ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး ) |
.
အခုလို မုိးရာသီအစ ကေလးငယ္ေတြေက်ာင္းစဖြင္႕တဲ႕အခ်ိန္မွာ
ေက်ာင္းလိုက္ပုိ႕ရတဲ႕မိဘေတြရဲ႕ဒုကၡက မေသးပါဘူး။ ေန႕လည္ေန႕ခင္း ထမင္းစားခ်ိန္မွာ
မိမိရင္ေသြး ထမင္းေကာင္းေကာင္းစားရဖို႕အေရး ေက်ာင္းလိုက္မတက္ရံုတစ္မယ္
ေက်ာင္းေရွ႕မွာ၊ ပလက္ေဖာင္းေပၚမွာ၊ သစ္ပင္ရိပ္ကျမက္ခင္းေလးေပၚမွာ
စတီးဂ်ိဳင္႕ေလးကိုင္ရင္း ထမင္းေကြ်းေနတဲ႕လက္ေတြဟာ ဘယ္ေလာက္အထိပင္ပန္းထားမယ္ဆုိတာ
မွန္းၾကည္႕ရံုနဲ႕ မ်က္ရည္ဝဲရပါတယ္။
.
ဒါဟာ မိဘေမတၱာပါ..။ ဒီလုိခ်စ္ျခင္း ဒီလိုဂရုစိုက္မႈမ်ိဳးကို
ေငြေၾကးေပၚမူတည္ျပီးျဖစ္တည္လာတဲ႕ ရင္းႏွီးမႈ - Relationship
လို႕ ေျပာလို႕ဘယ္ျဖစ္ပါ႕မလဲ? လူတိုင္းဟာ
ၾကီးျပင္းလာပံုခ်င္းမတူၾကသလို ေမြးခ်င္းေမာင္ႏွမ နဲ႕ ေဆြမ်ိဳးအသိုက္အဝန္း ပတ္ဝန္းက်င္ဆုိတာ
ကြာျခားခဲ႕ၾကမွာပါပဲ။
.
တစ္ဆက္တည္း တူညီစြာခ်စ္ၾကတဲ႕မိဘဆုိတဲ႕အလႊာအသီးသီးမွာ မတူညီတဲ႕ “ ကေလးေတြအေပၚအခ်ိန္ေပးျခင္း ” ကို
ေဆြးေႏြးၾကည္႕ခ်င္ပါတယ္။
.
.
ျမန္မာႏုိင္ငံမွာ မိမိကခ်မ္းသာလို႕ အိမ္အကူ၊ ထမင္းဟင္းခ်က္အကူအျပင္
ကေလးထိန္းသူေတြပါငွားျပီး ေနထုိင္ႏိုင္ၾကသူေတြဟာ တစ္ကယ္တမ္းျပန္တြက္ၾကည္႕ရင္
ကေလးေတြကိုေပးႏုိင္တဲ႕အားလပ္ခ်ိန္ေတြ နည္းလာေနပါတယ္။ ဒါေပမယ္႕ တစ္အိမ္မွာ တစ္ေယာက္
( ဒါမွမဟုတ္ ) ႏွစ္ေယာက္ေလာက္ အလုပ္လုပ္ေပမယ္႕ က်န္မိသားစုဝင္က
ကေလးေတြနဲ႕အတူေနေပးႏုိင္သူေတြ ရွိေနေသးတာက ကံေကာင္းတဲ႕အက်ိဳးေပးတစ္ခုပါ။
.
ဒါေၾကာင္႕ ကေလးတစ္ေယာက္ဆီမွာ လူလားေျမာက္တဲ႕အခ်ိန္အထိ မိဘလက္ေအာက္မွာ
ဥယ်ဥ္မွဴးက ပန္းေကာင္းတစ္ပြင္႕ ေပါင္းႏႈတ္သုတ္သင္ပ်ိဳးေထာင္ရသလို ျဖစ္သင္႕ျဖစ္ထုိက္တဲ႕
ဥာဏ္ရည္တိုးတက္မႈ နဲ႕ အခ်ိန္ကိုက္ ခႏၶာကိုယ္ဖြံ႕ျဖိဳးမႈေတြရွိလာတဲ႕အျပင္
အမွားနဲ႕အမွန္ကိုပုိင္းျခားသိျမင္တတ္တဲ႕ “ အသိဥာဏ္ဦးေႏွာက္
” ေတြ ပါသြားဖို႕ အထူးလိုအပ္ပါတယ္။
.
ဒီလိုကိစၥေတြကို အေမရိကားေရာက္မွ ပုိသိလာခဲ႕သလို
မျမင္ဖူးတဲ႕အေတြ႕အၾကံဳဆန္းေတြကိုေျပာျပခ်င္မိတယ္။
.
.
မိသားတစ္စုဆိုရင္ လူၾကည္႕ေတာ႕ ပံုမွန္ပဲ .. ဒါေပမယ္႕ ေယာက္်ားက
ကိုယ္ပိုင္တကၠစီကား ေမာင္းတယ္။ မိန္းမက တစ္နာရီ ( ၁၅ )
ေဒၚလာေလာက္ရတဲ႕အလုပ္တစ္ခုနဲ႕ ပံုမွန္ဝင္ေငြရွိၾကတယ္။ ေမာင္းတဲ႕ကားက ( အခုအခ်ိန္မွာ
) ျမန္မာႏုိင္ငံမွာ အရည္ၾကိဳစက္ပုိ႕ရေတာ႕မယ္႕ ေမာ္ဒယ္မ်ိဳး။ ဒါေပမယ္႕ အထင္မေသး နဲ႕
.. သူတို႕လင္မယားမွာ ( ဘယ္သူမွသြားမေျပာနဲ႕ .. တဲ႕ ) အိမ္ ( ၄ ) လံုး ပိုင္တယ္။
လူငွားတင္ျပီး ရလာတဲ႕အိမ္ငွားခေတြနဲ႕ အိမ္အသီးသီးကို အိမ္ဖိုး
အရစ္က်ေငြသြင္းတယ္ေလ။
.
စီးပြားေရးမွာေတာ႕ အေတာ္တာသြားေပမယ္႕ အဆင္မေျပတာက
သားတစ္ေယာက္အေပၚမွာပါ..။
.
အေဖက တစ္အိမ္လံုးဘယ္သူမွမထခင္ အလုပ္ကိုထြက္သြားျပီ။ အေမက
သားေက်ာင္းမသြားခင္ အလုပ္တက္ရတယ္။ ဒီေတာ႕ အိပ္ေနတဲ႕သားငယ္ေလးကို
အိမ္ေရွ႕ကဆိုဖာေပၚကိုေရႊ႕ေပးခဲ႕ျပီး လက္ကိုင္ဖုန္းထဲ ႏိႈးစက္ဖြင္႕ျပီးထားခဲ႕ရတယ္။
.
.
အိပ္ယာႏုိးလာတဲ႕ကေလးဟာ ခံုေပၚမွာ အေမလုပ္ေပးထားတဲ႕ မနက္စာကို
မိုက္ခရိုေဝ႕ဖ္ ထဲထည္႕ေႏႊးျပီး
ကုိယ္႕ဟာကိုယ္စား၊ ကုိယ္႕ဟာကိုယ္မ်က္ႏွာသစ္ .. အက်ီၤလဲျပီး
တစ္ခါပို႕ဘယ္ေလာက္ဆိုျပီး ေခၚထားတဲ႕ ျမန္မာလူမ်ိဳးေက်ာင္းလိုက္ပို႕ေပးသူကို
ေစာင္႕ရပါတယ္။ ဒီလုိနဲ႕ ကေလးဟာ အေဖ နဲ႕ အေမ လိုက္မပို႕ႏိုင္တဲ႕ေက်ာင္းကို
အျမဲေရာက္ရတယ္္။
.
ေက်ာင္းမွာ ဆန္းဝွစ္ဝယ္စား၊ ဘိုစာသင္၊ ဘုိစကားေျပာ၊ ဘုိသူငယ္ခ်င္းရ
နဲ႕ အိမ္ျပန္လာေတာ႕ အြန္လိုင္းဂိမ္းကစားျပန္တယ္။ အေမ အလုပ္ကမဆင္းခင္ ကေလးေက်ာင္းက
လႊတ္ပါတယ္။ ဒီလို အခ်ိန္မီလာမၾကိဳႏိုင္တဲ႕သားသမီးကို အေမရိကားမွာ
ေက်ာင္းဆင္းအခ်ိန္ - After School ထားရတယ္။
သားငယ္ေလးအိမ္ျပန္ေရာက္ေတာ႕ ညေန ( ၄ ) နာရီခြဲေနျပီ။
.
.
ကေလးငယ္ေနတုန္းအေၾကာင္းမဟုတ္ဘူးလို႕ထင္ထားခဲ႕တာေတြဟာ ၾကီးလာေတာ႕ ေရးၾကီးခြင္က်ယ္ ျဖစ္လာတယ္။ အိမ္မွာ
ျမန္မာလိုမေျပာေတာ႕တာေတြ၊ ထမင္းမစားပဲ ဂိမ္းကစားတာေတြ၊ ညအိပ္ခ်ိန္မမွန္တာေတြကို
မိဘကခြင္႕လႊတ္လို႕ရတယ္ပဲထား .. မိဘနဲ႕သားသမီးဆက္ဆံေရးဟာ ေတာ္ေတာ္ခက္လာတာ
ၾကားသိရတယ္။
.
ဥပမာ - ျမန္မာလုိမေျပာနဲ႕ .. နားမလည္ဘူး တို႕၊ သူ႕
သူငယ္ခ်င္းေတြရဲ႕မိဘေတြဆို ဒီလိုမေအာ္ဘူးတို႕ .. ရုိက္ရင္ ရဲေခၚလိုက္မွာ တုိ႕
ဆုိတာေတြေၾကာင္႕ အေဖ နဲ႕ အေမတုိ႕ရင္မွာ ေၾကကြဲၾကရတယ္။ ဒါေပမယ္႕ သူတုိ႕မွာ
နားလည္ေအာင္ေျပာဖို႕ အဂၤလိပ္စာကလည္း ကေလးကုိ မေက်ာ္လြန္ႏုိင္၊ ဆူသာဆူရတယ္ ကေလးက
ျမန္မာစကားကို အဖက္မလုပ္ နဲ႕ ဆုိေတာ႕ သူတုိ႕အျဖစ္အပ်က္ကို လူသိမခံပဲ ေနၾကရတယ္။
.
.
အခါအားေလ်ာ္စြာလုပ္တဲ႕ ျမန္မာမိသားစုပြဲေတြမွာ မိဘကေခၚလို႕
မလိုက္ခ်င္ပဲလုိက္လာရတဲ႕ ကေလးရဲ႕စူပုတ္ေနတဲ႕မ်က္ႏွာကို ဒီအခါမွ လူေတြျမင္ၾကရတယ္။
မိဘက မိတ္ေဆြေတြနဲ႕ေတြ႕လို႕ “ ဒါ
ကြ်န္မသားေလ ” လို႕ မေမာမပမ္းမိတ္ဆက္ေပးေပမယ္႕ ကေလးမွာေတာ႕
ႏႈတ္မဆက္ခ်င္ပဲႏႈတ္ဆက္ရတဲ႕ သူ႕မ်က္လံုးေတြကို လက္ကုိင္ဖုန္းမ်က္ႏွာျပင္ကေန မခြဲႏုိင္ မခြာရက္ ျဖစ္ေနပါတယ္။
.
အခုလို ဘုန္းၾကီးေက်ာင္းပြဲ၊ ရံပံုေငြလက္မွတ္ေရာင္းပြဲ စတာေတြကို
ဒီေျမေပၚမွာ ၾကီးျပင္းလာသူ ကေလးေတြ မလုိက္ခ်င္ပါဘူး။ အသက္ငယ္ေသးေတာ႕ အိမ္မွာထားခဲ႕လုိ႕မရတဲ႕
အေမရိကန္ဥပေဒလည္းရွိ၊ အေဖက စေန ေရာ၊ တနဂၤေႏြေရာ အလုပ္လုပ္ဆုိေတာ႕ အိမ္ေစာင္႕မရွိတဲ႕ သူတုိ႕အျဖစ္အပ်က္က တစ္ကယ္မလြယ္ပါဘူး။
.
.
အရာအားလံုးကို ျပန္ဆန္းစစ္ၾကည္႕ရင္ အသက္ၾကီးမွကေလးရတာရယ္၊
ေငြရွာဖို႕အခ်ိန္မ်ားလြန္းတာအျပင္ မိဘေတြကိုယ္တုိင္က အဂၤလိပ္စာ နဲ႕ အဂၤလိပ္စကားကို
ဆက္မေလ႕လာခ်င္ေတာ႕တာရယ္ေၾကာင္႕လို႕ အၾကမ္းအားျဖင္႕ သံုးသပ္မိတယ္။
မိဘနဲ႕ေဝးလာတဲ႕ကေလးဟာ ေက်ာင္းကသင္ေပးလိုက္တဲ႕အသိဥာဏ္ေတြကို မိဘနဲ႕ျပန္ေျပာ
ျပန္ေဆြးေႏြးဖုိ႕အေျခအေန မေပးေတာ႕ပါဘူး။
.
ဒါေၾကာင္႕
ကေလးရဲ႕ေက်ာင္းဖတ္စာအုပ္ကိုနားလည္ဖို႕ေတာ္ေတာ္ၾကိဳးစားရတဲ႕မိဘေတြမွာ
သူငယ္ခ်င္းေတြနဲ႕ေက်ာင္းမွာ ဘာအေၾကာင္းအရာေတြသင္ခဲ႕တယ္ဆုိတာ သိဖို႕ပိုခက္လာတယ္။
တစ္ေန႕ထက္တစ္ေန႕ လူပ်ိဳေဖာ္ဝင္လာတဲ႕ကေလးရဲ႕ သစ္ရြက္မလႈပ္ပဲေလတိုက္တဲ႕စိတ္ေတြကိုသိဖို႕ဆိုတဲ႕ေမွ်ာ္လင္႕ခ်က္ဆိုတာ ေလေပြ ေလဝိုက္ေတြၾကားမွာ
လြင္႕ပါးေပ်ာက္ပ်က္ကုန္ပါေတာ႕တယ္။
.
.
အက်ိဳးဆက္အေနနဲ႕ ကေလးရဲ႕ၾကီးေကာင္ေပါက္အရြယ္မွာ ကုိင္တြယ္ရတာ
ပိုလက္ဝင္လာတယ္။ သူ႕စိတ္ကို ထဲထဲဝင္ဝင္မသိေတာ႕တဲ႕ မိဘႏွစ္ပါးဟာ တစ္ေန႕ထက္တစ္ေန႕
ယဥ္ေက်းသိမ္ေမြ႕မႈခမ္းေျခာက္လာတဲ႕သားရင္ေသြးကို ပညာတတ္ရင္ျပီးေရာဆုိတဲ႕
မ်က္လံုးနဲ႕ ဒီအတိုင္းၾကည္႕ေနရပါတယ္။
.
သူတုိ႕အျဖစ္အပ်က္ကို သိရ ၾကားရေတာ႕ ကြ်န္ေတာ႕မွာ မေျဖႏုိင္တဲ႕အေမးေတြ
ဝိုင္းဝုိင္းလည္ေနတယ္။
.
အခုက သား ေမြးထားလို႕ေတာ္ေသးရဲ႕ .. သမီးမိန္းကေလး ေမြးထားလို႕ ဒီလိုျဖစ္ရင္ ဘယ္လိုလုပ္ၾကမလဲ?
.
သူတို႕ပိုင္တဲ႕ အိမ္ ( ၄ ) လံုးမွာ သူတုိ႕သားငယ္က ေနပါ႕မလား?
.
ပညာတတ္ျဖစ္ျပီးသြားရင္ေရာ အေမရိကားမွာၾကီးတဲ႕ျမန္မာလူငယ္ေလးတစ္ေယာက္က
မိဘနဲ႕မွ ေနပါေတာ႕မလား?
.
ေက်ာင္းတက္သက္တမ္းကုန္ဆံုးသြားလို႕
အလုပ္အကိုင္ေကာင္းေတြရ၊
အိမ္ေထာင္ရက္သားက်သြားရင္ေရာ
ဘာေတြဆက္ျဖစ္ၾကမလဲ? ဆုိတာေတြကို ေတြးမေပါက္ေတာ႕လုိ႕
ဒီစာကိုေရးမိပါတယ္။
.
.
ခင္လ်က္
.
06-22-2016
.
.
.
Myanmar Unicode Version:
.
.
“ ကလေးငယ်ကိုအချိန်မပေးနိုင်တဲ့ပြသနာ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
အခုလို မိုးရာသီအစ ကလေးငယ်တွေကျောင်းစဖွင့်တဲ့အချိန်မှာ
ကျောင်းလိုက်ပို့ရတဲ့မိဘတွေရဲ့ဒုက္ခက မသေးပါဘူး။ နေ့လည်နေ့ခင်း ထမင်းစားချိန်မှာ မိမိရင်သွေး
ထမင်းကောင်းကောင်းစားရဖို့အရေး ကျောင်းလိုက်မတက်ရုံတစ်မယ် ကျောင်းရှေ့မှာ၊ ပလက်ဖောင်းပေါ်မှာ၊
သစ်ပင်ရိပ်ကမြက်ခင်းလေးပေါ်မှာ စတီးဂျိုင့်လေးကိုင်ရင်း ထမင်းကျွေးနေတဲ့လက်တွေဟာ ဘယ်လောက်အထိပင်ပန်းထားမယ်ဆိုတာ
မှန်းကြည့်ရုံနဲ့ မျက်ရည်ဝဲရပါတယ်။
.
ဒါဟာ မိဘမေတ္တာပါ..။ ဒီလိုချစ်ခြင်း ဒီလိုဂရုစိုက်မှုမျိုးကို
ငွေကြေးပေါ်မူတည်ပြီးဖြစ်တည်လာတဲ့ ရင်းနှီးမှု - Relationship လို့ ပြောလို့ဘယ်ဖြစ်ပါ့မလဲ? လူတိုင်းဟာ ကြီးပြင်းလာပုံချင်းမတူကြသလို
မွေးချင်းမောင်နှမ နဲ့ ဆွေမျိုးအသိုက်အဝန်း ပတ်ဝန်းကျင်ဆိုတာ ကွာခြားခဲ့ကြမှာပါပဲ။
.
တစ်ဆက်တည်း တူညီစွာချစ်ကြတဲ့မိဘဆိုတဲ့အလွှာအသီးသီးမှာ
မတူညီတဲ့ “ ကလေးတွေအပေါ်အချိန်ပေးခြင်း
” ကို ဆွေးနွေးကြည့်ချင်ပါတယ်။
.
.
မြန်မာနိုင်ငံမှာ မိမိကချမ်းသာလို့ အိမ်အကူ၊ ထမင်းဟင်းချက်အကူအပြင်
ကလေးထိန်းသူတွေပါငှားပြီး နေထိုင်နိုင်ကြသူတွေဟာ တစ်ကယ်တမ်းပြန်တွက်ကြည့်ရင် ကလေးတွေကိုပေးနိုင်တဲ့အားလပ်ချိန်တွေ
နည်းလာနေပါတယ်။ ဒါပေမယ့် တစ်အိမ်မှာ တစ်ယောက် ( ဒါမှမဟုတ် ) နှစ်ယောက်လောက် အလုပ်လုပ်ပေမယ့်
ကျန်မိသားစုဝင်က ကလေးတွေနဲ့အတူနေပေးနိုင်သူတွေ ရှိနေသေးတာက ကံကောင်းတဲ့အကျိုးပေးတစ်ခုပါ။
.
ဒါကြောင့် ကလေးတစ်ယောက်ဆီမှာ လူလားမြောက်တဲ့အချိန်အထိ
မိဘလက်အောက်မှာ ဥယျဉ်မှူးက ပန်းကောင်းတစ်ပွင့် ပေါင်းနှုတ်သုတ်သင်ပျိုးထောင်ရသလို ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဥာဏ်ရည်တိုးတက်မှု နဲ့ အချိန်ကိုက်
ခန္ဓာကိုယ်ဖွံ့ဖြိုးမှုတွေရှိလာတဲ့အပြင် အမှားနဲ့အမှန်ကိုပိုင်းခြားသိမြင်တတ်တဲ့ “ အသိဥာဏ်ဦးနှောက် ” တွေ ပါသွားဖို့ အထူးလိုအပ်ပါတယ်။
.
ဒီလိုကိစ္စတွေကို အမေရိကားရောက်မှ ပိုသိလာခဲ့သလို
မမြင်ဖူးတဲ့အတွေ့အကြုံဆန်းတွေကိုပြောပြချင်မိတယ်။
.
.
မိသားတစ်စုဆိုရင် လူကြည့်တော့ ပုံမှန်ပဲ .. ဒါပေမယ့်
ယောက်ျားက ကိုယ်ပိုင်တက္ကစီကား မောင်းတယ်။ မိန်းမက တစ်နာရီ ( ၁၅ ) ဒေါ်လာလောက်ရတဲ့အလုပ်တစ်ခုနဲ့
ပုံမှန်ဝင်ငွေရှိကြတယ်။ မောင်းတဲ့ကားက ( အခုအချိန်မှာ ) မြန်မာနိုင်ငံမှာ အရည်ကြိုစက်ပို့ရတော့မယ့်
မော်ဒယ်မျိုး။ ဒါပေမယ့် အထင်မသေး နဲ့ .. သူတို့လင်မယားမှာ ( ဘယ်သူမှသွားမပြောနဲ့
.. တဲ့ ) အိမ် ( ၄ ) လုံး ပိုင်တယ်။ လူငှားတင်ပြီး ရလာတဲ့အိမ်ငှားခတွေနဲ့ အိမ်အသီးသီးကို
အိမ်ဖိုး အရစ်ကျငွေသွင်းတယ်လေ။
.
စီးပွားရေးမှာတော့ အတော်တာသွားပေမယ့် အဆင်မပြေတာက
သားတစ်ယောက်အပေါ်မှာပါ..။
.
အဖေက တစ်အိမ်လုံးဘယ်သူမှမထခင် အလုပ်ကိုထွက်သွားပြီ။
အမေက သားကျောင်းမသွားခင် အလုပ်တက်ရတယ်။ ဒီတော့ အိပ်နေတဲ့သားငယ်လေးကို အိမ်ရှေ့ကဆိုဖာပေါ်ကိုရွှေ့ပေးခဲ့ပြီး
လက်ကိုင်ဖုန်းထဲ နှိုးစက်ဖွင့်ပြီးထားခဲ့ရတယ်။
.
.
အိပ်ယာနိုးလာတဲ့ကလေးဟာ ခုံပေါ်မှာ အမေလုပ်ပေးထားတဲ့
မနက်စာကို မိုက်ခရိုဝေ့ဖ် ထဲထည့်နွှေးပြီး ကိုယ့်ဟာကိုယ်စား၊ ကိုယ့်ဟာကိုယ်မျက်နှာသစ်
.. အကျီၤလဲပြီး တစ်ခါပို့ဘယ်လောက်ဆိုပြီး ခေါ်ထားတဲ့ မြန်မာလူမျိုးကျောင်းလိုက်ပို့ပေးသူကို
စောင့်ရပါတယ်။ ဒီလိုနဲ့ ကလေးဟာ အဖေ နဲ့ အမေ လိုက်မပို့နိုင်တဲ့ကျောင်းကို အမြဲရောက်ရတယ်။
.
ကျောင်းမှာ ဆန်းဝှစ်ဝယ်စား၊ ဘိုစာသင်၊ ဘိုစကားပြော၊
ဘိုသူငယ်ချင်းရ နဲ့ အိမ်ပြန်လာတော့ အွန်လိုင်းဂိမ်းကစားပြန်တယ်။ အမေ အလုပ်ကမဆင်းခင်
ကလေးကျောင်းက လွှတ်ပါတယ်။ ဒီလို အချိန်မီလာမကြိုနိုင်တဲ့သားသမီးကို အမေရိကားမှာ ကျောင်းဆင်းအချိန်
- After School ထားရတယ်။ သားငယ်လေးအိမ်ပြန်ရောက်တော့
ညနေ ( ၄ ) နာရီခွဲနေပြီ။
.
.
ကလေးငယ်နေတုန်းအကြောင်းမဟုတ်ဘူးလို့ထင်ထားခဲ့တာတွေဟာ
ကြီးလာတော့ ရေးကြီးခွင်ကျယ် ဖြစ်လာတယ်။ အိမ်မှာ မြန်မာလိုမပြောတော့တာတွေ၊ ထမင်းမစားပဲ
ဂိမ်းကစားတာတွေ၊ ညအိပ်ချိန်မမှန်တာတွေကို မိဘကခွင့်လွှတ်လို့ရတယ်ပဲထား .. မိဘနဲ့သားသမီးဆက်ဆံရေးဟာ
တော်တော်ခက်လာတာ ကြားသိရတယ်။
.
ဥပမာ - မြန်မာလိုမပြောနဲ့ .. နားမလည်ဘူး တို့၊ သူ့
သူငယ်ချင်းတွေရဲ့မိဘတွေဆို ဒီလိုမအော်ဘူးတို့ .. ရိုက်ရင် ရဲခေါ်လိုက်မှာ တို့ ဆိုတာတွေကြောင့်
အဖေ နဲ့ အမေတို့ရင်မှာ ကြေကွဲကြရတယ်။ ဒါပေမယ့် သူတို့မှာ နားလည်အောင်ပြောဖို့ အင်္ဂလိပ်စာကလည်း
ကလေးကို မကျော်လွန်နိုင်၊ ဆူသာဆူရတယ် ကလေးက မြန်မာစကားကို အဖက်မလုပ် နဲ့ ဆိုတော့ သူတို့အဖြစ်အပျက်ကို
လူသိမခံပဲ နေကြရတယ်။
.
.
အခါအားလျော်စွာလုပ်တဲ့ မြန်မာမိသားစုပွဲတွေမှာ မိဘကခေါ်လို့
မလိုက်ချင်ပဲလိုက်လာရတဲ့ ကလေးရဲ့စူပုတ်နေတဲ့မျက်နှာကို ဒီအခါမှ လူတွေမြင်ကြရတယ်။ မိဘက
မိတ်ဆွေတွေနဲ့တွေ့လို့ “
ဒါ ကျွန်မသားလေ
” လို့ မမောမပမ်းမိတ်ဆက်ပေးပေမယ့်
ကလေးမှာတော့ နှုတ်မဆက်ချင်ပဲနှုတ်ဆက်ရတဲ့ သူ့မျက်လုံးတွေကို လက်ကိုင်ဖုန်းမျက်နှာပြင်ကနေ
မခွဲနိုင် မခွာရက် ဖြစ်နေပါတယ်။
.
အခုလို ဘုန်းကြီးကျောင်းပွဲ၊ ရံပုံငွေလက်မှတ်ရောင်းပွဲ
စတာတွေကို ဒီမြေပေါ်မှာ ကြီးပြင်းလာသူ ကလေးတွေ မလိုက်ချင်ပါဘူး။ အသက်ငယ်သေးတော့ အိမ်မှာထားခဲ့လို့မရတဲ့
အမေရိကန်ဥပဒေလည်းရှိ၊ အဖေက စနေ ရော၊ တနင်္ဂနွေရော အလုပ်လုပ်ဆိုတော့ အိမ်စောင့်မရှိတဲ့
သူတို့အဖြစ်အပျက်က တစ်ကယ်မလွယ်ပါဘူး။
.
.
အရာအားလုံးကို ပြန်ဆန်းစစ်ကြည့်ရင် အသက်ကြီးမှကလေးရတာရယ်၊
ငွေရှာဖို့အချိန်များလွန်းတာအပြင် မိဘတွေကိုယ်တိုင်က အင်္ဂလိပ်စာ နဲ့ အင်္ဂလိပ်စကားကို
ဆက်မလေ့လာချင်တော့တာရယ်ကြောင့်လို့ အကြမ်းအားဖြင့် သုံးသပ်မိတယ်။ မိဘနဲ့ဝေးလာတဲ့ကလေးဟာ
ကျောင်းကသင်ပေးလိုက်တဲ့အသိဥာဏ်တွေကို မိဘနဲ့ပြန်ပြော ပြန်ဆွေးနွေးဖို့အခြေအနေ မပေးတော့ပါဘူး။
.
ဒါကြောင့် ကလေးရဲ့ကျောင်းဖတ်စာအုပ်ကိုနားလည်ဖို့တော်တော်ကြိုးစားရတဲ့မိဘတွေမှာ
သူငယ်ချင်းတွေနဲ့ကျောင်းမှာ ဘာအကြောင်းအရာတွေသင်ခဲ့တယ်ဆိုတာ သိဖို့ပိုခက်လာတယ်။ တစ်နေ့ထက်တစ်နေ့
လူပျိုဖော်ဝင်လာတဲ့ကလေးရဲ့ သစ်ရွက်မလှုပ်ပဲလေတိုက်တဲ့စိတ်တွေကိုသိဖို့ဆိုတဲ့မျှော်လင့်ချက်ဆိုတာ
လေပွေ လေဝိုက်တွေကြားမှာ လွင့်ပါးပျောက်ပျက်ကုန်ပါတော့တယ်။
.
.
အကျိုးဆက်အနေနဲ့ ကလေးရဲ့ကြီးကောင်ပေါက်အရွယ်မှာ ကိုင်တွယ်ရတာ
ပိုလက်ဝင်လာတယ်။ သူ့စိတ်ကို ထဲထဲဝင်ဝင်မသိတော့တဲ့ မိဘနှစ်ပါးဟာ တစ်နေ့ထက်တစ်နေ့ ယဉ်ကျေးသိမ်မွေ့မှုခမ်းခြောက်လာတဲ့သားရင်သွေးကို
ပညာတတ်ရင်ပြီးရောဆိုတဲ့ မျက်လုံးနဲ့ ဒီအတိုင်းကြည့်နေရပါတယ်။
.
သူတို့အဖြစ်အပျက်ကို သိရ ကြားရတော့ ကျွန်တော့မှာ
မဖြေနိုင်တဲ့အမေးတွေ ဝိုင်းဝိုင်းလည်နေတယ်။
.
အခုက သား မွေးထားလို့တော်သေးရဲ့ .. သမီးမိန်းကလေး
မွေးထားလို့ ဒီလိုဖြစ်ရင် ဘယ်လိုလုပ်ကြမလဲ?
.
သူတို့ပိုင်တဲ့ အိမ် ( ၄ ) လုံးမှာ သူတို့သားငယ်က
နေပါ့မလား?
.
ပညာတတ်ဖြစ်ပြီးသွားရင်ရော အမေရိကားမှာကြီးတဲ့မြန်မာလူငယ်လေးတစ်ယောက်က
မိဘနဲ့မှ နေပါတော့မလား?
.
ကျောင်းတက်သက်တမ်းကုန်ဆုံးသွားလို့ အလုပ်အကိုင်ကောင်းတွေရ၊
အိမ်ထောင်ရက်သားကျသွားရင်ရော ဘာတွေဆက်ဖြစ်ကြမလဲ? ဆိုတာတွေကို တွေးမပေါက်တော့လို့
ဒီစာကိုရေးမိပါတယ်။
.
.
ခင်လျက်
.
06-22-2016
No comments:
Post a Comment