ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, February 17, 2015

ညွိခဲ႕တဲ႕အခ်စ္ေတြ ကေလးႏွစ္ေယာက္သက္ေသ

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
.
လမ္းမေပၚေျပးထြက္သြားတဲ႕သားေနာက္ကို ၾကက္ေတာင္ေမႊးတစ္ေခ်ာင္းနဲ႕ ကြ်န္မ လိုက္သြားမိတယ္။ အရင္လည္း သူ႕ကို ဒီလိုရုိက္ေနက်ပဲ .. အခုက်မွ ဘယ္လိုျဖစ္ေနတာလဲ? 
.
“ ျပန္လာခဲ႕စမ္း ” ကြ်န္မ လွမ္းေအာ္လိုက္တယ္။
.
“ မာမား ရတယ္ .. သားျပန္မလာေတာ႕ဘူး ” သားက လွည္႕ေအာ္ရင္း ဆက္ေျပးတယ္။
.
“ သား အရုိက္မခံရေအာင္ေနရင္ မရုိက္ပါဘူး ” လို႕ ကြ်န္မ ဂရုဏာသံနဲ႕ ေခ်ာ႕ေျပာတယ္ .. မရဘူး ဆက္ေျပးေနတယ္။ ဒါနဲ႕ ကြ်န္မလည္း မီွေအာင္ေျပးလိုက္သြားတယ္။ စိတ္ထဲက ငုိကလည္း ငိုခ်င္ ေဒါသလည္းထြက္နဲ႕ ကေလးကုိ နားရြက္ဆြဲျပီး အိမ္ျပန္ေခၚလာတယ္။ လက္ထဲမွာ ကေလးက မရုန္းေတာ႕ဘူး။ ရိႈက္ဝင္ ရိႈက္ထြက္ ငိုသံေလးဟာ ကြ်န္မဆီကလာတာလား?  ကေလးဆီကလာတာလား? ကြ်န္မ မမွတ္မိေတာ႕ပါဘူး။
.
.
အဲဒီကတည္းက ဒီေန႕ဒီအခ်ိန္အထိ သားကို ကြ်န္မ မာမာထန္ထန္ မေျပာေတာ႕ဘူး။ “ ငါ႕သားက ရုိက္တာ မၾကိဳက္တဲ႕ ကေလးပါလား ” ဆိုတာ သိလိုက္တဲ႕အခ်ိန္ ကေလးေတာင္ ( ၄ ) ႏွစ္သား ေရာက္ေနျပီ။ အင္း .. ဘယ္ႏွစ္ႏွစ္ ဘယ္ႏွစ္လဆက္တုိက္ ကေလးကို ရိုက္လာပါလိမ္႕? ဆူးဆူးျပီး အေတြးနစ္ေနတဲ႕ မိခင္ရဲ႕ ဗေလာင္ဆူေနတဲ႕ခံစားခ်က္ရင္ခြင္မ်ိဳးဆိုတာ ကြ်န္မ ခံစားလို႕ ရလိုက္တယ္။

.
သားက ကြ်န္မဘာသင္ေပးေပး အင္မတန္ အတတ္ျမန္တယ္။ အရမ္းထက္ျမက္တယ္။ အခုလည္းၾကည္႕ဦး .. လမ္းေပၚမွာရန္ျဖစ္တာကို ကြ်န္မေခၚရာ ျငိမ္ျပီးျပန္လိုက္လာတယ္။ ဒါ ေတာ္လို႕ေပါ႕။ သူေျပာတဲ႕အတိုင္း ၾကက္ေတာင္ေမႊးနဲ႕မရိုက္ရင္ ျပီးေရာ က်န္တာ ကြ်န္မ နားရြက္ဆြဲေခၚတာလည္း ခံတာပဲ။ ဆူပူၾကိမ္းေမာင္းရင္လည္း ျငိမ္ေနတာပဲ။
.
သူဟာ ၾကက္ေတာင္ေမႊးနဲ႕ရုိက္ျပီး ဆံုးမရေလာက္ေအာင္ဆိုးတဲ႕ ကေလးမဟုတ္ဘူးဆိုတာ အသားအနာခံ သင္ေပးလိုက္တာပဲဆုိတာ ကြ်န္မရင္ထဲက သိလိုက္ျပီ။ ဒီမနက္အျဖစ္အပ်က္ကလည္း အဆန္းၾကီးမဟုတ္ဘူး။ မနက္ထလာကတည္းက မ်က္ႏွာမသစ္ဘူး အီလည္လည္လုပ္ေနတယ္။ ဒါနဲ႕ ကြ်န္မက ၾကက္ေတာင္ေမႊး လွမ္းကိုင္ေရာ။ ကြ်န္မကလည္း ကြ်န္မပါပဲ..။
.
.
သိပ္မၾကာဘူး ကြ်န္မေယာက္်ား အေမရိကားကေခၚေတာ႕ သားက ( ၁ဝ ) ႏွစ္သား အရြယ္နဲ႕ ပါလာတယ္။ အေျခက်မယ္မၾကံေသးဘူး ေယာက်္ားက ဇာတိျပလာတယ္လို႕ ေျပာရမလား .. ကြ်န္မ သိပ္စိတ္ရႈတ္တယ္။ အေဖကေသာက္ သားက ေဘးနားမွာထုိင္ၾကည္႕ေနတယ္ .. ေကာင္းၾကေသးရဲ႕လား?
.
အျမဲစကားမ်ားတယ္ ကြ်န္မတို႕ႏွစ္ေယာက္..။ ခက္တာ အဲဒီေယာက္်ားက အရည္ဝင္ရင္ သူ႕ဟာသူ ျငိမ္ျငိမ္မေနဘူး .. ဟုိဟာ ဒီဟာ အျမဲ အျပစ္ရွာတယ္။ အေမရိကန္မွာဆိုေတာ႕ သူ အျပင္မွာ မေသာက္ရဲဘူး။ ကလပ္မွာ ေသာက္ရင္ေသာက္၊ အိမ္မွာ ထုိင္ေသာက္၊ လမ္းေပၚမွာ ေသာက္ရင္းသြားလို႕ကေတာ႕ ရဲက ဆြဲျပီးသားပဲ။ ဒါေၾကာင္႕ သူ႕မွာ ေရြးခ်ယ္စရာ Option မရွိဘူူး .. အိမ္မွာေသာက္တယ္။ ကြ်န္မကလည္း အျမည္းေတြ လုပ္ေပးပါတယ္။ အဲဒါကုိ သားက ေဘးကေန အျမည္းထုိင္စားရင္း အစပိုင္းေတာ႕ အားလံုး အိုေခ။
.
.
နည္းနည္းလည္း ေရခ်ိန္ကိုက္လာေရာ စျပီ အေၾကာမတည္႕တဲ႕ ဇာတ္လမ္းေတြ။ သူက ဒီအတိုင္း စကားခ်ည္း ထုိင္ေျပာေနတာ မဟုတ္ဘူး။ တစ္ခ်က္ တစ္ခ်က္ စိတ္ေပါက္လာရင္ ထ,ထရုိက္ေတာ႕ ကြ်န္မက မိန္းမသား မဟုတ္လား? ဘယ္ခံႏိုင္မလဲ။ ေနာက္တစ္ရက္ အလုပ္တက္ရင္ မ်က္ႏွာမွာ အညိဳအမည္းစြဲလို႕ သူမ်ားေတြဆို သိျပီးသား “ နင္႕ ဘဲၾကီး မေန႕က ေဆာ္လိုက္ျပန္ျပီလား ” တဲ႕။ ကြ်န္မ အလုပ္မတက္လို႕လည္းမရ .. ရွက္လုိက္တာ။
.
သူ႕အေဖလက္ပါတာကုိ သားက မၾကိဳက္ဘူး။ အေမဖက္က အျမဲေနတဲ႕သားမ်ိဳး။ စကားဆုိ ေအးေအးေဆးေဆးေျပာ ကိုယ္ထိလက္ေရာက္မလုပ္နဲ႕  မေက်နပ္ဘူး .. သူမၾကိဳက္ဘူး။ တစ္ကယ္က ပါးစပ္နဲ႕ေျပာရင္ လက္နဲ႕ရုိက္တာထက္ဆုိးတယ္လို႕ သား ခဏခဏေျပာဖူးတယ္။
.
.
သား ( ၁၁ ) ႏွစ္သား အရြယ္ေလာက္မွာ ထံုးစံအတိုင္း အေဖကေသာက္၊ သားက အျမည္းထုိင္စား၊ အေမက ပြစိပြစိနဲ႕ ဆူပူ .. မိသားစု တစ္ျခမ္းေစာင္းအရက္ဝုိင္း စတင္အသက္ဝင္တဲ႕အခ်ိန္မွာေပါ႕။ အေဖလုပ္တဲ႕သူက မူးရင္း ရစ္ရင္းဆုိေတာ႕ အသိစိတ္က လြတ္ေနျပီ။ မည္းမည္းျမင္ရင္ပစ္တဲ႕ မုဆုိးလို ေတြ႕ကရာ မာန္မဲျပစ္တင္ေနေတာ႕တာ အၾကာၾကီး..။
.
ျဗဳန္းဆို ေယာက္်ားက ကြ်န္မကုိ ထရုိက္ပါေလေရာ။ သားက ဝင္တားတယ္ “ မရုိက္နဲ႕ ေအးေဆး စကားေျပာေပါ႕ ”။ ဒါကို ေယာက္်ားက မရဘူး ဆက္ၾကမ္းေနလို႕ သားက မ်က္လံုးေစာင္ၾကီးနဲ႕ ဝင္ေဟာင္တယ္ “ မာမားကုိ မရိုက္နဲ႕ ” တဲ႕။ အဲဒီအခ်ိန္မွာ လွ်ပ္စီးလွက္သလုိ အျဖစ္အပ်က္တစ္ခု ကြ်န္မ ဘယ္လုိမွ ေမ႕လို႕မရခဲ႕ဘူး။
.
ေယာက္်ားက သားရဲ႕ ပါးကို ျဖန္းကနဲ ရုိက္ခ်လိုက္တယ္။ သား ငိုတယ္။ ခဏေလး ေနေတာ႕ ဘာမွမေျပာေတာ႕ဘူး။ ဘာဆုိ ဘာမွကုိ မေျပာေတာ႕တာ။ အဲဒီကစ အခုအထိ မ်က္ရည္လံုးဝမက်ေတာ႕ဘူး။ သူ႕အေဖကို အရမ္းစိတ္နာသြားတာ..။
.
.
ေယာက္်ားက အဲဒီေလာက္နဲ႕တင္ မရပ္ေသးဘူး။ အငယ္ေကာင္ကို ေမြးျပီးတဲ႕အထိ လက္ကပါတုန္း။ မ်က္စိတို႕ နားတို႕ သြားဖံုးတုိ႕ဆိုတာ ေသြးခဏခဏထြက္တာ ကြ်န္မ ကြမ္းစားေတာ႕ စပ္လိုက္တာ လြန္ေရာ..။ ပထမတစ္ခ်က္တုန္းက မ်က္စိ မ်က္ခံုး ဖူးေယာင္သြားတယ္။ ဒုတိယတစ္ခ်က္က်ေတာ႕ သြားဖံုးကြဲသြားျပန္ေရာ။ ကြ်န္မ မရေတာ႕ဘူး ရဲေခၚလိုက္တယ္။ ေယာက္်ားကို ဖမ္းသြားတယ္။ သူ႕အစ္ကုိက သြားေရြးေပးလို႕ အာမခံနဲ႕ထြက္လာတယ္။ ဒါေတာင္ ခံဝန္နဲ႕ “ မိန္းမ နဲ႕ ကုိက္ ( ၁ဝဝ ) အကြာအေဝးမွာ ေနရမယ္ ” တဲ႕။ သူေတာ႕ သြားျပီ..။
.
ဒါေပမယ္႕ ကြ်န္မက ဘယ္ရမလဲ။ အလုပ္က တက္ရဦးမယ္ မဟုတ္လား? ကေလးငယ္က ရွိေသးတယ္။ ဒါေၾကာင္႕ သူ႕အစ္ကုိအိမ္မွာ ရက္ ( ၃ဝ ) လံုးလံုး ေသာင္တင္ေနတဲ႕ ယစ္ထုတ္ၾကီးဆီ အလုပ္သြားခါနီး ကေလးကို ေန႕တုိင္းသြားပို႕တာေပါ႕။ သူလည္း မေသာက္ရဲေတာ႕ပါဘူး။ ဟုတ္တယ္ေလ .. ကြ်န္မအလုပ္တက္ေတာ႕ ကေလးငယ္ ဘယ္သူၾကည္႕မတုန္း?  ကေလးထိန္းခ,က ေစ်းၾကီးသနဲ႕ .. အေမရိကားေလ သိတယ္မလား ဘယ္ဟာမွ အလကားမရဘူးေလ..။
.
ေျပာျပရဦးမယ္ .. ကြ်န္မေက်နပ္လိုက္တာ အရမ္းပဲ။ ရဲက အိမ္ထဲဝင္ေတာ႕ ေယာက္်ားကုိ သပ္သပ္၊ ကြ်န္မကို သပ္သပ္ အခန္းခဲြျပီးစစ္တယ္။ ဒါ႕အျပင္ သားကုိ သက္ေသအေနနဲ႕ ထပ္စစ္ေသးတယ္။ သားကုိ အခန္းတစ္ခန္းထဲကို ေခၚသြားတယ္။ ရဲက ေမးေတာ႕ သားက ဘာေျပာတယ္မွတ္သလဲ?  “ အေဖေလ .. အေမ႕ကုိရုိက္တာ ( ၂၅ ) ခ်က္ ေတာင္ ” တဲ႕..။ ၾကည္႕ေလ .. အေမ႕ဖက္ကပါလို႕ သူ႕အေမကုိ ဘယ္ႏွစ္ခ်က္ရိုက္သလဲဆုိတာ သူေသေသခ်ာခ်ာ ေရထားတာေပါ႕။ ဒါမွ ကြ်န္မသား..။
.
.
ဒါက ဒုတိယတစ္ေခါက္။ ပထမတစ္ေခါက္ ရွိခဲ႕ေသးတယ္။ တစ္ရက္ .. မွတ္မွတ္ရရ ကြ်န္မ ေရွာ႕ပင္းေမာကေန မတ္တပ္ပန္ကာတစ္လံုး ဝယ္လာတယ္။ ေဒၚလာ ( ၁၅ဝ ) ေပးရတယ္။ အဲဒါ ကားေပၚေရာက္ေတာ႕ ကိုယ္ေတာ္ေခ်ာက ျပသနာရွာေရာ။ နင္က ဒီ ( ၁၅ဝ ) တန္ ပန္ကာနဲ႕ ဘာလုပ္မွာတုန္း ဘာတုန္း ညာတုန္းဆုိျပီး ေျပာေျပာဆုိဆုိ ကားေပၚကေန ပန္ကာကို ကန္ခ်ပစ္လိုက္တယ္ေလ။ ပန္ကာထိပ္ပိုင္း ပိန္သြားတယ္။ အဲဒါကိုလည္း သူ႕အစ္မက သိမ္းသြားတယ္။ အဲဒီအခ်ိန္က ( ၂ဝဝ၇ ) ခုႏွစ္ .. အငယ္ေကာင္ကုိ ေမြးျပီးေနျပီ။
.
အဲဒါနဲ႕ ကြ်န္မက အၾကီးေကာင္ကို လက္ဆြဲျပီး လမ္းမေပၚမွာ ငိုေနတာေပါ႕။ ခဏေနက်ေတာ႕ ရဲကားေရာက္လာျပီး ဘာျဖစ္တာလဲ လို႕ေမးတယ္။ စိတ္ဓါတ္မက်ဖုိ႕ အားေပးတယ္ ေဖးမတယ္။ အခုျဖစ္တဲ႕ကိစၥကို ေျပာျပခ်င္တယ္ဆုိရင္ နားေထာင္မယ္႕သူ လႊတ္ေပးမယ္။ ရဲစခန္းထဲက အခန္းတစ္ခုထဲကို ေခၚသြားတယ္။ ကြ်န္မခံစားရတာကို ဖုန္းဆက္ျပီး နားေထာင္တဲ႕သူကို ေျပာျပခြင္႕ရတယ္။ ပထမတစ္ေခါက္တုန္းကေတာ႕ အက်ယ္အက်ယ္ မျဖစ္လိုက္ဘူး။ ဒုတိယတစ္ေခါက္မွသာ မွတ္ေလာက္သားေလာက္ ျဖစ္သြားတာ။
.
.
အခုလို ေျပာျပရတာ ကြ်န္မမွာ အေၾကာင္းရွိတယ္။ ဘယ္သူက ကုိယ္႕ေယာက္်ား အရက္စြဲေနတာ ေျပာခ်င္မွာလဲ? ကြ်န္မလည္း မေျပာခ်င္ဘူး။ ဒါေပမယ္႕ အေမရိကန္မွာ ျမန္မာႏိုင္ငံ ကုိယ္႕အိမ္္ ကုိယ္႕ရပ္ကြက္မွာလို လုပ္္ခ်င္သလို လုပ္လို႕မရဘူး .. သူ႕စည္းကမ္းသူ ရွိတယ္။ လူ႕အခြင္႕အေရးႏိုင္ငံဆုိျပီး ရမ္းလို႕မရဘူးဆိုတာ သိေစခ်င္တယ္။ “ ငါ႕အိမ္မွာ ငါေသာက္တာ၊ ငါ႕မိန္းမ ငါရိုက္တာ ဘယ္သူ႕ဂရုစိုက္ရမွာလဲ? ဘယ္ေခြးမွ လူမထင္ဘူးကြ ” ဆိုတာမ်ိဳး ဒီမွာ မရဘူး။
.
အထူးသျဖင္႕ အမ်ိဳးသမီးေတြ အႏိွမ္ခံေနရသလားဆုိတာ လိုက္ၾကည္႕ - Monitor လုပ္ေနၾကတာ အခ်ိန္တိုင္းပဲ။ ကိုယ္က ဒီေလာက္ျဖစ္တာေတာင္ ျငိမ္ခံေနရင္ေတာ႕ တစ္မ်ိဳးေပါ႕ေလ။ အခြင္႕အေရးကာကြယ္ေရးအစီအမံဆိုတာ အလုိအေလ်ာက္ ကုိယ္႕ေရွ႕ကိုေရာက္လာတဲ႕ ေလတံခြန္ တစ္ေကာင္မွ မဟုတ္တာ..။
.
ကုိယ္က အခ်စ္ေလတံခြန္ကုိ ႏိုင္ႏိုင္ကိုင္ခ်င္ရင္ ဆုိင္းၾကိဳး တတ္တတ္ရမွာေပါ႕။ ၾကိဳးခ်င္းစားခ်င္ရင္ အပ္ခ်ည္ကုိ မွန္စာ တုိက္တတ္ရမွာေပါ႕။ ေလဟုန္မွာ ကုိယ္လိုခ်င္သလို အတုိးအေလွ်ာ႕လုပ္ခ်င္ရင္ ရစ္ဘီးလည္း ပါရမွာေပါ႕။ ကြ်န္မညွိခဲ႕တဲ႕အခ်စ္ကေတာ႕ ကေလး ( ၂ ) ေယာက္လံုးက သက္ေသေတြပဲေလ..။
.
.
ခြင္႕ျပဳခ်က္ႏွင္႕အတူ ခံစားေရးဖြဲ႕ခြင္႕ရသည္႕အတြက္ မူရင္းကာယကံရွင္မ်ားကို အထူးေက်းဇူးတင္ရွိပါသည္။
.

koko2yeye@gmail.com
.
.
.
Myanmar Unicode Version:
.
.
“ ညှိခဲ့တဲ့အချစ်တွေ ကလေးနှစ်ယောက်သက်သေ ” 
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
လမ်းမပေါ်ပြေးထွက်သွားတဲ့သားနောက်ကို ကြက်တောင်မွှေးတစ်ချောင်းနဲ့ ကျွန်မ လိုက်သွားမိတယ်။ အရင်လည်း သူ့ကို ဒီလိုရိုက်နေကျပဲ .. အခုကျမှ ဘယ်လိုဖြစ်နေတာလဲ?  
.
“ ပြန်လာခဲ့စမ်း ” ကျွန်မ လှမ်းအော်လိုက်တယ်။
“ မာမား ရတယ် .. သားပြန်မလာတော့ဘူး ” သားက လှည့်အော်ရင်း ဆက်ပြေးတယ်။
.
“ သား အရိုက်မခံရအောင်နေရင် မရိုက်ပါဘူး ” လို့ ကျွန်မ ဂရုဏာသံနဲ့ ချော့ပြောတယ် .. မရဘူး ဆက်ပြေးနေတယ်။ ဒါနဲ့ ကျွန်မလည်း မှီအောင်ပြေးလိုက်သွားတယ်။ စိတ်ထဲက ငိုကလည်း ငိုချင် ဒေါသလည်းထွက်နဲ့ ကလေးကို နားရွက်ဆွဲပြီး အိမ်ပြန်ခေါ်လာတယ်။ လက်ထဲမှာ ကလေးက မရုန်းတော့ဘူး။ ရှိုက်ဝင် ရှိုက်ထွက် ငိုသံလေးဟာ ကျွန်မဆီကလာတာလား?  ကလေးဆီကလာတာလား? ကျွန်မ မမှတ်မိတော့ပါဘူး။ 
.
.
အဲဒီကတည်းက ဒီနေ့ဒီအချိန်အထိ သားကို ကျွန်မ မာမာထန်ထန် မပြောတော့ဘူး။ “ ငါ့သားက ရိုက်တာ မကြိုက်တဲ့ ကလေးပါလား ” ဆိုတာ သိလိုက်တဲ့အချိန် ကလေးတောင် ( ၄ ) နှစ်သား ရောက်နေပြီ။ အင်း .. ဘယ်နှစ်နှစ် ဘယ်နှစ်လဆက်တိုက် ကလေးကို ရိုက်လာပါလိမ့်? ဆူးဆူးပြီး အတွေးနစ်နေတဲ့ မိခင်ရဲ့ ဗလောင်ဆူနေတဲ့ခံစားချက်ရင်ခွင်မျိုးဆိုတာ ကျွန်မ ခံစားလို့ ရလိုက်တယ်။ 
.
သားက ကျွန်မဘာသင်ပေးပေး အင်မတန် အတတ်မြန်တယ်။ အရမ်းထက်မြက်တယ်။ အခုလည်းကြည့်ဦး .. လမ်းပေါ်မှာရန်ဖြစ်တာကို ကျွန်မခေါ်ရာ ငြိမ်ပြီးပြန်လိုက်လာတယ်။ ဒါ တော်လို့ပေါ့။ သူပြောတဲ့အတိုင်း ကြက်တောင်မွှေးနဲ့မရိုက်ရင် ပြီးရော ကျန်တာ ကျွန်မ နားရွက်ဆွဲခေါ်တာလည်း ခံတာပဲ။ ဆူပူကြိမ်းမောင်းရင်လည်း ငြိမ်နေတာပဲ။ 
.
သူဟာ ကြက်တောင်မွှေးနဲ့ရိုက်ပြီး ဆုံးမရလောက်အောင်ဆိုးတဲ့ ကလေးမဟုတ်ဘူးဆိုတာ အသားအနာခံ သင်ပေးလိုက်တာပဲဆိုတာ ကျွန်မရင်ထဲက သိလိုက်ပြီ။ ဒီမနက်အဖြစ်အပျက်ကလည်း အဆန်းကြီးမဟုတ်ဘူး။ မနက်ထလာကတည်းက မျက်နှာမသစ်ဘူး အီလည်လည်လုပ်နေတယ်။ ဒါနဲ့ ကျွန်မက ကြက်တောင်မွှေး လှမ်းကိုင်ရော။ ကျွန်မကလည်း ကျွန်မပါပဲ..။
.
.
သိပ်မကြာဘူး ကျွန်မယောက်ျား အမေရိကားကခေါ်တော့ သားက ( ၁ဝ ) နှစ်သား အရွယ်နဲ့ ပါလာတယ်။ အခြေကျမယ်မကြံသေးဘူး ယောက်ျားက ဇာတိပြလာတယ်လို့ ပြောရမလား .. ကျွန်မ သိပ်စိတ်ရှုတ်တယ်။ အဖေကသောက် သားက ဘေးနားမှာထိုင်ကြည့်နေတယ် .. ကောင်းကြသေးရဲ့လား? 
.
အမြဲစကားများတယ် ကျွန်မတို့နှစ်ယောက်..။ ခက်တာ အဲဒီယောက်ျားက အရည်ဝင်ရင် သူ့ဟာသူ ငြိမ်ငြိမ်မနေဘူး .. ဟိုဟာ ဒီဟာ အမြဲ အပြစ်ရှာတယ်။ အမေရိကန်မှာဆိုတော့ သူ အပြင်မှာ မသောက်ရဲဘူး။ ကလပ်မှာ သောက်ရင်သောက်၊ အိမ်မှာ ထိုင်သောက်၊ လမ်းပေါ်မှာ သောက်ရင်းသွားလို့ကတော့ ရဲက ဆွဲပြီးသားပဲ။ ဒါကြောင့် သူ့မှာ ရွေးချယ်စရာ Option မရှိဘူး .. အိမ်မှာသောက်တယ်။ ကျွန်မကလည်း အမြည်းတွေ လုပ်ပေးပါတယ်။ အဲဒါကို သားက ဘေးကနေ အမြည်းထိုင်စားရင်း အစပိုင်းတော့ အားလုံး အိုခေ။
.
.
နည်းနည်းလည်း ရေချိန်ကိုက်လာရော စပြီ အကြောမတည့်တဲ့ ဇာတ်လမ်းတွေ။ သူက ဒီအတိုင်း စကားချည်း ထိုင်ပြောနေတာ မဟုတ်ဘူး။ တစ်ချက် တစ်ချက် စိတ်ပေါက်လာရင် ထ,ထရိုက်တော့ ကျွန်မက မိန်းမသား မဟုတ်လား? ဘယ်ခံနိုင်မလဲ။ နောက်တစ်ရက် အလုပ်တက်ရင် မျက်နှာမှာ အညိုအမည်းစွဲလို့ သူများတွေဆို သိပြီးသား “ နင့် ဘဲကြီး မနေ့က ဆော်လိုက်ပြန်ပြီလား ” တဲ့။ ကျွန်မ အလုပ်မတက်လို့လည်းမရ .. ရှက်လိုက်တာ။
.
သူ့အဖေလက်ပါတာကို သားက မကြိုက်ဘူး။ အမေဖက်က အမြဲနေတဲ့သားမျိုး။ စကားဆို အေးအေးဆေးဆေးပြော ကိုယ်ထိလက်ရောက်မလုပ်နဲ့  မကျေနပ်ဘူး .. သူမကြိုက်ဘူး။ တစ်ကယ်က ပါးစပ်နဲ့ပြောရင် လက်နဲ့ရိုက်တာထက်ဆိုးတယ်လို့ သား ခဏခဏပြောဖူးတယ်။ 
.
.
သား ( ၁၁ ) နှစ်သား အရွယ်လောက်မှာ ထုံးစံအတိုင်း အဖေကသောက်၊ သားက အမြည်းထိုင်စား၊ အမေက ပွစိပွစိနဲ့ ဆူပူ .. မိသားစု တစ်ခြမ်းစောင်းအရက်ဝိုင်း စတင်အသက်ဝင်တဲ့အချိန်မှာပေါ့။ အဖေလုပ်တဲ့သူက မူးရင်း ရစ်ရင်းဆိုတော့ အသိစိတ်က လွတ်နေပြီ။ မည်းမည်းမြင်ရင်ပစ်တဲ့ မုဆိုးလို တွေ့ကရာ မာန်မဲပြစ်တင်နေတော့တာ အကြာကြီး..။ 
.
ဗြုန်းဆို ယောက်ျားက ကျွန်မကို ထရိုက်ပါလေရော။ သားက ဝင်တားတယ် “ မရိုက်နဲ့ အေးဆေး စကားပြောပေါ့ ”။ ဒါကို ယောက်ျားက မရဘူး ဆက်ကြမ်းနေလို့ သားက မျက်လုံးစောင်ကြီးနဲ့ ဝင်ဟောင်တယ် “ မာမားကို မရိုက်နဲ့ ” တဲ့။ အဲဒီအချိန်မှာ လျှပ်စီးလှက်သလို အဖြစ်အပျက်တစ်ခု ကျွန်မ ဘယ်လိုမှ မေ့လို့မရခဲ့ဘူး။ 
.
ယောက်ျားက သားရဲ့ ပါးကို ဖြန်းကနဲ ရိုက်ချလိုက်တယ်။ သား ငိုတယ်။ ခဏလေး နေတော့ ဘာမှမပြောတော့ဘူး။ ဘာဆို ဘာမှကို မပြောတော့တာ။ အဲဒီကစ အခုအထိ မျက်ရည်လုံးဝမကျတော့ဘူး။ သူ့အဖေကို အရမ်းစိတ်နာသွားတာ..။
.
.
ယောက်ျားက အဲဒီလောက်နဲ့တင် မရပ်သေးဘူး။ အငယ်ကောင်ကို မွေးပြီးတဲ့အထိ လက်ကပါတုန်း။ မျက်စိတို့ နားတို့ သွားဖုံးတို့ဆိုတာ သွေးခဏခဏထွက်တာ ကျွန်မ ကွမ်းစားတော့ စပ်လိုက်တာ လွန်ရော..။ ပထမတစ်ချက်တုန်းက မျက်စိ မျက်ခုံး ဖူးယောင်သွားတယ်။ ဒုတိယတစ်ချက်ကျတော့ သွားဖုံးကွဲသွားပြန်ရော။ ကျွန်မ မရတော့ဘူး ရဲခေါ်လိုက်တယ်။ ယောက်ျားကို ဖမ်းသွားတယ်။ သူ့အစ်ကိုက သွားရွေးပေးလို့ အာမခံနဲ့ထွက်လာတယ်။ ဒါတောင် ခံဝန်နဲ့ “ မိန်းမ နဲ့ ကိုက် ( ၁ဝဝ ) အကွာအဝေးမှာ နေရမယ် ” တဲ့။ သူတော့ သွားပြီ..။
.
ဒါပေမယ့် ကျွန်မက ဘယ်ရမလဲ။ အလုပ်က တက်ရဦးမယ် မဟုတ်လား? ကလေးငယ်က ရှိသေးတယ်။ ဒါကြောင့် သူ့အစ်ကိုအိမ်မှာ ရက် ( ၃ဝ ) လုံးလုံး သောင်တင်နေတဲ့ ယစ်ထုတ်ကြီးဆီ အလုပ်သွားခါနီး ကလေးကို နေ့တိုင်းသွားပို့တာပေါ့။ သူလည်း မသောက်ရဲတော့ပါဘူး။ ဟုတ်တယ်လေ .. ကျွန်မအလုပ်တက်တော့ ကလေးငယ် ဘယ်သူကြည့်မတုန်း?  ကလေးထိန်းခ,က ဈေးကြီးသနဲ့ .. အမေရိကားလေ သိတယ်မလား ဘယ်ဟာမှ အလကားမရဘူးလေ..။
.
ပြောပြရဦးမယ် .. ကျွန်မကျေနပ်လိုက်တာ အရမ်းပဲ။ ရဲက အိမ်ထဲဝင်တော့ ယောက်ျားကို သပ်သပ်၊ ကျွန်မကို သပ်သပ် အခန်းခွဲပြီးစစ်တယ်။ ဒါ့အပြင် သားကို သက်သေအနေနဲ့ ထပ်စစ်သေးတယ်။ သားကို အခန်းတစ်ခန်းထဲကို ခေါ်သွားတယ်။ ရဲက မေးတော့ သားက ဘာပြောတယ်မှတ်သလဲ?  “ အဖေလေ .. အမေ့ကိုရိုက်တာ ( ၂၅ ) ချက် တောင် ” တဲ့..။ ကြည့်လေ .. အမေ့ဖက်ကပါလို့ သူ့အမေကို ဘယ်နှစ်ချက်ရိုက်သလဲဆိုတာ သူသေသေချာချာ ရေထားတာပေါ့။ ဒါမှ ကျွန်မသား..။
.
.
ဒါက ဒုတိယတစ်ခေါက်။ ပထမတစ်ခေါက် ရှိခဲ့သေးတယ်။ တစ်ရက် .. မှတ်မှတ်ရရ ကျွန်မ ရှော့ပင်းမောကနေ မတ်တပ်ပန်ကာတစ်လုံး ဝယ်လာတယ်။ ဒေါ်လာ ( ၁၅ဝ ) ပေးရတယ်။ အဲဒါ ကားပေါ်ရောက်တော့ ကိုယ်တော်ချောက ပြသနာရှာရော။ နင်က ဒီ ( ၁၅ဝ ) တန် ပန်ကာနဲ့ ဘာလုပ်မှာတုန်း ဘာတုန်း ညာတုန်းဆိုပြီး ပြောပြောဆိုဆို ကားပေါ်ကနေ ပန်ကာကို ကန်ချပစ်လိုက်တယ်လေ။ ပန်ကာထိပ်ပိုင်း ပိန်သွားတယ်။ အဲဒါကိုလည်း သူ့အစ်မက သိမ်းသွားတယ်။ အဲဒီအချိန်က ( ၂ဝဝ၇ ) ခုနှစ် .. အငယ်ကောင်ကို မွေးပြီးနေပြီ။
.
အဲဒါနဲ့ ကျွန်မက အကြီးကောင်ကို လက်ဆွဲပြီး လမ်းမပေါ်မှာ ငိုနေတာပေါ့။ ခဏနေကျတော့ ရဲကားရောက်လာပြီး ဘာဖြစ်တာလဲ လို့မေးတယ်။ စိတ်ဓါတ်မကျဖို့ အားပေးတယ် ဖေးမတယ်။ အခုဖြစ်တဲ့ကိစ္စကို ပြောပြချင်တယ်ဆိုရင် နားထောင်မယ့်သူ လွှတ်ပေးမယ်။ ရဲစခန်းထဲက အခန်းတစ်ခုထဲကို ခေါ်သွားတယ်။ ကျွန်မခံစားရတာကို ဖုန်းဆက်ပြီး နားထောင်တဲ့သူကို ပြောပြခွင့်ရတယ်။ ပထမတစ်ခေါက်တုန်းကတော့ အကျယ်အကျယ် မဖြစ်လိုက်ဘူး။ ဒုတိယတစ်ခေါက်မှသာ မှတ်လောက်သားလောက် ဖြစ်သွားတာ။
.
.
အခုလို ပြောပြရတာ ကျွန်မမှာ အကြောင်းရှိတယ်။ ဘယ်သူက ကိုယ့်ယောက်ျား အရက်စွဲနေတာ ပြောချင်မှာလဲ? ကျွန်မလည်း မပြောချင်ဘူး။ ဒါပေမယ့် အမေရိကန်မှာ မြန်မာနိုင်ငံ ကိုယ့်အိမ် ကိုယ့်ရပ်ကွက်မှာလို လုပ်ချင်သလို လုပ်လို့မရဘူး .. သူ့စည်းကမ်းသူ ရှိတယ်။ လူ့အခွင့်အရေးနိုင်ငံဆိုပြီး ရမ်းလို့မရဘူးဆိုတာ သိစေချင်တယ်။ “ ငါ့အိမ်မှာ ငါသောက်တာ၊ ငါ့မိန်းမ ငါရိုက်တာ ဘယ်သူ့ဂရုစိုက်ရမှာလဲ? ဘယ်ခွေးမှ လူမထင်ဘူးကွ ” ဆိုတာမျိုး ဒီမှာ မရဘူး။
.
အထူးသဖြင့် အမျိုးသမီးတွေ အနှိမ်ခံနေရသလားဆိုတာ လိုက်ကြည့် - Monitor လုပ်နေကြတာ အချိန်တိုင်းပဲ။ ကိုယ်က ဒီလောက်ဖြစ်တာတောင် ငြိမ်ခံနေရင်တော့ တစ်မျိုးပေါ့လေ။ အခွင့်အရေးကာကွယ်ရေးအစီအမံဆိုတာ အလိုအလျောက် ကိုယ့်ရှေ့ကိုရောက်လာတဲ့ လေတံခွန် တစ်ကောင်မှ မဟုတ်တာ..။ 
.
ကိုယ်က အချစ်လေတံခွန်ကို နိုင်နိုင်ကိုင်ချင်ရင် ဆိုင်းကြိုး တတ်တတ်ရမှာပေါ့။ ကြိုးချင်းစားချင်ရင် အပ်ချည်ကို မှန်စာ တိုက်တတ်ရမှာပေါ့။ လေဟုန်မှာ ကိုယ်လိုချင်သလို အတိုးအလျှော့လုပ်ချင်ရင် ရစ်ဘီးလည်း ပါရမှာပေါ့။ ကျွန်မညှိခဲ့တဲ့အချစ်ကတော့ ကလေး ( ၂ ) ယောက်လုံးက သက်သေတွေပဲလေ..။
.
.
ခွင့်ပြုချက်နှင့်အတူ ခံစားရေးဖွဲ့ခွင့်ရသည့်အတွက် မူရင်းကာယကံရှင်များကို အထူးကျေးဇူးတင်ရှိပါသည်။
.

koko2yeye@gmail.com
.
“ ညွိခဲ႕တဲ႕အခ်စ္ေတြ ကေလးႏွစ္ေယာက္သက္ေသ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ မတ္လ ( ၂၆ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၂၉ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link : https://app.box.com/s/np21mgm2xbzzcr0mcf0e7x8kqfoqopnt



https://www.facebook.com/officialnetguidejournal/photos/a.855450281209466.1073741828.847709805316847/981884865232673/?type=3&theater

No comments: