ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, June 3, 2018

ျပင္ဆင္ခ်ိန္လိုေနေသးတဲ႕ဘဝတစ္ခု

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

. အခုလို ဇြန္လကုိစဖြင္႕တာနဲ႕ မၾကားခ်င္တဲ႕ညည္းညဴသံေတြထဲမွာ ျမန္မာႏိုင္ငံမွာေသာေသာညံေနတာက ကိုယ္တုိင္ေသာ္၄င္း၊ ကုိယ္႕သားကိုယ္႕သမီးေသာ္၄င္း (၁ဝ) တန္း စာေမးပြဲမေအာင္လို႕ စိတ္ညစ္ေနၾကတဲ႕ေျပာသံဆုိသံေတြပါပဲ။ ဒီအခ်ိန္မွာ အားေပးရင္း အားေပးရင္း နဲ႕ လက္ေတြ႕ပကတိအေျခအေနမွန္နဲ႕ေဝးေအာင္ေခၚသြားတတ္တဲ႕ သံေယာင္လုိက္၍ထင္ေယာင္ျမင္မွားျဖစ္ျခင္း - Illusion တစ္ခုကို လက္ခံဖို႕မွားယြင္းစြာတိုက္တြန္းတာကိုေတြ႕လာရလို႕ ဒီစာကုိေရးပါတယ္။
.
. အမ်ားေျပာဆိုၾကတာက (၁ဝ) တန္းဟာ ဘဝတစ္ခုမဟုတ္ပါ . . (၁ဝ) တန္းဟာ အဆံုးအျဖတ္တစ္ခုမဟုတ္ပါ . . စသျဖင္႕ ေလွ်ာ႕တြက္ခုိင္းျပီး ကိုယ္ေျဖခဲ႕တဲ႕စာေမးပြဲဟာ မခက္သေယာင္ေယာင္၊ လူတိုင္းခုန္ေက်ာ္ျဖတ္သန္းသြားႏိုင္တဲ႕ ဒူးအျမင္႕ေလာက္သာသာ တန္းထားတဲ႕ သားေရကြင္းၾကိဳးတန္းလို ေျပာေနၾကတယ္။
.
.
. အခု စာဖတ္ေနၾကတဲ႕မိတ္ေဆြေတြထဲမွာ ကုမၸဏီလူၾကီးေတြပါမယ္၊ အစုိးရလူၾကီးေတြပါမယ္၊ နယ္ေျမအသီးသီးက လုပ္ငန္းရွင္ေတြပါမယ္၊ ဘယ္တစ္ဦးတစ္ေယာက္ကမ်ား လုပ္သားငွားရမ္းတဲ႕အခါ (၁ဝ) တန္းက်သူကိုေခၚခ်င္ပါသလဲ? ငါ႕အလုပ္က (၈) တန္းေအာင္ ေသစာ ရွင္စာ ေရးတတ္၊ ေမြးစာရင္း ေသစာရင္း တြက္တတ္ ခ်က္တတ္ရင္ရျပီဆိုျပီး ငွားရမ္းသူဘယ္ႏွစ္ေယာက္ ပါပါသလဲ . . ကိုယ္႕ဟာကိုယ္ ေမးၾကည္႕ၾကပါ။
.
. ဘယ္သူမဆို ပိုေတာ္ ပိုတတ္တဲ႕ လုပ္သားေတြနဲ႕ကိုယ္လုပ္ငန္းကို ျငမ္းဆင္ခ်င္တယ္။ ဘယ္သူမဆို ကိုယ္႕ဝန္ေဆာင္မႈကို ပိုမိုကြ်မ္းက်င္တဲ႕လုပ္သားနဲ႕ အနာဂါတ္ကုိ ပန္းဝင္ေစခ်င္တာပါပဲ။ ဒါေၾကာင္႕ ကေလးတစ္ေယာက္ရဲ႕ (၁ဝ) တန္း ေအာင္ျမင္မႈေလာက္ရထားတဲ႕ သူ႕ရဲ႕ရင္႕က်က္မႈ နဲ႕ ေတြးေခၚဆင္ျခင္မႈေတြအပါအဝင္ အသက္ (၂ဝ) မျပည္႕ေသးသူတစ္ေယာက္ရဲ႕ လူငယ္ဘဝ နဲ႕ လုပ္အားကို ငွားရမ္းခ်င္တယ္လုိ႕ မွတ္ယူလို႕ရပါတယ္။
.
.
. ဒါဟာ အေရးမၾကီးဘူးလို႕ ဘယ္သူေျပာသလဲ? (၁ဝ) တန္း စာေမးပြဲေလာက္ကေတာ႕ ေအးေဆးပါ ဆုိတဲ႕လူ ဘယ္ႏွစ္ေယာက္ပါသလဲ? ေနာက္ျပီး ယခင္၊ ယခု၊ အနာဂါတ္ အခ်ိန္ (၃) ပါး ရဲ႕ (၁ဝ) တန္း စာေမးပြဲဟာ ဘယ္တုန္းက လြယ္ခဲ႕ဖူးလို႕လဲ? ေသခ်ာတာတစ္ခုက စာဖတ္သူက မိမိကိုယ္ကုိယ္မကြယ္ဝွက္ဖူးဆုိရင္ မိမိ (၁၆) ႏွစ္အရြယ္တုန္းက (၁ဝ) တန္းေျဖခဲ႕တဲ႕ အိပ္ပ်က္ညေတြ၊ စာမရလို႕ စိတ္ပ်က္လက္ပ်က္ျဖစ္ခဲ႕ရတဲ႕ညေနခင္းေတြ၊ အိပ္ခ်င္ေနရင္းေက်ာင္းသြားရတဲ႕ မနက္ခင္းေတြကို မေမ႕သင္႕ပါ လို႕ သတိဝင္ေစခ်င္တယ္။
.
. ဒီလိုခက္ခဲတဲ႕အခ်ိန္ေတြကို ၾကိဳစားမႈနဲ႕ေက်ာ္ျဖတ္ခဲ႕ၾကတယ္။ ဒီလို မည္းနက္မႈအၾကပ္အတည္းေတြကုိ ေရာင္နီအလင္းနဲ႕မီးထိုးျဖတ္သန္းခဲ႕ၾကတယ္။ ဘာစံနစ္ ညာစံနစ္ မၾကိဳက္ဘူး / ၾကိဳက္တယ္ဆုိတာကို အသာထား . . ပညာသားပါပါ ေမးခြန္းေတြကို မရပ္မနားေျဖၾကားေလ႕က်င္႕ခဲ႕ၾကတယ္။ ဒီလိုနဲ႕ (၁ဝ) တန္းဆိုတဲ႕တံခါးဝကေန ေလာကၾကီးရဲ႕အနာဂါတ္အျပည္႕ဟင္းလင္းျပင္ၾကီးကိုေငးေမာခြင္႕ရခဲ႕တယ္ဆိုတာ မျငင္းေစခ်င္ပါဘူး။ ဒါက ေအာင္ခဲ႕တဲ႕သူေတြ နဲ႕ ဂုဏ္ထူးေတြဆြတ္ခူးႏုိင္တဲ႕သူေတြရဲ႕ေျဖသိမ္႕ႏုိင္တဲ႕ ပီတိေတြေပါ႕။
.
.
. ဒါေပမယ္႕ အခု (၁ဝ) တန္းမေအာင္ခဲ႕သူေတြရဲ႕အေျခအေနကို ေသခ်ာသံုးသပ္ၾကည္႕ရင္ (မညာစတမ္းေနာ္) သူတို႕ဟာ တစ္ေနရာရာမွာ တစ္ခုခုမွားခဲ႕လို႕ ျဖစ္ရမယ္။ ျဖစ္ႏုိင္ေျခအမ်ားဆံုးက
(က) စာမက်က္လို႕
(ခ) အိမ္စာမလုပ္လုိ႕
(ဂ) ပ်င္းလို႕
(ဃ) စာက်က္ခ်ိန္မေပးႏုိင္လို႕ နဲ႕ ေနာက္ဆံုး
(င) နားမလည္တာကို မေမးလို႕ ဆုိတာမ်ိဳးကို ကြ်န္ေတာ္ခြဲျခားျပခ်င္တယ္။
.
. (က) ၊(ခ) နဲ႕ (ဂ) တုိ႕ရဲ႕ျပသနာက ေျဖရွင္းလို႕ကုိမရဘူး။ ေနာက္တစ္ႏွစ္ထပ္ေျဖလည္း ကာယကံရွင္ကမျပင္ရင္ ေကာင္းလာဦးမွာမဟုတ္ဘူး။ ဒါဟာ ကံနဲ႕မဆုိင္ဘူး . . ဝိရိယ နဲ႕ ဆုိင္တယ္။ ေက်ာင္းတက္တဲ႕ေက်ာင္းသား နဲ႕ သူ႕ရဲ႕ေက်ာင္းစာသင္အလုပ္ကိုလုပ္ပံုလုပ္နည္းနဲ႕သာသက္ဆိုင္ျပီး သူ႕ေအာင္ျမင္မႈဟာ သူဘယ္ေလာက္အလုပ္လုပ္သလဲဆုိတာနဲ႕သာ တုိက္ရိုက္အခ်ိဳးက်တယ္။ ေက်ာင္းသားအလုပ္ ေက်ာင္းသားလုပ္ရင္ ဒီအျပစ္ေတြျဖစ္လာစရာအေၾကာင္း မရွိပါဘူး။
.
.
. (ဃ) က်ေတာ႕ ေသခ်ာစဥ္းစားရျပီ။
ဒီေက်ာင္းသားက
ေက်ာင္းတက္ဖို႕ စီးပြားေရးအဆင္ေျပရဲ႕လား?
သူ႕မိသားစုက သူလုပ္တဲ႕အလုပ္ရဲ႕ဝင္ေငြအေပၚမွီခုိေနရသလား?
သူ႕ရဲ႕ေအာက္မွာငဲ႕စရာေမာင္ႏွမအငယ္ေတြရွိသလား?
ရွိသင္႕တဲ႕ငယ္ရြယ္မႈအသက္အရြယ္ထက္ၾကီးေနသလား?
အတန္းငယ္ကတည္းက စာမလုပ္ခ်င္လို႕ ျငင္းဆန္ခဲ႕သူလား?
မိဘနဲ႕အသိုင္းအဝုိင္းကိုဆန္႕က်င္ျပီးအျမဲအလိုမက်ျဖစ္ေနသူလား? . .
ဆုိတာေတြဆက္စပ္စဥ္းစားဖို႕ရာ ကြ်မ္းက်င္သူေတြရဲ႕အကူအညီေတြလိုအပ္တဲ႕အဆင္႕ကိုေရာက္လာေတာ႕မယ္။
.
. (င) အဆင္႕က်ေတာ႕ ႏိုင္ငံေတာ္ကလက္ခံက်င္႕သံုးေနတဲ႕ "တစ္ႏိုင္ငံလံုးကိုတစ္ခုတည္းေသာသင္ၾကားေရးစံနစ္" နဲ႕ လုိက္နာတဲ႕ ဆရာ/ဆရာမတုိ႕ရဲ႕ စြမ္းေဆာင္ရည္ - Efficiency ျပည္႕ဝမႈတို႕အျပင္ သားသမီးေတြထိန္းသိမ္းၾကပ္မတ္တဲ႕ မိဘ၊ အဖိုး အဖြားတုိ႕ရဲ႕ ပညာေရးစံနစ္အေပၚဘယ္ေလာက္သက္ဝင္ယံုၾကည္သလဲဆိုတာေတြကို မျဖစ္မေနထည္႕တြက္ရေတာ႕မယ္။
.
.
. နဂိုကတည္းက အိမ္မွာတဆတ္ဆတ္ၾကားလာတဲ႕ မိဘေတြရဲ႕ "အလြတ္က်က္တာမေကာင္းဘူး" ဆုိတဲ႕ ညည္းညဴသံကုိနားေထာင္ရည္ဝျပီး ဘဝကိုမေက်မနပ္ျဖစ္ေနတဲ႕ေက်ာင္းသားဟာ ဆရာမေပးလုိက္တဲ႕စာတစ္ပုဒ္ကုိအလြတ္က်က္ဖို႕စိတ္ပ်က္ေနမွာမလြဲပါဘူး။ ဒါကုိေရွာင္ေနဖို႕က ေက်ာင္းသားမွာ တစ္ျခားသင္ယူႏုိင္တဲ႕ ပညာေရးစံနစ္ကလည္း မရွိျပန္ဘူး။
.
. တစ္ခ်ိဳ႕သူငယ္ခ်င္းေတြတက္သလုိ စာကုိအလြတ္မက်က္ရတဲ႕ အျပင္ပုဂၢလိကအဂၤလိပ္ေက်ာင္းေတြကိုက်ျပန္ေတာ႕ အိမ္ကမိဘေတြကမထားႏိုင္ဘူး။ ဒီလိုအေျခအေနကေန ေက်ာင္းသားဟာ မသိမသာ အိမ္တြင္းပုန္းေၾကာက္စိတ္ေတြဝင္ျပီးေတာ႕ (၁ဝ) တန္း စာေမးပြဲကုိ လန္႕ျဖန္႕ေနရာကေန စာေမးပြဲက်ေတာ႕မယ္လုိ႕ ၾကိဳျပီးစိတ္ေလွ်ာ႕ထားတတ္ၾကတာကို မိဘေတြက သတိမူမိဖို႕လိုပါတယ္။
.
.
. ဒီအခါမွာ ေက်ာင္းသားစိတ္ေပ်ာ္ေအာင္ ေဖ်ာ္ေျဖေရး နဲ႕ အနီးအနားအခ်ိန္တိုခရီးထြက္ျပီး ေစ႕ေစ႕စပ္စပ္ဂရုစိုက္လိုက္မိမယ္ဆုိရင္ သားသမီးေတြရဲ႕ "သား စာရျပီ" ၊ "သမီး စာက်က္ျပီးျပီ" လို႕ အလိမ္ခံရေတာ႕မွာမဟုတ္ေလာက္ေတာ႕ဘူး။ ဒီလိုသာရိပ္မိခဲ႕လို႕ အမွန္ကုိအမွန္အတိုင္းသိရတဲ႕မိဘေတြမွာ ဘာကိုအခ်ိန္မီျပင္ဆင္ေပးရမလဲဆုိတာ နဲ႕ လိုအပ္တာကိုအခ်ိန္ကိုက္လုပ္ေဆာင္ေပးႏုိင္ခဲ႕ရင္ အမွတ္ (၁ဝဝ) ေပးတဲ႕ (၁ဝ) တန္း စာေမးပြဲမွာ အမွတ္ (၄ဝ) ရေအာင္လုပ္ဖို႕ဆိုတာ ခက္ခဲ႕တဲ႕ကိစၥတစ္ခုမဟုတ္ခဲ႕ႏုိင္ပါဘူး။
.
. ဒါေၾကာင္႕ အစပိုင္းကေျပာခဲ႕သလို (၁ဝ) တန္းက်တဲ႕ေက်ာင္းသားဟာ တစ္ခုခုမမွားပဲ အမွတ္ (၄ဝ) ရေအာင္ မေျဖႏိုင္ခဲ႕တာကို အသံုးမက်ဘူးလို႕အျပစ္တင္ရင္ အေၾကာင္းရင္းမခိုင္လံုဘူး။ ဒါကို အျပစ္မရွာပဲ အေျဖရွာရပါမယ္။ ဘယ္သူေတြရွာရမလဲ? ဒီအမွားကို ေက်ာင္းသားေတြကိုယ္တိုင္အျပင္ အုပ္ထိန္းသူေတြကိုယ္တိုင္ ပါဝင္အေျဖရွာရမယ္။ က်ဴရွင္ဆိုတုိင္းလႊတ္ထားလို႕ျဖစ္တာလား? စာ သြားစုက်က္မယ္ဆိုတုိင္း လႊတ္ခဲ႕လုိ႕ျဖစ္တာလား? စာ . . စာ . . စာ ဆိုတာခ်ည္းပဲလုပ္ေနျပီး "အခ်ိန္ကုန္သေလာက္ မမွတ္မိတာလား?" ဆိုတာကို ေနာက္တစ္ႏွစ္အတြက္ တိုင္တုိင္ပင္ပင္ ျပင္ဆင္ရမယ္။
.
.
. အေနာက္ႏိုင္ငံမွာ အင္တာဗ်ဴးဝင္တိုင္း အလုပ္ခန္႕ခံရတာမဟုတ္သလို စာေမးပြဲေျဖတိုင္း ေအာင္ၾကတာမဟုတ္ပါဘူး။ အင္တာဗ်ဴးမေအာင္သူကို ငွားရမ္းသူက သူတို႕လိုအပ္တဲ႕အရည္အခ်င္း ဘယ္ဟာကုိေတာ႕ျဖင္႕ ေမာင္ရင္႕ဆီမွာမရွိလုိ႕ . . ဒါေတြလိုေနလို႕ . . ဒီအခ်က္ေတြျပည္႕မွီဖို႕လိုေနလို႕ ျငင္းပယ္လိုက္ရတာျဖစ္တယ္။ ဒါေတြကို ျပင္လာျပီး ျဖည္႕စြမ္းလာႏုိင္တဲ႕တစ္ေန႕က်ရင္ အလုပ္ထပ္လာေလွ်ာက္ပါ။သင္႕ေတာ္ရင္ ငွားရမ္းခန္႕ထားဖို႕စဥ္းစားပါမယ္ဆိုတဲ႕ Feedback ဆိုတာကို ေပးၾကတယ္။
.
. ဒီလိုပဲ က်ဴတိုရီရယ္မေအာင္တဲ႕ေက်ာင္းသားကိုလည္း ဆရာေတြက ဘယ္အခ်က္ေတြကို ဘယ္လိုျပင္ရမယ္ဆိုတဲ႕ အမွားျပင္ဆင္ခ်က္ - Correction အတြက္ ျပန္သံုးသပ္ခိုင္းတယ္။ ျပင္ဆင္ခိုင္းတယ္။ ေက်ာင္းသားက သူသတိမထားမိတဲ႕အားနည္းခ်က္ကိုသူ ေသေသခ်ာခ်ာသိသြားတယ္။ ဒါကိုျပင္လိုက္ရင္ သူ ေနာက္တစ္ခ်ိန္ေအာင္ျမင္မယ္ဆုိတာကို သိရွိၾကတယ္။
.
.
. အခ်ဳပ္အားျဖင္႕ (၁ဝ) တန္း နဲ႕ (၁၆) ႏွစ္အရြယ္လူငယ္တစ္ေယာက္အတြက္ ဘဝတံခါးဟာမပြင္႕ေသးေပမယ္႕ ဒီေသာ႕တစ္ေခ်ာင္းမရွိရင္ ေက်ာင္းသားဟာ ဘယ္တံခါးမွ လြယ္လြယ္ဖြင္႕လို႕မလြယ္ပါဘူး။ အနည္းဆံုး ႏိုင္ငံျခားသြားရင္ေတာင္ (၁ဝ) တန္းေအာင္လက္မွတ္မရွိရင္ အရာအားလံုးနီးပါးမွာ ခက္ခဲေစပါတယ္။ ဒါေၾကာင္႕ အေရးၾကီးပါတယ္။ ဒီႏွစ္မေအာင္ရင္ ငါ႕တူ / ငါ႕တူမ တို႕ တစ္ခုခုမွားခဲ႕လို႕ပါ။ ေအာင္ျမင္တဲ႕သူတုိင္းဟာ အမွားကေန အေျဖရွာျပီး ျပန္လည္သင္ယူခဲ႕သူေတြခ်ည္းပါ။
.
. ျပင္ဆင္ခ်ိန္၊ ေလ႕က်င္႕ခ်ိန္ အၾကာၾကီးရေနတာ အားရစရာပါ။ ကုိယ္႕အျပစ္ကို ကိုယ္တုိင္မရွာပဲ အရင္စံခ်ိန္ နဲ႕ အမွားစေကးအတိုင္း ေနာက္တစ္ႏွစ္ကုိ အလုိက္သင္႕ကေလး မျဖတ္သန္းမိပါေစနဲ႕။ ထပ္မွားဖို႕ျဖစ္ႏုိင္ပါတယ္။ အမွားျပင္မွ အမွန္ေရာက္မွာျဖစ္သလို ကိုယ္လိုအပ္တာကိုျပင္ျပီး ျပန္ၾကိဳစားရင္ ေနာက္တစ္ႏွစ္ (၁ဝဝ) ေပးတဲ႕ (၁ဝ) တန္းကို (၇၅) မွတ္ ဂုဏ္ထူးရတဲ႕အထိ (၂) ဆ တုိး ေအာင္ျမင္ႏုိင္မွာျဖစ္တဲ႕အေၾကာင္း အားသစ္ေလာင္းေပးလုိက္ပါရေစ။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 06-03-2018
.
.
Unicode Version:
.
.
. "ပြင်ဆင်ချိန်လိုနေသေးတဲ့ဘဝတစ်ခု"
. အခုလို ဇွန်လကိုစဖွင့်တာနဲ့ မကြားချင်တဲ့ညည်းညူသံတွေထဲမှာ မြန်မာနိုင်ငံမှာသောသောညံနေတာက ကိုယ်တိုင်သော်၄င်း၊ ကိုယ့်သားကိုယ့်သမီးသော်၄င်း (၁ဝ) တန်း စာမေးပွဲမအောင်လို့ စိတ်ညစ်နေကြတဲ့ပြောသံဆိုသံတွေပါပဲ။ ဒီအချိန်မှာ အားပေးရင်း အားပေးရင်း နဲ့ လက်တွေ့ပကတိအခြေအနေမှန်နဲ့ဝေးအောင်ခေါ်သွားတတ်တဲ့ သံယောင်လိုက်၍ထင်ယောင်မြင်မှားဖြစ်ခြင်း - Illusion တစ်ခုကို လက်ခံဖို့မှားယွင်းစွာတိုက်တွန်းတာကိုတွေ့လာရလို့ ဒီစာကိုရေးပါတယ်။
.
. အများပြောဆိုကြတာက (၁ဝ) တန်းဟာ ဘဝတစ်ခုမဟုတ်ပါ . . (၁ဝ) တန်းဟာ အဆုံးအဖြတ်တစ်ခုမဟုတ်ပါ . . စသဖြင့် လျှော့တွက်ခိုင်းပြီး ကိုယ်ဖြေခဲ့တဲ့စာမေးပွဲဟာ မခက်သယောင်ယောင်၊ လူတိုင်းခုန်ကျော်ဖြတ်သန်းသွားနိုင်တဲ့ ဒူးအမြင့်လောက်သာသာ တန်းထားတဲ့ သားရေကွင်းကြိုးတန်းလို ပြောနေကြတယ်။
.
.
. အခု စာဖတ်နေကြတဲ့မိတ်ဆွေတွေထဲမှာ ကုမ္ပဏီလူကြီးတွေပါမယ်၊ အစိုးရလူကြီးတွေပါမယ်၊ နယ်မြေအသီးသီးက လုပ်ငန်းရှင်တွေပါမယ်၊ ဘယ်တစ်ဦးတစ်ယောက်ကများ လုပ်သားငှားရမ်းတဲ့အခါ (၁ဝ) တန္းက်သူကိုခေါ်ချင်ပါသလဲ? ငါ့အလုပ်က (၈) တန်းအောင် သေစာ ရှင်စာ ရေးတတ်၊ မွေးစာရင်း သေစာရင်း တွက်တတ် ချက်တတ်ရင်ရပြီဆိုပြီး ငှားရမ်းသူဘယ်နှစ်ယောက် ပါပါသလဲ . . ကိုယ့်ဟာကိုယ် မေးကြည့်ကြပါ။
.
. ဘယ်သူမဆို ပိုတော် ပိုတတ်တဲ့ လုပ်သားတွေနဲ့ကိုယ်လုပ်ငန်းကို ငြမ်းဆင်ချင်တယ်။ ဘယ်သူမဆို ကိုယ့်ဝန်ဆောင်မှုကို ပိုမိုကျွမ်းကျင်တဲ့လုပ်သားနဲ့ အနာဂါတ်ကို ပန်းဝင်စေချင်တာပါပဲ။ ဒါကြောင့် ကလေးတစ်ယောက်ရဲ့ (၁ဝ) တန်း အောင်မြင်မှုလောက်ရထားတဲ့ သူ့ရဲ့ရင့်ကျက်မှု နဲ့ တွေးခေါ်ဆင်ခြင်မှုတွေအပါအဝင် အသက် (၂ဝ) မပြည့်သေးသူတစ်ယောက်ရဲ့ လူငယ်ဘဝ နဲ့ လုပ်အားကို ငှားရမ်းချင်တယ်လို့ှတ်ယူလို့ရပါတယ်။
.
.
. ဒါဟာ အရေးမကြီးဘူးလို့ ဘယ်သူပြောသလဲ? (၁ဝ) တန်း စာမေးပွဲလောက်ကတော့ အေးဆေးပါ ဆိုတဲ့လူ ဘယ်နှစ်ယောက်ပါသလဲ? နောက်ပြီး ယခင်၊ ယခု၊ အနာဂါတ် အချိန် (၃) ပါး ရဲ့ (၁ဝ) တန်း စာမေးပွဲဟာ ဘယ်တုန်းက လွယ်ခဲ့ဖူးလို့လဲ? သေချာတာတစ်ခုက စာဖတ်သူက မိမိကိုယ်ကိုယ်မကွယ်ဝှက်ဖူးဆိုရင် မိမိ (၁၆) နှစ်အရွယ်တုန်းက (၁ဝ) တန်းဖြေခဲ့တဲ့ အိပ်ပျက်ညတွေ၊ စာမရလို့ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရတဲ့ညနေခင်းတွေ၊ အိပ်ချင်နေရင်းကျောင်းသွားရတဲ့ မနက်ခင်းတွေကို မမေ့သင့်ပါ လို့ သတိဝင်စေချင်တယ်။
.
. ဒီလိုခက်ခဲတဲ့အချိန်တွေကို ကြိုစားမှုနဲ့ကျော်ဖြတ်ခဲ့ကြတယ်။ ဒီလို မည်းနက်မှုအကြပ်အတည်းတွေကို ရောင်နီအလင်းနဲ့မီးထိုးဖြတ်သန်းခဲ့ကြတယ်။ ဘာစံနစ် ညာစံနစ် မကြိုက်ဘူး / ကြိုက်တယ်ဆိုတာကို အသာထား . . ပညာသားပါပါ မေးခွန်းတွေကို မရပ်မနားဖြေကြားလေ့ကျင့်ခဲ့ကြတယ်။ ဒီလိုနဲ့ (၁ဝ) တန်းဆိုတဲ့တံခါးဝကနေ လောကကြီးရဲ့အနာဂါတ်အပြည့်ဟင်းလင်းပြင်ကြီးကိုငေးမောခွင့်ရခဲ့တယ်ဆိုတာ မငြင်းစေချင်ပါဘူး။ ဒါက အောင်ခဲ့တဲ့သူတွေ နဲ့ ဂုဏ်ထူးတွေဆွတ်ခူးနိုင်တဲ့သူတွေရဲ့ဖြေသိမ့်နိုင်တဲ့ ပီတိတွေပေါ့။
.
.
. ဒါပေမယ့် အခု (၁ဝ) တန်းမအောင်ခဲ့သူတွေရဲ့အခြေအနေကို သေချာသုံးသပ်ကြည့်ရင် (မညာစတမ်းနော်) သူတို့ဟာ တစ်နေရာရာမှာ တစ်ခုခုမှားခဲ့လို့ ဖြစ်ရမယ်။ ဖြစ်နိုင်ခြေအများဆုံးက
(က) စာမကျက်လို့
(ခ) အိမ်စာမလုပ်လို့
(ဂ) ပျင်းလို့
(ဃ) စာကျက်ချိန်မပေးနိုင်လို့ နဲ့ နောက်ဆုံး
(င) နားမလည်တာကို မမေးလို့ ဆိုတာမျိုးကို ကျွန်တော်ခွဲခြားပြချင်တယ်။
.
. (က) ၊(ခ) နဲ့ (ဂ) တို့ရဲ့ပြသနာက ဖြေရှင်းလို့ကိုမရဘူး။ နောက်တစ်နှစ်ထပ်ဖြေလည်း ကာယကံရှင်ကမပြင်ရင် ကောင်းလာဦးမှာမဟုတ်ဘူး။ ဒါဟာ ကံနဲ့မဆိုင်ဘူး . . ဝိရိယ နဲ့ ဆိုင်တယ်။ ကျောင်းတက်တဲ့ကျောင်းသား နဲ့ သူ့ရဲ့ကျောင်းစာသင်အလုပ်ကိုလုပ်ပုံလုပ်နည်းနဲ့သာသက်ဆိုင်ပြီး သူ့အောင်မြင်မှုဟာ သူဘယ်လောက်အလုပ်လုပ်သလဲဆိုတာနဲ့သာ တိုက်ရိုက်အချိုးကျတယ်။ ကျောင်းသားအလုပ် ကျောင်းသားလုပ်ရင် ဒီအပြစ်တွေဖြစ်လာစရာအကြောင်း မရှိပါဘူး။
.
.
. (ဃ) ကျတော့ သေချာစဉ်းစားရပြီ။
ဒီကျောင်းသားက
ကျောင်းတက်ဖို့ စီးပွားရေးအဆင်ပြေရဲ့လား?
သူ့မိသားစုက သူလုပ်တဲ့အလုပ်ရဲ့ဝင်ငွေအပေါ်မှီခိုနေရသလား?
သူ့ရဲ့အောက်မှာငဲ့စရာမောင်နှမအငယ်တွေရှိသလား?
ှိသင့်တဲ့ငယ်ရွယ်မှုအသက်အရွယ်ထက်ကြီးနေသလား?
အတန်းငယ်ကတည်းက စာမလုပ်ချင်လို့ ငြင်းဆန်ခဲ့သူလား?
မိဘနဲ့အသိုင်းအဝိုင်းကိုဆန့်ကျင်ပြီးအမြဲအလိုမကျဖြစ်နေသူလား? . .
ဆိုတာတွေဆက်စပ်စဉ်းစားဖို့ရာ ကျွမ်းကျင်သူတွေရဲ့အကူအညီတွေလိုအပ်တဲ့အဆင့်ကိုရောက်လာတော့မယ်။
.
. (င) အဆင့်ကျတော့ နိုင်ငံတော်ကလက်ခံကျင့်သုံးနေတဲ့ "တစ်နိုင်ငံလုံးကိုတစ်ခုတည်းသောသင်ကြားရေးစံနစ်" နဲ့ လိုက်နာတဲ့ ဆရာ/ဆရာမတို့ရဲ့ စွမ်းဆောင်ရည် - Efficiency ပြည့်ဝမှုတို့အပြင် သားသမီးတွေထိန်းသိမ်းကြပ်မတ်တဲ့ မိဘ၊ အဖိုး အဖွားတို့ရဲ့ ပညာရေးစံနစ်အပေါ်ဘယ်လောက်သက်ဝင်ယုံကြည်သလဲဆိုတာတွေကို မဖြစ်မနေထည့်တွက်ရတော့မယ်။
.
.
. နဂိုကတည်းက အိမ်မှာတဆတ်ဆတ်ကြားလာတဲ့ မိဘတွေရဲ့ "အလွတ်ကျက်တာမကောင်းဘူး" ဆိုတဲ့ ညည်းညူသံကိုနားထောင်ရည်ဝပြီး ဘဝကိုမကျေမနပ်ဖြစ်နေတဲ့ကျောင်းသားဟာ ဆရာမပေးလိုက်တဲ့စာတစ်ပုဒ်ကိုအလွတ်ကျက်ဖို့စိတ်ပျက်နေမှာမလွဲပါဘူး။ ဒါကိုရှောင်နေဖို့က ကျောင်းသားမှာ တစ်ခြားသင်ယူနိုင်တဲ့ ပညာရေးစံနစ်ကလည်း မရှိပြန်ဘူး
.
. တစ်ချို့သူငယ်ချင်းတွေတက်သလို စာကိုအလွတ်မကျက်ရတဲ့ အပြင်ပုဂ္ဂလိကအင်္ဂလိပ်ကျောင်းတွေကိုကျပြန်တော့ အိမ်ကမိဘတွေကမထားနိုင်ဘူး။ ဒီလိုအခြေအနေကနေ ကျောင်းသားဟာ မသိမသာ အိမ်တွင်းပုန်းကြောက်စိတ်တွေဝင်ပြီးတော့ (၁ဝ) တန်း စာမေးပွဲကို လန့်ဖြန့်နေရာကနေ စာမေးပွဲကျတော့မယ်လို့ ကြိုပြီးစိတ်လျှော့ထားတတ်ကြတာကို မိဘတွေက သတိမူမိဖို့လိုပါတယ်။
.
.
. ဒီအခါမှာ ကျောင်းသားစိတ်ပျော်အောင် ဖျော်ဖြေရေး နဲ့ အနီးအနားအချိန်တိုခရီးထွက်ပြီး စေ့စေ့စပ်စပ်ဂရုစိုက်လိုက်မိမယ်ဆိုရင် သားသမီးတွေရဲ့ "သား စာရပြီ" ၊ "သမီး စာကျက်ပြီးပြီ" လို့ အလိမ်ခံရတော့မှာမဟုတ်လောက်တော့ဘူး။ ဒီလိုသာရိပ်မိခဲ့လို့ အမှန်ကိုအမှန်အတိုင်းသိရတဲ့မိဘတွေမှာ ဘာကိုအချိန်မီပြင်ဆင်ပေးရမလဲဆိုတာ နဲ့ လိုအပ်တာကိုအချိန်ကိုက်လုပ်ဆောင်ပေးနိုင်ခဲ့ရင် အမှတ် (၁ဝဝ) ပေးတဲ့ (၁ဝ) တန်း စာမေးပွဲမှာ အမှတ် (၄ဝ) ရအောင်လုပ်ဖို့ဆိုတာ ခက်ခဲ့တဲ့ကိစ္စတစ်ခုမဟုတ်ခဲ့နိုင်ပါဘူး။
.
. ဒါကြောင့် အစပိုင်းကပြောခဲ့သလို (၁ဝ) တန်းကျတဲ့ကျောင်းသားဟာ တစ်ခုခုမမှားပဲ အမှတ် (၄ဝ) ရအောင် မဖြေနိုင်ခဲ့တာကို အသုံးမကျဘူးလို့အပြစ်တင်ရင် အကြောင်းရင်းမခိုင်လုံဘူး။ ဒါကို အပြစ်မရှာပဲ အဖြေရှာရပါမယ်။ ဘယ်သူတွေရှာရမလဲ? ဒီအမှားကို ကျောင်းသားတွေကိုယ်တိုင်အပြင် အုပ်ထိန်းသူတွေကိုယ်တိုင် ပါဝင်အဖြေရှာရမယ်။ ကျူရှင်ဆိုတိုင်းလွှတ်ထားလို့ဖြစ်တာလား? စာ သွားစုကျက်မယ်ဆိုတိုင်း လွှတ်ခဲ့လို့ဖြစ်တာလား? စာ . . စာ . . စာ ဆိုတာချည်းပဲလုပ်နေပြီး "အချိန်ကုန်သလောက် မမှတ်မိတာလား?" ဆိုတာကို နောက်တစ်နှစ်အတွက် တိုင်တိုင်ပင်ပင် ပြင်ဆင်ရမယ်။
.
.
. အနောက်နိုင်ငံမှာ အင်တာဗျူးဝင်တိုင်း အလုပ်ခန့်ခံရတာမဟုတ်သလို စာမေးပွဲဖြေတိုင်း အောင်ကြတာမဟုတ်ပါဘူး။ အင်တာဗျူးမအောင်သူကို ငှားရမ်းသူက သူတို့လိုအပ်တဲ့အရည်အချင်း ဘယ်ဟာကိုတော့ဖြင့် မောင်ရင့်ဆီမှာမရှိလို့ . . ဒါတွေလိုနေလို့ . . ဒီအချက်တွေပြည့်မှီဖို့လိုနေလို့ ငြင်းပယ်လိုက်ရတာဖြစ်တယ်။ ဒါတွေကို ပြင်လာပြီး ဖြည့်စွမ်းလာနိုင်တဲ့တစ်နေ့ကျရင် အလုပ်ထပ်လာလျှောက်ပါ။သင့်တော်ရင် ငှားရမ်းခန့်ထားဖို့စဉ်းစားပါမယ်ဆိုတဲ့ Feedback ဆိုတာကို ပေးကြတယ်။
.
. ဒီလိုပဲ ကျူတိုရီရယ်မအောင်တဲ့ကျောင်းသားကိုလည်း ဆရာတွေက ဘယ်အချက်တွေကို ဘယ်လိုပြင်ရမယ်ဆိုတဲ့ အမှားပြင်ဆင်ချက် - Correction အတွက် ပြန်သုံးသပ်ခိုင်းတယ်။ ပြင်ဆင်ခိုင်းတယ်။ ကျောင်းသားက သူသတိမထားမိတဲ့အားနည်းချက်ကိုသူ သေသေချာချာသိသွားတယ်။ ဒါကိုပြင်လိုက်ရင် သူ နောက်တစ်ချိန်အောင်မြင်မယ်ဆိုတာကို သိရှိကြတယ်
.
.
. အချုပ်အားဖြင့် (၁ဝ) တန်း နဲ့ (၁၆) နှစ်အရွယ်လူငယ်တစ်ယောက်အတွက် ဘဝတံခါးဟာမပွင့်သေးပေမယ့် ဒီသော့တစ်ချောင်းမရှိရင် ကျောင်းသားဟာ ဘယ်တံခါးမ လွယ်လွယ်ဖွင့်လို့မလွယ်ပါဘူး။ အနည်းဆုံး နိုင်ငံခြားသွားရင်တောင် (၁ဝ) တန်းအောင်လက်မှတ်မရှိရင် အရာအားလုံးနီးပါးမှာ ခက်ခဲစေပါတယ်။ ဒါကြောင့် အရေးကြီးပါတယ်။ ဒီနှစ်မအောင်ရင် ငါ့တူ / ငါ့တူမ တို့ တစ်ခုခုမှားခဲ့လို့ပါ။ အောင်မြင်တဲ့သူတိုင်းဟာ အမှားကနေ အဖြေရှာပြီး ပြန်လည်သင်ယူခဲ့သူတွေချည်းပါ။
.
. ပြင်ဆင်ချိန်၊ လေ့ကျင့်ချိန် အကြာကြီးရနေတာ အားရစရာပါ။ ကိုယ့်အပြစ်ကို ကိုယ်တိုင်မရှာပဲ အရင်စံချိန် နဲ့ အမှားစကေးအတိုင်း နောက်တစ်နှစ်ကို အလိုက်သင့်ကလေး မဖြတ်သန်းမိပါစေနဲ့။ ထပ်မှားဖို့ဖြစ်နိုင်ပါတယ်။ အမှားပြင်မှ အမှန်ရောက်မှာဖြစ်သလို ကိုယ်လိုအပ်တာကိုပြင်ပြီး ပြန်ကြိုစားရင် နောက်တစ်နှစ် (၁ဝဝ) ပေးတဲ့ (၁ဝ) တန်းကို (၇၅) မှတ် ဂုဏ်ထူးရတဲ့အထိ (၂) ဆ တိုး အောင်မြင်နိုင်မှာဖြစ်တဲ့အကြောင်း အားသစ်လောင်းပေးလိုက်ပါရစေ။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 06-03-2018

No comments: