ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, December 31, 2015

ကြ်န္ေတာ္နားလည္ထားတဲ႕အေမရိကန္အိပ္မက္ ( ၂ဝ၁၆ )

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
အေမရိကားကို ကြ်န္ေတာ႕ထက္ႏွစ္အနည္းငယ္ေစာေရာက္ေနတဲ႕ ဦးသာေအာင္ ဆုိတဲ႕ ဦးေလးၾကီးအေၾကာင္းကို မၾကာခဏစဥ္းစားမိတယ္။ အခုအခ်ိန္ကာလနဲ႕တြက္ရင္ေတာ႕ သူေရာက္ေနတာ ( ၁ဝ ) ႏွစ္ေက်ာ္ေလာက္ရွိေရာေပါ႕။ သူနဲ႕ေတြ႕ျဖစ္တာက သိပ္အဆန္းၾကီးေတာ႕မဟုတ္ပါဘူး။ ေရာက္ခါစ မတတ္တစ္ေခါက္အဂၤလိပ္စကားကုိထစ္ေငါ႕ထစ္ေငါ႕ေျပာတတ္တဲ႕ မလည္မဝယ္ ေတာသားျမိဳ႕တက္မိသားစုတစ္စုကုိ စတင္အသိအမွတ္ျပဳခဲ႕သူေတြကေတာ႕ ဒီႏုိင္ငံက ေက်းဇူးရွိတဲ႕အစ္မတို႕လင္မယားရယ္ သူတုိ႕ရဲ႕မိတ္ေဆြရင္းခ်ာေတြပါ။ အဲဒီထဲက အေမရိကန္ေရာက္ခါစေတြကုိကူညီတတ္တဲ႕ ဦးသူၾကီး ဆိုတဲ႕ ဦးေလးၾကီးေခါက္ဆြဲစားေခၚသြားလို႕ ဦးသာေအာင္ နဲ႕ ဆံုခဲ႕ရတယ္။
.
သူက ဗီယက္နမ္ေခါက္ဆြဲဆိုင္မွာ တစ္ဆိုင္လံုးအလုပ္ကို တစ္ေယာက္တည္းထိန္းထားႏုိင္တဲ႕ ျမန္မာလူမ်ိဳးတစ္ေယာက္ပါ။ စားပြဲထုိးတာကအစ မီးဖိုေခ်ာင္အဆံုး စားပြဲထုိး၊ ေငြသိမ္းပါမက်န္ သူတစ္ေယာက္တည္းနဲ႕ျပီးတယ္။ ဆိုင္ရွင္က ဦးသာေအာင္ရွိရင္ ဘာမွလွည္႕ၾကည္႕စရာမလိုေလာက္ေအာင္ စိတ္ခ်ရတယ္။ သူရွိေနတဲ႕အတြက္ ျမန္မာအမ်ားစုလာစားၾကေတာ႕ ဆိုင္ကလည္း ေရာင္းေကာင္းတယ္ေလ။ အသက္အားျဖင္႕ ( ၆ဝ ) နားကပ္ေနေပမယ္႕ ျမန္မာ႕အေခၚဆုိ ေအာက္သက္ေက်တဲ႕ ဦးသာေအာင္ကို ဆိုင္ရွင္က လက္မလႊတ္ႏုိင္ ျဖစ္ရတယ္။ ဒါက ဦးသာေအာင္ကိုသိခဲ႕ရတဲ႕ ကၾကီးကေန အအထိအေၾကာင္း..။
.
.
သူနဲ႕စကားေျပာၾကည္႕ေတာ႕ သူ အေမရိကားေရာက္ခါစက ငယ္ငယ္က ေရာင္စံုေဘာ္လံုးေတြသာျမင္ခဲ႕ရတဲ႕ ဦးသာေအာင္ဟာ လမ္းေတြေပၚမွာ ကားေရာင္စံုေလးေတြျမင္ေတာ႕ သူမက္ခဲ႕တဲ႕ မဆလေခတ္၊ နဝတေခတ္၊ နအဖေခတ္ စတဲ႕ ေခတ္အဆက္ဆက္အခြင္႕အေရးမရခဲ႕တဲ႕အိပ္မက္ကို အေကာင္အထည္ေဖာ္ပါေတာ႕တယ္။ အမ်ားသူငါလို ရုန္းကန္လႈပ္ရွားရင္း အလုပ္ရွာ၊ အိမ္ငွားရွာ၊ အေျခခ်၊ အနည္ထုိင္ျပီဆိုတာနဲ႕ သူပထမဦးဆံုးလုပ္တာက ေမာင္းထားတဲ႕မုိင္သံုည - Zero Mileage ကားအသစ္စက္စက္ကို ဝယ္စီးတာပါပဲ။

.
ဒီလုပ္ရပ္ဟာ သူ႕အတြက္ေတာ႕ ေစ်းႏႈန္းမသတ္မွတ္ႏုိင္တဲ႕တန္ဖိုးတစ္ခုပါ။ သူအမက္ေမာဆံုး၊ တန္ဖိုးအထားဆံုးပါ။ ဒါေၾကာင္႕သူရင္ဖိုလိႈက္ေမာစြာမက္ခဲ႕တဲ႕အိပ္မက္ကို ရလွ်င္ရခ်င္းအေကာင္အထည္ေဖာ္လိုက္တာလို႕ ေျပာလို႕ရတယ္။ ဒီလုိနဲ႕ ရပ္ထားတဲ႕ ( ၂ဝဝ၄ ) တိုယိုတာ ကိုလုိလာ ခဲေရာင္ေလးကိုလက္ညိွဳးထုိးျပရင္း “ ကားအသစ္စက္စက္တစ္စီးဝယ္စီးျခင္းအားျဖင္႕ ” သူ႕ရဲ႕အေမရိကန္အိပ္မက္ကို ဘယ္လုိအေကာင္အထည္ေဖာ္ခဲ႕ေၾကာင္း ဂုဏ္ယူဝင္႕ၾကြားစြာေျပာျပခဲ႕တာကို အခုထိ မ်က္စိထဲျမင္ေယာင္ေနပါေသးတယ္။
.
နာမည္အမည္နာမအတိအက်မသိသူတို႕ရဲ႕လႈပ္ရွားမႈတစ္ခ်ိဳ႕ကုိေတာ႕ အြန္လိုင္းမွာေလ႕လာမိထားတာေတြရွိတယ္။ သူတုိ႕ဟာ ျမန္မာႏုိင္ငံကတည္းက ပိုက္ဆံရွိလာၾကတယ္ထင္ပါတယ္။ ဒီႏုိင္ငံေရာက္တာမၾကာေသးလို႕ .. လည္လို႕ ပတ္လို႕ မဝေသးတဲ႕အျပင္ အလုပ္လုပ္ျပီး ေငြရွာစရာလိုပံုလည္း မရပါဘူး။ ဒါနဲ႕တစ္ေန႕ေတာ႕ ဦးသာေအာင္လိုပဲ ျမန္မာႏုိင္ငံမွာဝယ္မစီးႏုိင္တဲ႕ မာေဆးဒီးဇ္ဘင္႕ - Mercedes Benz ( အသစ္စက္စက္ျဖစ္လိမ္္႕မယ္ ) ကို ဝယ္စီးတယ္။ အခုေနာက္မွာ သိပ္မၾကာဘူး .. မိသားစုေနဖို႕ အိမ္ ( ဝယ္လိုက္တာျဖစ္မယ္ ) ရသြားတယ္။ ဒါက သူတို႕ရဲ႕ အေမရိကန္အိပ္မက္ကုိအေကာင္အထည္ေဖာ္တာလို႕လည္း ရိုးရုိးသားသား လူသိရွင္ၾကားေဖာ္ျပထားပါတယ္။
.
.
ဒါေတြကုိေတြ႕ရေတာ႕ သူတုိ႕ကုိယ္စားအင္မတန္ဝမ္းသာရတယ္။ အတိတ္ဘဝကျပဳခဲ႕တဲ႕ကံကြာလို႕လား? ေပၚေပါက္လာတဲ႕အေျခအေနေတြကို လွမ္းဆုတ္ကိုင္တဲ႕လက္ေတြကကြာလို႕လား မေျပာတတ္ဘူး .. သူတို႕ ျမန္မာႏုိင္ငံမွာရွိေနခ်ိန္တုန္းက ကြ်န္ေတာ္ဟာ ကားအသစ္စက္စက္ဝယ္စီးႏုိင္ေပမယ္႕ သူတို႕အခု အိမ္ဝယ္တဲ႕အခ်ိန္မွာ ကြ်န္ေတာ္ အိမ္မပုိင္ေသးပါဘူး။ ေျပာရရင္ ကြ်န္ေတာ႕ရဲ႕အေမရိကန္အိပ္မက္မ်ားထဲက လ်ာထားခ်က္တစ္ခုထဲမွာ ကားအသစ္ဝယ္စီးဖို႕ဆိုတာ ပါတာဝန္ခံပါတယ္။ ဒီလိုပဲ ဒီကိုေရာက္ေနတဲ႕ ေရႊျမန္မာအမ်ားစုလည္း သူ႕ထက္ငါေနာက္မက်ရေလေအာင္ ဒီအိပ္မက္ကိုအေကာင္အထည္ေဖာ္ၾကတယ္။
.
ဒါေပမယ္႕ မျဖစ္ႏုိင္တာကိုမွန္းျပီးမက္ရတဲ႕အိပ္မက္ရဲ႕ေနာက္ကြယ္မွာ လိုက္လံထိန္းသိမ္းရတဲ႕ဒုကၡက နည္းနည္းေနာေနာမဟုတ္ေပဘူး။ သိတဲ႕အတုိင္း အေမရိကား ဆုိတဲ႕ႏုိင္ငံက ဒီမုိကေရစီအျပည္႕ လူ႕အခြင္႕အေရးႏုိင္ငံလို႕သာေျပာတာ ဘာျဖစ္ျဖစ္ ေငြနဲ႕ရွင္းရတာခ်ည္းပဲ။ ဆုိလုိတာက ဘာမွအမွားမလုပ္နဲ႕ ေအးေဆး .. ရတယ္။ အဲ .. မွားျပီဆိုရင္ေတာ႕ ေငြကုန္ဖို႕သာအသင္႕လုပ္ထား .. လာပါလိမ္႕မယ္ ေငြေတာင္းတဲ႕ ဒဏ္ေငြ - Bill ေတြ။
.
.
ကားအေၾကာင္းကိုျပန္သြားရရင္ အသစ္ဝယ္စီးတာ အားသာခ်က္ - Pros ရွိသလုိ အားနည္းခ်က္ - Cons ေတြလည္းရွိတယ္။ ေကာင္းတာက ကားမပ်က္ဘူး၊ အခ်ိန္ကိုက္ ဆီမ်ိဳးစံုလဲေပးသြားရင္ ပ်က္ဖို႕ခက္တယ္၊ သတ္မွတ္ထားတဲ႕အာမခံ - Warranty ကာလအတြင္း တိုက္ခုိက္မႈ နဲ႕ ေမာင္းသူရဲ႕ေပါ႕ဆမႈကလြဲရင္ ထုတ္လုပ္သူကားကုမၸဏီက အကုန္ ( နီးပါး ) ျပန္ျပင္ေပးလိမ္႕မယ္။ ဒါကလည္း သူတုိ႕ေငြမစိုက္ရေအာင္ ကားသက္တမ္းဘယ္ႏွစ္ႏွစ္၊ ေမာင္းတဲ႕မုိင္ဘယ္ေလာက္အတြင္းမွာ မပ်က္ေအာင္ဆုိျပီး သုေတသနအထပ္ထပ္လုပ္ျပီးမွ စီးနင္းသူလက္ထဲထည္႕လိုက္တာပါ။
.
ကားအသစ္ကုိ မပ်က္တဲ႕အာမခံေရာင္းသူရွိေပမယ္႕ ကားမတိုက္တဲ႕အာမခံေရာင္းသူကေတာ႕ ကမၻာမွာမေပၚေသးဘူး။ ဒါေၾကာင္႕ ကားေကာင္းေတာ႕ အရမ္းေမာင္းတယ္။ ရွိဳးထုတ္တယ္။ ဒီကေန မေမ်ွာ္လင္႕တဲ႕ ထိခိုက္မႈတစ္စံုတစ္ရာရွိခဲ႕ရင္ ကားအသစ္ေသာ အေဟာင္းေသာ နားမလည္ဘူး .. ဒီမုိကေရစီစံႏႈန္းနဲ႕ကိုက္ညီစြာ အေရးယူခံရမွာပါပဲ။ ေျပာခ်င္တာက ဥပမာ - လူတိုက္မႈ၊ လူေသမႈျဖစ္ရင္ဘယ္လုိလုပ္မလဲ? ဒါမွမဟုတ္ သိန္းခ်ီတန္တဲ႕အိမ္ျခံဝန္းကိုဝင္တုိက္မိရင္ေရာ ဘယ္႕ႏွယ္ရွင္းၾကမတုန္း?
.
အဲဒီလုိျဖစ္ျပီဆုိရင္ အာမခံကုမၸဏီကေလ်ာ္ႏုိင္သေလာက္နဲ႕ထုတ္ေလ်ာ္၊ မေလ်ာ္ႏုိင္တာကို ဘဏ္စရင္းကေလ်ာ္၊ ဒါကိုမွမေလာက္ဘူးဆိုရင္ အိမ္ေရာင္းျပီးေလ်ာ္။ ေငြအေက်ေခ်အိမ္ပိုင္ေသာ၊ အရစ္က်အိမ္ေသာ၊ ေငြမေက်ေသးေသာ .. နားမလည္ဘူး အကုန္ေရာင္းေလ်ာ္ .. က်န္တာကို ေနာက္တရားရံုးေရာက္မွရွင္း .. အဲဒီေလာက္အထိျဖစ္တတ္တာကို မေၾကာက္တတ္ၾကတာ။ ဒါက ကားနဲ႕အိမ္ဆက္စပ္ပံုအေၾကာင္း..။
.
.
အိမ္ဝယ္တဲ႕အခါ ေငြလက္ငင္းခ်ဝယ္သူျမန္မာဆိုတာက ရွိေတာ႕ရွိတယ္ .. ရွားတယ္။ အစုိးရနားကရတာအကုန္ခြာယူမယ္႕သူေတြမ်ားတယ္ဆုိတာကိုလည္း အစိုးရကမသိပဲမေနပါဘူး .. အေမရိကန္အစုိးရပါဆိုေန .. လူပါးေတြနဲ႕ဖြဲ႕စည္းထားတာပဲေလ .. မသိမရွိပါဘူး။ ဒါေၾကာင္႕ အိမ္ပိုင္ဆိုင္မႈအေပၚမွာ အခြန္အတုပ္ေကာင္းေကာင္းေကာက္တယ္။ ႏွစ္စဥ္ ေျမပိုင္ဆိုင္မႈအခြန္ - Property Tax ေကာက္တယ္။ ေဒၚလာ ( ၄ဝဝဝဝဝ ) ေပးထားရတဲ႕အိမ္တစ္လံုးက တစ္ႏွစ္ကိုအနည္းဆံုး ေဒၚလာ ( ၁၂ဝဝဝ ) ဘာမွမလုပ္ပဲနဲ႕ကို ေဆာင္ရတယ္။ အလုပ္မရွိဘူး -Unemployed ၊ အလုပ္ျပဳတ္ - Fired ထိေနတယ္၊ လူေလွ်ာ႕ -  Laid Off တဲ႕အထဲပါသြားလို႕ပါဆိုျပီး အသနားခံလို႕မရဘူး .. ေစ်းဆစ္လို႕မရဘူး .. မေသမခ်င္း ႏွစ္စဥ္ေပးရတာ။
.
ေနာက္တစ္ခုက အိမ္ပိုင္တဲ႕အခါ ကိုယ္႕အိမ္အတြက္မျဖစ္မေနကုန္ရမယ္႕ အမိႈက္ပံုးခ၊ ေရဖိုး၊ အိမ္ပိုင္ရွင္မ်ားအသင္းရဲ႕ေကာက္ခံေငြ - HOA Fees ၊ အိမ္ပိုင္တဲ႕ျပည္နယ္ေပၚမူတည္ျပီး ေရဒဏ္၊ ေျမငလ်င္ဒဏ္ နဲ႕ သဘာဝေဘးဒဏ္ေတြကေနကာကြယ္ဖို႕ထားရတဲ႕အာမခံေတြက ရွိေသးတယ္။ ဒါ႕အျပင္ … အကုန္လံုးသာေရးရရင္ ျငီးေငြ႕သြားမွာစိုးလုိ႕ ဒီေလာက္ပဲေျပာျပပါရေစ။ ဒါေၾကာင္႕ အိမ္ငွားခေပးရမယ္႕ေငြကို ဝယ္မယ္႕အိမ္ကိုသြင္းမယ္႕အရစ္က်ေငြ - Mortgage အေနနဲ႕သြင္းတဲ႕ေဖာ္ျမဴလာက တစ္ခ်ိန္ခ်ိန္မွာ ကုိယ္အေၾကြးနဲ႕ဝယ္ထားတဲ႕အိမ္္ကို ပိုင္ခ်င္ပိုင္သြားမယ္။ ဒါက ေမွာက္မလဲမွ..။ ဆိုလိုတာက အိမ္ဆိုတာ ပိုင္ရံုနဲ႕ ကိုယ္႕အိပ္မက္ကျပီးမသြားဘူးလို႕ ေျပာခ်င္တာပါ။
.
တစ္ခုခုျဖစ္တဲ႕အခါ မႏုိင္မနင္းအေျခအေနၾကံဳရရင္ မူလငွားေနတဲ႕တုိက္ခန္း - Apartment ထံ ျပန္စံျမန္းရတဲ႕အျဖစ္အပ်က္တစ္ခ်ိဳ႕ကိုလည္းၾကားဖူးထားတာေတြရွိတယ္။ တစ္ခ်ိဳ႕ဆုိရင္ ( ၁ဝ ) ႏွစ္ေလာက္သြင္းခဲ႕တဲ႕အိမ္ဖိုးေငြေပါင္း သိန္းနဲ႕ခ်ီျပန္မရေတာ႕ဘူး။ အေပါင္ခံဘဏ္ကုမၸဏီက   အကုန္စားသြားတာဆိုတာမ်ိဳးေတြ သတင္းေတြထဲမွာ မၾကာခဏဖတ္ရတယ္။ နဂိုေပးႏုိင္ေနတုန္းကေတာ႕ အေၾကာင္းမဟုတ္ဘူးေလ။ မေပးႏုိင္တဲ႕လကစျပီး အတုိးေတြအဆမတန္တက္၊ တိုးရင္းေပါင္းနဲ႕ထပ္ဖိရံုမက ေနာက္ဆံုး ေပးလို႕မႏုိင္ေတာ႕ပဲ ေရွာင္ပုန္းရာကေန လံုးပါး ပါးၾကရတယ္။
.
.
ဒါေၾကာင္႕ ကားအသစ္ဝယ္စီးဖို႕ နဲ႕ ကိုယ္ပိုင္အိမ္ရရင္ အေမရိကားမွာေနေပ်ာ္ပါျပီဆိုတဲ႕ အေမရိကန္အိပ္မက္ပိုင္ရွင္ေတြကို ေမးခ်င္တယ္ .. ဒီေလာက္နဲ႕ေတာ္ျပီလားလို႕..။ အမွန္က ပညာအတြက္၊ ေက်ာင္းအတြက္၊ ဝိဇၨာအတတ္၊ သိပၸံအတတ္၊ နည္းပညာနယ္ပယ္၊ လူသားအရင္းအျမစ္အစစ္အမွန္ေတြရွာေဖြဖို႕အတြက္ ဘဝနဲ႕ရင္းျပီးမက္ခဲ႕တဲ႕အိပ္မက္မ်ားဆိုရင္ ဘယ္ေလာက္ေကာင္းလိမ္႕မလဲေနာ္?
.
ကုိယ္က ၾကီးေကာင္ၾကီးမားနဲ႕ပညာဆက္သင္ဖို႕မျဖစ္ေတာ႕ပါဘူးဆိုသူမ်ားမွာလည္း သားသမီးေတြရွိၾကမွာပါပဲ။ သူတုိ႕ေတြကို အဆင္႕မွီပညာေရးေတြသင္ေပးျပီး ကိုယ္ေငြရွာခဲ႕တဲ႕၊ ကိုယ္ေအာင္ျမင္ခဲ႕တဲ႕၊ ေမြးေက်းဇူးရွိခဲ႕တဲ႕ႏုိင္ငံ ( ဘယ္ႏိုင္ငံျဖစ္ျဖစ္ ) အတြက္ မက္ခဲ႕တဲ႕အိပ္မက္ေတြကို အေမရိကားလို အခြင္႕အေရးနယ္ေျမ - the Land of Opportunity မွာ လာရွာရင္ ဘယ္ေလာက္ေကာင္းလိမ္႕မလဲ လုိ႕ .. ကြ်န္ေတာ႕အေတြးေတြက ဒီေနရာမွာတင္မရပ္ႏုိင္ဘူး။
.
.
အခုဆိုရင္ ကြ်န္ေတာ္တို႕ျမန္မာႏုိင္ငံကို လူကိုလူမွန္းသိတဲ႕လူတစ္စုက လမ္းမွန္ေပၚတင္ျပီး ဦးေဆာင္ေတာ႕မယ္႕ အရိပ္အေရာင္ေတြ စေတြ႕ေနရျပီ။ ( ၂ဝ၁၆ ) ႏွစ္သစ္မွာ ႏုိင္ငံ နဲ႕ မတူကြဲျပားလူမ်ိဳးမ်ားအတြက္ ဘာေတြရည္မွန္းထားျပီးပါျပီလဲ? ျမန္မာႏုိင္ငံလို ပညာေရးထက္ျခမ္းအခြဲခံခဲ႕ရတဲ႕ေနရာကို အေမရိကားလို ပညာေရးစံနစ္အေကာင္းစားေတြယူျပီး ျပန္လည္မွ်ေဝေပးၾကရင္ တစ္ဦးတစ္ေယာက္ တစ္လက္တစ္ဖက္တည္းမို႕လို႕ အစြမ္းမထက္ဘူး မထင္ပါနဲ႕။ တစ္ေယာက္တစ္မ်ိဳးအိပ္မက္ေတြကြဲျပားေနလို႕ မဆံုႏုိင္တာပါ။
.
ပညာလိုခ်င္ရင္ အတၱၾကီးရတယ္ဆိုတာ မွန္ပါတယ္။ ဒါေပမယ္႕ အႏွစ္ႏွစ္အလလရွာခဲ႕တဲ႕ ပစၥည္းဥစၥာမ်ားေရာ ကြယ္လြန္တဲ႕ေနာက္မွာ ယူသြားလို႕ရလို႕လား? အေမရိကားမွာဝယ္ထားတဲ႕ကားကေရာ ႏွစ္မခ်ိဳ႕မွာမုိ႕လား? အေမရိကားမွာဝယ္တဲ႕အိမ္ကေရာ ျမန္မာႏုိင္ငံကို မ,ေရႊ႕လာလို႕ ရရဲ႕လား? ဒါေၾကာင္႕ ထားမယ္႕ထား ပညာအတၱကို အမ်ားအတြက္ထားေစခ်င္တယ္။ လူထုကိုအက်ိဳးျပဳႏိုင္မယ္႕ပညာရပ္ေတြကို အေမရိကားကေနသယ္ေဆာင္လာျပီး ျမန္မာႏုိင္ငံအတြက္ အတၱၾကီးၾကီး ျပန္လည္အသံုးခ်ေစခ်င္တယ္။ အဲဒီလိုသာ နည္းလမ္းအမွန္နဲ႕အေမရိကန္အိပ္မက္ကိုမက္မယ္ဆိုရင္ ေမြးေက်းဇူးရွိတဲ႕ျမန္မာႏုိင္ငံအတြက္ ဘယ္ေတာ႕မွအိပ္မက္ဆိုးျဖစ္မသြားဘူးဆိုတာ သိေစခ်င္ပါတယ္။
.
ခင္လ်က္
.
12-31-2015 ( ၂ဝ၁၅ ၏ ေနာက္ဆံုးေန႕ )
.
.
.
Myanmar Unicode Version:
.
.
“ ကျွန်တော်နားလည်ထားတဲ့အမေရိကန်အိပ်မက် ( ၂ဝ၁၆ ) ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
အမေရိကားကို ကျွန်တော့ထက်နှစ်အနည်းငယ်စောရောက်နေတဲ့ ဦးသာအောင် ဆိုတဲ့ ဦးလေးကြီးအကြောင်းကို မကြာခဏစဉ်းစားမိတယ်။ အခုအချိန်ကာလနဲ့တွက်ရင်တော့ သူရောက်နေတာ ( ၁ဝ ) နှစ်ကျော်လောက်ရှိရောပေါ့။ သူနဲ့တွေ့ဖြစ်တာက သိပ်အဆန်းကြီးတော့မဟုတ်ပါဘူး။ ရောက်ခါစ မတတ်တစ်ခေါက်အင်္ဂလိပ်စကားကိုထစ်ငေါ့ထစ်ငေါ့ပြောတတ်တဲ့ မလည်မဝယ် တောသားမြို့တက်မိသားစုတစ်စုကို စတင်အသိအမှတ်ပြုခဲ့သူတွေကတော့ ဒီနိုင်ငံက ကျေးဇူးရှိတဲ့အစ်မတို့လင်မယားရယ် သူတို့ရဲ့မိတ်ဆွေရင်းချာတွေပါ။ အဲဒီထဲက အမေရိကန်ရောက်ခါစတွေကိုကူညီတတ်တဲ့ ဦးသူကြီး ဆိုတဲ့ ဦးလေးကြီးခေါက်ဆွဲစားခေါ်သွားလို့ ဦးသာအောင် နဲ့ ဆုံခဲ့ရတယ်။
.
သူက ဗီယက်နမ်ခေါက်ဆွဲဆိုင်မှာ တစ်ဆိုင်လုံးအလုပ်ကို တစ်ယောက်တည်းထိန်းထားနိုင်တဲ့ မြန်မာလူမျိုးတစ်ယောက်ပါ။ စားပွဲထိုးတာကအစ မီးဖိုချောင်အဆုံး စားပွဲထိုး၊ ငွေသိမ်းပါမကျန် သူတစ်ယောက်တည်းနဲ့ပြီးတယ်။ ဆိုင်ရှင်က ဦးသာအောင်ရှိရင် ဘာမှလှည့်ကြည့်စရာမလိုလောက်အောင် စိတ်ချရတယ်။ သူရှိနေတဲ့အတွက် မြန်မာအများစုလာစားကြတော့ ဆိုင်ကလည်း ရောင်းကောင်းတယ်လေ။ အသက်အားဖြင့် ( ၆ဝ ) နားကပ်နေပေမယ့် မြန်မာ့အခေါ်ဆို အောက်သက်ကျေတဲ့ ဦးသာအောင်ကို ဆိုင်ရှင်က လက်မလွှတ်နိုင် ဖြစ်ရတယ်။ ဒါက ဦးသာအောင်ကိုသိခဲ့ရတဲ့ ကကြီးကနေ အအထိအကြောင်း..။
.
.
သူနဲ့စကားပြောကြည့်တော့ သူ အမေရိကားရောက်ခါစက ငယ်ငယ်က ရောင်စုံဘော်လုံးတွေသာမြင်ခဲ့ရတဲ့ ဦးသာအောင်ဟာ လမ်းတွေပေါ်မှာ ကားရောင်စုံလေးတွေမြင်တော့ သူမက်ခဲ့တဲ့ မဆလခေတ်၊ နဝတခေတ်၊ နအဖခေတ် စတဲ့ ခေတ်အဆက်ဆက်အခွင့်အရေးမရခဲ့တဲ့အိပ်မက်ကို အကောင်အထည်ဖော်ပါတော့တယ်။ အများသူငါလို ရုန်းကန်လှုပ်ရှားရင်း အလုပ်ရှာ၊ အိမ်ငှားရှာ၊ အခြေချ၊ အနည်ထိုင်ပြီဆိုတာနဲ့ သူပထမဦးဆုံးလုပ်တာက မောင်းထားတဲ့မိုင်သုံည - Zero Mileage ကားအသစ်စက်စက်ကို ဝယ်စီးတာပါပဲ။
.
ဒီလုပ်ရပ်ဟာ သူ့အတွက်တော့ ဈေးနှုန်းမသတ်မှတ်နိုင်တဲ့တန်ဖိုးတစ်ခုပါ။ သူအမက်မောဆုံး၊ တန်ဖိုးအထားဆုံးပါ။ ဒါကြောင့်သူရင်ဖိုလှိုက်မောစွာမက်ခဲ့တဲ့အိပ်မက်ကို ရလျှင်ရချင်းအကောင်အထည်ဖော်လိုက်တာလို့ ပြောလို့ရတယ်။ ဒီလိုနဲ့ ရပ်ထားတဲ့ ( ၂ဝဝ၄ ) တိုယိုတာ ကိုလိုလာ ခဲရောင်လေးကိုလက်ညှိုးထိုးပြရင်း “ ကားအသစ်စက်စက်တစ်စီးဝယ်စီးခြင်းအားဖြင့် ” သူ့ရဲ့အမေရိကန်အိပ်မက်ကို ဘယ်လိုအကောင်အထည်ဖော်ခဲ့ကြောင်း ဂုဏ်ယူဝင့်ကြွားစွာပြောပြခဲ့တာကို အခုထိ မျက်စိထဲမြင်ယောင်နေပါသေးတယ်။
.
နာမည်အမည်နာမအတိအကျမသိသူတို့ရဲ့လှုပ်ရှားမှုတစ်ချို့ကိုတော့ အွန်လိုင်းမှာလေ့လာမိထားတာတွေရှိတယ်။ သူတို့ဟာ မြန်မာနိုင်ငံကတည်းက ပိုက်ဆံရှိလာကြတယ်ထင်ပါတယ်။ ဒီနိုင်ငံရောက်တာမကြာသေးလို့ .. လည်လို့ ပတ်လို့ မဝသေးတဲ့အပြင် အလုပ်လုပ်ပြီး ငွေရှာစရာလိုပုံလည်း မရပါဘူး။ ဒါနဲ့တစ်နေ့တော့ ဦးသာအောင်လိုပဲ မြန်မာနိုင်ငံမှာဝယ်မစီးနိုင်တဲ့ မာဆေးဒီးဇ်ဘင့် - Mercedes Benz ( အသစ်စက်စက်ဖြစ်လိမ့်မယ် ) ကို ဝယ်စီးတယ်။ အခုနောက်မှာ သိပ်မကြာဘူး .. မိသားစုနေဖို့ အိမ် ( ဝယ်လိုက်တာဖြစ်မယ် ) ရသွားတယ်။ ဒါက သူတို့ရဲ့ အမေရိကန်အိပ်မက်ကိုအကောင်အထည်ဖော်တာလို့လည်း ရိုးရိုးသားသား လူသိရှင်ကြားဖော်ပြထားပါတယ်။
.
.
ဒါတွေကိုတွေ့ရတော့ သူတို့ကိုယ်စားအင်မတန်ဝမ်းသာရတယ်။ အတိတ်ဘဝကပြုခဲ့တဲ့ကံကွာလို့လား? ပေါ်ပေါက်လာတဲ့အခြေအနေတွေကို လှမ်းဆုတ်ကိုင်တဲ့လက်တွေကကွာလို့လား မပြောတတ်ဘူး .. သူတို့ မြန်မာနိုင်ငံမှာရှိနေချိန်တုန်းက ကျွန်တော်ဟာ ကားအသစ်စက်စက်ဝယ်စီးနိုင်ပေမယ့် သူတို့အခု အိမ်ဝယ်တဲ့အချိန်မှာ ကျွန်တော် အိမ်မပိုင်သေးပါဘူး။ ပြောရရင် ကျွန်တော့ရဲ့အမေရိကန်အိပ်မက်များထဲက လျာထားချက်တစ်ခုထဲမှာ ကားအသစ်ဝယ်စီးဖို့ဆိုတာ ပါတာဝန်ခံပါတယ်။ ဒီလိုပဲ ဒီကိုရောက်နေတဲ့ ရွှေမြန်မာအများစုလည်း သူ့ထက်ငါနောက်မကျရလေအောင် ဒီအိပ်မက်ကိုအကောင်အထည်ဖော်ကြတယ်။
.
ဒါပေမယ့် မဖြစ်နိုင်တာကိုမှန်းပြီးမက်ရတဲ့အိပ်မက်ရဲ့နောက်ကွယ်မှာ လိုက်လံထိန်းသိမ်းရတဲ့ဒုက္ခက နည်းနည်းနောနောမဟုတ်ပေဘူး။ သိတဲ့အတိုင်း အမေရိကား ဆိုတဲ့နိုင်ငံက ဒီမိုကရေစီအပြည့် လူ့အခွင့်အရေးနိုင်ငံလို့သာပြောတာ ဘာဖြစ်ဖြစ် ငွေနဲ့ရှင်းရတာချည်းပဲ။ ဆိုလိုတာက ဘာမှအမှားမလုပ်နဲ့ အေးဆေး .. ရတယ်။ အဲ .. မှားပြီဆိုရင်တော့ ငွေကုန်ဖို့သာအသင့်လုပ်ထား .. လာပါလိမ့်မယ် ငွေတောင်းတဲ့ ဒဏ်ငွေ - Bill တွေ။
.
.
ကားအကြောင်းကိုပြန်သွားရရင် အသစ်ဝယ်စီးတာ အားသာချက် - Pros ရှိသလို အားနည်းချက် - Cons တွေလည်းရှိတယ်။ ကောင်းတာက ကားမပျက်ဘူး၊ အချိန်ကိုက် ဆီမျိုးစုံလဲပေးသွားရင် ပျက်ဖို့ခက်တယ်၊ သတ်မှတ်ထားတဲ့အာမခံ - Warranty ကာလအတွင်း တိုက်ခိုက်မှု နဲ့ မောင်းသူရဲ့ပေါ့ဆမှုကလွဲရင် ထုတ်လုပ်သူကားကုမ္ပဏီက အကုန် ( နီးပါး ) ပြန်ပြင်ပေးလိမ့်မယ်။ ဒါကလည်း သူတို့ငွေမစိုက်ရအောင် ကားသက်တမ်းဘယ်နှစ်နှစ်၊ မောင်းတဲ့မိုင်ဘယ်လောက်အတွင်းမှာ မပျက်အောင်ဆိုပြီး သုတေသနအထပ်ထပ်လုပ်ပြီးမှ စီးနင်းသူလက်ထဲထည့်လိုက်တာပါ။
.
ကားအသစ်ကို မပျက်တဲ့အာမခံရောင်းသူရှိပေမယ့် ကားမတိုက်တဲ့အာမခံရောင်းသူကတော့ ကမ္ဘာမှာမပေါ်သေးဘူး။ ဒါကြောင့် ကားကောင်းတော့ အရမ်းမောင်းတယ်။ ရှိုးထုတ်တယ်။ ဒီကနေ မမျှော်လင့်တဲ့ ထိခိုက်မှုတစ်စုံတစ်ရာရှိခဲ့ရင် ကားအသစ်သော အဟောင်းသော နားမလည်ဘူး .. ဒီမိုကရေစီစံနှုန်းနဲ့ကိုက်ညီစွာ အရေးယူခံရမှာပါပဲ။ ပြောချင်တာက ဥပမာ - လူတိုက်မှု၊ လူသေမှုဖြစ်ရင်ဘယ်လိုလုပ်မလဲ? ဒါမှမဟုတ် သိန်းချီတန်တဲ့အိမ်ခြံဝန်းကိုဝင်တိုက်မိရင်ရော ဘယ့်နှယ်ရှင်းကြမတုန်း?
.
အဲဒီလိုဖြစ်ပြီဆိုရင် အာမခံကုမ္ပဏီကလျော်နိုင်သလောက်နဲ့ထုတ်လျော်၊ မလျော်နိုင်တာကို ဘဏ်စရင်းကလျော်၊ ဒါကိုမှမလောက်ဘူးဆိုရင် အိမ်ရောင်းပြီးလျော်။ ငွေအကျေချေအိမ်ပိုင်သော၊ အရစ်ကျအိမ်သော၊ ငွေမကျေသေးသော .. နားမလည်ဘူး အကုန်ရောင်းလျော် .. ကျန်တာကို နောက်တရားရုံးရောက်မှရှင်း .. အဲဒီလောက်အထိဖြစ်တတ်တာကို မကြောက်တတ်ကြတာ။ ဒါက ကားနဲ့အိမ်ဆက်စပ်ပုံအကြောင်း..။
.
.
အိမ်ဝယ်တဲ့အခါ ငွေလက်ငင်းချဝယ်သူမြန်မာဆိုတာက ရှိတော့ရှိတယ် .. ရှားတယ်။ အစိုးရနားကရတာအကုန်ခွာယူမယ့်သူတွေများတယ်ဆိုတာကိုလည်း အစိုးရကမသိပဲမနေပါဘူး .. အမေရိကန်အစိုးရပါဆိုနေ .. လူပါးတွေနဲ့ဖွဲ့စည်းထားတာပဲလေ .. မသိမရှိပါဘူး။ ဒါကြောင့် အိမ်ပိုင်ဆိုင်မှုအပေါ်မှာ အခွန်အတုပ်ကောင်းကောင်းကောက်တယ်။ နှစ်စဉ် မြေပိုင်ဆိုင်မှုအခွန် - Property Tax ကောက်တယ်။ ဒေါ်လာ ( ၄ဝဝဝဝဝ ) ပေးထားရတဲ့အိမ်တစ်လုံးက တစ်နှစ်ကိုအနည်းဆုံး ဒေါ်လာ ( ၁၂ဝဝဝ ) ဘာမှမလုပ်ပဲနဲ့ကို ဆောင်ရတယ်။ အလုပ်မရှိဘူး -Unemployed ၊ အလုပ်ပြုတ် - Fired ထိနေတယ်၊ လူလျှော့ -  Laid Off တဲ့အထဲပါသွားလို့ပါဆိုပြီး အသနားခံလို့မရဘူး .. ဈေးဆစ်လို့မရဘူး .. မသေမချင်း နှစ်စဉ်ပေးရတာ။
.
နောက်တစ်ခုက အိမ်ပိုင်တဲ့အခါ ကိုယ့်အိမ်အတွက်မဖြစ်မနေကုန်ရမယ့် အမှိုက်ပုံးခ၊ ရေဖိုး၊ အိမ်ပိုင်ရှင်များအသင်းရဲ့ကောက်ခံငွေ - HOA Fees ၊ အိမ်ပိုင်တဲ့ပြည်နယ်ပေါ်မူတည်ပြီး ရေဒဏ်၊ မြေငလျင်ဒဏ် နဲ့ သဘာဝဘေးဒဏ်တွေကနေကာကွယ်ဖို့ထားရတဲ့အာမခံတွေက ရှိသေးတယ်။ ဒါ့အပြင် … အကုန်လုံးသာရေးရရင် ငြီးငွေ့သွားမှာစိုးလို့ ဒီလောက်ပဲပြောပြပါရစေ။ ဒါကြောင့် အိမ်ငှားခပေးရမယ့်ငွေကို ဝယ်မယ့်အိမ်ကိုသွင်းမယ့်အရစ်ကျငွေ - Mortgage အနေနဲ့သွင်းတဲ့ဖော်မြူလာက တစ်ချိန်ချိန်မှာ ကိုယ်အကြွေးနဲ့ဝယ်ထားတဲ့အိမ်ကို ပိုင်ချင်ပိုင်သွားမယ်။ ဒါက မှောက်မလဲမှ..။ ဆိုလိုတာက အိမ်ဆိုတာ ပိုင်ရုံနဲ့ ကိုယ့်အိပ်မက်ကပြီးမသွားဘူးလို့ ပြောချင်တာပါ။
.
တစ်ခုခုဖြစ်တဲ့အခါ မနိုင်မနင်းအခြေအနေကြုံရရင် မူလငှားနေတဲ့တိုက်ခန်း - Apartment ထံ ပြန်စံမြန်းရတဲ့အဖြစ်အပျက်တစ်ချို့ကိုလည်းကြားဖူးထားတာတွေရှိတယ်။ တစ်ချို့ဆိုရင် ( ၁ဝ ) နှစ်လောက်သွင်းခဲ့တဲ့အိမ်ဖိုးငွေပေါင်း သိန်းနဲ့ချီပြန်မရတော့ဘူး။ အပေါင်ခံဘဏ်ကုမ္ပဏီက   အကုန်စားသွားတာဆိုတာမျိုးတွေ သတင်းတွေထဲမှာ မကြာခဏဖတ်ရတယ်။ နဂိုပေးနိုင်နေတုန်းကတော့ အကြောင်းမဟုတ်ဘူးလေ။ မပေးနိုင်တဲ့လကစပြီး အတိုးတွေအဆမတန်တက်၊ တိုးရင်းပေါင်းနဲ့ထပ်ဖိရုံမက နောက်ဆုံး ပေးလို့မနိုင်တော့ပဲ ရှောင်ပုန်းရာကနေ လုံးပါး ပါးကြရတယ်။
.
.
ဒါကြောင့် ကားအသစ်ဝယ်စီးဖို့ နဲ့ ကိုယ်ပိုင်အိမ်ရရင် အမေရိကားမှာနေပျော်ပါပြီဆိုတဲ့ အမေရိကန်အိပ်မက်ပိုင်ရှင်တွေကို မေးချင်တယ် .. ဒီလောက်နဲ့တော်ပြီလားလို့..။ အမှန်က ပညာအတွက်၊ ကျောင်းအတွက်၊ ဝိဇ္ဇာအတတ်၊ သိပ္ပံအတတ်၊ နည်းပညာနယ်ပယ်၊ လူသားအရင်းအမြစ်အစစ်အမှန်တွေရှာဖွေဖို့အတွက် ဘဝနဲ့ရင်းပြီးမက်ခဲ့တဲ့အိပ်မက်များဆိုရင် ဘယ်လောက်ကောင်းလိမ့်မလဲနော်?
.
ကိုယ်က ကြီးကောင်ကြီးမားနဲ့ပညာဆက်သင်ဖို့မဖြစ်တော့ပါဘူးဆိုသူများမှာလည်း သားသမီးတွေရှိကြမှာပါပဲ။ သူတို့တွေကို အဆင့်မှီပညာရေးတွေသင်ပေးပြီး ကိုယ်ငွေရှာခဲ့တဲ့၊ ကိုယ်အောင်မြင်ခဲ့တဲ့၊ မွေးကျေးဇူးရှိခဲ့တဲ့နိုင်ငံ ( ဘယ်နိုင်ငံဖြစ်ဖြစ် ) အတွက် မက်ခဲ့တဲ့အိပ်မက်တွေကို အမေရိကားလို အခွင့်အရေးနယ်မြေ - the Land of Opportunity မှာ လာရှာရင် ဘယ်လောက်ကောင်းလိမ့်မလဲ လို့ .. ကျွန်တော့အတွေးတွေက ဒီနေရာမှာတင်မရပ်နိုင်ဘူး။
.
.
အခုဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံကို လူကိုလူမှန်းသိတဲ့လူတစ်စုက လမ်းမှန်ပေါ်တင်ပြီး ဦးဆောင်တော့မယ့် အရိပ်အရောင်တွေ စတွေ့နေရပြီ။ ( ၂ဝ၁၆ ) နှစ်သစ်မှာ နိုင်ငံ နဲ့ မတူကွဲပြားလူမျိုးများအတွက် ဘာတွေရည်မှန်းထားပြီးပါပြီလဲ? မြန်မာနိုင်ငံလို ပညာရေးထက်ခြမ်းအခွဲခံခဲ့ရတဲ့နေရာကို အမေရိကားလို ပညာရေးစံနစ်အကောင်းစားတွေယူပြီး ပြန်လည်မျှဝေပေးကြရင် တစ်ဦးတစ်ယောက် တစ်လက်တစ်ဖက်တည်းမို့လို့ အစွမ်းမထက်ဘူး မထင်ပါနဲ့။ တစ်ယောက်တစ်မျိုးအိပ်မက်တွေကွဲပြားနေလို့ မဆုံနိုင်တာပါ။
.
ပညာလိုချင်ရင် အတ္တကြီးရတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အနှစ်နှစ်အလလရှာခဲ့တဲ့ ပစ္စည်းဥစ္စာများရော ကွယ်လွန်တဲ့နောက်မှာ ယူသွားလို့ရလို့လား? အမေရိကားမှာဝယ်ထားတဲ့ကားကရော နှစ်မချို့မှာမို့လား? အမေရိကားမှာဝယ်တဲ့အိမ်ကရော မြန်မာနိုင်ငံကို မ,ရွှေ့လာလို့ ရရဲ့လား? ဒါကြောင့် ထားမယ့်ထား ပညာအတ္တကို အများအတွက်ထားစေချင်တယ်။ လူထုကိုအကျိုးပြုနိုင်မယ့်ပညာရပ်တွေကို အမေရိကားကနေသယ်ဆောင်လာပြီး မြန်မာနိုင်ငံအတွက် အတ္တကြီးကြီး ပြန်လည်အသုံးချစေချင်တယ်။ အဲဒီလိုသာ နည်းလမ်းအမှန်နဲ့အမေရိကန်အိပ်မက်ကိုမက်မယ်ဆိုရင် မွေးကျေးဇူးရှိတဲ့မြန်မာနိုင်ငံအတွက် ဘယ်တော့မှအိပ်မက်ဆိုးဖြစ်မသွားဘူးဆိုတာ သိစေချင်ပါတယ်။
.
ခင်လျက်
.
12-31-2015 ( ၂ဝ၁၅ ၏ နောက်ဆုံးနေ့ )
.
.
“ ကြ်န္ေတာ္နားလည္ထားတဲ႕အေမရိကန္အိပ္မက္ ( ၂ဝ၁၆ ) ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ( ၆ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၂၂ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: http://www.mediafire.com/download/ehf5a54qrjq3ex2/Netguide+vol.4%2C+No.22+pdf.pdf






No comments: