.
အမွန္အတိုင္းေျပာရရင္ တစ္ျခားမိဘေတြဘာကိုေစာင္႕ျပီးအသက္ရွင္ေနတယ္ဆုိတာ မသိရုိးအမွန္ပါ။ ကြ်န္ေတာ႕စိတ္အရင္းအတုိင္းဆိုရင္ သားသမီးေတြအေျခက်ဖို႕နဲ႔ သူတို႔ေလးေတြ ဘယ္သူ ႔အမွီအခိုကိုမွအားမကိုးပဲ သူတို႔ေျခေထာက္ေပၚသူတို႔ရပ္ႏိုင္ေအာင္သြန္သင္ဆံုးမေစာင္႕ၾကည္႕ေနတာပါ။
.
သူတို႔ရပ္တည္ႏိုင္ဖို႔ ( ဘယ္ႏိုင္ငံမ
ွာျဖစ္ျဖစ္ ) က်န္းမာေရး၊ ပညာေရး၊ စီးပြားေရး နဲ႔ ကုသိုလ္အလုပ္ေတြေအာင္ျမင္မႈရေလေအာင္သင္ၾကားေပးရမယ္လို႔ ကြၽန္ေတာ္နားလည္ထားပါတယ္။ ဒီ႔အျပင္ မိဘေတြအတြက္ ဘာျပန္ရရမယ္၊ ညာျပန္ရရမယ္ဆိုတဲ့ " ဘယ္အေပးအယူမ်ိဳး " ကိုမွ သားနဲ႔သမီးကို မွာမထားပါဘူး။
.
.
ေစ႔ေစ႔ေပါက္ေပါက္ေတြးၾကည့္လိုက္ေတာ႕ လူငယ္ေတြမွာရွိတတ္တဲ႔ " အိပ္မက္ေတြ " ကို မိဘေတြ ဘယ္ေလာက္သိသလဲဆိုတာကိုအကဲျဖတ္ႏိုင္ဖို႔ သူသူကုိယ္ကုိယ္ ပညာေရးအေျခခံရွိဖို႔လိုတယ္။ အဂၤလိပ္စာနဲ႕ပတ္သက္ျပီး ေလာကၾကီးကုိေစာေၾကာတတ္ရင္ ပုိေကာင္းပါတယ္။ သားသမီးေျပာသမၽႇေခါင္းျငိမ္႔ေခါင္းခါသာ လုပ္ရတဲ့မိဘ ( ၂ ) ပါးအျဖစ္ကိုမသက္ဆင္းရတာ ကြၽန္ေတာ္တို႔ဇနီးေမာင္ႏွံကံေကာင္းတယ္လို႔လည္း ရိုးသာစြာခံယူမိပါတယ္။
.
အခုလို အဂၤလိပ္စာကို ရံုးသံုး နဲ႕ ေန႕စဥ္သံုးဘာသာအျဖစ္သံုးတဲ႕ႏိုင္ငံကိုေရာက္လာတာ ကြ်န္ေတာ႕အတြက္ ငယ္ငယ္တုန္းကသိပ္ၾကိဳက္ခဲ႕တဲ႕ကာတြန္းရုပ္ရွင္တစ္ကားကို အဖန္ဖန္အခါခါျပန္ၾကည္႕ရသလုိ ႏွစ္သက္ရပါတယ္။ ဒီအေျခအေနက လူတိုင္းနဲ႕အခ်ိဳးအစားကိုက္တဲ႕ေျဖရွင္းခ်က္ - One Size Fits All Solution ေတာ႕မဟုတ္ပါဘူး။ ေနရာတုိင္းမွာ သူ႕ေသာ႕နဲ႕သူဖြင္႕ရပါတယ္။
.
.
အိမ္ထဲရွိလူေပါက္ေစ႕ စားဝတ္ေနေရးေျပလည္ဖို႕ၾကိဳးစားေနရတဲ႕ ျမန္မာႏုိင္ငံကမိဘေတြမွာ ေခတ္အဆက္ဆက္အစိုးရေတြေၾကာင္႕ သူတုိ႕ရဲ႕ဦးစားေပးမႈဟာ ပညာေရး မျဖစ္ခဲ႕ပါဘူး။ ဒါကို ဒီဘက္ႏုိင္ငံလည္းေရာက္လာေရာ အပ္ကအစ ခ်ည္ကအဆံုး အသစ္ကေနျပန္စရတဲ႕အခါက်ေတာ႕ သားသမီးေတြကို ဦးေဆာင္ဦးရြက္ျပဳလမ္းျပႏုိင္ဖို႕ မတတ္ႏုိင္ၾကေတာ႕ဘူးေလ။
.
ဒါတင္ပဲလားဆုိေတာ႕ မဟုတ္ေသးဘူး .. သားသမီးေတြမွာလည္း ေနရာသစ္မွာ မ်က္လံုးသူငယ္ နားသူငယ္နဲ႕ အစစအရာရာျပန္သင္ယူရတာပါပဲ။
ဒီေတာ႕ ပါလာတဲ႕ေငြဆုိတာ .. ကုန္၊
တတ္ထားတဲ႕ပညာဆုိတာ .. ခမ္း၊
တင္းထားတဲ႕စိတ္ဓါတ္ေတြဆုိတာ .. က် နဲ႕
အရာရာကိုလက္ေျမွာက္အရွံဴးေပးခ်င္တဲ႕စိတ္ေတြတဖြားဖြား .. ေပါက္ခဲ႕ရတာ ၾကံဳဖူးသူမ်ားကိုယ္ခ်င္းစာႏုိင္ၾကမွာပါ။
.
.
ဒီအခ်ိန္မွာ ကိုယ္႕တုန္းကမျဖစ္ေျမာက္ခဲ႕တဲ႕ " ဝိုးတဝါးအိပ္မက္ေတြ " ကို သားသမီးပုခံုးေပၚထပ္ဆင္႕တင္ေပးလိုက္တဲ႕တစ္ခ်ိဳ႕မိဘေတြရဲ႕သားသမီးေတြမွာ ပုိျပီးဝန္ပိေစျပန္ပါတယ္။ ဥပမာ - " ငါ႕တုန္းကမိသားစုအတြက္အလုပ္လုပ္ရလို႕ ( ၆ ) တန္းေတာင္ျပီးေအာင္မတက္လုိက္ရဘူး။ မင္းတုိ႕ေခတ္မွ ပညာတတ္ၾကီးျဖစ္ေအာင္လုပ္ " ဆုိတာမ်ိဳးေပါ႕။
.
အေနာက္ႏုိင္ငံေတြကုိေရာက္လာတဲ႕လူငယ္ေတြကၾကိဳးစားၾကပါတယ္။ ဘုစုခရုေလးေတြပါတဲ႕မိသားစုမွာေတာ႕ အေျခခံအုတ္ျမစ္ၾကီးကို ေရ႔ႊတသသနဲ႕ခ်ရတာမ်ိဳးဆုိ ပုိရွင္းပါတယ္၊ ဘယ္ဟာမဆို ကိုယ္႕ဟာကိုယ္မလုပ္လုိ႕ မရေတာ႕ မိဘေတြကပဲ ကေလးတစ္ေယာက္ကိုအစအဆံုးပ်ိဳးေထာင္ရတယ္။
.
အခုတစ္ေလာမွာထြက္လာတဲ႕အေမရိကန္စစ္တမ္းတစ္ခုအရ ကေလးငယ္တစ္ေယာက္ကုိပညာတတ္ျဖစ္တဲ႕အထိပ်ိဳးေထာင္ဖို႕ကာလအရွည္ၾကီးအတြက္ ( ၂၃၃၆၁ဝ ) ေဒၚလာ ကုန္က်တယ္လို႕ေဖာ္ျပထားေတာ႕ မိဘေတြရဲ႕ရင္းႏွီးျမႈပ္ႏွံမႈဘယ္ေလာက္ၾကီးတာကို မွန္းဆႏုိင္ေလာက္ပါျပီ။
.
.
ျမန္မာႏုိင္ငံကမိသားစုေတြလို ဒီဘက္မွာလည္း ကေလးကိုေက်ာင္းပုိ႕-ေက်ာင္းၾကိဳ လုပ္ရပါတယ္။ ၾကီးလာတဲ႕အသက္နဲ႕ တက္လာတဲ႕အတန္းအလိုက္ သူတို႕ေပါင္းသင္းတဲ႕သူငယ္ခ်င္းေတြေျပာင္းသြားတာကို မိဘေတြေစာင္႕ၾကည္႕ရတယ္။ မသိလို႕မတတ္ .. မတတ္လို႕မသိ .. မသိမတတ္လို႕မွားတဲ႕အမွားေတြ ဆင္႕ကဲဆင္႕ကဲထပ္မလုပ္မိေအာင္ ေစာင္႕ၾကည္႕ရပါတယ္။ ( ေစာင္႕ၾကည္႕အမွတ္စဥ္ ၁ )
.
.
မူလတန္းကေနစတက္တဲ႕ကေလးကို အလယ္တန္း နဲ႕ အထက္တန္းေရာက္တဲ႕အခါ၊ ေက်ာင္းေျပာင္းတဲ႕အခါ၊ အိမ္ျခံေျပာင္း၊ အိမ္သစ္ေျပာင္း၊ အိမ္ငွားေျပာင္း၊ ပတ္ဝန္းက်င္အသစ္ေျပာင္းတတ္ရံုမက အဓိကေက်ာင္းပါေျပာင္းရလုိ႕ အထူးသတိထားရပါတယ္။ ဆယ္ေက်ာ္သက္အရြယ္ပ်ိဳေဖာ္ဝင္တာတို႕ .. လူပ်ိဳစိတ္ဝင္တာတို႕နဲ႕အတူ ဟုိမုန္းအေျပာင္းၾကားမွာ ဖို-မစိတ္မေစာင္းရေအာင္ ေစာင္႕ၾကည္႕ရပါတယ္။ ( ေစာင္႕ၾကည္႕အမွတ္စဥ္ ၂ )
.
.
အထက္တန္းေက်ာင္းေရာက္လာတဲ႕အခါ ကေလးက ကားေမာင္းလိုင္စင္ေျဖတာတုိ႕၊ စာၾကည္႕မ်ား၊ တီဗီြဂိမ္းေဆာ႕မ်ားတဲ႕အခါ မ်က္မွန္တပ္ရတာတို႕၊ ခႏၶာကုိယ္အခ်ိဳးအစားေျပာင္းလို႕ အားကစားနဲ႕က်န္းမာေရးတုိ႕ကိုစိတ္ပူရတာတုိ႕၊ ေရွာင္ေလေဝးေဝးမူးယစ္ေဆးကို သူနဲ႕က်မွတုိက္တုိက္ဆိုင္ဆိုင္ျဖစ္သြားတာတို႕ .. ရွိတတ္ပါတယ္။ ဒီထက္ပိုျပီးမ်က္စိေဒါက္ေထာက္ၾကည္႕ရတာက ကေလးဟာ လူမႈဆက္ဆံေရးမွာအံဝင္ခြင္က်ျဖစ္ မျဖစ္ နဲ႕ ဆန္႕က်င္ဘက္လိင္နဲ႕သမီးရည္းစားရည္ငံႏုိင္မႈအေနအထားေတြကို ေစာင္႕ၾကည္႕႔ရျပန္ပါတယ္။ ( ေစာင္႕ၾကည္႕အမွတ္စဥ္ ၃ )
.
.
ဒီလိုနဲ႕ေက်ာင္းၾကီးသြားမယ္႕သားသမီးေတြဟာ ေမဂ်ာေရြးရေရာ..။
ေက်ာင္း ေကာင္းတယ္ .. ေက်ာင္း မေကာင္းဘူး
စေကာလား ရတယ္ .. စေကာလား မရဘူး
အိမ္ကေနတက္မယ္ .. အေဝးျပည္နယ္ - Out-of-State သြားမယ္ .. အေဆာင္ကေနပဲတက္ေတာ႕မယ္ ဆုိတာေတြျဖစ္လာျပန္ေတာ႕ မိဘကသားသမီး၊ သားသမီးကမိဘ အထက္နဲ႕ေအာက္ အျပန္အလန္နားလည္မႈရွိဖို႕၊ အေပးအယူမွ်ဖို႕ သိပ္အေရးၾကီးပါတယ္။ ဒီအခ်ိန္မွာ ရင္တမမနဲ႕ေစာင္႕ရတာကေတာ႕ သူတို႕ရဲ႕ဘာသာရပ္ေမဂ်ာေရြးခ်ယ္မႈမွန္ကန္ေစဖို႕ပါ..။ ( ေစာင္ၾကည္႕အမွတ္စဥ္ ၄ )
.
.
ဒီေနရာမွာ မိဘေတြ ေငြအဆင္ေျပလား အဆင္မေျပဘူးလားဆိုတာ သားသမီးေတြကုိ ေခါင္းရႈတ္မခံခုိင္းတဲ႕မိဘရွိသလို ( ၁၈ ) ႏွစ္ေက်ာ္တာနဲ႕ ကိုယ္႕စားရိ္တ္ကိုယ္ရွာ၊ ကိုယ္႕ေခ်းေငြကုိယ္ဆပ္ဆုိျပီး ဦးေခါင္းကိုေမာင္းတင္ေပးလုိက္တဲ႕မိဘမိ်ဳးလည္း ရွိပါတယ္။ " အေဖနဲ႕အေမက အရုိးစား၊ သားနဲ႕သမီးက အသားစား " ဆုိတဲ႕ ျမန္မာတို႕ရဲ႕ႏူးညံ႕တဲ႕စိတ္သေဘာထားေတာ္အတုိင္း ပညာေရးဇာတ္ခံုေပၚကုိပုခံုးေစာင္းထမ္းတင္ေပးလိုက္တဲ႕မိဘေတြက အလုပ္မ်ားတဲ႕သားသမီးေတြဆီက ( ေက်ာင္းၾကီးတက္ျပီဆိုေတာ႕သူတို႕အလုပ္မ်ားျပီေပါ႕ ) သိတတ္နားလည္မႈျပန္လည္ရရွိေအာင္ တဖန္ထုိင္ေစာင္႕ရပါတယ္။ ( ေစာင္႕ၾကည္႕အမွတ္စဥ္ ၅ )
.
.
သားသမီးေတြဘက္က မိဘေတြကိုေစာင္႕ေနတာကိုလည္း ရယ္စရာအေနနဲ႕ေျပာျပခ်င္ပါေသးတယ္။
.
လူငယ္ေတြက မိဘေပးတဲ႕မုန္႕ဖုိးကိုငယ္တုန္းကအေၾကာင္းမဟုတ္ေပမယ္႕ ၾကီးေဖာ္ဝင္ရုပ္လံုးၾကြလာေတာ႕ ေနရခက္လာတယ္။ ဘယ္သြားသြားမိဘလုိက္ပို႕ေပးတာကို ရွက္တတ္လာတယ္။ လူၾကီးဝယ္ေပးတဲ႕အဝတ္အစားေတြဆို မဝတ္ခ်င္ေတာ႕့ဘူး။ အေၾကြးဝယ္ကဒ္ျပားကို မိဘထိန္းခ်ဳပ္မႈ - Parental Control ေအာက္မွာသံုးရတာ လြတ္လပ္တယ္မထင္္ေတာ႕ဘူး။ ညေရးညတာ ဘယ္အခ်ိန္အိမ္ျပန္ရန္ဆုိတဲ႕ မာရွယ္ေလာကို စိတ္ေမာလာတတ္ၾကတယ္။ ဒါေၾကာင္႕ လူငယ္ေတြ၊ ေက်ာင္းသားေတြ၊ သားသမီးေတြဘက္က " မိဘရဲ႕ေလာင္းရိပ္ေအာက္ကလြတ္ဖို႕ " အခြင္႕အေရးကုိေစာင္႕ၾကတယ္။ ( ေစာင္႕ၾကည္႕အပိုဆု )
.
.
ကြ်န္ေတာ႕တစ္ေယာက္တည္းအျမင္နဲ႕ေျပာရရင္ သားသမီးေတြအိမ္ေထာင္က်ဖို႕ မက်ဖို႕ကို အေရွ႕တုိင္းထံုးစံအတုိင္း မအိပ္ႏို္င္ မစားႏုိင္ ထုိင္မေစာင္႔ပါဘူး။ ဒီကမၻာမွာ အဖိုနဲ႕အမ မ်ိဳးဆက္မျပတ္သ၍ အေမရိကားမွာ၊ ျမန္မာႏိုင္ငံမွာ၊ ဒီျဂိဳဟ္ကမၻာတစ္ေနရာရာမွာ သားသမီးေတြ ေကာင္းမြန္တဲ႕အိမ္ေထာင္ဘက္ေတြ႕ရဖို႕ မခက္ႏုိင္ပါဘူး။ ေစာတာနဲ႕ေနာက္က်တာပဲ ကြာမွာပါ။
.
.
ဒါေပမယ္႕ ပညာကုိ သင္-ကူး-က်က္-ေျဖ အဆင္႕သာလက္ခံတဲ႕ႏုိင္ငံမွာေတာ႕ ကြ်န္ေတာ႕သားသမီးေတြကို ႏိုင္ငံတကာအဆင္႕မီပညာေရးကုိရဖို႕လမ္းစအေပ်ာက္မခံပါရေစနဲ႕။
.
.
ဒါေၾကာင္႕ ကြ်န္ေတာ္လာခဲ႕တဲ႕ေက်းဇူးေျမကမိတ္ေဆြေတြ လူငယ္ေတြကုိ မိဘခ်င္းကိုယ္ခ်င္းစာႏုိင္သမွ်၊ သားသမီးခ်င္းသေဘာထားႏုိင္သမွ်၊ ဆရာသမား တပည္႕သားကဲ႕သို႕ ရင္ပတ္ခ်င္းအပ္ႏုိင္သမွ် ကိုယ္သိထားသေလာက္အသိဥာဏ္၊ စုမိထားသေလာက္ဗဟုသုတ နဲ႕ ပညာ အတြဲကို စိတ္ရင္းမွန္နဲ႕ႏွိမ္႕ခ်စြာျဖန္႕ျဖဴးရင္း ရင္ႏွစ္သည္းခ်ာေလးေတြ " ပညာတတ္ျဖစ္မယ္႕တစ္ေန႕ " ကို ေစာင္႕ေနပါတယ္လို႕ ေျဖၾကားလိုက္ပါရေစ..။
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
01-23-2017
.
.
.
Unicode Version:
.
.
" မိဘတွေဘာကိုစောင့်နေသလဲ? "
.
အမှန်အတိုင်းပြောရရင် တစ်ခြားမိဘတွေဘာကိုစောင့်ပြီးအသက်ရှင်နေတယ်ဆိုတာ မသိရိုးအမှန်ပါ။ ကျွန်တော့စိတ်အရင်းအတိုင်းဆိုရင် သားသမီးတွေအခြေကျဖို့နဲ့ သူတို့လေးတွေ ဘယ်သူ ့အမှီအခိုကိုမှအားမကိုးပဲ သူတို့ခြေထောက်ပေါ်သူတို့ရပ်နိုင်အောင်သွန်သင်ဆုံးမစောင့်ကြည့်နေတာပါ။
.
သူတို့ရပ်တည်နိုင်ဖို့ ( ဘယ်နိုင်ငံမှာဖြစ်ဖြစ် ) ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး နဲ့ ကုသိုလ်အလုပ်တွေအောင်မြင်မှုရလေအောင်သင်ကြားပေးရမယ်လို့ ကျွန်တော်နားလည်ထားပါတယ်။ ဒီ့အပြင် မိဘတွေအတွက် ဘာပြန်ရရမယ်၊ ညာပြန်ရရမယ်ဆိုတဲ့ " ဘယ်အပေးအယူမျိုး " ကိုမှ သားနဲ့သမီးကို မှာမထားပါဘူး။
.
.
စေ့စေ့ပေါက်ပေါက်တွေးကြည့်လိုက်တော့ လူငယ်တွေမှာရှိတတ်တဲ့ " အိပ်မက်တွေ " ကို မိဘတွေ ဘယ်လောက်သိသလဲဆိုတာကိုအကဲဖြတ်နိုင်ဖို့ သူသူကိုယ်ကိုယ် ပညာရေးအခြေခံရှိဖို့လိုတယ်။ အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး လောကကြီးကိုစောကြောတတ်ရင် ပိုကောင်းပါတယ်။ သားသမီးပြောသမျှခေါင်းငြိမ့်ခေါင်းခါသာ လုပ်ရတဲ့မိဘ ( ၂ ) ပါးအဖြစ်ကိုမသက်ဆင်းရတာ ကျွန်တော်တို့ဇနီးမောင်နှံကံကောင်းတယ်လို့လည်း ရိုးသာစွာခံယူမိပါတယ်။
.
အခုလို အင်္ဂလိပ်စာကို ရုံးသုံး နဲ့ နေ့စဉ်သုံးဘာသာအဖြစ်သုံးတဲ့နိုင်ငံကိုရောက်လာတာ ကျွန်တော့အတွက် ငယ်ငယ်တုန်းကသိပ်ကြိုက်ခဲ့တဲ့ကာတွန်းရုပ်ရှင်တစ်ကားကို အဖန်ဖန်အခါခါပြန်ကြည့်ရသလို နှစ်သက်ရပါတယ်။ ဒီအခြေအနေက လူတိုင်းနဲ့အချိုးအစားကိုက်တဲ့ဖြေရှင်းချက် - One Size Fits All Solution တော့မဟုတ်ပါဘူး။ နေရာတိုင်းမှာ သူ့သော့နဲ့သူဖွင့်ရပါတယ်။
.
.
အိမ်ထဲရှိလူပေါက်စေ့ စားဝတ်နေရေးပြေလည်ဖို့ကြိုးစားနေရတဲ့ မြန်မာနိုင်ငံကမိဘတွေမှာ ခေတ်အဆက်ဆက်အစိုးရတွေကြောင့် သူတို့ရဲ့ဦးစားပေးမှုဟာ ပညာရေး မဖြစ်ခဲ့ပါဘူး။ ဒါကို ဒီဘက်နိုင်ငံလည်းရောက်လာရော အပ်ကအစ ချည်ကအဆုံး အသစ်ကနေပြန်စရတဲ့အခါကျတော့ သားသမီးတွေကို ဦးဆောင်ဦးရွက်ပြုလမ်းပြနိုင်ဖို့ မတတ်နိုင်ကြတော့ဘူးလေ။
.
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး .. သားသမီးတွေမှာလည်း နေရာသစ်မှာ မျက်လုံးသူငယ် နားသူငယ်နဲ့ အစစအရာရာပြန်သင်ယူရတာပါပဲ။
ဒီတော့ ပါလာတဲ့ငွေဆိုတာ .. ကုန်၊
တတ်ထားတဲ့ပညာဆိုတာ .. ခမ်း၊
တင်းထားတဲ့စိတ်ဓါတ်တွေဆိုတာ .. ကျ နဲ့
အရာရာကိုလက်မြှောက်အရှံူးပေးချင်တဲ့စိတ်တွေတဖွားဖွား .. ပေါက်ခဲ့ရတာ ကြုံဖူးသူများကိုယ်ချင်းစာနိုင်ကြမှာပါ။
.
.
ဒီအချိန်မှာ ကိုယ့်တုန်းကမဖြစ်မြောက်ခဲ့တဲ့ " ဝိုးတဝါးအိပ်မက်တွေ " ကို သားသမီးပုခုံးပေါ်ထပ်ဆင့်တင်ပေးလိုက်တဲ့တစ်ချို့မိဘတွေရဲ့သားသမီးတွေမှာ ပိုပြီးဝန်ပိစေပြန်ပါတယ်။ ဥပမာ - " ငါ့တုန်းကမိသားစုအတွက်အလုပ်လုပ်ရလို့ ( ၆ ) တန်းတောင်ပြီးအောင်မတက်လိုက်ရဘူး။ မင်းတို့ခေတ်မှ ပညာတတ်ကြီးဖြစ်အောင်လုပ် " ဆိုတာမျိုးပေါ့။
.
အနောက်နိုင်ငံတွေကိုရောက်လာတဲ့လူငယ်တွေကကြိုးစားကြပါတယ်။ ဘုစုခရုလေးတွေပါတဲ့မိသားစုမှာတော့ အခြေခံအုတ်မြစ်ကြီးကို ရွှေ့တသသနဲ့ချရတာမျိုးဆို ပိုရှင်းပါတယ်၊ ဘယ်ဟာမဆို ကိုယ့်ဟာကိုယ်မလုပ်လို့ မရတော့ မိဘတွေကပဲ ကလေးတစ်ယောက်ကိုအစအဆုံးပျိုးထောင်ရတယ်။
.
အခုတစ်လောမှာထွက်လာတဲ့အမေရိကန်စစ်တမ်းတစ်ခုအရ ကလေးငယ်တစ်ယောက်ကိုပညာတတ်ဖြစ်တဲ့အထိပျိုးထောင်ဖို့ကာလအရှည်ကြီးအတွက် ( ၂၃၃၆၁ဝ ) ဒေါ်လာ ကုန်ကျတယ်လို့ဖော်ပြထားတော့ မိဘတွေရဲ့ရင်းနှီးမြှုပ်နှံမှုဘယ်လောက်ကြီးတာကို မှန်းဆနိုင်လောက်ပါပြီ။
.
.
မြန်မာနိုင်ငံကမိသားစုတွေလို ဒီဘက်မှာလည်း ကလေးကိုကျောင်းပို့-ကျောင်းကြို လုပ်ရပါတယ်။ ကြီးလာတဲ့အသက်နဲ့ တက်လာတဲ့အတန်းအလိုက် သူတို့ပေါင်းသင်းတဲ့သူငယ်ချင်းတွေပြောင်းသွားတာကို မိဘတွေစောင့်ကြည့်ရတယ်။ မသိလို့မတတ် .. မတတ်လို့မသိ .. မသိမတတ်လို့မှားတဲ့အမှားတွေဆင့်ကဲဆင့်ကဲထပ်မလုပ်မိအောင် စောင့်ကြည့်ရပါတယ်။ ( စောင့်ကြည့်အမှတ်စဉ် ၁ )
.
.
မူလတန်းကနေစတက်တဲ့ကလေးကို အလယ်တန်း နဲ့ အထက်တန်းရောက်တဲ့အခါ၊ ကျောင်းပြောင်းတဲ့အခါ၊ အိမ်ခြံပြောင်း၊ အိမ်သစ်ပြောင်း၊ အိမ်ငှားပြောင်း၊ ပတ်ဝန်းကျင်အသစ်ပြောင်းတတ်ရုံမက အဓိကကျောင်းပါပြောင်းရလို့ အထူးသတိထားရပါတယ်။ ဆယ်ကျော်သက်အရွယ်ပျိုဖော်ဝင်တာတို့ .. လူပျိုစိတ်ဝင်တာတို့နဲ့အတူ ဟိုမုန်းအပြောင်းကြားမှာ ဖို-မစိတ်မစောင်းရအောင် စောင့်ကြည့်ရပါတယ်။ ( စောင့်ကြည့်အမှတ်စဉ် ၂ )
.
.
အထက်တန်းကျောင်းရောက်လာတဲ့အခါ ကလေးက ကားမောင်းလိုင်စင်ဖြေတာတို့၊ စာကြည့်များ၊ တီဗွီဂိမ်းဆော့များတဲ့အခါ မျက်မှန်တပ်ရတာတို့၊ ခန္ဓာကိုယ်အချိုးအစားပြောင်းလို့ အားကစားနဲ့ကျန်းမာရေးတို့ကိုစိတ်ပူရတာတို့၊ ရှောင်လေဝေးဝေးမူးယစ်ဆေးကို သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားတာတို့ .. ရှိတတ်ပါတယ်။ ဒီထက်ပိုပြီးမျက်စိဒေါက်ထောက်ကြည့်ရတာက ကလေးဟာ လူမှုဆက်ဆံရေးမှာအံဝင်ခွင်ကျဖြစ် မဖြစ် နဲ့ ဆန့်ကျင်ဘက်လိင်နဲ့သမီးရည်းစားရည်ငံနိုင်မှုအနေအထားတွေကို စောင့်ကြည့့်ရပြန်ပါတယ်။ ( စောင့်ကြည့်အမှတ်စဉ် ၃ )
.
.
ဒီလိုနဲ့ကျောင်းကြီးသွားမယ့်သားသမီးတွေဟာ မေဂျာရွေးရရော..။
ကျောင်း ကောင်းတယ် .. ကျောင်း မကောင်းဘူး
စကောလား ရတယ် .. စကောလား မရဘူး
အိမ်ကနေတက်မယ် .. အဝေးပြည်နယ် - Out-of-State သွားမယ် .. အဆောင်ကနေပဲတက်တော့မယ် ဆိုတာတွေဖြစ်လာပြန်တော့ မိဘကသားသမီး၊ သားသမီးကမိဘ အထက်နဲ့အောက် အပြန်အလန်နားလည်မှုရှိဖို့၊ အပေးအယူမျှဖို့ သိပ်အရေးကြီးပါတယ်။ ဒီအချိန်မှာ ရင်တမမနဲ့စောင့်ရတာကတော့ သူတို့ရဲ့ဘာသာရပ်မေဂျာရွေးချယ်မှုမှန်ကန်စေဖို့ပါ..။ ( စောင်ကြည့်အမှတ်စဉ် ၄ )
.
.
ဒီနေရာမှာ မိဘတွေ ငွေအဆင်ပြေလား အဆင်မပြေဘူးလားဆိုတာ သားသမီးတွေကို ခေါင်းရှုတ်မခံခိုင်းတဲ့မိဘရှိသလို ( ၁၈ ) နှစ်ကျော်တာနဲ့ ကိုယ့်စားရိ်တ်ကိုယ်ရှာ၊ ကိုယ့်ချေးငွေကိုယ်ဆပ်ဆိုပြီး ဦးခေါင်းကိုမောင်းတင်ပေးလိုက်တဲ့မိဘမျိုးလည်း ရှိပါတယ်။ " အဖေနဲ့အမေက အရိုးစား၊ သားနဲ့သမီးက အသားစား " ဆိုတဲ့ မြန်မာတို့ရဲ့နူးညံ့တဲ့စိတ်သဘောထားတော်အတိုင်း ပညာရေးဇာတ်ခုံပေါ်ကိုပုခုံးစောင်းထမ်းတင်ပေးလိုက်တဲ့မိဘတွေက အလုပ်များတဲ့သားသမီးတွေဆီက ( ကျောင်းကြီးတက်ပြီဆိုတော့သူတို့အလုပ်များပြီပေါ့ ) သိတတ်နားလည်မှုပြန်လည်ရရှိအောင် တဖန်ထိုင်စောင့်ရပါတယ်။ ( စောင့်ကြည့်အမှတ်စဉ် ၅ )
.
.
သားသမီးတွေဘက်က မိဘတွေကိုစောင့်နေတာကိုလည်းရယ်စရာအနေနဲ့ပြောပြချင်ပါသေးတယ်။
.
လူငယ်တွေက မိဘပေးတဲ့မုန့်ဖိုးကိုငယ်တုန်းကအကြောင်းမဟုတ်ပေမယ့် ကြီးဖော်ဝင်ရုပ်လုံးကြွလာတော့ နေရခက်လာတယ်။ ဘယ်သွားသွားမိဘလိုက်ပို့ပေးတာကို ရှက်တတ်လာတယ်။ လူကြီးဝယ်ပေးတဲ့အဝတ်အစားတွေဆို မဝတ်ချင်တော့့ဘူး။ အကြွေးဝယ်ကဒ်ပြားကို မိဘထိန်းချုပ်မှု - Parental Control အောက်မှာသုံးရတာ လွတ်လပ်တယ်မထင််တော့ဘူး။ ညရေးညတာ ဘယ်အချိန်အိမ်ပြန်ရန်ဆိုတဲ့ မာရှယ်လောကို စိတ်မောလာတတ်ကြတယ်။ ဒါကြောင့် လူငယ်တွေ၊ ကျောင်းသားတွေ၊ သားသမီးတွေဘက်က " မိဘရဲ့လောင်းရိပ်အောက်ကလွတ်ဖို့ " အခွင့်အရေးကိုစောင့်ကြတယ်။ ( စောင့်ကြည့်အပိုဆု )
.
.
ကျွန်တော့တစ်ယောက်တည်းအမြင်နဲ့ပြောရရင် သားသမီးတွေအိမ်ထောင်ကျဖို့ မကျဖို့ကို အရှေ့တိုင်းထုံးစံအတိုင်း မအိပ်နို်င် မစားနိုင် ထိုင်မစောင့်ပါဘူး။ ဒီကမ္ဘာမှာ အဖိုနဲ့အမ မျိုးဆက်မပြတ်သ၍ အမေရိကားမှာ၊ မြန်မာနိုင်ငံမှာ၊ ဒီဂြိုဟ်ကမ္ဘာတစ်နေရာရာမှာ သားသမီးတွေ ကောင်းမွန်တဲ့အိမ်ထောင်ဘက်တွေ့ရဖို့ မခက်နိုင်ပါဘူး။ စောတာနဲ့နောက်ကျတာပဲ ကွာမှာပါ။
.
.
ဒါပေမယ့် ပညာကို သင်-ကူး-ကျက်-ဖြေ အဆင့်သာလက်ခံတဲ့နိုင်ငံမှာတော့ ကျွန်တော့သားသမီးတွေကို နိုင်ငံတကာအဆင့်မီပညာရေးကိုရဖို့လမ်းစအပျောက်မခံပါရစေနဲ့။
.
.
ဒါကြောင့် ကျွန်တော်လာခဲ့တဲ့ကျေးဇူးမြေကမိတ်ဆွေတွေ လူငယ်တွေကို မိဘချင်းကိုယ်ချင်းစာနိုင်သမျှ၊ သားသမီးချင်းသဘောထားနိုင်သမျှ၊ ဆရာသမား တပည့်သားကဲ့သို့ ရင်ပတ်ချင်းအပ်နိုင်သမျှ ကိုယ်သိထားသလောက်အသိဉာဏ်၊ စုမိထားသလောက်ဗဟုသုတ နဲ့ ပညာ အတွဲကို စိတ်ရင်းမှန်နဲ့နှိမ့်ချစွာဖြန့်ဖြူးရင်း ရင်နှစ်သည်းချာလေးတွေ " ပညာတတ်ဖြစ်မယ့်တစ်နေ့ " ကို စောင့်နေပါတယ်လို့ ဖြေကြားလိုက်ပါရစေ..။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
01-23-2017
No comments:
Post a Comment