“
စွမ်း ” အကြောင်းပြောတာပါ ၊ သူ့ကို စာတော်တယ်/တော်တယ်ဆိုပြီး လွှတ်ထားတာ ၊ အိမ်မှာလူစောင့်မရှိရင်
စည်းကမ်းပျက်ချင်တယ် ၊ အကျင့်ပျက်ချင်တယ်ဆိုလို့ အထင်မှားစရာမျိုးမဟုတ်ပါဘူး ၊ အဲဒါမျိုးကတော့
ဘယ်လိုမှ အဖြစ်မခံနိုင်ဘူး ၊ ဟိုးအရင်ကတည်းက သူ့ကို အိမ်ရောက်တာနဲ့ အဝတ်အစားလဲ /ရေသောက်/အကျီင်္လဲ
/အိမ်စာလုပ်/ထမင်းစား/မြန်မာစာရိုက်/ပရင်တာနဲ့စာရွက်ထုတ်စရာရှိထုတ် - ပြီးမှ ဂိမ်း
ကစားလို့မှာထားတာ ၊ သချာင်္ဖတ်စာအုပ်က ၁၆ ပေါင်လောက်လေးတယ် ၊ စာအုပ်ကိုအွန်လိုင်းမှာတင်ပေးထားတော့
ကျောင်းသွား ကျောင်းပြန် မသယ်ချင်နဲ့အကြိုက်ဖြစ်နေတယ် ၊ ပြီးတော့ တွက်နည်းမသိရင် နည်းလမ်းပြောပြ-Hint
ပေးတဲ့ ပရိုဂရမ်လဲပါတော့ သူမသိရင် ကွန်ပျူတာ က ကူပေးတယ် ၊ ဒါနဲ့ကို အခွင့်ကောင်းယူနေတာလေ
၊ အိမ်စာလုပ်ဖို့ ကွန်ပျူတာ ပေးမသုံးလို့မရတာက အကြောင်းရင်းတစ်ခုအပါအဝင်ပါ ။
အမေရိကရောက် ပြောင်းရွှေ့မြန်မာမိသားစုတွေရဲ့သားသမီးတွေကိုယ်တိုင်
အပြင်ဆိုတာ မိဘ တစ်ယောက်ယောက် က လိုက်ပို့မှရောက်တာဆိုတော့ အိမ်မှာဘဲ နေကြရတယ် ၊ တော်ရုံတန်ရုံဆို
အပြင်မလိုက်ချင်တာနဲ့ဘဲ နောက်တော့မိဘတွေက မခေါ်သွားဖြစ်တော့ဘူး ၊ မြန်မာနိုင်ငံက ကျောင်းသားလေးတွေမှ ဂိမ်းကစားတာမဟုတ်ဘူး
၊ အွန်လိုင်း ဂိမ်း ရဲ့ သဘာဝကိုက အုပ်စုဖွဲ့ပြီး ဝိုင်းအော်ဟစ်ကစားကြတာမလား ၊ ကီးဘုတ်ကို
ဆက်တိုက်နှိပ်နေတာ ငှက်ပျောသီးလေးတစ်လုံးတောင်လက်က ကိုင်မစားနိုင်ဘူး ၊ ဘာပြောလိုက်ပြောလိုက်
“ ခနလေး - ခနလေး ” ဆိုပြီး လက်က ကီးဘုတ်ပေါ်က မလွှတ်နိုင်တော့ နောက်တော့ သူလုပ်ရမှာ
မေ့သွားရော ၊ ဒီလိုဆက်လွှတ်ထားရင် ဂိမ်းစွဲပြီး စာဖက်ကိုလွတ်သွားလိမ့်မယ် - မရဘူးလေ ။
မိဘတွေက အလုပ်သာသွားနေရတယ်
- ကလေးကိုအိမ်မှာထားခဲ့ရတာစိတ်မချဘူး ၊ အလုပ်ခနနားတဲ့အချိန်-Break မှာ ဖုန်းဆက်ပြီးလှမ်းစစ်နေကျ
၊ အရှေ့တစ်ပတ်တုန်းကစ သူ့ကိုမှာထားတဲ့ အိမ်စာစောစောလုပ်ဆိုတာ သူက မလုပ်ဘူး ၊ ဆရာတော်ဦးဇောတိက
စာအုပ်ထဲက စာပိုဒ်တစ်ပိုဒ်ကို ကွန်ပျူတာနဲ့ စာရိုက်ပြီးပို့လာဆိုတာလဲ မလုပ်ဘူး ၊ သူ့ကို
သေသေချာချာမှာထားပြီးသားကိုမှ မလုပ်လို့ တော်တော်ဆူထားသေးတယ် ၊ ဖြစ်ချင်တော့ မနေ့က
မြန်မာစာရိုက်ပြီး အီးမေးလ်မပို့လာဘူးလေ ၊ အဲဒါနဲ့ဖုန်းထဲမှာ “ မင်း … သတိထား - အိမ်ရောက်ရင် .. တွေ့မယ် “ ဆိုပြီး ဖုန်းချလိုက်တာ
သူအရမ်းလန့်သွားပြီး အိမ်ပြန်ရောက်တော့ ခုံပေါ်မှာ စာတစ်စောင်တွေ့တယ် ။
ခက်တာက စွမ်း က မြန်မာလိုလက်ရေးနဲ့မရေးတတ်တော့ဘူး
၊ လက်ကွက်နဲ့ဆို ကူးရေးတတ်တာတောင် တော်တော်မောင်းထားလို့ ၊ ဒီနိုင်ငံကို မလာခင် ကလေးတွေကို
အင်္ဂလိပ်စာဖိသင်တဲ့မိဘတွေ ၊ ကိုယ့်ကလေးက ILBC လို အင်္ဂလိပ်ကျောင်းထားလို့ လူကြားထဲမှာ
အင်္ဂလိပ်လို တစ်လုံးစ နှစ်လုံးစ ပြောရင် ဝမ်းသာလုံးဆို့နေတဲ့မိဘတွေ ကို မေးကြည့်ချင်ပါတယ်
၊ အချိန်တစ်ခုရောက်လို့ မြန်မာစာ မေ့သွားရင် ဘယ်လိုလုပ်ကြမတုန်းလို့ ၊ စာကတော့ရိုးရိုးလေးပါဘဲ
၊ စာထဲမှာသုံးနှုန်းထားတာက အခြေခံအင်္ဂလိပ်-Simple English တွေပါ ၊ အခြေခံကသင်ခဲ့ရတော့
ရေးသားပုံတွေကမတူတာကို မြန်မာနိုင်ငံသား ကျောင်းသားလူထုတွေကိုမျှဝေချင်လို့
စေတနာထက်သန်စွာနဲ့ မြန်မာဘာသာအကျဉ်းပြန်ပြီးဖော်ပြလိုက်ပါတယ် ။ ( ဝန်ခံချက် ။ ။ စာရေးသူ မြန်မာနိုင်ငံ ( ၈ ) တန်းကျောင်းသားဘဝ
မှာ ဒီလိုအင်္ဂလိပ်စာမရေးတတ်ခဲ့ပါ - အခုလဲ ခက်နေပါသေးသည် ။ )
Papa, I would like
to apologize for what has been happening in the last few weeks. When I get
home, my mood just changes completely. I go from being energetic to being
tired. I just randomly go on my computer and waste a lot of time. This leads to
me doing my homework later. I know I need to fix but it is pretty hard. That is
why I suggested me taking a nap. I was hoping I could regain some energy from
it. Your plan with the tablet might work. It makes me getting distracted a lot
harder. If I do need to use a computer, I can just use yours ( if it is there )
or mom's. I need to get myself out of this circle of procrastination > HW
late > sleep late and then all tired again. I'm giving to try and fix this.
Let me try to do it by myself ( if possible with the tablet ) then if you see
no progress, you can step in. I didn't finish banana because I have “ အပူဖု “.
( ဘာသာပြန် )
ပါပါးရေ ၊ ပြီးခဲ့တဲ့ အပတ်လောက်တုန်းကဖြစ်ပျက်ခဲ့တာတွေအတွက်တောင်းပန်ချင်လို့ပါ
၊ အိမ်ပြန်ရောက်တာနဲ့ သားစိတ်က အရှိန်ကျကျသွားတယ် ၊ စိတ်ပါလက်ပါလှုပ်ရှားခဲ့သမျှ ပင်ပန်းလို့ပါ
၊ ပြီးတော့ ကွန်ပျူတာရှေ့ရောက်ရောက်သွားပြီး အချိန်တွေကုန်ကုန်သွားတယ် ၊ ဒါတာကြောင့်
အိမ်စာနောက်ကျရတယ် ၊ ပြင်ရမယ်ဆိုတာသိပေမယ့် တော်တော့ကိုခက်နေပါတယ်ဗျာ ၊ ဒါကြောင့် တစ်ရေးလောက်အိပ်လိုက်ရင်
အားပြန်ပြည့်မလားလို့ အကြံရပါတယ် ၊ ပါပါးပြောတဲ့ အိမ်စာကို Tablet နဲ့လုပ် ( ကွန်ပျူတာမဖွင့်ဘဲနဲ့
) ဆိုတဲ့အစီအစဉ်က အလုပ်ဖြစ်မယ်ထင်တယ် ( ကောင်းမယ်ထင်တယ် ) ၊ ဘာလုပ်လို့ဘာကိုင်နေမှန်းမသိတဲ့စိတ်တော်တော်လျော့သွားမယ်ထင်ပါတယ်
၊ တကယ်လို့ ကွန်ပျူတာသုံးဖို့လိုအပ်လာရင် လူကြီးကွန်ပျူတာတွေသုံးရင်လဲ ရပါတယ် ၊ ဒါမှ
အဓိကကျတာကိုမလုပ်ဘဲ အရေးမကြီးတာကိုဖိလုပ်မိနေမိတဲ့ အိမ်စာလုပ်နောက်ကျတာ ၊ အိပ်ရာဝင်နောက်ကျတာ
၊ ပင်ပန်းနွမ်းနယ်တာ ဆိုတဲ့ စက်ဝိုင်းကြီးထဲက ရုန်းထွက်နိုင်ပါလိမ့်မယ် ၊ သား ပြင်ဖို့ကြိုးစားနေပါတယ်
၊ ( Microsoft Surface Tablet ၁၉၉ဒေါ်လာဈေးချလို့ ဝယ်ပေးရမလားလို့ပြောထားမိတယ် ) ဖြစ်နိုင်ရင်
Tablet နဲ့ သားကို ကိုယ့်ဟာကိုယ် ပေးပြင်ပါလား ၊ တိုးတက်မှုတစုံတရာ မတွေ့ဘူးဆိုရင်တော့
လူကြီးက ဝင်ကိုင်တွယ်ပါတော့နော် ၊ ဒီနေ့ ပေးထားတဲ့ ငှက်ပျောသီးမစားနိုင်ဘူး ၊ နှုတ်ခမ်းမှာ
“အပူဖု” ပေါက်ပြီး နာနေလို့ ။
ကိုညီညီ - တောင်ကြီး
No comments:
Post a Comment