ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, April 3, 2016

စာလည္းသင္ပါ .. P.E လည္းလုပ္ပါ

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
ဒီေန႕ ကြ်န္ေတာ္ ရဲစခန္းေရာက္ခဲ႕တယ္။ ရဲစခန္းဆိုလို႕ ေၾကာက္လန္႕သြားစရာမရွိသလို ကြ်န္ေတာ္လည္း ဘာမွမျဖစ္ပါဘူး။ ဒီႏုိင္ငံမွာ ရဲက လူေတြကုိကူညီဖို႕ အဓိကဖြဲ႕စည္းထားတာပါ။ လူ႕အဖြဲ႕အစည္းအတြက္ ဝန္းရံံေပးတဲ႕ အသိုက္အျမံဳတံတိုင္းတစ္ခုဆိုရင္ ပိုမွန္ပါလိမ္႕မယ္။ ကြ်န္ေတာ္ ပညာေရးအေၾကာင္းေရးရင္  “ စြမ္း ” က ဇာတ္လိုက္ေနရာက ပါေနက်။ အခုလည္း သူ႕ရဲ႕ေက်ာင္းသားလႈပ္ရွားမႈ - Interact လုပ္အားေပးအဖြဲ႕ရဲ႕ အစည္းအေဝးတစ္ခုကိုတက္ဖို႕ ( ၂၈ ) မိနစ္ေမာင္းယူရတဲ႕ မဲလ္ပိတပ္စ္ - Milpitas ျမိဳ႕ ကို ေရာက္ေနတာပါ။ အဲဒီလူငယ္ေတြ႕ဆံုပြဲ - Open District Council Meeting ကုိ မဲလ္ပိတပ္စ္ ရဲစခန္းရဲ႕ ခန္းမ - Community Room ထဲမွာလုပ္တာ .. ကဲ .. မဆန္းဘူးလား..။
.
“ စြမ္း ” က ေက်ာင္းမွာ P.E – Physical Education ကို ဖိဖိစီးစီးလုပ္တယ္။ တစ္ႏွစ္မွာ ရာသီ - Season အရ အားကစားအမ်ိဳးအစားေျပာင္းလဲမႈရွိေပမယ္႕ ႏွစ္စကေန စာသင္ႏွစ္ကုန္းဆံုးတဲ႕အထိ အျမဲပါဝင္ခဲ႕တယ္။ လူက်န္းမာသလို သူငယ္ခ်င္းေတြနဲ႕ေတြ႕ဆံုခ်ိန္ပိုမ်ားလို႕ သူအင္မတန္ႏွစ္သက္တဲ႕ ေက်ာင္းသင္ခန္းစာလုိ႕ေတာင္ ေျပာလို႕ရတယ္။ တစ္ခါတစ္ခါမ်ားဆို အေျပးေလ႕က်င္႕ျပီးျပန္လာလုိက္ရင္ အိမ္ေရာက္ေတာ႕ မဟန္ႏုိင္ပဲ ေမာပန္းေနလိုက္တာ။
.
ၾကက္ေတာင္ရိုက္ရာသီဆိုလည္း ဒီအတိုင္းပဲ .. ေက်ာင္းလႊတ္ေတာ႕ သူ႕အေမသြားၾကိဳျပီး အိမ္ျပန္ခဏနား၊ အစားနည္းနည္းစား၊ ျပန္ပို႕..။ ကြ်န္ေတာ္အလုပ္ကျပန္လာမွ သူ႕ကုိတစ္ေခါက္ျပန္သြားၾကိဳ။ အိမ္ျပန္ေရာက္၊ ညစာစား၊ အိမ္စာလုပ္၊ ပေရာဂ်က္လုပ္ နဲ႕ ေနာက္တစ္ရက္မနက္ေစာေစာအလုပ္သြားဖို႕ ကြ်န္ေတာ္အိပ္သြားေပမယ္႕ သူမအိပ္ရေသးဘူး။
.
.
ဒါနဲ႕  ကေလးပင္ပန္းတာကိုမၾကည္႕ရက္တဲ႕ အေမလုပ္တဲ႕သူက အားကစားမလုပ္လို႕ရရင္လည္းမလုပ္နဲ႕ေလ .. နားနားေနေန အိမ္စာလုပ္ဆိုတာကို သူက မရဘူး။ ဒါက ေက်ာင္းသားတုိင္းလုပ္ရမွာ .. ေကာလိပ္တက္တဲ႕အခါ အင္မတန္အေထာက္အကူရတယ္လုိ႕ ျပန္ရွင္းျပတယ္ေလ။ ဒီေန႕ သူ႕ကုိလုိက္ပို႕ရင္း ကားေပၚမွာရွင္းျပသြားတာက ႏုိင္ငံျခားမွာ အလယ္တန္း၊ အထက္တန္းေက်ာင္းတက္မယ္႕ သားသမီးေတြပါလာမယ္႕ ေျပာင္းေရႊ႕ျမန္မာမိဘေတြအတြက္ အမ်ားၾကီးအက်ိဳးရွိႏုိင္လို႕ ျပန္လည္မွ်ေဝေပးခ်င္ပါတယ္။

.
ကြ်န္ေတာ္ေနတဲ႕ေဒသဝန္းက်င္မွာ အထက္တန္းေအာင္ေတာ႕မယ္႕ ေက်ာင္းသားေတြက မိဘေတြရဲ႕တြန္းအားေပးမႈေၾကာင္႕ ပင္လယ္ေအာ္ေဒသပတ္ပတ္လည္က နာမည္ၾကီးေက်ာင္းေတြထဲက တစ္ခုခုကို မျဖစ္မေန စဥ္းစားရေလ႕ရွိတယ္။ ဝင္ခြင္႕ရတဲ႕ေက်ာင္းကုိေနာက္ထားဦး .. သားသမီးအရည္အခ်င္းဘယ္ေလာက္ရွိတယ္ဆိုတာကို ေဘးခ်ိတ္ထားျပီး အေကာင္းဆံုးေက်ာင္းတက္ဖို႕ ေဆာ္ၾသၾကတယ္ .. ဒါ ထံုးစံပါပဲ။ အမ်ားၾကားဖူးေနက်အတိုင္း ဘားကေလတကၠသိုလ္ တက္မလား? စတင္းဖို႕ဒ္ တက္မလား စသျဖင္႕ေပါ႕။
.
.
ဒီလုိ အမည္နာမဂုဏ္ဝင္႕ၾကြားတဲ႕ေက်ာင္းေတြရဲ႕ဝင္ခြင္႕သတ္မွတ္ခ်က္ေတြကျမင္႕သလုိ တစ္ကယ္ေလွ်ာက္မယ္႕ေက်ာင္းသားေတြက လန္႕ၾကတယ္။ အဓိက သူတုိ႕စိုးရိမ္တာက အခုေလာက္နာမယ္ၾကီးတဲ႕ေက်ာင္းမွာ တစ္ႏုိင္ငံလံုးကလာမယ္႕ ေတာ္ေပ႕ဆုိတဲ႕ေက်ာင္းသားေတြနဲ႕ တြန္းတြန္းတိုက္တိုက္ စာလိုက္ႏုိင္မလား ဆုိတာကိုပါပဲ။ အဲဒီေနာက္ကမွ ေက်ာင္းကေတာင္းတဲ႕ လုိအပ္ခ်က္ေတြအရ အမွတ္သတ္မွတ္စည္းမ်ဥ္းအတိုင္း GPA – Grade Point Average ဘယ္ေလာက္ရွိမွဆုိတာတုိ႕ .. SAT – Scholastic Assessment Tests က အမွတ္ဘယ္ေလာက္ရမွ တုိ႕ အေပၚမွာ ေခါင္းထပ္ခဲရတာ။ အမွန္က SAT ကို အရင္က Scholastic Aptitude Tests  လို႕ စတင္သံုးစြဲခဲ႕တာပါ။
.
GPA က သင္ယူတတ္ေျမာက္ထားတဲ႕ ဘာသာရပ္ေတြရဲ႕ ပ်မ္းမွ်ေအာင္ျမင္မႈမွတ္တမ္းဆိုတာကုိ သူ႕အဓိပၸာယ္ဖြင္႕႔ဆိုခ်က္ကုိဖတ္ၾကည္႕ရင္ ပိုရွင္းသြားပါလိမ္႕မယ္ (GPA stands for Grade Point Average. It is a standard way of measuring academic achievement in the U.S. Basically, it goes as follows: Each course is given a certain number of "units" or "credits", depending on the content of the course.)
.
.
“ ဒီႏွစ္ ( ၂ဝ၁၆ ) ခုႏွစ္မွာ စတင္းဖို႕ဒ္ေက်ာင္းကုိဝင္ခြင္႕ရတဲ႕သူဟာ ( ၄% ) သာသာပဲ ရွိတယ္။ လူတစ္ရာမွာ ေလးေယာက္ဆိုတာ နည္းလြန္းသလို လုပ္ရတာလည္း သိပ္ခက္တယ္။ ေတာင္းထားတဲ႕ GPA က (4.2) ကေန (4.6) ၾကား ကုိယ္ယူလိုတဲ႕ဘာသာရပ္အေပၚမွာ အနည္းအမ်ား ကြာလိမ္႕မယ္။ SAT ဆိုရင္ ( ၂၂ဝဝ ) မွတ္ေလာက္မွ ကပ္ႏုိင္တာ ” လို႕ “ စြမ္း ” က ေဘးကေန ေျပာျပလာတယ္။
.
“ အေမရိကားက ေကာလိပ္ေတြက ဘယ္လူမ်ိဳးမဆိုလက္ခံတယ္ .. မေရြးဘူး ဆိုေပမယ္႕ တစ္္ခ်ိဳ႕က မသိမသာေရြးခ်ယ္မႈေတြ ရွိၾကတယ္။ ျပီးေတာ႕ သူတုိ႕ခံယူထားတာက လူမ်ိဳးေပါင္းစံု -  Diversity ၊ ဒါေပမယ္႕ လူမည္း တုိ႕ လက္တင္အေမရိကသားတုိ႕ လာေလွ်ာက္ရင္ အဲဒီေက်ာင္းသားေတြကုိ ပုိလိုခ်င္ၾကတယ္ ”
.
“ ေက်ာင္းေတြမွာ အမွတ္ေကာင္းတဲ႕အာရွတုိက္သားေတြ စုျပံဳတိုးေနၾကတယ္။ ဒါကို ေက်ာင္းကလည္း သိတယ္။ ဒါေၾကာင္႕ ေအးရွမ္းေတြ သူတုိ႕ေက်ာင္းကုိေရာက္လာဖို႕ လက္ယပ္ေခၚစရာမလုိဘူး။ ဒီၾကားထဲ တစ္ျခားႏုိင္ငံသား ( ျပည္ပေက်ာင္းသား ) နဲ႕ ဒီႏုိင္ငံထဲက ဘုိမဟုတ္တဲ႕ တစ္ျခားလူမ်ိဳးေတြကို မသိမသာ အခြင္႕အေရးေပးၾကတယ္ ” လို႕ တစ္ဆက္တည္း ေျပာျပပါတယ္။
.
.
“ ဒါေၾကာင္႕ ေက်ာင္းေတြမွာ GPA ၊ SAT အျပင္ သားတုိ႕ရဲ႕ အပုိသင္ရုိးညႊန္းတမ္း -  Extra Curriculum ေတြကုိ ေနာက္ပိုင္းမွာ ၾကည္႕လာတယ္။ အဲဒီထဲမွာ အားကစား - Sport ၊ လူငယ္စုေပါင္းလႈပ္ရွားမႈ - Club တို႕အျပင္ တက္ၾကြပူးေပါင္းမႈ - Interact ေတြက သိသိသာသာလုပ္ျပဖို႕ လိုအပ္လာတယ္ ”
.
“ ဒီအခ်က္ေတြက အထက္တန္းျပီးလို႕ ေက်ာင္းၾကီးေလ်ွာက္တဲ႕အခါမွာေရးရတဲ႕ ကိုယ္ေရးကိုယ္တာထုတ္ျပန္ခ်က္ - Personal Statement လို႕ေခၚေခၚ၊ စာစီစာကံုး - Essay လို႕ေခၚေခၚ ေဖာင္တင္တဲ႕အခါမွာ အက်ယ္တဝင္႕ေရးျပစရာအျဖစ္ အေရးၾကီးတဲ႕ေနရာက ပါဝင္လာတယ္။ ဥပမာ - ကြ်န္ေတာ္သည္ ( ၆ ) တန္းမွ ( ၁၁ ) တန္းအထိ အားကစားလုပ္ခဲ႕သည္ .. ဆုိရံု တစ္ေၾကာင္းတည္းနဲ႕ မရေတာ႕ဘူး။ အေသးစိတ္လုပ္ေဆာင္ခ်က္ေတြဟာ ဘယ္အတန္းမွာ ဘယ္အားကစားကုိ ဘယ္အဆင္႕အထိလုပ္ခဲ႕တယ္ဆုိတာကို ကိုယ္႕အေၾကာင္း ကိုယ္ျပန္ေျပာဖို႕ ကိရိယာေတြ ျဖစ္လာပါတယ္ ” ဆုိျပီး ေျပာလက္စ စကားဆံုးေတာ႕ ကြ်န္ေတာ္က ..
.
.
“ ဒါဆုိ သားက လုပ္အားေပး - Volunteering ေတြလုပ္တာ၊ အင္တာအက္ေတြလုပ္တာ ဘာေကာင္းက်ိဳးရသလဲ? ပင္ပန္းရက်ိဳးနပ္ရဲ႕လား? ” လို႕ ေမးလုိက္ပါတယ္။
.
“ ရပါတယ္ဗ်..။ အဲဒီလႈပ္ရွားမႈေတြလုပ္လုိ႕ လူလူခ်င္းဘယ္လုိဆက္ဆံရတယ္ဆုိတဲ႕ Communication  သိလာတယ္။ သက္တူရြယ္တူ သူငယ္ခ်င္းေတြၾကားမွာ ဘယ္လုိဦးေဆာင္ရမယ္ဆုိတဲ႕ ေခါင္းေဆာင္မႈ - Leadership တတ္လာတယ္ ”
.
“ ဒါ႕အျပင္ လူမ်ိဳးစံုတဲ႕ အေမရိကန္အေျခခံပညာသင္ေက်ာင္းမွာ မလိုလားအပ္တဲ႕ အသားအေရာင္ခြဲျခားမႈ - Discrimination ကို လူၾကားထဲမွာ ဘယ္လုိေစာင္႕ထိန္းေနထုိင္ရမယ္ဆုိတာ အလိုလုိသိလာတယ္။ အေကာင္းဆံုးတစ္ခုကိုေျပာျပပါဆုိရင္ လူေရွ႕ထြက္စကားေျပာျခင္း - Public Speaking တတ္လာတာက ဘာနဲ႕မွ မလဲႏုိင္ပါဘူးခင္ဗ် ” ဆုိျပီး ရုိရုိေသေသျပန္ေျပာပါတယ္။
.
.
ကားကေမာင္းရင္းနဲ႕ ဖရီးေဝးကေန ျမိဳ႕ထဲခ်ိဳးဝင္လုိက္ေတာ႕ လက္ကိုင္ဖုန္းကျပတဲ႕ေျမပံု - Google Map  အရ ဂိတ္ဆံုးကုိ ေရာက္ေတာ႕မယ္။ အခ်ိန္သိပ္မက်န္ေတာ႕တာနဲ႕ သူ႕ကုိ “ ဒါဆိုရင္ အခု အလယ္တန္းမွာတက္ေနတဲ႕ ဒီႏုိင္ငံေရာက္ျပီးသား သားသမီးေတြ၊ အခုမွလာၾကမယ္႕ အေျခခံပညာစတက္မယ္႕ ကေလးငယ္ေတြရဲ႕မိဘေတြကို သားက ဘယ္လုိအၾကံေပးမလဲ ? ” ဆိုေတာ႕
.
“ အေမရိကားေက်ာင္းေတြမွာ ဘယ္အတန္းပဲျဖစ္ျဖစ္ ငယ္ငယ္ေလးကတည္းကစ အားကစား - P.E ကို တစ္ဘာသာအေနနဲ႕ ယူခုိင္းပါတယ္။ အဲဒါဟာ အလကားမဟုတ္ပါဘူး။ က်န္းမာေရး ေကာင္းေစတယ္။ ကိုယ္ခံအား ေတာင္႕တင္းေစတယ္။ လူမႈဆက္ဆံေရးကုိ တိုးတက္ေစတယ္။ စားဝင္ အိပ္ေပ်ာ္ခႏၶာကုိယ္ ရႊင္လန္းေစတယ္။ ေရရွည္လုပ္လာတဲ႕အခါ က်န္းမာသန္စြမ္းတဲ႕အျပင္ အစားအေသာက္ေတြေၾကာင္႕ အဝမလြန္ေတာ႕ဘူး ”
.
“ ေနာက္ .. ေကာလိပ္ေက်ာင္းတက္တဲ႕အခါေတြမွာ သူမ်ားလို စာေတာ္ေအာင္ ကိုယ္ကလုိက္ၾကိဳးစားလုိ႕ရတယ္။ ဒါေပမယ္႕ စာေတာ္တဲ႕သူက Extra Curriculum သမိုင္းေၾကာင္းေကာင္းေအာင္ ကိုယ္႕လုိလုိက္လုပ္ရင္ မမွီေတာ႕ဘူး .. ကုိယ္က သူ႕ထက္ သာေနျပီ။ ဒါေၾကာင္႕ ေက်ာင္းေနတုန္း အားကစားကို သူမ်ားထက္သာေအာင္ လုပ္ထားဖို႕ ေျပာေပးပါ ” လို႕ ကြ်န္ေတာ႕ရဲ႕အင္တာဗ်ဴးကို အဆံုးသတ္ရင္း ကားေပၚကေန ဆင္းသြားပါတယ္။
.
.
သူ႕ကုိခ်ျပီး ကြ်န္ေတာ္ “  စြမ္း ” အပါအဝင္ “ ေက်ာင္းသားေခါင္းေဆာင္ အေယာက္ ( ၆ဝ ) ေလာက္ စုေဝးႏွီးေႏွာတိုင္ပင္ေတြ႕ဆံုမယ္႕ ရဲစခန္းရဲ႕ လူမႈေရးခန္းမအေပါက္ဝ ” ကေန ကားေလးကုိ ဆက္ေမာင္းထြက္ခဲ႕တယ္။ အသက္ငယ္ငယ္ ကြ်န္ေတာ႕အိပ္မက္ထဲက အမည္နာမပီပီျပင္ျပင္မသိတဲ႕ အေမရိကန္တကၠသိုလ္တစ္ခုဆီကို ေက်ာင္းပိတ္တဲ႕တနဂၤေႏြေန႕ၾကီးမွာေပါ႕..။ ေျဖာင္႕တန္းေနတဲ႕လမ္းတုိေလးေပၚေမာင္းရင္း မူလတန္းတုန္းက ကာယအခ်ိန္မွာ အမိႈက္ေကာက္ခုိင္းတဲ႕ ဆရာၾကီးကို မ်က္စိထဲမွာ ျမင္ေယာင္လာတယ္။
.
အေကြ႕လမ္းေလးေရာက္ေတာ႕ အရွိန္ေလ်ွာ႕ရင္း အလယ္တန္းမွာ ေရွ႕ေဆာင္လူငယ္သင္တန္းက ညာညွိ-တန္းညွိ သင္ေနတုန္း ေဘးကသူငယ္ခ်င္းကို လက္ဆန္႕တန္းျပီး သာသာေလးထုိးခဲ႕၊ စခဲ႕တာကို သတိရလာမိတယ္။
.
ဖရီးေဝးကိုထြက္မယ္အလုပ္မွာ အထက္တန္းေက်ာင္းတုန္းက အားကစားအကုန္ရပါလ်က္နဲ႕ စာစီစာကံုး ( ၁ ) မွတ္လိုလို႕ လူရည္ခြ်န္ဝင္ေျဖခြင္႕မရခဲ႕တာတဲ႕ အခက္အခဲအခ်ိန္ေလးကို အမွတ္ရေနမိတယ္။ ေအာ္ .. ကြ်န္ေတာ္ၾကီးခဲ႕တဲ႕ ျမန္မာႏိုင္ငံမွာ ဖရီးေဝးမွ မရွိခဲ႕တာပဲ..။
.
ခင္လ်က္
.
04-03-2016
.
.
.
Myanmar Unicode Version:
.
.
“ စာလည်းသင်ပါ .. P.E လည်းလုပ်ပါ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ဒီနေ့ ကျွန်တော် ရဲစခန်းရောက်ခဲ့တယ်။ ရဲစခန်းဆိုလို့ ကြောက်လန့်သွားစရာမရှိသလို ကျွန်တော်လည်း ဘာမှမဖြစ်ပါဘူး။ ဒီနိုင်ငံမှာ ရဲက လူတွေကိုကူညီဖို့ အဓိကဖွဲ့စည်းထားတာပါ။ လူ့အဖွဲ့အစည်းအတွက် ဝန်းရံပေးတဲ့ အသိုက်အမြုံတံတိုင်းတစ်ခုဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကျွန်တော် ပညာရေးအကြောင်းရေးရင်  “ စွမ်း ” က ဇာတ်လိုက်နေရာက ပါနေကျ။ အခုလည်း သူ့ရဲ့ကျောင်းသားလှုပ်ရှားမှု - Interact လုပ်အားပေးအဖွဲ့ရဲ့ အစည်းအဝေးတစ်ခုကိုတက်ဖို့ ( ၂၈ ) မိနစ်မောင်းယူရတဲ့ မဲလ်ပိတပ်စ် - Milpitas မြို့ ကို ရောက်နေတာပါ။ အဲဒီလူငယ်တွေ့ဆုံပွဲ - Open District Council Meeting ကို မဲလ်ပိတပ်စ် ရဲစခန်းရဲ့ ခန်းမ - Community Room ထဲမှာလုပ်တာ .. ကဲ .. မဆန်းဘူးလား..။
.
စွမ်း ” က ကျောင်းမှာ P.E – Physical Education ကို ဖိဖိစီးစီးလုပ်တယ်။ တစ်နှစ်မှာ ရာသီ - Season အရ အားကစားအမျိုးအစားပြောင်းလဲမှုရှိပေမယ့် နှစ်စကနေ စာသင်နှစ်ကုန်းဆုံးတဲ့အထိ အမြဲပါဝင်ခဲ့တယ်။ လူကျန်းမာသလို သူငယ်ချင်းတွေနဲ့တွေ့ဆုံချိန်ပိုများလို့ သူအင်မတန်နှစ်သက်တဲ့ ကျောင်းသင်ခန်းစာလို့တောင် ပြောလို့ရတယ်။ တစ်ခါတစ်ခါများဆို အပြေးလေ့ကျင့်ပြီးပြန်လာလိုက်ရင် အိမ်ရောက်တော့ မဟန်နိုင်ပဲ မောပန်းနေလိုက်တာ။
.
ကြက်တောင်ရိုက်ရာသီဆိုလည်း ဒီအတိုင်းပဲ .. ကျောင်းလွှတ်တော့ သူ့အမေသွားကြိုပြီး အိမ်ပြန်ခဏနား၊ အစားနည်းနည်းစား၊ ပြန်ပို့..။ ကျွန်တော်အလုပ်ကပြန်လာမှ သူ့ကိုတစ်ခေါက်ပြန်သွားကြို။ အိမ်ပြန်ရောက်၊ ညစာစား၊ အိမ်စာလုပ်၊ ပရောဂျက်လုပ် နဲ့ နောက်တစ်ရက်မနက်စောစောအလုပ်သွားဖို့ ကျွန်တော်အိပ်သွားပေမယ့် သူမအိပ်ရသေးဘူး။
.
.
ဒါနဲ့  ကလေးပင်ပန်းတာကိုမကြည့်ရက်တဲ့ အမေလုပ်တဲ့သူက အားကစားမလုပ်လို့ရရင်လည်းမလုပ်နဲ့လေ .. နားနားနေနေ အိမ်စာလုပ်ဆိုတာကို သူက မရဘူး။ ဒါက ကျောင်းသားတိုင်းလုပ်ရမှာ .. ကောလိပ်တက်တဲ့အခါ အင်မတန်အထောက်အကူရတယ်လို့ ပြန်ရှင်းပြတယ်လေ။ ဒီနေ့ သူ့ကိုလိုက်ပို့ရင်း ကားပေါ်မှာရှင်းပြသွားတာက နိုင်ငံခြားမှာ အလယ်တန်း၊ အထက်တန်းကျောင်းတက်မယ့် သားသမီးတွေပါလာမယ့် ပြောင်းရွှေ့မြန်မာမိဘတွေအတွက် အများကြီးအကျိုးရှိနိုင်လို့ ပြန်လည်မျှဝေပေးချင်ပါတယ်။
.
ကျွန်တော်နေတဲ့ဒေသဝန်းကျင်မှာ အထက်တန်းအောင်တော့မယ့် ကျောင်းသားတွေက မိဘတွေရဲ့တွန်းအားပေးမှုကြောင့် ပင်လယ်အော်ဒေသပတ်ပတ်လည်က နာမည်ကြီးကျောင်းတွေထဲက တစ်ခုခုကို မဖြစ်မနေ စဉ်းစားရလေ့ရှိတယ်။ ဝင်ခွင့်ရတဲ့ကျောင်းကိုနောက်ထားဦး .. သားသမီးအရည်အချင်းဘယ်လောက်ရှိတယ်ဆိုတာကို ဘေးချိတ်ထားပြီး အကောင်းဆုံးကျောင်းတက်ဖို့ ဆော်ဩကြတယ် .. ဒါ ထုံးစံပါပဲ။ အများကြားဖူးနေကျအတိုင်း ဘားကလေတက္ကသိုလ် တက်မလား? စတင်းဖို့ဒ် တက်မလား စသဖြင့်ပေါ့။
.
.
ဒီလို အမည်နာမဂုဏ်ဝင့်ကြွားတဲ့ကျောင်းတွေရဲ့ဝင်ခွင့်သတ်မှတ်ချက်တွေကမြင့်သလို တစ်ကယ်လျှောက်မယ့်ကျောင်းသားတွေက လန့်ကြတယ်။ အဓိက သူတို့စိုးရိမ်တာက အခုလောက်နာမယ်ကြီးတဲ့ကျောင်းမှာ တစ်နိုင်ငံလုံးကလာမယ့် တော်ပေ့ဆိုတဲ့ကျောင်းသားတွေနဲ့ တွန်းတွန်းတိုက်တိုက် စာလိုက်နိုင်မလား ဆိုတာကိုပါပဲ။ အဲဒီနောက်ကမှ ကျောင်းကတောင်းတဲ့ လိုအပ်ချက်တွေအရ အမှတ်သတ်မှတ်စည်းမျဉ်းအတိုင်း GPA – Grade Point Average ဘယ်လောက်ရှိမှဆိုတာတို့ .. SAT – Scholastic Assessment Tests က အမှတ်ဘယ်လောက်ရမှ တို့ အပေါ်မှာ ခေါင်းထပ်ခဲရတာ။ အမှန်က SAT ကို အရင်က Scholastic Aptitude Tests  လို့ စတင်သုံးစွဲခဲ့တာပါ။
.
GPA က သင်ယူတတ်မြောက်ထားတဲ့ ဘာသာရပ်တွေရဲ့ ပျမ်းမျှအောင်မြင်မှုမှတ်တမ်းဆိုတာကို သူ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုဖတ်ကြည့်ရင် ပိုရှင်းသွားပါလိမ့်မယ် (GPA stands for Grade Point Average. It is a standard way of measuring academic achievement in the U.S. Basically, it goes as follows: Each course is given a certain number of "units" or "credits", depending on the content of the course.)
.
.
ဒီနှစ် ( ၂ဝ၁၆ ) ခုနှစ်မှာ စတင်းဖို့ဒ်ကျောင်းကိုဝင်ခွင့်ရတဲ့သူဟာ ( ၄% ) သာသာပဲ ရှိတယ်။ လူတစ်ရာမှာ လေးယောက်ဆိုတာ နည်းလွန်းသလို လုပ်ရတာလည်း သိပ်ခက်တယ်။ တောင်းထားတဲ့ GPA က (4.2) ကနေ (4.6) ကြား ကိုယ်ယူလိုတဲ့ဘာသာရပ်အပေါ်မှာ အနည်းအများ ကွာလိမ့်မယ်။ SAT ဆိုရင် ( ၂၂ဝဝ ) မှတ်လောက်မှ ကပ်နိုင်တာ ” လို့ “ စွမ်း ” က ဘေးကနေ ပြောပြလာတယ်။
.
အမေရိကားက ကောလိပ်တွေက ဘယ်လူမျိုးမဆိုလက်ခံတယ် .. မရွေးဘူး ဆိုပေမယ့် တစ်ချို့က မသိမသာရွေးချယ်မှုတွေ ရှိကြတယ်။ ပြီးတော့ သူတို့ခံယူထားတာက လူမျိုးပေါင်းစုံ -  Diversity ၊ ဒါပေမယ့် လူမည်း တို့ လက်တင်အမေရိကသားတို့ လာလျှောက်ရင် အဲဒီကျောင်းသားတွေကို ပိုလိုချင်ကြတယ် ”
.
ကျောင်းတွေမှာ အမှတ်ကောင်းတဲ့အာရှတိုက်သားတွေ စုပြုံတိုးနေကြတယ်။ ဒါကို ကျောင်းကလည်း သိတယ်။ ဒါကြောင့် အေးရှမ်းတွေ သူတို့ကျောင်းကိုရောက်လာဖို့ လက်ယပ်ခေါ်စရာမလိုဘူး။ ဒီကြားထဲ တစ်ခြားနိုင်ငံသား ( ပြည်ပကျောင်းသား ) နဲ့ ဒီနိုင်ငံထဲက ဘိုမဟုတ်တဲ့ တစ်ခြားလူမျိုးတွေကို မသိမသာ အခွင့်အရေးပေးကြတယ် ” လို့ တစ်ဆက်တည်း ပြောပြပါတယ်။
.
.
ဒါကြောင့် ကျောင်းတွေမှာ GPA ၊ SAT အပြင် သားတို့ရဲ့ အပိုသင်ရိုးညွှန်းတမ်း -  Extra Curriculum တွေကို နောက်ပိုင်းမှာ ကြည့်လာတယ်။ အဲဒီထဲမှာ အားကစား - Sport ၊ လူငယ်စုပေါင်းလှုပ်ရှားမှု - Club တို့အပြင် တက်ကြွပူးပေါင်းမှု - Interact တွေက သိသိသာသာလုပ်ပြဖို့ လိုအပ်လာတယ် ”
.
ဒီအချက်တွေက အထက်တန်းပြီးလို့ ကျောင်းကြီးလျှောက်တဲ့အခါမှာရေးရတဲ့ ကိုယ်ရေးကိုယ်တာထုတ်ပြန်ချက် - Personal Statement လို့ခေါ်ခေါ်၊ စာစီစာကုံး - Essay လို့ခေါ်ခေါ် ဖောင်တင်တဲ့အခါမှာ အကျယ်တဝင့်ရေးပြစရာအဖြစ် အရေးကြီးတဲ့နေရာက ပါဝင်လာတယ်။ ဥပမာ - ကျွန်တော်သည် ( ၆ ) တန်းမှ ( ၁၁ ) တန်းအထိ အားကစားလုပ်ခဲ့သည် .. ဆိုရုံ တစ်ကြောင်းတည်းနဲ့ မရတော့ဘူး။ အသေးစိတ်လုပ်ဆောင်ချက်တွေဟာ ဘယ်အတန်းမှာ ဘယ်အားကစားကို ဘယ်အဆင့်အထိလုပ်ခဲ့တယ်ဆိုတာကို ကိုယ့်အကြောင်း ကိုယ်ပြန်ပြောဖို့ ကိရိယာတွေ ဖြစ်လာပါတယ် ” ဆိုပြီး ပြောလက်စ စကားဆုံးတော့ ကျွန်တော်က ..
.
.
ဒါဆို သားက လုပ်အားပေး - Volunteering တွေလုပ်တာ၊ အင်တာအက်တွေလုပ်တာ ဘာကောင်းကျိုးရသလဲ? ပင်ပန်းရကျိုးနပ်ရဲ့လား? ” လို့ မေးလိုက်ပါတယ်။
.
ရပါတယ်ဗျ..။ အဲဒီလှုပ်ရှားမှုတွေလုပ်လို့ လူလူချင်းဘယ်လိုဆက်ဆံရတယ်ဆိုတဲ့ Communication  သိလာတယ်။ သက်တူရွယ်တူ သူငယ်ချင်းတွေကြားမှာ ဘယ်လိုဦးဆောင်ရမယ်ဆိုတဲ့ ခေါင်းဆောင်မှု - Leadership တတ်လာတယ် ”
.
ဒါ့အပြင် လူမျိုးစုံတဲ့ အမေရိကန်အခြေခံပညာသင်ကျောင်းမှာ မလိုလားအပ်တဲ့ အသားအရောင်ခွဲခြားမှု - Discrimination ကို လူကြားထဲမှာ ဘယ်လိုစောင့်ထိန်းနေထိုင်ရမယ်ဆိုတာ အလိုလိုသိလာတယ်။ အကောင်းဆုံးတစ်ခုကိုပြောပြပါဆိုရင် လူရှေ့ထွက်စကားပြောခြင်း - Public Speaking တတ်လာတာက ဘာနဲ့မှ မလဲနိုင်ပါဘူးခင်ဗျ ” ဆိုပြီး ရိုရိုသေသေပြန်ပြောပါတယ်။
.
.
ကားကမောင်းရင်းနဲ့ ဖရီးဝေးကနေ မြို့ထဲချိုးဝင်လိုက်တော့ လက်ကိုင်ဖုန်းကပြတဲ့မြေပုံ - Google Map  အရ ဂိတ်ဆုံးကို ရောက်တော့မယ်။ အချိန်သိပ်မကျန်တော့တာနဲ့ သူ့ကို “ ဒါဆိုရင် အခု အလယ်တန်းမှာတက်နေတဲ့ ဒီနိုင်ငံရောက်ပြီးသား သားသမီးတွေ၊ အခုမှလာကြမယ့် အခြေခံပညာစတက်မယ့် ကလေးငယ်တွေရဲ့မိဘတွေကို သားက ဘယ်လိုအကြံပေးမလဲ ? ” ဆိုတော့
.
အမေရိကားကျောင်းတွေမှာ ဘယ်အတန်းပဲဖြစ်ဖြစ် ငယ်ငယ်လေးကတည်းကစ အားကစား - P.E ကို တစ်ဘာသာအနေနဲ့ ယူခိုင်းပါတယ်။ အဲဒါဟာ အလကားမဟုတ်ပါဘူး။ ကျန်းမာရေး ကောင်းစေတယ်။ ကိုယ်ခံအား တောင့်တင်းစေတယ်။ လူမှုဆက်ဆံရေးကို တိုးတက်စေတယ်။ စားဝင် အိပ်ပျော်ခန္ဓာကိုယ် ရွှင်လန်းစေတယ်။ ရေရှည်လုပ်လာတဲ့အခါ ကျန်းမာသန်စွမ်းတဲ့အပြင် အစားအသောက်တွေကြောင့် အဝမလွန်တော့ဘူး ”
.
နောက် .. ကောလိပ်ကျောင်းတက်တဲ့အခါတွေမှာ သူများလို စာတော်အောင် ကိုယ်ကလိုက်ကြိုးစားလို့ရတယ်။ ဒါပေမယ့် စာတော်တဲ့သူက Extra Curriculum သမိုင်းကြောင်းကောင်းအောင် ကိုယ့်လိုလိုက်လုပ်ရင် မမှီတော့ဘူး .. ကိုယ်က သူ့ထက် သာနေပြီ။ ဒါကြောင့် ကျောင်းနေတုန်း အားကစားကို သူများထက်သာအောင် လုပ်ထားဖို့ ပြောပေးပါ ” လို့ ကျွန်တော့ရဲ့အင်တာဗျူးကို အဆုံးသတ်ရင်း ကားပေါ်ကနေ ဆင်းသွားပါတယ်။
.
.
သူ့ကိုချပြီး ကျွန်တော် “  စွမ်း ” အပါအဝင် “ ကျောင်းသားခေါင်းဆောင် အယောက် ( ၆ဝ ) လောက် စုဝေးနှီးနှောတိုင်ပင်တွေ့ဆုံမယ့် ရဲစခန်းရဲ့ လူမှုရေးခန်းမအပေါက်ဝ ” ကနေ ကားလေးကို ဆက်မောင်းထွက်ခဲ့တယ်။ အသက်ငယ်ငယ် ကျွန်တော့အိပ်မက်ထဲက အမည်နာမပီပီပြင်ပြင်မသိတဲ့ အမေရိကန်တက္ကသိုလ်တစ်ခုဆီကို ကျောင်းပိတ်တဲ့တနင်္ဂနွေနေ့ကြီးမှာပေါ့..။ ဖြောင့်တန်းနေတဲ့လမ်းတိုလေးပေါ်မောင်းရင်း မူလတန်းတုန်းက ကာယအချိန်မှာ အမှိုက်ကောက်ခိုင်းတဲ့ ဆရာကြီးကို မျက်စိထဲမှာ မြင်ယောင်လာတယ်။
.
အကွေ့လမ်းလေးရောက်တော့ အရှိန်လျှော့ရင်း အလယ်တန်းမှာ ရှေ့ဆောင်လူငယ်သင်တန်းက ညာညှိ-တန်းညှိ သင်နေတုန်း ဘေးကသူငယ်ချင်းကို လက်ဆန့်တန်းပြီး သာသာလေးထိုးခဲ့၊ စခဲ့တာကို သတိရလာမိတယ်။
.
ဖရီးဝေးကိုထွက်မယ်အလုပ်မှာ အထက်တန်းကျောင်းတုန်းက အားကစားအကုန်ရပါလျက်နဲ့ စာစီစာကုံး ( ၁ ) မှတ်လိုလို့ လူရည်ချွန်ဝင်ဖြေခွင့်မရခဲ့တာတဲ့ အခက်အခဲအချိန်လေးကို အမှတ်ရနေမိတယ်။ အော် .. ကျွန်တော်ကြီးခဲ့တဲ့ မြန်မာနိုင်ငံမှာ ဖရီးဝေးမှ မရှိခဲ့တာပဲ..။
.
ခင်လျက်
.
04-03-2016


No comments: