ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, February 17, 2015

ကြ်န္ေတာ္ျပန္လာမွာပါ အေမ

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
.
ကြ်န္ေတာ္လူမွန္းသိတတ္စ အေဖ နဲ႕ အေမက ေနာင္ဂ်ိန္တီးေနက်။ အခု ဒီေရာက္မွ မဟုတ္ဘူး .. ျမန္မာႏိုင္ငံမွာကတည္းက တက်က္က်က္နဲ႕ ရိုးေနျပီ။ အေဖကတစ္မ်ိဳး အေမကလည္း ေနာက္တစ္မ်ိဳး။ အေမက တစ္ခုခုဆုို ပါးစပ္ကေန ခ်ိဳခ်ိဳသာသာမေျပာဘူး လက္နဲ႕ေျပာတာ ေၾကာက္စရာၾကီး။
.
မွတ္မိေသးတယ္ .. ( ၄၊ ၅ ) ႏွစ္သားေလာက္က ျဖစ္လိမ္႕မယ္။ ရုိက္တာမခံႏိုင္လို႕ ထြက္ေျပးတာ ေနာက္ကေန ၾကက္ေမႊးတစ္ေခ်ာင္းနဲ႕ အေမ ကပ္လုိက္လာတယ္။ အိမ္ေရွ႕ကေန ဆင္းလိုက္ရံုရွိေသး ကားလမ္းေပၚ ကြ်န္ေတာ္ တန္းေရာက္သြားတယ္။ အေမက ေခ်ာ႕တယ္။ ဒါေပမယ္႕ အေမ႕ကို ကြ်န္ေတာ္ေၾကာက္တယ္။ အေမ ရိုက္မွာကိုေၾကာက္တယ္။ အေမ ကတိမတည္မွာကို ပိုေၾကာက္တယ္။ ရုိက္တာကို ကြ်န္ေတာ္ အမုန္းဆံုးပဲ။
.
အေမ႕ကို ကတိေတာင္းတယ္ “ တုတ္ နဲ႕ မရိုက္ရင္ ျပန္လိုက္မယ္ ” လို႕..။ ဘယ္ရလိမ္႕မလဲ အေမ႕နားက ဒီကတိ..။ နားရြက္သာ အဆဲြခံလိုက္ရတယ္။ အိမ္ေပၚ ျပန္္ေရာက္သြားတယ္။ တစ္ကယ္ တုတ္နဲ႕ ထပ္ရုိက္ရင္ ကြ်န္ေတာ္ ထပ္ထြက္ေျပးဦးမွာ။ ေနာက္ပိုင္း မေပးတဲ႕ကတိျပည္႕တယ္လို႕ ဆုိရမလား .. ကြ်န္ေတာ္ အရုိက္မခံရေတာ႕ဘူး။ အေမ ဘယ္လုိျဖစ္သြားတာလဲ?
.
.
ႏိုင္ငံတစ္ခုေျပာင္းလာတဲ႕အခါ အရာရာဟာ ကြ်န္ေတာ႕ကို ခပ္လွမ္းလွမ္းက လက္ယပ္ စိမ္ေခၚေနတယ္။ စကားအရာမွာေရာ၊ အဂၤလိပ္စာေရာ၊ လူမႈဆက္ဆံေရးမွာေရာ၊ သူငယ္ခ်င္းေတြဆို ပိုဆိုး .. အားလံုးအသစ္ေတြခ်ည္းပဲ။ အထူးသျဖင္႕ အေမရိကန္မွာဆုိေတာ႕ အားလံုး အထူးအဆန္းခ်ည္းပဲ။ မေျပာင္းမလဲ က်န္ေနတာက အေဖ နဲ႕ အေမတုိ႕ရဲ႕ စရိုက္ေတြ။ အေဖက ေသာက္တယ္။ အေမက ဆူတယ္ .. ဒါေပမယ္႕ အျမည္းခ်က္ေပးတယ္။ ကြ်န္ေတာ္က ေဘးကေန အသားေၾကာ္ေတြ ထိုင္စားတယ္။

.
အေဖက ေသြးတင္မကဘူး ပါးစပ္ပါ ဆုိးတယ္။ အရင္တုန္းက အေမ ထမင္းဆိုင္ဖြင္႕တုန္း အေဖက အျမဲလာစားတဲ႕ ေဖာက္သည္ၾကီးေပါ႕။ ထမင္းကိုစား၊ အရက္ကုိေသာက္ ေနာက္ေတာ႕ အေမ႕ကိုပါ ေနာက္ပိုးတယ္ .. ေတာ္ေတာ္အၾကံပုိင္တဲ႕ အေဖေလ..။ သူ႕ကိုယ္သူသာ ဒီလိုေသာက္ေနရင္ ျပသနာမရွိဘူး။ တစ္ခါ ကေန ႏွစ္ခါ ဆက္တုိက္ဆက္တုိက္ ျဖစ္လာေတာ႕ မလြယ္ဘူး။ ပိုဆိုးတာက အေမ႕ကို ေတြ႕ကရာနဲ႕ ထရုိက္တာပဲ။ အဲဒါမ်ိဳးက ခဏခဏ။ ကြ်န္ေတာ္က ( ၁ဝ ) ႏွစ္သားေလာက္ဆုိေတာ႕ ေဝဖန္ပိုင္းျခား သိတတ္ေနျပီ။ ျပီးေတာ႕ ေက်ာင္းကလည္း သင္ေပးတယ္။ အိမ္မွာ မိဘေတြ အၾကမ္းဖက္ရင္ ျပန္သတင္းပုိ႕ရမယ္ တဲ႕။
.
.
တစ္ရက္မွာ အေဖစိတ္မထိန္းႏိုင္ပဲ ကြ်န္ေတာ႕ကို နားပန္က်င္း ပါေလေရာ။ အဲဒီမတုိင္ခင္က အေမ႕ကို ေသြးထြက္ေအာက္ ရိုက္ထားျပီးျပီ။ ကြ်န္ေတာ္ အီစလံေဝသြားတယ္။ အေဖ႕ကုိ ေသခ်ာစိုက္ၾကည္႕လိုက္တယ္။ မငိုခ်င္ေတာ႕ဘူး။ ကြ်န္ေတာ္ မငိုခ်င္ေတာ႕ဘူး..။ အေဖ႕ဖာသာျဖစ္ခ်င္ရာျဖစ္ ကြ်န္ေတာ္ မေျပာခ်င္ေတာ႕ဘူး။ သူလုိ လူၾကီးကို ဆံုးမလို႕ကို ရေတာ႕မွာ မဟုတ္ဘူး။ ဒါေပမယ္႕ ကြ်န္ေတာ႕ဆုေတာင္းမျပည္႕ခဲ႕ပါဘူး။ ရဲေတြေရာက္လာတယ္။ အေမ ( 911 ) ဆက္ေခၚလိုက္တာ..။ ဘယ္ရမလဲ .. အေမ႕ကိုရုိက္တာ ( ၂၅ ) ခ်က္တိတိ ကြ်န္ေတာ္ ေသခ်ာမွတ္ထားတယ္။ ဒါကို ကြ်န္ေတာ္ တစ္သက္မေမ႕ဘူး။ ရဲေတြက စစ္ခ်က္ထဲမွာ မွတ္သြားတယ္။
.
တစ္ေခါက္တစ္ေလဆုိ ကြ်န္ေတ္ာ မေျပာဘူး။ ခဏခဏ ခံရတာ အေမ..။ အေရွ႕တစ္ေခါက္ကလည္း လမ္းလယ္မွာ တန္းလန္းၾကီး။ အေမနဲ႕ကြ်န္ေတာ္နဲ႕ အိမ္ကိုလမ္းေလွ်ာက္ျပန္ရတာ .. ကားေမာင္းရင္း အေဖ နဲ႕ အေမ ရန္ျဖစ္လို႕ေလ။ ဒါေတြထားလိုက္ပါေတာ႕။ ကြ်န္ေတာ္ ေက်ာင္းတက္ရင္း အေဖ နဲ႕ အေမတုိ႕ ရန္ျဖစ္ရင္း ညီေလး ေမြးလာတယ္။ အေဖ က ေသာက္၊ အေမ႕ကိုရိုက္ ဒါနဲ႕ ကြ်န္ေတာ္ အထက္တန္း ( ၁၂ ) တန္း ေအာင္ေတာ႕မယ္။
.
.
အေမတို႕ အိမ္ဝယ္ထားတာ မၾကာေသးဘူး။ တစ္လကို အိမ္ေၾကြး နဲ႕ ဘာနဲ႕ ညာနဲ႕ မိဘ ( ၂ ) ပါး ရွာတာ အကုန္ေပးလိုက္ရင္ ကြက္တိပဲ။ တစ္ခါတစ္ခါ အသံုးလြန္တဲ႕လေတြဆို အေၾကြးကဒ္ကေန အေမၾကိတ္ထုတ္သံုးေနတာ ကြ်န္ေတာ္သိတယ္။ ညီေလးရဲ႕ ကေလးထိန္းခကလည္း ရွိေသးတယ္။ ဒီလုိအေျခအေနမ်ိဳးမွာေတာင္ အေမက ျမန္မာႏုိင္ငံက အဖြားဆီကို လစဥ္မွန္မွန္ေငြပို႕တာ ကြ်န္ေတာ္သိရတယ္။ အေမက အဲဒါေတြ ခ်စ္စရာေကာင္းတာ..။
.
ဝင္ေငြေပၚမူတည္ တြက္ခ်က္ရတဲ႕ ေကာလိပ္ေက်ာင္းေထာက္ပံ႕ေငြက မရႏိုင္ဘူး။ အေၾကာင္းက အေဖ နဲ႕ အေမတို႕ရဲ႕ ဝင္ေငြက အစိုးရသတ္မွတ္ထားတာထက္ ေက်ာ္ေနတယ္။ ကြ်န္ေတာ္ ဆရာဝန္ျဖစ္ခ်င္သလား? အင္ဂ်င္နီယာ ျဖစ္ခ်င္သလား? အေရးမၾကီးဘူး။ အိမ္က အဆင္ေျပဖို႕ အေရးၾကီးတယ္။ ကြ်န္ေတာ္က ေရွ႕ကေန လုပ္ခ်င္ရာလုပ္ရင္ ညီေလးေက်ာင္းတက္ေတာ႕ ဘယ္လိုလုပ္အဆင္ေျပမွာတုန္း။ ဒါနဲ႕ ပရိုဂရမ္တစ္ခု ကြ်န္ေတာ္ေတြ႕လာတယ္။ အဲဒါက AECF – Advanced Electronics / Computer Field လို႕ေခၚတဲ႕ အေမရိကန္စစ္ေက်ာင္း ပဲ။ စစ္သင္တန္းအုပ္စုကုိ ေလ႕လာၾကည္႕ေတာ႕ FC နဲ႕ ET ဆုိျပီး ( ၂ ) မ်ိဳးပါတယ္။
.
.
.
FC ဆိုတာ Fire Control Man ကုိ ေျပာတာ။ သူ႕ကို Associate Degree ယူရင္
.
Solid State Electronics,
.
Electromechanical Systems နဲ႕
.
Digital Circuits တို႕မွာ ( ၃ ) Semester - ဆက္မက္စတာ စီ တက္ရမယ္။
..
ေနာက္ပိတ္မွာ မုိက္ခရိုေဝ႕ဖ္ အေျခခံ - Microwave Fundamentals ကို ( ၂ ) Semester ထပ္တက္ရမယ္။ အဲဒီမွာ ဘာေတြပါလဲဆုိေတာ႕
.
Electronics Laboratory,
.
Digital Laboratory နဲ႕
.
Radar Maintenance .. ဒီ ( ၃ ) ခန္း ကို ( ၁ ) ခန္းစီ ယူရဦးမယ္။
.
FC မွာ သိပ္မၾကိဳက္တာက ေသနတ္ပစ္သင္လာျပီးရင္ အျပင္မွာ ကြ်န္ေတာ္ ဘာလုပ္ရမွာလဲ? စစ္တပ္ထဲမွာ အျငိမ္းစားယူတဲ႕အထိ ေနသြားရင္ေတာ႕ တစ္မ်ိဳးေပါ႕။ အီလက္ထေရာနစ္က အျပင္မွာ အလုပ္ရွာလို႕လြယ္တယ္္ .. ET ကုိ ေျပာတာ။ သူက ကြန္ပ်ဴတာနဲ႕လည္း ပတ္သက္တယ္။ ကြ်န္ေတာ္က ဂိမ္းကစား အရမ္းကြ်မ္းတာ။ ET က ကြ်န္ေတာ္နဲ႕ ကိုက္ေလာက္တယ္။
.
.
ET က်ေတာ႕ Electronics Technician ကို အတုိေကာက္ ေရးထားတာ။ ET ကို Associate Degree အေနနဲ႕ယူမယ္ဆုိရင္
.
Electronics Laboratory,
.
AC Circuits
.
Electronic Systems Trouble-Shooting and Maintenance တို႕မွာ ( ၃ ) Semester စီယူ..။ ေနာက္ျပီး
.
Solid State Electronics ကုိေတာ႕ ( ၇ ) Semester ယူရလိမ္႕မယ္။ ဒါနဲ႕တင္ မျပီးေသးဘူး..။
.
Electronics Communication ကို ေနာက္ဆံုးပိတ္ Semester ( ၂ ) ခု တက္မွ ေက်ာင္းျပီးမွာ။
.
.
.
Navy ဆိုေပမယ္႕ ဒါေတြအားလံုးဟာ ပင္လယ္ျပင္မွာ သင္ရတဲ႕ အလုပ္ေတြခ်ည္းေတာ႕ မဟုတ္ဘူး။ ကုန္းေပၚမွာ သင္ရတဲ႕ အခါ ပိုမ်ားလိမ္႕မယ္။ ကြ်န္ေတာ္ ေလ႕လာခ်င္တယ္။ ခရီးထြက္ခ်င္တယ္။ အေဖ နဲ႕ အေမတုိ႕ ကေတာက္ကဆျဖစ္တာ မၾကားခ်င္ဘူး။ ေျပးထြက္လိုက္ခ်င္တယ္။ အခုလည္း ထြက္ေျပးတာပါပဲ။
.
သားသမီးတစ္ေယာက္ တကၠသုိလ္တက္ဖို႕ဆိုတာ ျမန္မာႏိုင္ငံက လူခ်မ္းသာေတြေတာ႕ မေျပာတတ္ဘူး။ အေမရိကားေရာက္ သာမန္မိသားစုက အထက္တန္းေက်ာင္းတက္တုန္း စုထားတဲ႕ေငြဆုိတာ လံုးဝကို ေျပာင္သြားတာ။ အခုအထိ အေဖ နဲ႕ အေမ ကြ်န္ေတာ႕ကို ေမြးခဲ႕ ေကြ်းခဲ႕တဲ႕ ေက်းဇူးေတြကို မေမ႕ပါဘူး။ ကြ်န္ေတာ႕အတြက္ ေငြထပ္မကုန္ေစခ်င္ဘူး။ တပ္ထဲဝင္ရင္ မိဘေငြမကုန္တဲ႕အျပင္ လခထပ္ေပးတယ္။ အဲဒီေငြေတြကို အေမ႕ကို ပို႕ေပးရမယ္ .. ဒါ ကြ်န္ေတာ္ မွန္းထားတာ..။
.
ေလတပ္ - Air Force က ဘာမွ သိပ္မလုပ္ရဘူးလို႕ ေျပာၾကတယ္။ ေလယာဥ္ေတြပဲ ပတ္ပ်ံေနတာ။ ေသနတ္ပစ္ကေတာ႕ သင္ေပးတယ္။ Navy Seal မွာ စႏိုက္ပါ ရွိတယ္။ ေလတုိက္ႏႈန္းေတြ အကုန္တြက္ခ်က္ရတယ္။ သူတို႕ေျပာတာနားေထာင္၊ လုိက္လုပ္၊ ခလုပ္ႏွိပ္ရံုပဲ။ ဒါမ်ိဳးဆို ကြ်န္ေတာ္က စိတ္မဝင္စားေတာ႕ဘူး။ စိတ္ညစ္မခံခ်င္ေတာ႕ဘူး..။
.
.
ဒီႏို္င္ငံေရာက္ရင္ ပံုစံ ( ၂ ) မ်ိဳး ေနလုိ႕ရတယ္။ ဘုိ လို ေနမလား? ျမန္မာမိသားစုလို ေနမလား? သေဘာပဲ။ ေျပာရရင္ ကြ်န္ေတာ႕ဘဝကို ဘယ္လိုေနမယ္ဆိုတာ မစဥ္းစားရေသးဘူး။ ဒီေန႕အတြက္ပဲ ကြ်န္ေတာ္ စဥ္းစားတယ္။ ကြ်န္ေတာ္ ကိုယ္႕ဖာသာကိုယ္ လုပ္မယ္။ ညီေလးအတြက္လား? သူလည္း သူ႕ဖာသာသူလုပ္ရလိမ္႕မယ္ .. ဒါမွ တတ္မွာ..။
.
အေမရိကန္ႏိုင္ငံသားခံယူထားလို႕ အျပစ္ျမင္မလို႕လား? သူတို႕ႏိုင္ငံသားျဖစ္ရင္ သူတို႕က အခြန္ - Tax ေကာင္းေကာင္းၾကီး ေကာက္တယ္။ ဒီအတြက္ ကြ်န္ေတာ္တို႕က အခြန္ေဆာင္ရတယ္။ ဒီေတာ႕ လုပ္သင္႕တဲ႕အလုပ္ကို လုပ္တာလုိ႕ပဲ ျမင္တယ္။ ေက်းဇူးခံ ေက်းဇူးစား လုိလို႕လား?
.
အခု ေရတပ္ကို ဝင္တယ္ဆုိတာ သူတုိ႕ႏိုင္ငံကုိ တစ္ခုခု ျပန္လုပ္ေပးတဲ႕သေဘာ။ တစ္ျခားတစ္္ဖက္က မိဘေတြကို ဝန္္ထုပ္ဝန္ပိုး မျဖစ္ေစခ်င္တာလည္း ပါတယ္။ သူ႕ႏိုင္ငံကို ကာကြယ္လို႕ အေမရိကန္က လခေပးထားတာေပါ႕။ ကိုယ္သာ တပ္ထဲမွာ လိမၼာမယ္ဆုိရင္ Senior House အထိ အခြင္႕အေရးေပးတယ္။ မခ်မ္းသာရင္သာေနမယ္ အျငိမ္းစား - Retire ယူတဲ႕အထိေနလို႕ရတယ္။
.
.
ရာဇဝတ္မႈ - Crime မလုပ္ရင္ျပီးေရာ ဒါဆိုရျပီ။ က်ေရာက္လာတဲ႕ တရားေရးတာဝန္ - Jury Duty ကို ေက်ပြန္ရင္ ျပီးေရာ .. အဆင္ေျပေအာင္ ေနလို႕ရတယ္။ တစ္ေလာကပဲ ျမန္မာႏုိင္ငံျပန္ျပီ္း အေမ႕ဖက္က အဖြားကို သြားကန္ေတာ႕ ႏႈတ္ဆက္ခဲ႕ေသးတယ္။ ကြ်န္ေတာ႕ရဲ႕ ( ၁၇ ) ႏွစ္ျပည္႕ ေမြးေန႕မတိုင္ခင္ကေပါ႕။ အေဖ နဲ႕ အေမတုိ႕ ေက်းဇူးေတြကို မဆပ္ႏုိင္ေသးေပမယ္႕ “ ေက်းွဇူးသိတတ္တဲ႕သား ”  ျဖစ္ေစရမယ္။ ဒါေပမယ္႕ သားျပန္လာမွာပါ အေမ။ အေမ႕ရင္ခြင္ကို သားျပန္လာမွာပါ..။
.
ခြင္႕ျပဳခ်က္ ႏွင္႕ ခံစားေရးသားခြင္႕ေပးေသာ မူရင္း ကာယကံရွင္မ်ားကို အထူးေက်းဇူးတင္ရွိပါသည္။
.

koko2yeye@gmail.com
.
.
သားေပ်ာ္တယ္။ ျပီးခဲ႕တဲ႕အပတ္က ဘြဲ႕ေပးပြဲမွာ မိသားစုနဲ႕ျပန္ေတြ႕ရတယ္။ အေဖ၊ အေမ၊ ညီေလး နဲ႕ ညီမေသးေသးေလးတုိ႕ အားလံုးကို တစ္ျပိဳင္တည္းျပန္ေတြ႕ရေတာ႕ ေျဖမဆည္ႏုိင္ေအာင္ပါပဲ ဝမ္းသာရတယ္။

သင္တန္းက စစ္သင္တန္း .. ဟုတ္တယ္ အေမရိကန္ေရတပ္ကသင္ေပးတဲ႕ လွ်ပ္စစ္အင္ဂ်င္နီယာေက်ာင္းလို႕ လြယ္လြယ္ေျပာလို႕ရပါတယ္။ မနက္ဆို ( ၄ ) နာရီ ထရတယ္။ ညဆို ( ၁ဝ ) နာရီမထုိးခင္ အခန္း - Ward ထဲ ေရာက္ျပီးသားျဖစ္ေနရမယ္။

ယူနီေဖာင္းက သူတို႕ေပးထားတာပဲ ဝတ္ရမယ္။ ေနာက္ပိုင္းနည္းနည္းၾကာလာရင္ေတာ႕ ကိုယ္ပုိင္အဝတ္အစားသပ္သပ္ရပ္ရပ္ဝတ္လို႕ရတယ္။ ကိုယ္လက္က်န္းမာေရး - Physical Exercise ကေတာ႕ ကုိယ္႕အားလပ္ခ်ိန္ေပၚမူတည္ျပီး လုပ္ခ်င္တဲ႕အခ်ိန္သြားလုပ္လို႕ရတယ္။

သင္တန္းကေန တစ္လကို ( ၁၇၄၅ ) ေဒၚလာေပးတယ္။ လတစ္လရဲ႕ပထမေန႕မွာ တစ္ဝက္ေပးျပီး ( ၁၅ ) ရက္ေန႕မွာ က်န္တဲ႕တစ္ဝက္ထပ္ေပးတယ္။ ဘဏ္ထဲကို တုိက္ရိုက္သြင္းတဲ႕စံနစ္ - Direct Deposit နဲ႕ ေငြထုတ္ကဒ္ျပား - Debit Card ထဲ လႊဲေပးတာ။

ပထမလမွာေတာ႕ အေဖ နဲ႕ အေမ တို႕ကုိ လႊဲေပးလိုက္တယ္။ သူတို႕ ( ၄ ) ေယာက္က ကြ်န္ေတာ္ဘြဲ႕ယူပြဲအတြက္ လိုက္လာမွာေလ .. ဒါေၾကာင္႕ ေလယာဥ္လက္မွတ္ဝယ္ဖို႕ ေငြလိုတယ္။ ခြင္႕က စေန နဲ႕ တနဂၤေႏြပဲ ရတာမုိ႕လို႕ အားလံုးေပါင္း ( ၃ ) ရက္ေလာက္ပဲ ေတြ႕လုိက္ရတယ္။

ေက်ာင္းက သူတုိ႕ေရာက္ဆိုတဲ႕အခ်ိန္မွာေရာက္မွရတယ္။ ဒီႏိုင္ငံမွာ မ်ားေသာအားျဖင္႕ေက်ာင္းေတြက ကိုယ္ကေငြေပးျပီးသင္ခုိင္းရတာမဟုတ္လား။ အခု ကြ်န္ေတာ႕စစ္တကၠသိုလ္က သူတို႕က ေက်ာင္းသားကို ေငြေပးျပီးတက္ခိုင္းတာ။ အဲဒီေတာ႕ သူတို႕စကားနားေထာင္ရမယ္ .. အတန္းပ်က္လို႕မရဘူး ... ေနာက္က်လုိ႕မရဘူး။

တစ္ခ်ို႕က ေမးၾကတယ္ .. သင္တန္းက ( ၅ ) လပိုင္းစတာ ( ၇ ) လပိုင္းမွာ ဘြဲ႕ေပးေနျပီ .. ဘယ္လိုမ်ိဳးၾကီးလဲေပါ႕ ။ ဟုတ္ပါတယ္။ တစ္ကယ္က ဘြဲ႕ဆုိေပမယ္႕ "  အေျခခံသင္တန္းဆင္းပြဲ " ပံုစံမ်ိဳးပါ။ အေမရိကန္ေရတပ္ဝတ္စံုေတြဝတ္ရတယ္။

အခုေတာ႕ ဒီေလာက္ပါပဲ။ ဒီတစ္ပတ္အားလပ္ရက္မွာ Viber ျပန္သြင္းေတာ႕ ဦးညီ နဲ႕ခ်ိတ္ဆက္မိျပီး ျမန္မာႏိုင္ငံက ညီအစ္ကုိေမာင္ႏွမေတြကို ဗဟုသုတေျပာျပခ်င္လို႕ ဦးညီကုိ ေျပာျပလိုက္တယ္။ ေနာက္ပိုင္း သင္တန္းက အေတြ႕အၾကံဳေတြကုိလည္း ထပ္ျပီး ေရးခုိင္းပါဦးမယ္။ အားလံုးကို ေက်းဇူးတင္ေနတဲ႕
.
" ကြ်န္ေတာ္ျပန္လာမွာပါ အေမ " ဇာတ္လိုက္ၾကီး။
.
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
ကုိညီညီ ( ေတာင္ၾကီး )
.
07-18-2015
.
.
.
Myanmar Unicode Version:
.
.
“ ကျွန်တော်ပြန်လာမှာပါ အမေ ” 
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ကျွန်တော်လူမှန်းသိတတ်စ အဖေ နဲ့ အမေက နောင်ဂျိန်တီးနေကျ။ အခု ဒီရောက်မှ မဟုတ်ဘူး .. မြန်မာနိုင်ငံမှာကတည်းက တကျက်ကျက်နဲ့ ရိုးနေပြီ။ အဖေကတစ်မျိုး အမေကလည်း နောက်တစ်မျိုး။ အမေက တစ်ခုခုဆို ပါးစပ်ကနေ ချိုချိုသာသာမပြောဘူး လက်နဲ့ပြောတာ ကြောက်စရာကြီး။ 
.
မှတ်မိသေးတယ် .. ( ၄၊ ၅ ) နှစ်သားလောက်က ဖြစ်လိမ့်မယ်။ ရိုက်တာမခံနိုင်လို့ ထွက်ပြေးတာ နောက်ကနေ ကြက်မွှေးတစ်ချောင်းနဲ့ အမေ ကပ်လိုက်လာတယ်။ အိမ်ရှေ့ကနေ ဆင်းလိုက်ရုံရှိသေး ကားလမ်းပေါ် ကျွန်တော် တန်းရောက်သွားတယ်။ အမေက ချော့တယ်။ ဒါပေမယ့် အမေ့ကို ကျွန်တော်ကြောက်တယ်။ အမေ ရိုက်မှာကိုကြောက်တယ်။ အမေ ကတိမတည်မှာကို ပိုကြောက်တယ်။ ရိုက်တာကို ကျွန်တော် အမုန်းဆုံးပဲ။
.
အမေ့ကို ကတိတောင်းတယ် “ တုတ် နဲ့ မရိုက်ရင် ပြန်လိုက်မယ် ” လို့..။ ဘယ်ရလိမ့်မလဲ အမေ့နားက ဒီကတိ..။ နားရွက်သာ အဆွဲခံလိုက်ရတယ်။ အိမ်ပေါ် ပြန်ရောက်သွားတယ်။ တစ်ကယ် တုတ်နဲ့ ထပ်ရိုက်ရင် ကျွန်တော် ထပ်ထွက်ပြေးဦးမှာ။ နောက်ပိုင်း မပေးတဲ့ကတိပြည့်တယ်လို့ ဆိုရမလား .. ကျွန်တော် အရိုက်မခံရတော့ဘူး။ အမေ ဘယ်လိုဖြစ်သွားတာလဲ?
.
.
နိုင်ငံတစ်ခုပြောင်းလာတဲ့အခါ အရာရာဟာ ကျွန်တော့ကို ခပ်လှမ်းလှမ်းက လက်ယပ် စိမ်ခေါ်နေတယ်။ စကားအရာမှာရော၊ အင်္ဂလိပ်စာရော၊ လူမှုဆက်ဆံရေးမှာရော၊ သူငယ်ချင်းတွေဆို ပိုဆိုး .. အားလုံးအသစ်တွေချည်းပဲ။ အထူးသဖြင့် အမေရိကန်မှာဆိုတော့ အားလုံး အထူးအဆန်းချည်းပဲ။ မပြောင်းမလဲ ကျန်နေတာက အဖေ နဲ့ အမေတို့ရဲ့ စရိုက်တွေ။ အဖေက သောက်တယ်။ အမေက ဆူတယ် .. ဒါပေမယ့် အမြည်းချက်ပေးတယ်။ ကျွန်တော်က ဘေးကနေ အသားကြော်တွေ ထိုင်စားတယ်။
.
အဖေက သွေးတင်မကဘူး ပါးစပ်ပါ ဆိုးတယ်။ အရင်တုန်းက အမေ ထမင်းဆိုင်ဖွင့်တုန်း အဖေက အမြဲလာစားတဲ့ ဖောက်သည်ကြီးပေါ့။ ထမင်းကိုစား၊ အရက်ကိုသောက် နောက်တော့ အမေ့ကိုပါ နောက်ပိုးတယ် .. တော်တော်အကြံပိုင်တဲ့ အဖေလေ..။ သူ့ကိုယ်သူသာ ဒီလိုသောက်နေရင် ပြသနာမရှိဘူး။ တစ်ခါ ကနေ နှစ်ခါ ဆက်တိုက်ဆက်တိုက် ဖြစ်လာတော့ မလွယ်ဘူး။ ပိုဆိုးတာက အမေ့ကို တွေ့ကရာနဲ့ ထရိုက်တာပဲ။ အဲဒါမျိုးက ခဏခဏ။ ကျွန်တော်က ( ၁ဝ ) နှစ်သားလောက်ဆိုတော့ ဝေဖန်ပိုင်းခြား သိတတ်နေပြီ။ ပြီးတော့ ကျောင်းကလည်း သင်ပေးတယ်။ အိမ်မှာ မိဘတွေ အကြမ်းဖက်ရင် ပြန်သတင်းပို့ရမယ် တဲ့။
.
.
တစ်ရက်မှာ အဖေစိတ်မထိန်းနိုင်ပဲ ကျွန်တော့ကို နားပန်ကျင်း ပါလေရော။ အဲဒီမတိုင်ခင်က အမေ့ကို သွေးထွက်အောက် ရိုက်ထားပြီးပြီ။ ကျွန်တော် အီစလံဝေသွားတယ်။ အဖေ့ကို သေချာစိုက်ကြည့်လိုက်တယ်။ မငိုချင်တော့ဘူး။ ကျွန်တော် မငိုချင်တော့ဘူး..။ အဖေ့ဖာသာဖြစ်ချင်ရာဖြစ် ကျွန်တော် မပြောချင်တော့ဘူး။ သူလို လူကြီးကို ဆုံးမလို့ကို ရတော့မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့ဆုတောင်းမပြည့်ခဲ့ပါဘူး။ ရဲတွေရောက်လာတယ်။ အမေ ( 911 ) ဆက်ခေါ်လိုက်တာ..။ ဘယ်ရမလဲ .. အမေ့ကိုရိုက်တာ ( ၂၅ ) ချက်တိတိ ကျွန်တော် သေချာမှတ်ထားတယ်။ ဒါကို ကျွန်တော် တစ်သက်မမေ့ဘူး။ ရဲတွေက စစ်ချက်ထဲမှာ မှတ်သွားတယ်။
.
တစ်ခေါက်တစ်လေဆို ကျွန်တော် မပြောဘူး။ ခဏခဏ ခံရတာ အမေ..။ အရှေ့တစ်ခေါက်ကလည်း လမ်းလယ်မှာ တန်းလန်းကြီး။ အမေနဲ့ကျွန်တော်နဲ့ အိမ်ကိုလမ်းလျှောက်ပြန်ရတာ .. ကားမောင်းရင်း အဖေ နဲ့ အမေ ရန်ဖြစ်လို့လေ။ ဒါတွေထားလိုက်ပါတော့။ ကျွန်တော် ကျောင်းတက်ရင်း အဖေ နဲ့ အမေတို့ ရန်ဖြစ်ရင်း ညီလေး မွေးလာတယ်။ အဖေ က သောက်၊ အမေ့ကိုရိုက် ဒါနဲ့ ကျွန်တော် အထက်တန်း ( ၁၂ ) တန်း အောင်တော့မယ်။
.
.
အမေတို့ အိမ်ဝယ်ထားတာ မကြာသေးဘူး။ တစ်လကို အိမ်ကြွေး နဲ့ ဘာနဲ့ ညာနဲ့ မိဘ ( ၂ ) ပါး ရှာတာ အကုန်ပေးလိုက်ရင် ကွက်တိပဲ။ တစ်ခါတစ်ခါ အသုံးလွန်တဲ့လတွေဆို အကြွေးကဒ်ကနေ အမေကြိတ်ထုတ်သုံးနေတာ ကျွန်တော်သိတယ်။ ညီလေးရဲ့ ကလေးထိန်းခကလည်း ရှိသေးတယ်။ ဒီလိုအခြေအနေမျိုးမှာတောင် အမေက မြန်မာနိုင်ငံက အဖွားဆီကို လစဉ်မှန်မှန်ငွေပို့တာ ကျွန်တော်သိရတယ်။ အမေက အဲဒါတွေ ချစ်စရာကောင်းတာ..။
.
ဝင်ငွေပေါ်မူတည် တွက်ချက်ရတဲ့ ကောလိပ်ကျောင်းထောက်ပံ့ငွေက မရနိုင်ဘူး။ အကြောင်းက အဖေ နဲ့ အမေတို့ရဲ့ ဝင်ငွေက အစိုးရသတ်မှတ်ထားတာထက် ကျော်နေတယ်။ ကျွန်တော် ဆရာဝန်ဖြစ်ချင်သလား? အင်ဂျင်နီယာ ဖြစ်ချင်သလား? အရေးမကြီးဘူး။ အိမ်က အဆင်ပြေဖို့ အရေးကြီးတယ်။ ကျွန်တော်က ရှေ့ကနေ လုပ်ချင်ရာလုပ်ရင် ညီလေးကျောင်းတက်တော့ ဘယ်လိုလုပ်အဆင်ပြေမှာတုန်း။ ဒါနဲ့ ပရိုဂရမ်တစ်ခု ကျွန်တော်တွေ့လာတယ်။ အဲဒါက AECF – Advanced Electronics / Computer Field လို့ခေါ်တဲ့ အမေရိကန်စစ်ကျောင်း ပဲ။ စစ်သင်တန်းအုပ်စုကို လေ့လာကြည့်တော့ FC နဲ့ ET ဆိုပြီး ( ၂ ) မျိုးပါတယ်။
.
.
.
FC ဆိုတာ Fire Control Man ကို ပြောတာ။ သူ့ကို Associate Degree ယူရင် 
.
Solid State Electronics, 
.
Electromechanical Systems နဲ့ 
.
Digital Circuits တို့မှာ ( ၃ ) Semester - ဆက်မက်စတာ စီ တက်ရမယ်။ 
..
နောက်ပိတ်မှာ မိုက်ခရိုဝေ့ဖ် အခြေခံ - Microwave Fundamentals ကို ( ၂ ) Semester ထပ်တက်ရမယ်။ အဲဒီမှာ ဘာတွေပါလဲဆိုတော့ 
.
Electronics Laboratory, 
.
Digital Laboratory နဲ့ 
.
Radar Maintenance .. ဒီ ( ၃ ) ခန်း ကို ( ၁ ) ခန်းစီ ယူရဦးမယ်။
.
FC မှာ သိပ်မကြိုက်တာက သေနတ်ပစ်သင်လာပြီးရင် အပြင်မှာ ကျွန်တော် ဘာလုပ်ရမှာလဲ? စစ်တပ်ထဲမှာ အငြိမ်းစားယူတဲ့အထိ နေသွားရင်တော့ တစ်မျိုးပေါ့။ အီလက်ထရောနစ်က အပြင်မှာ အလုပ်ရှာလို့လွယ်တယ် .. ET ကို ပြောတာ။ သူက ကွန်ပျူတာနဲ့လည်း ပတ်သက်တယ်။ ကျွန်တော်က ဂိမ်းကစား အရမ်းကျွမ်းတာ။ ET က ကျွန်တော်နဲ့ ကိုက်လောက်တယ်။
.
.
ET ကျတော့ Electronics Technician ကို အတိုကောက် ရေးထားတာ။ ET ကို Associate Degree အနေနဲ့ယူမယ်ဆိုရင် 
.
Electronics Laboratory,
.
AC Circuits
.
Electronic Systems Trouble-Shooting and Maintenance တို့မှာ ( ၃ ) Semester စီယူ..။ နောက်ပြီး
.
Solid State Electronics ကိုတော့ ( ၇ ) Semester ယူရလိမ့်မယ်။ ဒါနဲ့တင် မပြီးသေးဘူး..။
.
Electronics Communication ကို နောက်ဆုံးပိတ် Semester ( ၂ ) ခု တက်မှ ကျောင်းပြီးမှာ။
.
.
.
Navy ဆိုပေမယ့် ဒါတွေအားလုံးဟာ ပင်လယ်ပြင်မှာ သင်ရတဲ့ အလုပ်တွေချည်းတော့ မဟုတ်ဘူး။ ကုန်းပေါ်မှာ သင်ရတဲ့ အခါ ပိုများလိမ့်မယ်။ ကျွန်တော် လေ့လာချင်တယ်။ ခရီးထွက်ချင်တယ်။ အဖေ နဲ့ အမေတို့ ကတောက်ကဆဖြစ်တာ မကြားချင်ဘူး။ ပြေးထွက်လိုက်ချင်တယ်။ အခုလည်း ထွက်ပြေးတာပါပဲ။ 
.
သားသမီးတစ်ယောက် တက္ကသိုလ်တက်ဖို့ဆိုတာ မြန်မာနိုင်ငံက လူချမ်းသာတွေတော့ မပြောတတ်ဘူး။ အမေရိကားရောက် သာမန်မိသားစုက အထက်တန်းကျောင်းတက်တုန်း စုထားတဲ့ငွေဆိုတာ လုံးဝကို ပြောင်သွားတာ။ အခုအထိ အဖေ နဲ့ အမေ ကျွန်တော့ကို မွေးခဲ့ ကျွေးခဲ့တဲ့ ကျေးဇူးတွေကို မမေ့ပါဘူး။ ကျွန်တော့အတွက် ငွေထပ်မကုန်စေချင်ဘူး။ တပ်ထဲဝင်ရင် မိဘငွေမကုန်တဲ့အပြင် လခထပ်ပေးတယ်။ အဲဒီငွေတွေကို အမေ့ကို ပို့ပေးရမယ် .. ဒါ ကျွန်တော် မှန်းထားတာ..။
.
လေတပ် - Air Force က ဘာမှ သိပ်မလုပ်ရဘူးလို့ ပြောကြတယ်။ လေယာဉ်တွေပဲ ပတ်ပျံနေတာ။ သေနတ်ပစ်ကတော့ သင်ပေးတယ်။ Navy Seal မှာ စနိုက်ပါ ရှိတယ်။ လေတိုက်နှုန်းတွေ အကုန်တွက်ချက်ရတယ်။ သူတို့ပြောတာနားထောင်၊ လိုက်လုပ်၊ ခလုပ်နှိပ်ရုံပဲ။ ဒါမျိုးဆို ကျွန်တော်က စိတ်မဝင်စားတော့ဘူး။ စိတ်ညစ်မခံချင်တော့ဘူး..။
.
.
ဒီန်ိုင်ငံရောက်ရင် ပုံစံ ( ၂ ) မျိုး နေလို့ရတယ်။ ဘို လို နေမလား? မြန်မာမိသားစုလို နေမလား? သဘောပဲ။ ပြောရရင် ကျွန်တော့ဘဝကို ဘယ်လိုနေမယ်ဆိုတာ မစဉ်းစားရသေးဘူး။ ဒီနေ့အတွက်ပဲ ကျွန်တော် စဉ်းစားတယ်။ ကျွန်တော် ကိုယ့်ဖာသာကိုယ် လုပ်မယ်။ ညီလေးအတွက်လား? သူလည်း သူ့ဖာသာသူလုပ်ရလိမ့်မယ် .. ဒါမှ တတ်မှာ..။
.
အမေရိကန်နိုင်ငံသားခံယူထားလို့ အပြစ်မြင်မလို့လား? သူတို့နိုင်ငံသားဖြစ်ရင် သူတို့က အခွန် - Tax ကောင်းကောင်းကြီး ကောက်တယ်။ ဒီအတွက် ကျွန်တော်တို့က အခွန်ဆောင်ရတယ်။ ဒီတော့ လုပ်သင့်တဲ့အလုပ်ကို လုပ်တာလို့ပဲ မြင်တယ်။ ကျေးဇူးခံ ကျေးဇူးစား လိုလို့လား?
.
အခု ရေတပ်ကို ဝင်တယ်ဆိုတာ သူတို့နိုင်ငံကို တစ်ခုခု ပြန်လုပ်ပေးတဲ့သဘော။ တစ်ခြားတစ်ဖက်က မိဘတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်တာလည်း ပါတယ်။ သူ့နိုင်ငံကို ကာကွယ်လို့ အမေရိကန်က လခပေးထားတာပေါ့။ ကိုယ်သာ တပ်ထဲမှာ လိမ္မာမယ်ဆိုရင် Senior House အထိ အခွင့်အရေးပေးတယ်။ မချမ်းသာရင်သာနေမယ် အငြိမ်းစား - Retire ယူတဲ့အထိနေလို့ရတယ်။
.
.
ရာဇဝတ်မှု - Crime မလုပ်ရင်ပြီးရော ဒါဆိုရပြီ။ ကျရောက်လာတဲ့ တရားရေးတာဝန် - Jury Duty ကို ကျေပွန်ရင် ပြီးရော .. အဆင်ပြေအောင် နေလို့ရတယ်။ တစ်လောကပဲ မြန်မာနိုင်ငံပြန်ပ်ြီး အမေ့ဖက်က အဖွားကို သွားကန်တော့ နှုတ်ဆက်ခဲ့သေးတယ်။ ကျွန်တော့ရဲ့ ( ၁၇ ) နှစ်ပြည့် မွေးနေ့မတိုင်ခင်ကပေါ့။ အဖေ နဲ့ အမေတို့ ကျေးဇူးတွေကို မဆပ်နိုင်သေးပေမယ့် “ ကျေးွဇူးသိတတ်တဲ့သား ”  ဖြစ်စေရမယ်။ ဒါပေမယ့် သားပြန်လာမှာပါ အမေ။ အမေ့ရင်ခွင်ကို သားပြန်လာမှာပါ..။
.
ခွင့်ပြုချက် နှင့် ခံစားရေးသားခွင့်ပေးသော မူရင်း ကာယကံရှင်များကို အထူးကျေးဇူးတင်ရှိပါသည်။
.

koko2yeye@gmail.com
.
“ ကြ်န္ေတာ္ျပန္လာမွာပါ အေမ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ဧပရယ္လ ( ၂ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၃ဝ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link : https://app.box.com/s/99q2bu74fe1ps06pd63ijybcte6hvzhw


No comments: