ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
လုပ်ဖော်ကိုင်ဖက်တစ်ယောက်က
သူဟာ အရင်အလုပ်မှာ အင်ဂျင်နီယားရင်းတက္ကနစ်ရှင် ရာထူးကနေ အလုပ်ပြောင်းလာတယ်လို့ ပြောတယ်။
အဲဒီအလုပ်က လူတွေကို ဆေးကုပေးတဲ့ Medical Devices ကုမ္ပဏီဖြစ်လို့ အစစအရာရာ မှတ်ရေးမှတ်တာတွေနဲ့
စည်ကမ်းစံနစ်ရှိရှိ လုပ်ပေမယ့် ကုမ္ပဏီက သေးသေးလေးပါ။ တစ်ရက်ကျတော့ သူဋ္ဌေး နဲ့ အုပ်ချုပ်သူထဲက
သူတို့အနီးက တိုယိုတာစက်ရုံကို လှည့်လည်ကြည့်ရှုလေ့လာခွင့်-Tour တောင်းဆိုတဲ့အခါ ခွင့်ပြုချက်ရခဲ့တယ်။
အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသမှာ မြန်မာတွေအနေများတဲ့ ဖရီမောင့်-Fremont မြို့ ဆိုရင် မသိသူရှားလှပါတယ်။ တခြားတစ်ဖက်မှာ နည်းပညာရပ်ဝန်း ဆီလီကွန်တောင်ကြား - Silicon Valley တည်ရှိရာ မြို့တော် ဆန်ဟိုဆေး-San Jose နဲ့ လည်း မနီးမဝေးပါ။
တိုယိုတာစက်ရုံက
အဲဒီ (၂) မြို့အလယ်က မယ့်လ်ပီးတပ်စ်-Milpitas မြို့အနီးက အဝေးပြေးလမ်းဘေးမှာ အရှည်ကြီး
လဲလျောင်း တည်ဆောက်ထားတာပါ။ မြန်မာတွေအနေများတဲ့မြို့တွေဖြစ်လို့ မြန်မာစာဖတ်သူတွေရဲ့
မျက်စိ နဲ့ နားထဲမှာ ရင်းနှီးနေစေချင်တဲ့ စေတနာနဲ့ မြို့နာမည်တွေကို မြန်မာလို ရေးပြခြင်း
ဖြစ်ပါတယ်။