ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ
My Blog List
Wednesday, October 3, 2018
No Stopping in Middle of Street even though it is a Dead End
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
.
.
.
အဝေးရောက်မြေမှာ အင်တာနက်ကနေ ဂျာနယ်အဟောင်း Pdf. တွေဒေါင်းလော့ဆွဲ ရှာဖတ်ရင်း မြန်မာလူငယ်တွေအတွက် ပညာရေး နဲ့ အသိပညာဗဟုသုတကဏ္ဍမှာ လယ်ပြင်မှာဆင်သွားသလို လိုအပ်ချက်တွေကို ထင်ထင်ရှားရှားမြင်လာမိတယ်။ ကမ္ဘာကြီးမှာဖြစ်နေတဲ့ စိတ်သဘောထားတွေ နဲ့ နည်းပညာတွေဦးဆောင်လို့ နယ်မြေကဏ္ဍအသီးသီးမှာ ထူးချွန်တဲ့ပြည်ပရောက်မြန်မာတွေဟာ သူတို့သိသမျှ ပြန်မျှဝေဖို့မအားကြတဲ့ ကွက်လပ်ကိုထပ်မြင်လာမိတယ်။
.
.
.
.
သို့ပေမယ့် ကိုညီညီ (တောင်ကြီး) ရဲ့ အသိပညာရှာဖွေမှုခရီးဟာ ရပ်တန့်မသွားဘူး။ နည်းပညာကိုခုံမင်တဲ့စိတ်ဟာ နှောင့်နှေးမသွားဘူး။ မြန်မာစာ မြန်မာစကားသတ်ပုံမှန်ဖို့ကိစ္စတွေမှာ အားလျော့မသွားဘူး။ ဒီလိုနဲ့ Facebook က LIVE ဖန်ရှင်တင်လာတဲ့အခါ စမ်းသပ်ရင်း ရေစီးကြောင်းတစ်ခုကိုတွေ့လာတယ်။ ဒါကတော့ နယ်ပယ်အသီးသီးက အသိပညာရှင်၊ အတတ်ပညာရှင်၊ စေတနာရှင်တွေအပြင် လူငယ်ထုကိုတစ်ခုခုပြောပြနိုင်မယ့် အကျိုးအကြောင်းအစုစုကို ပေါင်းစုလို့အင်တာဗျူးတွေလုပ်ရင်း တစ်မျိုးတစ်မည် တင်ပြလာမိတယ်။
.
.
.
အရေးကြီးတာက ရေခွက်နဲ့ခပ်ခပ်၊ ရေပုံးနဲ့ခပ်ခပ်၊ မီးသတ်ပိုက်နဲ့ပဲသွယ်သွယ် သောက်သုံးသူအတွက် ကြည်လင်အေးမြတဲ့ရေကြည်ရေသန့်စေတနာ နဲ့ အရောင်အဆင်းကင်းတဲ့သတင်းအချက်အလက်တွေအပြင် အပုပ်နံ့နဲ့အရသာကင်းပြီး ဘက်လိုက်မှုမရှိတဲ့ ဝန်ဆောင်မှုပေးနေရရင် လုပ်ရကျိုးနပ်ပြီလို့ ထင်မြင်မိပါတယ်။
.
.
.
မှာကြားချင်တာကတော့ မိမိလုပ်နေတဲ့အလုပ်၊ မိမိသွားနေတဲ့လမ်းဟာ လမ်းဆုံး - Dead End ဟုတ်မဟုတ် ဆိုတာနဲ့ ဟိုမရောက် ဒီမရောက် လမ်းအလယ်မှာ ရပ်မနေဖို့ - No Stopping in Middle of Street ဆိုတာကို သိရှိနေဖို့လိုပါတယ်။ အဲဒါတွေအပြင် မိမိကိုပြနေတဲ့ဆိုင်းဘုဒ်တွေကိုဖတ်တတ်ပြီး မိမိမောင်းနှင်တဲ့ယာဉ်ရထားကို ပြန်လှည့်ထွက်လာနိုင်ရင်း ကနဦးပန်းတိုင်ကိုမရောက်အရောက်ရှာဖွေမိစေဖို့ ပိုမို၍အရေးကြီးပါကြောင်း မီးမောင်းထိုးပြလိုက်ပါရစေ။
.
ခင်လျက်
.
ကိုညီညီ (တောင်ကြီး)
10-03-2018
.
.
Unicode Version:
.
.
. "No Stopping in Middle of Street even though it is a Dead End"
.
အိမ်လွမ်းရတဲ့အကြောင်းတွေကိုပြောပြချင်တဲ့စိတ်ကစသန္ဓေတည်ပြီးစာရေးသူတစ်ယောက်ဖြစ်လာခဲ့တယ်။ နောက်တော့ သားသမီးတွေရဲ့ပညာရေးအချိုးအကွေ့တွေနဲ့ပွင့်လန်းလာတဲ့သူတို့ရဲ့အတွေ့အကြုံတွေကို ပုရစ်ဖူးလေးညွန့်လူးလို့ ကညစ်ရူးကလေး ကွန့်မြူးရင်း ဘလော့ဂ်စာမျက်နာမ စာရေးသူတစ်ယောက်အဖြစ် မမျော်လင့်ပဲ မွေးဖွားခဲ့တယ်။
.
.
အဝေးရောက်မြေမ အင်တာနက်ကနေ ဂျာနယ်အဟောင်း Pdf. တွေဒေါင်းလော့ဆွဲ ရာဖတ်ရင်း မြန်မာလူငယ်တွေအတွက် ပညာရေး နဲ့ အသိပညာဗဟုသုတကဏ္ဍမ လယ်ပြင်မာဆင်သွားသလို လိုအပ်ချက်တွေကို ထင်ထင်ရားရားမြင်လာမိတယ်။ ကမ္ဘာကြီးမာဖြစ်နေတဲ့ စိတ်သဘောထားတွေ နဲ့ နည်းပညာတွေဦးဆောင်လို့ နယ်မြေကဏ္ဍအသီးသီးမ ထူးချွန်တဲ့ပြည်ပရောက်မြန်မာတွေဟာ သူတို့သိသမျ ပြန်မျဝေဖို့မအားကြတဲ့ ကွက်လပ်ကိုထပ်မြင်လာမိတယ်။
.
ဒါကြောင့် စာရေးခဲ့တယ်။ ဘယ်သူပဲဖြစ်နေပါစေ . . မေးသမျ ကို သိသမျဖြေခဲ့တယ်။ ပြည်တွင်းကနေ လက်ကိုင်ဖုန်း၊ အင်တာနက် စတာတွေအသုံးပြုလို့ ဘယ်အရာကိုလေ့လာနိုင်မလဲ အမြဲပြောပေးခဲ့တယ်။ ကိုယ်ကြုံထားတဲ့အခက်အခဲဟာ နောက်လူအတွက် ပြသနာအသစ်မဖြစ်စေရေးအတွက် အမြဲလိုလိုဆွေးနွေးပေးခဲ့တယ်။ ဒါတွေဟာ ကိုညီညီ (တောင်ကြီး) ကို မြန်မာပြည်ကပိုင်နေတဲ့အချက်တွေထဲက တစ်ချက်ပါပဲ။
.
.
လေ့လာရင်း လေ့လာရင်းနဲ့ မြန်မာလူငယ်ထုဟာ စာတွေသိပ်မဖတ်တာကိုသတိထားမိလာတယ်။ အထူးသဖြင့် ဖတ်ဖို့စာက ဆွဲဆောင်မုရိမ စာကလည်း တိုမ အပြုသဘောဆောင်တာထက် အပျက်သဘောဆောင်မ သတင်းထက်စာရင် အတင်းတွေကိုဦးစားပေးရင်း ဗီဒီယိုအတိုလေးတွေကို အားဆေးလိုမီဝဲလာကြတာ တွေ့လာရတယ်။
.
သို့ပေမယ့် ကိုညီညီ (တောင်ကြီး) ရဲ့ အသိပညာရာဖွေမုခရီးဟာ ရပ်တန့်မသွားဘူး။ နည်းပညာကိုခုံမင်တဲ့စိတ်ဟာ နောင့်နေးမသွားဘူး။ မြန်မာစာ မြန်မာစကားသတ်ပုံမန်ဖို့ကိစ္စတွေမာ အားလျော့မသွားဘူး။ ဒီလိုနဲ့ Facebook က LIVE ဖန်ရင်တင်လာတဲ့အခါ စမ်းသပ်ရင်း ရေစီးကြောင်းတစ်ခုကိုတွေ့လာတယ်။ ဒါကတော့ နယ်ပယ်အသီးသီးက အသိပညာရင်၊ အတတ်ပညာရင်၊ စေတနာရင်တွေအပြင် လူငယ်ထုကိုတစ်ခုခုပြောပြနိုင်မယ့် အကျိုးအကြောင်းအစုစုကို ပေါင်းစုလို့အင်တာဗျူးတွေလုပ်ရင်း တစ်မျိုးတစ်မည် တင်ပြလာမိတယ်။
.
.
ကိုညီညီ (တောင်ကြီး) ရဲ့ စာ (ဒီစာစု) ကို ဒီအထိဖတ်လာပေးသူဟာ ကျွန်တော်နဲ့လက်တွဲမိခဲ့တာ သေချာတယ်လို့ ပြောနိုင်ပါပြီ။ စာတစ်အုပ်မထွက်သေးလို့ ကျွန်တော်ဟာ စာရေးဆရာတစ်ယောက်အတန်းမဝင်သေးပါ။ လူသိမများလို့ ဆယ်လီစာရင်းမဝင်ခဲ့ပါ (ဆယ်လီမဖြစ်လိုပါ)။ အင်တာဗျူးတွေကို ထူးခြားအောင်မလုပ်နိုင်သေးလို့ နာမယ်ရတဲ့ Host တစ်ယောက်မဖြစ်သေးပါ (ဒါက အရေးမကြီးပါ)
.
အရေးကြီးတာက ရေခွက်နဲ့ခပ်ခပ်၊ ရေပုံးနဲ့ခပ်ခပ်၊ မီးသတ်ပိုက်နဲ့ပဲသွယ်သွယ် သောက်သုံးသူအတွက် ကြည်လင်အေးမြတဲ့ရေကြည်ရေသန့်စေတနာ နဲ့ အရောင်အဆင်းကင်းတဲ့သတင်းအချက်အလက်တွေအပြင် အပုပ်နံ့နဲ့အရသာကင်းပြီး ဘက်လိုက်မုမရိတဲ့ ဝန်ဆောင်မုပေးနေရရင် လုပ်ရကျိုးနပ်ပြီလို့ ထင်မြင်မိပါတယ်။
.
.
ဒါဟာ ဘယ်သူမမခိုင်းပဲလုပ်နေတာပါ။ ဒါတွေဟာ ကိုယ်ပိုင်အချိန်ထဲက အမြဲဖဲ့လုပ်ဖြစ်နေတာပါ။ ဒီအလုပ်တွေလုပ်ရလို့ပျော်နေမိတဲ့စိတ်ကို ဘယ်လိုအရာကမ ပိတ်ကာတားဆီးထားလို့မရပါ။ တစ်ခါတစ်လေတော့ စာဆိုရင်ပြီးအောင်မဖတ်တဲ့ စေတနာဟာအပေါစားဆန်တယ်လို့ထင်နေသူတွေကြောင့် ချောင်းဆိုး နာစေးဖြစ်တာမျိုးိပါတယ်။ ဒါကြောင့် ရေ့လျောက်တော့ ခန္ဓာကျန်းမာရေး၊ စိတ်သဏ္ဍန်ကျန်းမာရေးအပြင် အချိန်ကျန်းမာရေးကိုပါ ဂရုစိုက်ရပါဦးမယ်။
.
ာကြားချင်တာကတော့ မိမိလုပ်နေတဲ့အလုပ်၊ မိမိသွားနေတဲ့လမ်းဟာ လမ်းဆုံး - Dead End ဟုတ်မဟုတ် ဆိုတာနဲ့ ဟိုမရောက် ဒီမရောက် လမ်းအလယ်မ ရပ်မနေဖို့ - No Stopping in Middle of Street ဆိုတာကို သိရိနေဖို့လိုပါတယ်။ အဲဒါတွေအပြင် မိမိကိုပြနေတဲ့ဆိုင်းဘုဒ်တွေကိုဖတ်တတ်ပြီး မိမိမောင်းနင်တဲ့ယာဉ်ရထားကို ပြန်လည့်ထွက်လာနိုင်ရင်း ကနဦးပန်းတိုင်ကိုမရောက်အရောက်ရာဖွေမိစေဖို့ ပိုမို၍အရေးကြီးပါကြောင်း မီးမောင်းထိုးပြလိုက်ပါရစေ။
.
ခင်လျက်
.
ကိုညီညီ (တောင်ကြီး)
10-03-2018
No comments: