ကျွန်တော် #Refugee အကြောင်း အရေးကောင်းလို့ လာလာမေးကြတယ်။ နယ်စပ်မှာရောက်နေတဲ့ တော်လှန်ရေးလူငယ်လေးတွေကို ဘယ်လိုမြင်သလဲ တဲ့။ ဒီကိစ္စက လူသားဆန်ဆန် စဉ်းစားမှရမယ်။ စီးပွားရေးလို စဉ်းစားရင် ခရိုနီ ဖြစ်သွားမယ်။ ပေါ်လစီနဲ့ စဉ်းစားရင် မြန်မာ့လမ်းစဉ်ပါတီလို ဖြစ်သွားမယ်။ နိုင်ငံရေးလို စဉ်းစားရင် တကိုယ်တော်ကောင်းစားရေးအတွက် အာဏာသိမ်းတဲ့ စိဥစုတ်လို ဖြစ်သွားမယ်။
မေးပါရစေအုံး။ ဘယ်သူက အာဏာပိုင်လို့ ဘယ်သူက အာဏာလုသွားတာတုန်း။ ရှင်းရှင်းကြီးနော်။ လုံးဝ အရှင်းကြီး။ ပြည်သူပိုင်တဲ့ အာဏာကို စိဥစုပ်က လုသွားတာ။ စိဥစုပ်က မတရားတဲ့ ဥပဒေတွေ ထုတ်ပြီး လူတွေကို လိုက်ဖမ်းတာ။ ပြေးနေရတာတွေက ပြည့်သူ့အာဏာသက်ရောက်တဲ့ ပြည်သူထဲက ပြည်သူတွေ။ အာဏာကိုတကယ်ပိုင်တဲ့ "အာဏာအရှင်သခင်" တွေ။
ဒါကို လှန်ထားတဲ့ပန်းကန်ပြားထဲက အမှန်တရားကို မှောက်လိုမှောက်၊ ပြည်သူပေးထားတဲ့ ရွေးကောက်ပွဲမဲပြားတွေကို ပွဲရှုံးလို့ လှန်ချင်သလိုလှန်၊ လူတွေလိုက်သတ်၊ အလောင်းဖျောက်၊ ရင်ဘတ်ကို Zip တပ်၊ ဝရမ်းပါသူ အိမ်မှာ မမိရင် အိမ်မှာရှိတဲ့ ထီးထီးမမ အကုန်မချသွားတာ ဘယ်သူမှ မလိုချင်တဲ့ "အသားလွတ်ကောင်တွေ"
ပြောပါအုံး။ ဒီလို ဘာသမာဓိ၊ ဘာသိက္ခာ၊ ဘာကျင့်ဝတ်၊ ဘယ်လူ့အခွင့်အရေးကိုမှ မလေးစား "ဘာမဆိုလုပ်ရဲတယ်" ဆိုတဲ့ စိဥစုပ် ချီးဘိနပ်အောက်မှာ အနင်းခံ အဖိခံနေရရုံမက သူတို့ မတရားဖမ်းချင်သပ လာဖမ်းကြဆိုပြီး လေသာဆောင်မှာ စွပ်ကျယ်ချိုင်းပြတ်လေးနဲ့ ထိုင်စောင့်နေခိုင်းရမှာလား။
ဒီမှာ ဂျန်းမျိုးဆက် မျိုးစုံ၊ အွန်လိုင်းက ကီးဘုတ်ရဲဘော်အလွှာစုံ၊ ပညာတတ်မျိုးရိုး၊ အနုပညာမျိုးရိုး၊ ဆေးလောက၊ ပညာရှင်လောက . . ကဲကွာ . . စိဥစုပ်ကို ဆန့်ကျင်တဲ့ တော်လှန်ဖော် တော်လှန်ဖက်တွေ ဘယ်ပြေးပြေး လွတ်အောင်သာ ပြေး။ ပြေးနေသမျှ ဝမ်းသာတယ်။