ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, July 6, 2019

ငါတို႕အားလံုးရဲ႕ ပုဂံ

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

ပုဂံနဲ႔ပတ္သက္လို႔ကိုယ့္နည္းကိုယ္႕ဟန္နဲ႔အမွတ္တရမ်ားစြာရွိခဲ့တယ္။ ငယ္ငယ္တုန္းကငယ္တဲ့အေလ်ာက္ငယ္တုန္းကအေတြ႕ၾကဳံေတြ၊ အခုၾကီးလာေတာ့ခရီးသြားလာရင္းမေျပလည္ခဲ့တဲ့အေတြ႕အၾကဳံေတြကုိျပန္ေျပာင္းသတိရမိလာတယ္။


တကယ္ေတာ့လူ႔ဘဝဆိုတာတိုတယ္လို႔သာေျပာၾကတာ လူေတြကအသက္ရွည္ရွည္ေနခ်င္ၾကတယ္။ အဲဒီအေထာက္ထားကိုပုဂံရဲ့ေရွးဘုရင္အဆက္ဆက္ ထီးတည္နန္းတည္လုပ္ရင္းစစ္မက္ခင္းျဖစ္ကာ နန္းလ်ာကိုရွာတဲ့အေၾကာင္းေတြကစ ထီးနန္းလုတဲ့အျဖစ္မ်ိဳးအထိ မရိုးနိုင္တဲ့ရာဇဝင္ေတြကသက္ေသျပေနသဘိကဲ့သို႔ ပုဂံေရာက္တိုင္းေျပာျပေနတယ္။

တိမ္‌းေစာင္းတဲ့အယူဝါဒေတြကိုတိုက္ဖ်က္ခဲ့တာ ပုဂံပါ။ မြန္ျမတ္တဲ့သာသနာကိုမွန္ကန္စြာေရြးခ်ယ္ခဲ့တာ ပုဂံပါ။ အတိုင္းအထြာစေကးအတြက္အခ်က္ေတြမထက္ျမက္ခင္ကတည္းကေဆာက္လုပ္ေရးပညာတိုးတက္ခဲ့တာ ပုဂံပါ။

ပုဂံဟာျမန္မာလူမ်ိဳးဘယ္ကေနဆင္းသက္လာတယ္ဆိုတာကိုသက္ေသျပေနေပမဲ့ ျမန္မာေတြကေတာ့ပုဂံကိုထိန္းသိမ္းဖို႔သိပ္အားမစိုက္ခဲ့ၾကဘူး။ ပုဂံနဲ႔ဧရာဝတီ၊ ဧရာဝတီနဲ႔ပုဂံဘယ္လိုမွခြဲျခားလိုက္လို႔မရသလို ျမန္မာနဲ႔ပုဂံဟာတသားတည္းျဖစ္ေနတာကိုျပသဖို႔လိုပါတယ္။

ကၽြန္ေတာ္တို႔ျမန္မာနိုင္ငံသား‌ေတြ ပုဂံမွာခရီးသြားရတာမေျပလည္ရင္ျမန္မာပီပီခြင့္လႊတ္နိုင္ေပမဲ့ ပုဂံကိုနိုင္ငံျခားသားေတြလာေရာက္လည္ပတ္တဲ့အခါမေျပလည္မရွိရေလေအာင္လုပ္ေပးသင့္ၾကတာျမန္မာေတြကိုယ္တိုင္ပါပဲ။
အခုကမၻာကပုဂံကိုသမိုင္းဝင္အေမြအႏွစ္အျဖစ္သတ္မွတ္ေပးလိုက္တာဟာစည္းကမ္းသိပ္မေကာင္းၾကတဲ့ျမန္မာေတြကိုတာဝန္တစ္ခုပိုေပးလိုက္တာပါ။ ပိုစည္းလံုးရမယ္၊ ပိုမိုထိန္းသိမ္းရမယ္၊ အမ်ားအျမင္နဲ႔ခ်ိန္ထိုးၿပီးလုပ္ရတဲ့ကိစၥရပ္ေတြမွာ တစ္ထြာကိုမၾကည္႕ပဲ တစ္လံကိုၾကည္႕ရမယ္။ ျမန္မာၾကည္႕မၾကည္႕ပဲ ကမၻာၾကည္႕ ၾကည္႕ရေတာ႕မယ္။ အခ်င္းအရာတစ္ခုကိုဆံုးျဖတ္တာျဖစ္ျဖစ္ ဝန္ေဆာင္မႈတစ္ခုခုကိုလုပ္တဲ႕အခါ အရည္အေသြးေကာင္းေအာင္ ဧည္႕သည္လာတဲ႕အခ်ိန္မွ ထလုပ္ရမွာမဟုတ္ဘူး။ ဒီဧည္႕သည္ေနာက္တစ္ေခါက္လာခ်င္ေအာင္လုပ္ရေတာ႕မယ္။ တစ္မနက္နဲ႕ဗိုက္ျပည္႕ခ်င္လို႕မရေတာ႕ဘူး။ ဒီအခ်က္ေတြနဲ႕ပုဂံကိုကာကြယ္ဖို႕တိုက္တြန္းခ်င္ပါတယ္။

ကၽြန္ေတာ္လည္းဘာအသားနဲ႔ထုထားတာမို႔လို႔လဲ။ ပုထုဇဥ္ပီပီ ဝမ္းနည္းတတ္၊ လြမ္းဆြတ္တတ္၊ ေဒါသထြက္တတ္တာပဲေပါ့။ ရွမ္းရိုးမေတာင္ျပာတန္းေပၚကဆင္းလာတဲ့အခါပူေႏြးျခင္းအရသာကိုယင္းမာပင္ေရာက္ေတာ့စၿပီးသိလာရတယ္။ တစ္ဆက္တည္းေက်ာက္ပန္းေတာင္းလမ္းခြဲမွာ‌ေကြ႕လိုက္ၿပီဆိုတာနဲ႔ ပုဂံရဲ့အေငြ႕အသက္ကိုထိေတြ႕ခံစားရေတာ့တာပါပဲ။

ႏိုင္ငံရဲ႕အေဝးကိုေရာက္ေနတဲ႕သူေတြဆုိ ကိုယ္ခ်င္းစာတတ္ပါလိမ္႕မယ္။ ကုိယ္႕ႏုိင္ငံကိုကုိယ္ျပန္ရင္ ဘာမွဝယ္ေကြ်းစရာမလိုဘူး၊ ဘယ္မွလုိက္ပို႕ေပးစရာမလိုဘူး၊ ဘာလက္ေဆာင္မွဝယ္ေပးလုိက္စရာမလိုဘူး။ ေရာက္တုန္းေရာက္ခုိက္ သြားလာလႈပ္ရွားရာေနရာအသီးသီးမွာ လမ္းေၾကာင္းေျဖာင္႕ျဖဴးသေလာက္ မေၾကာင္႕မၾကခရီးသြားခ်င္တယ္။ ဘယ္လိုမေျပလည္မႈမ်ိဳးကိုမွမၾကံဳခ်င္သလို ေျပာဆိုဆက္ဆံရတဲ႕ေနရာအားလံုးမွာလည္း ေခ်ာေမြ႕ခ်င္တယ္။

ဒီေနာက္ဆံုးတစ္ေခါက္ ပုဂံေရာက္ခဲ႕ေတာ႕ ကူညီတဲ႕သူရွိလုိ႕ အေတာ္အဆင္ေျပခဲ႕ပါတယ္။ ေက်းဇူးလည္းအေတာ္တင္ရတယ္။ သို႕ပါေသာ္လည္း ႏိုင္ငံျခားေငြရွာႏုိင္တဲ႕ေနရာေတြမွာ ျပည္တြင္းျမန္မာခရီးသြားေတြနဲ႕ျပည္႕ေနတယ္။ ေတာင္းတဲ႕ေစ်း၊ ေရာင္းတဲ႕အစားအစာ၊ သန္႕ရွင္းတဲ႕ပတ္ဝန္းက်င္ နဲ႕ ထိန္းသိမ္းလက္စပုဂံဘုရားပုထိုးေတြကုိ ဒီလို ေဒသခံေတြအျပင္ ႏုိင္ငံေတာ္ကဦးေဆာင္တဲ႕အဆင္႕ျမင္႕တင္မႈေတြကို ျပည္ခ်စ္သားတစ္ေယာက္အေနနဲ႕ အင္မတန္ျမင္ခ်င္လွတယ္။

✔️️ ဒါေၾကာင္႕ တာဝန္ရွိသူေတြနဲ႕တိုင္းျပည္နဲ႕ရုိးရာနယ္ေျမေဒသေတြကိုခ်စ္ျမတ္ႏိုးသူေတြၾကား ပူးေပါင္းေဆာင္ရြက္ရင္း ပုဂံကိုျမန္မာေတြရဲ႕ႏွလံုးသားထဲျပန္ပို႕ေပးၾကပါ။

✔️️ကမၻာကအသိအမွတ္ျပဳတဲ႕ပုဂံကိုျမန္မာတိုင္းထိန္းသိမ္းၾကပါ။

✔️️အေဝးေရာက္ျပည္ခ်စ္သားေတြ ျမန္မာႏိုင္ငံျပန္လာတုိင္း ပုဂံကိုသြားေရာက္ေအာင္ေျမနင္းၾကပါ။

✔️️ကိုယ္႕ရဲ႕ေခြ်း၊ ကိုယ္႕ရဲ႕ေသြးနဲ႕ရင္းႏွီးရွာေဖြထားၾကတဲ႕ႏိုင္ငံျခားေငြေတြကို ပုဂံမွာလာေရာက္သံုးစြဲေပးၾကပါ။

✔️️ပုဂံကိုျမန္မာေတြသာကယ္တင္ႏုိင္ပါမယ္။

✔️️ပုဂံဟာအျပည္ျပည္ဆုိင္ရာနဲ႕တကယ္သက္ဆုိင္လာေတာ႕မယ္႕တစ္ေန႕ဟာ မၾကာခင္ေရာက္လာေတာ႕မွာမလြဲဧကန္ျဖစ္ပါတယ္။

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
07-06-2019


Unicode Version:

"ငါတို့အားလုံးရဲ့ ပုဂံ"          
          ပုဂံနဲ့ပတ်သက်လို့ကိုယ့်နည်းကိုယ့်ဟန်နဲ့အမှတ်တရများစွာရှိခဲ့တယ်။ ငယ်ငယ်တုန်းကငယ်တဲ့အလျောက်ငယ်တုန်းကအတွေ့ကြုံတွေ၊ အခု ကိုယ့်ကြီးလာတော့ခရီးသွားလာရင်းမပြေလည်ခဲ့တဲ့အတွေ့အကြုံတွေပြန်ပြောင်းသတိရမိတယ်။ 

           တကယ်တော့လူ့ဘဝဆိုတာတိုတယ်လို့သာပြောကြတာလူတွေကအသက်ရှည်ရှည်နေချင်ကြတယ်။ အဲဒီအထောက်ထားကိုပုဂံရဲ့ရှေးဘုရင်အဆက်ဆက်ထီးတည်နန်းတည်လုပ်ရင်းစစ်မက်ခင်းဖြစ်ကာနန်းလျာကိုရှာတဲ့အကြောင်းတွေကစ ထီးနန်းလုတဲ့အဖြစ်မျိုးအထိမရိုးနိုင်တဲ့ရာဇဝင်တွေကသက်သေပြနေသဘိကဲ့သို့ပုဂံရောက်တိုင်းပြောပြနေတယ်။ 

          တိမ်‌းစောင်းတဲ့အယူဝါဒတွေကိုတိုက်ဖျက်ခဲ့တာ ပုဂံပါ။ မွန်မြတ်တဲ့သာသနာကိုမှန်ကန်စွာရွေးချယ်ခဲ့တာ ပုဂံပါ။ အတိုင်းအထွာစကေးအတွက်အချက်တွေမထက်မြက်ခင်ကတည်းကဆောက်လုပ်ရေးပညာတိုးတက်ခဲ့တာ ပုဂံပါ။ 

          ပုဂံဟာမြန်မာလူမျိုးဘယ်ကနေဆင်းသက်လာတယ်ဆိုတာကိုသက်သေပြနေပေမဲ့ မြန်မာတွေကတော့ပုဂံကိုထိန်းသိမ်းဖို့သိပ်အားမစိုက်ခဲ့ကြဘူး။ ပုဂံနဲ့ဧရာဝတီ၊ ဧရာဝတီနဲ့ပုဂံဘယ်လိုမှခွဲခြားလိုက်လို့မရသလို မြန်မာနဲ့ပုဂံဟာတသားတည်းဖြစ်နေတာကိုပြသဖို့လိုပါတယ်။ 

          ကျွန်တော်တို့မြန်မာနိုင်ငံသား‌တွေ ပုဂံမှာခရီးသွားရတာမပြေလည်ရင်မြန်မာပီပီခွင့်လွှတ်နိုင်ပေမဲ့ ပုဂံကိုနိုင်ငံခြားသားတွေလာရောက်လည်ပတ်တဲ့အခါမပြေလည်မရှိရလေအောင်လုပ်ပေးသင့်ကြတာမြန်မာတွေကိုယ်တိုင်ပါပဲ။ 

          အခုကမ္ဘာကပုဂံကိုသမိုင်းဝင်အမွေအနှစ်အဖြစ်သတ်မှတ်ပေးလိုက်တာဟာစည်းကမ်းသိပ်မကောင်းကြတဲ့မြန်မာတွေကိုတာဝန်တစ်ခုပိုပေးလိုက်တာပါ။ ပိုစည်းလုံးရမယ်၊ ပိုပိုထိန်းသိမ်းရမယ်၊ အများအမြင်နဲ့ချိန်ထိုးပြီးလုပ်ရတဲ့ကိစ္စရပ်တွေမှာ တစ်ထွာကိုမကြည့်ပဲ တစ်လံကိုကြည့်ရမယ်။ မြန်မာကြည့်မကြည့်ပဲ ကမ္ဘာကြည့် ကြည့်ရတော့မယ်။ အချင်းအရာတစ်ခုကိုဆုံးဖြတ်တာဖြစ်ဖြစ် ဝန်ဆောင်မှုတစ်ခုခုကိုလုပ်တဲ့အခါ အရည်အသွေးကောင်းအောင် ဧည့်သည်လာတဲ့အချိန်မှ ထလုပ်ရမှာမဟုတ်ဘူး။ ဒီဧည့်သည်နောက်တစ်ခေါက်လာချင်အောင်လုပ်ရတော့မယ်။ တစ်မနက်နဲ့ဗိုက်ပြည့်ချင်လို့မရတော့ဘူး။ ဒီအချက်တွေနဲ့ပုဂံကိုကာကွယ်ဖို့တိုက်တွန်းချင်ပါတယ်။

          ကျွန်တော်လည်းဘာအသားနဲ့ထုထားတာမို့လို့လဲ။ ပုထုဇဉ်ပီပီ ဝမ်းနည်းတတ်၊ လွမ်းဆွတ်တတ်၊ ဒေါသထွက်တတ်တာပဲပေါ့။ ရှမ်းရိုးမတောင်ပြာတန်းပေါ်ကဆင်းလာတဲ့အခါပူနွေးခြင်းအရသာကိုယင်းမာပင်ရောက်တော့စပြီးခံစားရတယ်။ တစ်ဆက်တည်းကျောက်ပန်းတောင်းလမ်းခွဲမှာ‌ကွေ့လိုက်ပြီဆိုတာနဲ့ပုဂံရဲ့အငွေ့အသက်ကိုထိတွေ့ခံစားရတော့တာပါပဲ။  

          နိုင်ငံရဲ့အဝေးကိုရောက်တဲ့သူတွေဆို ကိုယ်ချင်းစာတတ်ပါလိမ့်မယ်။ ကိုယ့်နိုင်ငံကိုကိုယ်ပြန်ရင် ဘာမှဝယ်ကျွေးစရာမလိုဘူး၊ ဘယ်မှလိုက်ပို့ပေးစရာမလိုဘူး၊ ဘာလက်ဆောင်မှဝယ်ပေးလိုက်စရာမလိုဘူး။ ရောက်တုန်းရောက်ခိုက် သွားလာလှုပ်ရှားရာနေရာအသီးသီးမှာ ခရီးလမ်းကြောင်းဖြောင့်သလောက် မကြောင့်မကြခရီးသွားချင်တယ်။ ဘယ်လိုမပြေလည်မှုမျိုးကိုမှမကြုံချင်သလို ပြောဆိုဆက်ဆံရတဲ့နေရာအားလုံးမှာလည်း ချောမွေ့ချင်တယ်။

        ဒီနောက်ဆုံးတစ်ခေါက် ပုဂံရောက်ခဲ့တော့ ကူညီတဲ့သူရှိလို့ အတော်အဆင်ပြေခဲ့ပါတယ်။ ကျေးဇူးလည်းအတော်တင်ရတယ်။ သို့ပါသော်လည်း နိုင်ငံခြားငွေရှာနိုင်တဲ့နေရာတွေမှာ ပြည်တွင်းမြန်မာခရီးသွားတွေနြဲ့့ပည့်နေတယ်။ တောင်းတဲ့စျေး၊ ရောင်းတဲ့အစားအစား၊ သန့်ရှင်းတဲ့ပတ်ဝန်းကျင် နဲ့ ထိန်းသိမ်းလက်စပုဂံဘုရားပုထိုးတွေကို ဒီလို ဒေသခံတွေအပြင် နိုင်ငံတော်ကဦးဆောင်တဲ့အဆင့်မြင့်တင်မှုတွေကို ပြည်ချစ်သားတစ်ယောက်အနေနဲ့ အင်မတန်မြင်ချင်လှတယ်။

✔️️ ဒါကြောင့် တာဝန်ရှိသူတွေနဲ့တိုင်းပြည်နဲ့ရိုးရာနယ်မြေဒေသတွေကိုချစ်မြတ်နိုးသူတွေကြား ပူးပေါင်းဆောင်ရွက်ရင်း ပုဂံကိုမြန်မာတွေရဲ့နှလုံးသားထဲပြန်ပို့ပေးကြပါ။ 

✔️️ကမ္ဘာကအသိအမှတ်ပြုတဲ့ပုဂံကိုမြန်မာတိုင်းထိန်းသိမ်းကြပါ။ 

✔️️အဝေးရောက်ပြည်ချစ်သားတွေ မြန်မာနိုင်ငံပြန်လာတိုင်း ပုဂံကိုသွားရောက်အောင်မြေနင်းကြပါ။ 

✔️️ကိုယ့်ရဲ့ချွေး၊ ကိုယ့်ရဲ့သွေးနဲ့ရင်းနှီးရှာဖွေထားကြတဲ့နိုင်ငံခြားငွေတွေကို ပုဂံမှာလာရောက်သုံးစွဲပေးကြပါ။ 

✔️️ပုဂံကိုမြန်မာတွေသာကယ်တင်နိုင်ပါမယ်။ 

✔️️ပုဂံဟာအပြည်ပြည်ဆိုင်ရာနဲ့တကယ်သက်ဆိုင်လာတော့မယ့်တစ်နေ့ဟာ မကြာခင်ရောက်လာတော့မှာမလွဲဧကန်ဖြစ်ပါတယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)

07-06-2019


No comments: