ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ
My Blog List
Friday, March 8, 2019
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
          "π Day" ဆိုတာ သင်္ချာသင်္ကေတ "π" ကို မမေ့လျော့ရလေအောင် ကမ္ဘာအရပ်ရပ်မှာကျင်းပတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ တိတိကျကျပြောရရင်တော့ သင်္ချာတို့ရဲ့ရှေးရိုးတီထွင်နိုင်ခဲ့မှုတွေထဲကတစ်ခုဖြစ်တဲ့ စက်ဝိုင်းတစ်ခုရဲ့ပတ်လည်အနားနဲ့အချင်းဝက်တို့ရဲ့အချိုးဖြစ်ပါတယ်။
         ဆန်ဖရန်စစ္စကိုပြတိုက်တစ်ခုရဲ့မှတ်တမ်းအရ ဒီလိုသင်္ချာအမှတ်တရနေ့ " π Day" ကို (၁၉၈၈) ခုနှစ်မှာ အမေရိကန်ရူပဗေဒပညာရှင် လောရင့်အင်ရှောက စာလုံးထွင်းမှတ်တမ်းတင်ထားခဲ့တယ်လို့သိရပါတယ်။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
03-08-2019
Unicode Version:
 "ပိုင်းဝေနဲ့ပိုင်းခြေတို့ရဲ့ချစ်ခြင်း (π)"
          "π Day" ဆိုတာ သချင်္ာသင်္ကေတ "π" ကို မမေ့လျော့ရလေအောင် ကမ​္ဘာအရပ်ရပ်မှာကျင်းပတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ တိတိကျကျပြောရရင်တော့ သချင်္ာတို့ရဲ့ရှေးရိုးတီထွင်နိုင်ခဲ့မှုတွေထဲကတစ်ခုဖြစ်တဲ့ စက်ဝိုင်းတစ်ခုရဲ့ပတ်လည်အနားနဲ့အချင်းဝက်တို့ရဲ့အချိုးဖြစ်ပါတယ်။
          ဒါကို ထိပ်ဆုံးတွက်ချက်ပြီး ကိန်းသေတစ်ခုအဖြစ်သတ်မှတ်နိုင်ခဲ့သူက သချင်္ာ နဲ့အတွေးအခေါ်ပညာရှင် အာခိမိဒီးစ်-Archimedes ဖြစ်ပါတယ်။ ဒီကိန်းဂဏန်းရဲ့ထူးခြားချက်က Rounding-အနားမလုံးသမျှအဆုံးမသတ်နိုင်တဲ့ဆက်တန်းရှည်ကိန်းတစ်ခုဖြစ်နေတာပါ။
          ဒါကို အတိုကောက်လိုက်တော့ အနီးစပ်ဆုံးကိန်းပြည့်နဲ့ဒဿမ (၂) လုံးကိုယူလိုက်ရင် "3.14" ရတာကြောင့် အင်္ဂလိပ်လို မတ်လ (၁၄) ရက်နေ့ကို "ပိုင်နေ့-π Day (ဖိုင်ဒေး)" ဆိုပြီး ကျင်းပနေကြတာဖြစ်ပါတယ်။
          ဆန်ဖရန်စစ္စကိုပြတိုက်တစ်ခုရဲ့မှတ်တမ်းအရ ဒီလိုသချင်္ာအမှတ်တရနေ့ " π Day" ကို (၁၉၈၈) ခုနှစ်မှာ အမေရိကန်ရူပဗေဒပညာရှင် လောရင့်အင်ရှောက စာလုံးထွင်းမှတ်တမ်းတင်ထားခဲ့တယ်လို့သိရပါတယ်။
          ငယ်ငယ်တုန်းကသင်ခဲ့ဖူးတဲ့သချင်္ာကိုမမှတ်မိရင်နေ၊ မိတ်ဆွေတို့ရဲ့ငယ်ဘဝအတန်းထဲကသချင်္ာစာသင်သားသူငယ်ချင်းတွေကိုမေ့ချင်မေ့လိုက်ကြပါစေ၊ သို့သော် (22) ကို (7) နဲ့ စားကြည့်ပါ (ဆင်တူအပိုင်းကိန်းနမူနာများစွာရှိပါသည်)။ ပိုင်းဝေနဲ့ပိုင်းခြေတို့ရဲ့မပြတ်သားနိုင်တဲ့ချစ်ခြင်းမေတ္တာကို စာလုံးရေ တစ်သောင်း၊ တစ်သိန်း၊ တစ်သန်းတို့ထက်မကတဲ့ "3.14285714286" ထက်ပိုမိုရှည်လျားတဲ့ဂဏန်းအတွဲကြီးကိုသာရပါလိမ့်မယ်။
          ဆိုလိုတာက "3.14" လို့အများလက်ခံတွက်ချက်နေရတဲ့ "π" ဟာ အပေါ်က စီးမိုးနေတဲ့ပိုင်းဝေ နဲ့ အောက်ကမျှော်လင့်နေတဲ့ ပိုင်းခြေတို့ရဲ့မခွဲနိုင်မခွာရက်အမျှင်အတန်းတွေကြောင့် ဘယ်လိုစားစားမပြတ်သားတဲ့အဖြေကိုရနေတာကို ချစ်သူတွေရဲ့သံယောဇဉ်နဲ့ကျွန်တော်ကတော့ တင်စားရေးမိနေလို့ ချစ်သူများနေ့ရဲ့နောက် (၁)လအချိန်ကာလအရောက်မှာ လက်တို့ချင်မိနေတာဖြစ်ပါတယ်။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
03-08-2019
No comments: