ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, June 9, 2020

လေယာဉ်အကြောင်း၊ လက်မှတ်အကြောင်း

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
           မြန်မာနိုင်ငံမှာလို လေယာဉ်လက်မှတ်ထိုင်ရောင်းတဲ့ရုံးတွေများများစားစားမရှိတဲ့နိုင်ငံတွေထဲမှာ အမေရိကားက ထူးခြားပါတယ်။ လူကိုယ်တိုင်သွားဝယ်လို့ရတဲ့ အေးဂျင့်ရုံးတွေရှိပေမယ့် လုပ်နေကျ ကိုင်နေကျ၊ သွားနေကျ လာနေကျ လူထုက အွန်လိုင်းကနေ ဝယ်ကြတယ်။ ပလပ်စတစ်ကဒ်ဟာ ငွေသား၊ ငွေသားဟာ ကိန်းဂဏန်း၊ ကိန်းဂဏန်းဟာ အွန်လိုင်းဘဏ် ကဲ့သို့ချိတ်ဆက်နေတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေအားကောင်းတဲ့အတွက် လူတွေကို အချိန်ကုန်သက်သာစေပါတယ်။
.
. မြန်မာနိုင်ငံပြန်ဖို့ တရုတ်လေကြောင်းလိုင်း - China Airlines (သို့) စင်္ကာပူလေကြောင်းလိုင်း - Singapore Airlines နဲ့ လက်မှတ်ဝယ်တယ်ဆိုပါစို့ . .။ လူကိုယ်တိုင်လေယာဉ်ကွင်းရောက်တဲ့အခါ လက်မှတ်ဝယ်ပြီးကြောင်း လက်ခံအီးမေးလ် နဲ့ ဝယ်ထားတဲ့ဘဏ်ကဒ်တို့ဟာ စီးနင်းသူအစစ်အမှန်ဖြစ်ကြောင်း သက်သေခံနိုင်ပါတယ်။ Online Receipt လက်မှတ်ကို ပရင်တာရှာပြီး တကူးတက ပရင့်ထုတ်စရာမလိုတော့တာက အခုနောက်ပိုင်း သိပ်ကောင်းတဲ့အချက်ပါ။
.
.
. သို့သော်လည်း တယ်လီဖုန်းနဲ့စကားမပြောလိုသူမြန်မာတစ်ချို့ကတော့ လူကိုယ်တိုင်ဖုန်းပြောပြီးထိုင်ရောင်းတဲ့ မြန်မာစကားပြောကိုယ်စားလှယ်တွေနားက ဝယ်ယူခရီးသွားနေကြတုန်းပါပဲ။ မြန်မာအချင်းချင်းအားပေးတာ ကောင်းပါတယ်။ ဒါပေမယ့် နည်းပညာတစ်ခုကို မှားမှာစိုးလို့၊ အခက်အခဲရှိလို့၊ ရင်မဆိုင်ချင်လို့ ကျော် - Skip လိုက်ရင် နောက်တစ်ခါ ဒီလိုပြန်ကြုံရတဲ့အခါ ပိုပြီးမလုပ်တတ်တာကလွဲလို့ တိုးတက်မှုတစ်စုံတစ်ရာတွေ့ရဖို့ခက်ပါတယ်။
.
. နောက်တစ်ခါ လူချင်းမတွေ့ရတဲ့ အွန်လိုင်းရောက်ရှိသတင်းပို့ - Online Check-In နဲ့ မတ်တပ်သတင်းပို့စက် - Check-In Kiosk တို့ သုံးတတ်ရင် အလုပ်သက်သာတာနဲ့အမျှ နည်းပညာကိုစိတ်ညစ်ပြီး နောက်ကျနေရစ်ဖို့သိပ်မလွယ်တော့ပါဘူး။ အဓိက က ပြထားတဲ့မျက်နှာပြင် (အွန်လိုင်းစာမျက်နှာ / တက်ဘလက်ဖန်သားပြင်) ပေါ်မှာ ပေးထားတဲ့နှိပ်စရာခလုပ်တွေကို ဘယ်လိုခိုင်းစေရမယ်ဆိုတာသိရင် အစပိုင်းပဲခက်နိုင်ပေမယ့် နောက်ကျတော့ ကျင့်သားရသွားပြီး ကျွမ်းကျင်လာနိုင်ပါတယ်။
.
.
. အခုဆောင်းပါးမှာ လေယာဉ်လက်မှတ်ကိုသက်သာအောင်ဘယ်လိုဝယ်မလဲဆိုတာ ပြောပြချင်တယ်။ လေကြောင်းလိုင်းစာမျက်နှာတစ်ခုကိုဖွင့်လိုက်ရင် Book , Buy, Flight ဆိုတဲ့ခလုပ်ကိုနှိပ်လိုက်ရင် အသွားအပြန် - Roundtrip နဲ့ တစ်ကြောင်းတည်းသွား - One-Way အပြင် မြို့ကြုံဝင် - Multicity တို့ကိုရွေးပြီးတဲ့အခါ ထွက်ခွာမယ့်မြို့ နဲ့ သွားရောက်မယ့်မြို့တွေကို From နဲ့ To မှာ ရွေးပေးရပါတယ်။ ထို့အတူပဲ ထွက်ခွာမယ့်နေ့ နဲ့ ပြန်လာမယ့်နေ့တွေကျပြန်တော့ Depart Date နဲ့ Return Date တို့မှာထည့်ပြီး ကျသင့်တဲ့စျေးနှုန်းကိုရှာကြည့်လို့ရပါတယ်။
.
. ဒီနေရာမှာ Multicity နဲ့ Layover မတူတာကိုပြောပြကြည့်မယ်။ မိတ်ဆွေလက်မှတ်ဝယ်ကတည်းက အသွား/အပြန်ခရီးမှာ (ရည်ရွယ်ချက်ရှိရှိနဲ့) ကြားထဲကတစ်မြို့ကိုဝင်ဦးမယ်ဆိုရင် မြို့ကြုံဝင် - Multicity ဆိုတာကို ရွေးရမှာပါ။ အဲဒီအတွက် မြို့ (၃) မြို့နာမယ်ကို ရိုက်သွင်းပေးရမှာဖြစ်ပြီး ဆင်းချိန်၊ နားချိန် နဲ့ ပြန်တက်မယ့်အချိန်တွေကြား မိတ်ဆွေဝင်မယ့်မြို့မှာတည်းခိုဖို့စီစဉ်နိုင်ပါတယ်။
.
.
. Layover ကျတော့ ဒီလိုမဟုတ်ပြန်ဘူး။ မိတ်ဆွေသွားမယ့်မြို့ကိုတိုက်ရိုက်လေယာဉ်ရှိချင်မှရှိမယ် (ဒါမှမဟုတ်) လေယာဉ်ကြီးကနေ လေယာဉ်ငယ်၊ လေယာဉ်ငယ်ကနေ လေယာဉ်ကြီးပြောင်းဖို့ လေဆိပ်တစ်ခုမှာပြောင်းရတဲ့အခါ (အများအားဖြင့်) လေဆိပ်ထဲကနားနေခန်း - Lobby မှာ အညောင်းပြေစောင့်ရတာမျိုးကိုဆိုလိုတာ ဖြစ်ပါတယ်။ လေကြောင်းလိုင်း နဲ့ လေဆိပ်မြို့တွေပေါ်မူတည်ပြီး အမြန်ဆုံး (၄၅) မိနစ်ကနေ အကြာဆုံး (၂၂) နာရီအထိစောင့်ရတတ်တာ Layover ပါ။
.
. ဒီနေရာမှာ ကြုံလာတဲ့အခွင့်အရေးကိုယူတတ်ဖို့က ရွှေမြန်မာတွေရဲ့တန်ခိုးနဲ့တန်ဖိုးနည်းတဲ့လက်မှတ်ကိုဝယ်တတ်ရင် ရပါတယ်။ တစ်ချို့လေကြောင်းလိုင်းတွေက သူတို့ကုမ္ပဏီရဲ့အခြေစိုက်ညသိပ်လေယာဉ်ဂိုဒေါင် - Aircraft Hangars တွေရှိတဲ့မြို့မှာ လေယာဉ်ပြောင်းချင်တယ်။ အဲဒီမြို့က မိတ်ဆွေသွားချင်တဲ့မြို့ဖြစ်ချင်မှဖြစ်မယ် ဒါပေမယ့် တစ်ထောက်နား - Transit နားတဲ့မြို့မှာ အချိန်ရရင်ရသလို လေဆိပ်အပြင်ကိုထွက်လေ့လာလို့ရနိုင်ပါတယ်။
.
.
. ဥပမာ - ဆန်ဖရန်စစ္စကိုလေဆိပ် SFO ကနေ နယူးယောက်လေဆိပ် - NYC (JFK) ကိုသွားရင်း လမ်းမှာ လော့စ်အိန့်ဂျလိစ်မြို့က Long Beach (LGB) လေဆိပ်မှာ (၅) နာရီကျော်နားဖို့ JetBlue လေကြောင်းလိုင်းစီးနိုင်သလို ဒီခရီးကိုပဲ ရှီကာဂိုမြို့လေဆိပ် Chicago (ORD) မှာ (၆) နာရီကျော်ဝင်နားဖို့ American Airlines လေကြောင်းလိုင်းကိုစီးနိုင်ပါတယ်။ သွားမယ့်နေ့၊ ပြန်မယ့်နေ့နဲ့ ရပ်နားမယ့်မြို့၊ လေယာဉ်ပြောင်းမယ့်အချိန်တွေမတူတာကို ကိုယ်တိုင်ဝယ်ဖူးရင် အလိုလိုသိလာပါလိမ့်မယ်။ ဒါကိုမှမကြိုက်ဘူးဆိုရင် လမ်းမှာမရပ်တဲ့ Non Stop လက်မှတ်ကိုဝယ်ရင် မြန်မြန်ရောက်နိုင်တာကြောင့် စောစောရောက် စောစောနားနိုင်တဲ့အားသာချက်ရှိပါတယ်။
.
. ဒါက လေကြောင်းလိုင်းတွေက သူတို့ဆွဲထားတဲ့အစီအစဉ်အတိုင်း မိတ်ဆွေက လိုက်ပါစီးနင်းရတဲ့ သာမန်လက်မှတ်မျိုးပါ။ သူတို့ပေးတဲ့ အရောင်းမြှင့်တင်ရေး - Promotion တွေ မပါသေးပါဘူး။ အခုလက်ရှိ (၂ဝ၁၇ ဇွန်လထဲဝင်လာတဲ့အခါ) ကာတာလေကြောင်းလိုင်းကို အရင်မုတ်ဆိတ်ရှည်နိုင်ငံလေကြောင်းလိုင်းတွေက ဝိုင်းသပိတ်မှောက်လို့ ကျရိပ်ပြလာတဲ့စီးပွားရေးကို ပရိုမိုးရှင်းလုပ်ပြီး ပြန်တွန်းတင်နေပါတယ်။
.
.
. အဲဒါကတော့ ကာတာလေကြောင်းလိုင်းကိုစီးရင် ခရီးတစ်ယောက်နားဖို့ မြို့တော်ဒိုဟာ - Doha မှာ တစ်ညကို ဒေါ်လာ (၃ဝဝ) လောက်ပေးတည်းရတဲ့ ကြယ် (၃) ပွင့် နဲ့ ကြယ် (၄) ပွင့်ဟိုတယ်မှာ တစ်ဦးကို ဒေါ်လာ (၅ဝ) နဲ့ ညအိပ်နား - Stayover ပေးတည်းတာမျိုးပါ။ ဒီထဲမှာ နိုင်ငံခြားသားတစ်ယောက် ဒိုဟာမြို့ထဲဝင်ဖို့ ဗီဆာကို အခမဲ့ဆောင်ရွက်ပေးမှု ပါဝင်ပါသေးတယ်။ ဒီလိုဆိုတော့ အာရေဗျသဲကန္တာရနဲ့အမျိုးတော်သူခရီးသွားတွေ ရေနံမြေမှာ ပျော်ရွှင်စွာနားနိုင်ဖို့ ကာတာမြို့တော်က ကြိုဆိုနေမှာဖြစ်ပါတယ်။
.
. စိတ်ပိုင်းဖြတ်ပြီးလို့ လေယာဉ်လက်မှတ်ဝယ်တော့မယ်ဆိုရင် Google Flight ကို သတိရစေချင်တယ်။ သတင်းအချက်အလက်များတဲ့ဝဘ်ဆိုဒ်ကြီးဖြစ်တာနဲ့အညီ လေကြောင်းလိုင်းတွေရဲ့ပြိုင်ဆိုင်မှုတွေကို စာမျက်နှာမှာ အထင်းသားတွေ့ရနိုင်တယ်။ ဒါ့အပြင်လက်ကိုင်ဖုန်းပေါ်မှာ Priceline App ၊ Expedia App တို့နဲ့ လူတွေလက်မှတ်ဖြတ်ကြတာလည်း ရှိကြတယ်။
.
.
. အမေရိကားပြည်တွင်းခရီးအတွက် အသွားအပြန်ဝယ်တာ နဲ့ အသွားတစ်ကြောင်း-အပြန်တစ်ကြောင်း-လေဆိပ်ပြောင်း ဖော်မြူလာနဲ့ဝယ်တာတို့ အမျိုးမျိုးရှိတယ်။ တစ်ချိန်ချိန်မှာတစ်ခုခုကတော့ သက်သာမြဲသက်သာနေနိုင်တာမို့ စုံအောင်လေ့လာနိုင်မှ တော်ရာကျပါမယ်။
.
. ဒီအပြင် ကုမ္ပဏီအမျိုးမျိုးကပေးတဲ့ ပရိုမိုးရှင်းအဖုံဖုံကိုလေ့လာနိုင်ရင် စျေးသက်သာနိုင်ပြီး ခရီးသည်အတွက် ပိုအကျိုးရှိနိုင်တယ်။ သူတို့ရဲ့အွန်လိုင်းစာမျက်နှာကို စာရင်းသွင်း - Signup လုပ်လိုက်တာနဲ့ ဝေဟင်က လေယာဉ်ပေါ်မှာ အခမဲ့အင်တာနက်သုံးခွင့်ရခဲ့တဲ့ကျွန်တော့ကိုယ်တွေ့ကိုအခြေခံပြီး လေယာဉ်အကြောင်း၊ လက်မှတ်အကြောင်းကို မျှဝေလိုက်ပါရစေ။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 06-09-2017


<Zawgyi>

. “ ေလယာဥ္အေၾကာင္း၊ လက္မွတ္အေၾကာင္း ”
. ျမန္မာနိုင္ငံမွာလို ေလယာဥ္လက္မွတ္ထိုင္ေရာင္းတဲ့႐ုံးေတြမ်ားမ်ားစားစားမရွိတဲ့နိုင္ငံေတြထဲမွာ အေမရိကားက ထူးျခားပါတယ္။ လူကိုယ္တိုင္သြားဝယ္လို႔ရတဲ့ ေအးဂ်င့္႐ုံးေတြရွိေပမယ့္ လုပ္ေနက် ကိုင္ေနက်၊ သြားေနက် လာေနက် လူထုက အြန္လိုင္းကေန ဝယ္ၾကတယ္။ ပလပ္စတစ္ကဒ္ဟာ ေငြသား၊ ေငြသားဟာ ကိန္းဂဏန္း၊ ကိန္းဂဏန္းဟာ အြန္လိုင္းဘဏ္ ကဲ့သို႔ခ်ိတ္ဆက္ေနတဲ့ ဘ႑ာေရးအဖြဲ႕အစည္းေတြအားေကာင္းတဲ့အတြက္ လူေတြကို အခ်ိန္ကုန္သက္သာေစပါတယ္။
.
. ျမန္မာနိုင္ငံျပန္ဖို႔ တ႐ုတ္ေလေၾကာင္းလိုင္း - China Airlines (သို႔) စကၤာပူေလေၾကာင္းလိုင္း - Singapore Airlines နဲ႔ လက္မွတ္ဝယ္တယ္ဆိုပါစို႔ . .။ လူကိုယ္တိုင္ေလယာဥ္ကြင္းေရာက္တဲ့အခါ လက္မွတ္ဝယ္ၿပီးေၾကာင္း လက္ခံအီးေမးလ္ နဲ႔ ဝယ္ထားတဲ့ဘဏ္ကဒ္တို႔ဟာ စီးနင္းသူအစစ္အမွန္ျဖစ္ေၾကာင္း သက္ေသခံနိုင္ပါတယ္။ Online Receipt လက္မွတ္ကို ပရင္တာရွာၿပီး တကူးတက ပရင့္ထုတ္စရာမလိုေတာ့တာက အခုေနာက္ပိုင္း သိပ္ေကာင္းတဲ့အခ်က္ပါ။
.
.
. သို႔ေသာ္လည္း တယ္လီဖုန္းနဲ႔စကားမေျပာလိုသူျမန္မာတစ္ခ်ိဳ႕ကေတာ့ လူကိုယ္တိုင္ဖုန္းေျပာၿပီးထိုင္ေရာင္းတဲ့ ျမန္မာစကားေျပာကိုယ္စားလွယ္ေတြနားက ဝယ္ယူခရီးသြားေနၾကတုန္းပါပဲ။ ျမန္မာအခ်င္းခ်င္းအားေပးတာ ေကာင္းပါတယ္။ ဒါေပမယ့္ နည္းပညာတစ္ခုကို မွားမွာစိုးလို႔၊ အခက္အခဲရွိလို႔၊ ရင္မဆိုင္ခ်င္လို႔ ေက်ာ္ - Skip လိုက္ရင္ ေနာက္တစ္ခါ ဒီလိုျပန္ၾကဳံရတဲ့အခါ ပိုၿပီးမလုပ္တတ္တာကလြဲလို႔ တိုးတက္မႈတစ္စုံတစ္ရာေတြ႕ရဖို႔ခက္ပါတယ္။
.
. ေနာက္တစ္ခါ လူခ်င္းမေတြ႕ရတဲ့ အြန္လိုင္းေရာက္ရွိသတင္းပို႔ - Online Check-In နဲ႔ မတ္တပ္သတင္းပို႔စက္ - Check-In Kiosk တို႔ သုံးတတ္ရင္ အလုပ္သက္သာတာနဲ႔အမၽွ နည္းပညာကိုစိတ္ညစ္ၿပီး ေနာက္က်ေနရစ္ဖို႔သိပ္မလြယ္ေတာ့ပါဘူး။ အဓိက က ျပထားတဲ့မ်က္ႏွာျပင္ (အြန္လိုင္းစာမ်က္ႏွာ / တက္ဘလက္ဖန္သားျပင္) ေပၚမွာ ေပးထားတဲ့ႏွိပ္စရာခလုပ္ေတြကို ဘယ္လိုခိုင္းေစရမယ္ဆိုတာသိရင္ အစပိုင္းပဲခက္နိုင္ေပမယ့္ ေနာက္က်ေတာ့ က်င့္သားရသြားၿပီး ကၽြမ္းက်င္လာနိုင္ပါတယ္။
.
.
. အခုေဆာင္းပါးမွာ ေလယာဥ္လက္မွတ္ကိုသက္သာေအာင္ဘယ္လိုဝယ္မလဲဆိုတာ ေျပာျပခ်င္တယ္။ ေလေၾကာင္းလိုင္းစာမ်က္ႏွာတစ္ခုကိုဖြင့္လိုက္ရင္ Book , Buy, Flight ဆိုတဲ့ခလုပ္ကိုႏွိပ္လိုက္ရင္ အသြားအျပန္ - Roundtrip နဲ႔ တစ္ေၾကာင္းတည္းသြား - One-Way အျပင္ ၿမိဳ႕ၾကဳံဝင္ - Multicity တို႔ကိုေရြးၿပီးတဲ့အခါ ထြက္ခြာမယ့္ၿမိဳ႕ နဲ႔ သြားေရာက္မယ့္ၿမိဳ႕ေတြကို From နဲ႔ To မွာ ေရြးေပးရပါတယ္။ ထို႔အတူပဲ ထြက္ခြာမယ့္ေန႔ နဲ႔ ျပန္လာမယ့္ေန႔ေတြက်ျပန္ေတာ့ Depart Date နဲ႔ Return Date တို႔မွာထည့္ၿပီး က်သင့္တဲ့ေစ်းႏႈန္းကိုရွာၾကည့္လို႔ရပါတယ္။
.
. ဒီေနရာမွာ Multicity နဲ႔ Layover မတူတာကိုေျပာျပၾကည့္မယ္။ မိတ္ေဆြလက္မွတ္ဝယ္ကတည္းက အသြား/အျပန္ခရီးမွာ (ရည္ရြယ္ခ်က္ရွိရွိနဲ႔) ၾကားထဲကတစ္ၿမိဳ႕ကိုဝင္ဦးမယ္ဆိုရင္ ၿမိဳ႕ၾကဳံဝင္ - Multicity ဆိုတာကို ေရြးရမွာပါ။ အဲဒီအတြက္ ၿမိဳ႕ (၃) ၿမိဳ႕နာမယ္ကို ရိုက္သြင္းေပးရမွာျဖစ္ၿပီး ဆင္းခ်ိန္၊ နားခ်ိန္ နဲ႔ ျပန္တက္မယ့္အခ်ိန္ေတြၾကား မိတ္ေဆြဝင္မယ့္ၿမိဳ႕မွာတည္းခိုဖို႔စီစဥ္နိုင္ပါတယ္။
.
.
. Layover က်ေတာ့ ဒီလိုမဟုတ္ျပန္ဘူး။ မိတ္ေဆြသြားမယ့္ၿမိဳ႕ကိုတိုက္ရိုက္ေလယာဥ္ရွိခ်င္မွရွိမယ္ (ဒါမွမဟုတ္) ေလယာဥ္ႀကီးကေန ေလယာဥ္ငယ္၊ ေလယာဥ္ငယ္ကေန ေလယာဥ္ႀကီးေျပာင္းဖို႔ ေလဆိပ္တစ္ခုမွာေျပာင္းရတဲ့အခါ (အမ်ားအားျဖင့္) ေလဆိပ္ထဲကနားေနခန္း - Lobby မွာ အေညာင္းေျပေစာင့္ရတာမ်ိဳးကိုဆိုလိုတာ ျဖစ္ပါတယ္။ ေလေၾကာင္းလိုင္း နဲ႔ ေလဆိပ္ၿမိဳ႕ေတြေပၚမူတည္ၿပီး အျမန္ဆုံး (၄၅) မိနစ္ကေန အၾကာဆုံး (၂၂) နာရီအထိေစာင့္ရတတ္တာ Layover ပါ။
.
. ဒီေနရာမွာ ၾကဳံလာတဲ့အခြင့္အေရးကိုယူတတ္ဖို႔က ေရႊျမန္မာေတြရဲ့တန္ခိုးနဲ႔တန္ဖိုးနည္းတဲ့လက္မွတ္ကိုဝယ္တတ္ရင္ ရပါတယ္။ တစ္ခ်ိဳ႕ေလေၾကာင္းလိုင္းေတြက သူတို႔ကုမၸဏီရဲ့အေျခစိုက္ညသိပ္ေလယာဥ္ဂိုေဒါင္ - Aircraft Hangars ေတြရွိတဲ့ၿမိဳ႕မွာ ေလယာဥ္ေျပာင္းခ်င္တယ္။ အဲဒီၿမိဳ႕က မိတ္ေဆြသြားခ်င္တဲ့ၿမိဳ႕ျဖစ္ခ်င္မွျဖစ္မယ္ ဒါေပမယ့္ တစ္ေထာက္နား - Transit နားတဲ့ၿမိဳ႕မွာ အခ်ိန္ရရင္ရသလို ေလဆိပ္အျပင္ကိုထြက္ေလ့လာလို႔ရနိုင္ပါတယ္။
.
.
. ဥပမာ - ဆန္ဖရန္စစၥကိုေလဆိပ္ SFO ကေန နယူးေယာက္ေလဆိပ္ - NYC (JFK) ကိုသြားရင္း လမ္းမွာ ေလာ့စ္အိန႔္ဂ်လိစ္ၿမိဳ႕က Long Beach (LGB) ေလဆိပ္မွာ (၅) နာရီေက်ာ္နားဖို႔ JetBlue ေလေၾကာင္းလိုင္းစီးနိုင္သလို ဒီခရီးကိုပဲ ရွီကာဂိုၿမိဳ႕ေလဆိပ္ Chicago (ORD) မွာ (၆) နာရီေက်ာ္ဝင္နားဖို႔ American Airlines ေလေၾကာင္းလိုင္းကိုစီးနိုင္ပါတယ္။ သြားမယ့္ေန႔၊ ျပန္မယ့္ေန႔နဲ႔ ရပ္နားမယ့္ၿမိဳ႕၊ ေလယာဥ္ေျပာင္းမယ့္အခ်ိန္ေတြမတူတာကို ကိုယ္တိုင္ဝယ္ဖူးရင္ အလိုလိုသိလာပါလိမ့္မယ္။ ဒါကိုမွမႀကိဳက္ဘူးဆိုရင္ လမ္းမွာမရပ္တဲ့ Non Stop လက္မွတ္ကိုဝယ္ရင္ ျမန္ျမန္ေရာက္နိုင္တာေၾကာင့္ ေစာေစာေရာက္ ေစာေစာနားနိုင္တဲ့အားသာခ်က္ရွိပါတယ္။
.
. ဒါက ေလေၾကာင္းလိုင္းေတြက သူတို႔ဆြဲထားတဲ့အစီအစဥ္အတိုင္း မိတ္ေဆြက လိုက္ပါစီးနင္းရတဲ့ သာမန္လက္မွတ္မ်ိဳးပါ။ သူတို႔ေပးတဲ့ အေရာင္းျမႇင့္တင္ေရး - Promotion ေတြ မပါေသးပါဘူး။ အခုလက္ရွိ (၂ဝ၁၇ ဇြန္လထဲဝင္လာတဲ့အခါ) ကာတာေလေၾကာင္းလိုင္းကို အရင္မုတ္ဆိတ္ရွည္နိုင္ငံေလေၾကာင္းလိုင္းေတြက ဝိုင္းသပိတ္ေမွာက္လို႔ က်ရိပ္ျပလာတဲ့စီးပြားေရးကို ပရိုမိုးရွင္းလုပ္ၿပီး ျပန္တြန္းတင္ေနပါတယ္။
.
.
. အဲဒါကေတာ့ ကာတာေလေၾကာင္းလိုင္းကိုစီးရင္ ခရီးတစ္ေယာက္နားဖို႔ ၿမိဳ႕ေတာ္ဒိုဟာ - Doha မွာ တစ္ညကို ေဒၚလာ (၃ဝဝ) ေလာက္ေပးတည္းရတဲ့ ၾကယ္ (၃) ပြင့္ နဲ႔ ၾကယ္ (၄) ပြင့္ဟိုတယ္မွာ တစ္ဦးကို ေဒၚလာ (၅ဝ) နဲ႔ ညအိပ္နား - Stayover ေပးတည္းတာမ်ိဳးပါ။ ဒီထဲမွာ နိုင္ငံျခားသားတစ္ေယာက္ ဒိုဟာၿမိဳ႕ထဲဝင္ဖို႔ ဗီဆာကို အခမဲ့ေဆာင္ရြက္ေပးမႈ ပါဝင္ပါေသးတယ္။ ဒီလိုဆိုေတာ့ အာေရဗ်သဲကႏၲာရနဲ႔အမ်ိဳးေတာ္သူခရီးသြားေတြ ေရနံေျမမွာ ေပ်ာ္ရႊင္စြာနားနိုင္ဖို႔ ကာတာၿမိဳ႕ေတာ္က ႀကိဳဆိုေနမွာျဖစ္ပါတယ္။
.
. စိတ္ပိုင္းျဖတ္ၿပီးလို႔ ေလယာဥ္လက္မွတ္ဝယ္ေတာ့မယ္ဆိုရင္ Google Flight ကို သတိရေစခ်င္တယ္။ သတင္းအခ်က္အလက္မ်ားတဲ့ဝဘ္ဆိုဒ္ႀကီးျဖစ္တာနဲ႔အညီ ေလေၾကာင္းလိုင္းေတြရဲ့ၿပိဳင္ဆိုင္မႈေတြကို စာမ်က္ႏွာမွာ အထင္းသားေတြ႕ရနိုင္တယ္။ ဒါ့အျပင္လက္ကိုင္ဖုန္းေပၚမွာ Priceline App ၊ Expedia App တို႔နဲ႔ လူေတြလက္မွတ္ျဖတ္ၾကတာလည္း ရွိၾကတယ္။
.
.
. အေမရိကားျပည္တြင္းခရီးအတြက္ အသြားအျပန္ဝယ္တာ နဲ႔ အသြားတစ္ေၾကာင္း-အျပန္တစ္ေၾကာင္း-ေလဆိပ္ေျပာင္း ေဖာ္ျမဴလာနဲ႔ဝယ္တာတို႔ အမ်ိဳးမ်ိဳးရွိတယ္။ တစ္ခ်ိန္ခ်ိန္မွာတစ္ခုခုကေတာ့ သက္သာျမဲသက္သာေနနိုင္တာမို႔ စုံေအာင္ေလ့လာနိုင္မွ ေတာ္ရာက်ပါမယ္။
.
. ဒီအျပင္ ကုမၸဏီအမ်ိဳးမ်ိဳးကေပးတဲ့ ပရိုမိုးရွင္းအဖုံဖုံကိုေလ့လာနိုင္ရင္ ေစ်းသက္သာနိုင္ၿပီး ခရီးသည္အတြက္ ပိုအက်ိဳးရွိနိုင္တယ္။ သူတို႔ရဲ့အြန္လိုင္းစာမ်က္ႏွာကို စာရင္းသြင္း - Signup လုပ္လိုက္တာနဲ႔ ေဝဟင္က ေလယာဥ္ေပၚမွာ အခမဲ့အင္တာနက္သုံးခြင့္ရခဲ့တဲ့ကၽြန္ေတာ့ကိုယ္ေတြ႕ကိုအေျခခံၿပီး ေလယာဥ္အေၾကာင္း၊ လက္မွတ္အေၾကာင္းကို မၽွေဝလိုက္ပါရေစ။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ႀကီး)

. 06-09-2017

No comments: