![]() |
ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး ) |
.
ဒီေန႕ဟာ စြမ္း အတြက္ အေမရိကန္အေျခခံပညာအထက္တန္းေက်ာင္းရဲ႕ ေနာက္ဆံုး
Back to School Night ျဖစ္ပါတယ္။ Back to School Night က ဘာဆိုတဲ႕အေသးစိတ္ကိုေတာ႕
ျပီးခဲ႕တဲ႕ႏွစ္က အပိုင္း ( ၃ ) ပိုင္းခြဲျပီး ပ်င္းရိဖြယ္ရာေရးခဲ႕ျပီးသားျဖစ္လုိ႕
ဒီႏွစ္မွာေတာ႕ စာဖတ္သူမ်ားကို ထပ္ျပီးအိပ္မငိုက္ေစခ်င္ေတာ႕ပါဘူး။ ( Back to School
Night {2015} http://konyinyitaunggyi.blogspot.com/2015/09/back-to-school-night.html )
.
လူတစ္ေယာက္မွာ ေမြးတဲ႕ေန႕ နဲ႕ ေသတဲ႕ေန႕ ( ၂ ) ရက္က
အေရးၾကီးတယ္ဆုိတာကိုလက္ခံႏိုင္ပါရင္ မိမိကေလးငယ္ကို အေမရိကားမွာေက်ာင္းထားဖို႕
ေက်ာင္းအုပ္ခ်ဳပ္ေရးရံုး - School District မွာ ထိပ္ဆံုးေက်ာင္းအပ္တဲ႕ရက္ နဲ႕ ႏွစ္စဥ္
Back to School Night တို႕ကို မိဘေတြကိုယ္တိုင္ေက်ာင္းအေရာက္သြားဖို႕
လက္ခံစဥ္းစားသင္႕ပါတယ္။
.
.
အသက္ ( ၁၈ ) ႏွစ္ျပည္႕လို႕ ေက်ာင္းၾကီးတက္တဲ႕အခါ ကိုယ္တိုင္လုိက္ျပီး
ထမင္းခြံ႕ေကြ်းခြင္႕မရွိေတာ႕သလို ေက်ာင္းကိစၥမွန္သမွ် သူ႕ဟာသူရင္ဆိုင္ရမယ္႕
ဘဝသစ္ထဲကို ခ်ည္းႏွင္းဝင္ေရာက္သြားျပီဆိုတာ သတိျပဳရပါမယ္။
.
စီနီယာႏွစ္ ( ၁၂ ) တန္းကိုိေရာက္လာတဲ႕ေကာ်င္းသားရဲ႕ Back to School
Night ကုိ လူၾကီးမိဘေတာ္ေတာ္မ်ားမ်ား မလိုက္ၾကေတာ႕ပါဘူး။ အေၾကာင္းကေတာ႕ ( ၁ဝ )
ႏွစ္ေက်ာ္သင္လာတဲ႕ ေက်ာင္းရဲ႕သားသမီးအေပၚဆက္ဆံမႈကိုယံုၾကည္လြန္းျပီး
မလိုအပ္ေတာ႕ဘူးလို႕ ယူဆသြားၾကလို႕ ျဖစ္ပါလိမ္႕မယ္။ ကြ်န္ေတာ္တုိ႕လင္မယားကေတာ႕
မပ်က္မကြက္ ဒီရက္ကို ဆက္ဆက္ခ်ီတက္ခဲ႕ပါတယ္။
.
.
အခ်ိန္က်ေရာက္တဲ႕အခါ လူၾကီးမိဘေတြကုိ
ေက်ာင္းအုပ္ၾကီးေျပာတဲ႕မိတ္ဆက္စကားထဲမွာ မွတ္သားစရာေတြကုိ ၾကားရတယ္။ ေက်ာင္းသား (
၁၉ဝဝ ) ရွိတဲ႕ထဲမွာ ေက်ာင္းဆရာ/ဆရာမ က ( ၈၅ ) ေယာက္ရွိပါသတဲ႕။ ေနာက္ထပ္ငွားထားျပီး
မေရာက္လာေသးတဲ႕ ဆရာေတြက ( ၁ဝ ) ေယာက္ ရွိပါတယ္။ ဒါေၾကာင္႕ သူ႕ေက်ာင္းမွာ
ပညာေရးဝန္ထမ္း စုစုေပါင္း ( ၁၃၅ ) ေယာက္ရွိတယ္လုိ႕ ေျပာျပပါတယ္။
.
သူေျပာတဲ႕ကိန္းဂဏန္းေတြကိုၾကားတဲ႕အခါ လက္ကိုင္ဖုန္းမထုတ္ပဲ
ကြ်န္ေတာ္စိတ္တြက္နဲ႕မွန္းၾကည္႕တယ္။ ဒီေက်ာင္းသားနဲ႕ဒီဆရာအေရအတြက္နဲ႕ဆုိရင္
ေက်ာင္းသား ( ၂ဝ ) ေယာက္မွာ ဆရာတစ္ေယာက္ရထားတဲ႕အခ်ိဳးကို ေတြ႕ရတယ္။ ဒါက
သိပ္ေကာင္းတဲ႕အခ်ိဳးလို႕ျမင္ပါတယ္။ ေအာက္မွာ ကြ်န္ေတာ္တုိ႕
တစ္ခန္းဝင္တစ္္ခန္းထြက္ေတြ႕ဆံုႏႈတ္ဆက္ခဲ႕တဲ႕ဆရာေတြရဲ႕ မွတ္ခ်က္ေတြကို
ဆက္ဖတ္ၾကည္႕ပါဦး။
.
.
.
“ ကြ်န္ေတာ္စာသင္လာတာ ( ၉ ) ႏွစ္ရွိျပီ။ ေဟာင္ေကာင္မွာ ( ၅ ) ႏွစ္၊
ဒီအေမရိကား ဆန္ဖရန္စစၥကိုပင္လယ္ေအာ္ေဒသမွာ ( ၄ ) ႏွစ္ရွိျပီ။ ေက်ာင္းသခ်ာၤအတြက္
Statistics က အေရးၾကီးတယ္။ သူတုိ႕ ေက်ာင္းၾကီးေရာက္တဲ႕အခါ Statistics ကို
မျဖစ္မေနယူမွရမယ္႕ေမဂ်ာေတြမွာ လိုအပ္ခ်က္ - Requirement အေနနဲ႕
ထပ္ယူစရာမလုိေတာ႕ဘူး ”
.
“ ဒါ႕အျပင္ ေက်ာင္းသားေတြကို အိမ္စာျပီး-ျပန္ထပ္ ပံုစံထက္စာရင္
စဥ္းစားျခင္းကိုအေျခခံတဲ႕ပုစၦာေတြ မ်ားလာတယ္။ ဒါကို သူတုိ႕လည္း သိၾကတယ္။
တစ္ျဖည္းျဖည္းအတန္းၾကီးလာေတာ႕ သူတုိ႕ရဲ႕စဥ္းစားဥာဏ္စြမ္းအားကလည္း
လိုက္ျမင္႕လာတယ္ေလ ” ( အသက္ { ၂၈ } ႏွစ္ သခ်ာၤဆရာ )
.
.
.
“ ခင္မ်ားက စြမ္း အေဖ မဟုတ္လား..။ ျမင္တာနဲ႕မွန္းလို႕ရတယ္ ”
.
“ ဒီေန႕ ကြ်န္ေတာ္သူတို႕ကိုဘာလုပ္ခို္င္းသလဲ
ခင္မ်ားမွန္းၾကည္႕ၾကည္႕..! ”
.
“ အတန္းေရွ႕ထြက္ျပီး အုပ္စုလိုက္ ဆႏၵျပခိုင္းတယ္ေလ..။ အဲဒီမွာ စြမ္းက
ေခါင္းေဆာင္ပဲ။ သူက ဦးေဆာင္ျပီး လိုလားခ်က္ေတြကိုေတာင္းဆုိတယ္။ သူက
စြမ္းေဆာင္ရည္ရွိတယ္။ အတန္းထဲမွာ စာကိုစိတ္ဝင္စားျပီး ေမးခြန္းေမးတဲ႕အထဲမွာ စြမ္း
က အတက္ၾကြဆံုးပဲ ”
.
“ စာသင္ခန္းမွာ ကြ်န္ေတာ႕အတြက္ထုိင္ခံုမထားဘူး။
ေက်ာင္းသားေတြရဲ႕ထုိင္ခံုေတြၾကား ကြ်န္ေတာ္ပတ္သြားျပီး စိတ္ပါမပါ အျမဲစစ္ေဆးတယ္။
သူတုိ႕ရဲ႕သင္ခန္းစာေတြက ေခတ္နဲ႕မ်က္ေျချပတ္လို႕မရဘူး ”
.
“ အစုိးရ ဘာလုပ္ေနလဲ? ျပည္နယ္မွာေရာ ဘာလိုအပ္ခ်က္ေတြရွိသလဲ?
အိမ္ျခံေျမေစ်းေတြဘာေၾကာင္႕တက္ရသလဲ? စတာေတြကို စာသင္ခန္းထဲကေန
သူတို႕အျမဲေလ႕လာႏုိင္ရမယ္ဆုိတာ ကြ်န္ေတာ္ အခ်ိန္ျပည္႕သတိထားတယ္ ” ( အသက္ { ၆ဝ }
ေက်ာ္ ယခင္ စက္ျပင္ - Mechanic ဆရာဘဝျဖင္႕ { ၂၅ } ႏွစ္အသက္ေမြးခဲ႕ျပီး စီးပြားေရး
- အစိုးရဘာသာရပ္ျဖင္႕ အလုပ္ေျပာင္းလာေသာဆရာ )
.
.
.
“ ကြ်န္မအတန္းထဲမွာ ေက်ာင္းသားေတြဟာ ဖန္တည္းတီထြင္ - Create လုပ္ဖို႕
သင္ေပးပါတယ္။ သူတုိ႕ဟာ တစ္ရက္တစ္ရက္ အလုပ္အမ်ားၾကီးလုပ္စရာမလုိဘူး။
လူ႕ဘဝထဲမွာၾကံဳရတဲ႕အခက္အခဲေတြ၊ ေငြနဲ႕လြယ္လြယ္ဝယ္ယူလို႕ရတဲ႕ပစၥည္းေတြရဲ႕လုပ္ပံုလုပ္နည္းေတြကို
ဒီမွာ သင္ေပးပါတယ္ ”
.
“ တစ္ခါတစ္ေလ ေက်ာင္းသားေတြရဲ႕အက်ီၤ နဲ႕ ေဘာင္းဘီေတြမွာ ရႊံ႕ေစး နဲ႕
ေဆးေရာင္ေတြေပျပီးအိမ္ျပန္လာရင္ လက္ခံေပးပါ။ ဒီပစၥည္းေတြနဲ႕ သူတုိ႕ ဒီမွာ
လက္ေတြ႕လုပ္ရတယ္ ”
.
“ အခုဆို ဖရံုသီးအရုပ္ကို ရႊံ႕ေစးနဲ႕ပံုသြင္းျပီး
ေၾကြရည္ေလာင္းရတယ္ေလ။ ဒီမွာ သူတုိ႕လုပ္ထားတဲ႕နမူနာေတြ..။ ဟုိမွာက
ပံုေလာင္းျပီသားကိုဖုတ္ရတဲ႕ အုတ္ဖုတ္စက္ ..” ( Elective အတန္းမွ ေၾကြရည္သုတ္ -
Ceramics သင္ခန္းစာသင္ေပးသူ အသက္ငယ္ငယ္ဆရာမ )
.
.
.
“ ေက်ာင္းသားေတြကုိ ေခတ္အဆက္ဆက္က ေတြးေခၚပညာရွင္ၾကီးေတြအေၾကာင္းခ်ည္းေျပာျပေနရင္
သူတုိ႕ပ်င္းသြားမွာေပါ႕။ ဒါေၾကာင္႕ စိတ္ပညာကုိ လက္ရွိအစုိးရ၊ အုပ္ခ်ဳပ္ေရးယႏၱရား၊
လူေနမႈဘဝနဲ႕ႏိႈင္းယွဥ္ျပီး ‘ ဒီေနရာမွာ မင္း သာ ဆုိရင္ ဘယ္လိုလုပ္မလဲ ? ’ လို႕
ေျဖခိုင္းတယ္ ”
.
“ အဲဒီထဲမွာ စြမ္း လို အားကစားလုပ္ျပီး အေတြးအေခၚပညာသင္ၾကတဲ႕ Sport Atletic
ေတြလည္းပါတယ္ ”
.
“ အိမ္စာလား..? ေပးပါတယ္။ ေပးတယ္ဆိုတာထက္
စာဖတ္ျပီးျပန္ေျပာရတာမ်ိဳး ပုိမ်ားတယ္။ အခု ဒီ ( ၁၂ ) တန္းမွာ အိမ္စာသိပ္မမ်ားလို႕
စိတ္သိပ္မပူၾကပါနဲ႕။ ေက်ာင္းကေပးတဲ႕စာအုပ္ကိုမဖတ္ရင္ အိမ္စာကို သူတုိ႕ဘယ္လိုမွ
ေျဖႏိုင္မွာမဟုတ္ဘူး ” ( ယခုေက်ာင္းမွ ေက်ာင္းျပီးခဲ႕ျပီး Philosophy
ဆရာျပန္လုပ္ေနသူ စမတ္က်က်ဝတ္ထားေသာ ဆရာ )
.
.
.
“ ဘိုင္အို - Bio က ျပီးခဲ႕တဲ႕ ( ၉ ) တန္းတုန္းက
သင္ခဲ႕တာနဲ႕မတူေတာ႕ဘူး။ Biotechnology ျဖစ္လာတဲ႕ေနာက္ လက္ေတြ႕ နဲ႕
ထပ္ေပါင္းလာတဲ႕နည္းပညာေတြက ပိုမ်ားလာတယ္ ”
.
“ ဒီမွာရွိတဲ႕ လက္ေတြ႕လုပ္ရတဲ႕ပစၥည္းေတြဟာ ေစ်းလည္းၾကီးၾကတယ္။
ေျပာရရင္ ကြ်န္မတာဝန္ယူထားတဲ႕ ဒီလက္ေတြ႕ - Lab အခန္းဟာ တစ္ေက်ာင္းလံုးမွာ
တန္ဖိုးအၾကီးဆံုးပဲ ”
.
“ ဇီဝေဗဒ နဲ႕ နည္းပညာေပါင္းစပ္ထားတယ္ဆုိေပမယ္႕
ေနာက္ဆံုးေပၚစံနစ္ေတြနဲ႕ အျမဲအဆင္႕ျမင္႕တင္ေနရမယ္ ”
.
“ ဒါမွ ေက်ာင္းၾကီးေရာက္လို႕ ဒီလမ္းေၾကာင္းေပၚဆက္ေလွ်ာက္ျပီး
ဒီပညာကိုဆက္မသင္ဘူးပဲထား ..
လူ႕ေလာကထဲကိုေရာက္သြားမယ္႕ေက်ာင္းသားအခ်င္းခ်င္းယွဥ္လိုက္ရင္ ဗဟုသုတေတြက
မတူေတာ႕ဘူး ” ( လက္ေတြ႕ခန္းထဲတြင္ သုေတသနပစၥည္းမ်ားအေၾကာင္းရွင္းျပေနေသာ
Biotechnology ဆရာမ )
.
.
.
အမွန္က ဆရာ ( ၆ ) ေယာက္ကို ( ၆ ) မိနစ္ျခားစီ လိုက္ေတြ႕ၾကတဲ႕အခါ AP
English သင္တဲ႕ဆရာက ဖ်ားေနလို႕ မေတြ႕လိုက္ရပါဘူး။ ဆရာေတြက
အမွန္တစ္ကယ္စာသင္တဲ႕အခန္းေတြကေန မိဘေတြကိုလက္ခံေတြ႕ဆံုတာျဖစ္ပါတယ္။ အခန္းကူးခ်ိန္
( လမ္းေလွ်ာက္ခ်ိန္ ) ( ၆ ) မိနစ္ ရပါတယ္။
.
ဒီေနရာမွာ တစ္ခုေတြ႕ရွိတာက ကြ်န္ေတာ္ငယ္ငယ္ကလုိ အတန္းထဲမွာ မနက္ကေန
ေက်ာင္းဆင္းခ်ိန္အထိ ဆရာအလာကိုေစာင္႕ေနတဲ႕အခါ
ေက်ာင္းသားေတြရဲ႕စိတ္ဟာအျမဲလန္းဆန္းဖို႕ခက္ပါတယ္။
.
.
ေနာက္တစ္ခ်က္က ေမဂ်ာတစ္ခု ဘာသာရပ္တစ္ခုအတြက္ ဆက္စပ္ပစၥည္းေတြဟာ
ေရႊ႕ေျပာင္းဖို႕မလိုေအာင္ သီးသန္႕အခန္းျဖစ္ေနဖုိ႕ လုိပါတယ္။ ဥပမာ - ပရုိဂ်က္တာ၊
နံရံကပ္ပိုစတာ၊ သိပၸံလက္ေတြ႕ခန္း နဲ႕ ဆက္စပ္ပစၥည္း စတာတို႕ရွိတဲ႕ေနရာကို
ေက်ာင္းသားကသြားရတာ ပိုသဘာဝက်ပါတယ္။
.
ေနာက္ထပ္တစ္ခုက ေက်ာင္းသားေတြအတြက္
သူငယ္ခ်င္းအသစ္ေတြကိုအျမဲေတြ႕ေစျခင္းဟာ ကိုယ္လုပ္မွကိုယ္ရမယ္ဆုိတဲ႕ မိမိကိုယ္မိမိ
အားကိုးခ်င္စိတ္ကုိ ပြားမ်ားေစပါတယ္။
.
.
အခု ဒီေနာက္ဆံုးႏွစ္ေရာက္ခဲ႕တဲ႕ Back to School Night မွာ ဆရာ ( ၆ဝ %
) ေက်ာ္က ေက်ာင္းသားေတြကို အိမ္စာထက္ “ စဥ္းစားပံု စဥ္းစားနည္းကို ဖိသင္ေပးရမယ္ ”
ဆုိတဲ႕ အယူအဆကို ကြ်န္ေတာ္ ေလးေလးနက္နက္သတိထားမိတယ္။
ကေလးကိုၾကည္႕လိုက္တဲ႕အခါမွာလည္း ေက်ာင္းၾကီးေျပာင္းရဖို႕
ပါးပါးေလးစိတ္ဖိစီးတာကလြဲရင္ စိတ္လက္ေပါ႕ပါးေနတာကိုေတြ႕ရေတာ႕ ဝမ္းသာမိတယ္။
.
ဘဝတစ္ခုဟာ ေက်ာင္းသင္ခန္းစာကေန စံနစ္တက်တြက္ထုတ္ေပးလိုက္တဲ႕
ပံုေသနည္းအတိုင္းေလ်ွာက္လွမ္းရာမ်ိုး မဟုတ္ပါဘူး။ ဒါေပမယ္႕ ေက်ာင္းကေန အေတြးမွန္၊
အျမင္မွန္၊ စဥ္းစားတာမွန္တဲ႕စံနစ္ေတြေၾကာင္႕ မွန္ကန္တဲ႕လူငယ္ေျခတက္ေတြျဖစ္လာၾကမွာက
မိတ္ေဆြတုိ႕ ကြ်န္ေတာ္တို႕ရဲ႕သားသမီးေတြ ျဖစ္ပါတယ္။
.
.
တစ္ကယ္လို႕ ေက်ာင္းထားလို႕ စာထဲစိတ္မပါ၊ စိတ္မပါလို႕ စာမေတာ္၊
စာမေတာ္ေတာ႕ အမွားလုပ္သူ ( လူမိုက္ ) နဲ႕ ေတြ႕ - ဒီေဖာ္ျမဴလာဝင္သြားတဲ႕
ေက်ာင္းသားေတြရဲ႕မိဘေတြဆို ဘယ္ေလာက္အထိစိတ္ညစ္ၾကမလဲဆိုတာ စဥ္းစားၾကည္႕ေစခ်င္တယ္။
.
ေက်ာင္းက ေက်ာင္းသားေတြစိတ္ပါတာကိုသင္ရမယ္ျဖစ္သလို ေက်ာင္းသားေတြမွာ
သူတုိိ႕ဝါသနာပါတာကိုေရြးခ်ယ္သင္ယူသင္႕တယ္။
.
ဒါေၾကာင္႕ ကိုယ္႕သားသမီးကုိဘယ္ဆရာေတြက
ဘာအေၾကာင္းအရာေတြကိုသင္ေပးေနတယ္ဆုိတာ နဲ႕ သားသမီးအေျခအေနကုိသိရေအာင္
မအားမလပ္ေပမယ္႕ မိေရာ ဖေရာ သြားေရာက္သင္႕တဲ႕ Back to School Night ပါလို႕ အျပီးသတ္
တင္ျပလုိက္ပါရေစ။
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
.
09-18-2016 for 09-13-2016
.
.
.
Unicode Version:
.
.
“ မိဘတွေအတွက်အရေးကြီးတဲ့ Back to School Night ”
.
ဒီနေ့ဟာ စွမ်း အတွက် အမေရိကန်အခြေခံပညာအထက်တန်းကျောင်းရဲ့ နောက်ဆုံး
Back to School Night ဖြစ်ပါတယ်။ Back to School Night က ဘာဆိုတဲ့အသေးစိတ်ကိုတော့
ပြီးခဲ့တဲ့နှစ်က အပိုင်း ( ၃ ) ပိုင်းခွဲပြီး ပျင်းရိဖွယ်ရာရေးခဲ့ပြီးသားဖြစ်လို့
ဒီနှစ်မှာတော့ စာဖတ်သူများကို ထပ်ပြီးအိပ်မငိုက်စေချင်တော့ပါဘူး။ ( Back to School
Night {2015}
http://konyinyitaunggyi.blogspot.com/2015/09/back-to-school-night.html )
.
လူတစ်ယောက်မှာ မွေးတဲ့နေ့ နဲ့ သေတဲ့နေ့ ( ၂ ) ရက်က
အရေးကြီးတယ်ဆိုတာကိုလက်ခံနိုင်ပါရင် မိမိကလေးငယ်ကို အမေရိကားမှာကျောင်းထားဖို့
ကျောင်းအုပ်ချုပ်ရေးရုံး - School District မှာ ထိပ်ဆုံးကျောင်းအပ်တဲ့ရက် နဲ့ ႏွစ္စဥ္
Back to School Night တို့ကို မိဘတွေကိုယ်တိုင်ကျောင်းအရောက်သွားဖို့
လက်ခံစဉ်းစားသင့်ပါတယ်။
.
.
အသက် ( ၁၈ ) နှစ်ပြည့်လို့ ကျောင်းကြီးတက်တဲ့အခါ ကိုယ်တိုင်လိုက်ပြီး
ထမင်းခွံ့ကျွေးခွင့်မရှိတော့သလို ကျောင်းကိစ္စမှန်သမျှ သူ့ဟာသူရင်ဆိုင်ရမယ့်
ဘဝသစ်ထဲကို ချည်းနှင်းဝင်ရောက်သွားပြီဆိုတာ သတိပြုရပါမယ်။
.
စီနီယာနှစ် ( ၁၂ ) တန်းကိုရောက်လာတဲ့ကော်င်းသားရဲ့ Back to School
Night ကို လူကြီးမိဘတော်တော်များများ မလိုက်ကြတော့ပါဘူး။ အကြောင်းကတော့ ( ၁ဝ )
နှစ်ကျော်သင်လာတဲ့ ကျောင်းရဲ့သားသမီးအပေါ်ဆက်ဆံမှုကိုယုံကြည်လွန်းပြီး
မလိုအပ်တော့ဘူးလို့ ယူဆသွားကြလို့ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့လင်မယားကတော့
မပျက်မကွက် ဒီရက်ကို ဆက်ဆက်ချီတက်ခဲ့ပါတယ်။
.
.
အချိန်ကျရောက်တဲ့အခါ လူကြီးမိဘတွေကို ကျောင်းအုပ်ကြီးပြောတဲ့မိတ်ဆက်စကားထဲမှာ
မှတ်သားစရာတွေကို ကြားရတယ်။ ကျောင်းသား ( ၁၉ဝဝ ) ရှိတဲ့ထဲမှာ ကျောင်းဆရာ/ဆရာမ က (
၈၅ ) ယောက်ရှိပါသတဲ့။ နောက်ထပ်ငှားထားပြီး မရောက်လာသေးတဲ့ ဆရာတွေက ( ၁ဝ ) ယောက်
ရှိပါတယ်။ ဒါကြောင့် သူ့ကျောင်းမှာ ပညာရေးဝန်ထမ်း စုစုပေါင်း ( ၁၃၅ )
ယောက်ရှိတယ်လို့ ပြောပြပါတယ်။
.
သူပြောတဲ့ကိန်းဂဏန်းတွေကိုကြားတဲ့အခါ လက်ကိုင်ဖုန်းမထုတ်ပဲ
ကျွန်တော်စိတ်တွက်နဲ့မှန်းကြည့်တယ်။ ဒီကျောင်းသားနဲ့ဒီဆရာအရေအတွက်နဲ့ဆိုရင်
ကျောင်းသား ( ၂ဝ ) ယောက်မှာ ဆရာတစ်ယောက်ရထားတဲ့အချိုးကို တွေ့ရတယ်။ ဒါက
သိပ်ကောင်းတဲ့အချိုးလို့မြင်ပါတယ်။ အောက်မှာ ကျွန်တော်တို့
တစ်ခန်းဝင်တစ်ခန်းထွက်တွေ့ဆုံနှုတ်ဆက်ခဲ့တဲ့ဆရာတွေရဲ့ မှတ်ချက်တွေကို
ဆက်ဖတ်ုကြည့်ပါဦး။
.
.
.
“ ကျွန်တော်စာသင်လာတာ ( ၉ ) နှစ်ရှိပြီ။ ဟောင်ကောင်မှာ ( ၅ ) နှစ်၊
ဒီအမေရိကား ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသမှာ ( ၄ ) နှစ်ရှိပြီ။ ကျောင်းသချာၤအတွက်
Statistics က အရေးကြီးတယ်။ သူတို့ ကျောင်းကြီးရောက်တဲ့အခါ Statistics ကို
မဖြစ်မနေယူမှရမယ့်မေဂျာတွေမှာ လိုအပ်ချက် - Requirement အနေနဲ့
ထပ်ယူစရာမလိုတော့ဘူး ”
.
“ ဒါ့အပြင် ကျောင်းသားတွေကို အိမ်စာပြီး-ပြန်ထပ် ပုံစံထက်စာရင်
စဉ်းစားခြင်းကိုအခြေခံတဲ့ပုစ္ဆာတွေ များလာတယ်။ ဒါကို သူတို့လည်း သိကြတယ်။
တစ်ဖြည်းဖြည်းအတန်းကြီးလာတော့ သူတို့ရဲ့စဉ်းစားဥာဏ်စွမ်းအားကလည်း
လိုက်မြင့်လာတယ်လေ ” ( အသက် { ၂၈ } နှစ် သချာၤဆရာ )
.
.
.
“ ခင်များက စွမ်း အဖေ မဟုတ်လား..။ မြင်တာနဲ့မှန်းလို့ရတယ် ”
.
“ ဒီနေ့ ကျွန်တော်သူတို့ကိုဘာလုပ်ခ်ိုင်းသလဲ
ခင်များမှန်းကြည့်ကြည့်..! ”
.
“ အတန်းရှေ့ထွက်ပြီး အုပ်စုလိုက် ဆန္ဒပြခိုင်းတယ်လေ..။ အဲဒီမှာ
စွမ်းက ခေါင်းဆောင်ပဲ။ သူက ဦးဆောင်ပြီး လိုလားချက်တွေကိုတောင်းဆိုတယ်။ သူက
စွမ်းဆောင်ရည်ရှိတယ်။ အတန်းထဲမှာ စာကိုစိတ်ဝင်စားပြီး မေးခွန်းမေးတဲ့အထဲမှာ စွမ်း
က အတက်ကြွဆုံးပဲ ”
.
“ စာသင်ခန်းမှာ ကျွန်တော့အတွက်ထိုင်ခုံမထားဘူး။
ကျောင်းသားတွေရဲ့ထိုင်ခုံတွေကြား ကျွန်တော်ပတ်သွားပြီး စိတ်ပါမပါ အမြဲစစ်ဆေးတယ်။
သူတို့ရဲ့သင်ခန်းစာတွေက ခေတ်နဲ့မျက်ခြေပြတ်လို့မရဘူး ”
.
“ အစိုးရ ဘာလုပ်နေလဲ? ပြည်နယ်မှာရော ဘာလိုအပ်ချက်တွေရှိသလဲ?
အိမ်ခြံမြေဈေးတွေဘာကြောင့်တက်ရသလဲ? စတာတွေကို စာသင်ခန်းထဲကနေ
သူတို့အမြဲလေ့လာနိုင်ရမယ်ဆိုတာ ကျွန်တော် အချိန်ပြည့်သတိထားတယ် ” ( အသက် { ၆ဝ }
ကျော် ယခင် စက်ပြင် - Mechanic ဆရာဘဝဖြင့် { ၂၅ } နှစ်အသက်မွေးခဲ့ပြီး စီးပွားရေး
- အစိုးရဘာသာရပ်ဖြင့် အလုပ်ပြောင်းလာသောဆရာ )
.
.
.
“ ကျွန်မအတန်းထဲမှာ ကျောင်းသားတွေဟာ ဖန်တည်းတီထွင် - Create လုပ်ဖို့
သင်ပေးပါတယ်။ သူတို့ဟာ တစ်ရက်တစ်ရက် အလုပ်အများကြီးလုပ်စရာမလိုဘူး။
လူ့ဘဝထဲမှာကြုံရတဲ့အခက်အခဲတွေ၊
ငွေနဲ့လွယ်လွယ်ဝယ်ယူလို့ရတဲ့ပစ္စည်းတွေရဲ့လုပ်ပုံလုပ်နည်းတွေကို ဒီမှာ သင်ပေးပါတယ်
”
.
“ တစ်ခါတစ်လေ ကျောင်းသားတွေရဲ့အကျီၤ နဲ့ ဘောင်းဘီတွေမှာ ရွှံ့စေး နဲ့
ဆေးရောင်တွေပေပြီးအိမ်ပြန်လာရင် လက်ခံပေးပါ။ ဒီပစ္စည်းတွေနဲ့ သူတို့ ဒီမှာ
လက်တွေ့လုပ်ရတယ် ”
.
“ အခုဆို ဖရုံသီးအရုပ်ကို ရွှံ့စေးနဲ့ပုံသွင်းပြီး
ကြွေရည်လောင်းရတယ်လေ။ ဒီမှာ သူတို့လုပ်ထားတဲ့နမူနာတွေ..။ ဟိုမှာက
ပုံလောင်းပြီသားကိုဖုတ်ရတဲ့ အုတ်ဖုတ်စက် ..” ( Elective အတန်းမှ ကြွေရည်သုတ် -
Ceramics သင်ခန်းစာသင်ပေးသူ အသက်ငယ်ငယ်ဆရာမ )
.
.
.
“ ကျောင်းသားတွေကို ခေတ်အဆက်ဆက်က
တွေးခေါ်ပညာရှင်ကြီးတွေအကြောင်းချည်းပြောပြနေရင် သူတို့ပျင်းသွားမှာပေါ့။
ဒါကြောင့် စိတ်ပညာကို လက်ရှိအစိုးရ၊ အုပ်ချုပ်ရေးယန္တရား၊ လူနေမှုဘဝနဲ့နှိုင်းယှဉ်ပြီး
‘ ဒီနေရာမှာ မင်း သာ ဆိုရင် ဘယ်လိုလုပ်မလဲ ? ’ လို့ ဖြေခိုင်းတယ် ”
.
“ အဲဒီထဲမှာ စွမ်း လို အားကစားလုပ်ပြီး အတွေးအခေါ်ပညာသင်ကြတဲ့ Sport
Atletic တွေလည်းပါတယ် ”
.
“ အိမ်စာလား..? ပေးပါတယ်။ ပေးတယ်ဆိုတာထက်
စာဖတ်ပြီးပြန်ပြောရတာမျိုး ပိုများတယ်။ အခု ဒီ ( ၁၂ ) တန်းမှာ အိမ်စာသိပ်မများလို့
စိတ်သိပ်မပူကြပါနဲ့။ ကျောင်းကပေးတဲ့စာအုပ်ကိုမဖတ်ရင် အိမ်စာကို သူတို့ဘယ်လိုမှ
ဖြေနိုင်မှာမဟုတ်ဘူး ” ( ယခုကျောင်းမှ ကျောင်းပြီးခဲ့ပြီး Philosophy
ဆရာပြန်လုပ်နေသူ စမတ်ကျကျဝတ်ထားသော ဆရာ )
.
.
.
“ ဘိုင်အို - Bio က ပြီးခဲ့တဲ့ ( ၉ ) တန်းတုန်းက
သင်ခဲ့တာနဲ့မတူတော့ဘူး။ Biotechnology ဖြစ်လာတဲ့နောက် လက်တွေ့ နဲ့
ထပ်ပေါင်းလာတဲ့နည်းပညာတွေက ပိုများလာတယ် ”
.
“ ဒီမှာရှိတဲ့ လက်တွေ့လုပ်ရတဲ့ပစ္စည်းတွေဟာ ဈေးလည်းကြီးကြတယ်။
ပြောရရင် ကျွန်မတာဝန်ယူထားတဲ့ ဒီလက်တွေ့ - Lab အခန်းဟာ တစ်ကျောင်းလုံးမှာ
တန်ဖိုးအကြီးဆုံးပဲ ”
.
“ ဇီဝဗေဒ နဲ့ နည်းပညာပေါင်းစပ်ထားတယ်ဆိုပေမယ့်
နောက်ဆုံးပေါ်စံနစ်တွေနဲ့ အမြဲအဆင့်မြင့်တင်နေရမယ် ”
.
“ ဒါမှ ကျောင်းကြီးရောက်လို့ ဒီလမ်းကြောင်းပေါ်ဆက်လျှောက်ပြီး
ဒီပညာကိုဆက်မသင်ဘူးပဲထား ..
လူ့လောကထဲကိုရောက်သွားမယ့်ကျောင်းသားအချင်းချင်းယှဉ်လိုက်ရင် ဗဟုသုတတွေက
မတူတော့ဘူး ” ( လက်တွေ့ခန်းထဲတွင် သုတေသနပစ္စည်းများအကြောင်းရှင်းပြနေသော
Biotechnology ဆရာမ )
.
.
.
အမှန်က ဆရာ ( ၆ ) ယောက်ကို ( ၆ ) မိနစ်ခြားစီ လိုက်တွေ့ကြတဲ့အခါ AP
English သင်တဲ့ဆရာက ဖျားနေလို့ မတွေ့လိုက်ရပါဘူး။ ဆရာတွေက
အမှန်တစ်ကယ်စာသင်တဲ့အခန်းတွေကနေ မိဘတွေကိုလက်ခံတွေ့ဆုံတာဖြစ်ပါတယ်။ အခန်းကူးချိန်
( လမ်းလျှောက်ချိန် ) ( ၆ ) မိနစ် ရပါတယ်။
.
ဒီနေရာမှာ တစ်ခုတွေ့ရှိတာက ကျွန်တော်ငယ်ငယ်ကလို အတန်းထဲမှာ မနက်ကနေ
ကျောင်းဆင်းချိန်အထိ ဆရာအလာကိုစောင့်နေတဲ့အခါ
ကျောင်းသားတွေရဲ့စိတ်ဟာအမြဲလန်းဆန်းဖို့ခက်ပါတယ်။
.
.
နောက်တစ်ချက်က မေဂျာတစ်ခု ဘာသာရပ်တစ်ခုအတွက် ဆက်စပ်ပစ္စည်းတွေဟာ
ရွှေ့ပြောင်းဖို့မလိုအောင် သီးသန့်အခန်းဖြစ်နေဖို့ လိုပါတယ်။ ဥပမာ - ပရိုဂျက်တာ၊
နံရံကပ်ပိုစတာ၊ သိပ္ပံလက်တွေ့ခန်း နဲ့ ဆက်စပ်ပစ္စည်း စတာတို့ရှိတဲ့နေရာကို
ကျောင်းသားကသွားရတာ ပိုသဘာဝကျပါတယ်။
.
နောက်ထပ်တစ်ခုက ကျောင်းသားတွေအတွက်
သူငယ်ချင်းအသစ်တွေကိုအမြဲတွေ့စေခြင်းဟာ ကိုယ်လုပ်မှကိုယ်ရမယ်ဆိုတဲ့ မိမိကိုယ်မိမိ
အားကိုးချင်စိတ်ကို ပွားများစေပါတယ်။
.
.
အခု ဒီနောက်ဆုံးနှစ်ရောက်ခဲ့တဲ့ Back to School Night မှာ ဆရာ ( ၆ဝ %
) ကျော်က ကျောင်းသားတွေကို အိမ်စာထက် “ စဉ်းစားပုံ စဉ်းစားနည်းကို ဖိသင်ပေးရမယ် ”
ဆိုတဲ့ အယူအဆကို ကျွန်တော် လေးလေးနက်နက်သတိထားမိတယ်။
ကလေးကိုကြည့်လိုက်တဲ့အခါမှာလည်း ကျောင်းကြီးပြောင်းရဖို့ ပါးပါးလေးစိတ်ဖိစီးတာကလွဲရင်
စိတ်လက်ပေါ့ပါးနေတာကိုတွေ့ရတော့ ဝမ်းသာမိတယ်။
.
ဘဝတစ်ခုဟာ ကျောင်းသင်ခန်းစာကနေ စံနစ်တကျတွက်ထုတ်ပေးလိုက်တဲ့
ပုံသေနည်းအတိုင်းလျှောက်လှမ်းရာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ကျောင်းကနေ အတွေးမှန်၊
အမြင်မှန်၊ စဉ်းစားတာမှန်တဲ့စံနစ်တွေကြောင့် မှန်ကန်တဲ့လူငယ်ခြေတက်တွေဖြစ်လာကြမှာက
မိတ်ဆွေတို့ ကျွန်တော်တို့ရဲ့သားသမီးတွေ ဖြစ်ပါတယ်။
.
.
တစ်ကယ်လို့ ကျောင်းထားလို့ စာထဲစိတ်မပါ၊ စိတ်မပါလို့ စာမတော်၊
စာမတော်တော့ အမှားလုပ်သူ ( လူမိုက် ) နဲ့ တွေ့ - ဒီဖော်မြူလာဝင်သွားတဲ့
ကျောင်းသားတွေရဲ့မိဘတွေဆို ဘယ်လောက်အထိစိတ်ညစ်ကြမလဲဆိုတာ စဉ်းစားကြည့်စေချင်တယ်။
.
ကျောင်းက ကျောင်းသားတွေစိတ်ပါတာကိုသင်ရမယ်ဖြစ်သလို ကျောင်းသားတွေမှာ
သူတို့ဝါသနာပါတာကိုရွေးချယ်သင်ယူသင့်တယ်။
.
ဒါကြောင့် ကိုယ့်သားသမီးကိုဘယ်ဆရာတွေက
ဘာအကြောင်းအရာတွေကိုသင်ပေးနေတယ်ဆိုတာ နဲ့ သားသမီးအခြေအနေကိုသိရအောင်
မအားမလပ်ပေမယ့် မိရော ဖရော သွားရောက်သင့်တဲ့ Back to School Night ပါလို့ အပြီးသတ်
တင်ပြလိုက်ပါရစေ။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
09-18-2016 for 09-13-2016
No comments:
Post a Comment