ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, December 23, 2015

မတူေပမယ္႕တည္႕ေအာင္စုေနတဲ႕ေျမ

ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး )
.
ျငိမ္းခ်မ္းေရးကိုအတူတကြရွာေဖြတဲ႕ေနရာမွာ ဒီမုိကေရစီစံနစ္ကို  ( ၂၃၉ ) ႏွစ္ေက်ာ္ၾကာရွည္ေအာင္အေျခတည္ပ်ိဳးေထာင္ခဲ႕တဲ႕ အေမရိကန္ႏိုင္ငံဆီက အတုယူစရာမ်ားစြာရွိပါတယ္။ လြတ္လပ္စြာေျပာဆုိမႈ၊ လြတ္လပ္စြာထုတ္ေဖာ္ေရးသားမႈ၊ လြတ္လပ္စြာပံုႏွိပ္ေဖာ္ျပမႈ စတာေတြကို မီဒီယာအသီးသီးမွာ သိျပီးသားမို႕လို႕ အထူးအက်ယ္ခ်ဲ႕ေျပာျပဖို႕လိုမယ္မထင္ေတာ႕ပါဘူး။
.
သူတုိ႕ရဲ႕ပြင္႕လင္းတဲ႕ယဥ္ေက်းမႈ၊ တစ္ဦးအေပၚတစ္ဦး မခ်ိဳးမႏွိမ္ဦးစားေပးဆက္ဆံတတ္မႈ၊ ဘဝေပးအရအားနည္းသူ - Disabled Person ေတြကို အစုိးရကိုယ္တိုင္အလႊာအသီးသီးအေရာက္ မခြဲမျခား တန္းတူရည္တူေနရာေပးမႈ၊ အိမ္ကထြက္တာနဲ႕ တရားဥပေဒကိုအတိအက်လိုက္နာတတ္မႈ စတာေတြျပည္႕စံုတဲ႕ျပည္သူအမ်ားစုအင္အားေၾကာင္႕ စံျပဒီမုိကေရစီတိုင္းျပည္အျဖစ္ ႏိုင္ငံအမ်ားအျပားက အတုယူေနရာရတာလည္းျဖစ္ပါတယ္။
.
ဒီေလာက္ေတာင္ျပီးျပည္႕စံုေနလို႕လား? လူစုလူေဝးကုိဆင္ျခင္တံုတရားမဲ႕လက္နက္ျဖင္႕တုိက္ခုိက္တာေတြကေရာ? လက္နက္မဲ႕တစ္ေယာက္ကို လံုျခံဳေရးရဲေတြက မညွာမတာပစ္ခတ္တာကေရာ? လူ႕အခြင္႕အေရးအေလးေပးတယ္ဆုိျပီး အသားအေရာင္မတူ၊ ကုိးကြယ္တဲ႕ဘာသာမတူညီသူေတြကို မတရားဖိႏွိပ္ဆက္ဆံတာေတြကေရာ? အလုပ္ခြင္ေတြမွာ အဂၤလိပ္စကားမကြ်မ္းက်င္တဲ႕ေျပာင္းေရႊ႕လုပ္သားေတြကို ႏွိမ္႕ခ်ဆက္ဆံတာေတြကေရာ? ဆိုျပီး ေစာတကတက္စရာရွိပါတယ္။ မွန္ပါတယ္..။ အားလံုးျပီးျပည္႕စံုဖို႕ဆိုရင္ လူညီမွရပါမယ္။ အားလံုးတန္းတူညီမွ်ျဖစ္မွရပါမယ္။ ေကာင္းမြန္တဲ႕လူပတ္ဝန္းက်င္ၾကားမွာ စည္းကမ္းမလိုက္နာတဲ႕ မသုိးမသန္႕လူကန္႕လန္႕မ်ားလည္း ပါေနႏုိင္ပါတယ္။

.
.
ဒါေပမယ္႕ ကြ်န္ေတာ႕အေတြ႕အၾကံဳအရ လူစုတယ္ဆိုရင္ အားလံုးစံုေအာင္ေစာင္႕တယ္။ ေမးခြန္းေမးခ်င္ရင္ လက္ေထာင္ျပျပီး အေခၚေစာင္႕တယ္။ လူတန္းရွည္မွာဝင္စီခါနီး ကိုယ္႕ေရွ႕မွာဘယ္သူရွိေနသလဲဆုိတာ စစ္ေဆးတယ္။ တံခါးေပါက္တစ္ခုကိုဝင္တဲ႕အခါ ကိုယ္႕ေနာက္မွာလူရွိေနရင္ တံခါးရြက္ကုိဖြင္႕လ်က္ကိုင္ျပီးေစာင္႕ေပးတယ္။ ဒါေတြက အသင္းအဖြဲ႕ေတြၾကား၊ လုပ္ငန္းခြင္၊ အစည္းအေဝး နဲ႕ ကုမၸဏီေတြမွာ တစ္ဦးကိုတစ္ဦး သိတတ္ေစာင္႕သိမႈ - Obligation တစ္ခုပါ။
.
မိမိအိမ္ျပင္ပမွာဆိုရင္လည္း ကားလမ္းေတြမွာ အတည္႕သြားကားကိုဦးစားေပးေစာင္႕ဖို႕ Yield ဆုိင္းဘုတ္ေတြရွိတယ္။ ဘယ္ေလာက္ျမန္ေအာင္ေမာင္းေနေစကာမူ လမ္းကူးသူရွိရင္ ( ၁၅ ) ေပအကြာမွာ လူကူးမ်ဥ္းၾကားလမ္းမေရာက္ခင္ ရပ္ေပးတယ္။ ေျမျမွဳပ္ရန္စြန္႔ပစ္အစာ - Landfill ၊ အမိႈက္သီးသန္႕ - Garbage ၊ ျပန္လည္အသံုးျပဳရန္ - Recycle ဆုိတဲ႕ပံုးေတြမွာ ကိုယ္ပစ္မယ္႕အမိႈက္ကုိ ခြဲျခားေပးတယ္။
.
ကုန္တုိက္ေတြမွာ ေငြရွင္းဖို႕တန္းစီရင္းနဲ႕ေစာင္႕ေနေပးတာကိုေက်းဇူးတင္ေၾကာင္း ေျပာၾကားတယ္။ ေစ်းေရာင္းေနမွန္း၊ ပရုိမိုးရွင္းလုပ္ေနမွန္းသိသာေပမယ္႕ “ စားသံုးသူအမွန္ - Customer Is Always Right ”  ဆုိတာကုိ ( အမ်ားအားျဖင္႕ ) လုိက္နာတယ္။ ဝယ္ယူထားတဲ႕ပစၥည္းကုိ ရက္ ( ၃ဝ ) နဲ႕ ရက္ ( ၉ဝ ) အတြင္း မည္သည္႕အေၾကာင္းျပခ်က္မွ်မေမးပဲ Return ျပန္လည္လက္ခံတယ္။ ဒါေတြတစ္ခုမွ ျမန္မာႏုိင္ငံမွာမွ မရခဲ႕ပဲေလ။ ဒါေတြေၾကာင္႕ အေမရိကန္ရဲ႕စံနစ္ကို ေလးစားသူေတြရွိတာ မဆန္းပါဘူး။
.
.
ကြ်န္ေတာ႕အလုပ္မွာဆုိရင္ အရပ္ ( ၄ ) ေပ ေက်ာ္ေက်ာ္သာရွိတဲ႕ လူပုေလး - Dwarf တစ္ေယာက္ရွိတယ္။ လူစင္မမွီဘူးလို႕မ်ားမထင္ပါနဲ႕ .. အသားအေရက ေအးရွမ္း .. ဘာသာစကားက အေမရိကန္စစ္မွစစ္။ စကားဆိုလည္းကြ်မ္းရဲ႕။ ေမာင္းတာက ႏွစ္ေယာက္စီးျပိဳင္ကား။ အလုပ္ထဲမွာလည္း ေခါင္းေဆာင္မႈအပိုင္းမ်ိဳးမွာ ၾကီးၾကပ္ေရးမွဴးကအစ အားကုိးရတဲ႕အထဲလဲ သူပါတယ္။ သူ႕ကိုလမ္းမွာေတြ႕ရင္ လူပုေလးမုိ႕ ျမန္မာႏုိင္ငံမွာလို ဝိုင္းၾကည္႕ေနမယ္၊ အခြင္႕သာရင္ လိုက္စမယ္ .. ေနာက္မယ္ဆိုတာမ်ိဳး မေတြ႕ရဘူး။ အားလံုးတန္းတူပဲ။ ဒီလိုလူကိုလည္း ကုမၸဏီကအလုပ္ခန္႕တယ္ေလ။
.
ေနာက္တစ္ေနရာမွာ ကိုယ္ဝန္ေဆာင္ဗုိက္ေလာက္ပူေနတဲ႕ ဘိုအစစ္တစ္ေယာက္ဆိုတာ ရွိခဲ႕ဖူးတယ္။ သူ႕ၾကည္႕လိုက္ရင္ မေပါ႕မပါး ေမြးခါနီးလို ခါးကိုလက္ထိန္းျပီး လမ္းေလွ်ာက္ေနတာပဲ ေတြ႕ရတယ္။ အရင္ ဆီလီကြန္ေတာင္ၾကားမွာ နာမည္ေက်ာ္ၾကားတဲ႕ကြန္ပ်ဴတာကုမၸဏီမွာ အလုပ္လုပ္ရင္း လူေလွ်ာ႕ေတာ႕ ကြ်န္ေတာ္လုပ္တဲ႕ကုမၸဏီေရာက္လာတာ။ ဒီလိုပဲ … သူ႕ဗိုက္ကိုလူေတြၾကည္႕ျပီး ေနာက္ေျပာင္ေနမယ္ .. ဗမာေတြစုျပီးအတင္းေျပာေနမယ္ထင္သလား? မလုပ္ၾကပါဘူး။ အသက္က ( ၆ဝ ) ဆုိေတာ႕ အျငိမ္းစားယူဖို႕ ( ၄ ) ႏွစ္ေလာက္ပဲလုိတယ္။ အလြန္ဆံုးခိုင္းရ ႏွစ္နည္းနည္းေလးပဲ။ ဒါမ်ိဳးကိုလည္း ကုမၸဏီက အက်ိဳးအျမတ္မၾကည္႕ရံုမက အျငိမ္းစားယူတဲ႕အခါ ကုမၸဏီသူေ႒းကိုယ္တိုင္က လူေရွ႕ထြက္ႏႈတ္ဆက္လုိက္ေသးတယ္။ ဒီလိုလူၾကီးတစ္ေယာက္ကိုလည္း ကုမၸဏီကခန္႕ပါတယ္။
.
.
အသက္ငယ္ေပမယ္႕ ေပါင္ ( ၂၅ဝ ) ေလာက္ဝတဲ႕ အမ်ိဳးသမီးတစ္ေယာက္က အလုပ္လုပ္ရင္ ထိုင္ခံုမပါရင္ မရပါဘူး။ ထုိင္ရ ထရ အခက္အခဲေတာ္ေတာ္ရွိတာ မၾကာခဏျမင္ရတယ္။ လူကသာဝတာ စားတဲ႕အစားေတြၾကည္႕လုိက္ရင္ ဒိန္ခ်ဥ္၊ အရြက္သုပ္ - Salad ၊ ေသာက္ေတာ႕ သံပုရာရည္ .. ဆုိလိုတာက ခႏၶာကိုယ္ကေပးတဲ႕ဒုကၡေၾကာင္႕ အစားအေသာက္ကိုလုိက္ျပင္ေပမယ္႕ ေတာ္ေတာ္ေနာက္က်ေနတာကို သံေဝဂရမိတာပါ။ သူ႕လုိ ထုိင္ခံုတစ္ခါထိုင္ရင္ လူႏွစ္ေယာက္စာေနရာယူသူကို ရုပ္ရည္သြင္ျပင္ၾကည္႕ျပီး အလုပ္မခန္႕ဘူးမထင္ပါနဲ႕ .. ခန္႕ပါတယ္။
.
တစ္ႏွစ္မွာေတာ႕ သရဲေတြေပ်ာ္တဲ႕ေန႕ဝတ္စံုျပိဳင္ပြဲ Halloween Costume Contest လုပ္ေရာ..။ ေၾကာက္စရာအေကာင္းဆံုး နဲ႕ စိတ္ေျခာက္ျခားစရာအေကာင္းဆံုးဆုရသြားသူက ျမန္မာ႕အေခၚ မစုိ႕တစုိတစ္ေယာက္ေပါ႕။ အမွန္က သူက ေဂးလ္ - Gay လိုမ်ိဳး ညစ္တီးညစ္ပတ္ေျခာက္ေနတာမဟုတ္ပါဘူး။ သူ႕ဘဝေပးကံအရ ႏြဲ႕ကာေႏွာင္းကာ နဲ႕ ျငိမ္းလဲ႕ၾကည္သာျဖစ္ေနတာသာ ျဖစ္ပါတယ္။ ေနာက္တစ္ခုက သူက ေယာက္်ားသားေတြကို ပုိျပီးစိတ္လက္ၾကည္သာျဖစ္ေနတာက တစ္မ်ိဳးဆန္းေနတယ္။ တစ္ခ်ိဳ႕ဆုိ သူနဲ႕မ်က္လံုးမဆံုရဲဘူး။ အၾကည္႕တိုက္ဆိုင္ရင္ အရင္ဆံုးမ်က္စိလြဲသူေတြက ကိုယ္ေရႊေယာက္်ားသားေတြပါ။ ဟုတ္တယ္ေလ … အလုပ္ထဲမွာ ဘာလို႕ျပသနာရွာမလဲ။ ဒီလုိလူကိုလည္း အလုပ္ခန္႕တယ္ဆုိတာ ေျပာျပတာပါ။
.
.
လူအမ်ားစုႏုိင္ရင္ ဥပေဒျဖစ္တဲ႕ အေမရိကားမွာ ေနာက္ပုိင္း မိန္းမခ်င္းခ်စ္သူ - Lesbian ေတြ ေတြ႕ရတယ္။ တစ္ေယာက္အလုပ္လာရင္ ေနာက္တစ္ေယာက္ကအျမဲပါတယ္။ တစ္ေယာက္က အားလပ္ခ်ိန္ - Break ဆိုရင္ ေနာက္တစ္ေယာက္က ကားထဲမွာၾကိဳသြားေစာင္႕ေနုျပီးသား။ စားအတူတူ သြားအတူတူ ကားစီးအတူတူ။ ဒါေပမယ္႕ သူတုိ႕ေဘးပတ္ဝန္းက်င္ကို လံုးဝအေႏွာင္႕အယွက္မေပးဘူး။ ပတ္ဝန္းက်င္အသိုင္းအဝုိင္းကသာ သူတုိ႕ကို တီးတိုးတီးတိုးလုပ္ေနၾကတာ .. သိတယ္မလား? ဒါေၾကာင္႕ မိန္းကေလး မိန္းကေလးခ်င္းၾကိဳက္ေနလုိ႕ အလုပ္မခန္႕ဘူးမထင္ပါနဲ႕ ခန္႔ပါတယ္။ ျပသနာမရွိၾကပါဘူး။
.
အလုပ္ထဲမွာ ေန႕ဘက္ - Day Shift ေရာ၊ ညပိုင္း - Swing Shift ေရာ အာဖရစ္ကန္အေမရိကန္ေတြ မၾကာခဏေတြ႕ရတယ္။ အမ်ားၾကီးေတြ႕ရတဲ႕အထဲမွာ ႏွစ္ေပါက္ေအာင္ျမဲသူဆိုတာ ခပ္ရွားရွား။ ဒီလိုအလုပ္မျမဲတဲ႕သူ၊ ထစ္ကနဲဆုိ “ ငါတို႕ကုိ မင္းတို႕ကဘာထင္ေနသလဲ? လူမည္းဆုိျပီး ခြဲျခားခြဲျခားလုပ္မယ္ေတာ႕မၾကံနဲ႕။ မ႑ပ္တုိင္တက္ပစ္လိုက္မယ္ .. ဘာမွတ္လဲ ” ဆုိတဲ႕ မ်က္ႏွာမ်ိဳးေတြ ေတြ႕ရတယ္။ ဒါေပမယ္႕ စကားအရာမွာေတာ႕ ေျပာတာျမန္သလား မေမးနဲ႕။ သူတို႕နဲ႕စကားေျပာရတာ လိုက္နားမေထာင္ႏုိင္လုိ႕ ရက္ပ္ - Rap သီခ်င္းတစ္ပုဒ္နားေထာင္လိုက္တာကမွ ခ်ိဳပ်ပ်အရသာရွိဦးမယ္။ ဒီလုိ စကားပိုင္၊ စာပိုင္၊ ေဒသခံ အေျခံခံလူတန္းစားေတြကုိလည္း ကုမၸဏီက ခန္႕တာပါပဲ။ ဟာ .. လူမည္းျဖစ္လို႕၊ ရုပ္ဆိုးလို႕ ( ဥပဓိရုပ္မရွိလို႕ ) အလုပ္မခန္႕ဘူးဆိုတာ မၾကားဖူးပါဘူး။
.
.
ေျပာရင္းေျပာရင္းနဲ႕ မျမင္မေတာ္တာေတြဘက္ေရာက္သြားရင္ သည္းခံျပီးသာဆက္ဖတ္ပါဗ်ိဳ႕။ လူမ်ိဳးမခြဲျခားတာ၊ ကိုးကြယ္တဲ႕ဘာသာမခြဲျခားတာကို ကုမၸဏီမွာငွားထားတဲ႕ ဦးေခါင္းကိုပုဝါအျမဲပတ္ထားတဲ႕အမ်ိဳးသမီးေတြကုိေတြ႕ရင္ သိသာပါတယ္။ ဒါ႕အျပင္ တစ္ခ်ိဳ႕အမ်ိဳးသမီးေတြဆို မ်က္ႏွာမွာမိတ္ကပ္ကအေဖြးသားေပမယ္႕ ခႏၶာကုိယ္ရဲ႕ အေရွ႕အေပၚပိုင္းထြားထြား၊ အေနာက္အလယ္ပိုင္းကားကား၊ တစ္ေယာက္တစ္ေလမ်ားဆို စြင္႕ထြားပြင္႕ကားလို႕မက ဘယ္ေတာင္ပံ ..  ညာေတာင္ပံပါဖြင္႕ေနရတဲ႕ မုန္႕လုံးၾကီးအိုဗာဆုိဒ္ေတြကိုလည္း ကုမၸဏီက ငွားပါတယ္။ အလုပ္ေပးထားပါတယ္။
.
.
ဒီသိမ္းငွက္ၾကီးရဲ႕ အန္ကယ္ဆမ္တိုင္းျပည္မွာ ကြ်န္ေတ္ာတို႕ျမန္မာႏုိင္ငံမွာမေတြ႕ရတဲ႕ လူလူခ်င္းေလးစားမႈ၊ အသားအေရာင္မခြဲျခားပဲဆက္ဆံေရးတည္ေဆာက္မႈ၊ ရုပ္ရည္ရူပကာထက္ လူသားအရင္းအျမစ္ကို အေလးေပးအလုပ္ခန္႕မႈတို႕ကုိ အေမရိကားမွာ ေတြ႕ရတယ္။ သူတို႕ေတြ ဘယ္လိုသင္႕ျမတ္ေအာင္ေနၾကပါသလဲဆုိတာ တစ္ဆက္တည္းေလ႕လာၾကည္႕မိတယ္။
.
.
ကုမၸဏီမွာ တစ္ေယာက္ကိုတစ္ေယာက္ႏွိမ္႕ခ်ဆက္ဆံျခင္းမျပဳၾကဘူး .. ဒါ တစ္အခ်က္။
.
လူခ်င္းေတြ႕တဲ႕အခါ သာမန္ႏႈတ္ဆက္တာအျပင္ ကုိယ္ေရးကိုယ္တာေတြကို ဂရုတစုိက္နားေထာင္ေပးၾကတယ္။ မိတ္ဆံုစားပြဲလုပ္တဲ႕အခါမ်ိဳး၊ ဟင္း - စားစရာတစ္မ်ိဳးစီကုိယ္စီယူလာျပီးစုစားၾကတဲ႕ Potluck စားတဲ႕အခါမ်ိဳးမွာ ဘယ္ဘာသာကခ်က္တဲ႕ဟင္းမို႕လို႕ မစားဘူးဆိုတာမ်ိဳးမရွိဘူး။ ကုလားခ်က္တဲ႕ၾကက္သားမဆလာဟင္းဆိုလည္း စားလိုက္ၾကတာပဲ။ တရုတ္ခ်က္တဲ႕ အမဲသားပန္းမံုလာစိမ္းေၾကာ္ဆိုလည္း စားၾကတာပါပဲ။ မကၠဆီကန္လူမ်ိဳးအသဲစြဲ ေျပာင္းဖူးဖက္ထုတ္ နဲ႕ ခ်ိစ္ထမင္းဆိုလည္း အားေပးၾကတာပါပဲ။ ဖိလစ္ပီးႏိုးခ်က္ မန္က်ည္းရည္နဲ႕ဝက္နံရိုး  - Sinigang ဟင္းရည္ဆုိရင္လည္း ကုိယ္႕အလွည္႕ေရာက္ဖို႕ လူတန္းရွည္ၾကီးေစာင္႕ရတယ္။ ဒီေနရာမွာ မတူညီတဲ႕လူအသီးသီးရဲ႕ယဥ္ေက်းမႈေတြကို စားပြဲဝုိင္းမွာဝုိင္းဖြဲ႕စားေသာက္ျပီး မိတ္ဖြဲ႕ၾကတယ္။ ဒါက ႏွစ္အခ်က္။
.
တစ္ေယာက္နဲ႕တစ္ေယာက္ အတူတကြေပါင္းစပ္အလုပ္လုပ္ကိုင္ရာမွာ အပိုစကားေျပာတတ္ေပမယ္႕ ရန္ေစာင္တဲ႕စကား မေျပာၾကဘူး။ တစ္ဦးတစ္ေယာက္က စမိတယ္ထားဦး  .. တစ္ဖက္ကေန ဒီလိုစိတ္မထားရတဲ႕အေၾကာင္း ခ်က္ခ်င္းသတိေပးတယ္။ “ ငါတို႕အမုန္းပြားေနလို႕ဘာလုပ္မွာလဲ? ဘဝကတုိတုိေလး ရန္ျဖစ္ရတာမတန္ဘူး ” ဆိုျပီး ေပ်ာ္ရႊင္ေနသာဖို႕အေၾကာင္းကိုသာ အျမဲေနတတ္တယ္။ တစ္ျခားလူမ်ိဳးျခားရဲ႕ ဓေလ႕ထံုးစံနဲ႕လူေနမႈစံနစ္ကုိ အျမဲေလ႕လာခ်င္ေနၾကတယ္ .. ဒါပါဆို သံုးခ်က္ရွိေနျပီ။ တစ္ျခား နယ္ပယ္ေတြက ေလးေလးနက္နက္ေတြးေခၚျပီး လူလူခ်င္းရင္ၾကားေစ႕ေရး - Reconciliation ဆိုတာေတြကိုပါထည္႕ေရးရင္ ကုန္ႏိုင္ဖြယ္ရာမရွိပါဘူး။
.
.
ဒါေၾကာင္႕ အဲဒီစံနစ္ကိုက်င္႕သံုးတဲ႕ ဒီမိုကေရစီႏုိင္ငံမွာ “ ငါ႕ကုိဘယ္သူက လာရန္စမလဲ ” ဆုိတာမ်ိဳး “ ေပါက္ကြဲလြယ္တဲ႕စိတ္ - Aggressive Mindset ” မရွိဘူး။
.
ဒီ႕အျပင္ “ ဒီလူကို ႏွပ္ခ်လိုက္ရ ” ဆိုတဲ႕ “ အႏုိင္က်င္႕ခြဲျခားဆက္ဆံေရး - Humiliation ” မေတြ႕ရဘူး။
.
အဲဒါေတြအစား  “ ဒီလူတစ္ေယာက္ကို ဘယ္လုိကူညီလုိက္ရမလဲ ” ဆိုတဲ႕ “ လူသားခ်င္းစာနာတဲ႕စိတ္ - Humanitarian Aid ” ရွိတဲ႕စိတ္ဓါတ္ကို ေမြးၾကတယ္။
.
.
သုိ႕ေပမယ္႕ အဆိုးမပါရင္ အေကာင္းကအေရာင္မလွက္ပါဘူး။ ဒီလိုပဲ ဆိုးျပစ္ဆိုးဒဏ္က်ခံေနရတဲ႕ႏိုင္ငံသားအေနနဲ႕ တစ္ဦးခ်င္းတစ္ေယာက္ခ်င္းျပဳျပင္မွသာ လူအဖြဲ႕အစည္းတစ္ခု၊ တစ္ျပည္နယ္၊ တစ္ေဒသ ကေန တစ္တိုင္းျပည္လံုးျပဳျပင္ႏိုင္ပါမယ္။ ကြ်န္ေတ္ာတို႕ ျမန္မာ႕အႏြယ္ေတြ ရန္ျဖစ္ေနတာလည္း ႏွစ္ေပါင္းၾကာလွေပါ႕။ တုိင္းရင္းညီအစ္ကိုေတြအခ်င္းခ်င္းလည္း မသင္႕ျမတ္တာ မ်ိဳးဆက္ႏွစ္ခုေက်ာ္ခဲ႕ေပါ႕။
.
ဒါေတြကိုေက်ာ္လႊားဖို႕၊ အေကာင္းဘက္ကိုေရာက္ဖို႕၊ တြန္းေရႊ႕ဖို႕ အေရြ႕ဘက္ဦးတည္ျပီးလြယ္ကူတဲ႕နည္းလမ္းတစ္ခုကို တိုက္တြန္းစရာရွိပါတယ္။ ေငြမကုန္ဘူး။ အခ်ိန္မကုန္ဘူး။ တပည္႕ခံစရာမလိုဘူး။ ဘယ္သူမွလည္းသိစရာမလုိဘူး။
.
အဲဒါကေတာ႕ .. ေကာင္းပါတယ္ သင္႕ပါတယ္ဆုိတဲ႕ အသြင္ကူးေျပာင္းေရးစာေပေတြကုိေတြ႕မိ၊ ဖတ္မိတဲ႕အခါ မိမိကစျပီး ျပဳျပင္လိုက္ပါ။ အမွားေတြနဲ႕ အႏိုင္က်င္႕မႈေတြကို ဆက္မလုပ္တဲ႕အခါ သူတစ္ပါးေကာင္းက်ိဳးေရွ႕ရႈတဲ႕ကုသိုလ္စိတ္က ပကတိႏွလံုးသားမွာ အလိုလိုကိန္းေအာင္းလာပါလိမ္႕မယ္။ အဲဒီအခါက်ရင္ ရန္မျဖစ္ေတာ႕တဲ႕ျမန္မာေတြေၾကာင္႕ ႏုိင္ငံၾကီးေအးခ်မ္းပါလိမ္႕မယ္။
.
ခင္လ်က္
.
12-23-2015
.
.
.
Myanmar Unicode Version:
.
.
“ မတူပေမယ့်တည့်အောင်စုနေတဲ့မြေ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ငြိမ်းချမ်းရေးကိုအတူတကွရှာဖွေတဲ့နေရာမှာ ဒီမိုကရေစီစံနစ်ကို  ( ၂၃၉ ) နှစ်ကျော်ကြာရှည်အောင်အခြေတည်ပျိုးထောင်ခဲ့တဲ့ အမေရိကန်နိုင်ငံဆီက အတုယူစရာများစွာရှိပါတယ်။ လွတ်လပ်စွာပြောဆိုမှု၊ လွတ်လပ်စွာထုတ်ဖော်ရေးသားမှု၊ လွတ်လပ်စွာပုံနှိပ်ဖော်ပြမှု စတာတွေကို မီဒီယာအသီးသီးမှာ သိပြီးသားမို့လို့ အထူးအကျယ်ချဲ့ပြောပြဖို့လိုမယ်မထင်တော့ပါဘူး။
.
သူတို့ရဲ့ပွင့်လင်းတဲ့ယဉ်ကျေးမှု၊ တစ်ဦးအပေါ်တစ်ဦး မချိုးမနှိမ်ဦးစားပေးဆက်ဆံတတ်မှု၊ ဘဝပေးအရအားနည်းသူ - Disabled Person တွေကို အစိုးရကိုယ်တိုင်အလွှာအသီးသီးအရောက် မခွဲမခြား တန်းတူရည်တူနေရာပေးမှု၊ အိမ်ကထွက်တာနဲ့ တရားဥပဒေကိုအတိအကျလိုက်နာတတ်မှု စတာတွေပြည့်စုံတဲ့ပြည်သူအများစုအင်အားကြောင့် စံပြဒီမိုကရေစီတိုင်းပြည်အဖြစ် နိုင်ငံအများအပြားက အတုယူနေရာရတာလည်းဖြစ်ပါတယ်။
.
ဒီလောက်တောင်ပြီးပြည့်စုံနေလို့လား? လူစုလူဝေးကိုဆင်ခြင်တုံတရားမဲ့လက်နက်ဖြင့်တိုက်ခိုက်တာတွေကရော? လက်နက်မဲ့တစ်ယောက်ကို လုံခြုံရေးရဲတွေက မညှာမတာပစ်ခတ်တာကရော? လူ့အခွင့်အရေးအလေးပေးတယ်ဆိုပြီး အသားအရောင်မတူ၊ ကိုးကွယ်တဲ့ဘာသာမတူညီသူတွေကို မတရားဖိနှိပ်ဆက်ဆံတာတွေကရော? အလုပ်ခွင်တွေမှာ အင်္ဂလိပ်စကားမကျွမ်းကျင်တဲ့ပြောင်းရွှေ့လုပ်သားတွေကို နှိမ့်ချဆက်ဆံတာတွေကရော? ဆိုပြီး စောတကတက်စရာရှိပါတယ်။ မှန်ပါတယ်..။ အားလုံးပြီးပြည့်စုံဖို့ဆိုရင် လူညီမှရပါမယ်။ အားလုံးတန်းတူညီမျှဖြစ်မှရပါမယ်။ ကောင်းမွန်တဲ့လူပတ်ဝန်းကျင်ကြားမှာ စည်းကမ်းမလိုက်နာတဲ့ မသိုးမသန့်လူကန့်လန့်များလည်း ပါနေနိုင်ပါတယ်။
.
.
ဒါပေမယ့် ကျွန်တော့အတွေ့အကြုံအရ လူစုတယ်ဆိုရင် အားလုံးစုံအောင်စောင့်တယ်။ မေးခွန်းမေးချင်ရင် လက်ထောင်ပြပြီး အခေါ်စောင့်တယ်။ လူတန်းရှည်မှာဝင်စီခါနီး ကိုယ့်ရှေ့မှာဘယ်သူရှိနေသလဲဆိုတာ စစ်ဆေးတယ်။ တံခါးပေါက်တစ်ခုကိုဝင်တဲ့အခါ ကိုယ့်နောက်မှာလူရှိနေရင် တံခါးရွက်ကိုဖွင့်လျက်ကိုင်ပြီးစောင့်ပေးတယ်။ ဒါတွေက အသင်းအဖွဲ့တွေကြား၊ လုပ်ငန်းခွင်၊ အစည်းအဝေး နဲ့ ကုမ္ပဏီတွေမှာ တစ်ဦးကိုတစ်ဦး သိတတ်စောင့်သိမှု - Obligation တစ်ခုပါ။
.
မိမိအိမ်ပြင်ပမှာဆိုရင်လည်း ကားလမ်းတွေမှာ အတည့်သွားကားကိုဦးစားပေးစောင့်ဖို့ Yield ဆိုင်းဘုတ်တွေရှိတယ်။ ဘယ်လောက်မြန်အောင်မောင်းနေစေကာမူ လမ်းကူးသူရှိရင် ( ၁၅ ) ပေအကွာမှာ လူကူးမျဉ်းကြားလမ်းမရောက်ခင် ရပ်ပေးတယ်။ မြေမြှုပ်ရန်စွန့်ပစ်အစာ - Landfill ၊ အမှိုက်သီးသန့် - Garbage ၊ ပြန်လည်အသုံးပြုရန် - Recycle ဆိုတဲ့ပုံးတွေမှာ ကိုယ်ပစ်မယ့်အမှိုက်ကို ခွဲခြားပေးတယ်။
.
ကုန်တိုက်တွေမှာ ငွေရှင်းဖို့တန်းစီရင်းနဲ့စောင့်နေပေးတာကိုကျေးဇူးတင်ကြောင်း ပြောကြားတယ်။ ဈေးရောင်းနေမှန်း၊ ပရိုမိုးရှင်းလုပ်နေမှန်းသိသာပေမယ့် “ စားသုံးသူအမှန် - Customer Is Always Right ”  ဆိုတာကို ( အများအားဖြင့် ) လိုက်နာတယ်။ ဝယ်ယူထားတဲ့ပစ္စည်းကို ရက် ( ၃ဝ ) နဲ့ ရက် ( ၉ဝ ) အတွင်း မည်သည့်အကြောင်းပြချက်မျှမမေးပဲ Return ပြန်လည်လက်ခံတယ်။ ဒါတွေတစ်ခုမှ မြန်မာနိုင်ငံမှာမှ မရခဲ့ပဲလေ။ ဒါတွေကြောင့် အမေရိကန်ရဲ့စံနစ်ကို လေးစားသူတွေရှိတာ မဆန်းပါဘူး။
.
.
ကျွန်တော့အလုပ်မှာဆိုရင် အရပ် ( ၄ ) ပေ ကျော်ကျော်သာရှိတဲ့ လူပုလေး - Dwarf တစ်ယောက်ရှိတယ်။ လူစင်မမှီဘူးလို့များမထင်ပါနဲ့ .. အသားအရေက အေးရှမ်း .. ဘာသာစကားက အမေရိကန်စစ်မှစစ်။ စကားဆိုလည်းကျွမ်းရဲ့။ မောင်းတာက နှစ်ယောက်စီးပြိုင်ကား။ အလုပ်ထဲမှာလည်း ခေါင်းဆောင်မှုအပိုင်းမျိုးမှာ ကြီးကြပ်ရေးမှူးကအစ အားကိုးရတဲ့အထဲလဲ သူပါတယ်။ သူ့ကိုလမ်းမှာတွေ့ရင် လူပုလေးမို့ မြန်မာနိုင်ငံမှာလို ဝိုင်းကြည့်နေမယ်၊ အခွင့်သာရင် လိုက်စမယ် .. နောက်မယ်ဆိုတာမျိုး မတွေ့ရဘူး။ အားလုံးတန်းတူပဲ။ ဒီလိုလူကိုလည်း ကုမ္ပဏီကအလုပ်ခန့်တယ်လေ။
.
နောက်တစ်နေရာမှာ ကိုယ်ဝန်ဆောင်ဗိုက်လောက်ပူနေတဲ့ ဘိုအစစ်တစ်ယောက်ဆိုတာ ရှိခဲ့ဖူးတယ်။ သူ့ကြည့်လိုက်ရင် မပေါ့မပါး မွေးခါနီးလို ခါးကိုလက်ထိန်းပြီး လမ်းလျှောက်နေတာပဲ တွေ့ရတယ်။ အရင် ဆီလီကွန်တောင်ကြားမှာ နာမည်ကျော်ကြားတဲ့ကွန်ပျူတာကုမ္ပဏီမှာ အလုပ်လုပ်ရင်း လူလျှော့တော့ ကျွန်တော်လုပ်တဲ့ကုမ္ပဏီရောက်လာတာ။ ဒီလိုပဲ … သူ့ဗိုက်ကိုလူတွေကြည့်ပြီး နောက်ပြောင်နေမယ် .. ဗမာတွေစုပြီးအတင်းပြောနေမယ်ထင်သလား? မလုပ်ကြပါဘူး။ အသက်က ( ၆ဝ ) ဆိုတော့ အငြိမ်းစားယူဖို့ ( ၄ ) နှစ်လောက်ပဲလိုတယ်။ အလွန်ဆုံးခိုင်းရ နှစ်နည်းနည်းလေးပဲ။ ဒါမျိုးကိုလည်း ကုမ္ပဏီက အကျိုးအမြတ်မကြည့်ရုံမက အငြိမ်းစားယူတဲ့အခါ ကုမ္ပဏီသူဋ္ဌေးကိုယ်တိုင်က လူရှေ့ထွက်နှုတ်ဆက်လိုက်သေးတယ်။ ဒီလိုလူကြီးတစ်ယောက်ကိုလည်း ကုမ္ပဏီကခန့်ပါတယ်။
.
.
အသက်ငယ်ပေမယ့် ပေါင် ( ၂၅ဝ ) လောက်ဝတဲ့ အမျိုးသမီးတစ်ယောက်က အလုပ်လုပ်ရင် ထိုင်ခုံမပါရင် မရပါဘူး။ ထိုင်ရ ထရ အခက်အခဲတော်တော်ရှိတာ မကြာခဏမြင်ရတယ်။ လူကသာဝတာ စားတဲ့အစားတွေကြည့်လိုက်ရင် ဒိန်ချဉ်၊ အရွက်သုပ် - Salad ၊ သောက်တော့ သံပုရာရည် .. ဆိုလိုတာက ခန္ဓာကိုယ်ကပေးတဲ့ဒုက္ခကြောင့် အစားအသောက်ကိုလိုက်ပြင်ပေမယ့် တော်တော်နောက်ကျနေတာကို သံဝေဂရမိတာပါ။ သူ့လို ထိုင်ခုံတစ်ခါထိုင်ရင် လူနှစ်ယောက်စာနေရာယူသူကို ရုပ်ရည်သွင်ပြင်ကြည့်ပြီး အလုပ်မခန့်ဘူးမထင်ပါနဲ့ .. ခန့်ပါတယ်။
.
တစ်နှစ်မှာတော့ သရဲတွေပျော်တဲ့နေ့ဝတ်စုံပြိုင်ပွဲ Halloween Costume Contest လုပ်ရော..။ ကြောက်စရာအကောင်းဆုံး နဲ့ စိတ်ခြောက်ခြားစရာအကောင်းဆုံးဆုရသွားသူက မြန်မာ့အခေါ် မစို့တစိုတစ်ယောက်ပေါ့။ အမှန်က သူက ဂေးလ် - Gay လိုမျိုး ညစ်တီးညစ်ပတ်ခြောက်နေတာမဟုတ်ပါဘူး။ သူ့ဘဝပေးကံအရ နွဲ့ကာနှောင်းကာ နဲ့ ငြိမ်းလဲ့ကြည်သာဖြစ်နေတာသာ ဖြစ်ပါတယ်။ နောက်တစ်ခုက သူက ယောက်ျားသားတွေကို ပိုပြီးစိတ်လက်ကြည်သာဖြစ်နေတာက တစ်မျိုးဆန်းနေတယ်။ တစ်ချို့ဆို သူနဲ့မျက်လုံးမဆုံရဲဘူး။ အကြည့်တိုက်ဆိုင်ရင် အရင်ဆုံးမျက်စိလွဲသူတွေက ကိုယ်ရွှေယောက်ျားသားတွေပါ။ ဟုတ်တယ်လေ … အလုပ်ထဲမှာ ဘာလို့ပြသနာရှာမလဲ။ ဒီလိုလူကိုလည်း အလုပ်ခန့်တယ်ဆိုတာ ပြောပြတာပါ။
.
.
လူအများစုနိုင်ရင် ဥပဒေဖြစ်တဲ့ အမေရိကားမှာ နောက်ပိုင်း မိန်းမချင်းချစ်သူ - Lesbian တွေ တွေ့ရတယ်။ တစ်ယောက်အလုပ်လာရင် နောက်တစ်ယောက်ကအမြဲပါတယ်။ တစ်ယောက်က အားလပ်ချိန် - Break ဆိုရင် နောက်တစ်ယောက်က ကားထဲမှာကြိုသွားစောင့်နေုပြီးသား။ စားအတူတူ သွားအတူတူ ကားစီးအတူတူ။ ဒါပေမယ့် သူတို့ဘေးပတ်ဝန်းကျင်ကို လုံးဝအနှောင့်အယှက်မပေးဘူး။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကသာ သူတို့ကို တီးတိုးတီးတိုးလုပ်နေကြတာ .. သိတယ်မလား? ဒါကြောင့် မိန်းကလေး မိန်းကလေးချင်းကြိုက်နေလို့ အလုပ်မခန့်ဘူးမထင်ပါနဲ့ ခန့်ပါတယ်။ ပြသနာမရှိကြပါဘူး။
.
အလုပ်ထဲမှာ နေ့ဘက် - Day Shift ရော၊ ညပိုင်း - Swing Shift ရော အာဖရစ်ကန်အမေရိကန်တွေ မကြာခဏတွေ့ရတယ်။ အများကြီးတွေ့ရတဲ့အထဲမှာ နှစ်ပေါက်အောင်မြဲသူဆိုတာ ခပ်ရှားရှား။ ဒီလိုအလုပ်မမြဲတဲ့သူ၊ ထစ်ကနဲဆို “ ငါတို့ကို မင်းတို့ကဘာထင်နေသလဲ? လူမည်းဆိုပြီး ခွဲခြားခွဲခြားလုပ်မယ်တော့မကြံနဲ့။ မဏ္ဍပ်တိုင်တက်ပစ်လိုက်မယ် .. ဘာမှတ်လဲ ” ဆိုတဲ့ မျက်နှာမျိုးတွေ တွေ့ရတယ်။ ဒါပေမယ့် စကားအရာမှာတော့ ပြောတာမြန်သလား မမေးနဲ့။ သူတို့နဲ့စကားပြောရတာ လိုက်နားမထောင်နိုင်လို့ ရက်ပ် - Rap သီချင်းတစ်ပုဒ်နားထောင်လိုက်တာကမှ ချိုပျပျအရသာရှိဦးမယ်။ ဒီလို စကားပိုင်၊ စာပိုင်၊ ဒေသခံ အခြေံခံလူတန်းစားတွေကိုလည်း ကုမ္ပဏီက ခန့်တာပါပဲ။ ဟာ .. လူမည်းဖြစ်လို့၊ ရုပ်ဆိုးလို့ ( ဥပဓိရုပ်မရှိလို့ ) အလုပ်မခန့်ဘူးဆိုတာ မကြားဖူးပါဘူး။
.
.
ပြောရင်းပြောရင်းနဲ့ မမြင်မတော်တာတွေဘက်ရောက်သွားရင် သည်းခံပြီးသာဆက်ဖတ်ပါဗျို့။ လူမျိုးမခွဲခြားတာ၊ ကိုးကွယ်တဲ့ဘာသာမခွဲခြားတာကို ကုမ္ပဏီမှာငှားထားတဲ့ ဦးခေါင်းကိုပုဝါအမြဲပတ်ထားတဲ့အမျိုးသမီးတွေကိုတွေ့ရင် သိသာပါတယ်။ ဒါ့အပြင် တစ်ချို့အမျိုးသမီးတွေဆို မျက်နှာမှာမိတ်ကပ်ကအဖွေးသားပေမယ့် ခန္ဓာကိုယ်ရဲ့ အရှေ့အပေါ်ပိုင်းထွားထွား၊ အနောက်အလယ်ပိုင်းကားကား၊ တစ်ယောက်တစ်လေများဆို စွင့်ထွားပွင့်ကားလို့မက ဘယ်တောင်ပံ ..  ညာတောင်ပံပါဖွင့်နေရတဲ့ မုန့်လုံးကြီးအိုဗာဆိုဒ်တွေကိုလည်း ကုမ္ပဏီက ငှားပါတယ်။ အလုပ်ပေးထားပါတယ်။
.
.
ဒီသိမ်းငှက်ကြီးရဲ့ အန်ကယ်ဆမ်တိုင်းပြည်မှာ ကျွန်တော်တို့မြန်မာနိုင်ငံမှာမတွေ့ရတဲ့ လူလူချင်းလေးစားမှု၊ အသားအရောင်မခွဲခြားပဲဆက်ဆံရေးတည်ဆောက်မှု၊ ရုပ်ရည်ရူပကာထက် လူသားအရင်းအမြစ်ကို အလေးပေးအလုပ်ခန့်မှုတို့ကို အမေရိကားမှာ တွေ့ရတယ်။ သူတို့တွေ ဘယ်လိုသင့်မြတ်အောင်နေကြပါသလဲဆိုတာ တစ်ဆက်တည်းလေ့လာကြည့်မိတယ်။
.
.
ကုမ္ပဏီမှာ တစ်ယောက်ကိုတစ်ယောက်နှိမ့်ချဆက်ဆံခြင်းမပြုကြဘူး .. ဒါ တစ်အချက်။
.
လူချင်းတွေ့တဲ့အခါ သာမန်နှုတ်ဆက်တာအပြင် ကိုယ်ရေးကိုယ်တာတွေကို ဂရုတစိုက်နားထောင်ပေးကြတယ်။ မိတ်ဆုံစားပွဲလုပ်တဲ့အခါမျိုး၊ ဟင်း - စားစရာတစ်မျိုးစီကိုယ်စီယူလာပြီးစုစားကြတဲ့ Potluck စားတဲ့အခါမျိုးမှာ ဘယ်ဘာသာကချက်တဲ့ဟင်းမို့လို့ မစားဘူးဆိုတာမျိုးမရှိဘူး။ ကုလားချက်တဲ့ကြက်သားမဆလာဟင်းဆိုလည်း စားလိုက်ကြတာပဲ။ တရုတ်ချက်တဲ့ အမဲသားပန်းမုံလာစိမ်းကြော်ဆိုလည်း စားကြတာပါပဲ။ မက္ကဆီကန်လူမျိုးအသဲစွဲ ပြောင်းဖူးဖက်ထုတ် နဲ့ ချိစ်ထမင်းဆိုလည်း အားပေးကြတာပါပဲ။ ဖိလစ်ပီးနိုးချက် မန်ကျည်းရည်နဲ့ဝက်နံရိုး  - Sinigang ဟင်းရည်ဆိုရင်လည်း ကိုယ့်အလှည့်ရောက်ဖို့ လူတန်းရှည်ကြီးစောင့်ရတယ်။ ဒီနေရာမှာ မတူညီတဲ့လူအသီးသီးရဲ့ယဉ်ကျေးမှုတွေကို စားပွဲဝိုင်းမှာဝိုင်းဖွဲ့စားသောက်ပြီး မိတ်ဖွဲ့ကြတယ်။ ဒါက နှစ်အချက်။
.
တစ်ယောက်နဲ့တစ်ယောက် အတူတကွပေါင်းစပ်အလုပ်လုပ်ကိုင်ရာမှာ အပိုစကားပြောတတ်ပေမယ့် ရန်စောင်တဲ့စကား မပြောကြဘူး။ တစ်ဦးတစ်ယောက်က စမိတယ်ထားဦး  .. တစ်ဖက်ကနေ ဒီလိုစိတ်မထားရတဲ့အကြောင်း ချက်ချင်းသတိပေးတယ်။ “ ငါတို့အမုန်းပွားနေလို့ဘာလုပ်မှာလဲ? ဘဝကတိုတိုလေး ရန်ဖြစ်ရတာမတန်ဘူး ” ဆိုပြီး ပျော်ရွှင်နေသာဖို့အကြောင်းကိုသာ အမြဲနေတတ်တယ်။ တစ်ခြားလူမျိုးခြားရဲ့ ဓလေ့ထုံးစံနဲ့လူနေမှုစံနစ်ကို အမြဲလေ့လာချင်နေကြတယ် .. ဒါပါဆို သုံးချက်ရှိနေပြီ။ တစ်ခြား နယ်ပယ်တွေက လေးလေးနက်နက်တွေးခေါ်ပြီး လူလူချင်းရင်ကြားစေ့ရေး - Reconciliation ဆိုတာတွေကိုပါထည့်ရေးရင် ကုန်နိုင်ဖွယ်ရာမရှိပါဘူး။
.
.
ဒါကြောင့် အဲဒီစံနစ်ကိုကျင့်သုံးတဲ့ ဒီမိုကရေစီနိုင်ငံမှာ “ ငါ့ကိုဘယ်သူက လာရန်စမလဲ ” ဆိုတာမျိုး “ ပေါက်ကွဲလွယ်တဲ့စိတ် - Aggressive Mindset ” မရှိဘူး။
.
ဒီ့အပြင် “ ဒီလူကို နှပ်ချလိုက်ရ ” ဆိုတဲ့ “ အနိုင်ကျင့်ခွဲခြားဆက်ဆံရေး - Humiliation ” မတွေ့ရဘူး။
.
အဲဒါတွေအစား  “ ဒီလူတစ်ယောက်ကို ဘယ်လိုကူညီလိုက်ရမလဲ ” ဆိုတဲ့ “ လူသားချင်းစာနာတဲ့စိတ် - Humanitarian Aid ” ရှိတဲ့စိတ်ဓါတ်ကို မွေးကြတယ်။
.
.
သို့ပေမယ့် အဆိုးမပါရင် အကောင်းကအရောင်မလှက်ပါဘူး။ ဒီလိုပဲ ဆိုးပြစ်ဆိုးဒဏ်ကျခံနေရတဲ့နိုင်ငံသားအနေနဲ့ တစ်ဦးချင်းတစ်ယောက်ချင်းပြုပြင်မှသာ လူအဖွဲ့အစည်းတစ်ခု၊ တစ်ပြည်နယ်၊ တစ်ဒေသ ကနေ တစ်တိုင်းပြည်လုံးပြုပြင်နိုင်ပါမယ်။ ကျွန်တော်တို့ မြန်မာ့အနွယ်တွေ ရန်ဖြစ်နေတာလည်း နှစ်ပေါင်းကြာလှပေါ့။ တိုင်းရင်းညီအစ်ကိုတွေအချင်းချင်းလည်း မသင့်မြတ်တာ မျိုးဆက်နှစ်ခုကျော်ခဲ့ပေါ့။
.
ဒါတွေကိုကျော်လွှားဖို့၊ အကောင်းဘက်ကိုရောက်ဖို့၊ တွန်းရွှေ့ဖို့ အရွေ့ဘက်ဦးတည်ပြီးလွယ်ကူတဲ့နည်းလမ်းတစ်ခုကို တိုက်တွန်းစရာရှိပါတယ်။ ငွေမကုန်ဘူး။ အချိန်မကုန်ဘူး။ တပည့်ခံစရာမလိုဘူး။ ဘယ်သူမှလည်းသိစရာမလိုဘူး။
.
အဲဒါကတော့ .. ကောင်းပါတယ် သင့်ပါတယ်ဆိုတဲ့ အသွင်ကူးပြောင်းရေးစာပေတွေကိုတွေ့မိ၊ ဖတ်မိတဲ့အခါ မိမိကစပြီး ပြုပြင်လိုက်ပါ။ အမှားတွေနဲ့ အနိုင်ကျင့်မှုတွေကို ဆက်မလုပ်တဲ့အခါ သူတစ်ပါးကောင်းကျိုးရှေ့ရှုတဲ့ကုသိုလ်စိတ်က ပကတိနှလုံးသားမှာ အလိုလိုကိန်းအောင်းလာပါလိမ့်မယ်။ အဲဒီအခါကျရင် ရန်မဖြစ်တော့တဲ့မြန်မာတွေကြောင့် နိုင်ငံကြီးအေးချမ်းပါလိမ့်မယ်။
.
ခင်လျက်
.
12-23-2015
.
“ မတူေပမယ္႕တည္႕ေအာင္စုေနတဲ႕ေျမ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ဒီဇင္ဘာလ ( ၃ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၆၃ ) ၊ စာမ်က္ႏွာ ( ၃၇ ) တြင္ ေဖာ္ျပပါရွိသည္။






No comments: