူမပေါက်ခင်တည်းက တင်လာတာ အခုထိ ဆို ( ၅ ) နှစ်လောက် ရှိတော့မယ်။ အခုထိ မပေါက်သေးဘူး။ ကျွန်တော်လည်းလိုတာပါ။ တစ်နှစ်က လှည်းတန်း ဦးထွန်းလင်းခြံလမ်းက CASTLE ဆိုတဲ့ အင်တာနက် ဆိုင်မှာထိုးပြီး Code စာရွက်ပျောက်သွားတော့ဘာမှန်းမသိတော့ဘူး။ သူ့တုန်းကတော့ ဆိုင်ကလှမ်းပြောပေးတယ်။ ကျွန်တော့်အဖေဆို စာအိတ်နဲ့လျှောက်တဲ့အချိန်တည်းကလျှောက်လာတာ အခုတော့သူလည်း လက်လျှော့သွားပြီ။ ကျွန်တော် DV ပေါက်ရင် သူ့ကို U.S.A မှာ သွားနေစေချင်တာ။ အခုတော့တစ်အိမ်တည်းမှာ အတူတူပေါ့။ ” လို့ သူ့ရဲ့ပက်ကြားအက်နေတဲ့ရင်ခွင်ကို ဖွင့်ဟလာပါတယ်။
.
.
အားလုံးကိုခြုံငုံပြောရရင် နယ်မြေသစ်ကိုလာရင် အခက်အခဲတော့ရှိမှာပဲ။ ဘာသာစကားမကျွမ်းကျင်မှု၊ ပညာရပ်ဆိုင်ရာအသုံးအနှုန်းတွေကိုနားမလည်မှုတွေရှိတဲ့ကြားက ဘာမဆိုရင်ဆိုင်မယ်ဆိုပြီးအသင့်ပြင်ထားမှုတွေ လိုအပ်မယ်ထင်ပါတယ်။
.
ဒီအရည်အချင်းတွေနဲ့ ဘဝတိုက်ပွဲအတွက်ပြင်ဆင်ထားမှုမရှိတဲ့အခါ ထီပေါက်လို့လာရတဲ့အချိန်ကျမှ အနီးကပ်သင်တန်းတက်ပြီး ဒီမှာ မီးစင်ကြည့်ကရတာတွေ ရှိပါတယ်။ ဒီမြေပေါ်ကြိုရောက်နေသူ အသိမိတ်ဆွေတစ်ယောက်ယောက် ဒါမှမဟုတ် ဆွေမျိုးရင်းချာထဲက ကိုယ့်ကိုကူညီရင် သိပ်အဆင်ပြေပါတယ်။ ဒါက အတိုင်းအတာတစ်ခုအတွင်း သူတစ်ပါးရဲ့လုပ်အား နဲ့ အချိန်ကို ယူငင်အသုံးချတာလို့မှတ်ယူပြီးကြိုးစားရင်တော့ ကူညီသူရော အကူအညီရယူသူရော အဆင်ပြေနိုင်ပါတယ်။
.
ဒီအကြောင်းအချက်တွေကိုလေ့လာကြည့်ပြီး ထီပေါက်ချင်တာထက် ထီပေါက်ရင်ဘာလုပ်မယ်ဆိုတာကိုပါ တွဲဘက်အနေနဲ့စဉ်းစားထားစေချင်တယ်။ ကိုယ် .. အကျိုးရှိ၊ ကိုယ့်ပတ်ဝန်းကျင်လည်း .. အကျိုးရှိ၊ အထူးသဖြင့် ပိတ်ဆို့နေတဲ့ ပညာသင်ယူတဲ့သွေးကြောတွေထဲကို ပြန်လည်လေ့လာချင်စိတ်သွေးတွေ အဝင်ရော အထွက်ပါ စီးဆင်းသွားစေချင်တယ်။ အဲဒါနဲ့တစ်ဆက်တည်းမှာ လုပ်ချင်ကိုင်ချင်စိတ် - Motivation ကို ရင်ဝယ်ပိုက်လို့ အမိအရ ယူထားစေချင်တယ်။ ဒါကြောင့် .. DV စစ်ဖို့ ( အစစအရာရာ ) အဆင်သင့်ဖြစ်ပြီလားလို့ မေးကြည့်တာပါ..။
.
ခင်လျက်
.
04-30-2016


No comments: