ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, September 2, 2018

ေဆြမ်ိဳးေတြကို အေမရိကန္အျမဲတမ္းေနထုိင္ခြင္႕ကဒ္ရေအာင္ ဘယ္လိုကူညီႏုိင္မလဲ?

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.       
.          အေမရိကန္ႏိုင္ငံသားတစ္ေယာက္ (သို႕) ခံယူျပီးသူတစ္ေယာက္ဟာ တစ္ျခားႏုိင္ငံကေဆြမ်ိဳး - Alien Relative ကုိ အေမရိကန္အျမဲတမ္းေနထိုင္ခြင္႕ရရွိသူ - A Lawful Permanent Resident တစ္ေယာက္ျဖစ္ဖို႕ ေလွ်ာက္ထား - Petition ေပးႏုိင္ပါတယ္။ ေဆြမ်ိ္ဳးေတြလာမွီခုိဖို႕လံုေလာက္တဲ႕ဝင္ေငြရွိဖို႕လုိသလို အစုိးရရံုးေတြက ေခၚသူ / ေလွ်ာက္ေပးသူ - Petitioner ရဲ႕ ပုိင္ဆိုင္မႈေတြကို ျပသေပးဖို႕ ေတာင္းဆိုတတ္ပါတယ္။ 
.
.         ေလွ်ာက္ေပးသူဟာ Form I-130 (Petition for Alien Relative) ေဖာင္ https://www.uscis.gov/system/files_force/files/form/i-130.pdf?download=1 ကုိ ျဖည္႕စြက္ရင္း ေဆြမ်ိဳးေခၚတဲ႕အမႈတြဲကုိ စတင္လို႕ရပါတယ္။ အဲဒီထဲမွာေတာ႕ ေခၚသူ နဲ႕ လာမယ္႕သူေတြ ဘယ္လိုေဆြမ်ိဳးေတာ္စပ္တယ္ဆုိတဲ႕ အမ်ိဳးစစ္ေၾကာင္းကိစၥေတြ အကုန္ပါဝင္မွာပါ။ တစ္လက္စတည္း အေမရိကန္ လဝက - USCIS [United States Citizenship and Immigration Services] က အမ်ားကအတိုေကာက္သိၾကတဲ႕ PR / Green Card ကုိေလွ်ာက္ဖို႕ Form I-485 (Application to Register Permanent Residence or Adjust Status) ေဖာင္ https://www.uscis.gov/system/files_force/files/form/i-485.pdf?download=1 ကုိ တစ္ပါတည္းတင္ဖုိ႕အၾကံေပးထားပါတယ္။
.
.
ဘယ္သူေတြကုိေခၚႏုိင္မလဲ?
_____________________
.
အသက္ (၂၁) ႏွစ္ျပည္႕ျပီးသား အေမရိကန္ႏိုင္ငံသားတစ္ေယာက္ဟာ
~~ အိမ္ေထာက္ဘက္ 
~~ သားသမီး 
~~ မိဘ
~~ ေမာင္ႏွမ တို႕ကုိ ေခၚယူႏိုင္ပါတယ္။
.
.
.
Form I-130 က ဘာလုပ္ေပးတာလဲ?
___________________________
.
Form I-130 တင္လိုက္ျပီဆုိတာနဲ႕ အေမရိကားကိုလာဖို႕ အေမရိကန္ျပည္ဝင္ခြင္႕ကုိတန္းစီေနသူထဲမွာ စာရင္းတင္သြင္းလိုက္တာနဲ႕အတူတူပါပဲ။ ဆိုလိုတာက ျမန္မာႏိုင္ငံကအမ်ိဳးကုိေခၚရင္ အရင္ေခၚထားတဲ႕သူေတြရဲ႕ေနာက္ကေန တန္းစီေစာင္႕ဆုိင္းရတဲ႕စံနစ္မ်ိဳးထဲမွာ မွတ္တမ္းဝင္သြားတာျဖစ္ပါတယ္။ လူတန္းၾကီးရဲ႕ေရွ႕ဆံုးေရာက္လို႕ ကိုယ္႕အလွည္႕က်လာျပီဆိုရင္ ေနာက္ေၾကာင္းစစ္ေဆးျခင္း - Background Check နဲ႕ ျပည္ဝင္ခြင္္႕ - Admission အတြက္ သတ္မွတ္ထားတဲ႕လိုအပ္ခ်က္ - Requirement ေတြ ျပည္႕မွီေအာင္ ျပင္ဆင္ထားဖို႕ အခ်ိန္ကုိက္ျပီးေျမွာက္ထားဖို႕လိုပါတယ္။
.
.
.
ေဆြမ်ိဳးရဲ႕မိသားစုကုိက်ေတာ႕ဘယ္လိုလုပ္မလဲ?
__________________________________
.
အမ်ားစုရဲ႕အမႈတြဲေတြမွာ ေခၚလိုက္တဲ႕ေဆြမ်ိဳးေတြရဲ႕အိမ္ေထာင္ဘက္ နဲ႕ (၂၁) ႏွစ္ေအာက္ ကေလးေတြ တစ္ပါတည္း ျပည္ဝင္ခြင္႕ရၾကပါတယ္။ တကယ္လို႕ အဲဒီအိမ္ေထာင္ဘက္က  တရားဝင္အေၾကာင္းတစ္ခုနဲ႕  အေမရိကန္ႏုိင္ငံအတြင္းေရာက္ေနျပီးသားဆိုရင္ Form I-485 (အထက္တြင္ရွင္းျပျပီး) တင္ျပီး ထုတ္ေပးလိုက္တဲ႕ဗီဆာအေျခအေနကုိေျပာင္းျခင္း - Adjust Status လုပ္ေပးရင္ ျမန္မာႏိုင္ငံကိုတကူးတကျပန္ျပီး သံရံုးမွာအင္တာဗ်ဴးဝင္စရာမလိုပါဘူး။ ဒီေနရာမွာေတာ႕ ေခၚသူက လာမယ္႕သူတစ္ေယာက္ခ်င္းစီအတြက္ Form I-130 ေရာ Form I-485 ကုိပါ တစ္ေစာင္ခ်င္းစီတင္ေပးရမွာပါ။
.
ျမန္မာေတြၾကားေလ႕ၾကားထမရွိတဲ႕ဥပမာတစ္ခုကိုေျပာျပခ်င္ပါတယ္။ ေခၚသူက ကေလးရွိျပီးသား ေယာက္်ား / မိန္းမ တစ္ေယာက္ကို လက္ထပ္လိုက္တယ္ဆုိပါေတာ႕ . .။ အဲဒီကေလးဟာ ေခၚသူရဲ႕ေမြးစားကေလး - Stepchild အေနနဲ႕ သတ္မွတ္ခံရပါတယ္။ မိဘ (၂) ဦးလက္ထပ္တဲ႕အခ်ိန္တုန္းက ကေလးဟာ 
(၁)  အသက္ (၁၈) ႏွစ္မေက်ာ္ေသးဘူး 
(၂) အိမ္ေထာင္ရက္သားမက်ေသးဘူး ဆုိရင္ ထည္႕သြင္းေခၚယူလို႕ရပါတယ္။ ဒီအခါမွ ေခၚသူက အေပၚကေျပာခဲ႕တဲ႕ေဖာင္ (၂) မ်ိဳးလံုးကုိ (၂) ဦးစာ သီးသန္႕စီခြဲတင္ဖို႕လိုပါတယ္။
.
.
.
ေလွ်ာက္ျပီးတဲ႕အခါ ေဆြမ်ိဳးေတြဘယ္ေလာက္ၾကာရင္လိုက္လာလို႕ရမလဲ?
_____________________________________________________
.
ေမာင္ႏွမခ်င္းေခၚတာကလြဲလို႔ တစ္ျခားေဆြမ်ိဳးေတြကိုေခၚဖို႔  သီးသန္႕ကာလတစ္ခုကိုေစာင္႕ဖို႕မလိုပါ။ လာခြင္႕ရရင္ အသက္ (၂၁) ႏွစ္ေအာက္သားသမီး က အလိုလိုအက်ံဳးဝင္ပါတယ္။ က်တဲ႕အခါ လာမယ္႕သူက တရားဝင္အေၾကာင္းတစ္ခုနဲ႕ အေမရိကန္ႏိုင္ငံတြင္းကိုေရာက္ေနျပီးသားဆိုရင္ ဗီဆာအေျခအေနကုိေျပာင္းျခင္း - Adjust Status လုပ္ေပးဖို႕ Form I-485 ကုိ ဆက္လက္တင္သြင္းသြားရံုပါပဲ။ 
.
ေမာင္ႏွမခ်င္းေခၚတဲ႕ကိစၥမွာေတာ႕ (ခြင္႕ျပဳထားတဲ႕ဥပေဒအရေလွ်ာက္ထားသူမ်ားတဲ႕အတြက္) ႏွစ္အပိုင္းျခားတစ္ခုကိုေစာင္႕ရပါတယ္ ။။။။။။။။။။ (၁ဝ) ႏွစ္။။။။။။။။။။
အလွည္႕က်ျပီဆိုတဲ႕အခါ ေခၚသူကုိအေၾကာင္းၾကားမွာျဖစ္ျပီး ျပည္ဝင္ဖုိ႕ေစာင္႕ရတဲ႕ကာလၾကာခ်ိန္ကုိ ကိုယ္တိုင္ေလ႕လာခ်င္ရင္ေတာ႕ အေမရိကန္အစုိးရရဲ႕တရားဝင္စာမ်က္ႏွာ (Visa Bulletin)  https://travel.state.gov/content/travel/en/legal/visa-law0/visa-bulletin.html မွာ မၾကာခဏဝင္ၾကည္႕ျပီး ရင္ခုန္ႏိုင္ပါတယ္။ (USCIS ကိုေပးသြင္းရမယ္႕ေငြ = ၁၆၅ ေဒၚလာ)
.
.
.
ျပည္ဝင္မယ္႕သူဟာ ေခၚသူရဲ႕အမႈတြဲက်တဲ႕အထိ အေမရိကန္ျပည္တြင္းမွာေနထုိင္ျပီးေစာင္႕လို႕ရပါသလား?
____________________________________________________________________________
.
မရပါ။ Form I-130 က တရားဝင္ေဆြမ်ိဳးေတာ္စပ္မႈကိုသာ စစ္ေဆးတာျဖစ္ပါတယ္။ ဘယ္သူတစ္ဦးတစ္ေယာက္ကုိမွ အေမရိကန္ႏိုင္ငံအတြင္းမွာ ေက်ာက္ခ်ေနထုိင္ျပီးေစာင္႕ခုိင္းခြင္႕မေပးထားပါဘူး။ ဒါေၾကာင္႕ ျပင္ပႏုိင္ငံတစ္ခုခုကေနသာ တရားဝင္ေခၚစာက်အလာကို ေစာင္႕ေနဖို႕ညႊန္ၾကားထားပါတယ္။ အေပၚမွာေျပာခဲ႕သလိုပဲ အမႈတြဲက်တဲ႕အခါ အေမရိကန္ႏိုင္ငံတြင္းကိုေရာက္ေနျပီးသားဆိုရင္သာ ဗီဆာအေျခအေနကုိေျပာင္းျခင္း - Adjust Status လုပ္ေပးဖို႕ Form I-485 ကုိ ဆက္လက္တင္သြင္းသြားရံုပါပဲ။ 
.
.
.
ေဆြမ်ိဳးကိုေခၚသူတစ္ေယာက္က ဘာလုပ္ေပးဖို႕လုိသလဲ?
_________________________________________
.
လိုပါတယ္။ ဘ႑ာေရးေထာက္ခံမႈ - Financial Sponsor ျပဖို႕ ဥပေဒမွာျပ႒ာန္းထားပါတယ္။ ျပည္ဝင္မယ္႕ေဆြမ်ိဳးေတြလာခြင္႕ရေတာ႕မယ္႕အခ်ိန္က်ရင္ ဘ႑ာေရးလံုေလာက္ေၾကာင္းက်မ္းၾကိမ္လႊာ - Form I-864 (Affidavit of Support) ေဖာင္ https://www.uscis.gov/system/files_force/files/form/i-864.pdf?download=1 တင္ဖို႕ ညႊန္ၾကားတာကိုလုိက္နာရပါလိမ္႕မယ္။ အဲဒီအခ်ိန္က်မွ ေခၚသူက ဘ႑ာေရးအေျခအေနအားနည္းလို႕ သတ္မွတ္ခ်က္ထက္နိမ္႕ပါးေနရင္ေတာ႕ တစ္ျခားတစ္ေယာက္ေယာက္ရဲ႕ဘ႑ာေရးအေျခအေန နဲ႕ေပါင္းစပ္တင္သြင္းဖို႕လိုပါတယ္။ အေသးစိတ္ကုိ https://www.uscis.gov/sites/default/files/USCIS/Resources/F3en.pdf မွာ အဂၤလိပ္လိုဖတ္ရႈႏုိင္ပါတယ္။
.
.
.
Green Card ရတုန္းကေလွ်ာက္ေပးထားတာ ႏိုင္ငံသားျဖစ္သြားေတာ႕ေျပာင္းလဲမႈရွိသလား?
_________________________________________________________________
.
Green Card ကိုင္ထားရင္းႏိုင္ငံသားေျဖလို႕ရသြားတဲ႕အခါ ျပည္ဝင္မယ္႕သူရဲ႕အမႈတြဲက ေစာင္႕ဆိုင္းခ်ိန္ကာလမရွိေတာ႕ဘူးလို႕ USCIS ဥပေဒကဆိုပါတယ္။ အဲဒီ ႏိုင္ငံသားျဖစ္ေၾကာင္းသက္ေသခံစာရြက္ - Naturalization or Certificates of Citizenship ကုိထုတ္ေပးလုိက္တဲ႕အခါ (ႏိုင္ငံသားစာေမးပြဲေျဖ၊ အင္တာဗ်ဴးဝင္၊ က်မ္းၾကိမ္၊ လက္မွတ္ထုတ္ ျပီးမွ) အေမရိကန္အစုိးရအမ်ိဳးသားဗီဆာ႒ာန - NVC [State Department's National Visa Center] ကုိ အေျခအေန - Status ေျပာင္းေပးဖုိ႕ ႒ာနခ်င္းခ်ိတ္ဆက္ထားတယ္လို႕ေျပာပါတယ္။ ပုိေကာင္းတာကေတာ႕ 
National Visa Center
31 Rochester Avenue, Suite 200
Portsmouth, NH 03801-2915 
ကုိ  ႏုိင္ငံသားျဖစ္သြားျပီးဆိုတဲ႕အေၾကာင္း အေထာက္အထားနဲ႕ စာပို႕အေၾကာင္းၾကားလိုက္တာက အစိုးရရံုးတစ္ခုနဲ႕တစ္ခုၾကား ေႏွာင္႕ေႏွးၾကန္႕ၾကာမႈကုိ ဆယ္ယူႏုိင္ပါတယ္။
.
.
အထက္ပါအေၾကာင္းအရာေတြကိုတစ္ေနရာတည္းမွာဖတ္ခ်င္တယ္ . . ဖတ္ရႈျပီး အေမရိကန္ရံုးသံုးအဂၤလိပ္စာကိုေလ႕လာခ်င္တယ္ . . မိမိတတ္ျပီးသားအဂၤလိပ္စာကိုလည္း အေမရိကန္ဗားရွင္းေျပာင္းျပီးျမွင္႕တင္ခ်င္တယ္ဆုိရင္ေတာ႕ https://travel.state.gov/content/travel/en/us-visas.html လိပ္စာကုိ ဝင္ေရာက္ေမႊေႏွာက္ေလ႕လာႏိုင္ပါတယ္ဆိုတဲ႕အေၾကာင္း သတင္းေကာင္းပါးလိုက္ပါရေစ။
.
ကုိးကား။။။။။။။။။။ I am a U.S. Citizen A1 (How do I help my relative become a U.S permanent resident?
.
ခင္လ်က္
.
ကုိညီညီ (ေတာင္ၾကီး)
09-02-2018
.
.
Unicode Version:
.
.
.         "ဆွေမျိုးတွေကို အမေရိကန်အမြဲတမ်းနေထိုင်ခွင့်ကဒ်ရအောင် ဘယ်လိုကူညီနိုင်မလဲ?"
.          အမေရိကန်နိုင်ငံသားတစ်ယောက် (သို့) ခံယူပြီးသူတစ်ယောက်ဟာ တစ်ခြားနိုင်ငံကဆွေမျိုး - Alien Relative ကို အမေရိကန်အမြဲတမ်းနေထိုင်ခွင့်ရရှိသူ - A Lawful Permanent Resident တစ်ယောက်ဖြစ်ဖို့ လျှောက်ထား - Petition ပေးနိုင်ပါတယ်။ ဆွေမျိ်ုးတွေလာမှီခိုဖို့လုံလောက်တဲ့ဝင်ငွေရှိဖို့လိုသလို အစိုးရရုံးတွေက ခေါ်သူ / လျှောက်ပေးသူ - Petitioner ရဲ့ ပိုင်ဆိုင်မှုတွေကို ပြသပေးဖို့ တောင်းဆိုတတ်ပါတယ်။ 
.
.         လျှောက်ပေးသူဟာ Form I-130 (Petition for Alien Relative) ဖောင် https://www.uscis.gov/system/files_force/files/form/i-130.pdf?download=1 ကို ဖြည့်စွက်ရင်း ဆွေမျိုးခေါ်တဲ့အမှုတွဲကို စတင်လို့ရပါတယ်။ အဲဒီထဲမှာတော့ ခေါ်သူ နဲ့ လာမယ့်သူတွေ ဘယ်လိုဆွေမျိုးတော်စပ်တယ်ဆိုတဲ့ အမျိုးစစ်ကြောင်းကိစ္စတွေ အကုန်ပါဝင်မှာပါ။ တစ်လက်စတည်း အမေရိကန် လဝက - USCIS [United States Citizenship and Immigration Services] က အများကအတိုကောက်သိကြတဲ့ PR / Green Card ကိုလျှောက်ဖို့ Form I-485 (Application to Register Permanent Residence or Adjust Status) ဖောင် https://www.uscis.gov/system/files_force/files/form/i-485.pdf?download=1 ကို တစ်ပါတည်းတင်ဖို့အကြံပေးထားပါတယ်။
.
.
ဘယ်သူတွေကိုခေါ်နိုင်မလဲ?
_____________________
.
အသက် (၂၁) နှစ်ပြည့်ပြီးသား အမေရိကန်နိုင်ငံသားတစ်ယောက်ဟာ
~~ အိမ်ထောက်ဘက် 
~~ သားသမီး 
~~ မိဘ
~~ မောင်နမ တို့ကို ခေါ်ယူနိုင်ပါတယ်။
.
.
.
Form I-130 က ဘာလုပ်ပေးတာလဲ?
___________________________
.
Form I-130 တင်လိုက်ပြီဆိုတာနဲ့ အမေရိကားကိုလာဖို့ အမေရိကန်ပြည်ဝင်ခွင့်ကိုတန်းစီနေသူထဲမှာ စာရင်းတင်သွင်းလိုက်တာနဲ့အတူတူပါပဲ။ ဆိုလိုတာက မြန်မာနိုင်ငံကအမျိုးကိုခေါ်ရင် အရင်ခေါ်ထားတဲ့သူတွေရဲ့နောက်ကနေ တန်းစီစောင့်ဆိုင်းရတဲ့စံနစ်မျိုးထဲမှာှတ်တမ်းဝင်သွားတာဖြစ်ပါတယ်။ လူတန်းကြီးရဲ့ရှေ့ဆုံးရောက်လို့ ကိုယ့်အလှည့်ကျလာပြီဆိုရင် နောက်ကြောင်းစစ်ဆေးခြင်း - Background Check နဲ့ ပြည်ဝင်ခွင့်် - Admission အတွက် သတ်မှတ်ထားတဲ့လိုအပ်ချက် - Requirement တွေ ပြည့်မှီအောင် ပြင်ဆင်ထားဖို့ အချိန်ကိုက်ပြီးမြှောက်ထားဖို့လိုပါတယ်။
.
.
.
ဆွေမျိုးရဲ့မိသားစုကိုကျတော့ဘယ်လိုလုပ်မလဲ?
__________________________________
.
အများစုရဲ့အမှုတွဲတွေမှာ ခေါ်လိုက်တဲ့ဆွေမျိုးတွေရဲ့အိမ်ထောင်ဘက် နဲ့ (၂၁) နှစ်အောက် ကလေးတွေ တစ်ပါတည်း ပြည်ဝင်ခွင့်ရကြပါတယ်။ တကယ်လို့ အဲဒီအိမ်ထောင်ဘက်က  တရားဝင်အကြောင်းတစ်ခုနဲ့  အမေရိကန်နိုင်ငံအတွင်းရောက်နေပြီးသားဆိုရင် Form I-485 (အထက်တွင်ရှင်းပြပြီး) တင်ပြီး ထုတ်ပေးလိုက်တဲ့ဗီဆာအခြေအနေကိုပြောင်းခြင်း - Adjust Status လုပ်ပေးရင် မြန်မာနိုင်ငံကိုတကူးတကပြန်ပြီး သံရုံးမှာအင်တာဗျူးဝင်စရာမလိုပါဘူး။ ဒီနေရာမှာတော့ ခေါ်သူက လာမယ့်သူတစ်ယောက်ချင်းစီအတွက် Form I-130 ရော Form I-485 ကိုပါ တစ်စောင်ချင်းစီတင်ပေးရမှာပါ။
.
မြန်မာတွေကြားလေ့ကြားထမရှိတဲ့ဥပမာတစ်ခုကိုပြောပြချင်ပါတယ်။ ခေါ်သူက ကလေးရှိပြီးသား ယောက်ျား / မိန်းမ တစ်ယောက်ကို လက်ထပ်လိုက်တယ်ဆိုပါတော့ . .။ အဲဒီကလေးဟာ ခေါ်သူရဲ့မွေးစားကလေး - Stepchild အနေနဲ့ သတ်မှတ်ခံရပါတယ်။ မိဘ (၂) ဦးလက်ထပ်တဲ့အချိန်တုန်းက ကလေးဟာ 
(၁)  အသက် (၁၈) နှစ်မကျော်သေးဘူး 
(၂) အိမ်ထောင်ရက်သားမကျသေးဘူး ဆိုရင် ထည့်သွင်းခေါ်ယူလို့ရပါတယ်။ ဒီအခါမ ခေါ်သူက အပေါ်ကပြောခဲ့တဲ့ဖောင် (၂) မျိုးလုံးကို (၂) ဦးစာ သီးသန့်စီခွဲတင်ဖို့လိုပါတယ်။
.
.
.
လျှောက်ပြီးတဲ့အခါ ဆွေမျိုးတွေဘယ်လောက်ကြာရင်လိုက်လာလို့ရမလဲ?
_____________________________________________________
.
မောင်နှမချင်းခေါ်တာကလွဲလို့ တစ်ခြားဆွေမျိုးတွေကိုခေါ်ဖို့ သီးသန့်ကာလတစ်ခုကိုစောင့်ဖို့မလိုပါ။ လာခွင့်ရရင် အသက် (၂၁) နှစ်အောက်သားသမီး က အလိုလိုအကျုံးဝင်ပါတယ်။ ကျတဲ့အခါ လာမယ့်သူက တရားဝင်အကြောင်းတစ်ခုနဲ့ အမေရိကန်နိုင်ငံတွင်းကိုရောက်နေပြီးသားဆိုရင် ဗီဆာအခြေအနေကိုပြောင်းခြင်း - Adjust Status လုပ်ပေးဖို့ Form I-485 ကို ဆက်လက်တင်သွင်းသွားရုံပါပဲ။ 
.
မောင်နှမချင်းခေါ်တဲ့ကိစ္စမှာတော့ (ခွင့်ပြုထားတဲ့ဥပဒေအရလျှောက်ထားသူများတဲ့အတွက်) နှစ်အပိုင်းခြားတစ်ခုကိုစောင့်ရပါတယ် ။။။။။။။။။။ (၁ဝ) နှစ်။။။။။။။။။။
အလှည့်ကျပြီဆိုတဲ့အခါ ခေါ်သူကိုအကြောင်းကြားမှာဖြစ်ပြီး ပြည်ဝင်ဖို့စောင့်ရတဲ့ကာလကြာချိန်ကို ကိုယ်တိုင်လေ့လာချင်ရင်တော့ အမေရိကန်အစိုးရရဲ့တရားဝင်စာမျက်နှာ (Visa Bulletin)  https://travel.state.gov/content/travel/en/legal/visa-law0/visa-bulletin.html မှာ မကြာခဏဝင်ကြည့်ပြီး ရင်ခုန်နိုင်ပါတယ်။ (USCIS ကိုပေးသွင်းရမယ့်ငွေ = ၁၆၅ ဒေါ်လာ)
.
.
.
ပြည်ဝင်မယ့်သူဟာ ခေါ်သူရဲ့အမှုတွဲကျတဲ့အထိ အမေရိကန်ပြည်တွင်းမှာနေထိုင်ပြီးစောင့်လို့ရပါသလား?
____________________________________________________________________________
.
မရပါ။ Form I-130 က တရားဝင်ဆွေမျိုးတော်စပ်မှုကိုသာ စစ်ဆေးတာဖြစ်ပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမ အမေရိကန်နိုင်ငံအတွင်းမှာ ကျောက်ချနေထိုင်ပြီးစောင့်ခိုင်းခွင့်မပေးထားပါဘူး။ ဒါကြောင့် ပြင်ပနိုင်ငံတစ်ခုခုကနေသာ တရားဝင်ခေါ်စာကျအလာကို စောင့်နေဖို့ညွှန်ကြားထားပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ အမှုတွဲကျတဲ့အခါ အမေရိကန်နိုင်ငံတွင်းကိုရောက်နေပြီးသားဆိုရင်သာ ဗီဆာအခြေအနေကိုပြောင်းခြင်း - Adjust Status လုပ်ပေးဖို့ Form I-485 ကို ဆက်လက်တင်သွင်းသွားရုံပါပဲ။ 
.
.
.
ဆွေမျိုးကိုခေါ်သူတစ်ယောက်က ဘာလုပ်ပေးဖို့လိုသလဲ?
_________________________________________
.
လိုပါတယ်။ ဘဏ္ဍာရေးထောက်ခံမှု - Financial Sponsor ပြဖို့ ဥပဒေမှာပြဋ္ဌာန်းထားပါတယ်။ ပြည်ဝင်မယ့်ဆွေမျိုးတွေလာခွင့်ရတော့မယ့်အချိန်ကျရင် ဘဏ္ဍာရေးလုံလောက်ကြောင်းကျမ်းကြိမ်လွှာ - Form I-864 (Affidavit of Support) ဖောင် https://www.uscis.gov/system/files_force/files/form/i-864.pdf?download=1 တင်ဖို့ ညွှန်ကြားတာကိုလိုက်နာရပါလိမ့်မယ်။ အဲဒီအချိန်ကျမ ခေါ်သူက ဘဏ္ဍာရေးအခြေအနေအားနည်းလို့ သတ်မှတ်ချက်ထက်နိမ့်ပါးနေရင်တော့ တစ်ခြားတစ်ယောက်ယောက်ရဲ့ဘဏ္ဍာရေးအခြေအနေ နဲ့ပေါင်းစပ်တင်သွင်းဖို့လိုပါတယ်။ အသေးစိတ်ကို https://www.uscis.gov/sites/default/files/USCIS/Resources/F3en.pdf မှာ အင်္ဂလိပ်လိုဖတ်ရှုနိုင်ပါတယ်။
.
.
.
Green Card ရတုန်းကလျှောက်ပေးထားတာ နိုင်ငံသားဖြစ်သွားတော့ပြောင်းလဲမှုရှိသလား?
_________________________________________________________________
.
Green Card ကိုင်ထားရင်းနိုင်ငံသားဖြေလို့ရသွားတဲ့အခါ ပြည်ဝင်မယ့်သူရဲ့အမှုတွဲက စောင့်ဆိုင်းချိန်ကာလမရှိတော့ဘူးလို့ USCIS ဥပဒေကဆိုပါတယ်။ အဲဒီ နိုင်ငံသားဖြစ်ကြောင်းသက်သေခံစာရွက် - Naturalization or Certificates of Citizenship ကိုထုတ်ပေးလိုက်တဲ့အခါ (နိုင်ငံသားစာမေးပွဲဖြေ၊ အင်တာဗျူးဝင်၊ ကျမ်းကြိမ်၊ လက်မှတ်ထုတ် ပြီးမ) အမေရိကန်အစိုးရအမျိုးသားဗီဆာဋ္ဌာန - NVC [State Department's National Visa Center] ကို အခြေအနေ - Status ပြောင်းပေးဖို့ ဋ္ဌာနချင်းချိတ်ဆက်ထားတယ်လို့ပြောပါတယ်။ ပိုကောင်းတာကတော့ 
National Visa Center
31 Rochester Avenue, Suite 200
Portsmouth, NH 03801-2915 
ကို  နိုင်ငံသားဖြစ်သွားပြီးဆိုတဲ့အကြောင်း အထောက်အထားနဲ့ စာပို့အကြောင်းကြားလိုက်တာက အစိုးရရုံးတစ်ခုနဲ့တစ်ခုကြား နှောင့်နှေးကြန့်ကြာမှုကို ဆယ်ယူနိုင်ပါတယ်။
.
.
အထက်ပါအကြောင်းအရာတွေကိုတစ်နေရာတည်းမှာဖတ်ချင်တယ် . . ဖတ်ရှုပြီး အမေရိကန်ရုံးသုံးအင်္ဂလိပ်စာကိုလေ့လာချင်တယ် . . မိမိတတ်ပြီးသားအင်္ဂလိပ်စာကိုလည်း အမေရိကန်ဗားရှင်းပြောင်းပြီးမြှင့်တင်ချင်တယ်ဆိုရင်တော့ https://travel.state.gov/content/travel/en/us-visas.html လိပ်စာကို ဝင်ရောက်မွှေနှောက်လေ့လာနိုင်ပါတယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။
.
ကိုးကား။။။။။။။။။။ I am a U.S. Citizen A1 (How do I help my relative become a U.S permanent resident?
.
ခင်လျက်
.
ကိုညီညီ (တောင်ကြီး)
09-02-2018



No comments: