ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, June 28, 2018

After issuing Visa

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
မခ်မ္းျငိမ္းထုိက္ေရ . .
အေမရိကားဟာ နည္းပညာျမင္႕မားတယ္ဆုိေပမယ္႕ မထင္တဲ႕ေနရာေတြမွာ လွည္႕စားမႈမ်ားပါတယ္။ ဘာေတြကိုလွည္႕စားမလဲဆိုေတာ႕ ကိုယ္သိထားတာေတြကိုမသိတာ၊ ကိုယ္မသိေသးဘူးဆိုတာေတြဟာ သိျပီးသားျဖစ္ေနတာ နဲ႕ ေန႕တိုင္း တစ္ခုမဟုတ္တစ္ခုေလ႕လာစရာမ်ားေနတာေတြေၾကာင္႕ပါပဲ။
.
ဒါေၾကာင္႕ (ဒီရက္ပုိင္းက ဗီဆာထုတ္ယူျပီးသားျဖစ္တဲ႕အတြက္) ဗီဆာမကုန္ခင္၊ အေရးၾကီးတဲ႕အေၾကာင္းအရာေတြမေပၚေပါက္လာခင္ ရက္ေစာျပီး လာေစခ်င္တယ္။ ေနရာသစ္မွာ အေျခအေနအသစ္ နဲ႕ ပတ္ဝန္းက်င္အသစ္ကိုေလ႕လာဖို႕ စိတ္ဓါတ္အသစ္ကုိ အကြ်မ္းဝင္ဖို႕ အခ်ိန္ေပးရဦးမယ္မဟုတ္ပါလား?
.
.
လုပ္လက္စအလုပ္ေတြက ကိုယ္ခရီသြားေတာ႕မယ္ဆုိတဲ႕စိတ္ထားလိုက္တဲ႕အခါ အလိုလိုအရွိန္သတ္သြားပါလိမ္႕မယ္။ ကိုယ္နဲ႕အလုပ္လုပ္သူေတြဟာလည္း ဒါကိုနားလည္တဲ႕အတြက္ ကိုယ္႕အလုပ္ကို အင္တာနက္၊ Cloud နဲ႕ Freelance လုပ္ဖို႕လမ္းေၾကာင္းတစ္ခုေပၚကေနလုိက္လာႏုိင္ဖို႕ ပံုေဖာ္သြားသင္႕ပါတယ္။
.
ဒါေၾကာင္႕ ေခတ္မီပညာတတ္ ငယ္ရြယ္ပ်ိဳမ်စ္တဲ႕ တက္ၾကြလူငယ္တစ္ေယာက္ရဲ႕ေနာက္ကို အတတ္ပညာေၾကာင္႕လုိက္လံငွားရမ္းမယ္႕၊ လိုက္လံအပ္ႏွံမယ္႕အလုပ္ရွင္ေတြက ကမၻာေျမရဲ႕ဘယ္ေနရာေရာက္ေနေန ေနာက္ကေနလုိက္လာမွာျဖစ္ပါတယ္။
.
.
ဒါေၾကာင္႕ ခရီးမထြက္ခင္ သံရံုးကေပးထားတဲ႕အခ်ိန္ဇယားအတြင္း အျမဲတမ္းေနထုိင္ခြင္႕ - Green Card အတြက္ ေငြၾကိဳသြင္းသြားပါ။ ဒါမွ ဟုိေရာက္ရင္ ဘယ္နားရွိမွန္းမသိတဲ႕ဘယ္ရံုးကို ဘယ္သူနဲ႕သြားျပီး ေငြဘယ္ေလာက္ကိုသြားသြင္းရမယ္ဆုိတဲ႕ကိစၥေတြကုိ ၾကိဳတင္ေျဖရွင္းျပီးသားျဖစ္သြားတာေပါ႕။ စိတ္ရႈတ္မခံရေလေအာင္ ရန္ကုန္မွာကတည္းက ၾကိဳလုပ္ထားရမယ္႕ကိစၥေတြပါ။
.
ေနာက္တစ္ခုက မခ်မ္းျငိမ္းထိုက္ က ပညာတတ္တစ္ေယာက္ျဖစ္တာေၾကာင္႕ ဒီဘက္မွာ ကိုယ္တတ္ခဲ႕တဲ႕ပညာေရးနဲ႕ခ်ိတ္ဆက္ျပီး ေနာက္တစ္ဆင္႕တက္ပညာ - Next Level ကုိ တက္လွမ္းေစခ်င္တယ္။ ဒီလိုေျပာလုိက္လို႕ ေငြမရွာ၊ အလုပ္မလုပ္ရေတာ႕ပဲ ေက်ာင္းကုိတန္းတက္တာမ်ိဳးကုိဆိုလုိတာမဟုတ္ဘူး။
.
.
ေရာက္ခါစ Green Card ရျပီး ေရာက္ေနတဲ႕ျပည္နယ္မွာ ေနထုိင္ခြင္႕ (၁) ႏွစ္ ျပည္႕ေအာင္ေနတာကို 1 Year Residency လို႕ ဒီဘက္ရံုးေတြက ေရးသားေျပာဆုိၾကတယ္။ ဒါေၾကာင္႕ (၁) ႏွစ္ျပည္႕ဖို႕လုိေနတဲ႕အခ်ိန္အတြင္း နယ္ေျမေဒသကိုေလ႕လာတာ၊ ေက်ာင္းကိစၥစံုစမ္းတာ၊ ကားေမာင္းလိုင္စင္ေျဖတာ၊ ေဆြမ်ိဳးမိတ္သဂၤဟေတြဆီကုိလည္ပတ္တာ နဲ႕ အေပ်ာ္ခရီးထြက္တာအျပင္ အလုပ္လုပ္ဖို႕နဲ႕ ေငြစုဖို႕ အခြင္႕အခါေကာင္းေတြဆုိတာကို ေျပာျပခ်င္တယ္။
.
တစ္ဦးတစ္ေယာက္တည္း လူပ်ိဳလူလြတ္အေနနဲ႕တင္မယ္ဆုိရင္ ေဘာင္ဝင္ - Eligible ျဖစ္ဖို႕ခက္ေပမယ္႕ မိသားစုလုိက္လာျပီး အသက္ (၁၂-၁၈) ႏွစ္ေအာက္ ကေလးငယ္ပါလာသူေတြဆိုရင္ ျပည္နယ္ကေနေထာက္ပံ႕မယ္႕ ပညာသင္ေထာက္ပံ႕ေငြ Fafsa - Free Application for Federal Student Aid ကုိ ဘယ္လုိေျပာင္းေရႊ႕ဝင္လာသူ - Immigrant ေတြ မဆို ေလွ်ာက္ထားႏုိင္ပါတယ္။
.
.
ဒီေနရာမွာေတာ႕ ကိုယ္႕ရဲ႕ဝင္ေငြ၊ မိဘေတြရဲ႕ဝင္ေငြ၊ မိသားစုဝင္အေရအတြက္ နဲ႕ ေက်ာင္းပညာအားျဖင္႕ ဘယ္အဆင္႕ေရာက္ေနျပီ၊ ပညာေရးရည္မွန္းခ်က္ဘယ္လုိရွိတယ္ စတာေတြကုိသာ ျဖည္႕သြင္းရမွာပါ။
.
ဒါေၾကာင္႕ အေမရိကားကိုလာရတယ္ဆုိတာ တစ္ခ်ိန္ကအိပ္မက္ျဖစ္ခဲ႕ေပမယ္႕ အခုက အိပ္မက္ကိုအေကာင္အထည္ေဖာ္ရေတာ႕မွာဆုိေတာ႕ ဘာကိုစိတ္စြဲျပီး မခြဲႏိုင္ မခြာရက္ျဖစ္ေနစရာအေၾကာင္းမရွိေလာက္ပါဘူးေနာ္။ ဒါေၾကာင္႕ ျမန္မာပညာတတ္တစ္ေယာက္အေနနဲ႕ ဘယ္ႏုိင္ငံရဲဲ႕လွည္႕စားမႈကိုမွ လက္မခံပါနဲ႕။ ပညာနဲ႕သာ အရာရာကိုဦးေဆာင္ပါ။
.
.
တစ္ေလာက ရုပ္ရွင္းမင္းသားၾကီး ဝီလ္စမစ္ - Will Smith ရဲ႕ ေျပာစကားတစ္ခုရဲ႕ပံုစာတစ္ပံု လုိင္းေပၚမွာေတြ႕လုိ႕သိမ္းထားမိတယ္။
"Every morning you have two choices:
Continue to sleep with your dreams or
Wake up and chase them" တဲ႕။
.
သူေျပာထားတာသိပ္ရွင္းတယ္။ အခုက အေမရိကားကိုလာဖို႕ ဗီဆာက်ျပီးလုိ႕ သြားေရာက္ထုတ္ယူျပီးျပီဆိုေတာ႕ အိပ္မက္ကိုအေကာင္အထည္ေဖာ္ဖို႕အခ်ိန္က်ပါျပီ။ လုပ္လက္စ ပေရာဂ်က္ေတြကို အတန္အသင္႕ျဖတ္ေတာက္ျပီး ဘဝသစ္ကုိစတင္ဖို႕ တဒဂၤအပိုင္းအစေတြကုိ ဆက္စပ္ဖို႕အခ်ိန္ေရာက္ျပီလို႕ေျပာရင္း အေမရိကန္ေျမဆီလႊာကေနၾကိဳဆိုလုိက္ပါတယ္။
.
.
Welcome to the United States
.
ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
06-27-2018
.
.
Unicode Version:
.
.
မချမ်းငြိမ်းထိုက်ရေ . .
အမေရိကားဟာ နည်းပညာမြင့်မားတယ်ဆိုပေမယ့် မထင်တဲ့နေရာတွေမှာ လှည့်စားမှုများပါတယ်။ ဘာတွေကိုလှည့်စားမလဲဆိုတော့ ကိုယ်သိထားတာတွေကိုမသိတာ၊ ကိုယ်မသိသေးဘူးဆိုတာတွေဟာ သိပြီးသားဖြစ်နေတာ နဲ့ နေ့တိုင်း တစ်ခုမဟုတ်တစ်ခုလေ့လာစရာများနေတာတွေကြောင့်ပါပဲ။
.
ဒါကြောင့် (ဒီရက်ပိုင်းက ဗီဆာထုတ်ယူပြီးသားဖြစ်တဲ့အတွက်) ဗီဆာမကုန်ခင်၊ အရေးကြီးတဲ့အကြောင်းအရာတွေမပေါ်ပေါက်လာခင် ရက်စောပြီး လာစေချင်တယ်။ နေရာသစ်မှာ အခြေအနေအသစ် နဲ့ ပတ်ဝန်းကျင်အသစ်ကိုလေ့လာဖို့ စိတ်ဓါတ်အသစ်ကို အကျွမ်းဝင်ဖို့ အချိန်ပေးရဦးမယ်မဟုတ်ပါလား?
.
.
လုပ်လက်စအလုပ်တွေက ကိုယ်ခရီသွားတော့မယ်ဆိုတဲ့စိတ်ထားလိုက်တဲ့အခါ အလိုလိုအရှိန်သတ်သွားပါလိမ့်မယ်။ ကိုယ်နဲ့အလုပ်လုပ်သူတွေဟာလည်း ဒါကိုနားလည်တဲ့အတွက် ကိုယ့်အလုပ်ကို အင်တာနက်၊ Cloud နဲ့ Freelance လုပ်ဖို့လမ်းကြောင်းတစ်ခုပေါ်ကနေလိုက်လာနိုင်ဖို့ ပုံဖော်သွားသင့်ပါတယ်။
.
ဒါကြောင့် ခေတ်မီပညာတတ် ငယ်ရွယ်ပျိုမျစ်တဲ့ တက်ကြွလူငယ်တစ်ယောက်ရဲ့နောက်ကို အတတ်ပညာကြောင့်လိုက်လံငှားရမ်းမယ့်၊ လိုက်လံအပ်နှံမယ့်အလုပ်ရှင်တွေက ကမ္ဘာမြေရဲ့ဘယ်နေရာရောက်နေနေ နောက်ကနေလိုက်လာမှာဖြစ်ပါတယ်။
.
.
ဒါကြောင့် ခရီးမထွက်ခင် သံရုံးကပေးထားတဲ့အချိန်ဇယားအတွင်း အမြဲတမ်းနေထိုင်ခွင့် - Green Card အတွက် ငွေကြိုသွင်းသွားပါ။ ဒါမှ ဟိုရောက်ရင် ဘယ်နားရှိမှန်းမသိတဲ့ဘယ်ရုံးကို ဘယ်သူနဲ့သွားပြီး ငွေဘယ်လောက်ကိုသွားသွင်းရမယ်ဆိုတဲ့ကိစ္စတွေကို ကြိုတင်ဖြေရှင်းပြီးသားဖြစ်သွားတာပေါ့။ စိတ်ရှုတ်မခံရလေအောင် ရန်ကုန်မှာကတည်းက ကြိုလုပ်ထားရမယ့်ကိစ္စတွေပါ။
.
နောက်တစ်ခုက မချမ်းငြိမ်းထိုက် က ပညာတတ်တစ်ယောက်ဖြစ်တာကြောင့် ဒီဘက်မှာ ကိုယ်တတ်ခဲ့တဲ့ပညာရေးနဲ့ချိတ်ဆက်ပြီး နောက်တစ်ဆင့်တက်ပညာ - Next Level ကို တက်လှမ်းစေချင်တယ်။ ဒီလိုပြောလိုက်လို့ ငွေမရှာ၊ အလုပ်မလုပ်ရတော့ပဲ ကျောင်းကိုတန်းတက်တာမျိုးကိုဆိုလိုတာမဟုတ်ဘူး။
.
.
ရောက်ခါစ Green Card ရပြီး ရောက်နေတဲ့ပြည်နယ်မှာ နေထိုင်ခွင့် (၁) နှစ် ပြည့်အောင်နေတာကို 1 Year Residency လို့ ဒီဘက်ရုံးတွေက ရေးသားပြောဆိုကြတယ်။ ဒါကြောင့် (၁) နှစ်ပြည့်ဖို့လိုနေတဲ့အချိန်အတွင်း နယ်မြေဒေသကိုလေ့လာတာ၊ ကျောင်းကိစ္စစုံစမ်းတာ၊ ကားမောင်းလိုင်စင်ဖြေတာ၊ ဆွေမျိုးမိတ်သင်္ဂဟတွေဆီကိုလည်ပတ်တာ နဲ့ အပျော်ခရီးထွက်တာအပြင် အလုပ်လုပ်ဖို့နဲ့ ငွေစုဖို့ အခွင့်အခါကောင်းတွေဆိုတာကို ပြောပြချင်တယ်။
.
တစ်ဦးတစ်ယောက်တည်း လူပျိုလူလွတ်အနေနဲ့တင်မယ်ဆိုရင် ဘောင်ဝင် - Eligible ဖြစ်ဖို့ခက်ပေမယ့် မိသားစုလိုက်လာပြီး အသက် (၁၂-၁၈) နှစ်အောက် ကလေးငယ်ပါလာသူတွေဆိုရင် ပြည်နယ်ကနေထောက်ပံ့မယ့် ပညာသင်ထောက်ပံ့ငွေ Fafsa - Free Application for Federal Student Aid ကို ဘယ်လိုပြောင်းရွှေ့ဝင်လာသူ - Immigrant တွေ မဆို လျှောက်ထားနိုင်ပါတယ်။
.
.
ဒီနေရာမှာတော့ ကိုယ့်ရဲ့ဝင်ငွေ၊ မိဘတွေရဲ့ဝင်ငွေ၊ မိသားစုဝင်အရေအတွက် နဲ့ ကျောင်းပညာအားဖြင့် ဘယ်အဆင့်ရောက်နေပြီ၊ ပညာရေးရည်မှန်းချက်ဘယ်လိုရှိတယ် စတာတွေကိုသာ ဖြည့်သွင်းရမှာပါ။
.
ဒါကြောင့် အမေရိကားကိုလာရတယ်ဆိုတာ တစ်ချိန်ကအိပ်မက်ဖြစ်ခဲ့ပေမယ့် အခုက အိပ်မက်ကိုအကောင်အထည်ဖော်ရတော့မှာဆိုတော့ ဘာကိုစိတ်စွဲပြီး မခွဲနိုင် မခွာရက်ဖြစ်နေစရာအကြောင်းမရှိလောက်ပါဘူးနော်။ ဒါကြောင့် မြန်မာပညာတတ်တစ်ယောက်အနေနဲ့ ဘယ်နိုင်ငံရဲဲ့လှည့်စားမှုကိုမှ လက်မခံပါနဲ့။ ပညာနဲ့သာ အရာရာကိုဦးဆောင်ပါ။
.
.
တစ်လောက ရုပ်ရှင်းမင်းသားကြီး ဝီလ်စမစ် - Will Smith ရဲ့ ပြောစကားတစ်ခုရဲ့ပုံစာတစ်ပုံ လိုင်းပေါ်မှာတွေ့လို့သိမ်းထားမိတယ်။
"Every morning you have two choices:
Continue to sleep with your dreams or
Wake up and chase them" တဲ့။
.
သူပြောထားတာသိပ်ရှင်းတယ်။ အခုက အမေရိကားကိုလာဖို့ ဗီဆာကျပြီးလို့ သွားရောက်ထုတ်ယူပြီးပြီဆိုတော့ အိပ်မက်ကိုအကောင်အထည်ဖော်ဖို့အချိန်ကျပါပြီ။ လုပ်လက်စ ပရောဂျက်တွေကို အတန်အသင့်ဖြတ်တောက်ပြီး ဘဝသစ်ကိုစတင်ဖို့ တဒင်္ဂအပိုင်းအစတွေကို ဆက်စပ်ဖို့အချိန်ရောက်ပြီလို့ပြောရင်း အမေရိကန်မြေဆီလွှာကနေကြိုဆိုလိုက်ပါတယ်။
.
.
Welcome to the United States
.
ခင်လျက်
ကိုညီညီ (တောင်ကြီး)
06-27-2018

No comments: