ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, January 20, 2018

အေဝးေရာက္ေနေပမဲ႕ ႏွလံုးသားထဲကသမီး

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)
.
. သမီးကုိေမြးခါနီးအခ်ိန္မွာ လူတစ္ေယာက္ဟာ ဆဲြျခင္းၾကီးတစ္လံုးနဲ႕ အမ်ိဳးသမီးေဆးရံုၾကီးရဲ႕ျမက္ခင္းျပင္မွာ ပန္းသီးေလးတစ္လံုးကိုက္ရင္းထုိင္ေစာင္႕ေနတယ္။ သူ႕ေဘးမွာ သားေရအျပည္႕ျပီးတဲ႕ ႏို္င္ငံျခားထြက္ေသတၱာတစ္လံုးက လဲေလ်ာင္းလ်က္။ အထဲမွာ ေျခအိပ္၊ အက်ီၤ၊ ေဘာင္းဘီ စတဲ႕ လူသားအသစ္ေလးသံုးဖို႕ပစၥည္းေတြအားလံုးဟာ ဆုိဒ္ဆိုရင္ အေသးဆုံး၊ အရြယ္ဆိုရင္ အငယ္ဆံုး၊ ဒါေပမဲ႕ အျပင္ကေယာက္်ားရင္႕မာရဲ႕ႏွလံုးသားက အၾကီးဆံုး. .။
.
. "ဘဝထဲကုိပထမဦးဆံုးမိတ္ဆက္ေပးလုိက္တဲ႕ခ်စ္ျခင္းေမတၱာဆုိတာ ကေလးငိုသံကစတယ္" ဆုိတာ ဒီလူ မယံုဘူး။ သူ႕ေလာကမွာ ဒီသမီးဟာ အရာအားလံုးရဲ႕စတင္ျခင္းျဖစ္တယ္။ သူ႕တုန္းကလည္း ဘဝကုိငိုသံနဲ႕စခဲ႕တယ္။ ဒါေပမဲ႕ သမီးေရာက္လာတဲ႕ဘဝမွာ သူသိပ္ေပ်ာ္တယ္။ ဒါေၾကာင္႕ျဖစ္မယ္ . . သမီးငိုသံဟာ သူ႕ရင္ထဲကို ဂီတျမစ္တစ္စင္းစီးဆင္းသြားသလို ႏွလံုးသားသည္းညွာက အျမဲထာဝရသာယာတဲ႕ မနာတဲ႕ဒဏ္ရာေလးလို႕ သူအျမဲဆိုတယ္။
.
.
. ေလးဘက္ေထာက္သြားေတာ႕ သြားတက္ေလးက ထြက္ေနျပီေပါ႕။ ဒါေပမဲ႕ ငယ္သြားကေနရာမေပးေတာ႕ ပါးခ်ိဳင္႕ေလးရဲ႕ေနရာမွာ သြားအလွက ျပံဳးသမွ်ခြ်န္ထက္ေတာက္ပေနလို႕ သြားဆရာဝန္အရွံဴးေပးသြားတဲ႕ပလာယာေလးက ငိုသံေလးကုိအႏုိင္ယူသြားခဲ႕တယ္။ ဒီသြားတက္ကုိမႏႈတ္ခဲ႕သလို သြားဆရာဝန္ကုိ ဒီသားအဖ မႏႈတ္ဆက္ခဲ႕ဘူး။
.
. အ.ထ.က (၄) ေက်ာင္းကပြဲမွာ စီစဥ္သူက ဘဝဇာတ္ဆရာတစ္ေယာက္မဟုတ္ဘူး။ ဆရာဝန္ေနရာကေန လူသားေတြကုိကူညီသမွ် အရုပ္က်ရာ သရုပ္ေဆာင္တဲ႕အခါ အားေပးလွတဲ႕ေက်ာင္းသားမိဘပရိသတ္က လက္ခုပ္ေတြတဖ်တ္ဖ်တ္။ သမီးရဲ႕သူငယ္ခ်င္းေတြ ဇာတ္ပို႕ေနရာကေနတစ္ေယာက္ျပီးတစ္ေယာက္ေျပာင္းသြားေပမယ္႕ ဆရာဝန္ေနရာကေန ကပြဲတစ္ခုလံုးကုိထိန္းသြားတဲ႕သမီးဟာ ေက်ာင္းအတြက္အမွတ္ရစရာျဖစ္က်န္ခဲ႕တယ္။ ဒါေပမဲ႕ ျဖစ္ခ်င္စိတ္မရွိေတာ႕ သမီး ဆရာဝန္မလုပ္ခဲ႕ဘူး။

.
.
. ေနရာသစ္ကုိေရာက္လာတဲ႕သမီးဟာ "က်င္႕သား" ဆုိတဲ႕အင္အားကို သူ႕ေနရာနဲ႕သူသံုးျပခဲ႕တယ္။ ပတ္ဝန္းက်င္ရဲ႕ေအးခဲမႈကိုဆန္႕က်င္လို႕ ေႏြးအိႏူးညံ႕စြာ လူေတြကုိဆက္ဆံတယ္။ ဥစၥာဓနရဲ႕လွည္႕ဖ်ားမႈေအာက္ကေနထိုးေဖာက္လို႕ ပညာအထြဋ္အထိပ္ေရာက္ေအာင္ ႏွစ္ပုိင္းအတြင္းရြက္ေဆာင္တယ္။ ဒီအခ်ိန္မွာ အေပ်ာ္ဆံုးလူသားက ပန္းသီးမစားေတာ႕ေပမဲ႕ ပန္းသီးဖုန္းကုိၾကိဳက္ေနဆဲ ေဆးရံုးေရွ႕ကေစာင္႕ခဲ႕တဲ႕လူၾကီးပါဘဲ။
.
. ေနာက္ဆံုးေတာ႕ သမီးဟာ သူၾကိဳက္တဲ႕ေနရာ သူျပန္တယ္။ သူၾကိဳက္တဲ႕အလုပ္ကို သူလုပ္တယ္။ သူၾကိဳက္တဲ႕ပံုေတြ သူ႕ဟာသူဆြဲတယ္။ သမီးဆြဲတဲ႕ဘဝပန္းခ်ီကားဟာ ဒီလူရဲ႕အိမ္ေရွ႕ခန္းမွာခ်ိတ္ဆြဲလို႕မဆန္႕ဘူး။ သမီးၾကိဳက္တဲ႕ပံုေတြကုိ လူအမ်ားကၾကိဳက္လာေတာ႕ သမီးမအားေတာ႕ဘူး။ ဒီလူလည္း သမီးနဲ႕မေတြ႕ရတာၾကာလာ . . . ေန႕တုိင္းရဲ႕မိုးေတြကတျဖည္းျဖည္းခ်ဳပ္။ သမီးကိုသတိရေနတဲ႕ ဒီလူရဲ႕ရင္ထဲမွာ အင္တာနက္ကမီးစိမ္းေလးက မိွတ္တုတ္ မွိတ္တုတ္ . .။
.
.
. ဒီလိုေန႕မ်ိဳးေနာက္တစ္ခါ (၂၅) ၾကိမ္ေရာက္ခဲ႕ျပီ။ သူစဥ္းစားတယ္ . . သူ (၂၅) ႏွစ္သားတုန္းက ဘာေတြလုပ္ျပီးေနျပီလဲလို႕ေပါ႕။ အေျဖက ဘဝင္မက်၊ မလွမပ ဘဝထဲက အညတရအဆင္႕ကေန ရုန္းထြက္မရ . . ဒုကၡ အလွလွ။ သမီးက်ေတာ႕ အရာရာကုိပုိင္ဆုိင္ႏုိင္ျပီ။ ပညာယွဥ္ရမလား? အသိသညာျပိဳင္ၾကမလား? စာနာတရားကိုရင္ထဲမွာထား သနားညွာတာတတ္တဲ႕သမီး ဒီတစ္သက္မွာတစ္ေယာက္ဆိုတစ္ေယာက္သာထြန္းေပါက္ခဲ႕သူမို႕ ဘဝပန္းတုိင္သို႕ ေပ်ာ္ေပ်ာ္ၾကီးေလွ်ာက္လွမ္းေစဖို႕ သမီးအေပၚဒီလူၾကီးရဲ႕ေမတၱာကေတာ႕ ကမၻာတည္သ၍ပါဘဲ။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 01-21-2018
.
.
Unicode Version:
.
.
. "အဝေးရောက်နေပေမဲ့ နှလုံးသားထဲကသမီး"
. သမီးကိုမွေးခါနီးအချိန်မှာ လူတစ်ယောက်ဟာ ဆွဲခြင်းကြီးတစ်လုံးနဲ့ အမျိုးသမီးဆေးရုံကြီးရဲ့မြက်ခင်းပြင်မှာ ပန်းသီးလေးတစ်လုံးကိုက်ရင်းထိုင်စောင့်နေတယ်။ သူ့ဘေးမှာ သားရေအပြည့်ပြီးတဲ့ နို်င်ငံခြားထွက်သေတ္တာတစ်လုံးက လဲလျောင်းလျက်။ အထဲမှာ ခြေအိပ်၊ အကျီင်္၊ ဘောင်းဘီ စတဲ့ လူသားအသစ်လေးသုံးဖို့ပစ္စည်းတွေအားလုံးဟာ ဆိုဒ်ဆိုရင် အသေးဆုံး၊ အရွယ်ဆိုရင် အငယ်ဆုံး၊ ဒါပေမဲ့ အပြင်ကယောက်ျားရင့်မာရဲ့ႏွလုံးသားက အကြီးဆုံး. .။
.
. "ဘဝထဲကိုပထမဦးဆုံးမိတ်ဆက်ပေးလိုက်တဲ့ချစ်ခြင်းမေတ္တာဆိုတာ ကလေးငိုသံကစတယ်" ဆိုတာ ဒီလူ မယုံဘူး။ သူ့လောကမှာ ဒီသမီးဟာ အရာအားလုံးရဲ့စတင်ခြင်းဖြစ်တယ်။ သူ့တုန်းကလည်း ဘဝကိုငိုသံနဲ့စခဲ့တယ်။ ဒါပေမဲ့ သမီးရောက်လာတဲ့ဘဝမှာ သူသိပ်ပျော်တယ်။ ဒါကြောင့်ဖြစ်မယ် . . သမီးငိုသံဟာ သူ့ရင်ထဲကို ဂီတမြစ်တစ်စင်းစီးဆင်းသွားသလို နှလုံးသားသည်းညှာက အမြဲထာဝရသာယာတဲ့ မနာတဲ့ဒဏ်ရာလေးလို့ သူအမြဲဆိုတယ်။
.
.
. လေးဘက်ထောက်သွားတော့ သွားတက်လေးက ထွက်နေပြီပေါ့။ ဒါပေမဲ့ ငယ်သွားကနေရာမပေးတော့ ပါးချိုင့်လေးရဲ့နေရာမှာ သွားအလှက ပြုံးသမျှချွန်ထက်တောက်ပနေလို့ သွားဆရာဝန်အရှံူးပေးသွားတဲ့ပလာယာလေးက ငိုသံလေးကိုအနိုင်ယူသွားခဲ့တယ်။ ဒီသွားတက်ကိုမနှုတ်ခဲ့သလို သွားဆရာဝန်ကို ဒီသားအဖ မနှုတ်ဆက်ခဲ့ဘူး။
.
. အ.ထ.က (၄) ကျောင်းကပွဲမှာ စီစဉ်သူက ဘဝဇာတ်ဆရာတစ်ယောက်မဟုတ်ဘူး။ ဆရာဝန်နေရာကနေ လူသားတွေကိုကူညီသမျှ အရုပ်ကျရာ သရုပ်ဆောင်တဲ့အခါ အားပေးလှတဲ့ကျောင်းသားမိဘပရိသတ်က လက်ခုပ်တွေတဖျတ်ဖျတ်။ သမီးရဲ့သူငယ်ချင်းတွေ ဇာတ်ပို့နေရာကနေတစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားပေမယ့် ဆရာဝန်နေရာကနေ ကပွဲတစ်ခုလုံးကိုထိန်းသွားတဲ့သမီးဟာ ကျောင်းအတွက်အမှတ်ရစရာဖြစ်ကျန်ခဲ့တယ်။ ဒါပေမဲ့ ဖြစ်ချင်စိတ်မရှိတော့ သမီး ဆရာဝန်မလုပ်ခဲ့ဘူး။
.
.
. နေရာသစ်ကိုရောက်လာတဲ့သမီးဟာ "ကျင့်သား" ဆိုတဲ့အင်အားကို သူ့နေရာနဲ့သူသုံးပြခဲ့တယ်။ ပတ်ဝန်းကျင်ရဲ့အေးခဲမှုကိုဆန့်ကျင်လို့ နွေးအိနူးညံ့စွာ လူတွေကိုဆက်ဆံတယ်။ ဥစ္စာဓနရဲ့လှည့်ဖျားမှုအောက်ကနေထိုးဖောက်လို့ ပညာအထွဋ်အထိပ်ရောက်အောင် နှစ်ပိုင်းအတွင်းရွက်ဆောင်တယ်။ ဒီအချိန်မှာ အပျော်ဆုံးလူသားက ပန်းသီးမစားတော့ပေမဲ့ ပန်းသီးဖုန်းကိုကြိုက်နေဆဲ ဆေးရုံးရှေ့ကစောင့်ခဲ့တဲ့လူကြီးပါဘဲ။
.
. နောက်ဆုံးတော့ သမီးဟာ သူကြိုက်တဲ့နေရာ သူပြန်တယ်။ သူကြိုက်တဲ့အလုပ်ကို သူလုပ်တယ်။ သူကြိုက်တဲ့ပုံတွေ သူ့ဟာသူဆွဲတယ်။ သမီးဆွဲတဲ့ဘဝပန်းချီကားဟာ ဒီလူရဲ့အိမ်ရှေ့ခန်းမှာချိတ်ဆွဲလို့မဆန့်ဘူး။ သမီးကြိုက်တဲ့ပုံတွေကို လူအများကကြိုက်လာတော့ သမီးမအားတော့ဘူး။ ဒီလူလည်း သမီးနဲ့မတွေ့ရတာကြာလာ . . . နေ့တိုင်းရဲ့မိုးတွေကတဖြည်းဖြည်းချုပ်။ သမီးကိုသတိရနေတဲ့ ဒီလူရဲ့ရင်ထဲမှာ အင်တာနက်ကမီးစိမ်းလေးက မှိတ်တုတ် မှိတ်တုတ် . .။
.
.
. ဒီလိုနေ့မျိုးနောက်တစ်ခါ (၂၅) ကြိမ်ရောက်ခဲ့ပြီ။ သူစဉ်းစားတယ် . . သူ (၂၅) နှစ်သားတုန်းက ဘာတွေလုပ်ပြီးနေပြီလဲလို့ပေါ့။ အဖြေက ဘဝင်မကျ၊ မလှမပ ဘဝထဲက အညတရအဆင့်ကနေ ရုန်းထွက်မရ . . ဒုက္ခ အလှလှ။ သမီးကျတော့ အရာရာကိုပိုင်ဆိုင်နိုင်ပြီ။ ပညာယှဉ်ရမလား? အသိသညာပြိုင်ကြမလား? စာနာတရားကိုရင်ထဲမှာထား သနားညှာတာတတ်တဲ့သမီး ဒီတစ်သက်မှာတစ်ယောက်ဆိုတစ်ယောက်သာထွန်းပေါက်ခဲ့သူမို့ ဘဝပန်းတိုင်သို့ ပျော်ပျော်ကြီးလျှောက်လှမ်းစေဖို့ သမီးအပေါ်ဒီလူကြီးရဲ့မေတ္တာကတော့ ကမ္ဘာတည်သ၍ပါဘဲ။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 01-21-2018ေ

No comments: