ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, April 5, 2014

ဒီနေရာကပြောရင် ခရိုနီတွေကြားမှာလား

ပရဟိတ ဆောင်ရွက်ကြ ။


               
                ရှေးရောမခေတ်က စတင်မွေးဖွားခဲ့ပြီး ( ၁၈ ) ရာစုနှစ်ကျမှ လန်ဒန်အော့စဖို့အင်္ဂလိပ်အဘိဓာန်မှာ စာရင်းဝင်ခဲ့တဲ့ စာလုံးတစ်လုံးဟာ ဘာဖြစ်လို့ မြန်မာနိုင်ငံမှာ ( ၂ဝ ) ရာစုနှစ်ကျမှ အင်မတန်ခေတ်စားလာခဲ့ပါသလဲ ၊ အဆိုပါ “ ခရိုနီ ” ဆိုတဲ့ အသုံးအနှုန်းကိုကြားလိုက်သူတိုင်း အော့နှလုံးနာကြရလောက်အောင် သူတို့ဘာတွေလုပ်ခဲ့ပါသလဲ ၊ ဘယ်လိုရပ်တည်ခဲ့ပါသလဲ ၊ ရှေ့ဆက်ဘာတွေဆက်လုပ်သင့်ပါသလဲ စတဲ့ မေးခွန်းတွေကို မြန်မာပြည်သူတွေ မေ့နေကြပါတယ် ၊ စာရေးသူတို့မြန်မာလူမျိုးရှေးရိုးစိတ်ခံအရ ချစ်ရင် တစ်သက်လုံး မုန်းပြီဆို စကားတောင်မပြောချင်ဘူး ဆိုသလို အရေးမလုပ်ခဲ့ရတော့တဲ့ ခရိုနီတွေကတော့ ဘာမှမဖြစ်သလို သူတို့ဘာမှမလုပ်ခဲ့သလိုလို အေးအေးဆေးဆေး နတ်သုဒ္ဓါ ယပ်ခတ်စားနေကြတာတွေ့ရပါတယ် ၊ အကြောင်းရင်းခံက လောင်းကစားစကားနဲ့ပြောရရင် သူတို့မှာ ရမ်းစရာ “ ဒုတ် ” ရှိနေလို့ပါ ၊ စုမိဆောင်းမိ စိမ်းပုပ်ရောင်ငွေပြာပြာတွေရှိနေလို့ပါ ၊ ကဲ ကျွန်တော်တို့ ဒီကာလာစုံငွေတွေကို သူတို့ဘယ်လိုအကျိုးရှိရှိုအသုံးချသင့်သလဲ ပြည်သူ့ကိုယ်စားဆွေးနွေးကြည့်ရအောင် ၊ ဒီနေရာကနေပြောရင် ခရိုနီတွေကြားမှာလား ။



မြန်မာနိုင်ငံမှာ တစ်ပါတီအာဏာရှင်စံနစ်အတွင်းမှာခြေကုပ်ယူခဲ့တဲ့ ခရီုနီဝါဒ-Cronyism အရ ငွေကြေးစည်းစိမ်ဥစ္စာများ မတရားရယူလိုသူ အုပ်ချုပ်သူလူ့ထိပ်သီးတစ်ချို့ဟာ နာမည်ခံအဖြစ်ရော နာမည်ပေါက်အဖြစ်ပါ ခိုင်းရာနေ စေရာသွား လူတန်းစားတစ်ရပ်ကို ရှာဖွေခဲ့ကြတယ်ဆိုတာ မငြင်းကြပါနဲ့ ၊ တစ်ချိန်တည်းမှာပဲ မကင်းရာမကင်းကြောင်းကနေ အကြောင်းပါပြီး အဆိုပါ နိုင်ငံပိုင်ပစ္စည်း မိမိပိုင်ပြုရေး “ ယူကြမ်းကား ” တွေအလိုကျ လိုက်ပါဆောင်ရွက်ပေးတဲ့အခါ ပုလင်းထဲကထန်းလျက်ကို လက်နဲ့ခဲထားတဲ့မျောက်လို တို့လို့တန်းလန်းဖြစ်လျက် ၁ ရာခိုင်နှုန်းသော ခရိုနီတွေကို လက်ပူးလက်ကြပ်မိပါပြီ ၊ ဘတ်ဂွတစ်ချောင်းတောင်မပိုင်တဲ့ ရှေးဘိုးဘွားပိုင် သံယံဇာတတွေကို တူမီးကိုင်တူညီဝတ်စုံဝတ်အင်စားစုအားကိုးနဲ့ ဦးသူယူစတမ်း မိုက်မိမိုက်မဲကျင့်ကြံခဲ့တဲ့ စိမ်းရင့်ရောင်လက်ပါးစေ လူတစ်စုရဲ့ အားစိုက်ကြိုးပမ်းမှုကြောင့် အချိန်မရွေး “ ငွေဖြစ်လွယ် ငွေဖော်လွယ် ရွှေရည်ကျိုလွယ် “ တဲ့ မိမွေးတိုင်း ဖမွေးတိုင်း မြန်မာ့အရင်းအနှီးတွေဟာ နိုင်ငံရပ်ခြားကို မသိလိုက်ဖာသာ ထုတ်ယူခြင်းခံလိုက်ကြရပါပြီ ၊ တော်သေးတာပေါ့ ကျွန်တော်တို့ပြောရမယ့်လူတွေက ကံ ကံ၏အကျိုးကိုယုံတဲ့နိုင်ငံတွင်းမှာ အသက်ထင်ရှားရှိနေသေးလို့ ။

Tuesday, April 1, 2014

ကျွန်တော်တက်ချင်တဲ့ကျောင်း ကျွန်တော့သားတက်နေပြီ



             
                    သံရုံးကိုဖုန်းဆက်တော့ အင်္ဂလိပ်အသံနဲ့ ဘိုတစ်ယောက်ဖုန်းကိုင်တယ် ၊ သူဘာလုပ်ပေးရမလဲလို့မေးတယ် ၊ ကျွန်တော် က အမေရိကားသွားဖို့ ဖောင်တင်ချင်ပါတယ်လို့ အင်္ဂလိပ်လိုပြန်ပြောလိုက်တယ် ၊ သူကဆက်ပြီး ဒါဆိုရင် ( ၂ ) စက္ကန့်စောင့်ပါ လို့ဆိုပြီး ဖုန်းလိုင်းလွှဲပေးပါတယ် ၊ တကယ်ပဲ ( ၂ ) စက္ကန့်အကြာမှာ မြန်မာဝန်ထမ်းတစ်ယောက်လာကိုင်ပြီး ဖေါင်က ဒီအတိုင်းယူလို့မရဘူး ၊ ဟိုဘက်နိုင်ငံကခေါ်စာရပြီး သံရုံးကိုပို့လာတော့မှ ဖေါင်လာထုတ်လို့ရတာ ၊ သံရုံးနဲ့ဆက်သွယ်ဖို့က နောက်ပိုင်းအဆင့်ပါ လို့ရှင်းပြတယ် ၊ ဟုတ်တယ် အမေရိကားမှာ အစ်မ ရှိတယ် ၊ သူ့ဆီသွားပြီးကျောင်းတက်ချင်လို့ပါ လို့ ကျွန်တော်က ပြောတော့ အစ်မကိုခေါ်ဖို့ဆက်သွယ်ပါ လို့ကောင်းကောင်းမွန်မွန်ရှင်းပြပြီးဖုန်းချသွားပါတယ် ၊ ဒီအဖြစ်အပျက်တွေက ရန်ကုန်ကြိုးဖုန်းတွေ ဂဏန်း ( ၆ ) လုံးမဖြစ်ခင် နံပါတ် ( ၅ ) လုံးခေတ် ၁၉၉ဝ ခုနှစ်အမေရိကန်သံရုံး ကုန်သည်လမ်းနေရာဟောင်းကတည်းက ဖြစ်ရပ်လေးတစ်ခုကို ပြောပြခြင်းဖြစ်ပါတယ် ၊ တစ်ကယ်တမ်း အင်္ဂလိပ်စာသင်တဲ့ကျောင်းတက်ချင်တာ ငယ်ငယ် ( ၈ ) တန်း ကတည်းကပေမယ့် တက်ခွင့်မရခဲ့ပါ ။