ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, April 19, 2015

ေက်ာင္းသားအေရးဦးတည္ခ်က္ ( ၅ ) ရပ္

ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး )
.
.
ေက်ာင္းသားအေရးဦးတည္ခ်က္ ( ၅ ) ရပ္ နဲ႕ ရည္မွန္းခ်က္ေတြပါတဲ႕ အစီရင္ခံစာတစ္ေစာင္မွာ ….
.
( ၁ ) ေက်ာင္းသားမ်ား၏ တာဝန္ျပီးေျမာက္ႏိုင္ျခင္း၊ လုပ္ကုိင္ႏိုင္ျခင္း ႏွင္႕ တန္းတူညီမွ်ရွိျခင္း
( Goal#1 Student Achievement, Access and Equity )
.
( ၂၁ ) ရာစု သင္ၾကားေရးပတ္ဝန္းက်င္မွာ ေက်ာင္းသူ ေက်ာင္းသားမ်ားဟာ ေကာလိပ္ နဲ႕ လုပ္ငန္းခြင္ဝင္ႏုိင္ေရးတုိ႕အတြက္ အဆင္သင္႕ျဖစ္ေစရန္သာမက အမ်ိဳးသားစံခ်ိန္စံညႊန္းမ်ား နဲ႕ ျပည္႕မီွေနရန္ လိုအပ္ပါတယ္။ ဒီေနရာကိုခ်ည္းကပ္ဖို႕ ေက်ာင္းသားအားလံုး တန္းတူညီမွ်ဆက္ဆံခံရေရး နဲ႕ အဆင္႕ျမင္႕တဲဲ႕ အၾကမ္းခံညႊန္ၾကားခ်က္အစီအစဥ္ေတြကို ခ်မွတ္ေဆာင္ရြက္လ်က္ရွိပါတယ္။
.
တစ္ေျပးညီ တန္းမွီပညာေရးရဲ႕ ပံ႕ပိုးမႈေၾကာင္႕ ေကာလိပ္ေက်ာင္းေတြက ပို႕ခ်လိုက္တဲ႕ပညာေတြအသံုးျပဳျပီး အခြင္႕အလမ္းကြက္လပ္ၾကီးကို ျဖည္႕စြမ္းႏိုင္ၾကပါလိမ္႕မယ္။ ဒီကေနတစ္ဆင္႕ တန္းတူညီမွ်ျဖစ္တဲ႕အေျဖေတြ ေက်ာင္းသားေတြဆီမွာ ရွိလာမယ္။ တစ္ခ်ိန္က အေမ႕ခံစာသင္သားေတြကို လက္တြဲေခၚႏိုင္မွာ ျဖစ္ပါတယ္။
.
ဆရာ ဆရာမမ်ား၊ ေက်ာင္းအေထာက္အကူျပဳဝန္ထမ္းမ်ား နဲ႕ အုပ္္ခ်ဳပ္ေရးဝန္ထမ္းမ်ားကို ( ၃.၂၅% ) လခတိုးေပးျပီးလည္း ျဖစ္တယ္။ အသက္ေမြးဝမ္းေက်ာင္းဘာသာရပ္ေတြကုိ ပညာရွင္ဆန္စြာ သင္ၾကားတတ္ေျမာက္ႏိုင္ဖို႕ အထူးနည္းျပဆရာအသင္းတစ္ခုကို တည္ေထာင္ျပီး ေက်ာင္းအားလံုး နဲ႕ စာသင္ခန္းဆရာ ဆရာမမ်ားကို သင္တန္းေပးျပီး ေလ႕က်င္႕ထားျပီး ျဖစ္ပါတယ္။
.
အြန္လိုင္းစာသင္ကက္သေလာက္ - Online Course Catalogue တစ္ခုကို လႊင္႕တင္ထားျပီး ေနာက္ဆံုးေပၚထြက္လာသမွ် နဲ႕ တိုးတက္မႈမွန္သမွ်ကုိ ေက်ာင္းသားမိသားစုမ်ား နဲ႕ မိဘမ်ားကို အစဥ္တစိုက္ေလ႕လာႏိုင္ေအာင္ စီစဥ္ေပးထားပါတယ္။
.
ေက်ာင္းစာၾကည္႕တုိက္မ်ားကို မြမ္းမံအဆင္႕ျမင္႕ျပီး ျဖစ္ပါတယ္။ စာၾကည္႕တုိက္မွဴး၊ သင္ေထာက္ကူမန္ေနဂ်ာ နဲ႕ စာၾကည္႕တုိက္ဝန္္ထမ္းမ်ားဟာ စာအုပ္မ်ားေရြးခ်ယ္မႈလြယ္ကူေစရန္၊ နည္းပညာမ်ားနဲ႕ ပိုမိုအကြ်မ္းဝင္ေစရန္၊ သင္ရိုးညႊန္းတမ္းအေထာက္အကူျပဳစာသင္ပံုသင္နည္း မွန္ေစရန္၊ စံနစ္မွန္သင္ခန္းစာျဖစ္လာေစရန္ လိုအပ္တဲ႕ စာအုပ္စာေပေတြကုိ လမ္းညႊန္ေပးႏိုင္ပါတယ္။
.
.
.
( ၂ ) နည္းပညာ ( Goal#2 Technology )
.
ေဒသေက်ာင္းအုပ္ခ်ဳပ္ေရးရံုးကေန ( ၂၁ ) ရာစု နည္းပညာမ်ား အေထာက္အပံ႕ေပးျပီး ေက်ာင္းသားေတြကို ပ်ိဳးေထာင္ပါမယ္။ ဒီကေနမွ ေက်ာင္းသားေတြရဲ႕ စာလုိက္ႏိုင္မႈစြမ္းရည္ နဲ႕ စဥ္းစားေတြးေခၚမႈဥာဏ္ရည္ျမင္႕တက္လာျပီး ျပည္နယ္ကခ်မွတ္ထားတဲ႕ အဓိကမ႑ဳိင္မူဝါဒမ်ားျပည္႔မွီလာေအာင္ ျဖည္႕စြမ္းႏိုင္မွာ ျဖစ္ပါတယ္။
.
ကြ်န္ေတာ္တုိ႕ရဲ႕ ဆရာ ဆရာမေတြနဲ႕ ေက်ာင္းအုပ္ခ်ဳပ္ေရးဝန္ထမ္းမ်ားအတြက္ MacBook Pros အလံုး ( ၄၅ဝ ) ထုတ္ေပးထားပါတယ္။
.
ေက်ာင္းသားေတြအတြက္ Chromebook  ( ၃၇ဝဝ ) လံုးကိုလည္း ျဖန္႕ေဝအသံုးျပဳေစျပီးလည္း ျဖစ္ပါတယ္။

.
ကြန္ပ်ဴတာေတြရဲ႕လုိအပ္ခ်က္မ်ားနဲ႕ လုိက္ေလ်ာညီေထြစြာ ပံုႏွိပ္ပရင္တာမ်ားကိုလည္း အခ်ိဳးက်တပ္ဆင္ျပီး ျဖစ္ပါတယ္။
.
ေက်ာင္းအုပ္ခ်ဳပ္ေရးရံုးအေနနဲ႕ Google App ရဲ႕ ပညာေရး App ေတြကို အသံုးျပဳျပီး ပညာေရးေစာင္႕ေရွာက္မႈ နဲ႕ ေက်ာင္းအုပ္ခ်ဳပ္ေရးစံနစ္တို႕ကို လည္ပတ္ႏိုင္ေအာင္ လုပ္ေဆာင္ထားရွိပါတယ္။ ေက်ာင္းသားမ်ား အထက္တန္းစာသင္ႏွစ္ျပီးဆံုးသြားတဲ႕အထိသံုးစြဲဖို႕  သီးသန္႕ Student Google Account ေတြကုိလည္း ျပင္ဆင္လ်က္ရွိပါတယ္။
.
.
.
( ၃ ) ပတ္ဝန္းက်င္ႏွင္႕ လူထုဆက္ဆံေရးမ်ား ( Goal#3 Community and Public Relations )
.
အင္တာနက္ကုိ လက္ေတြ႕အသံုးခ်ျပီး  ေက်ာင္းသားေတြနဲ႕ ဆရာ ဆရာမတို႕တစ္ေတြ လူမႈေရးအသင္းအဖြဲ႕မ်ားနဲ႕ မိမိတုိ႕ရဲ႕လက္ကုိင္ဖုန္းမ်ားေပၚကေန ပိုမိုထိေရာက္စြာဆက္သြယ္ႏိုင္ဖို႕ ေက်ာင္းအုပ္ခ်ဳပ္ေရးရံုး ရဲ႕ ကိုယ္ပိုင္ မုိဘုိင္း App ကို ျပီးခဲ႕တဲ႕ စာသင္ႏွစ္မွာ လႊင္႕တင္ႏိုင္ခဲ႕ပါတယ္။
.
ေက်ာင္းသားမိဘမ်ား ပိုမိုပါဝင္လာတာနဲ႕အညီ မိဘဆရာအသင္းအေနနဲ႕ အသင္းသားမိဘေတြရဲ႕ “ အုပ္ထိန္းမႈပညာေရး ” ကို အစဥ္မျပတ္ ျမွင္႕တင္ေပးလ်က္ ရွိပါတယ္။ အေရးၾကီးတဲ႕သတင္းအခ်က္အလက္ေတြကို ေက်ာင္းရဲ႕ ဝဘ္ဆိုဒ္၊ ပို႕စ္ကဒ္မ်ား၊ ( ၄ ) လပတ္အစီရင္ခံစာ၊ လူမႈကြန္ယက္ နဲ႕ အီးေမးလ္သတိေပးခ်က္တုိ႕မွာ ျပန္ၾကားေပးပါမယ္။
.
.
.
( ၄ ) ေက်ာင္းလံုျခံဳေရး၊ က်န္းမာေရး ႏွင္႕ က်န္းမာသန္စြမ္းေရး ( Goal#4 School Safety, Health and Wellness )
.
ေက်ာင္းသားတုိင္း ျမိဳ႕ေတာ္စည္ပင္ႏွင္႕လူမႈဆက္ဆံေရး႒ာနက က်င္းပတဲ႕ ေက်ာင္းလံုျခံဳေရး၊ က်န္းမာေရး ႏွင္႕ က်န္းမာသန္စြမ္းေရးအစီအစဥ္ကို မျဖစ္မေနတက္္ေရာက္ရပါမယ္။ ဒီလိုတစ္္ဦးတစ္ေယာက္ခ်င္းစီရဲ႕ေဆာင္ရြက္မႈကေန တစ္ေက်ာင္းလံုးေဖာ္ေဆာင္ႏိုင္တဲ႕ အျပဳသေဘာေဆာင္တဲ႕ ေက်ာင္းသားပတ္ဝန္းက်င္ကို ရရွိမွာ ျဖစ္ပါတယ္။
.
ယခုလို အက်ိဳးျပဳတဲ႕ေတြ႕ဆံုမႈကေန ေက်ာင္းသားေတြရရွိလာတာကေတာ႕ အထူးေဆာင္ရြက္သင္႕တဲ႕ကိစၥမ်ားကိုအေလးေပးေဆာင္ရြက္လာေစသလို က်န္းမာေရးနဲ႕ညီညြတ္မွ်တစြာ ေနထုိင္တတ္လာမွာျဖစ္တယ္။
.
ဒါ႕အျပင္ ၾကီးသူကိုရိုေသ ရြယ္တူကိုေလးစား ငယ္သူကုိသနားညွာတာတတ္တဲ႕ အမူအက်င္႕ေကာင္းေတြကို ေက်ာင္းသားေတြေခါင္းထဲ ထည္႕ေပးလိုက္ႏုိင္ပါလိမ္႕မယ္။ ေက်ာင္းသားေတြကုိ လုပ္စရာရွိတာေတြအားလံုး လုပ္ခြင္႕ေပးမွာျဖစ္တယ္။
.
အဲဒီလို လက္ေတြ႕က်က်စမ္းသပ္လုပ္ေဆာင္ခ်က္ေတြကေန လူမႈဆက္ဆံေရးကို အေရာင္တင္ေပးရံုမက ပညာေရးအေတြ႕အၾကံဳေကာင္းေတြကုိ ခံစားသက္ဝင္ျပီး က်န္းမာေပ်ာ္ရႊင္တဲ႕ ေက်ာင္းသူ ေက်ာင္းသားေကာင္းေတြ ျဖစ္လာေစပါမယ္။
.
ေက်ာင္းေတြမွာ “ အေကာင္းျမင္အမူအက်င္႕ႏွင္႕အေထာက္အကူျပဳအဖြဲ႕ ”  ရွိပါတယ္။ ဒီအဖြဲ႕ကေန ေက်ာင္းသူ ေက်ာင္းသားေတြကုိ အမူအက်င္႕ဆုိင္ရာ လမ္းေၾကာင္းမွန္ေပၚကိုတင္ေပးႏုိင္ျပီး ပိုမုိအျပဳသေဘာေဆာင္တဲ႕ ေက်ာင္းပတ္ဝန္းက်င္ကို တည္ေဆာက္ႏိုင္ပါမယ္။
.
ေက်ာင္းအားလံုးမွာ အေရးေပၚတုံ႕ျပန္မႈအစီအစဥ္မ်ား ခ်မွတ္ေဆာင္ရြက္ထားပါတယ္။ မေတာ္တဆ  ( သို႕မဟုတ္ ) ေဘးဥပါဒ္အႏၱရာယ္က်ေရာက္တဲ႕အခါ အဆင္သင္႕ျဖစ္ေနမႈမ်ား နဲ႕ ေဆာင္ရန္ ေရွာင္ရန္မ်ားကို ၾကိဳတင္ေလ႕က်င္႕ သင္တန္းေပးထားျပီး ျဖစ္ပါတယ္။
.
လူသားအရင္းအျမစ္႒ာနမွ ၾကီးမွဴးေဆာင္ရြက္တဲ႕ အသံုးခ်သင္တန္းေတြထဲမွာ အျမန္သတင္းပို႕ျခင္း၊ ကာယအိေျႏၵထိပါးမႈမွကာကြယ္ျခင္း၊ ထိခိုက္ဒဏ္ရာရျခင္းမွေသြးထြက္သံယုိမႈမ်ားကိုကိုင္တြယ္တတ္ျခင္း - Blood-Borne Pathogen တို႕ ပါဝင္ပါတယ္။
.
.
.
( ၅ ) ေက်ာင္းအေဆာက္အဦမ်ား ( Goal#5 Facilities )
.
ေက်ာင္းေတြမွာ ေလဆာေရာင္ျခည္စီမံကိန္း -  Solar Project တပ္ဆင္ျပီးပါျပီ။
.
ေက်ာင္းအေဆာင္အျပင္ဖက္မ်က္ႏွာစာေတြကုိ ေဆးသုတ္ျပီးပါျပီ။
.
ဒစ္ဂ်စ္တယ္စာတန္းထုိးမ်က္ႏွာျပင္ - Digital Marquee တပ္ဆင္ျပီးပါျပီ။
.
ကားပါကင္ မ်ား တည္ေဆာက္ျပီးပါျပီ။
.
ေက်ာင္းသားေရးရာ႒ာန၊ အထူးပညာေရး႒ာန နဲ႕ ပတ္ဝန္းက်င္က်န္းမာေရး႒ာနတို႕အတြက္ အေဆာက္အဦမ်ားကို ျပန္လည္မြမ္းမံျပီးလည္း ျဖစ္ပါတယ္။
.
ေက်ာင္းရံပံုေငြမ်ားကို ေလွ်ာ႕သံုးျခင္းျဖင္႕ အခြန္ထမ္းမိဘျပည္သူမ်ားရဲ႕ ေငြမ်ား အေလအလြင္႕မရွိေစရန္ စီစဥ္ေဆာင္ရြက္ပါတယ္။ ေခ်းေငြမ်ားကို အတုိးႏႈန္းနည္းႏိုင္သမွ်နည္းေအာင္ စိစစ္ျခင္းျဖင္႕ ပိုမုိေကာင္းမြန္တဲ႕ ေျပာင္းလဲပံုေဖာ္မႈကို ၾကိဳးစားအေကာင္အထည္ေဖာ္ေနပါတယ္။
.
.
.
အထက္ပါ ( ၅ ) ခ်က္က “ စြမ္း ” တက္ေနတဲ႕ေက်ာင္းရဲ႕ ေက်ာင္းအုပ္ခ်ဳပ္ေရးရံုးက ပုိ႕လုိက္တဲ႕ ႏွစ္လယ္အစီရင္ခံစာ ျဖစ္ပါတယ္။ ရုပ္ပိုင္းဆုိင္ရာတုိးတက္မႈမ်ားစြာ ေလ႕လာႏုိင္သလို အေမ႕ခံေက်ာင္းသားမ်ားရဲ႕ စိတ္ဓါတ္ျမွင္႕တင္ေရးကိုလည္း လ်စ္လ်ဴမရႈထားတာ ေတြ႕ရမွာပါ။
.
ေက်ာင္းသားေတြဟာ အနာဂါတ္ရဲ႕ပံုေဖာ္သူေတြဆိုတာ လူတကာေျပာေနၾကတာပါ။ ဒါကုိ အျပည္႕အဝအေကာင္ထည္ေဖာ္ႏိုင္ဖို႕ ခ်မွတ္တဲ႕ ဥပေဒ နဲ႕ လမ္းစဥ္ကို လုိက္နာမယ္႕ ဝန္ထမ္း၊ ျပည္သူမ်ား လိုအပ္ပါတယ္။ အေရးအၾကီးဆံုးက အစိုးရယႏၱရားပါ။ သူက ေရွ႕ေဆာင္လမ္းျပမေကာင္းသ၍၊ သူ႕ဝန္ထမ္းေတြ စိတ္ဓါတ္မေကာင္းသ၍ စီမံကိန္းဟူသမ်ွဟာ ေအာင္ျမင္ဖြယ္ရာ မျမင္ပါဘူး။
.
.
အစိုးရတစ္ခုရဲ႕ ပညာေရးအေပၚ ဘယ္လုိရႈျမင္သလဲဆုိတာ ျပည္သူေတြရဲ႕ အခြန္-ေငြေတြကို ဘယ္လုိသံုးစြဲသလဲဆိုတဲ႕ နည္းလမ္းက အမ်ားၾကီး စကားေျပာသြားပါတယ္။ ၾကီးၾကီးပိုင္းရာထူးပိုင္ရွင္ေတြ အာလူးဖုတ္ေနသမွ် ပညာေရးဟာ အရသာမရွိတဲ႕ဟင္းအုိးၾကီးလို ျပည္သူ႕သံယံဇာတရတနာေတြ ဆံုးပါးႏိုင္ပါတယ္။ ဒီဆိုးက်ိဳး နဲ႕ တြဲဖက္ျပီးပါလာတဲ႕ ျပသနာကေတာ႕ အထီးက်န္ႏိုင္ငံေတာ္မွာ ပညာတတ္ေတြ နည္းပါးလာတာပါပဲ။
.
ကြ်န္ေတာ္တုိ႕ ျမန္မာႏိုင္ငံက နည္းလမ္းမွန္သံုးျပီး မေျဖရွင္းလို႕ ဒီလိုဘဝဆိုးထဲကို ေရာက္ေနၾကရတာပါ။ သံုးစားလုိ႕မရတဲ႕လူေတြကုိ အစားထုိးခြင္႕လည္းမရ၊ ေတာင္းဆိုေတာ႕လည္း မေပးျပန္၊ “ ႏို႕ဆာတဲ႕ကေလးျငိမ္ျငိမ္ေန .. အေဖ နဲ႕ အေမ ရန္ျဖစ္လို႕ မအားေသးဘူး ” ဆိုျပီး ေယာင္ေတာင္ေပါင္ေတာင္ နဲ႕ ပညာေရးကို ဖ်ာၾကားညွပ္ထား၊ ပုိးလမ္းမၾကီးမွာ ေက်ာက္စိမ္းစစ္ပြဲ ဆင္ႏႊဲျပီး ေက်နပ္ေနတာ ႏွစ္ပရိေစၦဒ ၾကာျမွင္႕လွေပါ႕ဗ်ာ။
.
ျပည္သူေတြက ကိုယ္႕သားသမီးကို ကိုယ္႕ေငြကိုယ္ အကုန္ခံျပီး အဆင္႕ျမင္႕ပညာသင္ခြင္႕ရေအာင္ ၾကိဳးပမ္းေနရတယ္။ သင္႕တင္႕ေလွ်ာက္ပတ္တဲ႕ ဝင္ေငြမရွိၾကတဲ႕ ေက်ာင္းသားမိဘေတြမွာ ဘယ္သူ႕မ်က္ႏွာကို ပေထြးေခၚရမွန္းမသိေအာင္ ေအာက္က်ေနာက္က်လြန္းလွတယ္။ ကေလးေတြ သနားပါတယ္။ ျပည္သူေတြရဲ႕အခြန္ေငြေတြကုိ ျပည္သူ႕ သားသမီး ေက်ာင္းသူ ေက်ာင္းသားေလးေတြအတြက္ ျပန္သံုးေပးပါ။
.
.
မသံုးတတ္ဘူးဆိုရင္ေတာင္မွ ရံုးေရာက္ ဂတ္ေရာက္ အမႈေပ်ာက္ကိစၥေတြကုိ မျဖစ္ေအာင္ ေလွ်ာ႕ေပးပါ။ စီမံႏိုင္သူေတြကို အလုပ္ ေပးလုပ္ပါ။ လုပ္တတ္ကိုင္တတ္သူေတြကုိ ေပးလုပ္လိုက္ပါ။ ခလုပ္ခုိးႏွိပ္တတ္ရံု စိမ္းပုပ္ေရာင္ပိုးဟပ္ျဖဴေတြ နဲ႕ လႊတ္ေတာ္မွာ ဇြတ္မေလွာ္ၾကပါနဲ႕။
.
ေက်ာင္းသားေတြ သနားပါတယ္။ ျပည္သူ႕ေငြေတြကို ျပည္သူေတြအတြက္ ျပန္သံုးေပးၾကပါ။ ျပည္သူေတြဟာ စစ္ျဖစ္တာ မၾကိဳက္ပါဘူး။ ျပည္သူေတြဟာ သူတုိ႕သားသမီး စာတတ္တာပဲ လုိခ်င္ၾကသူေတြပါ။ “ စာသင္မ႑ိဳင္တစ္ခုလံုးကို ျပဳျပင္ျပီး သမုိင္းအမွန္ထူ အလံျဖဴစိုက္ နာမည္ယူလိုက္ၾကပါ ”  လို႕သာ လက္ရွိအာဏာကုိင္ အတင္းအစိုးရကို တုိက္တြန္းလိုက္ရပါတယ္။
.
Myanmar Unicode Version:
.
.
“ ကျောင်းသားအရေးဦးတည်ချက် ( ၅ ) ရပ် ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ကျောင်းသားအရေးဦးတည်ချက် ( ၅ ) ရပ် နဲ့ ရည်မှန်းချက်တွေပါတဲ့ အစီရင်ခံစာတစ်စောင်မှာ ….
.
( ၁ ) ကျောင်းသားများ၏ တာဝန်ပြီးမြောက်နိုင်ခြင်း၊ လုပ်ကိုင်နိုင်ခြင်း နှင့် တန်းတူညီမျှရှိခြင်း
( Goal#1 Student Achievement, Access and Equity )
.
( ၂၁ ) ရာစု သင်ကြားရေးပတ်ဝန်းကျင်မှာ ကျောင်းသူ ကျောင်းသားများဟာ ကောလိပ် နဲ့ လုပ်ငန်းခွင်ဝင်နိုင်ရေးတို့အတွက် အဆင်သင့်ဖြစ်စေရန်သာမက အမျိုးသားစံချိန်စံညွှန်းများ နဲ့ ပြည့်မှီနေရန် လိုအပ်ပါတယ်။ ဒီနေရာကိုချည်းကပ်ဖို့ ကျောင်းသားအားလုံး တန်းတူညီမျှဆက်ဆံခံရရေး နဲ့ အဆင့်မြင့်တဲ့ အကြမ်းခံညွှန်ကြားချက်အစီအစဉ်တွေကို ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။
.
တစ်ပြေးညီ တန်းမှီပညာရေးရဲ့ ပံ့ပိုးမှုကြောင့် ကောလိပ်ကျောင်းတွေက ပို့ချလိုက်တဲ့ပညာတွေအသုံးပြုပြီး အခွင့်အလမ်းကွက်လပ်ကြီးကို ဖြည့်စွမ်းနိုင်ကြပါလိမ့်မယ်။ ဒီကနေတစ်ဆင့် တန်းတူညီမျှဖြစ်တဲ့အဖြေတွေ ကျောင်းသားတွေဆီမှာ ရှိလာမယ်။ တစ်ချိန်က အမေ့ခံစာသင်သားတွေကို လက်တွဲခေါ်နိုင်မှာ ဖြစ်ပါတယ်။
.
ဆရာ ဆရာမများ၊ ကျောင်းအထောက်အကူပြုဝန်ထမ်းများ နဲ့ အုပ်ချုပ်ရေးဝန်ထမ်းများကို ( .၂၅% ) လခတိုးပေးပြီးလည်း ဖြစ်တယ်။ အသက်မွေးဝမ်းကျောင်းဘာသာရပ်တွေကို ပညာရှင်ဆန်စွာ သင်ကြားတတ်မြောက်နိုင်ဖို့ အထူးနည်းပြဆရာအသင်းတစ်ခုကို တည်ထောင်ပြီး ကျောင်းအားလုံး နဲ့ စာသင်ခန်းဆရာ ဆရာမများကို သင်တန်းပေးပြီး လေ့ကျင့်ထားပြီး ဖြစ်ပါတယ်။
.
အွန်လိုင်းစာသင်ကက်သလောက် - Online Course Catalogue တစ်ခုကို လွှင့်တင်ထားပြီး နောက်ဆုံးပေါ်ထွက်လာသမျှ နဲ့ တိုးတက်မှုမှန်သမျှကို ကျောင်းသားမိသားစုများ နဲ့ မိဘများကို အစဉ်တစိုက်လေ့လာနိုင်အောင် စီစဉ်ပေးထားပါတယ်။
.
ကျောင်းစာကြည့်တိုက်များကို မွမ်းမံအဆင့်မြင့်ပြီး ဖြစ်ပါတယ်။ စာကြည့်တိုက်မှူး၊ သင်ထောက်ကူမန်နေဂျာ နဲ့ စာကြည့်တိုက်ဝန်ထမ်းများဟာ စာအုပ်များရွေးချယ်မှုလွယ်ကူစေရန်၊ နည်းပညာများနဲ့ ပိုမိုအကျွမ်းဝင်စေရန်၊ သင်ရိုးညွှန်းတမ်းအထောက်အကူပြုစာသင်ပုံသင်နည်း မှန်စေရန်၊ စံနစ်မှန်သင်ခန်းစာဖြစ်လာစေရန် လိုအပ်တဲ့ စာအုပ်စာပေတွေကို လမ်းညွှန်ပေးနိုင်ပါတယ်။
.
.
.
( ) နည်းပညာ ( Goal#2 Technology )
.
ဒေသကျောင်းအုပ်ချုပ်ရေးရုံးကနေ ( ၂၁ ) ရာစု နည်းပညာများ အထောက်အပံ့ပေးပြီး ကျောင်းသားတွေကို ပျိုးထောင်ပါမယ်။ ဒီကနေမှ ကျောင်းသားတွေရဲ့ စာလိုက်နိုင်မှုစွမ်းရည် နဲ့ စဉ်းစားတွေးခေါ်မှုဥာဏ်ရည်မြင့်တက်လာပြီး ပြည်နယ်ကချမှတ်ထားတဲ့ အဓိကမဏ္ဍိုင်မူဝါဒများပြည့်မှီလာအောင် ဖြည့်စွမ်းနိုင်မှာ ဖြစ်ပါတယ်။
.
ကျွန်တော်တို့ရဲ့ ဆရာ ဆရာမတွေနဲ့ ကျောင်းအုပ်ချုပ်ရေးဝန်ထမ်းများအတွက် MacBook Pros အလုံး ( ၄၅ဝ ) ထုတ်ပေးထားပါတယ်။
.
ကျောင်းသားတွေအတွက် Chromebook  ( ၃၇ဝဝ ) လုံးကိုလည်း ဖြန့်ဝေအသုံးပြုစေပြီးလည်း ဖြစ်ပါတယ်။
.
ကွန်ပျူတာတွေရဲ့လိုအပ်ချက်များနဲ့ လိုက်လျောညီထွေစွာ ပုံနှိပ်ပရင်တာများကိုလည်း အချိုးကျတပ်ဆင်ပြီး ဖြစ်ပါတယ်။
.
ကျောင်းအုပ်ချုပ်ရေးရုံးအနေနဲ့ Google App ရဲ့ ပညာရေး App တွေကို အသုံးပြုပြီး ပညာရေးစောင့်ရှောက်မှု နဲ့ ကျောင်းအုပ်ချုပ်ရေးစံနစ်တို့ကို လည်ပတ်နိုင်အောင် လုပ်ဆောင်ထားရှိပါတယ်။ ကျောင်းသားများ အထက်တန်းစာသင်နှစ်ပြီးဆုံးသွားတဲ့အထိသုံးစွဲဖို့  သီးသန့် Student Google Account တွေကိုလည်း ပြင်ဆင်လျက်ရှိပါတယ်။
.
.
.
( ) ပတ်ဝန်းကျင်နှင့် လူထုဆက်ဆံရေးများ ( Goal#3 Community and Public Relations )
.
အင်တာနက်ကို လက်တွေ့အသုံးချပြီး  ကျောင်းသားတွေနဲ့ ဆရာ ဆရာမတို့တစ်တွေ လူမှုရေးအသင်းအဖွဲ့များနဲ့ မိမိတို့ရဲ့လက်ကိုင်ဖုန်းများပေါ်ကနေ ပိုမိုထိရောက်စွာဆက်သွယ်နိုင်ဖို့ ကျောင်းအုပ်ချုပ်ရေးရုံး ရဲ့ ကိုယ်ပိုင် မိုဘိုင်း App ကို ပြီးခဲ့တဲ့ စာသင်နှစ်မှာ လွှင့်တင်နိုင်ခဲ့ပါတယ်။
.
ကျောင်းသားမိဘများ ပိုမိုပါဝင်လာတာနဲ့အညီ မိဘဆရာအသင်းအနေနဲ့ အသင်းသားမိဘတွေရဲ့အုပ်ထိန်းမှုပညာရေးကို အစဉ်မပြတ် မြှင့်တင်ပေးလျက် ရှိပါတယ်။ အရေးကြီးတဲ့သတင်းအချက်အလက်တွေကို ကျောင်းရဲ့ ဝဘ်ဆိုဒ်၊ ပို့စ်ကဒ်များ၊ ( ) လပတ်အစီရင်ခံစာ၊ လူမှုကွန်ယက် နဲ့ အီးမေးလ်သတိပေးချက်တို့မှာ ပြန်ကြားပေးပါမယ်။
.
.
.
( ) ကျောင်းလုံခြုံရေး၊ ကျန်းမာရေး နှင့် ကျန်းမာသန်စွမ်းရေး ( Goal#4 School Safety, Health and Wellness )
.
ကျောင်းသားတိုင်း မြို့တော်စည်ပင်နှင့်လူမှုဆက်ဆံရေးဋ္ဌာနက ကျင်းပတဲ့ ကျောင်းလုံခြုံရေး၊ ကျန်းမာရေး နှင့် ကျန်းမာသန်စွမ်းရေးအစီအစဉ်ကို မဖြစ်မနေတက်ရောက်ရပါမယ်။ ဒီလိုတစ်ဦးတစ်ယောက်ချင်းစီရဲ့ဆောင်ရွက်မှုကနေ တစ်ကျောင်းလုံးဖော်ဆောင်နိုင်တဲ့ အပြုသဘောဆောင်တဲ့ ကျောင်းသားပတ်ဝန်းကျင်ကို ရရှိမှာ ဖြစ်ပါတယ်။
.
ယခုလို အကျိုးပြုတဲ့တွေ့ဆုံမှုကနေ ကျောင်းသားတွေရရှိလာတာကတော့ အထူးဆောင်ရွက်သင့်တဲ့ကိစ္စများကိုအလေးပေးဆောင်ရွက်လာစေသလို ကျန်းမာရေးနဲ့ညီညွတ်မျှတစွာ နေထိုင်တတ်လာမှာဖြစ်တယ်။
.
ဒါ့အပြင် ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနားညှာတာတတ်တဲ့ အမူအကျင့်ကောင်းတွေကို ကျောင်းသားတွေခေါင်းထဲ ထည့်ပေးလိုက်နိုင်ပါလိမ့်မယ်။ ကျောင်းသားတွေကို လုပ်စရာရှိတာတွေအားလုံး လုပ်ခွင့်ပေးမှာဖြစ်တယ်။
.
အဲဒီလို လက်တွေ့ကျကျစမ်းသပ်လုပ်ဆောင်ချက်တွေကနေ လူမှုဆက်ဆံရေးကို အရောင်တင်ပေးရုံမက ပညာရေးအတွေ့အကြုံကောင်းတွေကို ခံစားသက်ဝင်ပြီး ကျန်းမာပျော်ရွှင်တဲ့ ကျောင်းသူ ကျောင်းသားကောင်းတွေ ဖြစ်လာစေပါမယ်။
.
ကျောင်းတွေမှာအကောင်းမြင်အမူအကျင့်နှင့်အထောက်အကူပြုအဖွဲ့ ”  ရှိပါတယ်။ ဒီအဖွဲ့ကနေ ကျောင်းသူ ကျောင်းသားတွေကို အမူအကျင့်ဆိုင်ရာ လမ်းကြောင်းမှန်ပေါ်ကိုတင်ပေးနိုင်ပြီး ပိုမိုအပြုသဘောဆောင်တဲ့ ကျောင်းပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ပါမယ်။
.
ကျောင်းအားလုံးမှာ အရေးပေါ်တုံ့ပြန်မှုအစီအစဉ်များ ချမှတ်ဆောင်ရွက်ထားပါတယ်။ မတော်တဆ  ( သို့မဟုတ် ) ဘေးဥပါဒ်အန္တရာယ်ကျရောက်တဲ့အခါ အဆင်သင့်ဖြစ်နေမှုများ နဲ့ ဆောင်ရန် ရှောင်ရန်များကို ကြိုတင်လေ့ကျင့် သင်တန်းပေးထားပြီး ဖြစ်ပါတယ်။
.
လူသားအရင်းအမြစ်ဋ္ဌာနမှ ကြီးမှူးဆောင်ရွက်တဲ့ အသုံးချသင်တန်းတွေထဲမှာ အမြန်သတင်းပို့ခြင်း၊ ကာယအိန္ဒြေထိပါးမှုမှကာကွယ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းမှသွေးထွက်သံယိုမှုများကိုကိုင်တွယ်တတ်ခြင်း - Blood-Borne Pathogen တို့ ပါဝင်ပါတယ်။
.
.
.
( ) ကျောင်းအဆောက်အဦများ ( Goal#5 Facilities )
.
ကျောင်းတွေမှာ လေဆာရောင်ခြည်စီမံကိန်း -  Solar Project တပ်ဆင်ပြီးပါပြီ။
.
ကျောင်းအဆောင်အပြင်ဖက်မျက်နှာစာတွေကို ဆေးသုတ်ပြီးပါပြီ။
.
ဒစ်ဂျစ်တယ်စာတန်းထိုးမျက်နှာပြင် - Digital Marquee တပ်ဆင်ပြီးပါပြီ။
.
ကားပါကင် များ တည်ဆောက်ပြီးပါပြီ။
.
ကျောင်းသားရေးရာဋ္ဌာန၊ အထူးပညာရေးဋ္ဌာန နဲ့ ပတ်ဝန်းကျင်ကျန်းမာရေးဋ္ဌာနတို့အတွက် အဆောက်အဦများကို ပြန်လည်မွမ်းမံပြီးလည်း ဖြစ်ပါတယ်။
.
ကျောင်းရံပုံငွေများကို လျှော့သုံးခြင်းဖြင့် အခွန်ထမ်းမိဘပြည်သူများရဲ့ ငွေများ အလေအလွင့်မရှိစေရန် စီစဉ်ဆောင်ရွက်ပါတယ်။ ချေးငွေများကို အတိုးနှုန်းနည်းနိုင်သမျှနည်းအောင် စိစစ်ခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ပြောင်းလဲပုံဖော်မှုကို ကြိုးစားအကောင်အထည်ဖော်နေပါတယ်။
.
.
.
အထက်ပါ ( ) ချက်ကစွမ်းတက်နေတဲ့ကျောင်းရဲ့ ကျောင်းအုပ်ချုပ်ရေးရုံးက ပို့လိုက်တဲ့ နှစ်လယ်အစီရင်ခံစာ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုများစွာ လေ့လာနိုင်သလို အမေ့ခံကျောင်းသားများရဲ့ စိတ်ဓါတ်မြှင့်တင်ရေးကိုလည်း လျစ်လျူမရှုထားတာ တွေ့ရမှာပါ။
.
ကျောင်းသားတွေဟာ အနာဂါတ်ရဲ့ပုံဖော်သူတွေဆိုတာ လူတကာပြောနေကြတာပါ။ ဒါကို အပြည့်အဝအကောင်ထည်ဖော်နိုင်ဖို့ ချမှတ်တဲ့ ဥပဒေ နဲ့ လမ်းစဉ်ကို လိုက်နာမယ့် ဝန်ထမ်း၊ ပြည်သူများ လိုအပ်ပါတယ်။ အရေးအကြီးဆုံးက အစိုးရယန္တရားပါ။ သူက ရှေ့ဆောင်လမ်းပြမကောင်းသ၍၊ သူ့ဝန်ထမ်းတွေ စိတ်ဓါတ်မကောင်းသ၍ စီမံကိန်းဟူသမျှဟာ အောင်မြင်ဖွယ်ရာ မမြင်ပါဘူး။
.
.
အစိုးရတစ်ခုရဲ့ ပညာရေးအပေါ် ဘယ်လိုရှုမြင်သလဲဆိုတာ ပြည်သူတွေရဲ့ အခွန်-ငွေတွေကို ဘယ်လိုသုံးစွဲသလဲဆိုတဲ့ နည်းလမ်းက အများကြီး စကားပြောသွားပါတယ်။ ကြီးကြီးပိုင်းရာထူးပိုင်ရှင်တွေ အာလူးဖုတ်နေသမျှ ပညာရေးဟာ အရသာမရှိတဲ့ဟင်းအိုးကြီးလို ပြည်သူ့သံယံဇာတရတနာတွေ ဆုံးပါးနိုင်ပါတယ်။ ဒီဆိုးကျိုး နဲ့ တွဲဖက်ပြီးပါလာတဲ့ ပြသနာကတော့ အထီးကျန်နိုင်ငံတော်မှာ ပညာတတ်တွေ နည်းပါးလာတာပါပဲ။
.
ကျွန်တော်တို့ မြန်မာနိုင်ငံက နည်းလမ်းမှန်သုံးပြီး မဖြေရှင်းလို့ ဒီလိုဘဝဆိုးထဲကို ရောက်နေကြရတာပါ။ သုံးစားလို့မရတဲ့လူတွေကို အစားထိုးခွင့်လည်းမရ၊ တောင်းဆိုတော့လည်း မပေးပြန်၊ “ နို့ဆာတဲ့ကလေးငြိမ်ငြိမ်နေ .. အဖေ နဲ့ အမေ ရန်ဖြစ်လို့ မအားသေးဘူး ” ဆိုပြီး ယောင်တောင်ပေါင်တောင် နဲ့ ပညာရေးကို ဖျာကြားညှပ်ထား၊ ပိုးလမ်းမကြီးမှာ ကျောက်စိမ်းစစ်ပွဲ ဆင်နွှဲပြီး ကျေနပ်နေတာ နှစ်ပရိစ္ဆေဒ ကြာမြှင့်လှပေါ့ဗျာ။
.
ပြည်သူတွေက ကိုယ့်သားသမီးကို ကိုယ့်ငွေကိုယ် အကုန်ခံပြီး အဆင့်မြင့်ပညာသင်ခွင့်ရအောင် ကြိုးပမ်းနေရတယ်။ သင့်တင့်လျှောက်ပတ်တဲ့ ဝင်ငွေမရှိကြတဲ့ ကျောင်းသားမိဘတွေမှာ ဘယ်သူ့မျက်နှာကို ပထွေးခေါ်ရမှန်းမသိအောင် အောက်ကျနောက်ကျလွန်းလှတယ်။ ကလေးတွေ သနားပါတယ်။ ပြည်သူတွေရဲ့အခွန်ငွေတွေကို ပြည်သူ့ သားသမီး ကျောင်းသူ ကျောင်းသားလေးတွေအတွက် ပြန်သုံးပေးပါ။
.
.
မသုံးတတ်ဘူးဆိုရင်တောင်မှ ရုံးရောက် ဂတ်ရောက် အမှုပျောက်ကိစ္စတွေကို မဖြစ်အောင် လျှော့ပေးပါ။ စီမံနိုင်သူတွေကို အလုပ် ပေးလုပ်ပါ။ လုပ်တတ်ကိုင်တတ်သူတွေကို ပေးလုပ်လိုက်ပါ။ ခလုပ်ခိုးနှိပ်တတ်ရုံ စိမ်းပုပ်ရောင်ပိုးဟပ်ဖြူတွေ နဲ့ လွှတ်တော်မှာ ဇွတ်မလှော်ကြပါနဲ့။
.
ကျောင်းသားတွေ သနားပါတယ်။ ပြည်သူ့ငွေတွေကို ပြည်သူတွေအတွက် ပြန်သုံးပေးကြပါ။ ပြည်သူတွေဟာ စစ်ဖြစ်တာ မကြိုက်ပါဘူး။ ပြည်သူတွေဟာ သူတို့သားသမီး စာတတ်တာပဲ လိုချင်ကြသူတွေပါ။ “ စာသင်မဏ္ဍိုင်တစ်ခုလုံးကို ပြုပြင်ပြီး သမိုင်းအမှန်ထူ အလံဖြူစိုက် နာမည်ယူလိုက်ကြပါ ”  လို့သာ လက်ရှိအာဏာကိုင် အတင်းအစိုးရကို တိုက်တွန်းလိုက်ရပါတယ်။
.

koko2yeye@gmail.com
.
“ ေက်ာင္းသားအေရးဦးတည္ခ်က္ ( ၅ ) ရပ္ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ဇန္နဝါရီလ ( ၂ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၁၇ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link : http://www.mediafire.com/download/dl7lrw1e2klma5c/NetGuide+Vol+4%2C+No.17.pdf
.




No comments: