ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, May 8, 2018

"မဲနံပါတ္မေပါက္ရင္ ငိုခ်င္တယ္" (2018)

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
. တစ္ႏွစ္မွာ ေမလ တစ္လ၊ ေအာက္တိုဘာလ တစ္လ နဲ႕ ႏိုဝင္ဘာလနားေရာက္လာရင္ ဘယ္သူမွတာဝန္ေပးထားတာမဟုတ္ပဲ အျမဲလုပ္ေနမိတဲ႕ကိစၥတစ္ခုရွိတယ္။ အဲဒါကေတာ႕ အေမရိကားကုိေျပာင္းေရႊ႕ကံစမ္းမဲ - DV (Electronic Diversity Visa Lottery) ထုိးျပီးသားေပါက္မေပါက္စစ္ၾကည္႕တာ၊ ဘယ္အခ်ိန္မွာျပန္ထုိးလို႕ရမလဲလို႕သိခ်င္တာ၊ ဘာေတြလုိျပီး ဘယ္လိုေလွ်ာက္ရမလဲဆုိတာေတြကိုေျဖေပးေနရတာပါပဲ။ သိရွိသူေတြ နဲ႕ ေျဖေပးသမားေတြမ်ားသေလာက္ နားထဲမဝင္တာကိုၾကည္႕ရင္ Facebook ေလာက က ပရိသတ္ေတြထဲမွာ တစ္ႏွစ္ထက္တစ္ႏွစ္ ေလွ်ာက္သူမ်ားျပားလာတာ ျမင္သာေနပါတယ္။
.
. အားမနာတမ္းေျပာရရင္ DV ထုိးရတာဟာ စတိတ္ရွိဳးလက္မွတ္ရလို႕ အထူးတန္းမွာ ေျခကားလက္ကားနဲ႕ ဟန္က်ပန္က်ထုိင္ၾကည္႕ေနရတာမ်ိဳးမဟုတ္ပါဘူး။ ထုိင္ခံုလက္မွတ္မရလို႕ေနာက္ဆံုးတန္းမွာ မတ္တပ္ရပ္ျပီး အသံလည္းေကာင္းေကာင္းမၾကားရ၊ ရုပ္ကလည္းေဝဝါးဝါး၊ ေစာင္႕ရင္းလည္း လည္ပင္းရွည္ရတဲ႕ သီခ်င္းဝါသနာရွင္နဲ႕သိပ္မကြာပါဘူး။
.
.
. အေမရိကန္အစုိးရက လူဘယ္ေလာက္ေပးဝင္မလဲဆုိတာ ႏွစ္တိုင္းစာရင္းထြက္ပါတယ္။ ဒါကို Visa Bulletin စာမ်က္ႏွာမွာ ေပါက္ျပီးသူေတြစစ္လို႕ရေနတာ မၾကာခဏၾကားသိရတယ္။ သူတုိ႕တင္ထားတဲ႕မဲနံပါတ္ - Case Number နဲ႕ အတည္ျပဳနံပါတ္ - Confirmation Number ေတြကိုကိုင္ျပီး ရင္ခုန္သံခ်င္းတူသူေတြၾကားမွာ တစ္ႏွစ္ပတ္လံုးေဆြးေႏြးစရာ၊ ေမးစရာ၊ ျမန္းစရာ ရပ္သြားတယ္မရွိတာ အေမရိကန္ DV ပါပဲ။
.
. "အေမရိကားသြားရတာအရင္လိုမခက္ေတာ႕ဘူး" ဆုိတဲ႕အသိဟာ Facebook မွာ "တစ္ပိုင္တစ္ႏုိင္စာေရးသူေတြမ်ားလာတဲ႕အခ်ိန္" နဲ႕တေျပးညီၾကီးထြားလာပါတယ္။ ဒီထဲက "ေမမွာစစ္ရင္ ေအာက္တုိတင္" ဆိုျပီး ဆုိစကားရွိတဲ႕အထိ ေရပန္းစားလာတာ သိပ္မဆန္းေတာ႕ပါဘူး။ ခက္တာက အခုလို ၾကားကာလမွာ DV ေပါက္ထားသူအခ်င္းခ်င္းၾကားမွာ အေတြ႕အၾကံဳဖလွယ္ရမယ္႕အစား အမွားၾကီး / အမွားေသး အမ်ားအျပားကုိ ဘယ္လုိျပင္ရမလဲဆိုတာနဲ႕အခ်ိန္ကုန္ေနရတာပါ။
.
.
. အၾကားရဆံုးျပသနာေတြထဲကတစ္ခ်ိဳ႕ကိုထုတ္ႏႈတ္ျပရရင္ ေမြးစာရင္းမူရင္းေပ်ာက္တာ၊ မွတ္ပံုတင္ထဲကနာမယ္နဲ႕ေမြးစာရင္းကနာမယ္မတူတာ၊ ေက်ာင္းဝင္တုန္းကအသက္လိမ္ခဲ႕ေတာ႕ (၁ဝ) တန္းေအာင္လက္မွတ္နဲ႕ဆက္စပ္တဲ႕ေနရာမွာ ေမြးေန႕သကၠရာဇ္မွားေနတာ အျပင္ တစ္ခ်ိဳ႕က်ေတာ႕ မဲထုိးတုန္းက လူပ်ိဳ/အပ်ိဳ . . မဲေပါက္ေတာ႕ သတိုးသမီး/သား နဲ႕ေပါင္း ကေလးတြဲေလာင္းျဖစ္ေနတာတုိ႕က ရင္ခုန္ေနတာထက္စာရင္ စိတ္ညစ္စရာေတြၾကံဳရတာေတြက အသံမသာယာ နမူနာေတြ ျဖစ္ပါတယ္။
.
. အခုအခ်ိန္က်မွ ဒါေတြေျပာလို႕ အက်ိဳးမထူးသလို ကိုယ္တစ္ခုခုလုပ္မယ္ဆိုကတည္းက ျမန္မာလိုတင္ရတာမဟုတ္တာနဲ႕ ကိုယ္သြားခ်င္တဲ႕ႏုိင္ငံက အဂၤလိပ္အေရးအသားနဲ႕တိက်စြာစစ္ေဆးတတ္တယ္ဆိုတာကုိသတိခ်ပ္မိရင္ အမွားေတြကုိ ရပ္တန္းကရပ္လိုက္ႏုိင္မွာျဖစ္ပါတယ္။ စာရြက္စာတမ္းေတြမတင္ခင္ နားလည္တတ္ကြ်မ္းသူေတြကုိေမးၾကည္႕၊ ေနာက္ဆံုး ရန္ကုန္က ေရွ႕ေနေလာကမွာ စနည္းနာျပီး ေသခ်ာမွ DV တင္တာမ်ိဳးလုပ္သင္႕ပါတယ္။
.
.
. ေနာက္တစ္ခုက ဓါတ္ပံု။ အေမရိကားကိုထိပ္ဆံုးပို႕လုိက္တဲ႕ဓါတ္ပံုတစ္ပံုဟာ (မယံုမရွိပါနဲ႕) ေသရာပါမယ္႕ ကိုယ္႕ရဲ႕ပံုရိပ္တစ္ခုပါ။ ဒါကုိ အခ်ိန္က်လာလုိ႕ ဘယ္လုိုလုပ္ပါလို႕ေျပာတဲ႕အခါတိုင္း ဖုန္းနဲ႕ရုိက္လို႕မရဘူးလား? ဓါတ္ပံုဆုိင္သြားစရာအထိလိုလို႕လား? သိမ္းထားတဲ႕ဓါတ္ပံုအေဟာင္း သံုးလို႕မရဘူးလား? ဆိုသူေတြကုိ ကြ်န္ေတာ္ျပန္ေျဖေလ႕မရွိပါဘူး။ စိတ္ဓါတ္က်လို႕ပါ။
.
. အခုလည္း အလည္လာျပီးဘယ္လိုေနခဲ႕ရမလဲ? ေက်ာင္းသားဗီဆာျပီးရင္ ဒုကၡသည္ဘယ္လုိေလွ်ာက္လို႕ရမလဲ? ႏိုင္ငံေရးခုိလံႈခြင္႕ဘယ္လိုေတာင္းခံရသလဲ? ဆိုတဲ႕ ေမးလာသူေတြကိုအၾကံေပးခ်င္တာက ၾကံဳဖူးသူ၊ လုပ္ဖူးသူေတြကုိသာ သြားေမးၾကပါ။ ေအးေအးေဆးေဆးေနခ်င္တဲ႕ ကြ်န္ေတာ႕ကိုေရွာင္သြားပါလို႕ အားမနာတမ္းေျပာခ်င္ပါတယ္။
.
.
. ခ်ဳပ္ျပီးေျပာရရင္ "ေမမွာစစ္ရင္ ေအာက္တုိတင္"
. ဒါပါပဲ။ ရွင္းရွင္းေလးပါ။
က်န္တဲ႕ဓါတ္ပံုကိစၥ၊ အခ်က္အလက္ကိစၥ၊ ဘာကိန္းဂဏန္း နဲ႕ ဘာအမည္နာမ ပဲ ထည္႕ထည္႕ မမွားေအာင္ အတန္တန္စစ္ဖို႕ရယ္၊ ေနာင္တစ္ခ်ိန္ေမ႕ေလာက္ေတာ႕မွျပန္စစ္ဖို႕ ပံုႏွိပ္ထုတ္ထားတဲ႕စာရြက္ေတြနဲ႕သိမ္းဖို႕ကုိသာ ကြ်န္ေတာ္အျမဲတုိက္တြန္းပါတယ္။ (ေပါက္မဲမျပည္႕ခဲ႕လွ်င္ စက္တင္ဘာလတြင္ထပ္စစ္ရေသာသာဓကမ်ားရိွခဲ႕ပါသည္)
.
. သုိ႕ပါေသာ္လည္း အသံသာၾကားျပီး အဆုိေတာ္ကုိမၾကည္႕လုိက္ရသလို ေပါက္မဲနံပါတ္ေနာက္က်လို႕ လူေတြ႕အင္တာဗ်ဴး နဲ႕ ျပည္ဝင္ခြင္႕အျငင္းခံရ မရ ဆုိတာကေတာ႕ မုိးနတ္မင္းၾကီးကိုသာ ရက္ခ်ိန္းယူျပီးတက္ေမးၾကပါလို႕ အၾကံျပဳေရးသားလုိက္ပါတယ္။
.
.
"2019 Entrant Status Check: DV-2019 Entrants may enter their confirmation information through the link below starting at noon (EDT) on May 15, 2018" ဆုိတဲ႕ေၾကျငာခ်က္အရ (၂ဝ၁၉) အတြက္ DV တင္ထားသူေတြ ျပန္စစ္ႏုိင္မယ္႕အခ်ိန္ဟာ အေမရိကန္ ဝါရွင္တန္၊ နယူးေယာက္အခ်ိန္ (၂ဝ၁၈) ခုႏွစ္ ေမလ (၁၅) ရက္ေန႕ မြန္းတည္႕အခ်ိန္ျဖစ္ျပီး ရန္ကုန္အခ်ိန္ (၂ဝ၁၈) ခုႏွစ္ ေမလ (၁၅) ရက္ေန႕ ည (၁ဝး၃ဝ) နာရီ ျဖစ္ပါေၾကာင္း ေၾကျငာေမာင္းထုလို႕ ေလွ်ာက္ထားၾကသူအေပါင္း ေပါက္ပါေစေၾကာင္း ေတာင္းဆုျပဳလုိက္ပါတယ္။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 05-08-2018
.
.
Unicode Version:
.
.
. "မဲနံပါတ်မပေါက်ရင် ငိုချင်တယ်" (2018)
. တစ်နှစ်မှာ မေလ တစ်လ၊ အောက်တိုဘာလ တစ်လ နဲ့ နိုဝင်ဘာလနားရောက်လာရင် ဘယ်သူမှတာဝန်ပေးထားတာမဟုတ်ပဲ အမြဲလုပ်နေမိတဲ့ကိစ္စတစ်ခုရှိတယ်။ အဲဒါကတော့ အမေရိကားကိုပြောင်းရွှေ့ကံစမ်းမဲ - DV (Electronic Diversity Visa Lottery) ထိုးပြီးသားပေါက်မပေါက်စစ်ကြည့်တာ၊ ဘယ်အချိန်မှာပြန်ထိုးလို့ရမလဲလို့သိချင်တာ၊ ဘာတွေလိုပြီး ဘယ်လိုလျှောက်ရမလဲဆိုတာတွေကိုဖြေပေးနေရတာပါပဲ။ သိရှိသူတွေ နဲ့ ဖြေပေးသမားတွေများသလောက် နားထဲမဝင်တာကိုကြည့်ရင် Facebook လောက က ပရိသတ်တွေထဲမှာ တစ်နှစ်ထက်တစ်နှစ် လျှောက်သူများပြားလာတာ မြင်သာနေပါတယ်။
.
. အားမနာတမ်းပြောရရင် DV ထိုးရတာဟာ စတိတ်ရှိုးလက်မှတ်ရလို့ အထူးတန်းမှာ ခြေကားလက်ကားနဲ့ ဟန်ကျပန်ကျထိုင်ကြည့်နေရတာမျိုးမဟုတ်ပါဘူး။ ထိုင်ခုံလက်မှတ်မရလို့နောက်ဆုံးတန်းမှာ မတ်တပ်ရပ်ပြီး အသံလည်းကောင်းကောင်းမကြားရ၊ ရုပ်ကလည်းဝေဝါးဝါး၊ စောင့်ရင်းလည်း လည်ပင်းရှည်ရတဲ့ သီချင်းဝါသနာရှင်နဲ့သိပ်မကွာပါဘူး။
.
.
. အမေရိကန်အစိုးရက လူဘယ်လောက်ပေးဝင်မလဲဆိုတာ နှစ်တိုင်းစာရင်းထွက်ပါတယ်။ ဒါကို Visa Bulletin စာမျက်နှာမှာ ပေါက်ပြီးသူတွေစစ်လို့ရနေတာ မကြာခဏကြားသိရတယ်။ သူတို့တင်ထားတဲ့မဲနံပါတ် - Case Number နဲ့ အတည်ပြုနံပါတ် - Confirmation Number တွေကိုကိုင်ပြီး ရင်ခုန်သံချင်းတူသူတွေကြားမှာ တစ်နှစ်ပတ်လုံးဆွေးနွေးစရာ၊ မေးစရာ၊ မြန်းစရာ ရပ်သွားတယ်မရှိတာ အမေရိကန် DV ပါပဲ။
.
. "အမေရိကားသွားရတာအရင်လိုမခက်တော့ဘူး" ဆိုတဲ့အသိဟာ Facebook မှာ "တစ်ပိုင်တစ်နိုင်စာရေးသူတွေများလာတဲ့အချိန်" နဲ့တပြေးညီကြီးထွားလာပါတယ်။ ဒီထဲက "မေမှာစစ်ရင် အောက်တိုတင်" ဆိုပြီး ဆိုစကားရှိတဲ့အထိ ရေပန်းစားလာတာ သိပ်မဆန်းတော့ပါဘူး။ ခက်တာက အခုလို ကြားကာလမှာ DV ပေါက်ထားသူအချင်းချင်းကြားမှာ အတွေ့အကြုံဖလှယ်ရမယ့်အစား အမှားကြီး / အမှားသေး အများအပြားကို ဘယ်လိုပြင်ရမလဲဆိုတာနဲ့အချိန်ကုန်နေရတာပါ။
.
.
. အကြားရဆုံးပြသနာတွေထဲကတစ်ချို့ကိုထုတ်နှုတ်ပြရရင် မွေးစာရင်းမူရင်းပျောက်တာ၊ မှတ်ပုံတင်ထဲကနာမယ်နဲ့မွေးစာရင်းကနာမယ်မတူတာ၊ ကျောင်းဝင်တုန်းကအသက်လိမ်ခဲ့တော့ (၁ဝ) တန်းအောင်လက်မှတ်နဲ့ဆက်စပ်တဲ့နေရာမှာ မွေးနေ့သက္ကရာဇ်မှားနေတာ အပြင် တစ်ချို့ကျတော့ မဲထိုးတုန်းက လူပျို/အပျို . . မဲပေါက်တော့ သတိုးသမီး/သား နဲ့ပေါင်း ကလေးတွဲလောင်းဖြစ်နေတာတို့က ရင်ခုန်နေတာထက်စာရင် စိတ်ညစ်စရာတွေကြုံရတာတွေက အသံမသာယာ နမူနာတွေ ဖြစ်ပါတယ်။
.
. အခုအချိန်ကျမှ ဒါတွေပြောလို့ အကျိုးမထူးသလို ကိုယ်တစ်ခုခုလုပ်မယ်ဆိုကတည်းက မြန်မာလိုတင်ရတာမဟုတ်တာနဲ့ ကိုယ်သွားချင်တဲ့နိုင်ငံက အင်္ဂလိပ်အရေးအသားနဲ့တိကျစွာစစ်ဆေးတတ်တယ်ဆိုတာကိုသတိချပ်မိရင် အမှားတွေကို ရပ်တန်းကရပ်လိုက်နိုင်မှာဖြစ်ပါတယ်။ စာရွက်စာတမ်းတွေမတင်ခင် နားလည်တတ်ကျွမ်းသူတွေကိုမေးကြည့်၊ နောက်ဆုံး ရန်ကုန်က ရှေ့နေလောကမှာ စနည်းနာပြီး သေချာမှ DV တင်တာမျိုးလုပ်သင့်ပါတယ်။
.
.
. နောက်တစ်ခုက ဓါတ်ပုံ။ အမေရိကားကိုထိပ်ဆုံးပို့လိုက်တဲ့ဓါတ်ပုံတစ်ပုံဟာ (မယုံမရှိပါနဲ့) သေရာပါမယ့် ကိုယ့်ရဲ့ပုံရိပ်တစ်ခုပါ။ ဒါကို အချိန်ကျလာလို့ ဘယ်လိုုလုပ်ပါလို့ပြောတဲ့အခါတိုင်း ဖုန်းနဲ့ရိုက်လို့မရဘူးလား? ဓါတ်ပုံဆိုင်သွားစရာအထိလိုလို့လား? သိမ်းထားတဲ့ဓါတ်ပုံအဟောင်း သုံးလို့မရဘူးလား? ဆိုသူတွေကို ကျွန်တော်ပြန်ဖြေလေ့မရှိပါဘူး။ စိတ်ဓါတ်ကျလို့ပါ။
.
. အခုလည်း အလည်လာပြီးဘယ်လိုနေခဲ့ရမလဲ? ကျောင်းသားဗီဆာပြီးရင် ဒုက္ခသည်ဘယ်လိုလျှောက်လို့ရမလဲ? နိုင်ငံရေးခိုလှုံခွင့်ဘယ်လိုတောင်းခံရသလဲ? ဆိုတဲ့ မေးလာသူတွေကိုအကြံပေးချင်တာက ကြုံဖူးသူ၊ လုပ်ဖူးသူတွေကိုသာ သွားမေးကြပါ။ အေးအေးဆေးဆေးနေချင်တဲ့ ကျွန်တော့ကိုရှောင်သွားပါလို့ အားမနာတမ်းပြောချင်ပါတယ်။
.
.
. ချုပ်ပြီးပြောရရင် "မေမှာစစ်ရင် အောက်တိုတင်"
. ဒါပါပဲ။ ရှင်းရှင်းလေးပါ။
ကျန်တဲ့ဓါတ်ပုံကိစ္စ၊ အချက်အလက်ကိစ္စ၊ ဘာကိန်းဂဏန်း နဲ့ ဘာအမည်နာမ ပဲ ထည့်ထည့် မမှားအောင် အတန်တန်စစ်ဖို့ရယ်၊ နောင်တစ်ချိန်မေ့လောက်တော့မှပြန်စစ်ဖို့ ပုံနှိပ်ထုတ်ထားတဲ့စာရွက်တွေနဲ့သိမ်းဖို့ကိုသာ ကျွန်တော်အမြဲတိုက်တွန်းပါတယ်။ (ပေါက်မဲမပြည့်ခဲ့လျှင် စက်တင်ဘာလတွင်ထပ်စစ်ရသောသာဓကများရှိခဲ့ပါသည်)
.
. သို့ပါသော်လည်း အသံသာကြားပြီး အဆိုတော်ကိုမကြည့်လိုက်ရသလို ပေါက်မဲနံပါတ်နောက်ကျလို့ လူတွေ့အင်တာဗျူး နဲ့ ပြည်ဝင်ခွင့်အငြင်းခံရ မရ ဆိုတာကတော့ မိုးနတ်မင်းကြီးကိုသာ ရက်ချိန်းယူပြီးတက်မေးကြပါလို့ အကြံပြုရေးသားလိုက်ပါတယ်။
.
.
"2019 Entrant Status Check: DV-2019 Entrants may enter their confirmation information through the link below starting at noon (EDT) on May 15, 2018" ဆိုတဲ့ကြေငြာချက်အရ (၂ဝ၁၉) အတွက် DV တင်ထားသူတွေ ပြန်စစ်နိုင်မယ့်အချိန်ဟာ အမေရိကန် ဝါရှင်တန်၊ နယူးယောက်အချိန် (၂ဝ၁၈) ခုနှစ် မေလ (၁၅) ရက်နေ့ မွန်းတည့်အချိန်ဖြစ်ပြီး ရန်ကုန်အချိန် (၂ဝ၁၈) ခုနှစ် မေလ (၁၅) ရက်နေ့ ည (၁ဝး၃ဝ) နာရီ ဖြစ်ပါကြောင်း ကြေငြာမောင်းထုလို့ လျှောက်ထားကြသူအပေါင်း ပေါက်ပါစေကြောင်း တောင်းဆုပြုလိုက်ပါတယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 05-08-2018

No comments: