ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, March 26, 2016

မြန္းတည္႕ပင္အို ရဲ႕ ေနညိဳညိဳအေတြး

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ကြ်န္ေတာ္မၾကာခဏ အိုၾကည္႕မိတယ္။ ကြ်န္ေတာ႕ကိုေမြးဖြားေပးခဲ႕တဲ႕ ေက်းဇူးရွင္အေမလိုေရာ၊ ကုန္းရုန္းရွာေဖြပညာသင္ေပးခဲ႕တဲ႕ ေက်းဇူးရွင္အေဖ႕လုိေရာ၊ သူတို႕လုိ ဘယ္လိုအိုရမလဲဆိုတာကို အေျဖမရႏုိင္ေသးဘူး။ ဒါေတာင္ ကြ်န္ေတာ႕အသက္က ေသမယ္ဆိုရင္ သတင္းစာထဲမွာပါတဲ႕ေၾကာ္ျငာေတြထက္ အနည္းငယ္ေစာေသးတယ္။ ေနမယ္ဆုိရင္ေတာ႕ လမ္းထိပ္နား၊ အိမ္ေဘးနား၊ စတိုးဆိုင္နားက လူၾကီးေတြအသက္ရဲ႕တစ္ဝက္ေလာက္ေတာ႕ ေရာက္ေနျပီလို႕ေျပာႏုိင္ျပီေပါ႕။
.
.
ကြ်န္ေတာ႕အေဖက ငယ္ငယ္တုန္းကလူေခ်ာဗ်..။ မၾကာခဏမွတ္မိတာတစ္ခုက အေဖဟာ အေမ႕ကိုပိုးပန္းတုန္းက “ မင္း ငါ႕ကုိယူႏုိင္မလား ? ” လို႕ မာမာထန္ထန္ ခ်စ္ေရးဆိုခဲ႕တာကိုပဲ ရယ္သြမ္းျပီး ေျပာျပတတ္တယ္။ ေသခ်ာစဥ္းစားၾကည္႕ေတာ႕ အေမ႕ကိုရေအာင္ယူခဲ႕တဲ႕အေဖရဲ႕ရည္းစားစကားမွာ “ ခ်စ္တယ္ ” ဆုိတာ တစ္လံုးမွ မပါခဲ႕ဘူး။ ဒီလိုခ်စ္ခြင္႕ပန္ .. အဲ .. အတူေနခြင္႕ေတာင္း ခဲ႕တုန္းက သူတို႕ ဒီလို သားသမီးေတြေမြးျပီး ဒီလိုအိုမင္းမစြမ္းနဲ႕ ဘဝကုန္ရမယ္ဆိုတာ ေတြးမိခဲ႕ဟန္မတူဘူး။
.
တစ္ကယ္ေတာ႕ အေမ႕႔ဟန္ပန္ေလးကမွ ရွက္ခ်င္ဟန္ေဆာင္ေနျပီး ခ်စ္စရာေလး ခင္ဗ်..။ အေဖက သူ႕ကုိ ဒီလိုေျပာေတာ႕ “ ဝူးဝါ နား သြားေျပာ ” လုိ႕ ေျပာတယ္။ ဒါက ငယ္ငယ္က အဖြားကုိေလးစားတဲ႕ အေမ႕ရဲ႕ရွက္ျပံဳးျငင္းတံု႕ေလးခ်ိဳးေလးေပါ႕။ ဒါေပမယ္႕ အေမဟာ အေဖ႕ကိုျငင္းလုိက္လို႕လား..။ ဟင္႕အင္း ဆုိတဲ႕စာလံုး မပါဘူး။ ဝူးဝါ ဆုိတာ တရုတ္ဘာသာနဲ႕ အေမ ကိုေခၚတာ။ အဲဒီတုန္းက မင္းသမီးလို ေခ်ာေမာလွပတဲ႕အေမလည္း အခုလို အိုမင္းဇရာ ရဲ႕ ပ်ိဳျခင္းမယ္႕ကမၻာ ကုို ေက်ာ္ျဖတ္ရမယ္ဆုိတာ စဥ္းစားမိခဲ႕ဟန္မတူဘူးေလ..။
.
.
လူေတြ၊ သတၱဝါေတြ၊ ရုပ္ေတြ၊ နာမ္ေတြ၊ သက္ရွိမွန္သမွ်ေတြဟာ အခ်ိန္နဲ႕အမွ် ပ်က္စီးေနၾကတယ္လုိ႕ ရွင္ေတာ္ျမတ္ဗုဒၶ ေဟာၾကားခဲ႕တယ္။ ဒါေပမယ္႕ ကြ်န္ေ္တာ္က တရားေတာ္နဲ႕ဆန္႕က်င္ျပီး ငယ္ငယ္တုန္းက ျဖဴျဖဴသန္႕သန္႕နဲ႕ လူေခ်ာတစ္ေယာက္ဗ်..။ ဟုတ္မဟုတ္ သိခ်င္ရင္ ကြ်န္ေတာ႕ကိုသေဘာက်ခဲ႕တဲ႕ ေကာင္မေလးေတြကိုေမးၾကည္႕ရင္ အေျဖေပၚပါလိမ္႕မယ္။ ပိုတယ္မထင္နဲ႕ တကယ္ေျပာတာ။ အား .. ေဘးကေန ဗိုက္ေခါက္ဆြဲတယ္ .. သူေခ်ာတယ္ဆိုတာလည္း ေရးမွာပါ မိန္းမရဲ႕..။  ဒါေပမယ္႕ဗ်ာ .. ကြ်န္ေတာ္အခုလို မိသားစုၾကီး ( အေဖနဲ႕အေမတုိ႕ရဲ႕မိသားစု ) နဲ႕ ေဝးျပီး နယ္ေဝးေျမျခားကိုေရာက္ရမယ္လို႕ မေတြးထင္ထားခဲ႕ရိုးအမွန္ပါ။

.
အားလံုးထဲမွာ အေခ်ာအလွဆံုးက ကြ်န္ေတာ႕မေဟသီ ပါ..။ ဒီလုိေျပာခ်င္လြန္းလို႕ သူ႕အေၾကာင္းကုိ ေနာက္ဆံုးမွ အိတ္နဲ႕လြယ္ ေရးျပရမွာ..။ သူ႕ကုိအေျဖေတာင္းေတာ႕ လနဲ႕ခ်ီေစာင္႕ခုိင္းတယ္။ ဒါနဲ႕ ကြ်န္ေတာ္လည္း က်ဴရ်င္လုိလို ဘာလုိလို နဲ႕ အဝယ္ေတာ္ေက်ာပိုးအိတ္ေလးလြယ္လုိ႕ သူငယ္ခ်င္းနားက ဆိုင္ကယ္အေဟာင္းေလးကုိငွားျပီး သြားလုိက္ရတဲ႕လမ္း ေျမာင္းေပါက္ျပီး ေမတၱာေရေခ်ာင္းစီးဆင္းခဲ႕တယ္။ အခ်စ္ေရယာဥ္ေၾကာမွာလြင္႕ေျမာခဲ႕တဲ႕ ဒီခ်စ္သူႏွစ္ေယာက္လည္း အခုလို တစ္ေန႕တစ္ေန႕ ေတြ႕ဆံုေျပာဆိုဆက္ဆံရတဲ႕လူ ( ၅ ) ေယာက္မျပည္႕တဲ႕ နည္းပညာျမင္႕အေမရိကားမွာ ဘဝရဲ႕အခ်ိန္ေတာ္ေတာ္္မ်ားမ်ား သံုးစြဲရလိမ္႕မယ္လို႕ မုိင္ကုန္မတြက္ထားမိခဲ႕ၾကတာ ဝန္ခံရမွာပါ။
.
.
ခ်စ္ခဲ႕ၾကတယ္ .. လက္တြဲခဲ႕တယ္။ စီးပြားရွာတယ္ .. ၾကီးပြားလာတယ္။ အမ်ိဳးသမီးေတြ မီးဖြားတယ္ .. သားသမီးေတြ ၾကီးထြားလာတယ္။ ဒီလုိနဲ႕သံသရာတစ္ဆစ္ခ်ိဳးေတာ႕ သားသမီးေတြက မိဘျဖစ္ .. မိဘေတြက အပယ္ခံထပ္ျဖစ္။ အရင္ငယ္စဥ္က သားသမီးဘဝတုန္းက ကိုယ္လုပ္ခဲ႕တာေတြကုိ အခု ကိုယ္႕သားသမီးက ျပန္လုပ္ျပၾက။ ခံစားရသမွ် အံဝင္ခြင္မက်ေတာ႕ ေမ်ာ္မွန္းထားသမွ် မလွမပ နဲ႕ ဒီဘဝအေၾကာင္းကုိ ခဏခဏေျပာျဖစ္ၾကတယ္။ ငါတို႕ ဘယ္လုို အုိၾကမလဲ လို႕ေပါ႕။
.
ကုိယ္စိုက္ထားတဲ႕အပင္ တစ္ရက္ျပန္ရိတ္သိမ္းရမယ္ဆုိတာ ၾကားဖူးခဲ႕တယ္။ အစက ႏုိင္ငံေရးသမားေတြေျပာခဲ႕လုိ႕၊ စာခ်စ္ေပခ်စ္သမားေတြေျပာခဲ႕လုိ႕ ႏိုင္ငံနဲ႕ပဲဆိုင္မယ္ထင္တာ အခု ဘယ္ဟုတ္မလဲ .. လူတိုင္းဘဝနဲ႕ အားလံုးကြက္တိပဲ။ ျငင္းလို႕မရတဲ႕ ေထာင္႕ေစ႕တဲ႕အကြက္ေတြနဲ႕ မိဘကိုဆိုးခဲ႕သမွ် ကုိယ္႕သား ကုိယ္႕သမီးေတြ ကုိယ္႕စကားနားမေထာင္ မလိုက္နာတဲ႕အခ်ိန္ ရင္ထဲမွာ တလွပ္လွပ္ျဖစ္ရတယ္။
.
.
ဒါေလာက္တင္ ဘယ္ဟုတ္ဦးမလဲ .. ငယ္ငယ္က အေမက “ ညီညီ .. ထမင္းစားမယ္ ” လို႕ ( ၄ ) ေခါက္ေလာက္ေခၚတာကို “ လာမယ္ .. လာမယ္ ” လို႕ ညာထူးထားျပီး လမ္းေပၚက သဲပံုမွာ အိမ္ေဆာက္မပ်က္ ဖေယာင္းတိုင္မီးမျငိမ္းစတမ္းေဆာ႕ခဲ႕တာ..။ အခု ကုိယ္႕အလွည္႕ မိဘအရြယ္လည္းေရာက္လာေရာ ကုိယ္ေခၚတဲ႕ဖုန္းမကိုင္တဲ႕ သားသမီးကုိ စိတ္ဆိုးတယ္။ ကုိယ္ပို႕တဲ႕မက္ေဆ႕ ခ်က္ခ်င္းမျပန္လုိ႕ ျငိဳျငင္တယ္။ အေမ႕တုန္းက ၾကက္ေတာင္ေမႊး ျပျပီးဆြဲေခၚမွ အိမ္ထဲဝင္ခဲ႕တဲ႕ကြ်န္ေတာ႕ကို အခုအခ်ိန္မွာ ဘယ္သူက ဆံုးမႏုိင္မွာလဲ။
.
မွတ္မိေသးတယ္ .. ငယ္ငယ္တုန္းက ( ၇၆ ) ႏွစ္မွ ကမၻာေျမၾကီးကိုတစ္ေခါက္လာလည္တဲ႕ ဟယ္ရီၾကယ္တံခြန္ကုိ ထၾကည္႕ဖို႕အေမ႕ကို ႏိႈးခုိင္းခဲ႕တာေလး။ ဒီၾကယ္ကလည္း ကပ္သီးကပ္သပ္ မုိးမလင္းခင္ မနက္ ( ၃ ) နာရီခြဲၾကီး ျဖတ္သြားမယ္လုိ႕ သတင္းက ေၾကျငာထားတယ္ေလ။ စိတ္ရွည္လက္ရွည္နဲ႕လႈပ္ႏိႈးေနတဲ႕အေမ႕ကို အားနာလုိက္တာ။ ဟုိဖက္လွိမ္႕လိုက္ ဒီဖက္လိွမ္႕လိုက္ နဲ႕ အဲဒီေန႕မနက္က ကြ်န္ေတာ္မထျဖစ္လို႕ ဟယ္ရီၾကယ္တံခြန္ကို ကြ်န္ေတာ္ မၾကည္႕လိုက္ရဘူး။
.
.
ဒီလုိ စိတ္အလိုလိုက္ခဲ႕တဲ႕ကြ်န္ေတာ္ဟာ လက္ကိုင္ဖုန္းကျမည္ေနတဲ႕ႏႈိးစက္ကုိျပန္ပိတ္ျပီးအိပ္ေနတဲ႕သားသမီးကိုၾကည္႕ျပီးအသည္းယားေနတယ္ေလ .. စဥ္းစားၾကည္႕ပါဦး  တရားက်ပါရဲ႕လား လုိ႕..။
.
အေမေခၚထားတဲ႕ အိမ္ကူေကာင္မေလးေတြကို ပတ္ခ်ာလည္ဟိန္းေဟာက္ခဲ႕တဲ႕ကြ်န္ေတာ္ဟာ အခု သားသမီးက မၾကားလို႕ပဲျဖစ္ျဖစ္၊ မအားလုိ႕ပဲျဖစ္ျဖစ္၊ သတိမထားမိလို႕ျဖစ္ျဖစ္ မေခ်မငံ ျပန္ဆက္ဆံတာကို ရင္ထဲမွာ တစ္ဆတ္ဆတ္တုန္ေနတယ္တဲ႕ေလ..။
.
.
ဒါေၾကာင္႕ ကြ်န္ေတာ္တုိ႕ ဘယ္ပံုဘယ္နည္းနဲ႕ အိုမင္းျခင္းကို ၾကိဳဆိုၾကမလဲလို႕ ေတြးမိတယ္။ ဒါကလည္း လြယ္လွတဲ႕ကိစၥေတာ႕မဟုတ္ဘူး။ ျမန္မာႏိုင္ငံမွာက မတိုးတက္ဘူးလို႕ လူေတြကေျပာေပမယ္႕ မိသားစုက ေတြ႕ခ်င္ရင္ နီးတယ္။ အရပ္ထဲ ရြာထဲ မိတ္ေဆြသဂၤဟ ရွိၾကတယ္။ ရႊတ္္ကနဲဆုိ ဒုကၡေရာက္တဲ႕သူ၊ အကူအညီလိုတဲ႕သူဆီ ေပါက္ခ်လာတတ္ၾကေသးတယ္။
.
အေမရိကားမွာက တစ္ေနရာနဲ႕တစ္ေနရာ အေဝးၾကီး။ ပိုဆိုးတာက လူတစ္ေယာက္ ကားတစ္စီးႏုိင္ငံမုိ႕လို႕ သားသမီးက ကားေမာင္းတတ္ရင္ မိဘအိမ္မွာ ဘယ္အေၾကာင္းေၾကာင္႕မွ မေနခ်င္ေတာ႕ဘူး။ ယုိေပါက္ရွာျပီး ထြက္ကုိ ထြက္သြားခ်င္ေနတာေလ။ ဒါေၾကာင္႕ ကြ်န္ေတာ္တို႕ ဒီအသက္အရြယ္ထက္ၾကီးလာရင္ ပိုဒုကၡေရာက္လိမ္႕မယ္။ ဘာအကူအညီမွ ဘယ္သူ႕ထံကမွ မွန္းထားလို႕ ျဖစ္မွာမဟုတ္ေလာက္ဘူး။ ဒါေတာင္ ေငြေရး ေၾကးေရးကိစၥ၊ အိုစာမင္းစာ ကိစၥ ဝိစၥေတြ မပါေသးဘူးေနာ္..။
.
.
အဓိကေျပာခ်င္တာက ကံဆိုတာ အက်ိဳး နဲ႕ အေၾကာင္း နဲ႕ ဆက္စပ္တြန္းကန္အားျပဳေနတာ။ အေဖ နဲ႕ အေမက ျပည္ၾကီးနဲ႕ကုကၠိဳင္းဖူးစာ ကေန ရွမ္းရိုးမေတာင္တန္းေပၚမွာ သက္တမ္းကုန္ဆံုးရက္ နီးလာျပီ။ ကြ်န္ေတာ႕ကံက ရန္ကုန္ဆိပ္ကမ္းက ဒီေရနဲ႕အတူပါလာလို႕ ပစိဖိတ္သမုဒၵရာကိုေက်ာ္ျပီး အသက္ဆက္ေနရတယ္။ သားသမီးေတြရဲ႕ကံအရ သူတုို႕ကုိ တင္႕တယ္တဲ႕တိုင္းျပည္မွာ ပနံသင္႕ျပီး ဥာဏ္ပညာျမင္႕မား ဂုဏ္ဝင္႕ၾကြားေစခ်င္တယ္။
.
ကြ်န္ေတာ႕နားကေကာင္းတဲ႕အခ်က္ေတြသင္ယူဖုိ႕ သားသမီးေတြကိုေျပာခ်င္ေပမယ္႕ သူတုိ႕ ဒီအရြယ္ကတည္းက စျပီး မအားၾကေတာ႕ဘူူး။ ကြ်န္ေတာ႕ဆီက အမွားေတြ၊ အားနည္းခ်က္ေတြကို သင္ခန္းစာယူဖို႕ စကားေျပာခ်င္ေပမယ္႕ မနက္ေရာက္လင္းခါနီးအထိ သူတုိ႕မအိပ္ရေသးဘူး။
.
ကြ်န္ေတာ္ၾကီးျပင္းခဲ႕တဲ႕ အာဏာရွင္အစုိးရပံုစံ ကြ်န္ေတာ္မက်င္႕သံုးပါဘူး။ ဒါေပမယ္႕ သားသမီးေတြကို ကြ်န္ေတာ႕လုိ တစ္သက္မွာတစ္ခါ ဟယ္ရီၾကယ္တံခြန္ကို မျမင္မိလိုက္မွာစုိးလို႕ ေျပာျပခ်င္ေနတာပါ။ အေမရိကားဟာ ကမၻာ႕ေျမပံုေပၚက အခြင္႕အလမ္းနယ္ေျမတစ္ကြက္ဆိုတာ သူတုိ႕ကုိသတိေပးခ်င္ေနတာ .. အခုေတာ႕ ကြ်န္ေတာ္တို႕ဘယ္ပံုဘယ္နည္းနဲ႕ အုိၾကမလဲဆိုတာကိုပဲ လင္မယားအိုႏွစ္ေယာက္ တစ္ေယာက္ကုိတစ္ေယာက္ သတိေပးေနမိပါေတာ႕တယ္။
.
ခင္လ်က္
.
03-26-2016
.
.
.
Myanmar Unicode Version:
.
.
“ မွန်းတည့်ပင်အို ရဲ့ နေညိုညိုအတွေး ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ကျွန်တော်မကြာခဏ အိုကြည့်မိတယ်။ ကျွန်တော့ကိုမွေးဖွားပေးခဲ့တဲ့ ကျေးဇူးရှင်အမေလိုရော၊ ကုန်းရုန်းရှာဖွေပညာသင်ပေးခဲ့တဲ့ ကျေးဇူးရှင်အဖေ့လိုရော၊ သူတို့လို ဘယ်လိုအိုရမလဲဆိုတာကို အဖြေမရနိုင်သေးဘူး။ ဒါတောင် ကျွန်တော့အသက်က သေမယ်ဆိုရင် သတင်းစာထဲမှာပါတဲ့ကြော်ငြာတွေထက် အနည်းငယ်စောသေးတယ်။ နေမယ်ဆိုရင်တော့ လမ်းထိပ်နား၊ အိမ်ဘေးနား၊ စတိုးဆိုင်နားက လူကြီးတွေအသက်ရဲ့တစ်ဝက်လောက်တော့ ရောက်နေပြီလို့ပြောနိုင်ပြီပေါ့။
.
.
ကျွန်တော့အဖေက ငယ်ငယ်တုန်းကလူချောဗျ..။ မကြာခဏမှတ်မိတာတစ်ခုက အဖေဟာ အမေ့ကိုပိုးပန်းတုန်းက “ မင်း ငါ့ကိုယူနိုင်မလား ? ” လို့ မာမာထန်ထန် ချစ်ရေးဆိုခဲ့တာကိုပဲ ရယ်သွမ်းပြီး ပြောပြတတ်တယ်။ သေချာစဉ်းစားကြည့်တော့ အမေ့ကိုရအောင်ယူခဲ့တဲ့အဖေရဲ့ရည်းစားစကားမှာ “ ချစ်တယ် ” ဆိုတာ တစ်လုံးမှ မပါခဲ့ဘူး။ ဒီလိုချစ်ခွင့်ပန် .. အဲ .. အတူနေခွင့်တောင်း ခဲ့တုန်းက သူတို့ ဒီလို သားသမီးတွေမွေးပြီး ဒီလိုအိုမင်းမစွမ်းနဲ့ ဘဝကုန်ရမယ်ဆိုတာ တွေးမိခဲ့ဟန်မတူဘူး။
.
တစ်ကယ်တော့ အမေ့ဟန်ပန်လေးကမှ ရှက်ချင်ဟန်ဆောင်နေပြီး ချစ်စရာလေး ခင်ဗျ..။ အဖေက သူ့ကို ဒီလိုပြောတော့ “ ဝူးဝါ နား သွားပြော ” လို့ ပြောတယ်။ ဒါက ငယ်ငယ်က အဖွားကိုလေးစားတဲ့ အမေ့ရဲ့ရှက်ပြုံးငြင်းတုံ့လေးချိုးလေးပေါ့။ ဒါပေမယ့် အမေဟာ အဖေ့ကိုငြင်းလိုက်လို့လား..။ ဟင့်အင်း ဆိုတဲ့စာလုံး မပါဘူး။ ဝူးဝါ ဆိုတာ တရုတ်ဘာသာနဲ့ အမေ ကိုခေါ်တာ။ အဲဒီတုန်းက မင်းသမီးလို ချောမောလှပတဲ့အမေလည်း အခုလို အိုမင်းဇရာ ရဲ့ ပျိုခြင်းမယ့်ကမ္ဘာ ကို ကျော်ဖြတ်ရမယ်ဆိုတာ စဉ်းစားမိခဲ့ဟန်မတူဘူးလေ..။
.
.
လူတွေ၊ သတ္တဝါတွေ၊ ရုပ်တွေ၊ နာမ်တွေ၊ သက်ရှိမှန်သမျှတွေဟာ အချိန်နဲ့အမျှ ပျက်စီးနေကြတယ်လို့ ရှင်တော်မြတ်ဗုဒ္ဓ ဟောကြားခဲ့တယ်။ ဒါပေမယ့် ကျွန်ေ္တာ်က တရားတော်နဲ့ဆန့်ကျင်ပြီး ငယ်ငယ်တုန်းက ဖြူဖြူသန့်သန့်နဲ့ လူချောတစ်ယောက်ဗျ..။ ဟုတ်မဟုတ် သိချင်ရင် ကျွန်တော့ကိုသဘောကျခဲ့တဲ့ ကောင်မလေးတွေကိုမေးကြည့်ရင် အဖြေပေါ်ပါလိမ့်မယ်။ ပိုတယ်မထင်နဲ့ တကယ်ပြောတာ။ အား .. ဘေးကနေ ဗိုက်ခေါက်ဆွဲတယ် .. သူချောတယ်ဆိုတာလည်း ရေးမှာပါ မိန်းမရဲ့..။  ဒါပေမယ့်ဗျာ .. ကျွန်တော်အခုလို မိသားစုကြီး ( အဖေနဲ့အမေတို့ရဲ့မိသားစု ) နဲ့ ဝေးပြီး နယ်ဝေးမြေခြားကိုရောက်ရမယ်လို့ မတွေးထင်ထားခဲ့ရိုးအမှန်ပါ။
.
အားလုံးထဲမှာ အချောအလှဆုံးက ကျွန်တော့မဟေသီ ပါ..။ ဒီလိုပြောချင်လွန်းလို့ သူ့အကြောင်းကို နောက်ဆုံးမှ အိတ်နဲ့လွယ် ရေးပြရမှာ..။ သူ့ကိုအဖြေတောင်းတော့ လနဲ့ချီစောင့်ခိုင်းတယ်။ ဒါနဲ့ ကျွန်တော်လည်း ကျူရျင်လိုလို ဘာလိုလို နဲ့ အဝယ်တော်ကျောပိုးအိတ်လေးလွယ်လို့ သူငယ်ချင်းနားက ဆိုင်ကယ်အဟောင်းလေးကိုငှားပြီး သွားလိုက်ရတဲ့လမ်း မြောင်းပေါက်ပြီး မေတ္တာရေချောင်းစီးဆင်းခဲ့တယ်။ အချစ်ရေယာဉ်ကြောမှာလွင့်မြောခဲ့တဲ့ ဒီချစ်သူနှစ်ယောက်လည်း အခုလို တစ်နေ့တစ်နေ့ တွေ့ဆုံပြောဆိုဆက်ဆံရတဲ့လူ ( ၅ ) ယောက်မပြည့်တဲ့ နည်းပညာမြင့်အမေရိကားမှာ ဘဝရဲ့အချိန်တော်တော်္များများ သုံးစွဲရလိမ့်မယ်လို့ မိုင်ကုန်မတွက်ထားမိခဲ့ကြတာ ဝန်ခံရမှာပါ။
.
.
ချစ်ခဲ့ကြတယ် .. လက်တွဲခဲ့တယ်။ စီးပွားရှာတယ် .. ကြီးပွားလာတယ်။ အမျိုးသမီးတွေ မီးဖွားတယ် .. သားသမီးတွေ ကြီးထွားလာတယ်။ ဒီလိုနဲ့သံသရာတစ်ဆစ်ချိုးတော့ သားသမီးတွေက မိဘဖြစ် .. မိဘတွေက အပယ်ခံထပ်ဖြစ်။ အရင်ငယ်စဉ်က သားသမီးဘဝတုန်းက ကိုယ်လုပ်ခဲ့တာတွေကို အခု ကိုယ့်သားသမီးက ပြန်လုပ်ပြကြ။ ခံစားရသမျှ အံဝင်ခွင်မကျတော့ မျော်မှန်းထားသမျှ မလှမပ နဲ့ ဒီဘဝအကြောင်းကို ခဏခဏပြောဖြစ်ကြတယ်။ ငါတို့ ဘယ်လို အိုကြမလဲ လို့ပေါ့။
.
ကိုယ်စိုက်ထားတဲ့အပင် တစ်ရက်ပြန်ရိတ်သိမ်းရမယ်ဆိုတာ ကြားဖူးခဲ့တယ်။ အစက နိုင်ငံရေးသမားတွေပြောခဲ့လို့၊ စာချစ်ပေချစ်သမားတွေပြောခဲ့လို့ နိုင်ငံနဲ့ပဲဆိုင်မယ်ထင်တာ အခု ဘယ်ဟုတ်မလဲ .. လူတိုင်းဘဝနဲ့ အားလုံးကွက်တိပဲ။ ငြင်းလို့မရတဲ့ ထောင့်စေ့တဲ့အကွက်တွေနဲ့ မိဘကိုဆိုးခဲ့သမျှ ကိုယ့်သား ကိုယ့်သမီးတွေ ကိုယ့်စကားနားမထောင် မလိုက်နာတဲ့အချိန် ရင်ထဲမှာ တလှပ်လှပ်ဖြစ်ရတယ်။
.
.
ဒါလောက်တင် ဘယ်ဟုတ်ဦးမလဲ .. ငယ်ငယ်က အမေက “ ညီညီ .. ထမင်းစားမယ် ” လို့ ( ၄ ) ခေါက်လောက်ခေါ်တာကို “ လာမယ် .. လာမယ် ” လို့ ညာထူးထားပြီး လမ်းပေါ်က သဲပုံမှာ အိမ်ဆောက်မပျက် ဖယောင်းတိုင်မီးမငြိမ်းစတမ်းဆော့ခဲ့တာ..။ အခု ကိုယ့်အလှည့် မိဘအရွယ်လည်းရောက်လာရော ကိုယ်ခေါ်တဲ့ဖုန်းမကိုင်တဲ့ သားသမီးကို စိတ်ဆိုးတယ်။ ကိုယ်ပို့တဲ့မက်ဆေ့ ချက်ချင်းမပြန်လို့ ငြိုငြင်တယ်။ အမေ့တုန်းက ကြက်တောင်မွှေး ပြပြီးဆွဲခေါ်မှ အိမ်ထဲဝင်ခဲ့တဲ့ကျွန်တော့ကို အခုအချိန်မှာ ဘယ်သူက ဆုံးမနိုင်မှာလဲ။
.
မှတ်မိသေးတယ် .. ငယ်ငယ်တုန်းက ( ၇၆ ) နှစ်မှ ကမ္ဘာမြေကြီးကိုတစ်ခေါက်လာလည်တဲ့ ဟယ်ရီကြယ်တံခွန်ကို ထကြည့်ဖို့အမေ့ကို နှိုးခိုင်းခဲ့တာလေး။ ဒီကြယ်ကလည်း ကပ်သီးကပ်သပ် မိုးမလင်းခင် မနက် ( ၃ ) နာရီခွဲကြီး ဖြတ်သွားမယ်လို့ သတင်းက ကြေငြာထားတယ်လေ။ စိတ်ရှည်လက်ရှည်နဲ့လှုပ်နှိုးနေတဲ့အမေ့ကို အားနာလိုက်တာ။ ဟိုဖက်လှိမ့်လိုက် ဒီဖက်လှိမ့်လိုက် နဲ့ အဲဒီနေ့မနက်က ကျွန်တော်မထဖြစ်လို့ ဟယ်ရီကြယ်တံခွန်ကို ကျွန်တော် မကြည့်လိုက်ရဘူး။
.
.
ဒီလို စိတ်အလိုလိုက်ခဲ့တဲ့ကျွန်တော်ဟာ လက်ကိုင်ဖုန်းကမြည်နေတဲ့နှိုးစက်ကိုပြန်ပိတ်ပြီးအိပ်နေတဲ့သားသမီးကိုကြည့်ပြီးအသည်းယားနေတယ်လေ .. စဉ်းစားကြည့်ပါဦး  တရားကျပါရဲ့လား လို့..။
.
အမေခေါ်ထားတဲ့ အိမ်ကူကောင်မလေးတွေကို ပတ်ချာလည်ဟိန်းဟောက်ခဲ့တဲ့ကျွန်တော်ဟာ အခု သားသမီးက မကြားလို့ပဲဖြစ်ဖြစ်၊ မအားလို့ပဲဖြစ်ဖြစ်၊ သတိမထားမိလို့ဖြစ်ဖြစ် မချေမငံ ပြန်ဆက်ဆံတာကို ရင်ထဲမှာ တစ်ဆတ်ဆတ်တုန်နေတယ်တဲ့လေ..။
.
.
ဒါကြောင့် ကျွန်တော်တို့ ဘယ်ပုံဘယ်နည်းနဲ့ အိုမင်းခြင်းကို ကြိုဆိုကြမလဲလို့ တွေးမိတယ်။ ဒါကလည်း လွယ်လှတဲ့ကိစ္စတော့မဟုတ်ဘူး။ မြန်မာနိုင်ငံမှာက မတိုးတက်ဘူးလို့ လူတွေကပြောပေမယ့် မိသားစုက တွေ့ချင်ရင် နီးတယ်။ အရပ်ထဲ ရွာထဲ မိတ်ဆွေသင်္ဂဟ ရှိကြတယ်။ ရွှတ်ကနဲဆို ဒုက္ခရောက်တဲ့သူ၊ အကူအညီလိုတဲ့သူဆီ ပေါက်ချလာတတ်ကြသေးတယ်။
.
အမေရိကားမှာက တစ်နေရာနဲ့တစ်နေရာ အဝေးကြီး။ ပိုဆိုးတာက လူတစ်ယောက် ကားတစ်စီးနိုင်ငံမို့လို့ သားသမီးက ကားမောင်းတတ်ရင် မိဘအိမ်မှာ ဘယ်အကြောင်းကြောင့်မှ မနေချင်တော့ဘူး။ ယိုပေါက်ရှာပြီး ထွက်ကို ထွက်သွားချင်နေတာလေ။ ဒါကြောင့် ကျွန်တော်တို့ ဒီအသက်အရွယ်ထက်ကြီးလာရင် ပိုဒုက္ခရောက်လိမ့်မယ်။ ဘာအကူအညီမှ ဘယ်သူ့ထံကမှ မှန်းထားလို့ ဖြစ်မှာမဟုတ်လောက်ဘူး။ ဒါတောင် ငွေရေး ကြေးရေးကိစ္စ၊ အိုစာမင်းစာ ကိစ္စ ဝိစ္စတွေ မပါသေးဘူးနော်..။
.
.
အဓိကပြောချင်တာက ကံဆိုတာ အကျိုး နဲ့ အကြောင်း နဲ့ ဆက်စပ်တွန်းကန်အားပြုနေတာ။ အဖေ နဲ့ အမေက ပြည်ကြီးနဲ့ကုက္ကိုင်းဖူးစာ ကနေ ရှမ်းရိုးမတောင်တန်းပေါ်မှာ သက်တမ်းကုန်ဆုံးရက် နီးလာပြီ။ ကျွန်တော့ကံက ရန်ကုန်ဆိပ်ကမ်းက ဒီရေနဲ့အတူပါလာလို့ ပစိဖိတ်သမုဒ္ဒရာကိုကျော်ပြီး အသက်ဆက်နေရတယ်။ သားသမီးတွေရဲ့ကံအရ သူတို့ကို တင့်တယ်တဲ့တိုင်းပြည်မှာ ပနံသင့်ပြီး ဥာဏ်ပညာမြင့်မား ဂုဏ်ဝင့်ကြွားစေချင်တယ်။
.
ကျွန်တော့နားကကောင်းတဲ့အချက်တွေသင်ယူဖို့ သားသမီးတွေကိုပြောချင်ပေမယ့် သူတို့ ဒီအရွယ်ကတည်းက စပြီး မအားကြတော့ဘူး။ ကျွန်တော့ဆီက အမှားတွေ၊ အားနည်းချက်တွေကို သင်ခန်းစာယူဖို့ စကားပြောချင်ပေမယ့် မနက်ရောက်လင်းခါနီးအထိ သူတို့မအိပ်ရသေးဘူး။
.
ကျွန်တော်ကြီးပြင်းခဲ့တဲ့ အာဏာရှင်အစိုးရပုံစံ ကျွန်တော်မကျင့်သုံးပါဘူး။ ဒါပေမယ့် သားသမီးတွေကို ကျွန်တော့လို တစ်သက်မှာတစ်ခါ ဟယ်ရီကြယ်တံခွန်ကို မမြင်မိလိုက်မှာစိုးလို့ ပြောပြချင်နေတာပါ။ အမေရိကားဟာ ကမ္ဘာ့မြေပုံပေါ်က အခွင့်အလမ်းနယ်မြေတစ်ကွက်ဆိုတာ သူတို့ကိုသတိပေးချင်နေတာ .. အခုတော့ ကျွန်တော်တို့ဘယ်ပုံဘယ်နည်းနဲ့ အိုကြမလဲဆိုတာကိုပဲ လင်မယားအိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သတိပေးနေမိပါတော့တယ်။
.
ခင်လျက်
.

03-26-2016

No comments: