ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, June 2, 2020

ဒေါ်လာ ၂.၇ သန်းတန် ကားအစီး ၇ဝ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
တနင်္ဂနွေနေ့ညတုန်းက အိမ်အနီးနားက Dodge ကားကိုယ်စားလှယ်ရုံးမှာ ကားအစီး ၇ဝ ကျော် လုယက်ခံရပါတယ်။ လုယက်သူတွေဟာ ရဲကား နဲ့ မီးသတ်ကားတွေအလုပ်ရှုတ်အောင် ၂ လမ်းပဲခြားတဲ့ Walmart ကို မီးလောင်တိုက်သွင်းတာ၊ မျက်နှာချင်းဆိုင်ကားလမ်းရှေ့ရှော့ပင်းမောက Nike က ဖိနပ်တွေကိုဝင်လုတာအပြင် အားလုံးကိုအချိန်ကိုက်လုပ်လိုက်ကြတော့ ကားတွေမောင်းထွက်ဖို့အချိန် ၅ နာရီလောက်ရသွားပါတယ်။ ကားကိုယ်စားလှယ်ပိုင်ရှင် ကားလို့စ်-Carlos က သတင်းရုပ်သံနဲ့ပြောတဲ့အထဲမှာ

"သူတို့မှာ မျက်ရည်ယိုဗုံးတွေပါလာတယ်။ ဖောက်ခွဲလိုက်တဲ့မီးခိုးတွေကြားမှာ လူအုပ်ကြီးဟာ ကားသော့မီးခံသေတ္တာကိုရသွားပြီး NIKE စတိုးကလူတွေပါ လမ်းကူးပြီးအကုန်ဝင်လုကြတယ်"

"ထွက်ပေါက်ကိုပိတ်ရပ်ထားတဲ့ကားတွေကို တစ်စီးနဲ့တစ်စီးတိုက်ပစ်ပြီးလမ်းပေါက်ဖွင့်ပေးလိုက်တဲ့နောက်မှာ ပါကင်လော့မှာရှိတဲ့ ကားအကုန်လုံးနီးပါး ပါသွားပါတယ်။ ကားတာယာတွေမီးရှို့ပြီးလမ်းပိတ်ထားတယ်"
"ကားအမျိုးအစားတွေက ဒေါ့ဂျ်ထရပ်၊ ဂျစ်ကား၊ ချာဂျာ နဲ့ ဈေးကြီးတဲ့ Dodge Challenger Hellcats တွေကားအားလုံးပေါင်းလိုက်ရင် ဒေါ်လာ ၂.၇ သန်း တန်ပါတယ်။ အားလုံးအသစ်ချည်းချည်း"

"သန့်ရှင်းတဲ့လူ့ဘဝတစ်ခုဆိုတာပျက်စီးသွားပြီးရင် အကောင်းအတိုင်းပြန်ယူချင်လို့မရပါဘူး။ ကားတွေက ပြန်အစားထိုးလို့ရပါတယ်။ ကားတွေနဲ့လုပ်ငန်းက အလုံးစုံအာမခံတင်ထားတော့ပြန်ရပေမယ့် ဝန်ထမ်းအယောက် ၇ဝ ရဲ့ ဘဝတွေဟာ မျှော်လင့်ချက်မဲ့စေပါတယ်"

"တိုက်တိုက်ဆိုင်ဆိုင်အရိုက်ချိုးခံလိုက်ရတာကတော့ ဒီနေ့ ဇွန်လ ၁ ရက်နေ့ဟာ COVID-19 ကြောင့် ၂ လ နားထားရတဲ့ ကျွန်တော့ရဲ့ဝန်ထမ်းတွေ စိတ်သစ်လူသစ်နဲ့အလုပ်ပြန်ဆင်းကြတဲ့ပထမဦးဆုံးနေ့ဖြစ်နေတာက အင်မတန်ဝမ်းနည်းစရာကောင်းပါတယ်"
ကားကိုယ်စားလှယ်ဟာ ကားတွေလိုက်ရှာတာ အစီး ၂ဝ လောက်ပြန်ရပေမယ့် နောက်ထပ်ဒီလိုမျိုးမဖြစ်ရအောင် လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေငှားပြီးကင်းလှည့်သွားမယ်လို့ပြောသွားပါတယ်။
တကယ်တော့ ကျွန်တော့အိမ်နဲ့ အဲဒီ Walmart က ၂ ဘလောက်သာဝေးပြီး ကားကိုယ်စားလှယ်ရုံးနဲ့က လမ်းတစ်လမ်းထဲပေါ်မှာတည်ရှိနေတာပါခင်ဗျား။
Ref: KRON4 News
ခင်လျက်
ကိုညီညီ (တောင်ကြီး)
06-02-2020
<Zawgyi>

"ေဒၚလာ ၂.၇ သန္းတန္ ကားအစီး ၇ဝ" တနဂၤေႏြေန႔ညတုန္းက အိမ္အနီးနားက Dodge ကားကိုယ္စားလွယ္႐ုံးမွာ ကားအစီး ၇ဝ ေက်ာ္ လုယက္ခံရပါတယ္။ လုယက္သူေတြဟာ ရဲကား နဲ႔ မီးသတ္ကားေတြအလုပ္ရႈတ္ေအာင္ ၂ လမ္းပဲျခားတဲ့ Walmart ကို မီးေလာင္တိုက္သြင္းတာ၊ မ်က္ႏွာခ်င္းဆိုင္ကားလမ္းေရွ႕ေရွာ့ပင္းေမာက Nike က ဖိနပ္ေတြကိုဝင္လုတာအျပင္ အားလုံးကိုအခ်ိန္ကိုက္လုပ္လိုက္ၾကေတာ့ ကားေတြေမာင္းထြက္ဖို႔အခ်ိန္ ၅ နာရီေလာက္ရသြားပါတယ္။ ကားကိုယ္စားလွယ္ပိုင္ရွင္ ကားလို႔စ္-Carlos က သတင္း႐ုပ္သံနဲ႔ေျပာတဲ့အထဲမွာ
"သူတို႔မွာ မ်က္ရည္ယိုဗုံးေတြပါလာတယ္။ ေဖာက္ခြဲလိုက္တဲ့မီးခိုးေတြၾကားမွာ လူအုပ္ႀကီးဟာ ကားေသာ့မီးခံေသတၱာကိုရသြားၿပီး NIKE စတိုးကလူေတြပါ လမ္းကူးၿပီးအကုန္ဝင္လုၾကတယ္"
"ထြက္ေပါက္ကိုပိတ္ရပ္ထားတဲ့ကားေတြကို တစ္စီးနဲ႔တစ္စီးတိုက္ပစ္ၿပီးလမ္းေပါက္ဖြင့္ေပးလိုက္တဲ့ေနာက္မွာ ပါကင္ေလာ့မွာရွိတဲ့ ကားအကုန္လုံးနီးပါး ပါသြားပါတယ္။ ကားတာယာေတြမီးရွို႔ၿပီးလမ္းပိတ္ထားတယ္"
"ကားအမ်ိဳးအစားေတြက ေဒါ့ဂ်္ထရပ္၊ ဂ်စ္ကား၊ ခ်ာဂ်ာ နဲ႔ ေဈးႀကီးတဲ့ Dodge Challenger Hellcats ေတြကားအားလုံးေပါင္းလိုက္ရင္ ေဒၚလာ ၂.၇ သန္း တန္ပါတယ္။ အားလုံးအသစ္ခ်ည္းခ်ည္း"
"သန႔္ရွင္းတဲ့လူ႔ဘဝတစ္ခုဆိုတာပ်က္စီးသြားၿပီးရင္ အေကာင္းအတိုင္းျပန္ယူခ်င္လို႔မရပါဘူး။ ကားေတြက ျပန္အစားထိုးလို႔ရပါတယ္။ ကားေတြနဲ႔လုပ္ငန္းက အလုံးစုံအာမခံတင္ထားေတာ့ျပန္ရေပမယ့္ ဝန္ထမ္းအေယာက္ ၇ဝ ရဲ့ ဘဝေတြဟာ ေမၽွာ္လင့္ခ်က္မဲ့ေစပါတယ္"
"တိုက္တိုက္ဆိုင္ဆိုင္အရိုက္ခ်ိဳးခံလိုက္ရတာကေတာ့ ဒီေန႔ ဇြန္လ ၁ ရက္ေန႔ဟာ COVID-19 ေၾကာင့္ ၂ လ နားထားရတဲ့ ကၽြန္ေတာ့ရဲ့ဝန္ထမ္းေတြ စိတ္သစ္လူသစ္နဲ႔အလုပ္ျပန္ဆင္းၾကတဲ့ပထမဦးဆုံးေန႔ျဖစ္ေနတာက အင္မတန္ဝမ္းနည္းစရာေကာင္းပါတယ္"
ကားကိုယ္စားလွယ္ဟာ ကားေတြလိုက္ရွာတာ အစီး ၂ဝ ေလာက္ျပန္ရေပမယ့္ ေနာက္ထပ္ဒီလိုမ်ိဳးမျဖစ္ရေအာင္ လက္နက္ကိုင္လုံျခဳံေရးအဖြဲ႕ေတြငွားၿပီးကင္းလွည့္သြားမယ္လို႔ေျပာသြားပါတယ္။
တကယ္ေတာ့ ကၽြန္ေတာ့အိမ္နဲ႔ အဲဒီ Walmart က ၂ ဘေလာက္သာေဝးၿပီး ကားကိုယ္စားလွယ္႐ုံးနဲ႔က လမ္းတစ္လမ္းထဲေပၚမွာတည္ရွိေနတာပါခင္ဗ်ား။ Ref: KRON4 News ခင္လ်က္ ကိုညီညီ (ေတာင္ႀကီး) 06-02-2020

No comments: